One Sided Love

By Alice_Jung18

2.8K 438 61

အချစ်တစ်ခုမှာသုံးပွင့်ဆိုင်လာရင်လူတစ်ယောက်ကထွက်သွားပေးရမယ်တဲ့။ ငါမင်းကိုပျော်ရွှင်စေချင်တယ်ဒါကြောင့်ငါထွက်သွာ... More

Intro
1
2
4
5
6
7
8
9
10
11
12

3

178 30 1
By Alice_Jung18

ရေချိုးခန်းထဲမှာအကြာကြီးထိုင်နေမိတဲ့ကျေးဇူးကြောင့်အခုဖျားနေပြီကိုယ်ကငယ်ငယ်လေးထဲကအအေးမိတာနဲ့ဖျားရောအခုလည်းရေအကြာကြီးချိုးမိတာကြောင့်ဖျားနေတာတစ်ပတ်လောက်ရှိနေပြီအခုထိကိုမပျောက်သေးဘူးကျောင်းလည်းမသွားနိုင်ဘူးစာကတော့ဂျီမင်းလာလာရှင်းပြတော့ဘာမှစိတ်ပူစရာမလိုဘူး။နေမကောင်းစဖြစ်ထဲကဂျောင်ကုကသူ့ဆီရောက်မလာဘူးနေနိုင်လိုက်တာဂျောင်ကုရယ်မင်းနဲ့မင်းချစ်ရတဲ့သူနဲ့ရည်းစားဖြစ်သွားတာငါဂျီမင်းဆီကကြားပါတယ်။ငါ့ကိုငါနေမကောင်းတဲ့အချိန်ခနလေးပဲမင်းလာကြည့်ရင်ငါပျော်မိမှာအခုတော့မင်းကငါ့ကိုတချက်လေးတောင်လာမကြည့်ဘူးနော်။ငါစိတ်မဆိုးပါဘူးကွာစိတ်မကောင်းဖြစ်ရုံပါပဲ

ဒေါက် ဒေါက်

"အမေဝင်ခဲ့မယ်နော်သားလေး"

"ဝင်ခဲ့အမေ"

"ဆန်ပြုတ်စားပြီးဆေးသောက်လိုက်အုံးအမေဆန်ပြုတ်ပြုတ်ထားတယ်"

"သားမစားချင်တော့ဘူးအပြင်ထွက်ပြီးမုန့်စားချင်တယ်"

"မရဘူးနော်သားလေး အပြင်စာတွေနေမကောင်းတဲ့အချိန်မစားရဘူး"

"ဘာဖြစ်လို့လဲအမေရဲ့သားသက်သာနေပါပြီနော်"

"မရဘူး"

"အမေပေးသွားပါနော်သားဆန်ပြုတ်တွေလည်းမသောက်ချင်တော့ဘူးအပြင်မှာသားစားချင်တာတွေသွားစားမလို့နော် နော် အမေနော်"

"အေးပါသွားစားမတည့်တာမစားနဲ့နော်"

"Yes"

အမေကိုပြောပြီးအပြင်ပြေးထွက်လာလိုက်တယ်တော်ကြာစိတ်ပြောင်းပြီးပေးမထွက်တော့မှအပြင်မထွက်ရတာလည်းကြာပြီ။အပြင်စာတွေလည်းမစားရတာကြာပြီဖြစ်တာကြောင့်လမ်းထိပ်ကတော့ပိုကီဆိုင်ကိုထွက်လာလိုက်တယ်

"အပြင်မထွက်ရတာကြာလို့လားမသိဘူးကောင်းလိုက်တာအပြင်ထွက်တာ နေဦးဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ဂျီမင်းကိုဖုန်းခေါ်ရမယ်တစ်ယောက်ထဲဆိုပျင်းတယ်"

ပြောရင်းဖုန်းထုတ်လာပြီးဂျီမင်းကိုဖုန်းလှမ်းဆက်ပြီခေါ်လိုက်တယ်

"ဟယ်လိုဂျီမင်း"

"......"

"ငါလမ်းထိပ်ကဆိုင်မှာမင်းလာခဲ့လေငါပျင်းလို့"

"......."

"အေမြန်မြန်လာငါစောင့်နေမယ်"

ဒီလိုနဲ့ဂျီမင်းကိုစောင့်နေလိုက်တယ်ခနနေတော့ဂျီမင်းကရောက်လာပြီးနားညီးတော့တာပဲငါခေါ်မိတာမှားများသွားလား

"ဂျောင်ဟိုဆော့မင်းနေကောင်းပြီလို့လားအပြင်ထွက်ရအောင်ဟမ်ပြီးတော့ဒါတွေကမင်းစားလို့ရလို့လားဆေးကောသောက်ပြီးပြီလား နောက်ပြီးဘယ်သူအပြင်ပေးထွက်လာတာလဲ ဒါမှမဟုတ်ခိုးထွက်လာတာလား အခုထအိမ်ပြန်မယ် "

"ဟေးဟေးတော်‌ပါတော့နားတွေကိုငြီးနေတာပဲဖြေးဖြေးမေးပါဟ"

"ဘာငါ့ကိုနားငြီးတော့ဟုတ်လား ဒေါက်"

"ဂျီမင်းရယ်နာလိုက်တာဘာလို့လာခေါက်နေတာလဲ နေမကောင်းတဲ့လူကိုအနိုင်ကျင့်ရသလား"

"ဘာဖြစ်လဲအဲ့တော့မေးတာဖြေဘယ်သူအပြင်ပေးထွက်လာတာလဲ"

"ငါ့အမေလေပေးထွက်လို့ပေါ့ဟ"

"ဟုတ်လို့လား"

"ဟုတ်ပါတယ် ရော့မယုံရင်မေးကြည့်ဖုန်းဆက်ပြီး"

ဘယ်လိုကောင်မှန်းကိုမသိဘူးအမှန်ပြောနေတာကိုလိမ်နေတယ်ထင်နေလားမသိဘူးမယုံသင်္ကာနဲ့လူကိုယုံသွားအောင်အမေကိုဖုန်းဆက်ပြီးသူနဲ့ပေးပြောလိုက်တယ်။အဲ့ကောင်ကလူကသာပုတာလျှာရှည်တာလွန်ရောသူ့အရှေ့မှာတော့ပုတယ်လိုမပြေရဲဘူးသူ့ပါးစပ်နဲ့လက်ကိုကြောက်လို့စိတ်ထဲမှာပဲပြောရတာ

"ရော့"

"ယုံပြီလား"

"အင်ငါ့ကမင်းကိုစိတ်ပူလို့ပါ"

"ငါသက်သာနေပါပီ"

"ဆေးကောသောက်ပြီးပြီလား"

"မသောက်ရသေးဘူး"

"ဘာ"

"ဆေးပါလာတယ်လေဒီမှာမင်းကအော်ဖို့ရီးပဲ"

"ပါလာရင်ပြီးရော"

"တော့ပိုကီမှာလိုက်တော့မယ်နော်"

"အစပ်တအားမစားနဲ့"

"အင်နည်းနည်း"

"ပြီးကော"

တော့ပိုကီမှာပြီးနှစ်ယောက်သားစားနေလိုက်တာစားလည်းပြီးရောအိမ်မပြန်ချင်သေးတာကြောင့်‌ကစားကွင်းလျှောက်လည်ကြတယ်အမေကိုတော့ဖုန်းဆက်ပြောထားပြီပြီဂျီမင်းနဲ့လျှောက်လည်မလို့လို့

"ဟိုဆော့ငါတို့ပင်လယ်ဓားပြစီးမလား"

"No noငါမစီးဘူး‌နော်ဂျီမင်း"

"ဘာဖြစ်လို့လဲပျော်စရာကြီးကိုဟိုမှာကြည့်လိုက်အမြင့်ကြီးကိုဘယ်လောက်ပျော်စရာကောင်ူလိုက်လဲ"

"ငါအမြင့်ကြောက်တာမေ့နေတာလား"

"အော်ဟုတ်သားပဲမင်းပြောမှငယ်ငယ်ကအကြောင်းကိုငါပြန်မှတ်မိသွားပြီ"

"ဘာအကြောင်းလဲ"

"ဒီလိုလေမင်းရယ်ငါရယ်ဂျောင်ကုရယ်ကလေးဘဝကမင်းအမေတို့နဲ့ကစားကွင်းလာတာလေအဲ့ပင်လယ်ဓားပြစီးဖို့ငါနဲ့ဂျောင်ကုကအတင်းခေါ်လို့မင်းစီးလိုက်ရတာလေ"

"ဘာဖြစ်လို့လဲအဲ့ဒါ"

"စီးရင်နဲ့ကြောက်လို့မင်းအော်ငိုတာအသံကိုအကျယ်ကြီးလေနောက်ပြီးမင်းအောက်‌လည်းရောက်ရောသေးပါထွက်ကျတယ်မလားအဲ့အကြောင်းပြန်တွေးမိပြီးရီချင်လို့ပါ"

"ကောင်းလိုက်တဲ့အမှတ်တရကိုပြန်မှတ်မိတော့တာပဲနော် နောက်ပြီးမင်းတိုးတိုးပြောလို့မရဘူးလားအသံကလည်းကျယ်လိုက်တာ"

"ဘာဖြစ်လဲငါတို့အမျိုးကအသံအောင်တဲ့အမျိုး"

"အေအေငါသိတဲ့မင်းတို့အသံအကျယ်တဲ့အမျိုးဆိုတာ"

"သိရင်ပြီးကော ဒါနဲ့မနက်ဖန်ကျောင်းပြန်တက်မလို့လား"

"အင် ပြန်‌တက်တော့မယ်ကျောင်းပျက်တာကြာပြီဆိုတော့လေ ဂျောင်ကုကောကျောင်းလာသေးလား"

"ပျက်လိုက်လာလိုက်ပေါ့အဲ့ကောင်အကျင့်တွေပျက်နေပြီနောက်မှသူ့အမေဆီသွားပြီးသွားတိုင်အုံးမှ ဂျောင်ကုဆိုမှမင်းဆီကိုလာသေးလားသူ"

"ဟအင်း"

"ဘာဒီကောင်ကိုယ့်သူငယ်ချင်းနေမကောင်းတာတောင်လာမတွေ့ဘူးလား"

"ထားလိုက်ပါတော့ဟာ ပြန်ကြစို့"

"ပြန်တော့မလို့လား"

"အင်ပြန်တော့မယ်"

"ပြန်တာပေါ့ဟိုကောင်နောက်မှာငါနဲ့တွေ့မယ်ဂျောင်ကု"

ပြန်မလို့သွားနေချိန်ဂျောင်ကုနဲ့သူ့ကောင်မလေးနဲ့တန်းတိုးပါလေရောမတွေ့ချင်ပါဘူးဆိုမှတည့်တည့်လာတိုးနေတယ်။အဲ့လိုတွေ့ရင်ကိုယ့်မှာရင်နာလွန်းလို့မတွေ့ချင်ပါဘူးဆိုနေကာမှပျော်နေတယ်ထင်ရဲ့မင်းကသူနဲ့ဆိုတအားပျော်နေတာပဲနော်ဂျောင်ကု

"ဟိုဆော့"

"အင်ဂျောင်ကု"

"ဘယ်လိုရောက်လာတာလဲ"

"ပျင်းလို့ဂျီမင်းနဲ့လျှောက်လည်နေတာ"

"နေမကောင်းတာကိုဘာလို့လျှောက်လည်နေတာလဲဟမ် မင်းနေမကောင်းရင်ကြာတာကိုဘာလို့အပြင်ထွက်ပြီးလျှောက်လည်ပြန်တာတုန်း အန်တီကောသိလားမင်းအပြင်ထွက်တာ လာပြန်မယ်အခုငါလိုက်ပို့ပေးမယ်"

"ဘာတွေအခုမှလာအော်ပြောနေတာလဲ"

ဂျီမင်းမှဝင်ပြောလိုက်ခြင်း

"သူငယ်ချင်းနေမကောင်းဖြစ်တာကိုတရက်မှလာမကြည့်ပဲနဲ့အခုမှလာပူမနေနဲ့ဂျောင်ကု"

"မဟုတ်ပါဘူးငါမအားလို့ပါ"

"ဘာမအားတာလဲ မင်းတို့ကိုအနှောင့်ယှက်မပေးဘူးငါဟိုဆော့ကိုပြန်လိုက်ပို့မယ် သွားမယ်ဟိုဆော့"

"အင်"

"ရယ်နာဘာသာပြန်လိုက်တော့နော်ကိုယ်ဟိုဆော့ကိုလိုက်ပို့လိုက်အုံးမယ်"

"ဒါပေမယ့်"

"ကိုယ်သွားပြီ"

ရယ်နာပြောတာကိုမစောင့်ပဲဟိုဆော့တို့ဆီပြေးလာလိုက်တယ်

"ဂျီမင်းနေအုံးဟိုဆော့ကိုငါပြန်လိုက်ပို့လိုက်မယ်မင်းပြန်တော့"

"ဘာရစ်အုံးမလို့လဲဂျောင်ကုရာ"

"မရစ်ပါဘူးဟိုဆော့ကိုလိုက်ပို့မလို့"

"ငါပဲလိုက်ပို့လိုက်မယ်မင်းကောင်မလေးကိုသွားဂရုစိုက်လိုက်အုံး"

"သူကိုပြန်ခိုင်းလိုက်ပြီ"

"လာဟိုဆော့သွားမယ်ငါလိုက်ပို့မယ်"

"ဂျောင်ကု မင်း‌တွေ့မယ်"

ဂျီမင်းဆီကဟိုဆော့ကိုအတင်းဆွဲယူခဲ့လိုက်တယ်ခနကြာတော့ဟိုဆော့ဆီမှအသံထွက်လာတယ်

"ဂျောင်ကုငါလက်နာတယ်လွှတ်အုံး"

"အာsorryနော်"

"အင်"

"သက်သာသွားပြီလား"

"အင်သက်သာတယ်"

"ငါတောင်းပန်ပါတယ်နော်အရင်ကမင်းဆီလာမတွေ့ခဲ့လို့"

"ရပါတယ်ဘာမှမဖြစ်ပါဘူးငါလည်းသက်သာနေပြီပဲဟာ"

"စိတ်မဆိုးဘူးမလား"

"အင်"

"မနက်ဖြန်ကျောင်းပြန်တက်မလို့လား"

"အင်"

"ငါလာခေါ်မယ်နော်မင်းကို"

"သဘော ငါအိမ်ထဲဝင်တော့မယ်အိမ်ရှေ့ရောက်နေပြီဆိုတော့"

"အိုကေ"

ကျွန်တော်လည်းအိမ်ထဲဝင်လာလိုက်တယ်ငါ့ကိုစိတ်ပူတာလားသူက ငါ့ကိုသိပ်ဂရုမစိုက်ပြပါနဲ့လာဂျောင်ကုရာမဟုတ်ရင်မင်းကိုငါမစွန့်လွှတ်နိုင်ပဲဖြစ်သွားမယ်။မင်းငါ့ကိုအဲ့လိုဂရုစိုက်တော့ငါဝမ်းသာမိသလို ဝမ်းနည်းမိတယ် ဝမ်းသာတယ်ဆိုတာငါ့ကိုမင်းစိတ်ပူတဲ့ဆိုတဲ့အသိကငါ့ကိုပျော်ရွှင်စေတယ် နောက်တစ်ခုသူငယ်ချင်းသံယောဇဉ်နဲ့မင်းငါ့ကိုစိတ်ပူနေတယ်ဆိုတာကငါ့ကိုဝမ်းနည်းစေတယ်။သူငယ်ချင်းထက်ပိုချင်တယ်ချစ်ရသူလေးရယ်အိပ်မက်ထဲမှာဖြစ်ဖြစ် တကယ်လက်တွေ့မှာဖြစ်ဖြစ်မင်းရဲ့ဆိုင်သူအဖြစ်ငါရှိချင်တယ်။မင်းကိုဘယ်သူလက်ထဲမှမပေးချင်ဘူးငါတစ်ယောက်ပဲပိုင်ဆိုင်ချင်တယ်။ငါအတ္တကြီးသလိုဖြစ်သွားတယ်နော်။မင်းအပေါ်မရိုးသားတဲ့အတွက်လည်းတောင်းပန်တယ်။မင်းသိရင်စိတ်မ‌ဆိုးဖို့လည်းငါအမြဲကောင်းကင်ကိုကြည့်ပြီးဆုတောင်းတယ် ကြယ်ကြွေတဲ့ညတွေကောအမြဲငါဆုတောင်းတယ်။ဒါပေမယ့်ဆုတောင်းကောပြည့်ပါမလားတောင်ငါမသိဘူးရယ်။ဒါပေမယ့်ငါကောင်းကင်ကိုကြည့်ပြီးပြောလေ့ရှိတဲ့စကားရှိတယ်။မင်းနဲ့ပဲရေစက်ဆံချင်တယ် မင်းနဲ့ပဲအတူတူနေချင်တယ် မင်းကိုပဲချစ်ချင်တယ် နောက်ဘဝလည်းမင်းနဲ့ပဲဆုံချင်တယ်လို့လေ အမြဲပြောတာလမင်းကြီးနဲ့ကြယ်လေးတွေကတောင်အဲ့စကားလေးကြားရင်ရီနေမလားမသိဘူးမဖြစ်နိုင်မှန်းသိလို့လေ။အဲ့ဒါကငါညတိုင်းပြောဖြစ်နေတဲ့စကားလေးတွေတနေ့နေ့တော့မင်းကိုပြောပြချင်တယ်နားထောင်မယ်မလား "မောင်" ငါရဲ့တစ်ခုတည်းသောနာမ်စားလေး ငါအမြဲခေါ်နေကြနာမ်စားလေး ဘယ်သူမှမသိပဲငါမင်းကိုစိတ်ထဲမှာခေါ်နေကြနာမ်စားလေးတစ်ခုအပြင်မှာလည်းတနေ့တော့ခေါ်ခွင့်ပေးမယ်မလား "မောင်"

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

#New Update

#ကောင်းကြရဲ့လားဗျို့မနည်းစဉ်းစားလိုက်ရတယ်အဓိပ္ပါယ်ကောရှိပါ့မလားမသိဘူးရယ်

၂၃.၅.၂၀၂၃

စာဖတ်ပေးတဲ့လူတွေအားလုံးကိုချစ်ပါတယ်💚

Continue Reading

You'll Also Like

820K 68.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
670K 35.5K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
804K 23.8K 64
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1.1M 50.5K 29
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...