Ep-6

414 68 7
                                    

Unicode

Matthew တစ်ယောက် ဟန်ဘင်းဆွဲခေါ်ရာနောက်ပါသွားလေသည်။ ရုံးခန်းထဲရောက်တော့ သူ့မေးဖျားလေးကို လက်နဲ့ဖွဖွလေး ကိုင်လာတယ့် ဟန်ဘင်းကြောင့် ရင်ခုန်လာရသည်။ ဒါသူ့ဘဝမှာပထမဆုံး ရင်ခုန်ခဲ့ရခြင်းသာ ဖြစ်‌သည်။

"မင်းကွာ ဘာလို့ အဲ့လို အထိုးခံရတာလဲ "

"ကျွန်တော် အဲ့လိုမလုပ်ရင် ဒီဆေးရုံတစ်ခုလုံး ပြသနာတက်မှာလေ"

အသားဖြူဖြူလေးမှာ ရထားတဲ့ဒဏ်ရာအရှိန်ကြောင့် တစ်ချို့နေရာလေးမှာ နီရဲနေလေသည်။
နားကြပ်တောင်လေးမှာ ဆေးထည့်ပြီး ဒဏ်ရာရထားတဲ့နေရာကို ဖွဖွလေး လိမ်းပေးတော့ Matthew က နာလို့ထင်သည် ကိုယ်လေးက နည်းနည်းတွန့်သွားလေသည်။

"အရမ်းနာနေလား သည်းခံပေးနော် ခဏနေ အဆင်ပြေသွားလိမ့်မယ်"

‌ဆေးလိမ်းထားတယ့်နေရာလေးကို လေဖွဖွလေး မှုတ်ပေးလိုက်သည်။ သူ့မျက်လုံးထဲမှာ Matthew က ဆရာဝန်နဲ့မတူ ၃နှစ်သားကောင်လေးလို့ပင် မြင်လေသည်။

"ပြီးသွားပြီ ‌နောက်အဲ့လို မလုပ်နဲ့နော် ကြားလား"

"ဟုတ်ပါပြီ မသိရင် ခဗျားက ကျွန်တော် အမေကြီး ကြနေတာပဲ"

သူ့ကို ရွဲ့ပြီးပြောကာထွက်သွားသော Matthew ကြောင့် ဟန်ဘင်းခဗျာ ရယ်ရခက် ငိုရခက်။
သူတစ်ကယ်ကြီး အမေပုံစံများပေါက်သွားလား။

အကျီအိတ်ထဲ လက်ထည့်ကာ အေးဆေးလျောက်လာတယ့် Matthew ကြောင့် သူနာပြုများပင် အံ့ဩသွားလေသည်။

"ဆရာအဆင်ပြေရဲ့လား နာနေသေးလား"

"အေးဆေးပါဗျာ ဒါမျိုးလေးက အပျော့ပဲ အရင်ဆို ကျွန်တော်က ကျောင်းမှာ ရန်ဖြစ်နေကြ ဇိုးလေ "

Matthew ‌အပြောကြောင့် ‌counterနားက ဝန်ထမ်းတွေအကုန်ပွဲကျကုန်ကြသည်။ သူတို့ ဆရာလေးက တစ်ကယ့် မလွယ်ကြောလေးပဲ။

"ကဲကဲ ကိုယ့်အလုပ်ကို လုပ်ကြတော့ ကျွန်တော် လည်း လူနာတွေ လိုက်ကြည့် လိုက်အုံးမယ်"

Matthew လဲ လူနာတွေကိုလိုက်စစ်ဆေးကာ ဘယ်သူတွေ ဘာလိုအပ်လဲ သေချာမှာကာ လူနာတွေ ခံစားနေရတယ့် အကြောင်းတွေကို noteထဲသေချာလေး ရေးလိုက်သည်။

𝗗𝗼𝗰𝘁𝗼𝗿 𝗜𝗻 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀Where stories live. Discover now