𝗗𝗼𝗰𝘁𝗼𝗿 𝗜𝗻 𝗣𝗿𝗼𝗴𝗿�...

Par choi_ju

3.4K 443 33

နှစ်ယောက်လုံးက တွေ့တဲ့အချိန်မှာ မျက်နှာကြောမတည့်ပေမယ့် အချိန်တွေကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်း ကူည... Plus

EP-1
Ep-2
Ep-3
Ep-4
Ep-6
Comback

Ep-5

416 67 3
Par choi_ju

Unicode

ဒါ ထယ်ရယ်ရဲ့ ပထမဆုံးအနမ်းပင်။ ရုန်းကန်လိုက်ချင်ပေမယ့် သူ့ ၏အနမ်းအောက်မှာ ဘယ်လိုမှ မရုန်းမထွက်နိုင်တော့ချေ။ ‌အားအင်တွေ စုပ်ယူသွားသလိုခံစားလိုက်ရကာ အပေါ်တစ်လှည့်အောက်တစ်လှည့် စုပ်ယူခံနေရသော နှုတ်ခမ်းငယ်တစ်စုံ။ ဒီအရာက မလုပ်သင့်‌မှန်းသိပေမယ့် ထယ်ရယ် မငြင်းနိုင်ခဲ့ပေ။ ခဏကြာတော့ အသက်ရူရခက်တာမလို့ ထယ်ရယ်လက်သေးသေးလေးနှင့် တွန်းဖယ်လိုက်တော့မှ စုပ်ယူထားထားသော နှုတ်ခမ်းငယ်တစ်စုံက လွတ်လပ်သွားတော့သည်။

ထယ်ရယ်လည်း ခုန်နေသော နှလုံးသားငယ်ကိုဖိကာ ကားကို ဂရုတစိုက်နဲ့ ဂယ်ချောင်ဆေးရုံကိုသာ မောင်းလာခဲ့လိုက်သည်။

ကားပေါ်မှာ တစ်ချိန်လုံး ရီဝေဝေနဲ့ စိုက်ကြည့်နေသော HanBin ကို ကြည့်ကာ Matthew ကျောချမ်းလာရသည်။ ဘာကိစ္စကြောင့် လူကို ဒီလောက်စိုက်ကြည့်နေရတာလဲ မသိဘူး။ အရင်ဘဝက ငါ သူ့ဆီက အကြွေးတွေဘာတွေ ယူထားမိလို့ထင်တယ်။

"ဒီမယ်.. ခဗျား ကျွန်တော်ကို ဘာလို့ အဲ့လောက် စိုက်ကြည့်နေရတာလဲ"

"မင်းက ချစ်ဖို့ကောင်းလွန်းလို့လေ.. ငါ မက်ချူးလေး"

မူးနေတယ့်လူမလို့ ခွင့်လွတ်ပေးလိုက်သည်။ မနက်ဖြန် ကြရင်လည်း ဘာမှ မမှတ်မိတော့မယ့်တူတူကို အခုတော့ သူ ပြောချင်တာ ပြောပါစေတော့။

Matthew တို့ရဲ့ကားလေးမှာလဲ တရွေ့ရွေ့နဲ့ ဂယ်ချောင် ဆေးရုံကို ရောက်လာခဲ့လိုက်သည်။

ဆေးရုံသို့ရောက်ရောက်ချင်း ဟန်ဘင်းကို မနိုင်မနင်းတွဲခေါ်ကာ သူ့ အခန်းသို့ ပြန်လိုက်ပို့လိုက်လေသည်။ အခန်းထဲထိတွဲလာကာ ဟန်ဘင်းကို ကုတင်ပေါ်မှာ သေချာ နေရာချလိုက်ပြီး.. ငါအကျီလဲပေးလိုက်သင့်လား။ အာ မဖြစ်သေးပါဘူး ဒီတိုင်းထားခဲ့လိုက်မယ်။ ဒါပေမယ့် သနားသော အားဖြင့် ဝတ်ထားတဲ့ ဖိနပ်လေးတော့ ချွတ်ပေးခဲ့လိုက်မယ်။
ဟန်ဘင်းရဲ့ ဖိနပ်အား ချွတ်ပေးလိုက်ကာ နေရာတစ်ကျ ပြန်ထားပေးလိုက်သည်။ အခန်းထဲကနေ ထွက်ခံနီး အိပ်မောကျနေသည့် ဟန်ဘင်းနား သွားကာ နဖူးအား ခပ်ဖွဖွ နမ်းလိုက်သည်။

"ခဗျားက အဲ့လို အိပ်နေရင် နားငြီးသက်သာပြီး ချစ်ဖို့ကောင်းတယ်"

အခန်းတံခါးကို ဖြေးဖြေးပိတ်ပြီး အပြင်သို့ထွက်လာပြီး ထယ်ရယ်က Rickyကို တွဲခေါ်လာတာမလို့ အမြန် သူတို့နားသွားလိုက်သည်။

"Matthew..သူ့အခန်းက ဘယ်မှာလဲ "

"ဒီလမ်းတိုင်း တည့်တည့်သွား ဘယ်ဘက်ခြမ်းမှာ "

"အွန်းအွန်းကျေးဇူးနော်"

မနိုင်မနင်းတွဲခေါ်သွားသော ချစ်သူငယ်ချင်းကိုကြည့်ကာ Matthew ခေါင်းကို အသာခါရမ်းလိုက်သည်။ မနက်ကြရင် လူနာတွေကို သွားမကြည့်ခင် သူတို့ကို အရင်ဆုံး အမူးပြေဟင်းရည်တိုက်ရမယ်လို့ တွေးထားလိုက်သည်။

ခဏအကြာ ထယ်ရယ်အခန်းထဲမှ ပြန်ထွက်လာကာ

"ငါ ဒီနေ့ မင်းနဲ့ အိပ်လိုက်လို့ရလား ပြန်စရာ ကားလည်း မရှိဘူး"

"ရတယ်လေ လာ ငါ့အခန်းက ဒီဘက်မှာ"

ထို့နောက် ထယ်ရယ်လည်း Matthew နောက်လိုက်သွားကာ ခြေလက်မျက်နှာဆေးပြီး နှစ်ယောက်လုံး အိပ်ရာပေါ် ခေါင်းချလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားလေသည်။

..

နှိုးစက်သံကြောင့် ဟန်ဘင်းတစ်ယောက် မထချင်ဘဲ ထလာရလေသည်။ မနေ့ညက သူ ဘယ်လို အိမ်ပြန်ရောက်ခဲ့သည်လည်း မမှတ်မိ။ သူ မှတ်မိတာက သူ ပွဲမှာ အရက်သောက်သည်အထိပဲ မှတ်မိလေသည်။

ဘဘက်ကို ပုခုံးပေါ်တင်ပြီး ရေချိုးခန်းထဲ ဝင်သွားကာ ရေပန်းကို ဖွင့်ချလိုက်ပြီး နောက်ကျိနေသော စိတ်ကို လန်းဆန်းသွားအောင် ရေချိုးလိုက်လေသည်။

ရေချိုးပြီး ပြန်ထွက်လာကာ ရေသုတ်နေသည့်အချိန်တွေ အပြင်ကနေ တံခါး လာခေါက်နေသည်မလို့ သွားပြီး ဖွင့်ပေးလိုက်သည်။

အပေါ်ပိုင်းဗလာနဲ့ တံခါးဖွင့်လာသည့် ဟန်ဘင်းကြောင့် Matthew တစ်ယောက် ပါးစပ်လေး အဟောင်းသား။

လက်ထဲမှာ ဟင်းရည်ထည့်ထားသည့်ခွက်လေးကိုင်ကာ သူ့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသော Matthew ကြောင့် ဟန်ဘင်း ရီချင်သွားသည်။

"ကိုယ်က အဲ့လောက်တောင် ချောလို့လား"

"အမ်.. မ..မဟုတ်ပါဘူး ရော့ အမူးပြေဟင်းရည် သောက်လိုက်"

ဟင်းရည်ထည့်ထားသည့် ခွက်ကို သူ့လက်ထဲ အတင်းထိုးထည့်ကာ ထွက်သွားသည့် Matthew ကို ကြည့်ပြီး တစ်ကယ် အသဲယားမိသည်။ တစ်ချက်တစ်ချက် မျက်နှာကြောမတည့်တာလေးကလွဲရင် ကျန်တာ အကုန်အဆင်ပြေပါသည်။

"အားး ဘယ်လို မျက်နှာရူးကြီးလဲ မသိဘူး မနက်စောစောစီးစီး အကျီ မဝတ်ပဲ ဘာလုပ်နေတာလဲ မသိဘူး အအေးပတ်ပြီး လေဖြတ်သွားမှ ဟုတ်ပေ့ ဖြစ်နေမယ်"

တစ်ယောက်ထဲ စူပုတ်ပုတ်နဲ့ပြောပြီး အခန်းထဲ ပြန်ဝင်လာလိုက်သည်။ တစ်ကယ်တော့ သူ မနက်ကိုအစောကြီးထကာ ဟန်ဘင်းတွက် အမူးပြေဟင်းရည်ကို ကိုယ်တိုင်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထယ်ရယ်ကတော့ သူမနိုးခင်ကတည်းက ထကာ ပြန်သွားလေသည်။ ဒါပထမဆုံး Matthew ဘဝမှာ သူများအတွက် ဟင်းချက်ပေးခြင်း ဖြစ်သည်။

အဲ့လိုလုပ်ပေးလို့ Matthew က သူ့ကို ကြိုက်နေတယ်များမထင်လိုက်နဲ့။ သူ့လို အူကြောင်ကြားကို Matthew လုံးဝ မကြိုက်ပါ ရည်းစားဖြစ်ဖို့ဆို ပိုတောင်ဝေးသေး။

အပေါ်ကနေ duty coatကို ဝတ်လိုက်ပြီး ERဘက်သို့ လျောက်လာလိုက်သည်။

"ဆရာ ဟန်ဘင်း morning ..မနေ့ညက တော်တော်မှ ပျော်ခဲ့ရလား"

"ဟဟ..ပျော်ခဲ့ရတာပေါ့ဗျာ မနေ့က ဒီမှာလည်းအကုန်အဆင်ပြေတယ်မလား"

"ဒါပေါ့ ဆရာရယ်"

သူနာပြုချွဲနဲ့ စကားပြောပြီး လူနာတွေကို စစ်စရာရှိတာကို လိုက်စစ်နေလိုက်သည်။

Ricky တစ်ယောက် အိပ်ရာကနိုးလာတော့ သူ့အခန်းထဲသူ ရောက်နှင့်နေပြီသား ဖြစ်လေသည်။ မနေ့ညက သူဘာဖြစ်ခဲ့တာလဲ သူမမှတ်မိတော့ပေ။ သူ မှတ်မိတာ TaeRae hyung သီချင်းဆိုသည့် အချိန်ထိပဲ သူမှတ်မိလိုက်လေသည်။ ထိုအချိန် ဖြတ်ခနဲ ပုံရိပ်တစ်ခု သူ့ခေါင်းထဲ ရောက်ရှိလာသည်။ နူးညံ့သော နှုတ်ခမ်းတစ်စုံ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူ နမ်းတာခံနေသော TaeRae hyung။ f**k မနေ့ညက သူ တစ်ကယ်ကြီး TaeRae hyung ကို နမ်းခဲ့တာလား။

အတွေးကို လက်စဖျောက်ပစ်ချင်လို့ ရေချိုးခန်းထဲဝင်ပြီး ခေါင်းပါလျော်ပစ်သည်။ သို့ပေမယ့် ဘယ်လိုမှမေ့လို့မရပေ။

ရေချိုးပြီးတော့ သူ့ဆီကို ဝင်လာသော ဖုန်းတစ်လုံး။

"Hello~~ဟာနာပြောလေ"

"ငါတို့လမ်းခွဲရအောင် Ricky "

"Okay...ရတယ် မင်းသဘောပဲ"

Ricky ဆိုတော့လူစားမျိုးက ဘယ်တော့မှ ကိုယ့်ဘက်က အောက်ကျို့ခံပြီး ဆွဲထားမယ့်လူစားမျိုးမဟုတ်။ shirt အကျီ အဖြူရောင်လက်ရှည်နှင့် Style pant အနက်ရောင်နဲ့တွဲပြီးဝတ်ကာ တိုင်မှာ ချိတ်ထားတယ့် duty coatကို ယူကာ ERဘက်ကိုထွက်လာခဲ့လိုက်သည်။

Counter ဘက်ကိုသွားကာ လက်မှတ်ထိုးလိုက်ပြီး လူနာတွေ လိုက်‌စစ်ဆေးနေလိုက်သည်။

"အရေးပေါ်လူနာ!!"

အော်သံနှင့် တစ်ပြိုင်နက်ထဲ ဝင်လာသည့် ကယ်ဆယ်ရေးအဖွဲ့နှင့် လူနာတင်တဲ့နေရာက မေ့မျောနေသည့်လူနာ။

"လူနာအကြောင်း ပြောပါအုံး"

"လူနာက အသက် ၄၅နှစ် ဂင်မ်ဗြောင်ချောလ် အူအတက်‌ေရာင်တာ BP 100/65 "

"အောက်သွေးပေါင်က တော်တော်ကျနေတာပဲ လူနာကို ကုတင်ပေါ်ရွေ့လိုက်ရအောင်"

လူသုံးယောက်အားနှင့် လူနာအားကုတင်ပေါ်သို့ ရွေ့လိုက်ကာ နားကြပ်နှင့် ထောက်ကာ သေချာစမ်းသပ်လိုက်။ ဗိုက်ကို ဖိကြည့်လိုက်တော့ အခြေအနေကအရမ်းဆိုးနေလေပြီ။

"Abdomen X-rayရိုက်ကြည့်လိုက်ရမလားဆရာ"

"မလုပ်နဲ့ ရိုက်ရင်လည်း အူအတက်ကို မြင်ရမှာ မဟုတ်ဘူး "

ဟန်ဘင်းလည်း တွေးတောမနေတော့ပဲ ချက်ချင်း appendectomy လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ချက်ချင်းခွဲစိတ်ခန်းမဝင်ရင် အသက်ပါဆုံးရှုံးနိုင်‌တယ် Matthew အူအတက်ပေါက်တာ ခွဲစိတ်ဖူးလား"

"အွန်း ခွဲစိတ်ဖူးတယ်"

"ဒါဆို အဆင်ပြေတယ် ဒီနေ့ ခွဲစိတ်မှုရဲ့ ခေါင်းဆောင်က မင်းပဲ .. Jiwoongနဲ့ Zhanghao ခွဲခန်းကို လိုက်ခဲ့ပေးပါ Gyuvin နဲ့ Yujin က အရေးပေါ်ဌာနမှာ စောင့်နေပေးပါ OR team ဖြစ်တဲ့ သူနာပြုချွဲတို့ အခုချက်ချင်းခွဲခန်းဝင်မယ်"

အကုန်လုံးကို တန်းစီကာ မှာလိုက်သည်။ locker ခန်းထဲဝင်ကာအကျီ လဲလိုက်ပြီး ခွဲစိတ်ခန်းအပြင်မှာ လက်ကို သေချာစွာ ဆေးကြောပြီး စိတ်ကို လျော့ချလိုက်ကာ ခွဲစိတ်ခန်းအတွင်း ဝင်လိုက်သည်။

Matthew မင်းလုပ်နိုင်တယ်။ သက်ပြင်းဖွဖွချလိုက်ကာ အကုန်လုံးကို တစ်ချက် မော့ကြည့်လိုက်သည်။

"ဒီနေ့ခွဲစိတ်မှုကို အာရုံစိုက်ကြရအောင်"

၅စက္ကန့်လောက်ခွဲခန်းထဲတွင် စက်သံသေးသေးလေးမှ အပ ဘာမှမကြားရတော့ချေ။

"ခွဲစိတ်တာ စပါတော့မယ်..Dr.jiwoong နှလုံးခုန်နှုန်းအခြေအနေ "

"ပုံမှန်ပဲ ငြိမ်နေတယ်"

"Dr.HanBin laparoscopic လုပ်တဲ့အချိန် ကူပေးပါ"

ခွဲစိတ်ရာသေးသေးလေးပေးပြီး ပြွန်ချောင်းတစ်ခုကို ထည့်သွင်းလိုက်သည်။ မကြာခင် ပြွန်ချောင်းက ဓာတ်ငွေ့ပေးလာပြီး ဝမ်းဗိုက်ဖောင်းလာသည့် အချိန်မှ တခြားဘက်မှာ ခွဲစိတ်ရာ သေးသေးပေးပြီး ကင်မရာပါတယ့် ပြွန်ချောင်းကို ထည့်လိုက်ကာ screen ကိုသေချာအာရုံစိုက်ကာကြည့်လိုက်သည်။

Matthew ရဲ့ အလုပ်လေးလေးနက်နက်လုပ်နေတယ့်အချိန်ကို အကုန်လုံးက ရှိန်ကြသည်။ နဖူးပေါ်က ကျလာသည့် ချွေးများက ကြမ်းပြင်ပေါ်ထိပါကျနေလေပီ့။ laparoscopic လုပ်တာက မခက်ခဲပေမယ့် screen ကိုအာရုံစိုက်ရတဲ့အချိန်က အရမ်းကို ခက်ခဲပါသည်။

ပြွန်ချောင်းလေးကို လှည့်ပြီး အူအတက်ကို ဖြတ်ထုတ်လိုက်ပြီးမှ Matthew သက်ပြင်းကောင်းကောင်းချနိုင်တော့သည်။

"Dr.Zhanghao ပြွန်ချောင်းတွေ ပြန်ထုတ်ပေးပါ"

ZhangHao လဲ Matthew ပြောတဲ့အတိုင်း ပြွန်ချောင်းတွေကိုဖယ်ထုတ်ကာ အူအတက်ကို Kidney dish ထဲ ထည့်လိုက်ကာ သေသေချာချာ ထုတ်ပိုးလိုက်သည်။

"Sewb check မယ် "

အသုံးပြုထားသည့် ပစ္စည်းအရေအတွက်ကို သေသေချာချာ ပြန်စစ်လိုက်သည်။

"အကုန် ပြည့်ပါတယ် ဆရာ"

"ခွဲစိတ်မှု အောင်မြင်ပါတယ် အခု လူနာကို ပြန်ချုပ်ပေးပါတော့မယ် Dr HanBin အပ်ချည်မျှင်တွေကို ဖြတ်ပေးပါ"

အပ်ချည်မျှင်နှင့် သေသေချာချာ ချုပ်လိုက်ပြီး ခွဲစိတ်မှုက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

"လူနာကို အထူးကြပ်မတ်ကုသဆောင်ထဲမှာ ထားပေးပါ"

"ဟုတ်ကဲ့ပါဆရာ"

အပြင်ထွက်လာတော့ ခေါင်းဆောင်းနဲ့ mask ကိုချွတ်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်လေသည်။ ထို့နောက်မှ သက်ပြင်းကောင်းကောင်းချနိုင်တော့တယ်။

"Matthew...ပင်ပန်းသွားပြီး မင်းအရမ်းတော်တယ်"

လက်မထောင်ကာ ချီးကျူးစကားပြောသွားတယ့် Hao Hyung နဲ့ Jiwoong hyung ကို ပြုံးပြလိုက်လေသည်။

"မဆိုးပါဘူး ဒီနေ့ခွဲစိတ်တာ အဆင်ပြေသားပဲ လက်ရည်တက်လာတယ်"

"အစကတည်းက ပြောသားပဲ ကျွန်တော်က ခဗျားထက်ပိုတော်တယ်လို့"

"ဟုတ်ပါပြီကွာ ဒါဆို နားလိုက်အုံး ကိုယ် ERဘက်သွားလိုက်အုံးမယ်"

Matthew လဲ ခေါင်းငြိမ့်ပြလိုက်ကာ နှုတ်ဆတ်လိုက်သည်။ ခေါင်းကြည်သွားအောင် ကော်ဖီ‌သွားဝယ်ကာ ကော်ဖီခွက်ကိုကိုင်ပြီး ERဘက်ကို ထွက်လာခဲ့လိုက်သည်။

"မင်းတို့က ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါ့အဖေကို ခွဲစိတ်ရတာလဲ ငါလက်မှတ်ပါလို့လား"

စောနက ခွဲစိတ်လိုက်သော လူနာ၏ သားဖြစ်လောက်မယ်ထင်သည်။

" လူနာရှင် ပြသနာမရှာပါနဲ့ လူနာတွေ ရှိသေးတယ်"

သူနာပြုချွဲက ထိုလူကို တားသော်လည်း တားလို့မရချေ။ ဘယ်လိုလူတွေပါလိမ့်။

"လူနာရှင်ဗျ လူနာက ချက်ချင်းမခွဲစိတ်ရင် အသက်ဆုံးရှုံးနိုင်ချေရှိပါတယ် အဲ့တာကြောင့် ခွဲစိတ်လိုက်ရတာပါ"

"စောက်ပိုတွေ မပြောနဲ့ ငါအဖေကို ခွဲစိတ်တာ ဘယ်ကောင်လဲ"

ဟန်ဘင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တစ်ခုခု ပြောရန်ပြင်လိုက်သည်။ ထိုအချိန်တွင်

"ငါပဲ"

အနောက်ကနေ ပြတ်ပြတ်သားသားထွက်ပေါ်လာသည့် Matthew ၏ အသံ။ coffee ခွက်ကို ကိုင်ကာ တုန်လှုပ်ချင်းမရှိ မျက်နှာတည်တည်ဖြင့် ထိုလူအား စိုက်ကြည့်နေသည်။

"ငါ မင်းအဖေ ကို ခွဲစိတ်လိုက်တာ"

"ဟက်.. ဒီဆေးရုံ အစုတ်ပလုတ်က ဆရာဝန်ဆိုတဲ့ကောင်တွေက ဘယ်လောင်တောင် တော်တတ်နေလို့ ငါအဖေကို ခွဲစိတ်တာလဲ"

"ဘယ်လောက်တော်လဲ သိချင်ရင် ခဗျား ခွဲစိတ်ခံကြည့်လေ"

Matthew ပြောလိုက်တယ့် စကားကြောင့် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"Matthew ..."

HanBin ကို လက်ဖြင့်တားလိုက်ကာ ထိုလူ၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး

" ငါတို့က လူနာကို ဒီတိုင်း ပေးသေလိုက်ရမှာလား မခဗျားသိဖို့က ငါတို့တာဝန် ခွဲစိတ်ဖို့အခုချက်ချင်းလိုရင် ခွဲစိတ်ပေးဖို့ပဲ ဆေးရုံကြီးတာ သေးတာ ဘာမှမဆိုင်ဘူး အဓိကက ခွဲစိတ်ပေးတဲ့လူတွေက တော်ဖို့ပဲ"

"စောက်ကြီးစောက်ကျယ် တွေ လာပြောမနေနဲ့"

*ခွပ်*

"Matthew!!!"

ထိုလူ၏ ထိုးလိုက်တဲ့ Matthew တစ်ယောက်မြေပြင်ပေါ် လှဲကျသွားပြီး ကိုင်ထားတဲ့ ကော်ဖီခွက်ပါ မှောက်ကျကာ လက်ဖဖိုးတစ်လျောက်ပူသွားလေသည်။ နှုတ်ခမ်းထောင့်တစ်လျောက်သွေးများထွက်ကာ စီးကျ‌လာလေသည်။

"Matthew အဆင်ပြေရဲ့လား"

HanBin အပါအဝင်တစ်ခြားဆရာဝန်တွေနဲ့ သူနာပြုတွေက Matthew နား အမြန်ရောက်လာကြသည်။

"အဆင်ပြေပါတယ် အဆင်မပြေတာ ဟောဒီကလူပဲ.."

ဒေါသမီးတွေနဲ့ပြည့်နေတယ့် ထိုလူကို လက်ညိုးထိုးကာ ပြောလိုက်သည် ။

"ဆရာဝန်တစ်ယောက်ကို လက်ပါတဲ့ အတွက် မင်းတော့ လျော်ကြေးပေးရတော့မှာပဲ..ဘယ်လိုလုပ်မလဲ ဆေးရုံစရိတ်က ဝမ်၅သိန်း ဆရာဝန်တစ်ယောက်ကို ထိုးလိုက်တဲ့ လျော်ကြေးက ဝမ်၅သိန်း မင်းပေးရတော့မယ်"

ဘယ်လိုကောင်လေးပါလိမ့် သတ္တိကောင်းလိုက်တာ။ အထိုးခံထားရတာတောင် မျက်နှာထားက တစ်ချက်လျော့မသွားဘူး။ ထိုလူရဲ့ မျက်စိမျက်နှာပျက်မှုကို မြင်ရတော့ ကျေနပ်မိသည် ။

"အစောင့်တွေ ဒီလူကို အပြင်ခေါ်ထုတ်သွား!"

အစောင့်နှစ်ယောက်ရောက်လာကာထိုလူကို ဆွဲထုတ်သွားလေသည်။

"Matthew ကိုယ်ဆေးလိမ်းပေးမယ် လိုက်ခဲ့"

"မလိုပါဘူး ဒီလောက်က အေးဆေး"

"မရဘူး လိုက်ခဲ့"
..

Zawgyi

ဒါ ထယ္ရယ္ရဲ႕ ပထမဆုံးအနမ္းပင္။ ႐ုန္းကန္လိုက္ခ်င္ေပမယ့္ သူ႕ ၏အနမ္းေအာက္မွာ ဘယ္လိုမွ မ႐ုန္းမထြက္ႏိုင္ေတာ့ေခ်။ ‌အားအင္ေတြ စုပ္ယူသြားသလိုခံစားလိုက္ရကာ အေပၚတစ္လွည့္ေအာက္တစ္လွည့္ စုပ္ယူခံေနရေသာ ႏႈတ္ခမ္းငယ္တစ္စုံ။ ဒီအရာက မလုပ္သင့္‌မွန္းသိေပမယ့္ ထယ္ရယ္ မျငင္းႏိုင္ခဲ့ေပ။ ခဏၾကာေတာ့ အသက္႐ူရခက္တာမလို႔ ထယ္ရယ္လက္ေသးေသးေလးႏွင့္ တြန္းဖယ္လိုက္ေတာ့မွ စုပ္ယူထားထားေသာ ႏႈတ္ခမ္းငယ္တစ္စုံက လြတ္လပ္သြားေတာ့သည္။

ထယ္ရယ္လည္း ခုန္ေနေသာ ႏွလုံးသားငယ္ကိုဖိကာ ကားကို ဂ႐ုတစိုက္နဲ႔ ဂယ္ေခ်ာင္ေဆး႐ုံကိုသာ ေမာင္းလာခဲ့လိုက္သည္။

ကားေပၚမွာ တစ္ခ်ိန္လုံး ရီေဝေဝနဲ႔ စိုက္ၾကည့္ေနေသာ HanBin ကို ၾကည့္ကာ Matthew ေက်ာခ်မ္းလာရသည္။ ဘာကိစၥေၾကာင့္ လူကို ဒီေလာက္စိုက္ၾကည့္ေနရတာလဲ မသိဘူး။ အရင္ဘဝက ငါ သူ႕ဆီက အေႂကြးေတြဘာေတြ ယူထားမိလို႔ထင္တယ္။

"ဒီမယ္.. ခဗ်ား ကြၽန္ေတာ္ကို ဘာလို႔ အဲ့ေလာက္ စိုက္ၾကည့္ေနရတာလဲ"

"မင္းက ခ်စ္ဖို႔ေကာင္းလြန္းလို႔ေလ.. ငါ မက္ခ်ဴးေလး"

မူးေနတယ့္လူမလို႔ ခြင့္လြတ္ေပးလိုက္သည္။ မနက္ျဖန္ ၾကရင္လည္း ဘာမွ မမွတ္မိေတာ့မယ့္တူတူကို အခုေတာ့ သူ ေျပာခ်င္တာ ေျပာပါေစေတာ့။

Matthew တို႔ရဲ႕ကားေလးမွာလဲ တေ႐ြ႕ေ႐ြ႕နဲ႔ ဂယ္ေခ်ာင္ ေဆး႐ုံကို ေရာက္လာခဲ့လိုက္သည္။

ေဆး႐ုံသို႔ေရာက္ေရာက္ခ်င္း ဟန္ဘင္းကို မႏိုင္မနင္းတြဲေခၚကာ သူ႕ အခန္းသို႔ ျပန္လိုက္ပို႔လိုက္ေလသည္။ အခန္းထဲထိတြဲလာကာ ဟန္ဘင္းကို ကုတင္ေပၚမွာ ေသခ်ာ ေနရာခ်လိုက္ၿပီး.. ငါအက်ီလ်ဲေပးလိုက္သင့္လား။ အာ မျဖစ္ေသးပါဘူး ဒီတိုင္းထားခဲ့လိုက္မယ္။ ဒါေပမယ့္ သနားေသာ အားျဖင့္ ဝတ္ထားတဲ့ ဖိနပ္ေလးေတာ့ ခြၽတ္ေပးခဲ့လိုက္မယ္။
ဟန္ဘင္းရဲ႕ ဖိနပ္အား ခြၽတ္ေပးလိုက္ကာ ေနရာတစ္က် ျပန္ထားေပးလိုက္သည္။ အခန္းထဲကေန ထြက္ခံနီး အိပ္ေမာက်ေနသည့္ ဟန္ဘင္းနား သြားကာ နဖူးအား ခပ္ဖြဖြ နမ္းလိုက္သည္။

"ခဗ်ားက အဲ့လို အိပ္ေနရင္ နားၿငီးသက္သာၿပီး ခ်စ္ဖို႔ေကာင္းတယ္"

အခန္းတံခါးကို ေျဖးေျဖးပိတ္ၿပီး အျပင္သို႔ထြက္လာၿပီး ထယ္ရယ္က Rickyကို တြဲေခၚလာတာမလို႔ အျမန္ သူတို႔နားသြားလိုက္သည္။

"Matthew..သူ႕အခန္းက ဘယ္မွာလဲ "

"ဒီလမ္းတိုင္း တည့္တည့္သြား ဘယ္ဘက္ျခမ္းမွာ "

"အြန္းအြန္းေက်းဇူးေနာ္"

မႏိုင္မနင္းတြဲေခၚသြားေသာ ခ်စ္သူငယ္ခ်င္းကိုၾကည့္ကာ Matthew ေခါင္းကို အသာခါရမ္းလိုက္သည္။ မနက္ၾကရင္ လူနာေတြကို သြားမၾကည့္ခင္ သူတို႔ကို အရင္ဆုံး အမူးေျပဟင္းရည္တိုက္ရမယ္လို႔ ေတြးထားလိုက္သည္။

ခဏအၾကာ ထယ္ရယ္အခန္းထဲမွ ျပန္ထြက္လာကာ

"ငါ ဒီေန႔ မင္းနဲ႔ အိပ္လိုက္လို႔ရလား ျပန္စရာ ကားလည္း မ႐ွိဘူး"

"ရတယ္ေလ လာ ငါ့အခန္းက ဒီဘက္မွာ"

ထို႔ေနာက္ ထယ္ရယ္လည္း Matthew ေနာက္လိုက္သြားကာ ေျခလက္မ်က္ႏွာေဆးၿပီး ႏွစ္ေယာက္လုံး အိပ္ရာေပၚ ေခါင္းခ်လိုက္သည္ႏွင့္ ခ်က္ခ်င္း အိပ္ေပ်ာ္သြားေလသည္။

..

ႏိႈးစက္သံေၾကာင့္ ဟန္ဘင္းတစ္ေယာက္ မထခ်င္ဘဲ ထလာရေလသည္။ မေန႔ညက သူ ဘယ္လို အိမ္ျပန္ေရာက္ခဲ့သည္လည္း မမွတ္မိ။ သူ မွတ္မိတာက သူ ပြဲမွာ အရက္ေသာက္သည္အထိပဲ မွတ္မိေလသည္။

ဘဘက္ကို ပုခုံးေပၚတင္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားကာ ေရပန္းကို ဖြင့္ခ်လိုက္ၿပီး ေနာက္က်ိေနေသာ စိတ္ကို လန္းဆန္းသြားေအာင္ ေရခ်ိဳးလိုက္ေလသည္။

ေရခ်ိဳးၿပီး ျပန္ထြက္လာကာ ေရသုတ္ေနသည့္အခ်ိန္ေတြ အျပင္ကေန တံခါး လာေခါက္ေနသည္မလို႔ သြားၿပီး ဖြင့္ေပးလိုက္သည္။

အေပၚပိုင္းဗလာနဲ႔ တံခါးဖြင့္လာသည့္ ဟန္ဘင္းေၾကာင့္ Matthew တစ္ေယာက္ ပါးစပ္ေလး အေဟာင္းသား။

လက္ထဲမွာ ဟင္းရည္ထည့္ထားသည့္ခြက္ေလးကိုင္ကာ သူ႕ကို ပါးစပ္အေဟာင္းသားႏွင့္ၾကည့္ေနေသာ Matthew ေၾကာင့္ ဟန္ဘင္း ရီခ်င္သြားသည္။

"ကိုယ္က အဲ့ေလာက္ေတာင္ ေခ်ာလို႔လား"

"အမ္.. မ..မဟုတ္ပါဘူး ေရာ့ အမူးေျပဟင္းရည္ ေသာက္လိုက္"

ဟင္းရည္ထည့္ထားသည့္ ခြက္ကို သူ႕လက္ထဲ အတင္းထိုးထည့္ကာ ထြက္သြားသည့္ Matthew ကို ၾကည့္ၿပီး တစ္ကယ္ အသဲယားမိသည္။ တစ္ခ်က္တစ္ခ်က္ မ်က္ႏွာေၾကာမတည့္တာေလးကလြဲရင္ က်န္တာ အကုန္အဆင္ေျပပါသည္။

"အားး ဘယ္လို မ်က္ႏွာ႐ူးႀကီးလဲ မသိဘူး မနက္ေစာေစာစီးစီး အက်ီ မဝတ္ပဲ ဘာလုပ္ေနတာလဲ မသိဘူး အေအးပတ္ၿပီး ေလျဖတ္သြားမွ ဟုတ္ေပါ့ ျဖစ္ေနမယ္"

တစ္ေယာက္ထဲ စူပုတ္ပုတ္နဲ႔ေျပာၿပီး အခန္းထဲ ျပန္ဝင္လာလိုက္သည္။ တစ္ကယ္ေတာ့ သူ မနက္ကိုအေစာႀကီးထကာ ဟန္ဘင္းတြက္ အမူးေျပဟင္းရည္ကို ကိုယ္တိုင္လုပ္ေပးခဲ့ျခင္းျဖစ္သည္။ ထယ္ရယ္ကေတာ့ သူမႏိုးခင္ကတည္းက ထကာ ျပန္သြားေလသည္။ ဒါပထမဆုံး Matthew ဘဝမွာ သူမ်ားအတြက္ ဟင္းခ်က္ေပးျခင္း ျဖစ္သည္။

အဲ့လိုလုပ္ေပးလို႔ Matthew က သူ႕ကို ႀကိဳက္ေနတယ္မ်ားမထင္လိုက္နဲ႔။ သူ႕လို အူေၾကာင္ၾကားကို Matthew လုံးဝ မႀကိဳက္ပါ ရည္းစားျဖစ္ဖို႔ဆို ပိုေတာင္ေဝးေသး။

အေပၚကေန duty coatကို ဝတ္လိုက္ၿပီး ERဘက္သို႔ ေလ်ာက္လာလိုက္သည္။

"ဆရာ ဟန္ဘင္း morning ..မေန႔ညက ေတာ္ေတာ္မွ ေပ်ာ္ခဲ့ရလား"

"ဟဟ..ေပ်ာ္ခဲ့ရတာေပါ့ဗ်ာ မေန႔က ဒီမွာလည္းအကုန္အဆင္ေျပတယ္မလား"

"ဒါေပါ့ ဆရာရယ္"

သူနာျပဳခြၽဲနဲ႔ စကားေျပာၿပီး လူနာေတြကို စစ္စရာ႐ွိတာကို လိုက္စစ္ေနလိုက္သည္။

Ricky တစ္ေယာက္ အိပ္ရာကႏိုးလာေတာ့ သူ႕အခန္းထဲသူ ေရာက္ႏွင့္ေနၿပီသား ျဖစ္ေလသည္။ မေန႔ညက သူဘာျဖစ္ခဲ့တာလဲ သူမမွတ္မိေတာ့ေပ။ သူ မွတ္မိတာ TaeRae hyung သီခ်င္းဆိုသည့္ အခ်ိန္ထိပဲ သူမွတ္မိလိုက္ေလသည္။ ထိုအခ်ိန္ ျဖတ္ခနဲ ပုံရိပ္တစ္ခု သူ႕ေခါင္းထဲ ေရာက္႐ွိလာသည္။ ႏူးညံ့ေသာ ႏႈတ္ခမ္းတစ္စုံ မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ သူ နမ္းတာခံေနေသာ TaeRae hyung။ f**k မေန႔ညက သူ တစ္ကယ္ႀကီး TaeRae hyung ကို နမ္းခဲ့တာလား။

အေတြးကို လက္စေဖ်ာက္ပစ္ခ်င္လို႔ ေရခ်ိဳးခန္းထဲဝင္ၿပီး ေခါင္းပါေလ်ာ္ပစ္သည္။ သို႔ေပမယ့္ ဘယ္လိုမွေမ့လို႔မရေပ။

ေရခ်ိဳးၿပီးေတာ့ သူ႕ဆီကို ဝင္လာေသာ ဖုန္းတစ္လုံး။

"Hello~~ဟာနာေျပာေလ"

"ငါတို႔လမ္းခြဲရေအာင္ Ricky "

"Okay...ရတယ္ မင္းသေဘာပဲ"

Ricky ဆိုေတာ့လူစားမ်ိဳးက ဘယ္ေတာ့မွ ကိုယ့္ဘက္က ေအာက္က်ိဳ႕ခံၿပီး ဆြဲထားမယ့္လူစားမ်ိဳးမဟုတ္။ shirt အက်ီ အျဖဴေရာင္လက္႐ွည္ႏွင့္ Style pant အနက္ေရာင္နဲ႔တြဲၿပီးဝတ္ကာ တိုင္မွာ ခ်ိတ္ထားတယ့္ duty coatကို ယူကာ ERဘက္ကိုထြက္လာခဲ့လိုက္သည္။

Counter ဘက္ကိုသြားကာ လက္မွတ္ထိုးလိုက္ၿပီး လူနာေတြ လိုက္‌စစ္ေဆးေနလိုက္သည္။

"အေရးေပၚလူနာ!!"

ေအာ္သံႏွင့္ တစ္ၿပိဳင္နက္ထဲ ဝင္လာသည့္ ကယ္ဆယ္ေရးအဖြဲ႕ႏွင့္ လူနာတင္တဲ့ေနရာက ေမ့ေမ်ာေနသည့္လူနာ။

"လူနာအေၾကာင္း ေျပာပါအုံး"

"လူနာက အသက္ ၄၅ႏွစ္ ဂင္မ္ေျဗာင္ေခ်ာလ္ အူအတက္‌ေရာင္တာ BP 100/65 "

"ေအာက္ေသြးေပါင္က ေတာ္ေတာ္က်ေနတာပဲ လူနာကို ကုတင္ေပၚေ႐ြ႕လိုက္ရေအာင္"

လူသုံးေယာက္အားႏွင့္ လူနာအားကုတင္ေပၚသို႔ ေ႐ြ႕လိုက္ကာ နားၾကပ္ႏွင့္ ေထာက္ကာ ေသခ်ာစမ္းသပ္လိုက္။ ဗိုက္ကို ဖိၾကည့္လိုက္ေတာ့ အေျခအေနကအရမ္းဆိုးေနေလၿပီ။

"Abdomen X-ray႐ိုက္ၾကည့္လိုက္ရမလားဆရာ"

"မလုပ္နဲ႔ ႐ိုက္ရင္လည္း အူအတက္ကို ျမင္ရမွာ မဟုတ္ဘူး "

ဟန္ဘင္းလည္း ေတြးေတာမေနေတာ့ပဲ ခ်က္ခ်င္း appendectomy လုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။

"ခ်က္ခ်င္းခြဲစိတ္ခန္းမဝင္ရင္ အသက္ပါဆုံး႐ႈံးႏိုင္‌တယ္ Matthew အူအတက္ေပါက္တာ ခြဲစိတ္ဖူးလား"

"အြန္း ခြဲစိတ္ဖူးတယ္"

"ဒါဆို အဆင္ေျပတယ္ ဒီေန႔ ခြဲစိတ္မႈရဲ႕ ေခါင္းေဆာင္က မင္းပဲ .. Jiwoongနဲ႔ Zhanghao ခြဲခန္းကို လိုက္ခဲ့ေပးပါ Gyuvin နဲ႔ Yujin က အေရးေပၚဌာနမွာ ေစာင့္ေနေပးပါ OR team ျဖစ္တဲ့ သူနာျပဳခြၽဲတို႔ အခုခ်က္ခ်င္းခြဲခန္းဝင္မယ္"

အကုန္လုံးကို တန္းစီကာ မွာလိုက္သည္။ locker ခန္းထဲဝင္ကာအက်ီ လဲလိုက္ၿပီး ခြဲစိတ္ခန္းအျပင္မွာ လက္ကို ေသခ်ာစြာ ေဆးေၾကာၿပီး စိတ္ကို ေလ်ာ့ခ်လိုက္ကာ ခြဲစိတ္ခန္းအတြင္း ဝင္လိုက္သည္။

Matthew မင္းလုပ္ႏိုင္တယ္။ သက္ျပင္းဖြဖြခ်လိုက္ကာ အကုန္လုံးကို တစ္ခ်က္ ေမာ့ၾကည့္လိုက္သည္။

"ဒီေန႔ခြဲစိတ္မႈကို အာ႐ုံစိုက္ၾကရေအာင္"

၅စကၠန္႔ေလာက္ခြဲခန္းထဲတြင္ စက္သံေသးေသးေလးမွ အပ ဘာမွမၾကားရေတာ့ေခ်။

"ခြဲစိတ္တာ စပါေတာ့မယ္..Dr.jiwoong ႏွလုံးခုန္ႏႈန္းအေျခအေန "

"ပုံမွန္ပဲ ၿငိမ္ေနတယ္"

"Dr.HanBin laparoscopic လုပ္တဲ့အခ်ိန္ ကူေပးပါ"

ခြဲစိတ္ရာေသးေသးေလးေပးၿပီး ႁပြန္ေခ်ာင္းတစ္ခုကို ထည့္သြင္းလိုက္သည္။ မၾကာခင္ ႁပြန္ေခ်ာင္းက ဓာတ္ေငြ႕ေပးလာၿပီး ဝမ္းဗိုက္ေဖာင္းလာသည့္ အခ်ိန္မွ တျခားဘက္မွာ ခြဲစိတ္ရာ ေသးေသးေပးၿပီး ကင္မရာပါတယ့္ ႁပြန္ေခ်ာင္းကို ထည့္လိုက္ကာ screen ကိုေသခ်ာအာ႐ုံစိုက္ကာၾကည့္လိုက္သည္။

Matthew ရဲ႕ အလုပ္ေလးေလးနက္နက္လုပ္ေနတယ့္အခ်ိန္ကို အကုန္လုံးက ႐ွိန္ၾကသည္။ နဖူးေပၚက က်လာသည့္ ေခြၽးမ်ားက ၾကမ္းျပင္ေပၚထိပါက်ေနေလပီ့။ laparoscopic လုပ္တာက မခက္ခဲေပမယ့္ screen ကိုအာ႐ုံစိုက္ရတဲ့အခ်ိန္က အရမ္းကို ခက္ခဲပါသည္။

ႁပြန္ေခ်ာင္းေလးကို လွည့္ၿပီး အူအတက္ကို ျဖတ္ထုတ္လိုက္ၿပီးမွ Matthew သက္ျပင္းေကာင္းေကာင္းခ်ႏိုင္ေတာ့သည္။

"Dr.Zhanghao ႁပြန္ေခ်ာင္းေတြ ျပန္ထုတ္ေပးပါ"

ZhangHao လဲ Matthew ေျပာတဲ့အတိုင္း ႁပြန္ေခ်ာင္းေတြကိုဖယ္ထုတ္ကာ အူအတက္ကို Kidney dish ထဲ ထည့္လိုက္ကာ ေသေသခ်ာခ်ာ ထုတ္ပိုးလိုက္သည္။

"Sewb check မယ္ "

အသုံးျပဳထားသည့္ ပစၥည္းအေရအတြက္ကို ေသေသခ်ာခ်ာ ျပန္စစ္လိုက္သည္။

"အကုန္ ျပည့္ပါတယ္ ဆရာ"

"ခြဲစိတ္မႈ ေအာင္ျမင္ပါတယ္ အခု လူနာကို ျပန္ခ်ဳပ္ေပးပါေတာ့မယ္ Dr HanBin အပ္ခ်ည္မွ်င္ေတြကို ျဖတ္ေပးပါ"

အပ္ခ်ည္မွ်င္ႏွင့္ ေသေသခ်ာခ်ာ ခ်ဳပ္လိုက္ၿပီး ခြဲစိတ္မႈက ေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့သည္။

"လူနာကို အထူးၾကပ္မတ္ကုသေဆာင္ထဲမွာ ထယးေပးပါ"
"ဟုတ္ကဲ့ပါဆရာ"

အျပင္ထြက္လာေတာ့ ေခါင္းေဆာင္းနဲ႔ mask ကိုခြၽတ္ကာ အမိႈက္ပုံးထဲ ပစ္ထည့္လိုက္ေလသည္။ ထို႔ေနာက္မွ သက္ျပင္းေကာင္းေကာင္းခ်ႏိုင္ေတာ့တယ္။

"Matthew...ပင္ပန္းသြားၿပီး မင္းအရမ္းေတာ္တယ္"

လက္မေထာင္ကာ ခ်ီးက်ဴးစကားေျပာသြားတယ့္ Hao Hyung နဲ႔ Jiwoong hyung ကို ျပဳံးျပလိုက္ေလသည္။

"မဆိုးပါဘူး ဒီေန႔ခြဲစိတ္တာ အဆင္ေျပသားပဲ လက္ရည္တက္လာတယ္"

"အစကတည္းက ေျပာသားပဲ ကြၽန္ေတာ္က ခဗ်ားထက္ပိုေတာ္တယ္လို႔"

"ဟုတ္ပါၿပီကြာ ဒါဆို နားလိုက္အုံး ကိုယ္ ERဘက္သြားလိုက္အုံးမယ္"

Matthew လဲ ေခါင္းၿငိမ့္ျပလိုက္ကာ ႏႈတ္ဆတ္လိုက္သည္။ ေခါင္းၾကည္သြားေအာင္ ေကာ္ဖီ‌သြားဝယ္ကာ ေကာ္ဖီခြက္ကိုကိုင္ၿပီး ERဘက္ကို ထြက္လာခဲ့လိုက္သည္။

"မင္းတို႔က ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႔ ငါ့အေဖကို ခြဲစိတ္ရတာလဲ ငါလက္မွတ္ပါလို႔လား"

ေစာနက ခြဲစိတ္လိုက္ေသာ လူနာ၏ သားျဖစ္ေလာက္မယ္ထင္သည္။

" လူနာ႐ွင္ ျပသနာမ႐ွာပါနဲ႔ လူနာေတြ ႐ွိေသးတယ္"

သူနာျပဳခြၽဲက ထိုလူကို တားေသာ္လည္း တားလို႔မရေခ်။ ဘယ္လိုလူေတြပါလိမ့္။

"လူနာ႐ွင္ဗ် လူနာက ခ်က္ခ်င္းမခြဲစိတ္ရင္ အသက္ဆုံး႐ႈံးႏိုင္ေခ်႐ွိပါတယ္ အဲ့တာေၾကာင့္ ခြဲစိတ္လိုက္ရတာပါ"

"ေစာက္ပိုေတြ မေျပာနဲ႔ ငါအေဖကို ခြဲစိတ္တာ ဘယ္ေကာင္လဲ"

ဟန္ဘင္း လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ကာ တစ္ခုခု ေျပာရန္ျပင္လိုက္သည္။ ထိုအခ်ိန္တြင္

"ငါပဲ"

အေနာက္ကေန ျပတ္ျပတ္သားသားထြက္ေပၚလာသည့္ Matthew ၏ အသံ။ coffee ခြက္ကို ကိုင္ကာ တုန္လႈပ္ခ်င္းမ႐ွိ မ်က္ႏွာတည္တည္ျဖင့္ ထိုလူအား စိုက္ၾကည့္ေနသည္။

"ငါ မင္းအေဖ ကို ခြဲစိတ္လိုက္တာ"

"ဟက္.. ဒီေဆး႐ုံ အစုတ္ပလုတ္က ဆရာဝန္ဆိုတဲ့ေကာင္ေတြက ဘယ္ေလာင္ေတာင္ ေတာ္တတ္ေနလို႔ ငါအေဖကို ခြဲစိတ္တာလဲ"

"ဘယ္ေလာက္ေတာ္လဲ သိခ်င္ရင္ ခဗ်ား ခြဲစိတ္ခံၾကည့္ေလ"

Matthew ေျပာလိုက္တယ့္ စကားေၾကာင့္ အကုန္လုံး ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။

"Matthew ..."

HanBin ကို လက္ျဖင့္တားလိုက္ကာ ထိုလူ၏ မ်က္လုံးကို စိုက္ၾကည့္လိုက္ၿပီး

" ငါတို႔က လူနာကို ဒီတိုင္း ေပးေသလိုက္ရမွာလား မခဗ်ားသိဖို႔က ငါတို႔တာဝန္ ခြဲစိတ္ဖို႔အခုခ်က္ခ်င္းလိုရင္ ခြဲစိတ္ေပးဖို႔ပဲ ေဆး႐ုံႀကီးတာ ေသးတာ ဘာမွမဆိုင္ဘူး အဓိကက ခြဲစိတ္ေပးတဲ့လူေတြက ေတာ္ဖို႔ပဲ"

"ေစာက္ႀကီးေစာက္က်ယ္ ေတြ လာေျပာမေနနဲ႔"

*ခြပ္*

"Matthew!!!"

ထိုလူ၏ ထိုးလိုက္တဲ့ Matthew တစ္ေယာက္ေျမျပင္ေပၚ လွဲက်သြားၿပီး ကိုင္ထားတဲ့ ေကာ္ဖီခြက္ပါ ေမွာက္က်ကာ လက္ဖဖိုးတစ္ေလ်ာက္ပူသြားေလသည္။ ႏႈတ္ခမ္းေထာင့္တစ္ေလ်ာက္ေသြးမ်ားထြက္ကာ စီးက်‌လာေလသည္။

"Matthew အဆင္ေျပရဲ႕လား"

HanBin အပါအဝင္တစ္ျခားဆရာဝန္ေတြနဲ႔ သူနာျပဳေတြက Matthew နား အျမန္ေရာက္လာၾကသည္။

"အဆင္ေျပပါတယ္ အဆင္မေျပတာ ေဟာဒီကလူပဲ.."

ေဒါသမီးေတြနဲ႔ျပည့္ေနတယ့္ ထိုလူကို လက္ညိဳးထိုးကာ ေျပာလိုက္သည္ ။

"ဆရာဝန္တစ္ေယာက္ကို လက္ပါတဲ့ အတြက္ မင္းေတာ့ ေလ်ာ္ေၾကးေပးရေတာ့မွာပဲ..ဘယ္လိုလုပ္မလဲ ေဆး႐ုံစရိတ္က ဝမ္၅သိန္း ဆရာဝန္တစ္ေယာက္ကို ထိုးလိုက္တဲ့ ေလ်ာ္ေၾကးက ဝမ္၅သိန္း မင္းေပးရေတာ့မယ္"

ဘယ္လိုေကာင္ေလးပါလိမ့္ သတၱိေကာင္းလိုက္တာ။ အထိုးခံထားရတာေတာင္ မ်က္ႏွာထားက တစ္ခ်က္ေလ်ာ့မသြားဘူး။ ထိုလူရဲ႕ မ်က္စိမ်က္ႏွာပ်က္မႈကို ျမင္ရေတာ့ ေက်နပ္မိသည္ ။

"အေစာင့္ေတြ ဒီလူကို အျပင္ေခၚထုတ္သြား!"

အေစာင့္ႏွစ္ေယာက္ေရာက္လာကာထိုလူကို ဆြဲထုတ္သြားေလသည္။

"Matthew ကိုယ္ေဆးလိမ္းေပးမယ္ လိုက္ခဲ့"

"မလိုပါဘူး ဒီေလာက္က ေအးေဆး"

"မရဘူး လိုက္ခဲ့"

Continuer la Lecture

Vous Aimerez Aussi

993K 42.4K 88
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
31.2K 539 9
Meri nayi nayi shadi hui hai. main 19 saal ki hu. mere sasural wale bohot shareef hai lekin na jane kyu kuch dino se badal se gaye hai.
88K 2.5K 26
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
85.5K 7.4K 48
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...