🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(44)
အနှစ်ပြန်နိုးလာတော့ ဆေးရုံပေါ်မှာ။ နောက်ဆုံးမေ့လဲသွားတာ ခန္ဓာကိုယ်တစ်ခုခုဖြစ်လို့မဟုတ်ဘဲ မေ့ဆေးပုဝါနဲ့ အုပ်ခံရတယ်ဆိုတာတော့သိလိုက်သည်။ ကြည့်ရတာ ဖိုးသားကအချိန်မီကယ်တင်လိုက်နိုင်တဲ့ပုံပါပဲ။
"မေမေ သတိရလာပြီလား"
အနှစ်နိုးလာတော့ သမီးလေးက အနားရောက်လာသည်။ သမီးမျက်နှာသည် သူမကိုစိတ်ပူ၍ ငိုမဲ့မဲ့။
"အင်း!..သမီးလေး အများကြီးစိတ်ပူသွားလား"
"အင်း စိတ်ပူတယ်...မေမေကမေ့နေတယ် ဖေဖေကလည်း ဒဏ်ရာတွေနဲ့ မေ့နေတယ် စိတ်ပူတယ် အရမ်း"
"ဖေဖေ?"
သမီးရဲ့ဖေဖေဆိုတဲ့စကားကြောင့် အနှစ်ချက်ချင်းထထိုင်မိသွားကာ သမီးလေးကို ကြည့်ဖြစ်သည်။
"ဖေဖေဟိုဘက်ခန်းမှာ..."
"သမီးလေး မေမေ ဖေဖေ့ကို ကြည့်ချင်လို့ ခေါ်သွားပေးမလား"
"ဟုတ်..."
ထိုအချိန် ရေသွားခပ်ရာမှ ပြန်ရောက်လာသည့်မွန်လေးက ဝင်ပြောသည်။
"ခဏ နားလိုက်ပါလား အနှစ်! စက်ဝန်းကထွက်မပြေးပါဘူး...မဟုတ်ဘူး ထွက်မပြေးနိုင်ဘူး"
"သူ အများကြီးထိခိုက်ထားလားဆိုတာ ငါသွားကြည့်မှရမယ် မွန်လေး"
"အခုသွားရင် မေ့လဲနေတဲ့သူ့ကိုဘာပြောမှာလဲ သတိရလာရင် ခေါ်သွားပေးမယ်...နင်အချိန်အကြာကြီးမေ့လဲနေတာ အဲ့တာ မေ့ဆေးအရှိန်ကြောင့်ပဲမဟုတ်ဘူးသိရဲ့လား နင်ပင်ပန်းလွန်းလို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိတော့ဘဲ ဆေးရုံရောက်လာတာ"
"သူ!.."
"သူ သေမင်းဆီက ပြန်လွှတ်လာပြီ စိတ်ချလက်ချနားလို့ရတယ် ငါပြောတာယုံ"
"ဒါပေမဲ့ ငါ မျက်မြင်တွေ့ချင်တယ် သူမသေဘဲပြန်ရှင်လာတယ်ဆိုတာ ငါအခုမှသိရတာ ရှေ့ရက်တွေမှာ သူသေပြီဆိုတဲ့စိတ်နဲ့ဖြတ်သန်းခဲ့ရတာ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ ငါ့ကို မျက်နှာလေးမြင်ခွင့်ပေးပါ ကျေးဇူးပြုပြီး...ငါကြည့်ယုံပဲကြည့်မှာပါ"
အနှစ် ဆေးပိုက်တွေဆွဲဖြုတ်ပြီး အပြင်ကိုပြေးထွက်သွားသည်။
မွန်လေးက ဘာလုပ်ရမယ်မှန်းမသိတော့ဘဲ ကြောင်ရပ်နေမိတော့သည်။
သေသွားပြီဆိုတဲ့သူက ပြန်ရှင်ပြီး သတိမေ့နေတဲ့အနေအထားနဲ့နှစ်ယောက်လုံးဆေးရုံရောက်လာကြတယ်။ ဒါ့အပြင် လူဆိုးတစ်စုကိုပါဖမ်းလိုက်နိုင်သည်တဲ့။ စက်ဝန်းအတွင်းရေးမှူးပြောတာတော့ အနှစ်ကိုကာကွယ်ဖို့လုပ်ခဲ့တာတဲ့။ အနှစ်က ဘယ်တုန်းက လူဆိုးတွေနဲ့ပတ်သတ်မိသွားတာလဲ။ သေချာပြန်စဉ်းစားကြည့်ရင် သူမက နှစ်နှစ်လောက် လှဲအိပ်နေရသလိုပဲ။ အဖြစ်အပျက်တစ်ချို့ကကီးမကိုက်တော့။
"ငါမေ့လဲတာ အကြာကြီးမို့လို့လား..."
✿............✿...........✿
တစ်ကယ်တော့ စက်ဝန်းသည် မသေဘဲ ထိခိုက်ဒဏ်ရာရယုံသာဖြစ်သည်။ ထိခိုက်ဒဏ်ရာဆို၍ အသေစားထိခိုက်မှုတော့မဟုတ်။ သေခါနီးနီး ဒဏ်ရာမျိုးပင်။ ဦးမိုက်ဆန်ဂျေက သခင်ကျော်ဇောပြောတဲ့အတိုင်း စက်ဝန်းကို သတ်ဖို့ကြိုးစားခဲ့သည်။ သို့သော် နှစ်ကာလရှည် စီအီးအို-ရှေ့နေဖြစ်တဲ့အလျောက် သက်ညာပေးခဲ့သည်။ ခန္ဓာကိုယ်ရဲ့အဓိကအစိတ်အပိုင်းတစ်ချို့ကိုမထိစေဘဲ တိုက်ခိုက်ခဲ့သည်။ ဘယ်ဘက်ဝမ်းဗိုက်မှာ ဓားဒဏ်ရာတစ်ချက်ဖြင့်သာ အဆုံးသတ်စေခဲ့ပြီး စက်ဝန်းကို သူ့ဖခင်ရှိရာစင်ကာပူကိုပို့ပစ်ခဲ့သည်။ မြန်မာနိုင်ငံမှာ စက်ဝန်းအလွန်သည် သေလူ။ စက်ဝန်းကိုထိုသို့ကယ်ခဲ့တာဖြစ်သည်။
"စီအီးအိုက နောက်ပိုင်းကျ ဆရာကတော်ကို သခင်ကျော်ဇောလက်ထဲ အပ်တော့မှာ...စီအီးအိုက ဆရာကိုပဲကယ်မယ် ဆရာကတော်တို့ကိုတော့ မကယ်ပေးနိုင်ဘူးတဲ့ ဆရာကတော်တို့ကိုပါကယ်တင်ပေးမယ်ဆိုရင် သခင်ကျော်ဇောရွယ်ထားတဲ့ဓားဦးက စီအီးအိုဘက်လှည့်လာနိုင်တာကြောင့်လေ...သူ့အသက်ကိုစတေးရသည်အထိတော့ မကယ်နိုင်ဘူးတဲ့...ဒါကြောင့် ကျွန်တော်လည်း ဘယ်လိုမှမတတ်နိုင်ဘဲ ဆရာသေပြီလို့ပြောခဲ့တာပါ ဒါမှ စီအီးအိုလည်းမထိခိုက်ဘဲ ဆရာကတော်လည်းမထိခိုက်မှာ"
ဇေယျာခန့်က ဆက်ပြီးရှင်းပြသည်။
"တော်သေးတာက ဆရာ စင်ကာပူရောက်ပြီးသုံးရက်အကြာပြန်နိုးလာခဲ့တယ် စီအီးအိုကယ်ထားတဲ့ကိစ္စပြောပြတော့ နာနေတဲ့ဒဏ်ရာမှမထောက် မြန်မာနိုင်ငံကို အတင်းပြန်လာဖို့လုပ်တယ် ဒါပေမဲ့ စိတ်ကရှေ့ရောက်ရင်တောင် ခန္ဓာကိုယ်က ရှေ့ရောက်ဦးမှကို ဒါကြောင့် ဒီကို ဆရာ့ရက်လည်နေ့မှရောက်လာတယ်"
"ဆရာက ဆရာကတော်ကို ပြေးတွေ့ချင်ပေမဲ့ သခင်ကျော်ဇောကြောင့် မလုပ်နိုင်ခဲ့ဘူး ဒါကြောင့် ဒီလိုပုန်းရှိုးနေရတာပါ"
ဒါဆို အဲ့နေ့က သူ့အငွေ့အသက်ခံစားခဲ့ရတာ တစ်ကယ်ဖြစ်လိမ့်မည်။ ထွက်သွားတဲ့ကားကို သေချာမြင်လိုက်ရသည်။
"ကျွန်တော်တို့ ဖိုးသားနဲ့ဆက်သွယ်ပြီး သေချာစီစဉ်ခဲ့ရတယ် ဒါကြောင့် ဆရာကတော်ကိုကယ်နိုင်ခဲ့တာ...ဆရာက တစ်ကယ်ကိုချီးကျူးစရာပါ ဒီလောက်ဒဏ်ရာရနေတာတောင် ဆရာကတော်ကို ကယ်ဖို့ကိုယ်တိုင်သွားခဲ့သေးတယ် တော်သေးတာက သခင်ကျော်ဇောထက် ကျွန်တော်တို့က ခြေတစ်လှမ်းသာသွားတယ် ဆရာဆို သခင်ကျော်ဇောကိုသတ်ပြစ်လုနီးနီးပဲ လူနဲ့တောင်မတူဘူး အဲ့ကောင် ဒီတစ်သက် ထောင်ထဲကမထွက်ရတော့ဘူးဆိုတာ သေချာတယ်...ဒါကြောင့် လွန်ခဲ့တဲ့ငါးနှစ်က အပြစ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျ"
ဇေယျာခန့်ရှင်းပြတုန်းက ဘာစကားတစ်ခွန်းမှမပြောဘဲ ငြိမ်ပြီးနားထောင်နေတဲ့အနှစ်က ကုတင်ပေါ်မှာ ငြိမ်သက်စွာအိပ်ပျော်နေတဲ့သူ့ကို ငေးကြည့်ရင်းမှဖြေလာသည်။
"အရင်ကအပြစ်ကို အစကတည်းက မမြင်ခဲ့ဘူး...သူကထုတ်မပြောတတ်သလို ကျွန်မကလည်း မမြင်ပေးခဲ့တာပါ...ကျွန်မတို့က အတူတူပါပဲ ဒါကြောင့်မို့ သူ့ကိုအပြစ်မမြင်ပါဘူး ဒီတိုင်း စိတ်ဆိုးခဲ့ယုံပါပဲ"
✿............✿...........✿
အရင်ရက်က ဖိုးသား စကားတစ်ချို့ပြောခဲ့သည်။
"ကိုစက်ဝန်းက မနှစ်ကိုတော့ အရမ်းချစ်တဲ့ပုံပဲ..."
ဖိုးသားဆီမှ ကြားရခဲသည့်စကားကြောင့် အနှစ်မျက်လုံးလေးပြူးသွား၏။ သူက ဖိုးသားကိုရောပြောခဲ့သေးတာလား။
"တစ်ရက်က ကျွန်တော့်ကိုလာတွေ့တယ်"
"..."
"ဒီလိုတွေဖြစ်မှာ သိနေတဲ့ပုံပဲ မနှစ်အပေါ်ကျရောက်မဲ့ထိခိုက်မှုတွေကို သူပဲခံယူမယ်တဲ့ သခင်ကျော်ဇောနဲ့ဖြစ်ခဲ့တဲ့အကြောင်းကို လုံးစေ့ပတ်စေ့မေးတယ် ပျက်သွားတဲ့ဂိုဏ်းအကြောင်းကိုလည်း တရားမဝင်နည်းနဲ့စုံစမ်းတဲ့ပုံပါပဲ ကျွန်တော့်ကိုလည်း မနှစ်ကိုစောင့်ရှောက်ပေးဖို့မှာတယ် ဘာပဲဖြစ်ဖြစ် သူ့ကြောင့် မနှစ်ဘေးကင်းတာပါ...ကျွန်တော့်အထင် သူ့လောက် မနှစ်ကို ချစ်ပေးနိုင်တဲ့သူရှိလာမှာမဟုတ်တော့ပါဘူး"
မာနကြီးတဲ့သူတွေ အချစ်မှာ ကျရှုံးသွားရင် အရူးမူးပဲဆိုတာ ဒါမျိုးဖြစ်ရမယ်။ ဒါပေမဲ့လည်း ချစ်ကြသူတိုင်းက သူတို့ချစ်ရသူအတွက်ဆို အစွမ်းကုန်ပေးဆပ်တတ်ကြတာပဲမလား။ ကိုစက်ဝန်းလည်း ဒီလိုပဲဖြစ်လိမ့်မယ်။
ဖိုးသားဝမ်းသာမိသည်။ တစ်ကယ်ပါ။
တစ်ဖက်သတ်ချစ်ရသူကို ရက်ရက်ရောရော တခြားသူနဲ့ သဘောတူမိတာ ပထမဆုံးပင်။
✿............✿...........✿
"မရဘူး မေမေသောက်ရမယ်"
အချစ်က ခါးထောက်ကာ အနှစ်ရှေ့ကို ဆန်ပြုတ်ခွံ့ကျွေးသည်။ အနှစ်က မသောက်ချင်၍ ရှောင်သည်။
"မေမေမသောက်ချင်ဘူး"
"ဟင့်အင်း မေမေအားရှိအောင်သောက်မှရမယ်"
"မေမေမှ ဆန်ပြုတ်မကြိုက်တာ"
"ကြိုက်လိုက်ပါ..."
"အချစ်ကလည်း မကြိုက်ပါဘူးဆို"
"ဟင့် အချစ်က ဘွားဘွားကို မေမေစားဖို့အတွက်ဆိုပြီ ပြုတ်ဖို့တောင်းဆိုခဲ့တာ...မေမေဆန်ပြုတ်မကြိုက်ရင် ဘွားဘွားအစကတည်းက ပြောမှာပေါ့ အခုကဘာမပြောဘဲ ဆန်ပြုတ်လုပ်ပေးခဲ့တာ ဟုတ်တယ်မို့လား တီတီမွန်လေး"
"အင်း!.."
မွန်လေးက သရက်သီးခွါနေရာမှလှမ်းဖြေသည်။
"မေမေမသောက်ချင်ဘူး"
"တစ်ကယ်လို့ မေမေအကုန်မသောက်ရင် ဖေဖေကို မတွေ့ရဘူး"
"ဟင် ဘာဆိုင်လို့လဲ"
"ဆိုင်တယ် နော့် တီတီ"
"အင်း အချစ်မှန်တယ်"
မွန်လေးကလည်း အချစ်ကိုမြှောက်ပေးသည်။ အနှစ် မွန်လေးကို မျက်စောင်းထိုးပြီး ဆန်ပြုတ်ကို နှာခေါင်းပိတ်ကာ မြိုချရသည်။
ဒါက အချစ်က သူ့အမေကို ဆန်ပြုတ်အတင်းသောက်ခိုင်းသည့် ချစ်စရာမြင်ကွင်းပင်။
✿............✿...........✿
"လူနာသတိရလာပါပြီ..."
ဆေးရုံတက်နေစဉ်အတွင်း နေ့ခင်းနေ့လည် အချစ်ကို သိပ်ရင်း အနှစ်ပါလိုက်အိပ်ဖြစ်သည်။ ပုံမှန်ဆို အချစ်နဲ့အတူတူနိုးနေကျဆိုပေမဲ့ ဒီနေ့တော့ အနှစ်ကစောနိုးနေခဲ့သည်။ စက်ဝန်းသတိရလာရင် လာပြောပေးပါဆိုပြီး တောင်းဆိုထားခံရတဲ့ သူနာပြုမလေးက သူ့တာဝန်အတိုင်း လာပြောပေးသည်။ သူမ အမြန်ပင် ကုတင်ပေါ်က ဆင်းလိုက်ပြီး တစ်ဖက်အခန်းကို ပြေးလာခဲ့သည်။
"စက်ဝန်း.."
"အနှစ် မင်းဘာမှမဖြစ်ဘူးနော် အာ့"
ဗိုက်ကဒဏ်ရာကိုမေ့ပြီး ခပ်မြန်မြန်ထလိုက်တော့ နာကျင်မှုက ဘာနဲ့မှဖြေလို့မရ။
"ဟင် ရရဲ့လား"
"အင်း ရတယ် မင်းရော ဘယ်နားထိသွားသေးလဲ"
"ဟင့်အင်း မထိဘူး ကိုကိုအချိန်မီကယ်နိုင်ပါတယ်"
"တော်သေးတယ် တစ်ကယ်တော်သေးတယ်"
စက်ဝန်းက သူမကိုယ်လေးကို ရင်ခွင်ထဲဆွဲသင်းသည်။ ပြီးနောက် ဆံပင်တွေကြားထဲ မျက်နှာတိုးဝှေ့ကာ နမ်းသည်။
"နောက်ခါ သေတယ်ဆိုပြီး မခြောက်ပါနဲ့...ကျွန်မလည်း သရုပ်ဆောင်တတ်ပါတယ် ရှင်သေတယ်ကြားတုန်းက ကျွန်မဘယ်လောက်တောင်လန့်သွားလဲသိလား...ဆေးရုံမှာ ရှင်နဲ့တစ်ပုံစံတည်းတူတဲ့လူကိုတွေ့တော့ ကျွန်မပါလိုက်ပြီးသေချင်သွားတာ"
"ကိုယ်ကံကောင်းတာပဲပေါ့ မင်းယုံသွားတယ်လေ ဒါကြောင့် အခုလို သဲလေးမထိခိုက်ဘဲ ပြီးသွားတာ"
"ရှင်ထိခိုက်တော့ရော ကောင်းလား...ရှင်ကိုတော့ ဘယ်လိုလုပ်ရမလဲတောင်မသိဘူး တစ်ဖက်သားရဲ့စိတ်ကိုလုံးဝထည့်မစဉ်းစားပေးဘူး လွန်ခဲ့တဲ့ငါးနှစ်ကရော အခုရော တူတူပဲ"
"သဲလေး!.."
"ကတိပေးပါ နောက်တစ်ခါ ကျွန်မကိုကာကွယ်ဖို့ဖြစ်စေ...ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဖြစ်စေ ကျွန်မခွင့်မပြုချက်မရှိဘဲမလုပ်ရဘူး လုပ်မယ်ဆိုရင် ကျွန်မကိုတိုင်ပင် ကိုစက်ဝန်းအလွန် ရှင်ကအပြစ်ကို နှစ်ခါကျူးလွန်ထားတာ ကတိပေးယုံကလွဲပြီး ရှင့်မှာ ဘာထွက်ပေါက်မှမရှိဘူး...ငြင်းဆိုလို့လည်းမရဘူး"
"အင်းပါ ဟုတ်ပါပြီ နောက်တစ်ခါလည်း လိမ်စရာမရှိတော့ပါဘူး...ကတိပေးတယ်"
သူ့ကတိက မယုံရပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီလိုလူမျိုးကို ချစ်မိတဲ့သူမကပဲ အလျှော့ပေးရမှာပေါ့။
အကယ်၍ နောက်တစ်ခါ အနှစ်ထိခိုက်မယ်ဆိုတာသူကြိုသိရင် သူကအသိမပေးဘဲ ထပ်ပြီးကာကွယ်ပေးမှာပဲ။ သူမှမဟုတ်။ ယောက်ျားလေးအများစုက သူတို့ချစ်တဲ့မိန်းကလေးကို ထိုသို့ကာကွယ်ပေးလိမ့်မည်။
"လာပါဦး ရင်ခွင်ထဲ လိုလိုလားလားမထည့်ဖက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ"
စက်ဝန်းက လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည့်အခါ အနှစ်လိုလိုလားလားနဲ့ပင် ခိုဝင်မိသည်။
"လွမ်းနေတာ"
"ကိုကိုဇာတ်ညွှန်းရေးတာပဲ ကိုကို့အပြစ်ပဲ"
"သဲလေးကမလွမ်းဘူးလား"
"ကိုကိုသာတစ်ကယ်သေရင်တော့ လွမ်းတာပေါ့"
"ကြည့်စမ်း ကိုယ့်ကို တစ်ကယ်သေစေချင်နေတာ"
"အဟင်း ဟုတ်တယ်"
"သဲလေးနော်...အာ့..."
လက်ကိုအားသုံးပြီး ခန္ဓာကိုယ်ကိုပါ အားပြုလိုက်တာမို့ သူမခန္ဓာကိုယ်ကို ညစ်နေတဲ့သူ့လက်မှာအားပျော့သွားသည်။ ချုပ်ရိုးက မကျက်သေးလို့ဖြစ်မည်။
"အရမ်းနာတာလား"
"သိပ်မနာပါဘူး"
"ငြိမ်ငြိမ်လေးနေလိုက်တော့ ဒဏ်ရာက သွေးပြန်ထွက်လာလိမ့်မယ်"
"အင်း..."
သူက ကုတင်ပေါ် ပက်လက်ပြန်လှဲလိုက်ကာ သူမကိုပါ အိပ်စေသည်။ မငြင်းမိတော့ပါ။
စည်း...အခုအဲ့တာက အရေးမပါတော့။
တံခါးဝကနေ ချောင်းကြည့်နေတဲ့ အချစ်။ ဖေဖေနဲ့မေမေပြန်ပြေလည်သွားကြတာကို သိတော့မှ တံခါးကိုပြန်ပိတ်ကာ ဆေးရုံတစ်ပတ်ပတ်ကြည့်နေတော့သည်။
အချစ် ကြီးပြင်းလာတာမြန်လွန်းသလို...
✿............✿...........✿
တစ်ပတ်ကြာပြီးနောက်...
မိသားစုစားသောက်ပွဲ...
ဒီတစ်ခါတော့ မိသားစုဝင်အကုန်စုံ၏။ လက်ထပ်ပြီးကတည်းက နှစ်ဖက်မိဘနဲ့အတူတူ မတွေ့ဖြစ်ကြတာ။ အခုမှ ပြန်ဆုံတွေ့ကြတာဖြစ်သည်။ ကိုကို့ရဲ့အဖေ၊အမေနဲ့အစ်ကို။ အနှစ်ရဲ့မေမေနဲ့ကိုကြီး။ သူမတို့မိသားစု။
"စက်ဝန်းဆေးရုံကဆင်းတာ ဂုဏ်ပြုပါတယ်"
အကုန်လုံးဝိုင်ခွက်ဖြင့် ကမ်းပေ့လုပ်လိုက်ကြရင်း နှုတ်မှလည်းထိုသို့ဆိုကြသည်။ အချစ်ကတော့ အကြိုက်ဆုံးနဂါးမောက်သီးဖျော်ရည်နဲ့ပေါ့။
"ကျေးဇူးပါဗျာ..."
ထို့နောက် လူကြီးတွေက စားရင်းသောက်ရင်းနဲ့ စကားပြောကြသည်။ ကိုကို့မိဘနဲ့သူမမေမေက တစ်ကန့်၊ ကိုကြီးမင်းထက်နဲ့ကိုကြီးထက်ဝန်းက တစ်ကန့်၊ သူမတို့ကတစ်ကန့်။ ပြီးကျ အားလုံးစုပြီးပြောမိကြပြန်ရော။
"ဒီနေ့တော့ ဟိုတယ်မှာပဲ အိပ်ကြရအောင်ဗျ"
ညနက်နေသလို အကုန်လုံးက အယ်ကိုဟောနည်းနည်းသောက်ထားကြ၍ စက်ဝန်းရဲ့အဆိုပြုချက်ကိုလက်ခံလိုက်ကြသည်။ လူကြီးတွေကတော့ နောက်ကျသည်အထိမနေဘဲ အခန်းဆီစောစောပြန်သွားကြသည်။ မေမေကတစ်ယောက်တည်းဖြစ်နေ၍ မေမေအလွန်က အချစ်နဲ့အတူ တစ်ခန်းယူလိုက်၏။ ကိုကို့အဖေနဲ့အစ်ကိုကတစ်ခန်း။ ကိုကြီးက တစ်ကုတင်ထဲ နှစ်ယောက်မအိပ်တတ်သဖြင့် သပ်သပ်တစ်ခန်းယူသည်။ ဤသို့ဖြင့် သူတို့လူလတ်လေးယောက်သာ ညနက်သည်အထိ စကားပြောနေမိကြသည်။ ပြောနေရင်းမှ ကိုကြီးထက်ဝန်းကအိပ်ချင်ပြီဟုဆိုကာ အခန်းပြန်သွားသည်။ ကိုကြီးမင်းထက်ကလည်း ရေချိန်ကိုက်နေပြီဖြစ်ရာ သူမတို့လည်း ကိုယ့်အခန်းကိုသာပြန်လာခဲ့တော့သည်။
"ကိုကို!..."
"ဟင်!.."
အခန်းထဲရောက်တော့ အနှစ်က အသံလေးလေးနဲ့ စက်ဝန်းကိုခေါ်သည်။
"တောင်းပန်ပါတယ်..."
"ဘာကိုလဲ"
"ကိုကိုက ဒူးတွေထောက်ပြီး တောင်းပန်ပေမဲ့ သဲလေးက မလုပ်ကသေးဘူး...တောင်းပန်ပါတယ် သဲလေးတို့ဝေးကွာခဲ့တဲ့အဖြစ်မှာ သဲလေးအမှားလည်းပါတယ် တခြားတစ်ယောက်ကိုချစ်တယ်ပြောမိလို့ တစ်ကယ်တောင်းပန်ပါတယ် သဲလေးဘဝကို ကယ်တင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်"
"ကိုယ်အခု ဘာကိုမှအပြစ်မယူတော့ဘူး အရင်ကအမှားကို နောက်ခါမဖြစ်အောင်ကြိုစားနေထိုင်မယ်"
စက်ဝန်းသည် အနှစ်ရဲ့ပါးကိုဖွဖွလေးကိုင်ကာ မြတ်နိုးစွာ နဖူးကို နမ်းသည်။
"ချစ်တယ်..."
"အနှစ်လည်းချစ်တယ်"
အနှစ်ပြောပြီး စက်ဝန်းနှုတ်ခမ်းကို မော့နမ်းသည်။ ထို့နောက်မှ စက်ဝန်းက အနှစ်မေးဖျားကိုဖွဖွကိုင်ကာ ပြန်နမ်းသည်။ ဒီတစ်ခါတော့ အနမ်းကရှည်ကြာ၏။
အနမ်းကြာကြာ ညတာရှည်ရှည်...အချစ်များများ။
အနှစ်တို့ဘဝရဲ့လွမ်းဆွတ်ခြင်းတွေအများကြီးပြောခဲ့ကြသည်။
ဆက်ရန်
✿............✿...........✿
အချပ်ပို(၁၀) မင်းထက်ပြည့်စုံ...
ကိုယ်စီကိုယ်စီအခန်းပြန်သွားသည့်အချိန်...မင်းထက်ခေါင်းထောင်လာကာ တံတိုင်းတည်တံ့ဆီဖုန်းခေါ်လိုက်သည်။
"တံတိုင်းတည်တံ့..."
"အင်းကိုကို"
"လာခဲ့!.."
"ဘယ်ကိုလဲ"
"ငါ့နား!.."
"ဘာလာလုပ်ရမှာလဲ ဒီမှာ အိပ်တော့မှာ"
"မင်းအိမ်ရာဘေးက ဟိုတယ်မှာ..."
"...."
"လာမှာလား၊မလာဘူးလား"
"ဟိုတယ် မင်းထက် ဟိုတယ်ဘာသွားလုပ်တာလဲ ဘေးနားမှာဘယ်သူရှိလဲ"
တစ်ဖက်မှ တည်တံ့ အိပ်နေရာမှ ဆတ်ခနဲထထိုက်ကာ မင်းထက်ကို တရစပ်မေးတော့သည်။
"ကျစ်! ဟိုတယ်ဆိုတိုင်းဘာလို့မကောင်းတာတွေးနေတာလဲ"
"ပြောလို့မရဘူးလေ ယောက်ျားတွေက!.."
"ဟိုတယ်သွားလို့မကောင်းတာလုပ်ချင်ရင် မင်းရှိမှဖြစ်တာ...တခြားမိန်းမစိတ်မဝင်စားဘူး"
မင်းထက်စကားကြောင့် တည်တံ့မျက်နှာ ဂွမ်းဆီထိသလို ပျော့ပျောင်းသွား၏။
"ကိုယ့်ညီမယောက်ျား စက်ဝန်း အဲ့ကောင် ဆေးရုံကဆင်းလို့ ဟိုတယ်မှာ ညစာစားကြတာ အကုန်သောက်ထားကြတော့ မပြန်ဘဲ ဒီမှာပဲနေလိုက်ကြတာ"
"အဲ့တာ တည်တံ့လာပြီးဘာလုပ်ရမှာလဲ"
"လွမ်းလို့! ကိုယ်လာလည်းရတယ် မင်းမိဘတွေနိုးသွားမှာဆိုးလို့ ကိုယ့်စိတ်မထိန်းနိုင်ဘဲ မင်းကိုကျူးလွန်မိသွားရင် မင်းမိဘတွေကို မျက်နှာပူရမှာ လက်မထပ်ခင်အထိ မင်းအိမ်မှာ အဲ့လိုအဖြစ်မျိုးမလုပ်ချင်ဘူး လာမှာလား မလာဘူးလား"
"လာဖို့ကခေါ်သေးတယ် အဲ့လိုကျူးလွန်မယ်ပြောတော့ ရောက်လာရင် အလုပ်ခံချင်လို့ထင်ခံရဦးမယ်"
"ဘယ်သူပြောရဲလဲ"
"မင်းထက်ကိုယ်တိုင်ပြောမှာမလား လာစေချင်တဲ့သူက အဲ့လို ကျူးလွန်မယ်ပြောတော့ လာရခက်၊မလာရခက်..."
"ကိုယ်က တာဝန်ယူမှာပါ"
"အဟွန်း သူ့အပြစ်တော့ အတင်မခံဘူး..."
"ဘေဘီ!..လာခဲ့လို့"
"လာခဲ့မယ် စောင့်နေ!.."
"အင်း အခန်း(...)မှာ receptionကို ဖုန်းဆက်ထားလိုက်မယ်"
"အင်း"
တည်တံ့ မွေ့ယာပေါ်က အမြန်ဆင်းကာ အပေါ်ဝတ်အင်္ကျီအပါးလေးထပ်ပြီး ဖုန်းတစ်ခုသာယူပြီး အပြင်ကိုသာသာလေးထွက်ခဲ့တော့သည်။ အချစ်ကခေါ်တော့လည်း အချစ်ရှိရာ သွားရတာပေါ့။
✿............✿...........✿
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(44)
အႏွစ္ျပန္ႏိုးလာေတာ့ ေဆး႐ုံေပၚမွာ။ ေနာက္ဆုံးေမ့လဲသြားတာ ခႏၶာကိုယ္တစ္ခုခုျဖစ္လို႔မဟုတ္ဘဲ ေမ့ေဆးပုဝါနဲ႔ အုပ္ခံရတယ္ဆိုတာေတာ့သိလိုက္သည္။ ၾကည့္ရတာ ဖိုးသားကအခ်ိန္မီကယ္တင္လိုက္ႏိုင္တဲ့ပုံပါပဲ။
"ေမေမ သတိရလာၿပီလား"
အႏွစ္ႏိုးလာေတာ့ သမီးေလးက အနားေရာက္လာသည္။ သမီးမ်က္ႏွာသည္ သူမကိုစိတ္ပူ၍ ငိုမဲ့မဲ့။
"အင္း!..သမီးေလး အမ်ားႀကီးစိတ္ပူသြားလား"
"အင္း စိတ္ပူတယ္...ေမေမကေမ့ေနတယ္ ေဖေဖကလည္း ဒဏ္ရာေတြနဲ႔ ေမ့ေနတယ္ စိတ္ပူတယ္ အရမ္း"
"ေဖေဖ?"
သမီးရဲ႕ေဖေဖဆိုတဲ့စကားေၾကာင့္ အႏွစ္ခ်က္ခ်င္းထထိုင္မိသြားကာ သမီးေလးကို ၾကည့္ျဖစ္သည္။
"ေဖေဖဟိုဘက္ခန္းမွာ..."
"သမီးေလး ေမေမ ေဖေဖ့ကို ၾကည့္ခ်င္လို႔ ေခၚသြားေပးမလား"
"ဟုတ္..."
ထိုအခ်ိန္ ေရသြားခပ္ရာမွ ျပန္ေရာက္လာသည့္မြန္ေလးက ဝင္ေျပာသည္။
"ခဏ နားလိုက္ပါလား အႏွစ္! စက္ဝန္းကထြက္မေျပးပါဘူး...မဟုတ္ဘူး ထြက္မေျပးႏိုင္ဘူး"
"သူ အမ်ားႀကီးထိခိုက္ထားလားဆိုတာ ငါသြားၾကည့္မွရမယ္ မြန္ေလး"
"အခုသြားရင္ ေမ့လဲေနတဲ့သူ႔ကိုဘာေျပာမွာလဲ သတိရလာရင္ ေခၚသြားေပးမယ္...နင္အခ်ိန္အၾကာႀကီးေမ့လဲေနတာ အဲ့တာ ေမ့ေဆးအရွိန္ေၾကာင့္ပဲမဟုတ္ဘူးသိရဲ႕လား နင္ပင္ပန္းလြန္းလို႔ ဘာေတြျဖစ္ခဲ့လဲဆိုတာ မသိေတာ့ဘဲ ေဆး႐ုံေရာက္လာတာ"
"သူ!.."
"သူ ေသမင္းဆီက ျပန္လႊတ္လာၿပီ စိတ္ခ်လက္ခ်နားလို႔ရတယ္ ငါေျပာတာယုံ"
"ဒါေပမဲ့ ငါ မ်က္ျမင္ေတြ႕ခ်င္တယ္ သူမေသဘဲျပန္ရွင္လာတယ္ဆိုတာ ငါအခုမွသိရတာ ေရွ႕ရက္ေတြမွာ သူေသၿပီဆိုတဲ့စိတ္နဲ႔ျဖတ္သန္းခဲ့ရတာ ဘယ္ေလာက္ဝမ္းနည္းစရာေကာင္းလဲ ငါ့ကို မ်က္ႏွာေလးျမင္ခြင့္ေပးပါ ေက်းဇူးျပဳၿပီး...ငါၾကည့္ယုံပဲၾကည့္မွာပါ"
အႏွစ္ ေဆးပိုက္ေတြဆြဲျဖဳတ္ၿပီး အျပင္ကိုေျပးထြက္သြားသည္။
မြန္ေလးက ဘာလုပ္ရမယ္မွန္းမသိေတာ့ဘဲ ေၾကာင္ရပ္ေနမိေတာ့သည္။
ေသသြားၿပီဆိုတဲ့သူက ျပန္ရွင္ၿပီး သတိေမ့ေနတဲ့အေနအထားနဲ႔ႏွစ္ေယာက္လုံးေဆး႐ုံေရာက္လာၾကတယ္။ ဒါ့အျပင္ လူဆိုးတစ္စုကိုပါဖမ္းလိုက္ႏိုင္သည္တဲ့။ စက္ဝန္းအတြင္းေရးမႉးေျပာတာေတာ့ အႏွစ္ကိုကာကြယ္ဖို႔လုပ္ခဲ့တာတဲ့။ အႏွစ္က ဘယ္တုန္းက လူဆိုးေတြနဲ႔ပတ္သတ္မိသြားတာလဲ။ ေသခ်ာျပန္စဥ္းစားၾကည့္ရင္ သူမက ႏွစ္ႏွစ္ေလာက္ လွဲအိပ္ေနရသလိုပဲ။ အျဖစ္အပ်က္တစ္ခ်ိဳ႕ကကီးမကိုက္ေတာ့။
"ငါေမ့လဲတာ အၾကာႀကီးမို႔လို႔လား..."
✿............✿...........✿
တစ္ကယ္ေတာ့ စက္ဝန္းသည္ မေသဘဲ ထိခိုက္ဒဏ္ရာရယုံသာျဖစ္သည္။ ထိခိုက္ဒဏ္ရာဆို၍ အေသစားထိခိုက္မႈေတာ့မဟုတ္။ ေသခါနီးနီး ဒဏ္ရာမ်ိဳးပင္။ ဦးမိုက္ဆန္ေဂ်က သခင္ေက်ာ္ေဇာေျပာတဲ့အတိုင္း စက္ဝန္းကို သတ္ဖို႔ႀကိဳးစားခဲ့သည္။ သို႔ေသာ္ ႏွစ္ကာလရွည္ စီအီးအို-ေရွ႕ေနျဖစ္တဲ့အေလ်ာက္ သက္ညာေပးခဲ့သည္။ ခႏၶာကိုယ္ရဲ႕အဓိကအစိတ္အပိုင္းတစ္ခ်ိဳ႕ကိုမထိေစဘဲ တိုက္ခိုက္ခဲ့သည္။ ဘယ္ဘက္ဝမ္းဗိုက္မွာ ဓားဒဏ္ရာတစ္ခ်က္ျဖင့္သာ အဆုံးသတ္ေစခဲ့ၿပီး စက္ဝန္းကို သူ႔ဖခင္ရွိရာစင္ကာပူကိုပို႔ပစ္ခဲ့သည္။ ျမန္မာႏိုင္ငံမွာ စက္ဝန္းအလြန္သည္ ေသလူ။ စက္ဝန္းကိုထိုသို႔ကယ္ခဲ့တာျဖစ္သည္။
"စီအီးအိုက ေနာက္ပိုင္းက် ဆရာကေတာ္ကို သခင္ေက်ာ္ေဇာလက္ထဲ အပ္ေတာ့မွာ...စီအီးအိုက ဆရာကိုပဲကယ္မယ္ ဆရာကေတာ္တို႔ကိုေတာ့ မကယ္ေပးႏိုင္ဘူးတဲ့ ဆရာကေတာ္တို႔ကိုပါကယ္တင္ေပးမယ္ဆိုရင္ သခင္ေက်ာ္ေဇာ႐ြယ္ထားတဲ့ဓားဦးက စီအီးအိုဘက္လွည့္လာႏိုင္တာေၾကာင့္ေလ...သူ႔အသက္ကိုစေတးရသည္အထိေတာ့ မကယ္ႏိုင္ဘူးတဲ့...ဒါေၾကာင့္ ကြၽန္ေတာ္လည္း ဘယ္လိုမွမတတ္ႏိုင္ဘဲ ဆရာေသၿပီလို႔ေျပာခဲ့တာပါ ဒါမွ စီအီးအိုလည္းမထိခိုက္ဘဲ ဆရာကေတာ္လည္းမထိခိုက္မွာ"
ေဇယ်ာခန႔္က ဆက္ၿပီးရွင္းျပသည္။
"ေတာ္ေသးတာက ဆရာ စင္ကာပူေရာက္ၿပီးသုံးရက္အၾကာျပန္ႏိုးလာခဲ့တယ္ စီအီးအိုကယ္ထားတဲ့ကိစၥေျပာျပေတာ့ နာေနတဲ့ဒဏ္ရာမွမေထာက္ ျမန္မာႏိုင္ငံကို အတင္းျပန္လာဖို႔လုပ္တယ္ ဒါေပမဲ့ စိတ္ကေရွ႕ေရာက္ရင္ေတာင္ ခႏၶာကိုယ္က ေရွ႕ေရာက္ဦးမွကို ဒါေၾကာင့္ ဒီကို ဆရာ့ရက္လည္ေန႔မွေရာက္လာတယ္"
"ဆရာက ဆရာကေတာ္ကို ေျပးေတြ႕ခ်င္ေပမဲ့ သခင္ေက်ာ္ေဇာေၾကာင့္ မလုပ္ႏိုင္ခဲ့ဘူး ဒါေၾကာင့္ ဒီလိုပုန္းရႈိးေနရတာပါ"
ဒါဆို အဲ့ေန႔က သူ႔အေငြ႕အသက္ခံစားခဲ့ရတာ တစ္ကယ္ျဖစ္လိမ့္မည္။ ထြက္သြားတဲ့ကားကို ေသခ်ာျမင္လိုက္ရသည္။
"ကြၽန္ေတာ္တို႔ ဖိုးသားနဲ႔ဆက္သြယ္ၿပီး ေသခ်ာစီစဥ္ခဲ့ရတယ္ ဒါေၾကာင့္ ဆရာကေတာ္ကိုကယ္ႏိုင္ခဲ့တာ...ဆရာက တစ္ကယ္ကိုခ်ီးက်ဴးစရာပါ ဒီေလာက္ဒဏ္ရာရေနတာေတာင္ ဆရာကေတာ္ကို ကယ္ဖို႔ကိုယ္တိုင္သြားခဲ့ေသးတယ္ ေတာ္ေသးတာက သခင္ေက်ာ္ေဇာထက္ ကြၽန္ေတာ္တို႔က ေျခတစ္လွမ္းသာသြားတယ္ ဆရာဆို သခင္ေက်ာ္ေဇာကိုသတ္ျပစ္လုနီးနီးပဲ လူနဲ႔ေတာင္မတူဘူး အဲ့ေကာင္ ဒီတစ္သက္ ေထာင္ထဲကမထြက္ရေတာ့ဘူးဆိုတာ ေသခ်ာတယ္...ဒါေၾကာင့္ လြန္ခဲ့တဲ့ငါးႏွစ္က အျပစ္ကို ခြင့္လႊတ္ေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္ဗ်"
ေဇယ်ာခန႔္ရွင္းျပတုန္းက ဘာစကားတစ္ခြန္းမွမေျပာဘဲ ၿငိမ္ၿပီးနားေထာင္ေနတဲ့အႏွစ္က ကုတင္ေပၚမွာ ၿငိမ္သက္စြာအိပ္ေပ်ာ္ေနတဲ့သူ႔ကို ေငးၾကည့္ရင္းမွေျဖလာသည္။
"အရင္ကအျပစ္ကို အစကတည္းက မျမင္ခဲ့ဘူး...သူကထုတ္မေျပာတတ္သလို ကြၽန္မကလည္း မျမင္ေပးခဲ့တာပါ...ကြၽန္မတို႔က အတူတူပါပဲ ဒါေၾကာင့္မို႔ သူ႔ကိုအျပစ္မျမင္ပါဘူး ဒီတိုင္း စိတ္ဆိုးခဲ့ယုံပါပဲ"
✿............✿...........✿
အရင္ရက္က ဖိုးသား စကားတစ္ခ်ိဳ႕ေျပာခဲ့သည္။
"ကိုစက္ဝန္းက မႏွစ္ကိုေတာ့ အရမ္းခ်စ္တဲ့ပုံပဲ..."
ဖိုးသားဆီမွ ၾကားရခဲသည့္စကားေၾကာင့္ အႏွစ္မ်က္လုံးေလးျပဴးသြား၏။ သူက ဖိုးသားကိုေရာေျပာခဲ့ေသးတာလား။
"တစ္ရက္က ကြၽန္ေတာ့္ကိုလာေတြ႕တယ္"
"..."
"ဒီလိုေတြျဖစ္မွာ သိေနတဲ့ပုံပဲ မႏွစ္အေပၚက်ေရာက္မဲ့ထိခိုက္မႈေတြကို သူပဲခံယူမယ္တဲ့ သခင္ေက်ာ္ေဇာနဲ႔ျဖစ္ခဲ့တဲ့အေၾကာင္းကို လုံးေစ့ပတ္ေစ့ေမးတယ္ ပ်က္သြားတဲ့ဂိုဏ္းအေၾကာင္းကိုလည္း တရားမဝင္နည္းနဲ႔စုံစမ္းတဲ့ပုံပါပဲ ကြၽန္ေတာ့္ကိုလည္း မႏွစ္ကိုေစာင့္ေရွာက္ေပးဖို႔မွာတယ္ ဘာပဲျဖစ္ျဖစ္ သူ႔ေၾကာင့္ မႏွစ္ေဘးကင္းတာပါ...ကြၽန္ေတာ့္အထင္ သူ႔ေလာက္ မႏွစ္ကို ခ်စ္ေပးႏိုင္တဲ့သူရွိလာမွာမဟုတ္ေတာ့ပါဘူး"
မာနႀကီးတဲ့သူေတြ အခ်စ္မွာ က်ရႈံးသြားရင္ အ႐ူးမူးပဲဆိုတာ ဒါမ်ိဳးျဖစ္ရမယ္။ ဒါေပမဲ့လည္း ခ်စ္ၾကသူတိုင္းက သူတို႔ခ်စ္ရသူအတြက္ဆို အစြမ္းကုန္ေပးဆပ္တတ္ၾကတာပဲမလား။ ကိုစက္ဝန္းလည္း ဒီလိုပဲျဖစ္လိမ့္မယ္။
ဖိုးသားဝမ္းသာမိသည္။ တစ္ကယ္ပါ။
တစ္ဖက္သတ္ခ်စ္ရသူကို ရက္ရက္ေရာေရာ တျခားသူနဲ႔ သေဘာတူမိတာ ပထမဆုံးပင္။
✿............✿...........✿
"မရဘူး ေမေမေသာက္ရမယ္"
အခ်စ္က ခါးေထာက္ကာ အႏွစ္ေရွ႕ကို ဆန္ျပဳတ္ခြံ႕ေကြၽးသည္။ အႏွစ္က မေသာက္ခ်င္၍ ေရွာင္သည္။
"ေမေမမေသာက္ခ်င္ဘူး"
"ဟင့္အင္း ေမေမအားရွိေအာင္ေသာက္မွရမယ္"
"ေမေမမွ ဆန္ျပဳတ္မႀကိဳက္တာ"
"ႀကိဳက္လိုက္ပါ..."
"အခ်စ္ကလည္း မႀကိဳက္ပါဘူးဆို"
"ဟင့္ အခ်စ္က ဘြားဘြားကို ေမေမစားဖို႔အတြက္ဆိုၿပီ ျပဳတ္ဖို႔ေတာင္းဆိုခဲ့တာ...ေမေမဆန္ျပဳတ္မႀကိဳက္ရင္ ဘြားဘြားအစကတည္းက ေျပာမွာေပါ့ အခုကဘာမေျပာဘဲ ဆန္ျပဳတ္လုပ္ေပးခဲ့တာ ဟုတ္တယ္မို႔လား တီတီမြန္ေလး"
"အင္း!.."
မြန္ေလးက သရက္သီးခြါေနရာမွလွမ္းေျဖသည္။
"ေမေမမေသာက္ခ်င္ဘူး"
"တစ္ကယ္လို႔ ေမေမအကုန္မေသာက္ရင္ ေဖေဖကို မေတြ႕ရဘူး"
"ဟင္ ဘာဆိုင္လို႔လဲ"
"ဆိုင္တယ္ ေနာ့္ တီတီ"
"အင္း အခ်စ္မွန္တယ္"
မြန္ေလးကလည္း အခ်စ္ကိုေျမႇာက္ေပးသည္။ အႏွစ္ မြန္ေလးကို မ်က္ေစာင္းထိုးၿပီး ဆန္ျပဳတ္ကို ႏွာေခါင္းပိတ္ကာ ၿမိဳခ်ရသည္။
ဒါက အခ်စ္က သူ႔အေမကို ဆန္ျပဳတ္အတင္းေသာက္ခိုင္းသည့္ ခ်စ္စရာျမင္ကြင္းပင္။
✿............✿...........✿
"လူနာသတိရလာပါၿပီ..."
ေဆး႐ုံတက္ေနစဥ္အတြင္း ေန႔ခင္းေန႔လည္ အခ်စ္ကို သိပ္ရင္း အႏွစ္ပါလိုက္အိပ္ျဖစ္သည္။ ပုံမွန္ဆို အခ်စ္နဲ႔အတူတူႏိုးေနက်ဆိုေပမဲ့ ဒီေန႔ေတာ့ အႏွစ္ကေစာႏိုးေနခဲ့သည္။ စက္ဝန္းသတိရလာရင္ လာေျပာေပးပါဆိုၿပီး ေတာင္းဆိုထားခံရတဲ့ သူနာျပဳမေလးက သူ႔တာဝန္အတိုင္း လာေျပာေပးသည္။ သူမ အျမန္ပင္ ကုတင္ေပၚက ဆင္းလိုက္ၿပီး တစ္ဖက္အခန္းကို ေျပးလာခဲ့သည္။
"စက္ဝန္း.."
"အႏွစ္ မင္းဘာမွမျဖစ္ဘူးေနာ္ အာ့"
ဗိုက္ကဒဏ္ရာကိုေမ့ၿပီး ခပ္ျမန္ျမန္ထလိုက္ေတာ့ နာက်င္မႈက ဘာနဲ႔မွေျဖလို႔မရ။
"ဟင္ ရရဲ႕လား"
"အင္း ရတယ္ မင္းေရာ ဘယ္နားထိသြားေသးလဲ"
"ဟင့္အင္း မထိဘူး ကိုကိုအခ်ိန္မီကယ္ႏိုင္ပါတယ္"
"ေတာ္ေသးတယ္ တစ္ကယ္ေတာ္ေသးတယ္"
စက္ဝန္းက သူမကိုယ္ေလးကို ရင္ခြင္ထဲဆြဲသင္းသည္။ ၿပီးေနာက္ ဆံပင္ေတြၾကားထဲ မ်က္ႏွာတိုးေဝွ႔ကာ နမ္းသည္။
"ေနာက္ခါ ေသတယ္ဆိုၿပီး မေျခာက္ပါနဲ႔...ကြၽန္မလည္း သ႐ုပ္ေဆာင္တတ္ပါတယ္ ရွင္ေသတယ္ၾကားတုန္းက ကြၽန္မဘယ္ေလာက္ေတာင္လန႔္သြားလဲသိလား...ေဆး႐ုံမွာ ရွင္နဲ႔တစ္ပုံစံတည္းတူတဲ့လူကိုေတြ႕ေတာ့ ကြၽန္မပါလိုက္ၿပီးေသခ်င္သြားတာ"
"ကိုယ္ကံေကာင္းတာပဲေပါ့ မင္းယုံသြားတယ္ေလ ဒါေၾကာင့္ အခုလို သဲေလးမထိခိုက္ဘဲ ၿပီးသြားတာ"
"ရွင္ထိခိုက္ေတာ့ေရာ ေကာင္းလား...ရွင္ကိုေတာ့ ဘယ္လိုလုပ္ရမလဲေတာင္မသိဘူး တစ္ဖက္သားရဲ႕စိတ္ကိုလုံးဝထည့္မစဥ္းစားေပးဘူး လြန္ခဲ့တဲ့ငါးႏွစ္ကေရာ အခုေရာ တူတူပဲ"
"သဲေလး!.."
"ကတိေပးပါ ေနာက္တစ္ခါ ကြၽန္မကိုကာကြယ္ဖို႔ျဖစ္ေစ...ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ျဖစ္ေစ ကြၽန္မခြင့္မျပဳခ်က္မရွိဘဲမလုပ္ရဘူး လုပ္မယ္ဆိုရင္ ကြၽန္မကိုတိုင္ပင္ ကိုစက္ဝန္းအလြန္ ရွင္ကအျပစ္ကို ႏွစ္ခါက်ဴးလြန္ထားတာ ကတိေပးယုံကလြဲၿပီး ရွင့္မွာ ဘာထြက္ေပါက္မွမရွိဘူး...ျငင္းဆိုလို႔လည္းမရဘူး"
"အင္းပါ ဟုတ္ပါၿပီ ေနာက္တစ္ခါလည္း လိမ္စရာမရွိေတာ့ပါဘူး...ကတိေပးတယ္"
သူ႔ကတိက မယုံရေပမဲ့ ဘယ္တတ္ႏိုင္ပါ့မလဲ။ ဒီလိုလူမ်ိဳးကို ခ်စ္မိတဲ့သူမကပဲ အေလွ်ာ့ေပးရမွာေပါ့။
အကယ္၍ ေနာက္တစ္ခါ အႏွစ္ထိခိုက္မယ္ဆိုတာသူႀကိဳသိရင္ သူကအသိမေပးဘဲ ထပ္ၿပီးကာကြယ္ေပးမွာပဲ။ သူမွမဟုတ္။ ေယာက္်ားေလးအမ်ားစုက သူတို႔ခ်စ္တဲ့မိန္းကေလးကို ထိုသို႔ကာကြယ္ေပးလိမ့္မည္။
"လာပါဦး ရင္ခြင္ထဲ လိုလိုလားလားမထည့္ဖက္ရတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ"
စက္ဝန္းက လက္ႏွစ္ဖက္ကိုဆန႔္တန္းလိုက္သည့္အခါ အႏွစ္လိုလိုလားလားနဲ႔ပင္ ခိုဝင္မိသည္။
"လြမ္းေနတာ"
"ကိုကိုဇာတ္ၫႊန္းေရးတာပဲ ကိုကို႔အျပစ္ပဲ"
"သဲေလးကမလြမ္းဘူးလား"
"ကိုကိုသာတစ္ကယ္ေသရင္ေတာ့ လြမ္းတာေပါ့"
"ၾကည့္စမ္း ကိုယ့္ကို တစ္ကယ္ေသေစခ်င္ေနတာ"
"အဟင္း ဟုတ္တယ္"
"သဲေလးေနာ္...အာ့..."
လက္ကိုအားသုံးၿပီး ခႏၶာကိုယ္ကိုပါ အားျပဳလိုက္တာမို႔ သူမခႏၶာကိုယ္ကို ညစ္ေနတဲ့သူ႔လက္မွာအားေပ်ာ့သြားသည္။ ခ်ဳပ္႐ိုးက မက်က္ေသးလို႔ျဖစ္မည္။
"အရမ္းနာတာလား"
"သိပ္မနာပါဘူး"
"ၿငိမ္ၿငိမ္ေလးေနလိုက္ေတာ့ ဒဏ္ရာက ေသြးျပန္ထြက္လာလိမ့္မယ္"
"အင္း..."
သူက ကုတင္ေပၚ ပက္လက္ျပန္လွဲလိုက္ကာ သူမကိုပါ အိပ္ေစသည္။ မျငင္းမိေတာ့ပါ။
စည္း...အခုအဲ့တာက အေရးမပါေတာ့။
တံခါးဝကေန ေခ်ာင္းၾကည့္ေနတဲ့ အခ်စ္။ ေဖေဖနဲ႔ေမေမျပန္ေျပလည္သြားၾကတာကို သိေတာ့မွ တံခါးကိုျပန္ပိတ္ကာ ေဆး႐ုံတစ္ပတ္ပတ္ၾကည့္ေနေတာ့သည္။
အခ်စ္ ႀကီးျပင္းလာတာျမန္လြန္းသလို...
✿............✿...........✿
တစ္ပတ္ၾကာၿပီးေနာက္...
မိသားစုစားေသာက္ပြဲ...
ဒီတစ္ခါေတာ့ မိသားစုဝင္အကုန္စုံ၏။ လက္ထပ္ၿပီးကတည္းက ႏွစ္ဖက္မိဘနဲ႔အတူတူ မေတြ႕ျဖစ္ၾကတာ။ အခုမွ ျပန္ဆုံေတြ႕ၾကတာျဖစ္သည္။ ကိုကို႔ရဲ႕အေဖ၊အေမနဲ႔အစ္ကို။ အႏွစ္ရဲ႕ေမေမနဲ႔ကိုႀကီး။ သူမတို႔မိသားစု။
"စက္ဝန္းေဆး႐ုံကဆင္းတာ ဂုဏ္ျပဳပါတယ္"
အကုန္လုံးဝိုင္ခြက္ျဖင့္ ကမ္းေပ့လုပ္လိုက္ၾကရင္း ႏႈတ္မွလည္းထိုသို႔ဆိုၾကသည္။ အခ်စ္ကေတာ့ အႀကိဳက္ဆုံးနဂါးေမာက္သီးေဖ်ာ္ရည္နဲ႔ေပါ့။
"ေက်းဇူးပါဗ်ာ..."
ထို႔ေနာက္ လူႀကီးေတြက စားရင္းေသာက္ရင္းနဲ႔ စကားေျပာၾကသည္။ ကိုကို႔မိဘနဲ႔သူမေမေမက တစ္ကန႔္၊ ကိုႀကီးမင္းထက္နဲ႔ကိုႀကီးထက္ဝန္းက တစ္ကန႔္၊ သူမတို႔ကတစ္ကန႔္။ ၿပီးက် အားလုံးစုၿပီးေျပာမိၾကျပန္ေရာ။
"ဒီေန႔ေတာ့ ဟိုတယ္မွာပဲ အိပ္ၾကရေအာင္ဗ်"
ညနက္ေနသလို အကုန္လုံးက အယ္ကိုေဟာနည္းနည္းေသာက္ထားၾက၍ စက္ဝန္းရဲ႕အဆိုျပဳခ်က္ကိုလက္ခံလိုက္ၾကသည္။ လူႀကီးေတြကေတာ့ ေနာက္က်သည္အထိမေနဘဲ အခန္းဆီေစာေစာျပန္သြားၾကသည္။ ေမေမကတစ္ေယာက္တည္းျဖစ္ေန၍ ေမေမအလြန္က အခ်စ္နဲ႔အတူ တစ္ခန္းယူလိုက္၏။ ကိုကို႔အေဖနဲ႔အစ္ကိုကတစ္ခန္း။ ကိုႀကီးက တစ္ကုတင္ထဲ ႏွစ္ေယာက္မအိပ္တတ္သျဖင့္ သပ္သပ္တစ္ခန္းယူသည္။ ဤသို႔ျဖင့္ သူတို႔လူလတ္ေလးေယာက္သာ ညနက္သည္အထိ စကားေျပာေနမိၾကသည္။ ေျပာေနရင္းမွ ကိုႀကီးထက္ဝန္းကအိပ္ခ်င္ၿပီဟုဆိုကာ အခန္းျပန္သြားသည္။ ကိုႀကီးမင္းထက္ကလည္း ေရခ်ိန္ကိုက္ေနၿပီျဖစ္ရာ သူမတို႔လည္း ကိုယ့္အခန္းကိုသာျပန္လာခဲ့ေတာ့သည္။
"ကိုကို!..."
"ဟင္!.."
အခန္းထဲေရာက္ေတာ့ အႏွစ္က အသံေလးေလးနဲ႔ စက္ဝန္းကိုေခၚသည္။
"ေတာင္းပန္ပါတယ္..."
"ဘာကိုလဲ"
"ကိုကိုက ဒူးေတြေထာက္ၿပီး ေတာင္းပန္ေပမဲ့ သဲေလးက မလုပ္ကေသးဘူး...ေတာင္းပန္ပါတယ္ သဲေလးတို႔ေဝးကြာခဲ့တဲ့အျဖစ္မွာ သဲေလးအမွားလည္းပါတယ္ တျခားတစ္ေယာက္ကိုခ်စ္တယ္ေျပာမိလို႔ တစ္ကယ္ေတာင္းပန္ပါတယ္ သဲေလးဘဝကို ကယ္တင္ေပးလို႔လည္း ေက်းဇူးတင္ပါတယ္"
"ကိုယ္အခု ဘာကိုမွအျပစ္မယူေတာ့ဘူး အရင္ကအမွားကို ေနာက္ခါမျဖစ္ေအာင္ႀကိဳစားေနထိုင္မယ္"
စက္ဝန္းသည္ အႏွစ္ရဲ႕ပါးကိုဖြဖြေလးကိုင္ကာ ျမတ္ႏိုးစြာ နဖူးကို နမ္းသည္။
"ခ်စ္တယ္..."
"အႏွစ္လည္းခ်စ္တယ္"
အႏွစ္ေျပာၿပီး စက္ဝန္းႏႈတ္ခမ္းကို ေမာ့နမ္းသည္။ ထို႔ေနာက္မွ စက္ဝန္းက အႏွစ္ေမးဖ်ားကိုဖြဖြကိုင္ကာ ျပန္နမ္းသည္။ ဒီတစ္ခါေတာ့ အနမ္းကရွည္ၾကာ၏။
အနမ္းၾကာၾကာ ညတာရွည္ရွည္...အခ်စ္မ်ားမ်ား။
အႏွစ္တို႔ဘဝရဲ႕လြမ္းဆြတ္ျခင္းေတြအမ်ားႀကီးေျပာခဲ့ၾကသည္။
ဆက္ရန္
✿............✿...........✿
အခ်ပ္ပို(၁၀) မင္းထက္ျပည့္စုံ...
ကိုယ္စီကိုယ္စီအခန္းျပန္သြားသည့္အခ်ိန္...မင္းထက္ေခါင္းေထာင္လာကာ တံတိုင္းတည္တံ့ဆီဖုန္းေခၚလိုက္သည္။
"တံတိုင္းတည္တံ့..."
"အင္းကိုကို"
"လာခဲ့!.."
"ဘယ္ကိုလဲ"
"ငါ့နား!.."
"ဘာလာလုပ္ရမွာလဲ ဒီမွာ အိပ္ေတာ့မွာ"
"မင္းအိမ္ရာေဘးက ဟိုတယ္မွာ..."
"...."
"လာမွာလား၊မလာဘူးလား"
"ဟိုတယ္ မင္းထက္ ဟိုတယ္ဘာသြားလုပ္တာလဲ ေဘးနားမွာဘယ္သူရွိလဲ"
တစ္ဖက္မွ တည္တံ့ အိပ္ေနရာမွ ဆတ္ခနဲထထိုက္ကာ မင္းထက္ကို တရစပ္ေမးေတာ့သည္။
"က်စ္! ဟိုတယ္ဆိုတိုင္းဘာလို႔မေကာင္းတာေတြးေနတာလဲ"
"ေျပာလို႔မရဘူးေလ ေယာက္်ားေတြက!.."
"ဟိုတယ္သြားလို႔မေကာင္းတာလုပ္ခ်င္ရင္ မင္းရွိမွျဖစ္တာ...တျခားမိန္းမစိတ္မဝင္စားဘူး"
မင္းထက္စကားေၾကာင့္ တည္တံ့မ်က္ႏွာ ဂြမ္းဆီထိသလို ေပ်ာ့ေပ်ာင္းသြား၏။
"ကိုယ့္ညီမေယာက္်ား စက္ဝန္း အဲ့ေကာင္ ေဆး႐ုံကဆင္းလို႔ ဟိုတယ္မွာ ညစာစားၾကတာ အကုန္ေသာက္ထားၾကေတာ့ မျပန္ဘဲ ဒီမွာပဲေနလိုက္ၾကတာ"
"အဲ့တာ တည္တံ့လာၿပီးဘာလုပ္ရမွာလဲ"
"လြမ္းလို႔! ကိုယ္လာလည္းရတယ္ မင္းမိဘေတြႏိုးသြားမွာဆိုးလို႔ ကိုယ့္စိတ္မထိန္းႏိုင္ဘဲ မင္းကိုက်ဴးလြန္မိသြားရင္ မင္းမိဘေတြကို မ်က္ႏွာပူရမွာ လက္မထပ္ခင္အထိ မင္းအိမ္မွာ အဲ့လိုအျဖစ္မ်ိဳးမလုပ္ခ်င္ဘူး လာမွာလား မလာဘူးလား"
"လာဖို႔ကေခၚေသးတယ္ အဲ့လိုက်ဴးလြန္မယ္ေျပာေတာ့ ေရာက္လာရင္ အလုပ္ခံခ်င္လို႔ထင္ခံရဦးမယ္"
"ဘယ္သူေျပာရဲလဲ"
"မင္းထက္ကိုယ္တိုင္ေျပာမွာမလား လာေစခ်င္တဲ့သူက အဲ့လို က်ဴးလြန္မယ္ေျပာေတာ့ လာရခက္၊မလာရခက္..."
"ကိုယ္က တာဝန္ယူမွာပါ"
"အဟြန္း သူ႔အျပစ္ေတာ့ အတင္မခံဘူး..."
"ေဘဘီ!..လာခဲ့လို႔"
"လာခဲ့မယ္ ေစာင့္ေန!.."
"အင္း အခန္း(...)မွာ receptionကို ဖုန္းဆက္ထားလိုက္မယ္"
"အင္း"
တည္တံ့ ေမြ႕ယာေပၚက အျမန္ဆင္းကာ အေပၚဝတ္အက်ႌအပါးေလးထပ္ၿပီး ဖုန္းတစ္ခုသာယူၿပီး အျပင္ကိုသာသာေလးထြက္ခဲ့ေတာ့သည္။ အခ်စ္ကေခၚေတာ့လည္း အခ်စ္ရွိရာ သြားရတာေပါ့။
✿............✿...........✿