"အမေ၊ အဲဒီခွေးမလေးကို ကူညီခဲ့တဲ့သူက ဝမ်းကွဲရှောင်များ ဖြစ်နေမလား" ဒီဖြစ်နိုင်ခြေကို တွေးပြီး ယုစီလုံက ငိုချင်ယောင်ဆောင်တာကို ရပ်လိုက်ပြီး မနာလိုစွာ မေးလိုက်တယ်။
သူ့အစ်ကိုဝမ်းကွဲရဲ့မျက်လုံးထဲမှာ မို့ရွှီတုန်းတစ်ယောက်သာရှိသဖြင့် သူမက အဲဒီအမျိုးသမီးကို အသက်ရှင်လျက် မျိုချဖို့ မစောင့်နိုင်တော့ဘူး။
"မဟုတ်ဘူး၊ ယွီရှောင်က အဲဒီတုန်းက လမ်းပေါ်မှာ ရှိနေတုန်းပဲ။ သူ့မှာ အချိန်မပေးနိုင်သလို့ သူ့နောက်က လိုက်နေတဲ့ လူတွေလည်းအများကြီး မရှိဘူး..." သခင်မယုက စဥ်းစားရင်း ပြောလိုက်သည် ။
ချင်းယွီရှောင်၏ နောက်လိုက်အစေခံများသည် အနည်းငယ်သာရှိ၍ ထိုကိစ္စ၏နောက်ကွယ်တွင် သူပါဝင်ပတ်သက်နိုင်ဖို့အထိ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ။ ထို့အပြင် ချင်းယွီရှောင်သည် အမှားတစ်ခုခုကို သတိပြုမိပါက၊ အရာအားလုံးကြားမှ သူမကို စိန်ခေါ်ရန် အပြေးအလွှား ရောက်လာပေလိမ့်မည်။ သူ ဒီလို ငြိမ်သက်နေမှာ မဟုတ်ဘူး။
"အဒေါ် ၊ ဘာပဲဖြစ်ဖြစ် တို့ဂရုမစိုက်ပါဘူး။ ဒီခွေးမက သေကိုသေရမယ် "
ချင်းယွီရှောင်က သူမကို အမှန်တကယ် လျစ်လျူရှုထားသည်ဟု ယုစီလုံက တွေးလိုက်မိသောအခါ မို့ရွှီတုန်းကို အမြန်သတ်ပစ်ချင်တော့သည် ။ သူမသည် ဒေါသအလွန်ထွက်ကာ မျက်လုံးများက မီးတောက်လောင် နေခဲ့သည် ။ ဒီတစ်ကြိမ်မှာတော့ သူမဟာ တကယ်ကို ကံကောင်းလွန်းတဲ့ မို့ရွှီတုန်းကို အပြီးမသတ်နိုင်ခဲ့ပေ ။
"စီလုံ ၊ ဘာမှ အရူးအမူး မလုပ်ပါနဲ့၊ ဒီကိစ္စပြီးသွားရင် မင်းဝမ်းကွဲကို ဆက်ဆံဖို့ အခွင့်အရေးတွေ အများကြီး ရလိမ့်မယ်။" သခင်မချန်က သူမကို သတိပေးသည်။
"မေမေ၊ စိတ်ချပါ ၊ သမီး သူ့ကို ဒီရက်ပိုင်းအတွင်း လွှတ်ထားလိုက်မယ်။ ရက်အနည်းငယ်ကြာရင် သမီး သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်ပြီး ဝမ်းကွဲရှောင်ကို သူမ ဘယ်လိုမျိုး ဆွဲဆောင်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်မယ်။" ယုစီလုံ သည် သူမ၏ သွားများကို အံကြိတ်ကာ ပြောလိုက်သည်။
သူမသည် ဒီရက်ပိုင်းအတွင်း အဒေါ်နဲ့ အမေက သူ့မအတွက် တခြားအစီအစဥ်တွေ ရှိတယ်ဆိုတာ သူသိတယ်။ ပထမဦးစွာ သူမသည် ဝမ်းကွဲရှောင်ကို အမိဖမ်းရမည်ဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် ချင်းအိမ်တော်တွင် မို့ရွှီတုန်းကို အပြစ်ပေးရန် အခွင့်အရေးများစွာရရှိပေလိမ့်မည် ။
သို့သော်လည်း သူမသည် မို့ရွှီတုန်း၏ အစိတ်အပိုင်းတိုင်းက သူမထက် များစွာပိုလှသည်ကို သိသော်လည်း အမှန်တရားကို ဝန်ခံရန် ဝန်လေးခဲ့သည်။ ဝမ်းကွဲက ဘာကြောင့် ဒီခွေးမအပေါ်မှာပဲ မျက်စိကျနေရတာလဲ။
ထို့နောက် သူမသည် ခြံဝတွင် ရပ်လိုက်သည်။ ဒီအကြောင်းကို သူမပိုတွေးလေ သူမက ပိုဒေါသကြီးသလို ခံစားလိုက်ရသည်။ ဒီလို ပြီးပြည့်စုံတဲ့ အစီအစဥ်ကနေ ဒီခွေးက ဘယ်လို လွတ်မြောက်သွားခဲ့တာလဲ။
ချင်းယွီရှောင်သည် ယခုအချိန်တွင် မို့ရွှီတုန်း၏နေရာ၌ အတူတူရှိနေဆဲဖြစ်သည်ကို တွေးကာ သူမနှလုံးသား၏အနက်ရှိုင်းဆုံးနေရာတွင် မုန်းတီးမှုကို ခံစားခဲ့ရသည်။ သူမ သွားတွေကို အံကြိတ်ပြီး သူ့နောက်က အိမ်အကူကို ပြတ်ပြတ်သားသား အမိန့်ပေးတယ်။
"သခင်မလေးမိုဆီသွားပြီး သူမဘာလုပ်နေသလဲဆိုတာ စောင့်ကြည့်ပါ ၊ သူမ တစ်ခုခုလိုအပ်ရင် တို့ကို အကူအညီတောင်းနိုင်တယ်လို့ ပြောလိုက်ပါ"
မဟုတ်ဘူး၊ သူမ စိတ်မချမ်းသာဘူး။ သူမ မို့ရွှီတုန်းကို စစ်ဆေးရမယ်။
အိမ်အကူက အမိန့်ကိုလက်ခံရရှိပြီး ထွက်သွားလေသည် ။
ချင်းယွီရှောင်သည် မို့ရွှီတုန်း ၏နေရာတွင် အမှန်ပင် ရောက်လာခဲ့သည် ။ သူရောက်လာသောအခါတွင် မို့ရွှီတုန်း သည် နိုးနေပြီဖြစ်ပြီး ကုတင်အထူကြီးဖြင့် ကျောကိုထောက်ကာ ဆိုဖာပေါ်တွင် မတ်တတ်ထိုင်နေသည်။
မို့ရွှီတုန်းသည် သူမခြံထဲက လူအနည်းငယ်ကသာ သူ့ဒဏ်ရာအကြောင်းသိတာမို့ အခုချိန်မှာ သူ့မကိုယ်သူမ သဘာဝအတိုင်း ထိန်းသိမ်းစွာ နေထိုင်သည်။ ထို့ကြောင့် သူမသည် လဲကျကာ လက်မောင်းကျိုး၍ လည်ပင်းကို ဒဏ်ရာရစေသည်ဟုသာ ရိုးရိုးရှင်းရှင်းပြောခဲ့သည်။ သူမသည် သူမအတွက် ထားခဲ့ပေးတဲ့ ဖန်ယုလန်ရဲ့ ဆေးအချို့ကို လိမ်းခဲ့ပြီး ထိုဆေးက အလွန်ထိရောက်ပါတယ်။
ဒဏ်ရာက ကြီးကြီးမားမားမဟုတ်ပေမယ့် သွေးအရမ်းထွက်တာကြောင့် သူမ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေသည် ။ ထို့နောက် သူမသည် ရိုးစင်းသော ပင်လယ်စိမ်းရောင် ပိတ်စလေးတစ်ထည်ကို မေပယ်ရွက်အစိတ်လေးများဖြင့် ချည်နှောင်ထားသည့် ၀တ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ဝတ်စုံရဲ့အရောင်က လက်ရှိရာသီနဲ့ အလွန်လိုက်ဖက်ပါတယ်။ သူမသည် နိုးထလာပြီဖြစ်သော်လည်း ဆံပင်တွေက ရေတံခွန်လို ချထားဆဲ ဖြစ်နေသည် ။ သူမ၏ တောက်ပြောင်သော ဆံနွယ်များနဲ့အတူ သူမ၏ပုံစံသည် အန္တရာယ်ကင်းစင်ပြီး သားရဲတစ်ကောင်လို ချစ်စရာကောင်းနေပုံရသည်။
သူမ အနည်းငယ် လှည့်ကြည့်လိုက်တော့ သူမ၏ မျက်လုံးများသည် ရေငွေ့များ နှင့် အမှုန်အမွှားများ ဖုံးလွှမ်းနေပုံရသည်။ သူမ၏ ဖြူစင်သော အသားအရေပေါ်တွင် မြှုပ်နှံထားသော သူမသည် အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှု အပြည့်ရှိသည်။ သူမသည် သေးငယ်သော်လည်း၊ သူမ၏ ရုပ်ရည်မှာ နှိုင်းယှဥ်၍ မရအောင်ပင် လှပသည် ။
ချင်းယွီရှောင် ဝင်လာတာကိုမြင်တော့ သူမဟာ အလျင်စလို ထရပ်လိုက်၍ မထင်မှတ်ပဲ သူ့ဒဏ်ရာတွေကို ပွင့်သွားစေခဲ့သည် ။ ထို့ကြောင့် သူမသည် ချက်ချင်းပင် မျက်မှောင်ကြုတ်၍ မျက်နှာဖြူဖျော့သွားကာ သူမ၏ နဖူးဖြူပေါ်သို့ ချွေးများ စီးကျလာသည်။
"ဘာလို့ ထလာရတာလဲ၊ မင်းကိုယ့်ကိုနာကျင်စေလိမ်မယ် ။ မင်း လှဲအိပ်နေလိုက်ပါ။ ကျုပ်က သူစိမ်းမဟုတ်ဘူး"
ချင်းယွီရှောင် သည် ရှေ့သို့ တိုးလာပြီး သူ့မျက်လုံးများသည် နူးညံ့မှုနှင့် အနည်းငယ် ဒေါသများ ပြည့်နှက်နေသည်။ သူသည် သဘာဝအတိုင်း တံတောင်ဆစ်ကို ထောက်ကာသူမအား ဆိုဖာသို့ ပြန်အိပ်ရန် ကူညီပေးသဖြင့် သူမ ပြန်မထနိုင်တော့ပေ။
"မင်းကဘာလို့ ဒီလောက်ဂရုမစိုက်ရတာလဲ၊ မင်းအဲဒီမှာဘာလုပ်နေတာလဲ"
ဖန်ယုရှောင်သည် သူမ ကုတင်ရှေ့မှာ တိုက်ရိုက်ထိုင်ပြီး မိုလန်ဆီက လက်ဖက်ရည်ကို ယူလိုက်တယ်။ ထို့နောက် သူသည် တစ်ကျိုက်ခန့်သောက်ကာ သူမအား စိတ်အားထက်သန်စွာ မေးသည်။
"အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အမေ့အတွက် ဆုတောင်းဖို့ တို့ ဘုရားကျောင်းကို သွားခဲ့ပြီး မိုလန်ကို အပြင်မှာ လွတ်ပေးလိုက်တယ်။ သူ့ကို အပြင်ထွက်ခွင့် ပေးလိုက်တဲ့အတွက် တို့ထွက်လာတဲ့အခါ သူမကို မတွေ့နိုင်တော့ဘူး။ နောက်တော့ ရုတ်တရတ် လူတစ်ယောက် တို့ဆီ လာနေတာတွေ့တော့ တို့ ကမန်းကတန်း ရှောင်လိုက်တယ်။ တို့အရမ်းလန့်သွားပြီး တို့မသိတဲ့လမ်းကို လျှောက်မိသွားတယ် ။ နောက်တော့ ကြောက်စိတ်ကြောင့် တို့လဲကျသွားတယ်။ မိုလန်က တို့အသံကိုကြားတော့ တို့ တွင်းထဲ ပြုတ်ကျသွားတာ သိလိုက်ရတယ်"
မို့ရွှီတုန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ သူမ၏ လက်ကိုင်ပုဝါကို ပွတ်သပ်ရင်း အလွန်အဆင်မပြေပုံပေါ်နေသည် ။
သူ့မအသံက နိမ့်ပြီး ပျော့ပျောင်းကာ မျက်နှာက ဖြူဖျော့နေတယ်။ သူမသည် မွေးကတည်းက ခွန်အားတွေ ချို့တဲ့နေပုံရတယ်။ ထို့အပြင်၊ သူမ၏ အရောင်မဲ့နှုတ်ခမ်းများနှင့် မှိုင်းညို့နေသော မျက်လုံးများက သူမအပေါ် လူများကို နူးညံ့သိမ်မွေ့စေခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် လူတွေက နှင်းတွေလို ဖြူစင်ပြီး အညစ်အကြေးလုံးဝကင်းစင်တဲ့ မိန်းကလေးကို တွေ့ကြလိမ့်မယ်။ သူမသည် ခပ်တိုးတိုး ပြုံးနေသော်လည်း ရင်သပ်ရှုမော လှပသည်။
"မိုလန်ကို ဘာ့လို အဝေးလွှတ်လိုက်တာလဲ" ချင်းယွီရှောင်၏ မျက်လုံးများသည် သူမ၏ ပြုံးနေသော မျက်နှာပေါ်တွင် ဖျတ်ခနဲ ကျရောက်သွားသည်။ ခဏကြာတော့ သူ့ဘေးနားက မိုလန်ကို လှည့်ပြီး စိတ်ရှုတ်ထွေးစွာဖြင့် မေးလိုက်သည် ။
"သခင်မကြီးချင်းက မမလေးကို စကားမှာစရာရှိလို့ ဒီအစေခံ ကို အခေါ်လွတ်တယ်လို့ဆိုပါတယ် ။ ကျုပ်က မမလေးကိုထားခဲ့ဖို့ ဝန်လေးပေမယ့် တစ်ခြားအိမ်အကူက ကျုပ်ကို အမြန်လာဖို့ပြောတယ်။ သခင်မကြီးချင်းက မမလေးကို အရေးတကြီးပြောစရာရှိတယ်လို့ ကျုပ်က ထင်ခဲ့တာ၊ ဒါပေမဲ့ လမ်းမှာ တစ်ခုခုမှားနေတာ ကျုပ်ခံစားမိခဲ့တယ်။ ပထမတစ်ချက် ဒီအိမ်အကူက ကျုပ်တို့နဲ့ မရင်းနှီးသလို ဒုတိယအချက်အနေနဲ့ သခင်ကြီးချင်းကလည်း မမလေးကို တစ်ယောက်တည်း အပြင်မှာ မလွတ်ထားနိုင်ပါဘူး ၊
ဒါကြောင့် ကျုပ်က အမြန်ပြန်ပြေးလာခဲ့တာ ၊ ဒါပေမဲ့ မမလေးကိုမတွေ့ရဘဲ ထိုနေရာမှာ သခင်မလေးယုစီလုံကိုပဲ တွေ့လိုက်ရတယ် ။ သခင်မလေးယုစီလုံက လူတွေအများကြီးကို ခေါ်လာပြီး မမလေးက ယောကျာ်းလေးတစ်ယောက်နဲ့ ခိုးတွေ့နေတယ်လို့ ပြောခဲ့တယ် ။ နောက်တော့ အမျိုးကောင်းသမီးတွေ အားလုံးနဲ့ သခင်မကြီချင်း က ဒီနေရာကို ရောက်လာကြတယ်..." မိုလန်က အဖြစ်အပျက်ကို အကျဉ်းချုံး သုံးသပ်ပြောပြသည် ။
သူသည် တစ်စုံတစ်ရာကို ရည်ညွှန်းခြင်းမဟုတ်သော်လည်း အလုံးစုံကို ဖော်ထုတ်ရန်အထိ သူမ မမိုက်မဲပေ ။
"မိုလန်၊ ဒီလိုစကား မပြောပါနဲ့၊ အဲဒါ သခင်မလေးယုနှင့်
သူ့အဒေါ်နဲ့ ဘာမှမဆိုင်ဘူး။ သူတို့က တို့ပျောက်မှာကို စိုးရိမ်ပြီး ကူညီခဲ့တာပဲ"
မိုလန်က ဆက်ပြောတော့မည်ဟု ခံစားရသဖြင့် မို့ရွှီတုန်းက ခေါင်းကို ခါယမ်းလိုက်သည်။ မိုလန်သည် နက်မှောင်သော မျက်လုံးတစ်စုံဖြင့် ချင်းယွီရှောင် ကိုကြည့်ရင်း သူမ ရှက်ရွံ့စွာ ရပ်လိုက်သည်။
ချင်းယွီရှောင်၏ မျက်လုံးများက မှုန်မိုင်းလာပြီး မို့ရွှီတုန်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အေးခဲလုနီးပါး အလင်းတန်းတစ်ခုက သိသာထင်ရှားပြီး ဒေါသအမျက်ထွက်သံများက သူ့မျက်လုံးများထဲမှ မှောင်မိုက်နေသည်။
"ကိစ္စမရှိပါဘူး၊ ဒီလောက်ကြီးတဲ့ ဘုရားကျောင်းမှာတောင် တစ်ချို့လူတွေက ငါတို့ညီမတုန်းကို ရန်လိုမုန်းတီးနေကြပြီ။ တချို့လူတွေက အပေါ်ယံရော အတွင်းမှာပါ ရုပ်ဆိုးနေပုံရတယ်။"
ဒါက ပြုတ်ကျရုံနဲ့ ပြီးသွားမည့်ကိစ္စ မဟုတ်ပါဘူး။ အကယ်၍ ညီမတော်တုန်းသည် ဗိမာန်တော်၌သာ ရှိသေးပြီး ထိုလူသည်လည်း ဘုရားကျောင်းထဲသို့ ဝင်သွားခဲ့မည်ဆိုလျှင်.....ထိုသူသည် ဘုရားကျောင်းထဲတွင် ရှိသော တစ်ဦးတည်းသော ညီမတုန်းကို တွေ့ရန် ပြေးဝင်လာပါက............
ထိုအရာများသာ ဖြစ်ပွားခဲ့လျှင် ညီမတုန်းသည် မည်မျှပင် ရှင်းပြစေကာမူ သူမစကားကို မည်သူမျှ ယုံကြမည်မဟုတ်ပေ ။ ထိုအခြေအနေမျိုးတွင် ညီမတုန်းသည် နှစ်တစ်သန်းခန်း ရှင်းပြနေရင်တောင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ဒါက ညီမတုန်းကို သေစေလိမ့်မယ်။
ချင်းယွီရှောင်၏ မျက်လုံးများက ပိုအေးစက်လာသည်။ ပုံမှန်အားဖြင့် မသိခဲ့သော အိမ်အကူတစ်ဦးသည် သူ့အိမ်တော်နှင့် မသက်ဆိုင်ပါ။ ချင်းမိသားစုနှင့်အတူ ပါလာသော အိမ်အကူအများအပြားသည် ၎င်းတို့နောက်ကို အချိန်အတော်ကြာအောင် လိုက်ခဲ့ကြသည်။ မိုလန်က သူတို့ထဲက တစ်ယောက်ယောက်ကို ဘာလို မသိခဲ့တာလဲ။ မသိတဲ့အကြောင်းအရင်းက ရှင်းပြချက်တစ်ခုသာရှိပါသည်။ ထိုအိမ်အကူသည် အခြားအိမ်မှဖြစ်သည်။
တစ်ခြားအိမ်သည် ယုအိမ်တော်မှလွဲ၍ တစ်ခြားမရှိပေ ။ ချင်းလျံဘုရားကျောင်းတွင် ယုမိသာစုမှလွဲ၍ ချင်းမိသားစုကို ကောင်းစွာသိသော အခြားမည်သည့်မိသားစုကိုမျှ သူတကယ်မတွေးနိုင်ပေ။ သူသည် မျက်လုံးများကို အနည်းငယ်ငုံ့ကာ နှုတ်ခမ်းထောင့်များက တစ်ဆတ်ဆတ်တုန်လာသည်။
သူ့နှုတ်ခမ်းသားလေးများကို ပါးလွှာသောမျဉ်းကြားထဲသို့ ဖိသွင်းလိုက်သည်။ သူ၏ ထူးခြားသော အသွင်အပြင်သည် ချက်ချင်းပင် ပြင်းထန်လာသည်။
မို့ရွှီတုန်း မြို့တော်ကိုရောက်သွားပြီးကတည်းက စိတ်အားထက်သန်သော ချင်းယွီရှောင်သည် အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့သည်။ ယခုတွင်၊ သူသည် ယခင်ကကဲ့သို့ မို့ရွှီတုန်းအတွက် လက်စားချေရန် အလျင်စလို မလုပ်သင့်ပေ။
မြို့တော်ရှိ မိန်းမပျိုများသည် သူတို့၏နာမည်များကို အလွန်ဂရုစိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီမတော်တဆမှုမှာ ညီမတုန်းရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေနိုင်ခဲ့သော်လည်း သူတကယ်ကို ဇဝေဇဝါမဖြစ်နိုင်တော့ပေ ။ နောက်တော့ အခွင့်အရေးတစ်ခုကြုံလာခဲ့ရင် ယုစီလုံကို ညီမတုန်းအစား သူကလဲစားချေပေးမည် ။
"မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဝမ်းကွဲ ရှောင် ၊ တို့နေကောင်းပါတယ်။ နောင်မှာ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။ မင်းကို ဒုက္ခတစ်ခုခုဖြစ်စေခဲ့ရင် တို့တောင်းပန်ပါတယ်။" မို့ရွှီတုန်းက အပြုံးလေးဖြင့် မျက်နှာကို မော့ပြီး ဆက်ပြောလိုက်သည်
"အဲဒါတွေက တချို့အနာတွေ ဒဏ်ရာတွေ ချည်းဖြစ်ပြီး ရက်အနည်းငယ်အတွင်း သက်သာလာပါလိမ့်မယ်။ ဒီအချိန်ဆို အဆင်ပြေသွားပါလိမ့်မယ်။ တို့ ပိုကောင်းလာတဲ့အခါ ဝမ်းကွဲရှောင်က ချင်လျံဘုရားကျောင်းမှာ တို့ကိုလိုက်ပြပေးရမယ်နော် ။ ဒီနေရာက ရှုခင်းကောင်းတယ်လို့ တို့ကြားတယ်။"
ထိုအကြောင်းကို ပြောရင်း သူမ အနည်းငယ်တုန်လှုပ်သွားမိသည်။ သူမ၏ ကြည်လင်ကာ ရေစိုနေသော မျက်လုံးများဖြင့် သူ့ဘေးနားရှိ ချင်းယွီရှောင်ကို မော်ကြည့်လိုက်ပြီး စကားဆက်မပြောတောပေ ။ ထို့နောက် သူမသည်ကြောက်လန့်တကြားဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။
နောက်ဆုံးတွင် သူမသည် "သခင်မလေးယုက ငါတို့နဲ့ လိုက်ခဲ့မယ် ဆိုရင် တို့ ခရီးစဉ်ကို ကျော်လိုက်မယ်။" ဟု ပြောသည် ။
သူမသည် ယုစီလုံကို မကြိုက်ကြောင်း ဤစာကြောင်းဖြင့် တိုက်ရိုက်ဖော်ပြခဲ့သည်။
ယုစီလုံက သူမကို နာကျင်စေချင်၍ ယုစီလုံက သူမကို ဘယ်လို ငြိမ်းချမ်းစွာ ထားခဲ့နိုင်မှာလဲ ။ ယုစီလုံက တစ်ခုခုတော့ ကြံနေဦးလိမ့်မည် ။
မို့ရွှီတုန်းသည် သူမ လက်ချောင်းများကို စောင်ပေါ်တွင် တင်လိုက်ပြီး လက်သီးများကို အနည်းငယ် ဆုပ်ထားသည်။ သူမ မော့ကြည့်လိုက်သောအခါတွင် သူမ၏ တင်းမာသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြန်သည်။ သူမကို ထပ်ခါတလဲလဲ တိုက်ခိုက်ကြတဲ့အတွက် သူမ တစ်ချိန်လုံး ဘယ်လိုလုပ် စိတ်ဓာတ်ကျပြီး ကြောက်ရွှံနေနိုင်မှာလဲ ။ ခုနက သူမပြောခဲ့တဲ့စကား ၊ သူမပြခဲ့သော အပြုအမှုက ချင်းယွီရှောင်ကို အံ့ဩသွားစေချင်ရုံသာဖြစ်သည် ။
ဒီဘဝမှာ ယုစီလုံက ဝမ်းကွဲရှောင်ကို လက်ထပ်ချင်တယ်ဆိုရင်တော့ သူမ လုံးဝကိုတားမှာဘဲ။
မို့ရွှီတုန်း၏ ငြင်းဆိုမှုကို သတိပြုမိကာ ချင်းယွီရှောင်က သူမအပေါ် စိတ်မကောင်းဖြစ်သွားသည် ။ ဓားထက် ထက်မြက်သော သူ့မျက်လုံးများသည် မို့ရွှီတုန်း မမြင်နိုင်သောတစ်နေရာသို့ ရောက်သွားခဲ့သည်။
သူ့အကြည့်သည် မို့ရွှီတုန်းဆီသို့ ပြန်လှည့်လာသောအခါ စူးရှသောအကြည့်များ ပျောက်ကွယ်သွားပြီး နွေးထွေးစွာ ပြုံးလိုက်သည် ။ သူက ခေါင်းညိတ်ပြီး တိုးတိုးလေးပြောသည် ။ "ကောင်းပြီ၊ ကိုယ်တို့တွေချည်းပဲ ဘုရားကျောင်းကို လျှောက်လည်ကြမယ်"
ထို့နောက် သူသည် မို့ရွှီတုန်းအကြောင်း ထပ်မံမေးသည်။ သူတို့စကားပြောနေသောအချိန်တွင် မိုလန်က ရုတ်တရက်ဝင်လာပြီး မို့ရွှီတုန်းကိုနှုတ်ဆက်ဖို့ တစ်ယောက်ယောက်ကို သခင်မလေးယုစီလုံက ပို့လိုက်ကြောင်း သတင်းပို့လိုက်တယ်။
မို့ရွှီတုန်း၏ သွယ်လျသောလက်ချောင်းများသည် ထိန်းမနိုင်သိမ်းမရ လှုပ်ခါသွားကာ သူမ၏မျက်နှာသည် ချက်ချင်းဖျော့သွားခဲ့သည်။ သူမ ထိန်းရန်ကြိုးစားသော်လည်း ချင်ယွီရှောင်သည် သူမ၏ကြောက်ရွံ့မှုကို ရှာဖွေတွေ့ရှိခဲ့သည်။
သူမသည် ချင်းယွီရှောင်ကို မဝံ့မရဲကြည့်ကာ နှုတ်ခမ်းကို ကိုက်ထားသော်လည်း ချက်ချင်း စကားမပြောပေ။ သူမ၏ ကြောက်ရွံ့နေသော မျက်နှာသည် သူမကို ပိုသနားလာစေသည်။ သူမသည် ထိတ်လန့်နေပုံရသော်လည်း သူမ၏ခံစားချက်များကို ချုပ်တည်းရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ သူမသည် နှစ်ယောက်စလုံးကို မှားယွင်းစွာကြည့်ပြီး တစ်ခုခုပြောချင်သော်လည်း တစ်ချိန်တည်းမှာပင် တောင့်တင်းသွားသည်။
ပြောစရာမရှိတော့ဘူး!
ချင်းယွီရှောင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး "သူမကို ပြန်ပို့လိုက်ပါ၊ မင်းသခင်မလေးရဲ့ ကြင်နာမှုကို လက်ခံရရှိလိုက်ပါတယ်လို့ ပြောပါ။" ထို့နောက် သူသည် မို့ရွှီတုန်း၏မျက်လုံးများကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ ထွက်ခွာသွားရန် ထလိုက်သည်။
"သခင်မလေး၊ ယုစီလုံက မမလေးကို ဘယ်လို့လုပ်ခဲ့တာလဲဆိုတာ ကျုပ်ကိုပြောပြဖို့ ဘာလို့ခွင့်မပြုခဲ့တာလဲ ၊ သခင်လေးက သူမကို သူတော်ကောင်း မိန်းကလေးလို့ထင်နေလို့မရဘူး။ သခင်လေးရှောင်က မမလေးကိုအရမ်းဂရုစိုက်တယ်။ မမလေးအတွက် သူတရားမျှတမှုကို သေချာရှာလိမ့်မယ် ။ အနည်းဆုံးတော့ သူက ယုစီလုံကို ဆူပူကြိမ်းမောင်းလိမ့်မယ် ။ အဲဒီ့နောက်မှာ ဒီယုစီလုံက မမလေးအပေါ် ဒီလိုထပ်လုပ်ရဲသေးလားဆိုတာ ကျုပ်ကြည့်ချင်တယ်” ချင်းယွီရှောင်သည် မျက်ကွယ်မှ ထွက်သွားသောအခါ မိုလန်သည်လည်း တိုးတိုးလေးပင် ပြောလိုက်သည်။
"ယုစီလုံကိုကြိမ်းမောင်းပြီးရင် သူမက တို့ကိုဘာမှ ထပ်မနာကျင်စေတော့ဘူးလား ။ ဒါကြောင့် တို့က ဘာမှမဖြစ်တော့ဘူးလား"
မို့ရွှီတုန်းသည် မိုလန်၏အကူအညီဖြင့် ထထိုင်ကာ သူမ မပြုံးနိုင်တော့ပေ ။ ဒီကောင်မလေးကို မို့ရွှီတုန်း ကောင်းစွာ သိသည် ။ သူမ နာကျင်သွားတဲ့အခါ မိုလန်က ယုစီလုံကို အလွန်ဒေါ်သထွက်ပြီး ငြိမ်သက်စွာမထိုင်နိုင်တော့ချေ ။
သို့သော် ဆူပူကြိမ်းမောင်းခံရပြီးနောက် ယုစီလုံသည် သင်ခန်းစာတစ်ခုကို ရရှိသွားပြီး ဤအဖြစ်အပျက်ကို စွန့်လွှတ်လိုက်ပြီး သူမအာစထပ်မကြံစည်တော့ပြီဟူသော အချက်ကို သူမ မယုံကြည်နိုင်ပေ ။
ယုစီလုံက သူမကို သေစေချင်ခဲ့တယ်၊ ထိုကြောင့် ယုစီလုံက အသေးအဖွဲ ဆူပူကြိမ်းမောင်းခံရရုံဖြင့် သူမက ဘယ်လိုလုပ် ကျေနပ်နိုင်ပါမလဲ
ဤဘဝတွင်၊ သူမသည် ကလဲ့စားချေရန် ရှာကြံရမည်။ ယခင်ဘဝတွင် ယုစီလုံသည် သူမအား ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည်။ ဒီဘဝမှာလည်း ယုစီလုံက သူ့မနာမည်ကို ဖျက်စီးပြီး သူ့မအသက်ကို သတ်ချင်ခဲ့တယ်။ ယုစီလုံကို သူမ ဘယ်လို အလွယ်တကူ သက်ညှာပေးနိုင်မှာလဲ ။
သူတို့နှစ်ယောက်လုံးသည် ရန်သူတွေဖြစ်နေပြီမို့ ဘယ်သူကမှ ဘယ်သူ့ကို သနားနေစရာမလိုဘူး ။
သူ့အစ်ကိုဝမ်းကွဲက ယုစီလုံကို ဆူပူကြိမ်းမောင်းခံရအောင် သူမ ဘာလို လုပ်ဆောင်ခဲ့သည်လဲ? ထိုအခြေအနေမျိုးတွင် လူအများက သူမအား အကူအညီတောင်းရန် သူမ၏ဝမ်းကွဲထံသို့သာ လာနိုင်သည့် ပုညက်ညက်လေးဟု လူအများက ယူဆကြလိမ့်မည်။
ဤဘ၀တွင် သူမသည် နူးညံ့သိမ်မွေ့ပြီး သူရဲဘောကြောင်နေပေလိမ့်မည်၊ သို့သော် ဤအရာများအားလုံးသည် အပြင်ပန်း အသွင်အပြင်များပင်။
သေခြင်းတရားကို ဖြတ်သန်းခဲ့ဖူးသော သူမ၏နှလုံးသားသည် ရေခဲကဲ့သို့ အေးခဲနေပြီး အပူချိန် မရှိတော့ပေ ။ အသက်ရှင်ခြင်း နှင့် သေခြင်းကြားတွင် မီးထဲ၌ သူမသည် ပြာဖြစ်ခဲ့ရသည်။ သူမ ဒီလိုမျိုး နာကျင်ခံစားခဲ့ရတဲ့အခါတိုင်း သူမဆက်လုပ်ဆောင်ရမည့် အရာများကို ကြည်လင်ပြတ်သားစွာ မြင်လာသည် ။
သူမ၏သွေးသည် အနက်ရောင်ဖြစ်သွားပုံရသည် ။ ယုစီလုံ က သူမကို လွှတ်ထားဖို့ ဆုံးဖြတ်ခဲ့ရင်တောင် သူမက ယုစီလုံကို လွှတ်ထားဖို့ ဆန္ဒမရှိခဲ့ပါဘူး။