အချစ်ကိုစချစ်မိတဲ့အချိန်
ကံဆိုးခြင်းပဲဖြစ်ဖြစ်
ကံကောင်းခြင်းပဲဖြစ်ဖြစ်
မျက်စိစုံမိတ်ပြီး ချစ်လိုက်တဲ့အခါမှာ
အချစ်ဟာ ကိုးကွယ်ရာဖြစ်လာခဲ့တယ် ။
ဒါပေမယ့် ကိုယ်အချစ်ကို မကိုးကွယ်ခဲ့ပါဘူး
ကိုယ် ကိုးကွယ်ခဲ့တာက မင်းကိုပါ ။
မင်းနဲ့မှချစ်တက်လာတယ်
မင်းနဲ့မှဂရုစိုက်တက်လာတယ်
မင်းနဲ့မှခံစားတက်လာတယ် ။
မင်းဟာ ကိုယ့်အပိုင်ပါလို့
သတ်မှတ်လိုက်တဲ့ အခါမှာတော့
Tulips တွေမိုးပြိုတော့မယ် ။
စိတ်မပူပါနဲ့ Tulips တွေ
မင်းကို ခစားသလို
ကိုယ်လဲမင်းကိုခစားမှာပါ...။
。。。
" jimin ပိုက်ဆံတွေအရမ်းသုံးနေတယ်နော် "
" appa ရှာထားတဲ့ ပိုက်ဆံတွေကို ကျွန်တော်မသုံးလို့ ဘယ်သူ့ကိုသုံးခိုင်းမှာလဲ "
" ဒီအသက်ဒီအရွယ်ရောက်နေပြီ အလုပ်လေးဘာလေးလုပ်ဖို့ အစီအစဉ်မရှိဘူးလား "
" appa လုပ်နေတာဘဲ ကျွန်တော်လုပ်စရာလိုသေးလို့လား "
" ဒီကလေးကတော့ ဖအေကိုပြန်ပြောဖို့ပဲသိတယ် "
" ပြန်ပြောတာမဟုတ်ပါဘူး appa ကလည်း အလုပ်လုပ်ဖို့မလိုအပ်ဘူး ဆိုတဲ့အကြောင်းရှင်းပြတာပါ "
" ရန်တွေဘဲဖြစ်မနေနဲ့ "
" မဖြစ်ပါဘူး "
" ကျောင်းမသွားဘူးလား ဒီနေ့ "
" သွားမှာလေ "
" အဲ့တာကိုဘာလို့ အေးအေးဆေးဆေးစားနေတာလဲ "
" ဟာ...... appa အစားကို စားစရာရှိတာစားရမှာပဲ...ကပ်စီးအိုးနေသေးတယ် ဒီမုန့်လေးကို.... "
" ဒီကောင်လေးကတော့...."
" သွားပြီ appa! "
" ထိန်းလို့ကို မနိုင်ဘူး "
Jimin ငယ်ငယ်ကတည်းက
အဖေ့လက်ပေါ်မှာပဲ ကြီးလာရသည် ။
မေမေသည် jimin လေး သုံးနှစ်ကျော်တော့
နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည် ။
Jimin သည် ယနေ့ချိန်ထိ
ဖေ့ဖေ့လက်ပေါ်မှာပဲနေကာ
ဖေ့ဖေ့ ရင်ခွင်မှာပဲ ခိုနားခဲ့သည် ။
ဘဝတစ်လျှောက်လုံး ဖေဖေသည်
သူ့အား ကောင်းသည် ဆိုးသည်
ဘာတစ်လုံးမှ အပြစ်တင်မဝေဖန်ခဲ့ပါ ။
ချော့ကာ ခြောက်တလဲ့
မေမေလိုတစ်မျိုး ဖေဖေလို
တစ်မျိုး ဆိုဆုံးမခဲ့သည် ။
သူ့ဘဝမှာ ပူပင်စရာမျိူးမရှိစေရအောင်
ဖေဖေက ကြိုးစားဖန်တီးပေးခဲ့သည် ။
မေမေဆုံးသွားတော့ အရမ်းငယ်သေးသောသူသည်
ဘားမှနားမလည်သေးပေမယ့် ဖေဖေသည်
သူ့အားဖက်ကာ နည်းမျိုးစုံနဲ့ ချော့မြူကာ
နှစ်သိမ့်ခဲ့သည် ။
သန်မာတဲ့ ဖေဖေဟာ စိတ်ဓာတ်တွေကျမနေပဲ
သူ့ရှေ့မှာ တံတိုင်းကြီးသဖွယ် မားမားမတ်မတ်
ရှိနေခဲ့သည် ။
ပြိုလဲသွားဖို့လဲမပူရသလို ပျက်စီးသွားဖို့လဲ
မပူရပါ ။
ဘဝတစ်ခုစာလုံးကို သူ့ဆီပုံအပ်ကာ
အလုပ်တွေကြိုးစားသလို
သူ့ကို ပွေ့ဖက်ဖို့လဲတစ်ရက်မှမမေ့ လျော့ခဲ့ပါ ။
အဖက်ဖက်ကနေပြည့်စုံသော ဖေဖေသည်
နောက်ထပ် အိမ်ထောင်ပြုဖို့လဲစိတ်မကူးခဲ့..
ဘဝတစ်ခုလုံးကို သူ့ဆီမှာပဲမြုပ်နှံခဲ့သည် ။
ဖေဖေ့ကိုချစ်သည် ဆိုသာထက်
ပိုလေးစားမိသည် ။
ဖေဖေ ဖန်တီးပေးခဲ့သော သူ့ဘဝသည်
ယနေ့ချိန်ထိ အဆင်ပြေချောမွေ့နေဆဲ ။
" jiminna ဒီမှာ "
van ကလက်လှမ်းကာ ခေါ်တော့
Jimin သည် ထိုနေရာသို့ ဦးတည်
လိုက်သည် ။
" ဟင်... "
ဟို...!အကိုတို့အဖွဲ့ကဘာလို့ရောက်နေကြတာလဲ ။
မဟုတ်မှလွဲရော..............
ငါလျော်ပေးတဲ့အကျီက တစ်ခုခု
လွဲနေလို့လား....။
arrnyi....။
ငါသေသေချာချာလေးရွေးပေးခဲ့တာပါ ။
ဒါဆိုဘာကြောင့်လဲ? ။
" jimin ဒီမှာထိုင် "
Jeon သည် အဝါရောင်ကောင်လေးကိုမြင်တော့
ခန မင်သက်သွားကာ...
ဒါ Tulips တွေရှေ့ကကောင်လေးလား ဟု
စဉ်းစားယူလိုက်ရသည် ။
အဝါရောင်လေးနဲ့ Tulips တွေရှေ့ကကောင်လေးဟာ
ဒီနေ့မှ Tulips တွေထက် ပိုပြီးလန်းဆန်းနေသလို ။
အဝါရောင်အစင်းကြားနဲ့ဂျင်းကြိုးတိုင်းဟာ
Jiminအား cute ဘက်ကို အပြည့်အဝရောက်စေ
ပေမယ့်လဲ ကြိုးတစ်ဖက်အား ချထားပုံသည်
အနည်းငယ် sexy ဆန်နေစေပြန်သည် ။
ဒီကောင်လေးဟာ ဝတ်လိုက်ရင်
နည်းနည်းလောက် ဆန်းနေလိုက်ရမှ ။
" jimin ဒီအကိုတို့က ငါ့တို့အဖွဲ့ထဲကိုဝင်မလို့တဲ့ "
"ဟမ် "
ထပ်မံ အံ့ဩရပြန်သည် ။
" ဘာလို့လဲ "
" ဘားမှမဟုတ်ပါဘူး အကိုတို့က ဒီတိုင်းခင်ချင်လို့ပါ ၊ ခင်လို့ရတယ်မလား ၊ အချင်းချင်း မိတ်ဆွေဖြစ်ထားတော့မကောင်းဘူးလား ? "
" ဟုတ် ....ရ....ပါ ...တယ် "
Taehyung ကဝင်ကာ မျက်နှာချိုးသွေး
နေပေမယ့် Jung kook မှာတော့
ထို jimin ဆိုတဲ့ ကောင်လေးအား
ပေစောင်းစောင်းဖြင့်ကြည့်နေသည် ။
ဒီကောင်ကတော့ အခုထိကို
အခဲမကြေသေးဘူးလား?
ဟိုကတောင် ပြုံးလို့ရွှင်လို့
နေပြီကို ။
Jeon Jung kook ကတော့
Jeon Jung kook ပါပဲ ။
" အကို့နာမည်က Kim Taehyung ၊ သူကတော့ Jeon Jung kook ၊ နောက်တစ်ယောက်က Jung ho-seok တဲ့ ဒီနေ့တော့ကျောင်းမလာဘူးသူက "
" ဟိုအကိုက ခင်ဖို့ကောင်းမဲ့ ပုံစံပဲနော် ၊ ဒီအကိုနဲ့ကျ မတူဘူး "
" jimin yeah "van
အဲ့လို ကန့်လန့်တိုက်တက်တာက
Park jimin ရဲ့ မွေးရာပါ ပါရမီပဲ ။
" ကိုယ်ကရော ခင်ပါလို့ပြောနေလို့လား ? "
ကဲ ခံလိုက်ရပါပီ ။
Park jimin ကတော့ ။
" ခင်ဗျားစိတ်ထဲမှာတော့ ပြောချင်ပြောနေမှာပေါ့ "
" ကိုယ့်စိတ်ကိုခန့်မှန်းလို့ရတယ်ပေါ့ "
" အင်းလေ "
" ဒါဆို ကိုယ်အခုဘာတွေးနေလဲ ပြောကြည့်ပါအုံး "
" အဲ့ဒါက.... "
" မင်း မပြောနိုင်ဘူးမလား......? အဲ့တာကို ဘာလို့များ ဘာတွေ ခန့်မှန်းနိုင်နေတာလဲ ? "
" ကျွန်တော့်ဘာ ကျွန်တော် ဘယ်လိုပြောပြောပေါ့ "
" အ့ဆိုလဲ တစ်ယောက်ထဲစကားပြောနေလိုက်နော် ၊ ကိုယ်သွားလိုက်အုံးမယ် "
" ခများ...! "
" အကိုလည်း သွားတော့မယ်နော် "
" ကောင်းပါပီ " van,yj,by,h
van တို့လဲ ဘားမှမပြောဘဲ
တိတ်တိတ်လေးနေကာ
ရယ်ချင်စိတ်ကို မနည်း
ထိန်းထားရသည် ။
ခံပေါ့ ခံအုံးလေ ။
အမြဲတမ်း ကန့်လန့်တိုက်နေတာ
နိုင်ကိုမနိုင်ဘူး ။
အခုတော့ ခံလိုက်ရပြီမလား ? ။
Park jimin က ဘုကလန့်
ဟို အကိုကလည်း ဘုကလန့်
ကန့်လန့်အချင်းချင်းတွေ့ကြပြီပေါ့ ။
ပေါ်လာပြီထင်သာပဲ ။
Park jimin ကိုနိုင်တဲ့သူ ။
.....................။
" ကျောင်းသားဆိုတာ ကျောင်းစည်းကမ်းနဲ့အညီ နေထိုင်ရတယ် "
" ကိုယ့်အပြုအမူ ၊ စကားပြောပုံ ၊ အသွားအလာကအစ ဆင်ခြင်ရတယ် ၊ တကယ်လို့ ကိုယ်က အဲ့တာတွေကို မဆင်ခြင်ဘူး မလိုက်နာဘူး ဆိုရင် ကျောင်းသားလို့မခေါ်ထိုက်ဘူး ၊ လမ်းဘေးက
အိမ်ခြေရာမဲ့သူလိုပဲ လေလွင့်နေမယ် "
" အဲ့တာကောင်းလား ၊ မကောင်းဘူးနော် တစ်ချို့တစ်လေက အဲ့လိုမျိုးကို လွတ်လပ်တယ် လို့ထင်နေကြလိမ့်မယ် ၊ အဲ့ထဲမှာကိုယ်မပါနေဖို့ အရေးကြီးတယ် "
" အဲ့ထိပ်ပြောင်ဘိုးတော် ငါတို့ကိုရွဲ့ပြောနေမှန်းအသိသာကြီး "
" yeah! jimin ဆရာကရှေ့မှာကို "
" သူ့ရှေ့မှာဆိုရင်ရောဘာဖြစ်လဲ ၊ ဟေ့ jimin , ဟေ့ van, ဟေ့ yeon jun , ဟေ့ horry , ဟေ့ beom gu ဆိုပြီး နာမည်တပ်ပြောလဲရသားနဲ့ အလကား "
" Park jimin ဆုံးမတာကိုနားမထောင်ပဲ ဘာတွေပြောနေတာလဲ "
" ဘားမှမဟုတ်ပါဘူး ဆရာ "
" ဘာလို့ဘားမှမဟုတ်ရမှာလဲ van နဲ့ဘာတွေ ပြောနေကြတာလဲ "
" ဆရာကလေ အဲ့တာပြောတာ ဘားမှမဟုတ်ရင် ဘားမှမဟုတ်ဘူးပေါ့ ၊ အဲ့လိုနေရာတကာလိုက် လျှာရှည်နေလို့ ထိပ်ပြောင်ဘိုးတော် ဖြစ်နေတာ "
" ဘာ! "
" တော်ပြီ ကျွန်တော်နားလိုက်ပါအုံးမယ် "
" yeah! Park jimin , Park jimin ပြန်လာခဲ့စမ်း ၊ အဲ့ဒီအရိုင်းအစိုင်းကောင်ကတော့! "
" အဲ့ဆရာထိပ်ပြောင်က အတန်းချိန်တိုင်းအဲ့တာပဲပြောလို့ကိုမပြီးနိုင်ဘူး ကျစ်! စိတ်ညစ်ပါတယ် ဒီကမ္ဘာမှာ ဒီကPark jimin နဲ့ လိုက်လျောညီထွေတဲ့သူကောရှိပါ့အုံးမလား "
လွယ်အိပ်ကြိုးကို လျော့လျော့လေးလွယ်ကာ
ခေါင်းငိုက်စိုက်ဖြင့် Park jimin သည်
ကျောင်းလမ်းတစ်လျှောက် လှည့်ပတ်
သွားနေသည် ။
" အား! ပျင်းလိုက်တာ အတန်းလစ်ရင်တောင် ကျောင်းပြင်ထွက်ခွင့်မရှိဘူး ဆိုတဲ့ စည်းကမ်းကို yeon jun ကိုပြောပြီး ဖျက်ခိုင်းရမယ် "
ခေါင်းမာတဲ့ စိတ်လေးဟာ
ငယ်ငယ်တည်းက ပြင်လို့မရတဲ့
အကျင့်တွေထဲက တစ်ခုသာ ။
လိုချင်တာကို မရရင်
ကမ္ဘာလှည့်ပြီးသောင်းကျန်းမယ် ။
လုပ်ချင်တာကိုမလုပ်ခိုင်းရင်
အဖေ့ company သွားပြီး
ကားတွေ တစ်စီးပြီးတစ်စီး
ယူမယ် ။
ဦးစားပေးတာမခံရရင်
နှစ်ပတ်တိတိကျောင်းမလာဘဲ
စိတ်ကောက်မယ် ။
သူ့ကိုလာကြောရင်
ပြန်ကြောရမှ ကျေနပ်မယ် ။
သူ့ကိုခြိမ်းခြောက်ရင်
ambulance ကားနဲ့
hospital ကို အခမဲ့
တည်းခိုခွင့်ရမယ် ။
ဟူးးးး
ဒါက Park jimin ရဲ့အရွဲ့တိုက်မှု
သေးသေးလေးတွေပါ ။
" Tulips တွေရော ဒီကြားထဲကောင်းကောင်းရှင်သန်နေရဲ့လား "
Tulips တွေက သူ့အကြိုက်မို့
Yeon jun က သူ့အဖေကိုပြောပြီး
ကျောင်းမှာ စိုက်ပေးထားတာလေ။
မွေးနေ့လက်ဆောင်တဲ့....။
Yeon jun က အပေါ်ယံကြည့်ရင်သာ
သူ့အပေါ်ဂရုမစိုက်တဲ့ပုံပေါ်ပေမယ့်
တကယ်တမ်းကျတော့ သူ့အတွက်ဆို
အမြဲတမ်းစိတ်ပူပေးခဲ့တဲ့
သူငယ်ချင်းကောင်းပါ ။
Park jimin ကတစ်ခြားနေရာတွေသာ
ကံမကောင်းချင်ရင်မကောင်းလိမ့်မယ်
သူငယ်ချင်းတွေနဲ့ပက်သက်ရင်
အမြဲတမ်းဦးစားပေးခံရသူ ။
အဲ့လိုပေမယ့်လဲ သူငယ်ချင်းတွေအပေါ်မှာ
အမြဲဆိုးနေသူ ။
ဆိုးတာကလဲ တမင်သက်သက် အနိုင်လိုချင်လို့
မဟုတ်ပဲ အဲ့လိုဆိုးလိုက်ရမှ စားဝင်အိပ်ပျော်သွားတာမျိုး ။
" အပန်းရောင်လေးတွေ လှလိုက်တာ "
" အော် ငါ့အဝါရောင်လေးတွေလဲ ကောင်းကောင်းကြီးလာတာပဲ ၊ ငါ့ပန်းအိုးမှာထိုးဖို့ နည်းနည်းယူသွားလို့ရတယ်မလား အဝါရောင်ကောင်လေးတွေ "
အဝါရောင် Tulips တွေအား တစ်ပွင့်ချင်း
ခူးနေသည် ။
တစ်ပွင့် ......
နှစ်ပွင့် ......
သုံးပွင့် .....
လေးပွင့် ....
ငါးပွင့်မြောက်မှာ.....
" အာ့! "
.................။
သူ့အားအတန်းခေါင်းဆောင်ခန့်ထားတာမို့
အထက်တန်းအဆောင်က ရုံးခန်းကို
စာရင်းသွားပေးပါဆိုလို့ jeon ပေးပြီးပြန်လာ
ခဲ့သည် ။
မပေးချင်ဘူးလို့ငြင်းရအောင်
အပြင်မှာသာ အာဏာရှိပေမယ့်
ကျောင်းမှာတော့ ကျောင်းသားပဲမလား ။
စိတ်ညစ်ပါတယ် ကျောင်းမြန်မြန်ပြီးချင်
နေပြီ ။
ဒီကျောင်းက ဘာလို့ Tulips ပင်တွေကော
စိုက်ထားတာလဲမသိဘူး ။
" အမ်...ဟိုကောင်လေးမဟုတ်လား? Tulips တွေခူးနေတာလား? မသိရင်သူ့အပိုင်ကျနေတာပဲ၊ အတန်းမတက်ဘဲအပြင်မှာ တစ်ယောက်ထဲဘာလုပ်နေတာလဲ"
" ထားပါ ပြဿနာကောင်လေးနဲ့တွေ့ရင် စကားများနေရအုံးမယ် ကိုယ့်အတန်းကိုယ်ပြန်တာပဲကောင်းတယ် "
Jeon သည် သွားမလို့လုပ်တဲ့အချိန်မှာ
ထိုကောင်းလေးနားသို့ လူတစ်ယောက်ပြေးလာနေသည်
ကိုတွေ့သည် ။
သေချာကြည့် လိုက်တော့
လက်ထဲမှာ ဓားသေးသေးလေးတစ်ချောင်း
လဲကိုင်ထားသေးသည် ။
သူ့အနားပြေးလာနေသာကို
ထိုပြဿနာကောင်လေးကမသိဘူး
Tulips တွေကဘာတွေများအဲ့လောက်
စိတ်ဝင်စားဖို့ကောင်းနေလို့လဲ။
တကယ်ကိုမသိတာဟ ။
ဒီလိုနဲ့သေကုန်ကျတော့မှာပဲ ။
ထိုပြဿနာကောင်လေးနားသို့
အမြန်ပြေးရသည် ။
ဒီကောင်လေးကလဲ ဘေးမှာ
အမြဲတမ်းအန္တရာယ်တွေနဲ့။
ဘယ်လောက်တောင်ဆိုးလဲမသိဘူး ။
ပြဿနာကောင်လေးနား
ရောက်သွားတော့
မြန်မြန်ဆွဲဖက်လိုက်ပြီး
ဓားအား လက်နဲ့ကိုင်လိုက်သည် ။
လူတစ်ယောက်ဆွဲဖက်သာ
ခံလိုက်ရတော့နဲနဲလန့်သွားသည် ။
" အာ့!."
ထိုသူရင်ခွင်ထဲမှာ
ခနသာကြောင်နေမိသည် ။
ပူရှိန်းနံ့သင်းသင်းလေးကို
ထိုရင်ခွင်ဆီမှရနေပြီး
နွေဦးရောက်သွားသလို ထိုရင်ခွင်ကျယ်ဆီက
နွေးထွေးမှုကိုလဲခံစားမိနေသည် ။
ဒါနဲ့ ဒီလူကဘယ်သူလဲ? ရာရာစစ
ငါ့ကိုလာဖက်ပြီးအသားယူနေတယ် ။
ရန်ရှာဖို့ ထိုသူမျက်နှာကိုမော့ကြည့်လိုက်တော့....
" ဟင်....ဟို..အကို.... "
အကို သည် သူ့အားကြည့်မနေဘဲ
သူ့အနောက်ဘက်ကိုစိုက်ကြည့်နေသည် ။
သူလဲ အကိုကြည့်တဲ့ဘက်ကို လှည့်ကြည့်လိုက်တော့
တစ်စုံတစ်ယောက်က သူ့အနောက်မှာရပ်နေသည် ။
ဘာလဲဟ ။
သူသေချာကြည့်လိုက်တော့ အကို့လက်က ဓားသွားကို
ကျစ်ကျစ်ပါအောင် စုတ်ကိုင်ထားသည် ။
သွေးတွေ ၊ သွေးတွေအများကြီးပဲ ။
အကို့လက်က သွေးတွေအများကြီးထွက်နေတယ် ။
အဲ့လူကကောဘယ်သူလဲ ငါ့နောက်ကိုလိုက်ချောင်းနေတာလား?
ဘယ်တုန်းကလဲ? ဘယ်ကတည်းကလဲ?
ငါမသိဘူး တကယ်မသိဘူး ။
လူကငိုချင်လာသလိုလို ဖြစ်လာသည် ။
လန့်သွားတာကြောင့် အကို့ ရင်ခွင်ထဲကို
မျက်နှာပြန်အပ်လိုက်သည် ။
" လွတ်! ဓားကိုလွတ်လိုက်"
" ဘာလို့လဲ ဒီတိုင်းထားတာမကောင်းဘူးလား "
" လွတ်! "
" ဘယ်သူခိုင်းတာလဲ မင်းလုပ်တာတော့မဖြစ်နိုင်ဘူး "
" ဒီဟာတာ လွတ်စမ်းပါ "
" ကောင်းပြီ "
မဲ့ပြုံးပြုံးပြလိုက်တော့လန့်ကာ
ထွက်ပြေးသွားသည် ။
" အာ့ "
လက်က လွတ်လိုက်မှပဲ နာလာသည် ။
အကို ရဲ့ အသံကြားမှ သူလဲ သတိပြန်ဝင်လာသည် ။
" ဟို...သွေးတွေက အများကြီးပဲ "
" အသားကိုဓားနဲ့ရှပါတယ်ဆိုမှ သွေးကထွက်မှာပေါ့ "
" သိပါတယ်....အရမ်းနာလားဟင် "
" နာတာပေါ့ "
" လာ...လာ ဒီမှာထိုင် "
ထိုင်ခိုင်းသာကို မထိုင်ဘဲကြောင်ကြည့်နေသည် ။
" ထိုင်ပါဆို "
ထိုအကို လက်ကိုကိုင်ကာ ခုံတန်းပေါ် ဆွဲချလိုက်သည် ။
" ထိုင်ပါဆို အကိုက တော်တော်ပြောရခက်တာပဲ "
" လက်ပြပါအုံး တော်တော်များသွားတာပဲ "
" သွေးတွေကိုရေနဲ့အရင်ဆေးလိုက်မယ်နော် "
သွေးတွေကို ရေသန့်ဗူးနဲ့ ဆေးချလိုက်ပြီး
လွယ်အိတ်ထဲက အရက်ပြန်တွေ ၊ ဆေးတွေ ၊ ဂွမ်းတွေ ၊
ပတ်တီးတွေ ထုတ်လိုက်သည် ။
" မင်းလွယ်အိတ်ထဲမှာ အဲ့တာတွေအစုံရှိတာလား "
" အင်း ကျွန်တော်တို့အဖွဲ့ကအချိန်မရွေးထိခိုက် ဒဏ်ရာ ရနိုင်တယ်လေ အဲ့တာကြောင့် လွယ်အိတ်ထဲမှာ ဆေးပစ္စည်းတွေအကုန်ထည့်ထားသာ ဘာလို့လဲဆို ကျွန်တော်တို့က ဆိုးလို့လေ "
" ကိုယ့်ဟာကိုယ်တော့သိတယ်နော် "
" နည်းနည်းစပ်မယ်နော် အရက်ပြန်ဆိုတော့ "
" အင်း "
အရက်ပြန်လောင်းလိုက်ပြီး
စပ်မှာဆိုးလို့ မှုတ်ပေးနေမိသည် ။
" အော...မစပ်ဘူးလား "
" ဘာလို့လဲ "
" မအော်လို့လေ "
" ယောင်္ကျားပါဆိုအော်စရာလား "
" ကျွန်တော်ကတော့မရဘူး စပ်လာရင် အော်ပစ်တာ "
ထိုကောင်လေးအား ကြည့်ကာ
ပြုံးမိသည် ။
ဆိုးတာဆိုးတာ စိတ်ထားလေးတော့ကောင်းရှာသည် ။
ဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းလဲရှိသည် ။
သေချာကြည့်မှ အင်းးးးး
ချောသည် ၊ ချောတာထက်
လှတာဆိုပိုမှန်လိမ့်မည်....
ယောင်္ကျားလေးတန်မဲ့လှရက်နိုင်လွန်းသည် ။
" မင်း နာမည် Park jimin မို့လား "
" အင်း "
" ရှေ့လျောက်ဂရုစိုက် ဒီလောက်အန္တရာယ်များတာ ငါသာရှိမနေခဲ့ရင်ဘယ်လိုလုပ်မလဲ "
" ဟုတ်ပါ့နော် ကျေးဇူးပဲ "
" ထားပါတော့ ကိုယ်သွားတော့မယ် "
" သွားတော့မှာလား "
" အော် အတန်းချိန်ကြီးလေ "
" အာ...ဟုတ်သားပဲ "
" သွားပြီ "
" ခဏ "
" ဘာပြောအုန်းမလို့လဲ "
" ဒီဟာလေး "
ထိုကောင်လေးသည် သူ့အားလက်ထဲရှိ
Tulips အဝါရောင်ပေးလာသည် ။
" ဘာလို့ "
" လက်ဆောင်ပါ "
" လက်ဆောင်.... "
" အာ ကူညီပေးလို့ပါ...ပန်းက အကို့ တွက် အဆင်ပြေတဲ့လက်ဆောင်မဟုတ်ပေမယ့် ခုလောလောဆယ် ကျွန်တော့်ဆီမှာ ဒါပဲရှိလို့ပါ နောက်မှ တစ်ခုခုပြန်ပေးပါ့မယ် "
" ပန်းလဲအဆင်ပြေပါတယ် ဒါဆိုသွားလိုက်အုံးမယ် "
" nae "
ပြီးပြည့်ဆုံတဲ့ ချစ်ခြင်း
က သူတို့လေး( Tulips) တွေရဲ့
အဓိပ္ပာယ်ပဲ....။
Tulips အဝါရောင်က
နောက်ထပ် ထပ်မရှိနိုင်တော့တဲ့ ချစ်ခြင်း နဲ့
ပျော်ရွင်ခြင်း
ကို ဖော်ကြူးတယ်.....။
ဒီပန်းက Jeon ကိုရောအဲ့လို ချစ်ခြင်းတွေ
ပေးနိုင်လား? ။
ညအချိန်ကြီး update ပေးလိုက်ရလို့ အားနာရပါတယ် ။💗
(ZG)
ရူးပါသည် ချစ်လို့ရူးပါသည် ။
အဓိပ္ပာယ်မျိုးစုံနဲ့ ပြည့်နက်နေတဲ့
အချစ်ပုစ္ဆာကို သူတကယ်
အဖြေရှာမရတော့ ။
ပန်းပွင့်လေးတွေထက် လှသည်
ကောင်းကင်ပြာတွေထက် သာယာသည် ။
ပင်လယ်ပြာတွေထက် ညို့အားကောင်းသည် ။
နှင်းပွင့်လေးတွေထက် အေးချမ်းသည် ။
တဖန်ကမ္ဘာမြေကြီးထက်လဲ စွဲအားပြင်းနေပြန်တော့
နှိုင်းယှဉ်စရာ နာမ်စားတောင် ရှာမတွေ့တော့ဘူး
လူသားလေးရယ် ။
..........................
မြင်ကွင်းတစ်ခု၏ လုပ်ရှားမှုတိုင်းကို
သူဘာရယ်မဟုတ် လိုက်ကြည့်နေမိသည် ။
ကျောင်းသားတစ်စုဟာ ပန်းခြံအသေးစားလေးထဲကို
ရောက်လာကြပြီး စကားများပြောကာ ရီမောနေကြသည် ။
ထိုကျောင်းသားတွေထဲမှ Tulips ပန်းတွေရှေ့မှာ
ဓာတ်ပုံအရိုက်ခံနေတဲ့ ကောင်လေးတစ်ယောက်ဆီ
သူအကြည့်ရောက်သွားသည် ။
အဖွဲ့ထဲမှာ ဖြူဖြူဥဥလေးနဲ့ သေးသေးသွယ်သွယ်
ကောင်လေးတစ်ယောက် ၊ အဝေးကနေ
မျက်နှာကိုသေချာမမြင်ရပေမယ့်လည်း
ကြည့်ကောင်းနေသည် ။
ကြည့်နေရင်း ထိုဖြူဖြူဥဥ ကောင်လေးကို
သူ့ထက် အနည်းငယ်အရပ်ရှည်တဲ့ကောင်လေးက
အားရပါးရဖက်ပစ်လိုက်တော့ မျက်ခုံးတွေက
ပင့်ခနဲ ။
ဘာလဲဟ.....အတွဲတွေလား.......။
ဖြူဖြူဥဥ ကောင်လေးက မကျေနပ်ပုံပေါ်ကာ
ထိုကောင်လေးအား လိုက်ရိုက်တော့သည် ။
သူအနည်းငယ်တော့ပြုံးမိသွားသည်......။
ဘာရယ်မဟုတ်.....။
ဒီတိုင်းပြုံးချင်လာလို့.....။
" ဟေ့ကောင် ဘာတွေသဘောကျနေတာလဲ ပြုံးပြုံးကြီးနဲ့ "
သူ Taehyung ကိုကြည့်ကာ ခေါင်းခါပြလိုက်တော့ သကောင့်သားက ထိုကောင်လေးတွေရှိတဲ့နေရာကိုကြည့်လိုက်ပြီး
" အဟယ် ငါ့ကောင်က ဘာလဲ စိတ်ဝင်စားလို့လား "
အဲ့ Kim Taehyung ဆိုတဲ့အကောင်က
မဟုတ်တရုတ်တွေပြောဖို့ဆို ထိပ်ဆုံးက ။
အခုလဲ ဒီတိုင်းကြည့်မိရုံနဲ့ ကြိုက်တယ်
ဖြစ်သွားရော ။
ပိတ်ထိုးလိုက်ချင်စရာ ။
" ရူးနေလို့လား စိတ်ဝင်စားရအောင် "
" စိတ်ဝင်စားလို့ပြုံးပြုံးကြီးကြီးနဲ့ကြည့်နေတာပေါ့ အေးကွ ကောင်လေးတွေက ချစ်စရာလေးနော် "
" မင်းအဘ ချစ်စရာ "
" မဟုတ်လို့လားကွ ဟိုသေးသေးလေးဆို ပိုချစ်စရာကောင်းလောက်တယ် "
Taehyung က ဖြူဖြူဥဥကောင်လေးကို
လက်ညိုးထိုးကာပြောတော့ သူမငြင်းမိ ။
ငြင်းဖို့ကလဲ ချစ်စရာကောင်းလွန်းနေတော့ ။
ပြန်လဲမထောက်ခံသလို ပြန်လဲမငြင်းမိ ။
" ကဲ ကဲ ကျောင်းသားတွေ အရှေ့ကိုတစ်ချက်လောက်ကြည့်ပေးပါ......... ကျောင်းသားအသစ်တွေရောက်တယ်နော် "
ဆရာဝင်လာတော့ သူနဲ့ Taehyung လဲပြတင်းပေါက်ကိုကြည့်နေရာမှ အရှေ့ကိုအာရုံလွဲလိုက်သည် ။
" nae "
" သားတို့ မိတ်ဆက်ပေးပါအုံး "
" arrnyarseoyo ကျွန်တော်က Jung ho-seok ပါ "
hobi hyung ကမတ်တပ်ရပ်ပြီးနှုတ်ဆက်တော့ အတန်းထဲက
မိန်းကလေးတွေက
" Jung ho-seok တဲ့ "
" မှတ်ထားကြဟဲ့ "
" ချောတာလား ချစ်စရာကောင်းတာလား မသဲကွဲဘူး "
" အဟိ ချောတယ် "
Taehyung ကထပ်ပြီးမတ်တပ်ရပ်ကာ
" arrnyarseoyo ကျွန်တော်က Kim Taehyung ပါ "
" ဟာ အသံလေးကချိုနေတာပဲ "
" ယောင်္ကျားဆန်လိုက်တာ "
" Kim Taehyung တဲ့လိုက်တယ် လူနဲ့ "
တစ်ယောက်တစ်မျိုးပြောနေတဲ့ မိန်းကလေးတွေကြောင့်
Jung kook စိတ်ပျက်မိသည် ။
ဘယ်လိုဟာတွေလဲကွာ ကြည့်ကောင်းတိုင်း
လိုက်ကြိုက်နေကြတော့တာပဲ ။
" arrnyar Jeon Jung Kook ပါ "
ပြောပြီးပြီးချင်း ထိုင်ချလိုက်တော့
" ဝိုးးးးး ဒီတစ်ယောက်ကအချေဟ "
" ပိုတောင်ကြွေသွားပြီ Jeon Jung Kook တဲ့ "
" မိုက်လိုက်တာ လုံးဝ ငါ့ type ပဲ "
" ကောင်မရေ ဒီတစ်ယောက်ကိုတော့တကယ်ကြွေတယ် "
စိတ်ပျက်လိုက်တာ.....။
....................
နေ့လည်စာစားချိန်ရောက်တော့
Jimin တို့အဖွဲ့လဲ ကန်တင်းကိုသာလာခဲ့ကြသည် ။
စာတော့မသင်ချင်ပါ အစားတော့စားချင်သည်
ဆိုတဲ့အဖွဲ့ထဲက ထိပ်ဆုံးအဖွဲ့ဟာ
Park jimin တို့အဖွဲ့ဖြစ်သည် ။
" Beomgu လာ ဒီမှာထိုင်အဲ့ဘက်ကနေနည်းနည်းထိုးတယ် "
သူတို့ရဲ့အကြည့်စူးစူးတွေက yeon Jun ဆီသို့သာ
ဘယ့်နှယ် အစားလဲကောင်းကောင်းမစားရ
ဘာလုပ်လုပ်ကို ကောင်းကောင်းမလုပ်ရဘူး ။
သူတို့နစ်ယောက်ရဲ့ ချစ်ကြည်နူး သစ်တီတူး
နေကြတဲ့အသံတွေကြီးပဲ ။
Beomgu နားထဲမှာတော့ yeon Jun အပြောများဟာ
သာယာနာဖွယ်ကောင်းနေပေမယ့် ကျန်သုံးယောက်ရဲ့
နားထဲမှာတော့ ကျွဲဗားစောင်းသီးသလို
ဘာသံစဉ် ဘာချိုသာမှုမှမရှိ ။
ကျီးအာ နေသလို နားဝင်မချိုသော ခပ်ဆိုးဆိုး
အသံသာ ။
သူတို့လဲ ရည်းစားရတဲ့သနေ့ ဒင်းလို
အချိန်တိုင်း နှိပ်စက်ပြမယ်ဟု တေးထားကြသည် ။
ဟိုဘက်ပြေး ဒီဘက်ပြေးနဲ့ အလုပ်ရှုပ်နေသူ
တစ်ယောက်တော့ရှိနေသည် ။
" jimin ဘယ်သွားပြန်အုံးမှာလဲ "
van ကစိတ်မရှည်စွာမေးလာသည် ။
" ငါစားချင်တာလေးတွေသွားယူအုံးမလို့ "
" တော်လောက်ပြီ ရပြီလေ မင်းယူထားတာတွေများနေပြီအစာမ ကြေဖြစ်ကုန်မယ် "
van ပြောချင်ရင်လဲပြောချင်စရာ ဆန်းဝှစ်,
Americano , ငါးအူချောင်း , တော်ပုကီ အစပ်အဟပ်မရှိတဲ့
မုန့်တွေကော ရှိတဲ့မုန့်တွေ့ကော သူ့ရှေ့မှာပုံလို့နေပြီကို ။
" မင်းကလည်း ငါစားချင်တဲ့ဟာတွေကျန်သေးတယ် "
လို့ပြောကာ မုန့်တန်းဘက်ကိုထွက်သွားပြန်သည် ။
မနိုင်ဘူးဆိုပြီး van တစ်ယောက် ခေါင်းသာခါနေရတော့သည် ။
" အားး! ချောလိုက်တာ "
မိန်းကလေးတွေ ထအော်တဲ့အသံကြားတော့
သူတို့အဖွဲ့လည်းလန့်သွားပြီး
ထိုမိန်းကလေးတွေ လက်ညိုးတစ်ထိုးထိုးနဲ့
ပြောနေကြတဲ့ နေရာကိုကြည့်လိုက်တော့
ကန်တင်းဘက်ကို လာနေသော
တစ်ခါမှ မမြင်ဖူးတဲ့ လူသစ်သုံးယောက် ။
အသစ်ရောက်လာတဲ့ သူတွေနေမှာ ။
အင်းးးးတော်တော်လေးတော့ကြည့်ကောင်းလှသည် ။
အရပ်အမောင်းပုံစံတွေကအစ ။
မော်ဒယ်နဲ့တောင်တူသည် ။
သူတို့ဘေးနာက စားပွဲအလွတ်မှာဝင်ထိုင်ကြသည် ။
မိန်းကလေးတွေမှာလဲ ကျောင်းနဲ့ club နဲ့မှားနေသလားအောက်မေ့ရတယ် ဆူညံပွတ်လောကိုရိုက်လို့ ။
Park jimin သာရှိနေလို့ကတော့
အကုန်အော်ထုတ်ခံရလောက်ပြီ ဒီလိုပုံစံနဲ့ကတော့ ။
အင်းးး အခုကတော့ သူမသိသေး
သကောင့်သားက မုန့်သာငမ်းနေသည် ။
ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ Park jimin က
ပိုမိုက်တယ်ဟုသာ တွေး၍သူတို့လဲစားစရာရှိတာ
စားနေကြသည် ။
" horry ဒီဟာလေးကိုင်ကူအုံး ငါမနိုင်တော့လို့ "
မုန့်တွေတပွေ့တပိုက်ကြီးနဲ့ ရောက်လာတဲ့
နှစ်ယောက်မရှိသော Park jimin ။
van ကစိတ်မရှည်စွာ
" မင်းကလဲမုန့်လေးသွားယူတာကိုကြာလိုက်တာ မသိရင်
လင်နောက်လိုက်သွားတဲ့အတိုင်းပဲ "
" အေ လိုက်သင့်ရင်တော့လိုက်ရမှာပဲ ခုတော့ ရှာမတွေ့သေးလို့ဟေးးး "
အဲ့လို ပြန်ပြန် ပက်တက်သော Park jimin ။
နည်းနည်းလေးမှအပြောမခံဘူး ။
တော့ပုကီစားလိုက် ငါးအူချောင်းစားလိုက်
ဖျော်ရည်လေးသောက်လိုက်နဲ့ ဟန်ကျနေသော
Park jimin အားသူစချင်လာပြန်သည် ။
" jimin "
Jimin ကသူ့အားဘုကြည့်ကြည့်ကာ
" ဘာလဲ " ဟုဖြေတော့ သူ ဟီးခနဲ့သွားဖြီးကာ
ရယ်ပြလိုက်ပြီး
" ငါကိုနည်းနည်းလေးမကျွေးချင်ဘူးလား "
" နည်းနည်းလေးမှမကျွေးချင်ဘူး "
" မင်းကလဲကွာ ငါကမင့်ရဲ့အခင်ဆုံးသူငယ်ချင်းလေကွာ အဲ့လိုပဲပြောရလား "
" အဲ့လိုပဲပြောမှာပဲ ငါပြောပြီးပြီနော် နည်းနည်းလေးမှမကျွေးနိုင်ဘူး ဒီပိစိလောက်လေးလဲမကျွေးနိုင်ဘူး "
သူ့လက်သန်းပိစိလေးအား လက်မလေးနဲ့ထိကာ အမူအရာလုပ်ပြသည် ။
လက်ကလေးတွေကသေးသေးလေးပါဆို
လာလုပ်ပြနေတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည် ။
" jimin......"
" ဘာလဲ van ရာစားချင်ကိုယ့်ကိုသွားယူစားလို့ "
" ငါကမင့်ဆီကပဲစားချင်တာ "
" မကျွေးနိုင်ဘူးလို့ "
van သည်မကျွေးဘူးပဲလုပ်နေတဲ့သူရဲ့
ငါးအူချောင်းကို အားရပါးရကိုက်စားပစ်တော့သည် ။
ထိုအခါမှာတော့ ငါးအူချောင်းပိုင်ရှင်ရဲ့အသံဟာ
နားဝင်ချိုစွာထွက်လာတော့သည် ။
" van ခွေးကောင် van စုတ်!! ပြန်ဝယ်ပေး ပြန်ဝယ်ပေးလို့!! "
" ဟေ့ကောင် အဲ့လောက်ထိမအော်နဲ့လေကွာ ရှက်စရာကြီး "
" ဘာမှရှက်စရာမရှိဘူး သူများမကျွေးဘဲနဲ့လုစားတာ မင်းမှရှက်စရာကောင် ! "
" van ရာ မင်းပြဿနာတော်တော်ရှာတာပဲ Park jimin အကြောင်းလဲမသိတာမဟုတ်ပဲ "
Yeon Jun ကထိုသို့ပြောလာတော့ jimin က
ဘုကြည့်ကြည့်ကာ
" ငါကဘာဖြစ်လဲပြော ငါကဘာဖြစ်လဲ "
" ဘားမှမဖြစ်ဘူး "
" မင်းတို့ကောင်တွေ ငါ့ကိုဆိုတော်တော်နိုင်စားကြတယ် "
" အဟွတ် အဟွတ် "
" ဖွီးးးးးး "
သီးကြသူမှာတော့ ဘားမှဝင်မပြောဘဲငြိမ်နေကြတဲ့
Horry နဲ့ Beomgu ဖြစ်သည် ။ တစ်ယောက်က
မုန့်စားရင်းသီးသွားပြီး တစ်ယောက်က ရေသောက်ရင်း
ထသီးသည် ။ သီးရတဲ့အကြောင်းရင်းကတော့
Park jimin ကသူ့ကိုနိုင်စားကြပါတယ်ဆိုတဲ့စကားကြောင့်ပေါ့ ။
Park jimin ကိုသူတို့အားလုံးဘုကြည့်ကြည့်တော့
Park jimin ကကြောက်ပြီးငြိမ်နေမယ်ထင်လား?
သူတို့အားလုံးနဲ့အပြိုင် သူတို့အား စူးရဲစွာ
ပြန်ကြည့်သည် ။
Park jimin ဆိုသည်မှာ မဟုတ်တာတွေအရမ်းပြောသည် ။
သူတို့ကဝိုင်းနိုင်စားကြသတဲ့ ။
မဖြစ်နိုင်တဲ့စကားကြီးကို ။
တခြားသူတွေကို
Park jimin ကသူတို့အဖွဲ့မှာနိုင်စားခံရတာတဲ့
လို့ တစ်ယောက်ချင်းလိုက်ပြောရင်တောင်
ယုံကြမှာမဟုတ် ။
ပြောင်းပြန်တွေပြောနေတယ် တကယ်ပဲ
သူကပဲ အကုန်လုံးကိုနိုင်စားနေပြီးတော့ ။
သူအနိုင်ကျင့်လွန်းလို့ van ဆိုရိုးအီနေပြီ ။
" ပြန်ဝယ်ပေးလို့! "
" ဟေ့ကောင် တိုးတိုးပြောလေ "
" မပြောနိုင်ပါဘူး "
" yah Park jimin ကလေးလဲမဟုတ်ဘဲနဲ့ ပြောရမခက်နဲ့စမ်း "
" အဲ့လိုပြောရအောင် မင်းဘဲအရင်စတာမလား "
Jimin သည်စိတ်တိုကာ
van အား အားရပါးရ
ထုလိုက်တော့ လက်ထဲတွင်
ကိုင်ထားသော ငါးအူချောင်း
သည်ချော်ကာ လွင့်ထွက်သွားတော့သည် ။
ထို့နောက် တစ်စုံတစ်ယောက်ရဲ့
နောက်ကျောပေါ်သို့ ။
Jung kook သည် ကိုယ့်အတွေးနဲ့ကိုယ်
coffee လေးသောက်ခါ အေးအေး
လူလူ နေနေသော်လည်း ၊
ဘာမှန်းမသိတဲ့ အရာကြီးက
ကိုယ့်ကျောပေါ် လာကျလာတော့
ဒေါ်သတွေက အထွဋ်အထိပ် ။
ကိုယ့် ကိုလာထိပါးရင်
မကြိုက်တဲ့ Jeon ဟာ
ဘယ်သူလုပ်မှန်း မသိပေမယ့်လဲ
သည်းမခံနိုင် ။
အနည်းဆုံးတော့ လာပြီး
တောင်းပန်သင့်တယ်မလား ။
အခုတော့ အကောင်မပြောနဲ့
အရိပ်တောင်မမြင်ရ ။
ဒေါ်သတွေ အလိတ်အလိတ်
ထွက်လာကာ ထအော်ရန်လုပ်တော့
ကြားလိုက်ရသော အသံချိုချိုလေး ။
လှည့်ကြည့်လိုက်တော့ ။
" ဟို ဟို...လေ တောင်းပန်ပါတယ်နော် မတော်တဆဖြစ်သွားလို့ပါ "
Tulips ပန်းတွေရှေ့ကကောင်လေး ။
အနီးကပ်မြင်ရတော့ အသက်ရှူတွေတောင်မှားတယ် ။
ယောင်္ကျားလေးတန်မဲ့ လှနိုင်လိုက်တာ ။
Jung kook သည်ခနတွေဝေသွားသည် ။
ဘယ်လောက်ပဲလှလှ အလျော်မပေး
လိုက်နိုင်ပါဘူး ။
ကိုယ့်ကို ဒေါသထွက်အောင်လုပ်ထားတာမလား ။
လှလို့ ခွင့်လွတ်လိုက်တာဆိုပြီး
Jeon Jung kook ရာဇဝင်မှာမရှိဘူး ။
Jung kook သည် စိတ်နဲ့လူနဲ့ပြန်ကပ်လိုက်ပြီး ။
" ဒီမှာ ကောင်လေး မတော်တဆ ဆိုတိုင်း ကိုယ်ကနားလည်ပေးရမှာလား "
" Yeah Jung kook ! "
taehyung သည် Jung kook ရဲ့
အကျီ စအားဆွဲကာ မပြောရန်တား
သည် ။
သို့သော် Jeon သည်သူ့အား ဂရုတောင်
မစိုက်ပါ ။
" ဗျာ "
" နားလည်ပေးရမှာလားလို့ပြောတာလေ "
" ဟုတ်...မ..မဟုတ်ပါဘူး တောင်းပန်ပါတယ် ကျေနပ်တဲ့ထိတောင်းပန်ပါ့မယ် တောင်းပန်ရုံနဲ့မကျေနပ်ရင်လဲ ကျွန်တော် အကို့ အင်္ကျီလိုတစ်ပုံစံတည်းပြန်ဝယ်ပေးပါ့မယ် "
" ဒီအကျီဘယ်လောက်တန်လဲ သိလား? "
taehyung နဲ့ ho-seok သည်
Jeon Jung kook ပြောဆိုပုံနဲ့တော့
စကားများရန်ဖြစ်တော့မှာသိနေကာ
မျက်ခုံးတစ်ပင့်ပင့်ဖြစ်နေကြသည် ။
Jimin သည် အတက်နိုင်ဆုံး
တစ်ဖက်လူ ကျေနပ်တဲ့ထိ
တောင်းပန်ဖို့လုပ်ထားသော်လည်း
ထိုလူပြောလိုက်သောစကားကြောင့်
အတွေးတွေက ကြက်ပျောက်ငှက်ပျောက် ။
ငွေစကားပြောတာလောက်
မုန်းတဲ့လူ ကမ္ဘာပေါ်မှာမရှိဘူး ။
အဲ့အင်္ကျီကဘယ်လောက်များ
တန်နေလို့လဲ? ။
သူ့လိုအနေအထားမျိုးနဲ့
အထည်တစ်ရာလောက်
ပစ်ဝယ်ပေးလို့ရတယ် ။
Park Jimin ဆိုတဲ့သူက
ဒီလိုတောင်းပန်ပေးနေတာတောင်
လွန်လွန်းနေပြီ ။
Jimin သည် ထိုစကားအား
သည်းမခံနိုင်တော့ကာ ၊
" ဒီမှာ ခများ အကျီကဘယ်လောက်တန်နေလို့လဲ မိုးလောက်ကြီးလား ၊ ကျွန်တော် ခများ ကိုဒီလောက်တောင်းပန်နေတာတောင်လွန်လွန်းနေပြီ "
Taehyung နဲ့ ho-seok သည်
မျက်လုံးများပြူးကာ
ထိုသေးသေးအား ကြောင်ကြည့်နေတော့သည် ။
လွန်လွန်းနေပြီတဲ့လေ။
ပြောပုံကိုက ရိုက်ပေါက်ပဲ ၊
ထိုသေးသေးလေးကို
အေးမယ်လို့ထင်ထားတာ
ခုတော့သူ့ကိုတောင် ပြန်ဟစ်နေပါလား ။
" ဘယ်သူ့ကိုလာပြီးအော်နေတာလဲ မှားတာကမင်းနော် ကောင်လေး "
" ကျွန်တော်တောင်းပန်နေတာကို ခများကလက်ခံလို့လား "
" ကိုယ် လက်မခံဘူးလို့လဲမပြောလိုက်ရ "
" ခများ ကပ်သီးကပ်သပ် မလုပ်နဲ့နော် "
" လုပ်နေတာက မင်းလေ "
Ho-seok သည် မနေနိုင်တော့ကာ
" Jung kook ရေတော်ပါတော့ နားလည်ပေးလိုက်ပါ ဟိုက ကလေးပဲရှိသေးတယ် "
" ဘာကလေးလဲ နားလည်မပေးနိုင်ပါဘူး "
" အောင်မာ ခများကဘာမို့လို့လဲ "
" မင်းကကော ဘာမို့လို့လဲ "
" Park jimin ရယ်တော်ပါတော့ မင်းကဘဲမှားသေးတယ် "
van သည် ဒီ Park jimin
ကလည်းအလျော့မပေးသလို
ဟိုဘက်က အကိုကလဲ အလျော့ပေးမယ့်ပုံ
မပေါ်သာမို့ သူဝင်ပြောရချေပြီ ။
" ငါမှားတာလား အဲ့တာမင်းလုပ်တာလေ မင်းအမှား "
" ဟုတ်ပါတယ် ငါလုပ်တာ ငါ့အမှားပါ "
" မင်းကလဲလုပ်ပြီး သူများကိုအပြစ်တင်နေသေးတယ် "
" ခများက ဘာသိလို့လဲ "
" မင်းမှားတာတော့ ကိုယ်သိတယ် "
" ခများ! "
" တော်ပါတော့ jimin ရယ်....ငါတောင်းပန်ပါတယ်..
ဟို..ဒီက အကိုကိုလဲ ကျွန်တော့်သူငယ်ချင်းအစား တောင်းပန်ပါတယ်...သူက စကားပြောမတတ်လို့ပါ "
" နောက်တစ်ခါဆို ကိုယ်ခွင့်လွတ်မှာမဟုတ်ဘူးနော် "
" ဘယ်သူကလဲ သူ့ကိုခွင့်လွတ်ခိုင်းနေလို့လဲ "
" Park jimin! "
" ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါအုံးနော် "
Jeon သည် ထိုသေးသေးလေးရဲ့
သူငယ်ချင်းကိုတော့ ပြုံးပြလိုက်ပြီး
ထိုသေးသေးလေးကိုတော့ မဲ့ပြလိုက်သည် ။
အောင်မာ ထိုသေးသေးလေးကလဲ
သူ့ကိုပြန်မဲ့ပြသွားသေးတယ် ။
တကယ့်ရိုက်ချင်စရာ ။
" သေးသေးလေးက မလွယ်လိုက်တာ "jh
" ဟုတ်ပ့ hyung "
" ဒါပေမယ့် တော်တော်လေးတော့ လှတာနော် ယောင်္ကျားလေးတန်မဲ့ "
" ဘာလှတာလဲ ဘယ်နားမှာလှတာလဲ "
" လှတယ်လေ သေချာမကြည့်ထားဘူးလား Jung kook ကလဲ "
" hyung "
taehyung သည် ho-seok အား
လက်တို့ကာ တားလိုက်ရသည် ။
..........
" အားးး! စိတ်တိုလိုက်တာ! "
" Park jimin ရယ် တိုလို့ကိုမပြီးနိုင်တော့ဘူးလား "
" မပြီးနိုင်ဘူး လုံးဝ မပြီးနိုင်ဘူး ဘယ့်နှယ် သူ့အင်္ကျီကို ဘယ်လောက်များတန်တယ်ထင်နေလဲမသိဘူး "
" brand ကမို့လို့နေမှာပေါ့ "
" အဲ့ barnd ကလဲဘယ်လောက်ထိ ဈေးကြီးမှာမို့လို့လဲ ငါ့ အဖေရဲ့ကားတွေလောက်လား "
" yaeh...Park jimin "
" ငါတကယ် အချဉ်ပေါက်တာနော် လုံးဝ အနှိမ်ခံခဲ့ရတာ "
" ဘယ်သူက မင့်ကိုနှိမ်လို့လဲ "
" ဘယ်လောက်တန်လဲသိလား? ဆိုတာ ငါ့ကိုနှိမ်နေတာပဲလေ ...၊ နေအုံး မနက်ဖြန်အဲ့အကျီနဲ့တစ်ပုံစံတည်း ကိုသေချာသွားဝယ်ပြီး ပြန်ပေးပြမယ် "
လုံးဝကို မပြောနိုင်တော့လို့
တစ်ဖွဲ့လုံး ပါးစပ်ပိတ်ထားကာ
လွတ်ထားလိုက်ရသည် ။
Tulips တွေကစွာလား....? ။