🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(45)
နောက်တစ်ရက်မနက်ရောက်သည့်အခါမှာတော့ ဆူပုတ်ပုတ်ထိုင်နေသည့် အနှစ်သာရကို မင်းထက်ရဲ့အခန်းမှာတွေ့ရလိမ့်မည်။ ဘေးနားမှာ လက်နှစ်ဖက်ပိုက်ကာ ငြိမ်ငြိမ်လေးရပ်နေရသည့် အချစ်နဲ့စက်ဝန်း။ ရှေ့တည့်တည့်မှာ မင်းထက်နဲ့တည်တံ့က အနည်းငယ်ခပ်ခွါခွါလေးထိုင်နေသည်။
"အဲ့တော့ အနှစ်စိတ်ထဲတစ်မျိုးဖြစ်နေမှာဆိုးလို့ ခိုးစား! အဲ ခိုးတွဲနေကြတယ်ဆိုပါတော့"
မင်းထက်ကခေါင်းငြိမ့်သည်။ သို့သော်တည်တံ့က လက်လေးထောင်ပြကာ ကန့်ကွက်သည်။
"ငါ့စိတ်ကရှင်းတယ် ငါ စက်ဝန်းကိုကြိုက်ခဲ့ယုံပဲ ဒါပေမဲ့ မင်းထက်ကိုတော့ ချစ်မိခဲ့တာ ချစ်တာနဲ့ကြိုက်တာမတူဘူးဆိုတာ အနှစ်လည်းသိမှာပဲ...ပြီးတော့ ငါ့ဘက်က လုံးဝ officialဖြစ်ခဲ့တာ မင်းထက်စိတ်ချမ်းသာအောင်လို့သာ ဘာမှမပြောခဲ့တာ"
အချစ်က လက်ပိုက်ထားရာမှဖြုတ်ကာ တည်တံ့ကို လက်မထောင်ပြသည်။ အနှစ်က ခပ်တည်တည်နဲ့စိုက်ကြည့်ပေးတော့ မသိသလိုနဲ့ လက်ပြန်ပိုက်သွားသည်။
"သဘောမတူဘူး..."
"ဘာလို့လဲ"
"ငါ့ယောက်ျားကို ကြိုက်ခဲ့တာ အမှန်တရားလေ ဒါကြောင့် စက်ဝန်းက ဖုံးကွယ်ပေးခဲ့တာမဟုတ်ဘူးလား...ငါသာစောစောသိရင် နင်တို့ ဒီလိုအဆင့်ထိတောင်မရောက်ဘူး"
"အနှစ်စောသိရင်တောင် အဲ့အချိန်က ငါတို့ပတ်သတ်ပြီးသွားတဲ့အချိန်ဖြစ်လိမ့်မယ် ငါ မင်းထက်ကိုစတွေ့တဲ့အချိန် အနှစ်က ထွက်သွားတဲ့ငါးနှစ်မှာကတည်းကလေ"
"အဲ့တော့ ငါ့အစ်ကိုနဲ့ပတ်သတ်ပြီး လုံးဝလက်မလျော့နိုင်ဘူးပေါ့"
"သေချာတာပေါ့...ငါ မင်းထက်ကိုဘယ်နှနှစ်တောင်လိုက်ကပ်ခဲ့ရလဲ"
တည်တံ့စကားအဆုံးမှာ အနှစ်မျက်နှာ သိသိသာသာပုတ်သိုးသွားသည်။
"ကိုကြီး!.."
"ဟင်"
"ဘယ်သူကအရင်ဆုံးလိုက်တာလဲ"
"ငါ..."
တည်တံ့ကလက်ကိုထပ်မံထောင်ပြသည်။ အနှစ်စိတ်ပျက်သလိုမျိုးကိုကြီးကိုကြည့်ကာ...
"ကိုကြီးက အဲ့လိုလူမျိုးလား မိန်းမတစ်ယောက်ကို လိုက်ခိုင်းရလား လိုက်ချင်လိုက် ယောက်ျားဖြစ်တဲ့ကိုကြီးက ဦးအောင်ချစ်ခွင့်ပန်ရမှာမဟုတ်လား...ဘာလို့မိန်းကလေးလိုက်တာခံရတာလဲ တံတိုင်းတည်တံ့မို့လို့ကိုကြီးကိုသည်းခံနေတယ် ငါသာဆို အဲ့လိုမာနကြီးပြီးထိပ်စည်းရောက်နေတဲ့သူကို မကပ်တွယ်နိုင်ဘူး"
"ဟင်!.."
"ဟမ်!.."
တံတိုင်းတည်တံ့ဆီဦးတည်နေသည့်မြှားက နောက်ဆုံးမှာ မင်းထက်ဘက်ကိုလှည့်သွားသည့်အခါ အကုန်လုံးကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။ အစ်ကိုဖြစ်သူနဲ့သဘောမတူဘူးဆိုပြီးတော့ ဦးတည်တဲ့လမ်းကမှားနေသည်။
"ဒီလို ယောက်ျားတွေကို ချစ်ရတဲ့မိန်းကလေးတွေက တစ်ကယ်ကံဆိုးတာပဲ...တစ်ကယ်ကို စာနာပါတယ် တည်တံ့..."
နောက်ဆုံးမှာတော့ ဘာမှမလုပ်လိုက်ရဘဲ တည်တံ့ဘက်ကိုအနှစ်ပါသွားသည်။ မင်းထက်စိုးရိမ်နေတဲ့အကြောင်းအရာမျိုး လုံးဝပင်မဖြစ်သွားလိုက်။
"နောက်ဆုံးတော့ ကိုကြီးအချစ်ကိုရှာတွေ့ခဲ့ပြီ ကျေးဇူးပါပဲ တည်တံ့...ကိုကြီးကိုရွေးချယ်ပေးလို့ ငါ့အထင် ကိုကြီးကသူ့အချစ်ဦးကြောင့် ဒီတစ်သက်မိန်းမမယူဘူးလို့ထင်ထားတာ အခုလို ချစ်သူနဲ့အတူ မိမယ်လို့မစဉ်းစားမိဘူး ကိုကြီးက အချစ်ဦးကြောင့် အချစ်ကိုစိတ်နာ...အွန့်!.."
"တော်တော့ အတိတ်ကို ပြန်မဖော်နဲ့...သူစိတ်ကောက်ရင် အရမ်းချော့ရခက်တယ်"
မင်းထက်က အနှစ်နားနားကပ်ကာ တိုးတိုးလေးပြောသွားသည်။ ပြီးနောက် တည်တံ့လက်ကိုဆွဲကာ အိမ်ပြန်ပို့ဦးမည်ဟုဆိုပြီး ထွက်သွားသည်။
"ဒါဆို ကိုယ်တို့လည်း!.."
"နေဦး ရှင်တို့နှစ်ယောက်ကိုတော့ ခွင့်မလွှတ်ရသေးဘူး"
"ဟင့် အချစ်ဘာမလုပ်ဘူးလေမေမေ"
"အမယ် ကြီးကြီးမှာရည်းစားရှိတာသိရက်နဲ့ မေမေ့ကိုမပြောတာက အပြစ်ပဲလေ"
"ဟင့် အဲ့တာ ကြီးကြီးက ပြောလို့မရသေးဘူးလို့ပြောတာ...မေမေစိတ်ဆိုးမယ်မှန်းသိရင် အချစ်ကလုပ်ပါ့မလားလို့"
အခုတလော အချစ်က မိန်းကလေးပီပီ ချွဲ့နွဲ့ပြီးပြောလာသည်။ ဒီလိုချစ်စရာကောင်းအောင်ပြောမှတော့ အနှစ်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပျော့ရတော့သည်။
"ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်"
"ဟုတ်!.."
အချစ်က ပါးကိုတစ်ချက်နမ်းပြီး ဦးဦးထက်ဆီသွားဦးမည်ဟုဆိုကာ ပြေးထွက်သွားသည်။
"ကိုယ်က သောင်းကျန်းမယ်ထင်တာ"
"ပေါက်ကရတွေမပြောနဲ့ ကျွန်မရှင့်ကိုခွင့်မလွှတ်ရသေးဘူး"
"ကိုယ်က ယောက်ဖပြောတဲ့အတိုင်းလုပ်ရတာလေကွာ...သဲလေးအစ်ကိုကို လွန်ဆန်ရင် သူ့ညီမနဲ့ဝေးရမှာဆိုးလို့ အစ်ကိုတော်အလိုကျ ဖုံးကွယ်ပေးမိတာပါ"
"အပိုတွေ!.."
စက်ဝန်းက အနှစ်ကိုနောက်ကနေဖက်ကာ ပုခုံးပေါ်မေးတင်ပြီး ချော့သည်။ သေချာပေါက် နှုတ်ခမ်းက အငြိမ်မနေဘဲ လည်ပင်းကို နမ်းသေးသည်။
"တော်တော့ အနှစ်တို့အိမ်ပြန်ရအောင်"
"သဲလေးသဘော!.."
"ပြီးတော့ ကျွန်မ ဖိုးသားကို လက်ဆောင်တစ်ခုဝယ်ပေးချင်တယ် သူနိုင်ငံခြားပြန်မသွားခင် ပေးချင်တယ်"
"အင်း ကိုယ်လည်းစဉ်းစားထားပါတယ် နောက်ရက်ကျ အတူတူသွားဝယ်ရအောင်"
"အင်း..."
သဝန်တိုခြင်းတို့ ပျောက်ကွယ်သွား၏။ ဒါက အချင်းချင်းယုံကြည်မှုကနေ ဖြစ်ပေါ်လာတဲ့ အစစ်အမှန်။
✿............✿...........✿
"ကိုယ်တို့သူငယ်ချင်းဖြစ်လို့ရမလား"
"ရတာပေါ့..."
ဒီရက်ပိုင်းအတွင်း မိုးမြတ်ယံ မွန်လေးရဲ့အတိတ်နဲ့ပတ်သတ်ပြီး အရိပ်အမြွက်ပြောပြဖူးသည်။ သို့သော် မွန်လေးရဲ့အခြေအနေသည် မထူးခြားလာပဲ မေ့မြဲမေ့ဆဲပင်။ တမင်မေ့တာလား၊ တစ်ကယ်လားမသိပေမဲ့ သူတို့ဆက်ဆံရေးက အဆုံးသတ်ပြီဆိုတာတော့ သေချာသည်။ နောက်ဆုံးမှာတော့ မိုးမြတ်ယံလက်လျှော့လိုက်ကာ သူငယ်ချင်းအဖြစ်ကပြန်စဖို့သာတွေးလိုက်သည်။
"ကိုယ်ခရီးထွက်ရဦးမယ် အချိန်ရရင် ဆက်သွယ်လိုက်မယ် သူငယ်ချင်းလို့သဘောထားပြီး ကိုင်ပေးပါ"
"မွန်လေးက ခင်တတ်ပါတယ် အစ်ကို"
"အင်း! ကော်ဖီအတွက်ကျေးဇူးပဲနော် ဒီနေ့ သူငယ်ချင်းဆီသွားမလို့"
"အင်း..."
မွန်လေးသေချာနှုတ်ဆက်ပြီး အရင်ထွက်လာခဲ့သည်။ ပထမဆုံး အစ်ကို့ကိုကျောခိုင်းရလို့လားမသိ။ ထင်ထားတာထက် လူက ပေါ့ပါးနေခဲ့သည်။
"မွန်လေး..."
နောက်ကအော်ခေါ်သံကြောင့် တက္ကစီတားဖို့လုပ်နေတာ မတားမိဘဲ ပြန်လှည့်ကြည့်လိုက်သည်။
"မနက်ဖြန် လေဆိပ်လိုက်ပို့ပေးမလား..."
"အင်း! မွန်လေးအားရင်ပေါ့"
"အင်း စက်ဝန်းတို့လည်းလိုက်ပို့မှာမို့ သူတို့နဲ့သေချာပေါက်လိုက်ခဲ့ပါ"
"အင်း!.."
ထို့နောက်မွန်လေးကားတစ်စီးကိုတားပြီးထွက်သွားသည်။
✿............✿...........✿
မနက်ဖြန်...
"မကြာမကြာပြန်လာပေါ့ကွာ ငါတို့နဲ့ အဆက်အသွယ်မဖြတ်ပြစ်နဲ့"
"အင်းပါကွာ မင်းလည်း နေကောင်းအောင်နေ ဟိုနေ့ကလိုအဖြစ်မျိုးရှောင်! အနှစ်ကိုလည်း ဂရုစိုက်"
"စိတ်ချပါ ငါက မင်းထက်သိပါတယ်"
"အဟွန်း!.."
"ဦးဦးဖြေးဖြေးသွားပါရှင့်"
အချစ်လေးကလည်း စိုးရိမ်သောမျက်လုံးလေးနဲ့နှုတ်ဆက်သည်။ လေဆိပ်မှာဆိုတော့ ထွက်သွားမယ်ဆိုတာတော့သိနေပုံပဲ။
"ကိုယံ ကျန်းမာရေးဂရုစိုက်ပါ"
ထို့သို့ပြောလာသည့်အနှစ်ကို မိုးမြတ်ယံခေါင်းငြိမ့်လက်ခံလိုက်သည်။
"ခရီးလမ်းအဆင်ပြေပါစေ အစ်ကို"
မွန်လေးလိုက်ပို့ခဲ့ပါသည်။ အရမ်းကို သဘာဝကျတဲ့ အပြုံးလေးနဲ့ပေါ့။
တစ်နေ့ ကိုယံလက်ထပ်တဲ့အခါ မွန်လေးက လက်ဖွဲ့လာပေးပါမယ်။ ကိုယံကို မွန်လေးရဲ့အချစ်ထပ်မပေးနိုင်တော့ပေမဲ့ ကိုယံကိုချစ်ပေးတဲ့မိန်းကလေးပေါ်လာစေချင်ပါသည်။ ဘယ်လိုရည်ရွယ်ချက်မျိုးမှမပါတဲ့ ကိုယံကလည်းချစ်ပြီး ကိုယံကိုချစ်တဲ့အမျိုးသမီးတစ်ယောက်ပေါ့။ သူမက တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံးအမျိုးသမီးဖြစ်လိမ့်မည်။
ဒါပေမဲ့ ရည်ရွယ်မွန်ဆိုသော အမျိုးသမီးလေးကတော့ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးဆိုတာ သေချာသည်။ အချစ်တွေပါတဲ့နှလုံးသားကို တစ်စုံတစ်ယောက်ဆီ အပြီးတိုင်ပေးအပ်လိုက်ပြီဖြစ်လို့။
လေဆိပ်ထဲကို ကျောခိုင်းသွားသည့် ကျောပြင်ကျယ်ကို ငေးကြည့်မိသည်။ ဒါက နောက်ဆုံးငေးကြည့်ခြင်းဖြစ်ပါလိမ့်မည်။ နောက်ဆုံးအကြိမ်ဆိုပေမဲ့ အရင်ခါတွေကလို နာကျင်ခြင်းတို့မခံစားရတော့ပေ။
မွန်လေးနှလုံးသားသည် အစ်ကိုနဲ့အတူ မီးမြိုက်သွားလေပြီ။ လူရဲ့နှလုံးသားရှိနေသေးပေမဲ့ အချစ်ကတော့ ပျောက်ကွယ်သွားပြီ။
Wrong Timeမှာတွေ့ဆုံခဲ့တဲ့အချစ်က လူနှစ်ယောက်ကိုဘယ်လိုမှပျော်ရွှင်စေနိုင်မှာမဟုတ်ဘူး။
✿............✿...........✿
"ကျွန်မ မွန်လေးကိုကြည့်ပြီး သနားလိုက်တာ..."
ကားထဲရောက်တော့မှ အနှစ်ကရင်ဖွင့်သည်။ အချစ်က မွန်လေးနဲ့လိုက်သွားတာမို့ စကားကို လွတ်လွတ်လပ်လပ်ပြောမိသည်။
"ဘာလို့လဲ"
"မေ့ပြစ်ချင်ပေမဲ့ မေ့မရတဲ့အတိတ်...ကိုယံကိုထပ်ပြီးမချစ်ဖို့အတွက် မေ့လို့မရတဲ့အတိတ်ကို အတင်းမေ့ပြစ်နေပုံက ရင်နာစရာကောင်းတယ်လေ"
"ယံက ပြန်လာခဲ့တယ်မလား...သူကဘာလို့လက်မခံတာလဲ"
"ကြည့်ရတာ မွန်လေးက ပိုင်ဆိုင်ဖို့ယုံကြည်ချက်မရှိတော့ဘူးထင်ပါတယ်...ကိုယံက အကြိမ်ကြိမ် သူ့ကို လွှတ်ချခဲ့တာလေ"
"သဲလေးကတော့ မရဘူးနော် ကိုယ့်ကို ပြစ်မသွားရဘူး"
လက်တစ်ဖက်နဲ့သာမောင်းပြီး တစ်ဖက်က အနှစ်လက်ကိုလာကိုင်ပြီး ဖျစ်ညှစ်သည်။
"လုပ်ရပ်အပေါ်မူတည်တယ်...ခွင့်မလွှတ်နိုင်တာလုပ်ရင်တော့ ပြစ်သွားမှာ"
"ဘာမှမလုပ်ဘူး သဲလေးက ထာဝရကိုကို့နားမှာပဲနေရမှာ"
စက်ဝန်းက အသံညှောင့်ညှောင့်လေးနဲ့ပြောသည်။ အနှစ်အန်ချင်သလိုပုံစံလုပ်ကာ မကြိုက်ကြောင်းပြသည်။
"မင်း! အိမ်ရောက်မှတွေ့မယ်"
"မကြောက်ပါဘူး"
စက်ဝန်းက ကားကို လမ်းဘေးထိုးရပ်ပြစ်သည်။ပြီးနောက် အနှစ်လက်နှစ်ဖက်ကိုချုပ်ကာ သူ့ရဲ့ပေါက်ခါစ ပါးသိုင်းမွှေးနဲ့ပွတ်တိုက်သည်။
"ကိုကို ယားတယ်လို့ မလုပ်နဲ့"
"မရဘူး စတုန်းကစပြီးတော့"
"ကိုကို!.."
"အာ့..."
အတင်းဆွဲဖက်တာကိုရုန်းရင်းနဲ့ သူ့ဗိုက်ကို ထိုးမိသလိုဖြစ်တော့ နာသွားပုံရသည်။ မျက်နှာကရှုံ့မဲ့နေသည်။
"ရရဲ့လား..."
"ရ..."
"ဟင် သွေးတွေပြန်ထွက်လာပြီ..."
စက်ဝန်းရတယ်လို့ပြောပေမဲ့ အနှစ်က တီရှပ်အဖြူပေါ်က သွေးအစွန်းသေးသေးလေးကိုမြင်တော့ အင်္ကျီကို ဆွဲလှန်ကြည့်သည်။
"လှုပ်ရှားမှုများသွားတာ ဘာမှမဖြစ်ဘူး"
"ဘာကိုဘာမှမဖြစ်ရမှာလဲ သွေးတွေပြန်ထွက်လာတာကို ချုပ်ရိုးပြေသွားတာထင်တယ်"
"ရပါတယ် ဒီလောက်ကအပျော့"
"ဘာအပျော့လဲ နီးစပ်ရာဆေးခန်းတစ်ခုဝင်လိုက်! မဟုတ်ရင် ကျွန်မဆေးခန်းကိုဖုန်းဆက်ပြီး အိမ်ကိုပင့်လိုက်မယ် နှစ်ခုထဲကတစ်ခုရွေး...သေချာပေါက်ရွေး..."
အနှစ်က စိုးရိမ်လွန်း၍ အသံပါတုန်နေသည်။ ဒီဒဏ်ရာနဲ့ပတ်သတ်ရင် သူမက အရမ်းတုန်လှုပ်လွယ်သည်။
"သဲလေးစိတ်အေးအေးထား ကိုယ်နီးရာဆေးခန်းမှာဝင်လိုက်မယ်"
"အင်း ကားရော မောင်းနိုင်လား ကိုကြီးကိုဖုန်းဆက်ခေါ်လိုက်ရမလား"
"မဟုတ်တာ...မောင်းနိုင်တယ် "
စက်ဝန်းလည်းအနှစ်စိတ်ချမ်းသာအောင် နီးစပ်ရာဆေးခန်းတစ်ခုကို မောင်းလိုက်သည်။ အနှစ်ရဲ့ဒီလိုတုန်လှုပ်နေတဲ့ပုံစံမြင်ရတော့ သူ ထိခိုက်မိတဲ့အနာကိုပင်မကျေနပ်တော့။ ဒင်းကြောင့် အနှစ်မျက်နှာမလန်းတော့တာ။
ဆေးရုံရောက်သည့်အခါ ဆရာမက ဒဏ်ရာကို ပိုးသတ်ပေးသည်။
"ဘယ်လိုဖြစ်တာလဲ"
"ဆော့မိရင်းက ထိခိုက်မိတာ..."
"ချုပ်ရိုးပြေချင်သလိုဖြစ်နေတာ နောက်ခါဂရုစိုက်ပါ...အရမ်းမလုပ်ကြနဲ့ ဒဏ်ရာကျက်တဲ့အထိတော့ ဆင်ဆင်ခြင်ခြင်ဆော့ပြီး ထိတွေ့ကြ ဆရာမက ဒီလိုတွေအထိ လိုက်မပြောချင်ဘူး"
"ဗျာ!.."
"ရှင်"
ဒဏ်ရာသွေးပြန်ထွက်တာကို အဓိပ္ပါယ်တလွဲတွေပြောလိုက်သည့်ဆရာမကြောင့် အနှစ်ရော သူပါကြောင်သွားကြသည်။ ဆရာမက ကြုံနေကျလူနာတွေရဲ့အတွေ့အကြုံအကြောင့်ပြောတာဆိုတော့လည်း မရှင်းပြမိကြ။ သူတို့မှာ ရယ်ရခက်၊ငိုရခက်နဲ့ ပြန်လာခဲ့ကြရသည်။
✿............✿...........✿
"ဝူး..."
"အီး ဟီး ပင်ပန်းတယ် အရမ်းပင်ပန်းတယ်"
ရဝေသော် လမ်းဘေးမှာ ဒူးတုပ်ထိုင်ချကာ အားရပါးရငိုသည်။ အလုပ်ကအပြန်ထင်ရှားသူရ သူမကိုလာကြိုတာဖြစ်ပြီး အလုပ်ကဂျူနီယာကောင်လေးတစ်ယောက်နဲ့ အတူတူစကားပြောပြီးထွက်လာတဲ့သူမကို ထင်ရှားသူရ ကားပေါ်မှာ ပြဿနာရှာတာဖြစ်သည်။ အမှန်အတိုင်းသေချာဖြေရင် ရပေမဲ့ တမင်ရွဲ့ဖြေတဲ့သူမကြောင့် ကားပေါ်ကဆင်းခိုင်းသွားတာဖြစ်သည်။
"အမ အဆင်ပြေရဲ့လား"
လမ်းသွားလမ်းလာတွေထဲမှ ဆယ်ကျော်သက်ကောင်လေးက လက်ကိုင်ပုဝါလာပေးသည်။
"တီ...တီ..."
ထိုစဉ်ရှေ့ကိုပြန်လည်ဆိုက်ရောက်လာသည့် ကား။ အတိအကျပြောရမယ်ဆိုရင် ထင်ရှားသူရရဲ့ကား။
"တက်!.."
"..."
"ပြောနေတုန်း ကောင်းကောင်းတက် သော်သော်"
စိတ်ထဲမှာရော အပြင်မှာပါ သူ့ကိုရွဲ့ပြီး ထွက်သွားချင်ပေမဲ့ သူမကိုကူညီပေးတဲ့ကောင်လေးက အခုမှ ၁၈,၁၉လောက်ရှိဦးမည်။ ထင်ရှားသူရ ပွဲကြမ်းပုံနဲ့ဆို လွယ်မှာမဟုတ်။ သူက မနိုင်၊နိုင်ရာကို လုပ်မဲ့သူ။
"ပုဝါအတွက်ကျေးဇူးနော် ကလေး!...အမသွားတော့မယ်"
"ဟုတ်ကဲ့ဗျ"
ရဝေသော်ကားပေါ်ရောက်သည်နှင့် ဝူးခနဲမောင်းထွက်သွားသည့်ကား။ တက်လာသမျှဒေါသတွေထည့်မောင်းနေတာဖြစ်မည်။
"ဖြည်းဖြည်းမောင်း!.."
"အင်း!.."
ရဝေသော်အသံပျော့ပျော့လေးနဲ့တားတော့မှ အင်းဆိုပြီး ကားအရှိန်ပါ လျှော့သွားသည်။
လမ်းမှာဘာစကားမှမပြောဘဲ အိမ်ရှေ့ထိရောက်လာသည်။ သို့သော် ထင်ရှားသူရ ပေးမဆင်း။
"လော့ဖွင့်ပေး!.."
"ဟင့်အင်း မပြန်ရသေးဘူး"
"ငါပင်ပန်းတယ်"
ပင်ပန်းတယ်ဆိုတော့ သူက ရဝေသော်ရဲ့ကိုယ်လုံးကို ဆွဲကာ ရင်ခွင်ထဲမှီစေသည်။
"ဘာလုပ်တာလဲ"
"မင်းပဲပင်ပန်းတယ်ဆို!.."
"ပင်ပန်းရင် ဒီလိုရင်ခွင်ထဲဆွဲသွင်းရတယ်လို့ဘယ်သူသင်ပေးလိုက်တာလဲ..."
"ကိုယ့်ဘာသာတတ်တာ...ဒီအရွယ်ရောက်မှ ဘယ်သူကသင်ပေးရမှာလဲ မကြိုက်ဘူးလား ဒါဆို..."
ပြန်ဖယ်ဖို့လုပ်တော့ ရဝေသော်အတင်းဆွဲဖက်ထားမိသည်။ သူနူးညံ့ချိန်က ခပ်ရှားရှားမလား။
"ဘယ်သူကမကြိုက်ဘူးပြောလို့လဲ..."
ထင်ရှားသူရက လူအေး၊ လူရှုပ်လူပွေမဟုတ်၊ သူငယ်ချင်းတွေကို ဟာသလုပ်တတ်ပြီး ပျော်ပျော်နေတတ်သူ။ သို့သော် ရဝေသော်အပေါ်မှာတော့ ချွင်းချက်။ စိတ်တိုလွယ်ပြီး ကြမ်းတမ်းသည်။ ဒါက အစကတည်းက ထင်ရှားသူရ ရဝေသော်အပေါ်ဆက်ဆံလာတဲ့ပုံစံဖြစ်သည်။ ကောင်းသောတွေ့ဆုံခြင်းမဖြစ်ခဲ့လို့လား ဆက်ဆံပုံက တစွတ်ထိုးနိုင်သည်။ အရာရာကို သူ့စိတ်၊သူ့အလိုကျ။ တခြားယောက်ျားလေးနဲ့ဆို သွေးဆူလွယ်သည်။ ချစ်မိသွားလို့ပဲပြောရမလား ထင်ရှားသူရသည် ရဝေသော်အပေါ်အရမ်းစိုးမိုးချင်သည်။
ရဝေသော်က ဒါကိုမကျေနပ်။ သေချာဖွင့်ပြောပြီး ချစ်တယ်လို့ပြောပေးရင် ဘယ်သူကမပျော့ဘဲနေမှာလဲတဲ့။ တစ်ကယ်ပဲတုံးအသည့်ထင်ရှားသူရ။ အခုတော့ သူမကပဲပျော့ပေးနေရသည်။
"နင် ရည်ရွယ်မွန်နဲ့စေ့စပ်ထားတာ ဘယ်လိုလုပ်မှာလဲ"
ရဝေသော်ပြောမှ ထိုအကြောင်းအရာကို သူသတိရလာသည်။ သူလည်း ကူညီဖို့အတွက် စေ့စပ်ထားတာတော်လောက်ပြီလို့တွေးမိပါသည်။
"မွန်လေးနဲ့တိုင်ပင်ဦးမယ် ငါကတိပေးတယ် ဖျက်သိမ်းမှာ"
ရဝေသော်ခေါင်းသာငြိမ့်မိသည်။ သူတို့မချစ်တာ သေချာပေမဲ့ ထင်ရှားသူရက သူမကို ချစ်တာတော့မသေချာ။
"ငါ့ကိုဘယ်လိုလုပ်မှာလဲ"
"ဘာကိုလဲ"
"ငါဗိုက်ကြီးလာရင်ဘယ်လိုလုပ်မလဲ"
"မင်းကဘာလို့လဲ ဆေးမသောက်ဘူးလား"
"ဆေးကဘာလို့သောက်မှာလဲ နင်အကာအကွယ်သုံးလေ"
"ဒီရက်ပိုင်းငါတို့!..."
ထင်ရှားသူရဆက်မပြောဘဲ ရပ်သွားသည်။ ပြီးနောက် ရဝေသော်ကို သေချာစူးစိုက်ကြည့်သည်။ မဟုတ်မှ။
"ဒါကြောင့်ပြောတာ ငါဗိုက်ကြီးလာရင်နင်ဘယ်လိုလုပ်မလဲလို့"
"ဘယ်လိုလုပ်ချင်လဲ"
"အနှစ်လုပ်သလိုမျိုး! ငါလည်း နင်မပါဘဲ ငါ့ကလေးကို ပျိုးထောင်ချင်တယ်"
"စိတ်မကူးနဲ့ ငါ့သွေးပါတဲ့ကလေးကို ဘာကိစ္စတစ်ယောက်တည်းပျိုးထောင်ရမှာလဲ...ငါတစ်ယောက်လုံးရှိနေတယ် ဗိုက်ကြီးရင်ပြော! တာဝန်ယူမယ်"
"ငါကတော့ နင်ယူတဲ့တာဝန်ကို မကြိုက်ဘူး"
"ဒါဆိုမပြောတော့ဘူး"
တွေ့တိုင်းရန်ဖြစ်ရတဲ့နေ့တွေ၊ညတွေထဲမှာ စကားအကောင်းပြောနေရင်းမှ စိတ်တိုပြီးရန်ဖြစ်ကြတာမျိုးက ရေတွက်လို့ပင်မရ။ ချစ်တယ်လို့မပြောဘဲ အတူအိပ်တယ်။ မနက်နိုးလာရင် ဘာမှမဟုတ်သလိုနဲ့ကျောခိုင်းကြတယ်။ တခြားသူနဲ့ဆို အရမ်းသဝန်တိုပြီး ကိုယ်တိုင်က ပိုင်ဆိုင်ခွင့်ပေးပါဆိုပြီး မတောင်းဆို။ ထင်ရှားသူရက မိန်းကလေးကစပြောရင်လည်းမကြိုက်။ သူကိုယ်တိုင်ကလည်းမပြော။ နားလည်ရခက်သည်။
"တစ်နေ့ ငါထွက်သွားမှနင်မျက်ရည်မကျနဲ့ထင်ရှားသူရ"
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(45)
ေနာက္တစ္ရက္မနက္ေရာက္သည့္အခါမွာေတာ့ ဆူပုတ္ပုတ္ထိုင္ေနသည့္ အႏွစ္သာရကို မင္းထက္ရဲ႕အခန္းမွာေတြ႕ရလိမ့္မည္။ ေဘးနားမွာ လက္ႏွစ္ဖက္ပိုက္ကာ ၿငိမ္ၿငိမ္ေလးရပ္ေနရသည့္ အခ်စ္နဲ႔စက္ဝန္း။ ေရွ႕တည့္တည့္မွာ မင္းထက္နဲ႔တည္တံ့က အနည္းငယ္ခပ္ခြါခြါေလးထိုင္ေနသည္။
"အဲ့ေတာ့ အႏွစ္စိတ္ထဲတစ္မ်ိဳးျဖစ္ေနမွာဆိုးလို႔ ခိုးစား! အဲ ခိုးတြဲေနၾကတယ္ဆိုပါေတာ့"
မင္းထက္ကေခါင္းၿငိမ့္သည္။ သို႔ေသာ္တည္တံ့က လက္ေလးေထာင္ျပကာ ကန႔္ကြက္သည္။
"ငါ့စိတ္ကရွင္းတယ္ ငါ စက္ဝန္းကိုႀကိဳက္ခဲ့ယုံပဲ ဒါေပမဲ့ မင္းထက္ကိုေတာ့ ခ်စ္မိခဲ့တာ ခ်စ္တာနဲ႔ႀကိဳက္တာမတူဘူးဆိုတာ အႏွစ္လည္းသိမွာပဲ...ၿပီးေတာ့ ငါ့ဘက္က လုံးဝ officialျဖစ္ခဲ့တာ မင္းထက္စိတ္ခ်မ္းသာေအာင္လို႔သာ ဘာမွမေျပာခဲ့တာ"
အခ်စ္က လက္ပိုက္ထားရာမွျဖဳတ္ကာ တည္တံ့ကို လက္မေထာင္ျပသည္။ အႏွစ္က ခပ္တည္တည္နဲ႔စိုက္ၾကည့္ေပးေတာ့ မသိသလိုနဲ႔ လက္ျပန္ပိုက္သြားသည္။
"သေဘာမတူဘူး..."
"ဘာလို႔လဲ"
"ငါ့ေယာက္်ားကို ႀကိဳက္ခဲ့တာ အမွန္တရားေလ ဒါေၾကာင့္ စက္ဝန္းက ဖုံးကြယ္ေပးခဲ့တာမဟုတ္ဘူးလား...ငါသာေစာေစာသိရင္ နင္တို႔ ဒီလိုအဆင့္ထိေတာင္မေရာက္ဘူး"
"အႏွစ္ေစာသိရင္ေတာင္ အဲ့အခ်ိန္က ငါတို႔ပတ္သတ္ၿပီးသြားတဲ့အခ်ိန္ျဖစ္လိမ့္မယ္ ငါ မင္းထက္ကိုစေတြ႕တဲ့အခ်ိန္ အႏွစ္က ထြက္သြားတဲ့ငါးႏွစ္မွာကတည္းကေလ"
"အဲ့ေတာ့ ငါ့အစ္ကိုနဲ႔ပတ္သတ္ၿပီး လုံးဝလက္မေလ်ာ့ႏိုင္ဘူးေပါ့"
"ေသခ်ာတာေပါ့...ငါ မင္းထက္ကိုဘယ္ႏွႏွစ္ေတာင္လိုက္ကပ္ခဲ့ရလဲ"
တည္တံ့စကားအဆုံးမွာ အႏွစ္မ်က္ႏွာ သိသိသာသာပုတ္သိုးသြားသည္။
"ကိုႀကီး!.."
"ဟင္"
"ဘယ္သူကအရင္ဆုံးလိုက္တာလဲ"
"ငါ..."
တည္တံ့ကလက္ကိုထပ္မံေထာင္ျပသည္။ အႏွစ္စိတ္ပ်က္သလိုမ်ိဳးကိုႀကီးကိုၾကည့္ကာ...
"ကိုႀကီးက အဲ့လိုလူမ်ိဳးလား မိန္းမတစ္ေယာက္ကို လိုက္ခိုင္းရလား လိုက္ခ်င္လိုက္ ေယာက္်ားျဖစ္တဲ့ကိုႀကီးက ဦးေအာင္ခ်စ္ခြင့္ပန္ရမွာမဟုတ္လား...ဘာလို႔မိန္းကေလးလိုက္တာခံရတာလဲ တံတိုင္းတည္တံ့မို႔လို႔ကိုႀကီးကိုသည္းခံေနတယ္ ငါသာဆို အဲ့လိုမာနႀကီးၿပီးထိပ္စည္းေရာက္ေနတဲ့သူကို မကပ္တြယ္ႏိုင္ဘူး"
"ဟင္!.."
"ဟမ္!.."
တံတိုင္းတည္တံ့ဆီဦးတည္ေနသည့္ျမႇားက ေနာက္ဆုံးမွာ မင္းထက္ဘက္ကိုလွည့္သြားသည့္အခါ အကုန္လုံးေၾကာင္ေတာင္ေတာင္ျဖစ္ကုန္ၾကသည္။ အစ္ကိုျဖစ္သူနဲ႔သေဘာမတူဘူးဆိုၿပီးေတာ့ ဦးတည္တဲ့လမ္းကမွားေနသည္။
"ဒီလို ေယာက္်ားေတြကို ခ်စ္ရတဲ့မိန္းကေလးေတြက တစ္ကယ္ကံဆိုးတာပဲ...တစ္ကယ္ကို စာနာပါတယ္ တည္တံ့..."
ေနာက္ဆုံးမွာေတာ့ ဘာမွမလုပ္လိုက္ရဘဲ တည္တံ့ဘက္ကိုအႏွစ္ပါသြားသည္။ မင္းထက္စိုးရိမ္ေနတဲ့အေၾကာင္းအရာမ်ိဳး လုံးဝပင္မျဖစ္သြားလိုက္။
"ေနာက္ဆုံးေတာ့ ကိုႀကီးအခ်စ္ကိုရွာေတြ႕ခဲ့ၿပီ ေက်းဇူးပါပဲ တည္တံ့...ကိုႀကီးကိုေ႐ြးခ်ယ္ေပးလို႔ ငါ့အထင္ ကိုႀကီးကသူ႔အခ်စ္ဦးေၾကာင့္ ဒီတစ္သက္မိန္းမမယူဘူးလို႔ထင္ထားတာ အခုလို ခ်စ္သူနဲ႔အတူ မိမယ္လို႔မစဥ္းစားမိဘူး ကိုႀကီးက အခ်စ္ဦးေၾကာင့္ အခ်စ္ကိုစိတ္နာ...အြန႔္!.."
"ေတာ္ေတာ့ အတိတ္ကို ျပန္မေဖာ္နဲ႔...သူစိတ္ေကာက္ရင္ အရမ္းေခ်ာ့ရခက္တယ္"
မင္းထက္က အႏွစ္နားနားကပ္ကာ တိုးတိုးေလးေျပာသြားသည္။ ၿပီးေနာက္ တည္တံ့လက္ကိုဆြဲကာ အိမ္ျပန္ပို႔ဦးမည္ဟုဆိုၿပီး ထြက္သြားသည္။
"ဒါဆို ကိုယ္တို႔လည္း!.."
"ေနဦး ရွင္တို႔ႏွစ္ေယာက္ကိုေတာ့ ခြင့္မလႊတ္ရေသးဘူး"
"ဟင့္ အခ်စ္ဘာမလုပ္ဘူးေလေမေမ"
"အမယ္ ႀကီးႀကီးမွာရည္းစားရွိတာသိရက္နဲ႔ ေမေမ့ကိုမေျပာတာက အျပစ္ပဲေလ"
"ဟင့္ အဲ့တာ ႀကီးႀကီးက ေျပာလို႔မရေသးဘူးလို႔ေျပာတာ...ေမေမစိတ္ဆိုးမယ္မွန္းသိရင္ အခ်စ္ကလုပ္ပါ့မလားလို႔"
အခုတေလာ အခ်စ္က မိန္းကေလးပီပီ ခြၽဲ႕ႏြဲ႕ၿပီးေျပာလာသည္။ ဒီလိုခ်စ္စရာေကာင္းေအာင္ေျပာမွေတာ့ အႏွစ္သည္းခံႏိုင္စြမ္းမရွိေတာ့ဘဲ ေပ်ာ့ရေတာ့သည္။
"ဒီတစ္ခါေတာ့ခြင့္လႊတ္လိုက္မယ္"
"ဟုတ္!.."
အခ်စ္က ပါးကိုတစ္ခ်က္နမ္းၿပီး ဦးဦးထက္ဆီသြားဦးမည္ဟုဆိုကာ ေျပးထြက္သြားသည္။
"ကိုယ္က ေသာင္းက်န္းမယ္ထင္တာ"
"ေပါက္ကရေတြမေျပာနဲ႔ ကြၽန္မရွင့္ကိုခြင့္မလႊတ္ရေသးဘူး"
"ကိုယ္က ေယာက္ဖေျပာတဲ့အတိုင္းလုပ္ရတာေလကြာ...သဲေလးအစ္ကိုကို လြန္ဆန္ရင္ သူ႔ညီမနဲ႔ေဝးရမွာဆိုးလို႔ အစ္ကိုေတာ္အလိုက် ဖုံးကြယ္ေပးမိတာပါ"
"အပိုေတြ!.."
စက္ဝန္းက အႏွစ္ကိုေနာက္ကေနဖက္ကာ ပုခုံးေပၚေမးတင္ၿပီး ေခ်ာ့သည္။ ေသခ်ာေပါက္ ႏႈတ္ခမ္းက အၿငိမ္မေနဘဲ လည္ပင္းကို နမ္းေသးသည္။
"ေတာ္ေတာ့ အႏွစ္တို႔အိမ္ျပန္ရေအာင္"
"သဲေလးသေဘာ!.."
"ၿပီးေတာ့ ကြၽန္မ ဖိုးသားကို လက္ေဆာင္တစ္ခုဝယ္ေပးခ်င္တယ္ သူႏိုင္ငံျခားျပန္မသြားခင္ ေပးခ်င္တယ္"
"အင္း ကိုယ္လည္းစဥ္းစားထားပါတယ္ ေနာက္ရက္က် အတူတူသြားဝယ္ရေအာင္"
"အင္း..."
သဝန္တိုျခင္းတို႔ ေပ်ာက္ကြယ္သြား၏။ ဒါက အခ်င္းခ်င္းယုံၾကည္မႈကေန ျဖစ္ေပၚလာတဲ့ အစစ္အမွန္။
✿............✿...........✿
"ကိုယ္တို႔သူငယ္ခ်င္းျဖစ္လို႔ရမလား"
"ရတာေပါ့..."
ဒီရက္ပိုင္းအတြင္း မိုးျမတ္ယံ မြန္ေလးရဲ႕အတိတ္နဲ႔ပတ္သတ္ၿပီး အရိပ္အႁမြက္ေျပာျပဖူးသည္။ သို႔ေသာ္ မြန္ေလးရဲ႕အေျခအေနသည္ မထူးျခားလာပဲ ေမ့ၿမဲေမ့ဆဲပင္။ တမင္ေမ့တာလား၊ တစ္ကယ္လားမသိေပမဲ့ သူတို႔ဆက္ဆံေရးက အဆုံးသတ္ၿပီဆိုတာေတာ့ ေသခ်ာသည္။ ေနာက္ဆုံးမွာေတာ့ မိုးျမတ္ယံလက္ေလွ်ာ့လိုက္ကာ သူငယ္ခ်င္းအျဖစ္ကျပန္စဖို႔သာေတြးလိုက္သည္။
"ကိုယ္ခရီးထြက္ရဦးမယ္ အခ်ိန္ရရင္ ဆက္သြယ္လိုက္မယ္ သူငယ္ခ်င္းလို႔သေဘာထားၿပီး ကိုင္ေပးပါ"
"မြန္ေလးက ခင္တတ္ပါတယ္ အစ္ကို"
"အင္း! ေကာ္ဖီအတြက္ေက်းဇူးပဲေနာ္ ဒီေန႔ သူငယ္ခ်င္းဆီသြားမလို႔"
"အင္း..."
မြန္ေလးေသခ်ာႏႈတ္ဆက္ၿပီး အရင္ထြက္လာခဲ့သည္။ ပထမဆုံး အစ္ကို႔ကိုေက်ာခိုင္းရလို႔လားမသိ။ ထင္ထားတာထက္ လူက ေပါ့ပါးေနခဲ့သည္။
"မြန္ေလး..."
ေနာက္ကေအာ္ေခၚသံေၾကာင့္ တကၠစီတားဖို႔လုပ္ေနတာ မတားမိဘဲ ျပန္လွည့္ၾကည့္လိုက္သည္။
"မနက္ျဖန္ ေလဆိပ္လိုက္ပို႔ေပးမလား..."
"အင္း! မြန္ေလးအားရင္ေပါ့"
"အင္း စက္ဝန္းတို႔လည္းလိုက္ပို႔မွာမို႔ သူတို႔နဲ႔ေသခ်ာေပါက္လိုက္ခဲ့ပါ"
"အင္း!.."
ထို႔ေနာက္မြန္ေလးကားတစ္စီးကိုတားၿပီးထြက္သြားသည္။
✿............✿...........✿
မနက္ျဖန္...
"မၾကာမၾကာျပန္လာေပါ့ကြာ ငါတို႔နဲ႔ အဆက္အသြယ္မျဖတ္ျပစ္နဲ႔"
"အင္းပါကြာ မင္းလည္း ေနေကာင္းေအာင္ေန ဟိုေန႔ကလိုအျဖစ္မ်ိဳးေရွာင္! အႏွစ္ကိုလည္း ဂ႐ုစိုက္"
"စိတ္ခ်ပါ ငါက မင္းထက္သိပါတယ္"
"အဟြန္း!.."
"ဦးဦးေျဖးေျဖးသြားပါရွင့္"
အခ်စ္ေလးကလည္း စိုးရိမ္ေသာမ်က္လုံးေလးနဲ႔ႏႈတ္ဆက္သည္။ ေလဆိပ္မွာဆိုေတာ့ ထြက္သြားမယ္ဆိုတာေတာ့သိေနပုံပဲ။
"ကိုယံ က်န္းမာေရးဂ႐ုစိုက္ပါ"
ထို႔သို႔ေျပာလာသည့္အႏွစ္ကို မိုးျမတ္ယံေခါင္းၿငိမ့္လက္ခံလိုက္သည္။
"ခရီးလမ္းအဆင္ေျပပါေစ အစ္ကို"
မြန္ေလးလိုက္ပို႔ခဲ့ပါသည္။ အရမ္းကို သဘာဝက်တဲ့ အၿပဳံးေလးနဲ႔ေပါ့။
တစ္ေန႔ ကိုယံလက္ထပ္တဲ့အခါ မြန္ေလးက လက္ဖြဲ႕လာေပးပါမယ္။ ကိုယံကို မြန္ေလးရဲ႕အခ်စ္ထပ္မေပးႏိုင္ေတာ့ေပမဲ့ ကိုယံကိုခ်စ္ေပးတဲ့မိန္းကေလးေပၚလာေစခ်င္ပါသည္။ ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးမွမပါတဲ့ ကိုယံကလည္းခ်စ္ၿပီး ကိုယံကိုခ်စ္တဲ့အမ်ိဳးသမီးတစ္ေယာက္ေပါ့။ သူမက တစ္ကမာၻလုံးမွာ ကံအေကာင္းဆုံးအမ်ိဳးသမီးျဖစ္လိမ့္မည္။
ဒါေပမဲ့ ရည္႐ြယ္မြန္ဆိုေသာ အမ်ိဳးသမီးေလးကေတာ့ ဒီတစ္သက္ အိမ္ေထာင္မျပဳေတာ့ဘူးဆိုတာ ေသခ်ာသည္။ အခ်စ္ေတြပါတဲ့ႏွလုံးသားကို တစ္စုံတစ္ေယာက္ဆီ အၿပီးတိုင္ေပးအပ္လိုက္ၿပီျဖစ္လို႔။
ေလဆိပ္ထဲကို ေက်ာခိုင္းသြားသည့္ ေက်ာျပင္က်ယ္ကို ေငးၾကည့္မိသည္။ ဒါက ေနာက္ဆုံးေငးၾကည့္ျခင္းျဖစ္ပါလိမ့္မည္။ ေနာက္ဆုံးအႀကိမ္ဆိုေပမဲ့ အရင္ခါေတြကလို နာက်င္ျခင္းတို႔မခံစားရေတာ့ေပ။
မြန္ေလးႏွလုံးသားသည္ အစ္ကိုနဲ႔အတူ မီးၿမိဳက္သြားေလၿပီ။ လူရဲ႕ႏွလုံးသားရွိေနေသးေပမဲ့ အခ်စ္ကေတာ့ ေပ်ာက္ကြယ္သြားၿပီ။
Wrong Timeမွာေတြ႕ဆုံခဲ့တဲ့အခ်စ္က လူႏွစ္ေယာက္ကိုဘယ္လိုမွေပ်ာ္႐ႊင္ေစႏိုင္မွာမဟုတ္ဘူး။
✿............✿...........✿
"ကြၽန္မ မြန္ေလးကိုၾကည့္ၿပီး သနားလိုက္တာ..."
ကားထဲေရာက္ေတာ့မွ အႏွစ္ကရင္ဖြင့္သည္။ အခ်စ္က မြန္ေလးနဲ႔လိုက္သြားတာမို႔ စကားကို လြတ္လြတ္လပ္လပ္ေျပာမိသည္။
"ဘာလို႔လဲ"
"ေမ့ျပစ္ခ်င္ေပမဲ့ ေမ့မရတဲ့အတိတ္...ကိုယံကိုထပ္ၿပီးမခ်စ္ဖို႔အတြက္ ေမ့လို႔မရတဲ့အတိတ္ကို အတင္းေမ့ျပစ္ေနပုံက ရင္နာစရာေကာင္းတယ္ေလ"
"ယံက ျပန္လာခဲ့တယ္မလား...သူကဘာလို႔လက္မခံတာလဲ"
"ၾကည့္ရတာ မြန္ေလးက ပိုင္ဆိုင္ဖို႔ယုံၾကည္ခ်က္မရွိေတာ့ဘူးထင္ပါတယ္...ကိုယံက အႀကိမ္ႀကိမ္ သူ႔ကို လႊတ္ခ်ခဲ့တာေလ"
"သဲေလးကေတာ့ မရဘူးေနာ္ ကိုယ့္ကို ျပစ္မသြားရဘူး"
လက္တစ္ဖက္နဲ႔သာေမာင္းၿပီး တစ္ဖက္က အႏွစ္လက္ကိုလာကိုင္ၿပီး ဖ်စ္ညႇစ္သည္။
"လုပ္ရပ္အေပၚမူတည္တယ္...ခြင့္မလႊတ္ႏိုင္တာလုပ္ရင္ေတာ့ ျပစ္သြားမွာ"
"ဘာမွမလုပ္ဘူး သဲေလးက ထာဝရကိုကို႔နားမွာပဲေနရမွာ"
စက္ဝန္းက အသံေညႇာင့္ေညႇာင့္ေလးနဲ႔ေျပာသည္။ အႏွစ္အန္ခ်င္သလိုပုံစံလုပ္ကာ မႀကိဳက္ေၾကာင္းျပသည္။
"မင္း! အိမ္ေရာက္မွေတြ႕မယ္"
"မေၾကာက္ပါဘူး"
စက္ဝန္းက ကားကို လမ္းေဘးထိုးရပ္ျပစ္သည္။ၿပီးေနာက္ အႏွစ္လက္ႏွစ္ဖက္ကိုခ်ဳပ္ကာ သူ႔ရဲ႕ေပါက္ခါစ ပါးသိုင္းေမႊးနဲ႔ပြတ္တိုက္သည္။
"ကိုကို ယားတယ္လို႔ မလုပ္နဲ႔"
"မရဘူး စတုန္းကစၿပီးေတာ့"
"ကိုကို!.."
"အာ့..."
အတင္းဆြဲဖက္တာကို႐ုန္းရင္းနဲ႔ သူ႔ဗိုက္ကို ထိုးမိသလိုျဖစ္ေတာ့ နာသြားပုံရသည္။ မ်က္ႏွာကရႈံ႕မဲ့ေနသည္။
"ရရဲ႕လား..."
"ရ..."
"ဟင္ ေသြးေတြျပန္ထြက္လာၿပီ..."
စက္ဝန္းရတယ္လို႔ေျပာေပမဲ့ အႏွစ္က တီရွပ္အျဖဴေပၚက ေသြးအစြန္းေသးေသးေလးကိုျမင္ေတာ့ အက်ႌကို ဆြဲလွန္ၾကည့္သည္။
"လႈပ္ရွားမႈမ်ားသြားတာ ဘာမွမျဖစ္ဘူး"
"ဘာကိုဘာမွမျဖစ္ရမွာလဲ ေသြးေတြျပန္ထြက္လာတာကို ခ်ဳပ္႐ိုးေျပသြားတာထင္တယ္"
"ရပါတယ္ ဒီေလာက္ကအေပ်ာ့"
"ဘာအေပ်ာ့လဲ နီးစပ္ရာေဆးခန္းတစ္ခုဝင္လိုက္! မဟုတ္ရင္ ကြၽန္မေဆးခန္းကိုဖုန္းဆက္ၿပီး အိမ္ကိုပင့္လိုက္မယ္ ႏွစ္ခုထဲကတစ္ခုေ႐ြး...ေသခ်ာေပါက္ေ႐ြး..."
အႏွစ္က စိုးရိမ္လြန္း၍ အသံပါတုန္ေနသည္။ ဒီဒဏ္ရာနဲ႔ပတ္သတ္ရင္ သူမက အရမ္းတုန္လႈပ္လြယ္သည္။
"သဲေလးစိတ္ေအးေအးထား ကိုယ္နီးရာေဆးခန္းမွာဝင္လိုက္မယ္"
"အင္း ကားေရာ ေမာင္းႏိုင္လား ကိုႀကီးကိုဖုန္းဆက္ေခၚလိုက္ရမလား"
"မဟုတ္တာ...ေမာင္းႏိုင္တယ္ "
စက္ဝန္းလည္းအႏွစ္စိတ္ခ်မ္းသာေအာင္ နီးစပ္ရာေဆးခန္းတစ္ခုကို ေမာင္းလိုက္သည္။ အႏွစ္ရဲ႕ဒီလိုတုန္လႈပ္ေနတဲ့ပုံစံျမင္ရေတာ့ သူ ထိခိုက္မိတဲ့အနာကိုပင္မေက်နပ္ေတာ့။ ဒင္းေၾကာင့္ အႏွစ္မ်က္ႏွာမလန္းေတာ့တာ။
ေဆး႐ုံေရာက္သည့္အခါ ဆရာမက ဒဏ္ရာကို ပိုးသတ္ေပးသည္။
"ဘယ္လိုျဖစ္တာလဲ"
"ေဆာ့မိရင္းက ထိခိုက္မိတာ..."
"ခ်ဳပ္႐ိုးေျပခ်င္သလိုျဖစ္ေနတာ ေနာက္ခါဂ႐ုစိုက္ပါ...အရမ္းမလုပ္ၾကနဲ႔ ဒဏ္ရာက်က္တဲ့အထိေတာ့ ဆင္ဆင္ျခင္ျခင္ေဆာ့ၿပီး ထိေတြ႕ၾက ဆရာမက ဒီလိုေတြအထိ လိုက္မေျပာခ်င္ဘူး"
"ဗ်ာ!.."
"ရွင္"
ဒဏ္ရာေသြးျပန္ထြက္တာကို အဓိပၸါယ္တလြဲေတြေျပာလိုက္သည့္ဆရာမေၾကာင့္ အႏွစ္ေရာ သူပါေၾကာင္သြားၾကသည္။ ဆရာမက ႀကဳံေနက်လူနာေတြရဲ႕အေတြ႕အႀကဳံအေၾကာင့္ေျပာတာဆိုေတာ့လည္း မရွင္းျပမိၾက။ သူတို႔မွာ ရယ္ရခက္၊ငိုရခက္နဲ႔ ျပန္လာခဲ့ၾကရသည္။
✿............✿...........✿
"ဝူး..."
"အီး ဟီး ပင္ပန္းတယ္ အရမ္းပင္ပန္းတယ္"
ရေဝေသာ္ လမ္းေဘးမွာ ဒူးတုပ္ထိုင္ခ်ကာ အားရပါးရငိုသည္။ အလုပ္ကအျပန္ထင္ရွားသူရ သူမကိုလာႀကိဳတာျဖစ္ၿပီး အလုပ္ကဂ်ဴနီယာေကာင္ေလးတစ္ေယာက္နဲ႔ အတူတူစကားေျပာၿပီးထြက္လာတဲ့သူမကို ထင္ရွားသူရ ကားေပၚမွာ ျပႆနာရွာတာျဖစ္သည္။ အမွန္အတိုင္းေသခ်ာေျဖရင္ ရေပမဲ့ တမင္႐ြဲ႕ေျဖတဲ့သူမေၾကာင့္ ကားေပၚကဆင္းခိုင္းသြားတာျဖစ္သည္။
"အမ အဆင္ေျပရဲ႕လား"
လမ္းသြားလမ္းလာေတြထဲမွ ဆယ္ေက်ာ္သက္ေကာင္ေလးက လက္ကိုင္ပုဝါလာေပးသည္။
"တီ...တီ..."
ထိုစဥ္ေရွ႕ကိုျပန္လည္ဆိုက္ေရာက္လာသည့္ ကား။ အတိအက်ေျပာရမယ္ဆိုရင္ ထင္ရွားသူရရဲ႕ကား။
"တက္!.."
"..."
"ေျပာေနတုန္း ေကာင္းေကာင္းတက္ ေသာ္ေသာ္"
စိတ္ထဲမွာေရာ အျပင္မွာပါ သူ႔ကို႐ြဲ႕ၿပီး ထြက္သြားခ်င္ေပမဲ့ သူမကိုကူညီေပးတဲ့ေကာင္ေလးက အခုမွ ၁၈,၁၉ေလာက္ရွိဦးမည္။ ထင္ရွားသူရ ပြဲၾကမ္းပုံနဲ႔ဆို လြယ္မွာမဟုတ္။ သူက မႏိုင္၊ႏိုင္ရာကို လုပ္မဲ့သူ။
"ပုဝါအတြက္ေက်းဇူးေနာ္ ကေလး!...အမသြားေတာ့မယ္"
"ဟုတ္ကဲ့ဗ်"
ရေဝေသာ္ကားေပၚေရာက္သည္ႏွင့္ ဝူးခနဲေမာင္းထြက္သြားသည့္ကား။ တက္လာသမွ်ေဒါသေတြထည့္ေမာင္းေနတာျဖစ္မည္။
"ျဖည္းျဖည္းေမာင္း!.."
"အင္း!.."
ရေဝေသာ္အသံေပ်ာ့ေပ်ာ့ေလးနဲ႔တားေတာ့မွ အင္းဆိုၿပီး ကားအရွိန္ပါ ေလွ်ာ့သြားသည္။
လမ္းမွာဘာစကားမွမေျပာဘဲ အိမ္ေရွ႕ထိေရာက္လာသည္။ သို႔ေသာ္ ထင္ရွားသူရ ေပးမဆင္း။
"ေလာ့ဖြင့္ေပး!.."
"ဟင့္အင္း မျပန္ရေသးဘူး"
"ငါပင္ပန္းတယ္"
ပင္ပန္းတယ္ဆိုေတာ့ သူက ရေဝေသာ္ရဲ႕ကိုယ္လုံးကို ဆြဲကာ ရင္ခြင္ထဲမွီေစသည္။
"ဘာလုပ္တာလဲ"
"မင္းပဲပင္ပန္းတယ္ဆို!.."
"ပင္ပန္းရင္ ဒီလိုရင္ခြင္ထဲဆြဲသြင္းရတယ္လို႔ဘယ္သူသင္ေပးလိုက္တာလဲ..."
"ကိုယ့္ဘာသာတတ္တာ...ဒီအ႐ြယ္ေရာက္မွ ဘယ္သူကသင္ေပးရမွာလဲ မႀကိဳက္ဘူးလား ဒါဆို..."
ျပန္ဖယ္ဖို႔လုပ္ေတာ့ ရေဝေသာ္အတင္းဆြဲဖက္ထားမိသည္။ သူႏူးညံ့ခ်ိန္က ခပ္ရွားရွားမလား။
"ဘယ္သူကမႀကိဳက္ဘူးေျပာလို႔လဲ..."
ထင္ရွားသူရက လူေအး၊ လူရႈပ္လူေပြမဟုတ္၊ သူငယ္ခ်င္းေတြကို ဟာသလုပ္တတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူ။ သို႔ေသာ္ ရေဝေသာ္အေပၚမွာေတာ့ ခြၽင္းခ်က္။ စိတ္တိုလြယ္ၿပီး ၾကမ္းတမ္းသည္။ ဒါက အစကတည္းက ထင္ရွားသူရ ရေဝေသာ္အေပၚဆက္ဆံလာတဲ့ပုံစံျဖစ္သည္။ ေကာင္းေသာေတြ႕ဆုံျခင္းမျဖစ္ခဲ့လို႔လား ဆက္ဆံပုံက တစြတ္ထိုးႏိုင္သည္။ အရာရာကို သူ႔စိတ္၊သူ႔အလိုက်။ တျခားေယာက္်ားေလးနဲ႔ဆို ေသြးဆူလြယ္သည္။ ခ်စ္မိသြားလို႔ပဲေျပာရမလား ထင္ရွားသူရသည္ ရေဝေသာ္အေပၚအရမ္းစိုးမိုးခ်င္သည္။
ရေဝေသာ္က ဒါကိုမေက်နပ္။ ေသခ်ာဖြင့္ေျပာၿပီး ခ်စ္တယ္လို႔ေျပာေပးရင္ ဘယ္သူကမေပ်ာ့ဘဲေနမွာလဲတဲ့။ တစ္ကယ္ပဲတုံးအသည့္ထင္ရွားသူရ။ အခုေတာ့ သူမကပဲေပ်ာ့ေပးေနရသည္။
"နင္ ရည္႐ြယ္မြန္နဲ႔ေစ့စပ္ထားတာ ဘယ္လိုလုပ္မွာလဲ"
ရေဝေသာ္ေျပာမွ ထိုအေၾကာင္းအရာကို သူသတိရလာသည္။ သူလည္း ကူညီဖို႔အတြက္ ေစ့စပ္ထားတာေတာ္ေလာက္ၿပီလို႔ေတြးမိပါသည္။
"မြန္ေလးနဲ႔တိုင္ပင္ဦးမယ္ ငါကတိေပးတယ္ ဖ်က္သိမ္းမွာ"
ရေဝေသာ္ေခါင္းသာၿငိမ့္မိသည္။ သူတို႔မခ်စ္တာ ေသခ်ာေပမဲ့ ထင္ရွားသူရက သူမကို ခ်စ္တာေတာ့မေသခ်ာ။
"ငါ့ကိုဘယ္လိုလုပ္မွာလဲ"
"ဘာကိုလဲ"
"ငါဗိုက္ႀကီးလာရင္ဘယ္လိုလုပ္မလဲ"
"မင္းကဘာလို႔လဲ ေဆးမေသာက္ဘူးလား"
"ေဆးကဘာလို႔ေသာက္မွာလဲ နင္အကာအကြယ္သုံးေလ"
"ဒီရက္ပိုင္းငါတို႔!..."
ထင္ရွားသူရဆက္မေျပာဘဲ ရပ္သြားသည္။ ၿပီးေနာက္ ရေဝေသာ္ကို ေသခ်ာစူးစိုက္ၾကည့္သည္။ မဟုတ္မွ။
"ဒါေၾကာင့္ေျပာတာ ငါဗိုက္ႀကီးလာရင္နင္ဘယ္လိုလုပ္မလဲလို႔"
"ဘယ္လိုလုပ္ခ်င္လဲ"
"အႏွစ္လုပ္သလိုမ်ိဳး! ငါလည္း နင္မပါဘဲ ငါ့ကေလးကို ပ်ိဳးေထာင္ခ်င္တယ္"
"စိတ္မကူးနဲ႔ ငါ့ေသြးပါတဲ့ကေလးကို ဘာကိစၥတစ္ေယာက္တည္းပ်ိဳးေထာင္ရမွာလဲ...ငါတစ္ေယာက္လုံးရွိေနတယ္ ဗိုက္ႀကီးရင္ေျပာ! တာဝန္ယူမယ္"
"ငါကေတာ့ နင္ယူတဲ့တာဝန္ကို မႀကိဳက္ဘူး"
"ဒါဆိုမေျပာေတာ့ဘူး"
ေတြ႕တိုင္းရန္ျဖစ္ရတဲ့ေန႔ေတြ၊ညေတြထဲမွာ စကားအေကာင္းေျပာေနရင္းမွ စိတ္တိုၿပီးရန္ျဖစ္ၾကတာမ်ိဳးက ေရတြက္လို႔ပင္မရ။ ခ်စ္တယ္လို႔မေျပာဘဲ အတူအိပ္တယ္။ မနက္ႏိုးလာရင္ ဘာမွမဟုတ္သလိုနဲ႔ေက်ာခိုင္းၾကတယ္။ တျခားသူနဲ႔ဆို အရမ္းသဝန္တိုၿပီး ကိုယ္တိုင္က ပိုင္ဆိုင္ခြင့္ေပးပါဆိုၿပီး မေတာင္းဆို။ ထင္ရွားသူရက မိန္းကေလးကစေျပာရင္လည္းမႀကိဳက္။ သူကိုယ္တိုင္ကလည္းမေျပာ။ နားလည္ရခက္သည္။
"တစ္ေန႔ ငါထြက္သြားမွနင္မ်က္ရည္မက်နဲ႔ထင္ရွားသူရ"
✿............✿...........✿
ဆက္ရန္