နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုငျး(၅)Unicode
အပိုင်း(၅)Zawgyi
အပိုငျး(၆) Unicode
အပိုင်း(၆)Zawgyi
အပိုငျး(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင္း(၁၀)zawgyi

အပိုင်း(အပိုင်း၁.၂) Unicode

491 61 2
By keodilan

(အပိုင်း၁.၂)

ဒီအရာတွေအာလုံးကို ဖန်းလိသိနေတယ်။ systemလည်းသိနေမယ်ဆိုတာ သူထင်တယ်။ သူ့စိတ်ပြောင်းသွားနိုင်တာကိုစိတ်ပူနေတယ်ပြီးတော့ သူတမင်တကာဖုံးကွယ်ထားတာကိုရော ပူပန်နေတယ်။

ဒါပေမဲ့ ဒါကဖန်းလိရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမှာမဟုတ်ပါဘူး။ သူတစ်ခုခုလုပ်တော့မယ်ဆိုကတည်းက ဘာမှတောင်မပြင်ဆင်ရသေးဘူး။ အရာအားလုံးမှာ အလားအလာနဲ့ အခွင့်အရေးတွေပါဝင်တယ်။မူလအလုပ်တာဝန်က ရန်ရွှီနဲ့ ရှဲ့ဟိုင်ကြားက အိပ်ယာပေါ်ကအရေးကိစ္စဆန္ဒတွေဖြစ်ပေမဲ့လည်း စာလုံးနည်းနည်းနဲ့ပြောရမယ်ဆိုရင်တောင်  တိုက်ခိုက်ခြင်းအနုပညာရဲ့ အန္တရာယ်များတဲ့ ကမ္ဘာကြီးပဲ။ မော့ကျွင်းရဲ့ နာကျင်စရာမှတ်ဥာဏ်တွေ မပါတာတောင် သူ့အတွက် ခြေလှမ်းလေးအနည်းငယ်ရွှေ့လိုက်ဖို့တောင် ခက်ခဲတယ်။ ဒီတံခါးဝကနေ အသက်ရှင်လျက်ထွက်သွားနိုင်ဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်တဲ့အရာပဲ။

မင်းရဲ့အရှေ့နဲ့အနောက်မှာရှိတဲ့ အရာအားလုံးကိုကြည့်လိုက်တယ်ဆိုရင်တောင် မင်းဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် မင်းရဲ့ကိုယ်ပိုင်နှလုံးသားကိုတောင် ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဒါဆိုရင်  တာဝန်တွေကို ခုကတည်းက လက်လျော့လိုက်တာပိုမကောင်းဘူးလား။

ကံကောင်းစွာနဲ့ပဲ ရန်ရဲ့မှတ်ဥာဏ်တွေက သိပ်မရှည်လျားပါဘူး။ နှစ်နှစ်ဆယ်စာလောက်ပါပဲ။ ဖန်းလိရဲ့ အသက်နဲ့တူတူလောက်ပါပဲ။ ပြီးတော့ဒီမှတ်ဥာဏ်တွေအားလုံးကို တခါတည်းမထည့်ရသေးဘူး။ စိတ်ထဲမှာပဲသိမ်းထားတုန်း။ လိုတဲ့အချိန်မှာပဲ လိုသလိုအသုံးပြုနိုင်တယ်။ အသုံးပြုတဲ့ချိန်မှာ အာရုံနည်းနည်းပိုစူးစိုက်ထားလိုက်ရင်ရပြီ။ မင်းကိုယ်မင်း ဒီမနှစ်မြို့စရာကောင်းတဲ့ အတိတ်ထဲမှာ မနစ်မြှုပ်သွားစေနဲ့။ ဒါမင်းကိုအများကြီးအကျိုးသက်ရောက်စေမှာမဟုတ်ဘူး။

ကန့်သတ်ထားတဲ့ကာလအတွင်းမှာပြီးမြောက်နိုင်တယ်။
[systemကမရဲတရဲပြောလိုက်တယ်: host?]

ဖန်းလိက ပြုံးပြီးပြောလိုက်တယ်။
"မင်းဘာပြောချင်လို့လဲ?"
systemက သူ့ရဲ့hostကို သေချာစွာ လေ့လာလိုက်တယ်။ ဘာမှမပြောင်းလဲတာကို တွေ့လိုက်ရတယ်။ စိတ်ပြောင်းသွားတဲ့ လက္ခဏာလည်းမတွေ့ရဘူး။ ဒါကြောင့်ပဲ သူချက်ချင်းပြေလျော့သွားပြီး အပြစ်ရှိတဲ့ စိတ်အနည်းငယ်လျော့သွားတယ်။ ဒီမှတ်ဥာဏ်တွေက hostအပေါ် သက်ရောက်မှုမရှိတဲ့ပုံပဲ။ systemကမှတ်ချက်ချလိုက်တယ်။
[system ကသတိပေးလိုက်တယ်။:မင်းရှဲ့ဟိုင်နဲ့ထွက်တွေ့ဖို့ အဆင်သင့်လုပ်ထားတော့။]

မှတ်ဥာဏ်နဲ့ဇာတ်ကြောင်းကို ဆက်စပ်ကြည့်ရရင် ဖန်းလိက ခဏလောက်တွေးဆလိုက်တယ်။ ချက်ချင်းပဲ အခြေအနေကို သဘောပေါက်သွားတယ်။
တိုက်ပွဲမှာ ယန်ကျန်းချီးက ပြင်းပြင်းထန်ထန်တိုက်ခဲ့ပြီး တပ်ဆုတ်သွားတယ်။ အပျက်အဆီးနည်းအောင်လို့ အကာအကွယ်မှော်စက်ဝိုင်းကို ဖွင့်လိုက်တယ်။ သူ့ရဲ့နောက်လိုက်တွေက အဲ့စက်ဝန်းထဲ ပြန်ဆုတ်သွားတယ်။
မော့ကျွင်းက ယန်ကျန်းချီးကို ဝိုင်းဖို့ နတ်ဆိုးအုပ်စုကို ဦးဆောင်ရတာကိုမုန်းတယ်။ တကယ်လို့ ယုရီ ကျင်း ရှဲ့ဟိုင်ကို လွှဲပြောင်းပေးပြီး သူ့ကိုယ်သူ တိရိစ္ဆာန်တစ်ကောင်လို အညံ့ခံမယ်ဆိုရင် ယန်ကျန်းချီးကို အသက်ရှင်လျက်လွှတ်ပေးဖို့ ကိစ္စမရှိပါဘူး။

နတ်ဆိုးကျင့်ကြံသူတွေက ဒီရက်ပိုင်းအတွင်း လုံးဝအနားမယူခဲ့ကြဘူး။ အစောင့်အရှောက်အဖွဲ့အစည်းကို သူတို့က တိုက်ပွဲမှာအပြင်းအထန်တိုက်ခိုက်ခဲ့ကြတယ်။ ဇာတ်ကြောင်းအရ လေးဆယ့်ကိုးရက်လောက် အဝိုင်းခံရပြီးနောက် ယန်ကျန်းချီးမှာ ရှဲ့ဟိုင်ပေါ်လာတယ်။ သူ့ရဲ့ခံနိုင်ရည်ဆုံးရှူံးလုနီးပါးပဲ။

ဒီနေ့က ​လေးဆယ့်ကိုးရက်မြောက်နေ့ပဲ။
တကယ်တော့ ယန်ကျန်းချီးက အားနည်းနေတာမဟုတ်ဘူး။ ဒီဒဏ္ဍာရီလာဝိဥာဥ်ကမ္ဘာထဲက အမတဂိုဏ်းငါးဂိုဏ်းရဲ့ ခေါင်းဆောင်အနေနဲ့ နှစ်ထောင်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီး ယန်ကျန်းချီးရဲ့ စွမ်းအားတွေကတိုးတက်လာပေမဲ့ သူဘယ်လောက်ပဲသန်မာနေပါစေ ဒါက အသင်းလေးတစ်ခုသာသာပါပဲ။ မှော်ကျင့်ကြံသူတွေ ထောင်ပေါင်းများစွာရှိကြတယ်။ တစ်ပင်တည်းကို ထောက်ပံ့ပေးဖို့ခက်ခဲတယ်။ အမတဂိုဏ်းအားလုံးက ဒီလိုမျိုးစုစည်းပြီး နတ်ဆိုးကျင့်ကြံသူတွေကို အတူတကွတိုက်ခိုက်မယ်ဆိုရင် ဘာလို့ဒီနေရာကနေ ပြုတ်ကျခဲ့ရမှာလဲ?

ကံမကောင်းစွာနဲ့ပဲ သေရမှာကို မကြောက်တဲ့လူက နည်းနည်းပဲရှိတယ်။

ဒီလေးဆယ့်ကိုးရက်အတွင်းမှာ ဂိုဏ်းသေးသေးလေးတစ်ခုကတောင်မှ လာမကူညီကြဘူး။ ယန်ကျန်းချီးကို ဒီတိမ်ကောသွားစေနိုင်တဲ့အန္တရာယ်ကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ထားခဲ့ကြတယ်။

လူ့သဘာဝဆိုတာ သွေးအေးပြီး အားနည်းတယ်။ ဒါပါပဲ။

ဖန်းလိက သရော်ပြုံးပြုံးလိုက်တယ်။ အိပ်ယာကနေထလိုက်တယ်။ မြေပြင်ပေါ်မှာ တွဲကျနေတဲ့ ထူးခြားတဲ့ဒီဇိုင်းပါတဲ့ အနက်ရောင်ပိုးထည်ဝတ်ရုံနဲ့ ။

systemကဖန်းလိကိုကြည့်လိုက်တယ်။ ဒီနေ့က ဖန်းလိနဲ့ ဇာတ်လိုက် ရှဲ့ဟိုင် ပထမဆုံးတွေ့မဲ့နေ့ပဲ။

ခုချိန်မှာ ဖန်းလိက သူ့ရဲ့လက်ကိုဆတ့်ထုတ်လိုက်တယ်။ မြေပြင်ပေါ်က ဝိုင်ခွက်က သူ့လက်ထဲ ပျံဝဲလာတယ်။ ပြီးတော့ အေးအေးဆေးဆေးသက်တောင့်သက်သာပြန်ထိုင်လိုက်တယ်။
[system:.....?]host ဇာတ်လိုက်ရှဲ့ဟိုင်ကို သွားမတွေ့ဘူးလား။

"ရှဲ့ဟိုင်ထွက်လာရင် သူ့လက်နဲ့သူကိုယ်တိုင်လာတင်ပြလိမ့်မယ်။ ငါကိုယ်တော် တကူးတကအပြင်ထွက်ပြီးလူကိုယ်တိုင်စောင့်နေစာရာမလိုဘူး။"
ဖန်းလိက ပျင်းပျင်းရိရိကြည့်လိုက်ပြီး သွားတွေကိုကျိတ်ပြီး အဓိပ္ပါယ်ပါပါပြောလိုက်တယ်။
"ဒါ့အပြင်အခု ငါကိုယ်တော်မှာ ပိုအရေးကြီးတဲ့ ကိစ္စ လုပ်စရာရှိသေးတယ်"
ရှဲ့ဟိုင်ကို ပြည့်တန်ဆာအဖြစ်လက်ခံဖို့ ​ချိန်းခြောက်လိုက်ပေမဲ့ ရှဲ့ဟိုင်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အဲ့ဒါကအရေးမကြီးဘူး။

ယန်ကျင်းချီးကို ဝိုင်းဖို့ နတ်ဆိုးအုပ်စုကို ဦးဆောင်နေရတာ ငါပင်ပန်းနေပြီ။ ရည်ရွယ်ချက်က Huai ကိုကျေးဇူးတင်ဖို့မဟုတ်ဘူး။ အမှန်တရားကိုလူသားဆန်ဆန်လုပ်တတ်ဖို့ပဲ။ ယန်ကျန်းချီးက စွမ်းအားကြီးတယ်။ ရှည်လျားထွေပြားတဲ့ သမိုင်းရှိတယ်။ ဒီကမ္ဘာမှာ ​ဂုဏ်သိက္ခာနဲ့အတော်လေးပြည့်စုံတယ်လို့ပြောရမယ်။ ယန်ကျန်းချီးက ရှဲ့ဟိုင်းကို လက်လွှဲပေးဖို့တွန်းအားပေးခံရတယ်။ ဒါကအမတ​တွေအားလုံးရဲ့မျက်နှာကိုဖျက်ရိုက်လိုက်သလိုပဲ။ ဒီချိန်မှာ ဒီနေရာမှာရှိတဲ့အရာအားလုံးက အာရုံစိုက်ခံနေရပြီ။ဘာလုပ်ရမှန်းမသိဘူးလို့ဟန်ဆောင်နေတဲ့ ကောင်းကင်အမတတွေရဲ့ မျက်နှာပေါ်က အမူအရာတွေကို ကြည့်ရတာ စိတ်ဝင်စားစရာကောင်းနေပုံရတယ်။
ရန်ရွှီက ရှဲ့ဟိုင်ကို ဒီတိုက်ပွဲမှာပဲ လှေပေါ်တင်ပြီးပြန်ပေးဆွဲသွားတယ်။ မူလပိုင်ရှင်က ဂရုမစိုက်ခဲ့ဘူး။ ဖန်းလိတောင်မှ သဘာဝကျကျ ဂရုမပြုခဲ့ဘူး။

systemတောင်အနည်းငယ်ရှုပ်ထွေးနေတုန်းပဲ။ ဇာတ်ကြောင်းအတိုင်းလိုက်လုပ်ဖို့က အရေးကြီးဆုံးမဟုတ်ဘူးလား? ပိုပြီးအရေးကြီးတာရှိသေးတာလား?ဘာလို့ငါမသိရတာလဲ?

အဲ့ချိန်မှာ တံခါးပေါ်မှာရှိတဲ့ အနက်ရောင် သင်္ကေတက ရွှေရောင်မှိတ်တုတ်မှိတ်တုတ်လင်းလာတယ်။
ဖန်းလိကသူ့လက်ကိုလှုပ်ရှားလိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။
အစေခံတစ်ယောက်ရဲ့ စောင့်ရှောက်သူအောက်ကနေ လူတစ်ယောက်က လေးလေးစားစားလမ်းလျှောက်လာတယ်။

အဲ့လူရဲ့ နက်မှောင်တဲ့ ဆံပင်ရှည်တွေကို ခေါင်းနောက်မှာစည်းနှောင်ထားတယ်။ သူ့ရဲ့မိန်းမဆန်ဆန်ချောမောလှပတဲ့မျက်နှာပေါ်မှာ ဒေါင်လိုက်ဖြစ်နေတဲ့ အနီရင့်ရောင် မျက်ဝန်းတစ်စုံကမှော်ဆန်လှတယ်။ သူကခရမ်းရင့်ရောင်ဝတ်စုံကိုဝတ်ထားပြီး ခါးမှာ အနက်ရောင် ကြာပွတ်ကို ပတ်ထားတယ်။ တလေးတစားခေါင်းငုံ့လိုက်တယ်။
အက်ကွဲနေတဲ့အသံနဲ့ "အရှင် ဒီနေ့က ခုနှစ်ကြိမ်မြောက် ခုနှစ်ဆယ့်ကိုးရက်မြောက်နေ့ဖြစ်ပါတယ်။ ယန်ကျန်းချီးရဲ့အကာအကွယ်စက်ဝန်းဟာ မတောင့်ခံနိုင်လုနီးပါးဖြစ်နေပါပြီ။ အထွေထွေတိုက်ခိုက်ခြင်းကို အရှင်ဆောင်ရွက်ချင်ပါသလား"
ဒီလူက မော့ကျွင်းရန်ရွှီရဲ့ အယုံကြည်ရဆုံးညာလက်ရုံးတော်ပဲ။ ညာလက်ရုံးတမန်တော် ဝူရီမေ့-ဒီဝတ္ထုထဲမှာ ရှဲ့ဟိုင်ကို ထိန်းချုပ်ပြီး ဖျက်ဆီးခဲ့တဲ့ ရက်စက်တဲ့ အမြှောက်စာဇာတ်ကောင်လေးပဲ။တိတ်တဆိတ်အန္တရာယ်ပေးတတ်တယ် ဥာဏ်နီဥာဏ်နက်များတယ်။ ပြီးတော့ စွမ်းအားအမြင့်ဆုံး ယောကျ်ားလေးအစေခံလည်းဖြစ်တယ်။

ဒီလို****ဝတ္ထုမျိုးမှာ ဇာတ်ကြောင်းတိုးတက်ဖို့ဆိုရင် ဝူရိမေ့လို ဇာတ်ကောင်လေးက သဘာဝတကျ လိုအပ်တယ်။ ဖန်းလိက နားလည်ကြောင်းဖော်ပြလိုက်တယ်။
သူ့ရဲ့အဆုံးသတ်ကို တွေးရုံနဲ့တင် ဒီလိုရက်စက်တဲ့အမြှောက်စာဇာတ်ကောင်လေးအပေါ်အာရုံစိုက်နေမဲ့အစား အခြားဇာတ်ကောင်တွေလို ရှဲ့ဟိုင်အပေါ် သူချစ်မိခဲ့မယ်ဆိုရင် သူမသေလောက်ဘူး။

ဖန်းလိက သူငေးနေတာကို ဖြည်းဖြည်းလေး ရုတ်သိမ်းလိုက်တယ်။ ပြန်မဖြေခဲ့ဘူး။ မျက်ခွံတွေကို အောက်ချပြီး ဝိုင်ခွက်ထဲ ဖြည့်နေခဲ့တယ်။ ဖန်ခွက်ထဲကအရည်တွေက အကြည်ရောင်ဖြစ်နေခဲ့တယ်။ လေထုထဲမှာ ဝိုင်နံ့တွေ ပြန့်နှံ့သွားတယ်။ သူက ဝူရိမေ့ရဲ့ စကားလုံးကိုပြန်မဖြေခဲ့ဘူး။ ခေါင်းကိုငုံ့ထားပြီး ထောင့်မှာ မတ်တပ်ရပ်နေတဲ့သူကို ကြည့်လိုက်တယ်။ အစေခံက ဖြည်းဖြည်းလေးပြုံး​ပြလိုက်တယ်။
"မင်းငါကိုယ်တော်အတွက် အချိန်အကြာကြီး
အတွက်  အမှုထမ်းပြီးပြီလေ။ ပြီးတော့ ငါကိုယ်တော်ရဲ့ ယုံကြည်မှုကိုလည်းရပြီးနေပြီ။ ငါမင်းကိုဒီဝိုင်ခွက်နဲ့ဂုဏ်ပြုပေးမယ်။"

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အစေခံက ရုတ်တရက်သူ့မျက်လုံးတွေကို မော့လိုက်တယ်။ သူ့မျက်လုံးထဲမှာ ထူးဆန်းပြီးအေးစက်တဲ့ အလင်းရောင်လက်သွားတယ်။ သူ့ရဲ့ဒွါရခြောက်ပေါက်ကနေသွေးတွေထွက်လာတယ်။ မြေပြင်ပေါ်သို့မတ်မတ်ကြီးလဲကျသွားတယ်။ ချက်ချင်းဆိုသလို အသက်ရှူရပ်သွားတယ်။

(T/N ဆက်ဖတ်ပါ။ ဒါမှနားလည်နိုင်မှာပါ။)

ဝူရိမေ့က ရုတ်တရက် ထိတ်လန့်သွားတယ်။ ချက်ချင်းကို သဘောပေါက်သွားတယ်။ အစေခံရဲ့ ခန္ဓာကိုယ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အသံသြသြကြီးနဲ့ပြောလိုက်တယ်။
"သူဘယ်လိုတောင်အရှင့်ကို အဆိပ်ခတ်ရဲတာလဲ? အရှင်ဘာလို့သူ့ကို ရှင်လျက်မထားတာလဲ?ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်က ခိုင်းစေတဲ့ ကြိုးကိုင်သူကို ဒီလက်အောက်ငယ်သားရှာဖွေခဲ့ပါ့မယ်။"
ဒီဝိဥာဥ်သန့်စင်ခြင်းမျှော်စင်ဟာဆိုရင် နတ်ဆိုးဘုရင်ရဲ့ မှော်လက်နက်ဖြစ်တယ်။  အဲ့ဒီမျှော်စင်က နတ်ဆိုးဘုရင်ရဲ့ ပိုင်နက်အတွင်းမှာရှိတယ်။ အရှင်သာအလိုမရှိဘူးဆိုရင် ဒီလူက မကောင်းမှုရဲ့ အကြောက်တရားကြောင့် ကိုယ့်ကိုကို အဆုံးစီရင်ခွင့်တောင်ဘယ်တော့မှရမှာမဟုတ်ဘူး။ အရှင်က ဒီလူသေတာကိုကြည့်ရုံကြည့်နေတယ်။ သူ့မျက်လုံးတွေ.......
ဖြစ်နိုင်တာက .......................

ဖန်းလိက သူ့လက်ထဲက ဝိုင်ခွက်ကို ငြင်ငြင်သာသာချလိုက်တယ်။ ဝူရိမေ့ကို ပြုံးပြလိုက်တယ်။
"ငါအဆင်ပြေပါတယ်။ ငါဘာလုပ်နေလဲဆိုတာငါသိတယ်။"

သူ့မှာလူတွေကိုဖျက်ဆီးဖို့ ဝါသနာမရှိဘူး။ လူတွေကိုလုံးဝမသတ်ချင်ဘူး။ သူလက်တွေညစ်ပတ်သွားမှာမကြိုက်ဘူး။ ဒီလူသူ့ကိုသူမသတ်သေခင် ဒီလိုလုပ်လိက်ုတာကပိုကောင်းပါတယ်။ မကောင်းမှုကို ကျူးလွန်ထားတဲ့နတ်ဆိုးတစ်ယောက်က အရှင့်ကို သစ္စာဖောက်ပြီး ဂုဏ်ကျက်သရေကို ရှာဖွေတဲ့သူက သေခြင်းတရားနဲ့ပဲ ထိုက်တန်တယ်။ မြင့်မြတ်တဲ့လက်တွေရှိပြီးသား ဒိလိုလူမျိုးကို လူတိုင်းကသနားသင့်တယ်။ သူ့ကိုပျောက်ပျော်ကြီးသေခွင့်ပြုသင့်တယ်။
တစ်နည်းပြောရမယ်ဆိုရင် သူ ဝူရိမေ့လက်ထဲ ဒီလူကိုလွှဲပေးလိုက်ရင် သေဆုံးခြင်းမဟုတ်တဲ့ရှင်သန်ရမဲ့အဓိပ္ပါယ်ကို သေချာသိနေတယ်။ သေဆုံးခြင်းက ပိုကောင်းပါတယ်။
ဒါ့အပြင် တိတိကျကျပြောရမယ်ဆိုရင် ဒီလူရဲ့လက်ထဲမှာ သေရတာကပျင်းစရာကောင်းလွန်းတယ်လေ။ အသက်တစ်သက်အတွက် အသက်တစ်ခု.. ဒါကမျှတပါတယ်လေ။

[systemကအနည်းငယ်ထိတ်လန့်လျက်-ဘာ*****ပြဿနာတွေဖြစ်နေတာလဲဟ?]
[ဖန်းလိ: မင်းဝူရိမေ့ ခုပြောလိုက်တာကို မကြားဘူးလား?]
[system:.........] ခုတော့သူတကယ်ကို အံ့သြသွားတယ်။ သူဒီလိုသေမယ်ဆိုတာကို မ​မျှော်လင့်ခဲ့ဘူး။ သူ
ထိန်းမနိုင်သိမ်းမရလောက်အောင် ကြောက်စိတ်ဝင်သွားပြီး လူတွေရှိနေတာကိုတောင်မေ့သွားတယ်။ ကံကောင်းစွာနဲ့ သူ့hostက ဥာဏ်ကောင်းနေခဲ့တာပဲ။ သူဘယ်လိုတုန့်ပြန်ရမလဲသိနေခဲ့တာပဲ။ မဟုတ်ရင် ဒီထက်ပိုဆိုးတာကြီးဖြစ်လာနိုင်တယ်။
[system: ငါကြားပါတယ်။ ဒါက မတော်တဆတစ်ခုပါပဲ.....]
[ဖန်းလိ: ငါကပိုတောင်အံ့ဩရတယ်။ မင်း ရန်ရွှီဘယ်လိုသေသွားလဲဆိုတာကို တွေးကြည့်ဖူးလား?]

[system:...........]

[ဖန်းလိကဖြည်းဖြည်းချင်းပြောလိုက်တယ်:မင်းအသက်ရှင်နေရင် ဇာတ်ကြောင်းကို လိုက်နာနိုင်တာပေါ့].
ဖန်းလိက လက်ချောင်းလေးတွေနဲ့ စားပွဲခုံကို ပေါ့ပေါ့ပါးပါးခေါက်လိုက်တယ်။ နောက်ကွယ်ကကြိုးကိုင်သူကဘယ်သူလဲ? စာပိုဒ်တစ်ပိုဒ်လုံးကို ဖတ်ခြင်းအားဖြင့်  အခြေခံကျကျ ဒါကိုသူသိတယ်။

ဒါကမတော်တဆပဲ။
ဒီလိဟန်အဆိပ်က ကမ္ဘာပေါ်မှာ ရှားပါးတဲ့ အမျိုးအစားဖြစ်ပေမဲ့ ဒါက ရန်ရွှီကို မသေစေနိုင်ဘူး။ ရန်ရွှီကျင့်ကြံနေတုန်းမှာ နတ်ဆိုးနှလုံးသားက သူ့ကိုအကျိုးအများကြီးဖြစ်ထွန်းစေခဲ့ပေမဲ့လည်း သူအသိစိတ်ပျောက်ပြီး လိဟန်အဆိပ်အောက်မှာ သေဆုံးသွားခဲ့ရတယ်။ ရန်ရွှီရဲ့သေဆုံးမှုက အလွန်ဖြစ်နိုင်ချေနည်းတဲ့ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ခဲ့တယ်။ မူလစာအုပ်ထဲမှာ ဒီအကြောင်းကို လုံးဝထည့်မရေးထားဘူး။ မဖြစ်သင့်တာဖြစ်ခဲ့တာလား ဒါမှမဟုတ် အဆိပ်ခပ်ခံရပြီးမှ မသေခဲ့ဘဲ ကောလဟာလဖြန့်ခံရတာလား?
*****မှာပဲအာရုံစိုက်ထားတဲ့ ဒီဦးနှေက်မရှိတဲ့ Rအဆင့်ဝတ္ထုက ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးထဲ ပါဝင်လာပြီးနောက်ပိုင်း မူလဇာတ်ကြောင်းက ရေထဲမှာရှိနေတဲ့ ရေခဲတောင်ရဲ့ထိပ်ပိုင်းသာသာပဲ ဖြစ်နေတယ်။
သတင်းအချက်အလက်ပမာဏက အရမ်းကို ကန့်သတ်ထားတာပဲ။ ပြီးတော့ ဖန်းလိ ခဏအတွင်းတော့ ဇာတ်လမ်းရဲ့နောက်ဆုံးပိုင်းကိုရောက်နိုင်မှာမဟုတ်သေးဘူး။ ဒီပြဿနာရဲ့ အခြေအမြစ်ကို မရောက်နိုင်တာကိုလည်း သူသိနေတယ်။ ပထမဆုံး ဒီကိစ္စရဲ့ နောက်ကွယ်ကလူက အရေးပါတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ရမယ်။ သူ့ကို ဒီဇာတ်ကွက်အတွက် သီးသန့်ထားရမယ်။ ဒုတိယအနေနဲ့ ဒီနတ်ဆိုးဂိုဏ်းထဲမှာသူ့ကို သတ်ချင်နေတဲ့သူက မရေမတွက်နိုင်အောင်ရှိတယ်။ သူတို့ရဲ့ စိတ်ထဲမှာအစီအစဥ်တွေရှိနေမှာပဲ။ ကုန်ကုန်ပြောရရင် သုံးနိုင်တဲ့ယောက်ျားမရှိတာပဲ။
ဒါပေမဲ့ ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေတယ်။ ကွဲပြားချက်တွေ ကျန်ခဲ့လိုမရဘူး။ တကြိမ်တည်းနဲ့ပြီးဆုံးသွားလိမ့်မယ်။
ငါရူးတော့မှာပဲ။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွန်အမင်းကိုအားနည်းနေတဲ့အချိန်ပဲ။ ငါကြောက်နေလို့မရဘူး။ တစ်နည်း အခြားတစ်ဖက်က သူ့ကိုဆုတ်ဖြဲပြီး အရိုးပါမကျန်စားသောက်ဖို့ အခွင့်အရေးကို ယူလိမ့်မယ်။

ဒါကြောင့် ဒီလူကို သူ့ဘာသာ ချီတက်လာအောင် တိုက်ခိုက်အောင် တပ်ဆုတ်အောင် ကာကွယ်အောင် ငါဗျူဟာသေးသေးလေးကို သုံးရမယ်။ မင်းဒီနောက်ကွယ်ကလူကို လှန်စရာမလိုပါဘူး။ မင်း တစ်ဖက်လူကို အခြားတစ်ဖက်အား မနာလိုအောင် သိုသိုဝှက်ဝှက်တိုက်ခိုက်လို့ရတယ်။
(T/N-ကိုယ်ထင်တာကလေ သူ့ကိုအဆိပ်ခတ်တဲ့လူရဲ့ ရန်သူကို သူ့ရဲ့ ရန်သူနဲ့တိုက်ပေးမှာထင်တယ်။ကိုယ်လည်းသိဘူး။)

မြင်သာအောင်ပြလိုက်လား မပြလိုက်လားဆိုတာ စဥ်းစားစမ်း။ ချုန်ဟောင်နဲ့က စာရင်းရှင်းပြီးသား။ အနည်းဆုံးတော့ ငါ့ကိုယ်ငါ အချိန်တိုအတွင်းထိခိုက်အောင် လုပ်ရဲမှာမဟုတ်ဘူး။

ဝူရိမေ့က ဘေးနားလေးမှာ တိတ်တိတ်လေး မတ်တပ်ရပ်နေခဲ့တယ်။ နတ်ဆိုးဂိုဏ်းရဲ့ စည်းမျဥ်းက တောနက်ကြီးရဲ့ စည်းမျဥ်းပဲ။ နတ်ဆိုးအဖွဲ့က မခုခံရဲကြဘူး။ ဘာလို့လဲဆိုတော့ နတ်ဆိုးအရှင်ကြောင့်ပဲ။ ဒါပေမဲ့ အခွင့်ရေးနည်းနည်းလောက်ပေးလိုက်တာနဲ့ နတ်ဆိုးဘုရင်ကို သတ်ချင်နေကြတယ်။
အရှင်က သူ့ရှေ့မှာ ဒါကိုလုပ်ပြတယ်ဆိုတော့ မျောက်တွေကို ခြောက်ဖို့ ကြက်တွေကိုသတ်ပြသလိုလား?
ဝူရိမေ့ မျက်လွှာချလိုက်ပြီး ဒူးတစ်ဖက်ထောက်လိုက်တယ်။ ပြီးတော့ တစ်လုံးချင်းစီပြောလိုက်တယ်။
"အရှင့်ရဲ့ငယ်သားက အရှင့်ကို ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး"
ဖန်းလိ တွေးတောနေရာမှ အသိစိတ်တွေ ပြန်ဝင်လာတယ်။ ဝူရိမေ့ရဲ့ ကျက်သရေရှိပြီး တည်ကြည်လေးနက်တဲ့အသွင်အပြင်ကို မြင်လိုက်ရတယ်။ စာတစ်ပိုဒ်လုံးကိုဖတ်ပြီးတဲ့နောက်မှာ သူအခိုင်အမာယုံကြည်တယ်။ သူထင်တယ် ဝူရိမေ့ အတွေးလွန်နေတာကို။ သူ့နှုတ်ခမ်းထောင့်ကို မမြှင့်တက်ဘဲ မနေနိုင်ခဲ့ဘူး။ ခံစားချက်အပြည့်နဲ့ ပြုံးလိုက်ပြီး ''ငါယုံတယ်"

ဘာလို့လဲဆိုတော့ နောက်ဆုံးအချိန်ထိ ဖူချုန်တောင်မှာ နေပြီးသူနဲ့အတူသေဖို့ဆန္ဒရှိတဲ့ တစ်ဦးတည်းသောသူက ဒီအမြှောက်စာဇာတ်ကောင်လေးမို့လို့ပဲ။

Continue Reading

You'll Also Like

711 64 12
After Transmigrating Into An Idol Talent Show 穿进男团选秀后 Author 十六春令 All Credit to original author >< Episodes 241 + Fanwei 10Episodes (Completed) in Et...
18.2K 320 16
Warning ⚠️ This book is not suitable for people under 13, so please read at your own risk! -FLICKER-- There was a guy named Austin who was at the sho...
444K 24.5K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...