"မောင် ဟန်နီတို့မနက်ဖြန်ဆိုပြန်ရတော့မယ်နော်"
"တစ်ပတ်တာက အတော်တိုတာပဲ"
"ဘာလဲ မောင်ကနေချင်သေးလို့လား"
ဟန်နီကခပ်ပြုံးပြုံးဖြင့်မေးလာ၏
"နေတာကနေချင်တာပေါ့ ဒါပေမဲ့ဟန်နီ့အလုပ်တွေရှိသေးတယ်လေ"
ကြည့်ပါဦး မောင်ကနေချင်သေးတာတောင် ဟာအိုရဲ့အလုပ်တွေကို စိတ်ပူပေးနေသေးတာ ဟာအိုဟာမောင့်ရဲ့ချစ်ရသူဖြစ်ရတာဘယ်လောက်တောင်ကံကောင်းလိုက်သလဲဒါတွေကြောင့်ပဲ ဟာအိုကမောင့်ဆီကနေ မရုန်းထွက်နိုင်ခဲ့တာပဲမဟုတ်လား
"အလုပ်တွေက အဲ့လောက်လဲမရှိပါဘူးမောင်ရဲ့ မောင်နေချင်နေပါ"
"ရပါတယ်ဟန်နီရ နောက်တစ်ခါကျမှ အကြာကြီးလာလည်ကျတာပေါ့"
"အင်းပါ မောင့်သဘော"
ဟန်နီကလေ ကျွန်တော့်အတွက် ကြည်လင်နေတဲ့ စမ်းချောင်းလေးလိုပဲ အေးချမ်းမှုကိုပေးတယ် ဘာလို့ဆို ဟန်နီ့အပြုံးတွေကသိပ်အေးချမ်းတာကို ပြီးတော့ပျော်ရွှင်မှုကိုလည်းပေးပြန်တယ် ဟန်နီနဲ့အတူရှိရတာက
ဂွန်းအုအတွက် ပျော်ရွှင်စရာပဲလေ။
~
"ကင်မ်ထယ်ရယ် ဒီနေ့ဘာလုပ်စရာရှိလဲ"
"ဟင့်အင်း လုပ်စရာမရှိပါဘူး ဘာလို့?"
"အပြင်သွားမလို့ လိုက်ချင်လား"
"အင်းလိုက်မယ် ခနစောင့်နော် အဝတ်သွားလဲဦးမယ်သိလား"
"အင်း စောင့်နေမယ်"
လှေကားထစ်ကနေဆင်းလာတဲ့ ထယ်ရယ့်ကိုကြည့်ရင်း ရစ်ကီရယ်ချင်လာမိသည် ဘာလို့ဒီနှစ်ရောင်ဆက်ဘောင်းဘီတွေကို စွဲစွဲမြဲမြဲဝတ်နေရတာလဲ
"ဒီဘောင်းဘီကြီးနဲ့လား" ရစ်ကီက သဘော
မကျတဲ့ပုံစံမျိုးနဲ့ကြည့်ကာ ပြောလိုက်တော့
"ဘာလို့လဲ ဒီလောက်သက်တောင့်သက်သာရှိတာကို"
"သွားလဲလိုက်ပါလား ထယ်ရယ်ရာ လူတွေမြင်ရင်ရယ်စရာဖြစ်ဦးမယ်"
"ဒါကို fashion လို့ခေါ်တယ်ကွ"
သူ့ဘောင်းဘီကို ရယ်စရာဖြစ်တဲ့ပြောမိလို့ ရန်တွေ့နေတာများ ထယ်ရယ်ခင်ဗျားသိပ်ချစ်ဖို့ကောင်းလွန်းတယ်
"ဒါဆို မလဲဘူးပေါ့"
"အင်းမလဲဘူး...လူကိုတော့ထိလို့ရတယ်ကွ fashion ကိုတော့လာမထိနဲ့"
"တကယ် ထိလို့ရတာလား"
ပြောရင်းအနားကိုတိုးလာတဲ့ ရစ်ကီကြောင့် ထယ်ရယ်မှာအနည်းငယ်ထိတ်လန့်လာရ၏
"အပြင်သွား....သွားမယ်ဆို သွား...ရအောင်"
ရစ်ကီရဲ့ လှောင်ပြုံးလေးကိုထယ်ရယ်မြင်လိုက်ပါသေးတယ် အခုတလောရစ်ကီရဲ့ပုံစံတွေက တစ်မျိုးပဲ ဧကန္တရစ်ကီအစစ်ရောဟုတ်ရဲ့လား တစ္ဆေတွေများဝင်ပူးနေတာများလား
"လူတွေက နှစ်ရောင်ဆက်ဘောင်ဘီမမြင်ဖူးဘူးလား ခိုးခိုးရယ်သွားကျတာများ စိတ်တိုစရာ"
စိတ်တိုနေတဲ့အစ်ကိုအသေးလေးကိုကြည့်ရင်း ရစ်ကီကရယ်မိတော့ လူကိုဘုကြည့်သလိုပြန်ကြည့်လာ၏
"ဒါကြောင့်ပြောပါတယ် လဲလိုက်ပါလို့"
"ကားနဲသွားမယ်ထင်လို့ပေါ့ကွ မင်းကဘာလို့ လမ်းလျှောက်ပြီးလာရတာလဲ"
အလျော့ပေးထားတော့ ဒီကောင်လေးကရောင့်တက်လာတာပဲ
"ဟေးဟေး ထယ်ရယ်ဆိုးမလာနဲ့ မင်းကို လဲဖို့ပြောခဲ့သားပဲ မင်းဘာမင်းမလဲခဲ့တာလေ"
"အင်း ငါပဲမှားတာရပြီလား"
"ချစ်စရာလေး"
"မင်း မင်းဘာပြောလိုက်တာ"
သေလိုက်တော့ရစ်ကီ စိတ်ထဲကနေပြောလိုက်ရမဲ့စကားကို လက်တွေ့မှာချပြောလိုက်စရာလား
"ဟို...ဟိုရှေ့ကကြောင်လေးလေ ချစ်...ချစ်စရာလေးလို့ပြောတာ"
"အော်....ရစ်ကီက ကြောင်ချစ်တက်တယ်လား"
"နည်းနည်း"
ကြောင်ကိုချစ်တာထက် ထယ်ရယ့်ကိုချစ်တယ်ပြောတာက ပိုမှန်မယ်ထင်ပါတယ်
"ဒါနဲ့ အခုဘယ်သွားမှာလဲ"
"ဒီဘောင်ဘီနဲ့ ဘယ်သွားလို့ရလို့လဲ"
"ဟုတ်သားပဲနော်"
"ပြန်ရအောင်"
"အင်းပါ"
ထယ်ရယ်အနည်းတော့ နုမြောမိပါသည် ထယ်ရယ်သာဒီဘောင်ဘီမဝတ်ခဲ့ရင်
ကောင်းသားလို့တော့ အနည်းငယ်တော့
တွေးမိသား
"ငါမင်းကိုပြောနေတယ်လေ ပိုက်ဆံပေးလို့ မင်းနားမကြားဘူးလား?"
ထယ်ရယ်တို့ အပြန်လမ်းမှာစကားပြောသံတစ်ချက်ကြားလို့ လှည့်ကြည့်လိုက်တော့ အထက်တန်းကကလေးတွေက အထက်တန်းကောင်လေးတစ်ယောက်ကို အနိုင်ကျင့်နေကျ၏ ကိုရီယားမှာဒီလိုတွေဖြစ်နေကျ
ဆိုပေမဲ့ ထယ်ရယ်အတွက်တော့တကယ်သည်းမခံနိုင်စရာပဲ ဘာလို့ဆို ဒီလိုဖြစ်ရပ်မျိုး ထယ်ရယ်ကကောင်းကောင်းကြီး ကြုံဖူးခဲ့တာကို
"ဟျောင့် ကင်ထယ်ရယ် မင်းမှာပိုက်ဆံရှိတာငါသိတယ်နော် ပေးမှာလားမပေးဘူးလား"
"ငါ...ငါ့မှာတကယ်...မရှိတာပါ"
"ချီး...သောက်ပိုပြောမနေနဲ့ မင်းလက်ထဲမှာခုနကပိုက်ဆံတွေကိုင်ထားတယ်တွေ့တယ်"
"အဲ့တာက မေမေ့အတွက်ဆေးဝယ်မလို့ပါ...အဲ့တာတော့မယူပါနဲ့ ငါတကယ်တောင်းပန်ပါတယ်"
"မေမေ့ချစ်သားလေးလုပ်မနေစမ်းနဲ့ ငါတို့ကပေးဆိုပေးပေါ့ လျှာကြောရှည်မနေနဲ့
ဟိတ်ကောင်တွေသူ့ကိုချုပ်ထား"
"မလုပ်ပါနဲ့ ဆယ်ဟိုငါတကယ်တောင်းပန်ပါတယ်ကွာ"
"စောက်ပါးစပ်ပိတ်ထား"
ထယ်ရယ်မျက်ရည်များလည်းကျလာခဲ့၏ မေမေ့အတွက်စုထားတဲ့ငွေတွေက ဒီလိုနဲ့
သူတို့လက်ထဲရောက်တော့မှာလား ဒီအချိန်မှာ ထယ်ရယ်ကိုကယ်မဲ့လူတစ်ယောက်သာပေါ်လာခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ
"သောက်နားကိုငြီးနေတာပဲ"
လူတစ်ယောက်ရဲ့အသံကိုကြားလိုက်တာမို့ ထယ်ရယ်မျှော်လင့်ချက်များဖြင့် မော့ကြည့်လိုက်၏
"မင်းကဘာကောင်လဲ"
"မင်းအဖေလေ"
"အရေးမပါတွေလာမပြောနဲ့ ကိုယ့်လမ်းကိုယ်သွားစမ်းပါ"
"ငါလည်း ကိုယ့်ဘာသာအိပ်နေတာပါပဲ
မင်းတို့အသံတွေက နားငြီလွန်းတယ်"
"နားငြီးရင် တခြားနေရာသွား"
"ဟာ ဒါငါပိုင်နက်လေ မင်းတို့နောက်မှရောက်လာတာ ထွက်သွားရမှာမင်းတို့!"
ထယ်ရယ်အတော့်ကိုဝမ်းနည်းလာမိ၏ ဒီလူကထယ်ရယ်အနိုင်ကျင့်ခံနေရတာကို မြင်ရဲ့သားနဲ့ နည်းနည်းလေးမှတောင် အကူအညီ
မပေးပါလား
"တောက်ခ်... စကားပြောတာစောက်ကြောကြီးနဲ့ပါလား မင်းက ဂျိုဆယ်ဟိုရဲ့ အကြောင်းမသိသေးဘူးထင်ပါရဲ့ ငါ့ကောင်တွေအဲ့ကောင်ကိုထိုးကျစမ်း"
ထယ်ရယ်ရှေ့မှာ ထိုးနှက်နေကျတဲ့ ဆယ်ဟိုတို့အုပ်စုနဲ့ ထိုကောင်ငယ်လေး ထိုကောင်လေးက အားသန်တယ်ထင်ပါရဲ့ သုံးယောက်တစ်ယောက်ကို အသာလေးအနိုင်ယူသွားနိုင်လေသည် ထို့နောက် ထယ်ရယ့်ရှေ့ကိုတည့်တည့်လျှောက်လာပြီ
"ယောင်္ကျားလေးဖြစ်ပြီး ဘာလို့မျက်ရည်ကျရတာလဲ" ဟုဆိုကာ သူ့အိတ်ကတ်ထဲက လက်ကိုင်ပုဝါလေးအား ထယ်ရယ်ကိုပေးကာ
"နောက်တစ်ခါဒီလိုငိုနေမဲ့အစား ပြန်ခုခံနိုင်အောင်ကြိုးစားစမ်းပါ အခုတော့ခင်ဗျားကြောင့် အိပ်ရေးပျက်သွားပြီ"တဲ့ ထို့နောက်ကျောခိုင်းကာထွက်သွားတဲ့ ထိုကျောပြင်လေး
"𝓡𝓲𝓬𝓴𝔂 𝓢𝓱𝓮𝓷" ပုဝါလေးမှာထိုးထားတဲ့ ဒီနာမည်လေးကိုကြည့်ရင်း ထယ်ရယ်ပြုံးမိလိုက်၏ အရာရာကဒီကစတယ် ရစ်ကီကိုသိခဲ့တာရော စချစ်မိခဲ့တာကော။
~🌹~