ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ

Von onyourc_andy

16.8K 1.8K 141

𝐖𝐞 𝐝𝐨𝐧'𝐭 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐭𝐨 𝐛𝐞 𝐥𝐨𝐯𝐞𝐝 Mehr

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{ɪɴᴛʀᴏ}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{1}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{4}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{6}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{14}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{20}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{𝐅𝐢𝐧𝐚𝐥}
🌷
New OTP

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}

544 75 8
Von onyourc_andy

"ယူဂျင်း ငါလေမီဂျူးနဲ့ လမ်းခွဲလိုက်ပြီ"

"ရုတ်တရက်ကြီးပါလား ဘာဖြစ်လို့?"

ယူဂျင်းအတော်လေးကိုပျော်မိပါသည် သို့သော် ပျော်ရွှင်နေသော ပုံစံကို‌တော့
ယူဂျင်းချမပြလိုက်ပါဘူး

"ငါတို့ ယူဂျင်းလေးလောက် ချစ်ဖို့မကောင်းလို့လေ"

"တော်စမ်းပါ"

ဂယူဘင်းက‌စလိုက်တော့ ယူဂျင်က သူဖတ်နေတဲ့စာအုပ်လေးနဲ့ ဂယူဘင့်ကိုထုပါလေရဲ့

"နာတယ် ယူဂျင်းရ"

"အပိုတွေပြောနေတာကို"

"အပိုမဟုတ်ပါဘူးနော် အတည်အတည်"

"ကင်မ်ဂယူဘင်ကတော့ သေချင်နေပြီထင်တယ်"

"အဟားဟား"

ယူဂျင်း‌လည်း ဂယူဘင့်ရဲ့ရယ်သံတွေကို
လစ်လျှုရှုလိုက်ပြီ သူ့ရဲ့စာအုပ်ဆီသို့ပြန်သာအာရုံစိုက်နေလိုက်၏

"ငါချစ်ရတဲ့သူရှိနေပြီယူဂျင်း ငါသူ့ကိုတကယ်ချစ်တာ ဒီလမကုန်ခင်ငါသူ့ကိုဖွင့်ပြောမှာ"

"....."

ဘယ်လိုခံစားချက်မျိုးပါလိမ့် ပျော်ရသလိုနဲ့ဝမ်းနည်းရသလိုခံစားချက်မျိုး ဒီစကားကို
မကြားခင်တိုင်အထိတော့ ယူဂျင်းပျော်လိုက်မိ‌ပါသေးသည် ကင်မ်ဂယူဘင်က ယူဂျင်းက်ိုအချိုနည်းနည်းတော့ ကျွေးလိုက်ပါသေးတယ်လေ ရယ်စရာ‌ကောင်းလွန်းတဲ့အတွေးတစ်ခုကတော့ ဂယူဘင်ချစ်ရသူဆိုသူက သူသာဖြစ်ရင်ဘယ်လောက်ကောင်းမလဲဆိုတာပင်။

~

"ဘယ်သူမှ အိမ်မှာမရှိကျဘူးလား မှောင်မဲနေတာပဲ"

ရစ်ကီအိမ်ကိုပြန်လာတော့ မှောင်မဲနေသောအိမ်ကြီးက ရစ်ကီကိုကြိုဆိုလို့ ဒီနေ့က အလုပ်ပိတ်တဲ့နေ့ပါ သူတို့တွေက ရစ်ကီကိုထားပြီ ဘယ်ကိုများသွားကျတာပါလိမ့်ဟုတွေးကာ ရစ်ကီအိမ်ထဲသို့ဝင်လိုက်၏

*ဖောက်*

"saeng il chuk ha ham ni da
saeng il chuk ha ham ni da
sarang ha neun uri Ricky
saeng il chuk ha ham ni da"

"saeng il chuk ha Ricky"

"ထယ်ရယ် ဒါကဘာတွေလည်း ပြီးတော့ မင်းတို့တွေကပါ...."

"ဒီနေ့က ရစ်ကီမွေးနေ့လေ မေ့နေတာလား"

"အာ့ ဟုတ်တာပဲ"

"မွေးနေ့ရှင်ကြီးမေ့မမေ့ ငါတို့ကိုလိုက်တော့ကျွေးရမှာပဲ"

"အငတ်ကောင် ကင်မ်ဂယူဘင်"

"ဘာဖြစ်လဲ"

"ဒါနဲ့ ဟာအိုhyungတို့က vd callနဲ့ wish ပေးနေကျတယ်ရစ်ကီ"

မက်သရူးက ဖုန်းလာကမ်းပေးတော့ ဖုန်းထဲကနေ ဟာအို hyungတို့က ရစ်ကီ၏မွေးနေ့ကို ဂုဏ်ပြုပေးနေကျ၏ ဒီလိုမျိုးရစ်ကီတို့အတူတူမပျော်ရွှင်ခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ

"ဟန်ဘင်း...သူမလာဘူးလား"

မက်သရူးအတွက်နဲ့ ဟန်ဘင်းhyungကိုစိတ်ဆိုးမိပေမဲ့ ဒီလိုနေ့မျိုးမှာတော့ သူ့ကိုတွေ့ချင်မိပါသေးသည်

"ဟန်ဘင်းhyungလား သူကလာချင်ပါတယ် မင်းမကြိုက်မှာဆိုးလို့တဲ့"

"ခေါ်လိုက်"

"အမ် တကယ်ကြီး?"

"ထပ်မပြောချင်ဘူး"

ဂယူဘင်ပြုံးနေတာကို ရစ်ကီမြင်လိုက်ပါသေးတယ် အင်းပေါ့လေ တကယ်ဆို ရစ်ကီတို့သုံးယောက်က ပိုအနေနီးကျသည်မဟုတ်လား

"Happy birthday Ricky"

"အင်း"

ရစ်ကီနည်းနည်းအနေခက်တာအမှန်ပင် ရစ်ကီက ဟန်ဘင်းကိုထိုးဖို့အထိတောင် ရွယ်ခဲ့တာမဟုတ်လား ဂျီဝန်းhyungလိုထိုးမိတဲ့သူ
မဟုတ်တာတောင် ဒီလောက်နေရခက်နေတာ ဂျီဝန်းhyungဆို ဘယ်လိုမျိုးနေမလဲ။

ဟန်ဘင်းရောက်လာတယ်ဆိုတော့ ဂျီဝန်း
ခြံရှေ့ကိုပဲ လှည့်ထွက်လာလိုက်၏ မျက်နှာချင်းဆိုင်တွေ့ဖို့က သူ့အတွက်ခက်ခဲလွန်းတယ်မဟုတ်လား

"ဂျီဝန်းhyung"

"အာ့ မက်သရူးပြောစရာရှိလို့လား"

"အင်း"ဟု‌ဆိုကာ ဂျီဝန်းဘေးမှာလာထိုင်သော ဂျီဝန်းချစ်ရသူလေး

"နေရခက်နေတာလား"

"ဘာကိုလဲ"

"ဟန်ဘင်းhyungကိုလေ"

"အင်း"

"သက်သက်မဲ့ ကျွန်တော့်ကြောင့်နဲ့"

"မဆိုင်ပါဘူး ကိုယ်ကလုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာပဲ"

"..." ခနတာတိတ်ဆိတ်သွားတဲ့ ဒီစကားဝိုင်းညခင်းဘက်မို့ထင်ပါရဲ့ အပ်ကျသံမကြားတဲ့အထိကို တိတ်ဆိတ်နေတာ

"ဟန်ဘင်းကိုချစ်နေသေးတယ်မဟုတ်လား

"ဗျာ"

"ဒီလိုရှက်နေပုံရရင် ဟုတ်တယ်ထင်ပါရဲ့"

"ဟာ အစ်ကိုကလည်း"

"အဟားဟား"

ဂျီဝန်းအားရပါးရရယ်လ်ိုက်မိပါတယ် ဒီ
ရယ်သံမှာ အသက်မပါတဲ့ရယ်သံတွေကလည်းတစ်ဝက်ပါဝင်လျက် ဆော့မက်သရူးရဲ့ ရှက်နေတဲ့ပုံစံလေးက တကယ့်ကိုချစ်ဖို့ကောင်းတယ် ဂျီဝန်းအပိုင်တော့ မဟုတ်ပေမဲ့ပေါ့

"အစ်ကို...ကျွန်တော်တောင်းပန်တယ်နော်"

"ဘာကိုလည်းမက်သရူးရ"

"အစ်ကို့ကို မရွေးနိုင်ခဲ့လို့လေ...ကျွန်တော်ကြိုးစားကြည့်သေးပါတယ် ဒါပေမဲ့ ကျွန်တော်မလုပ်နိုင်ခဲ့ဘူး"

"ရပါတယ်မက်သရူးရာ တောင်းပန်စရာမလိုဘူး အချစ်ဆိုတာက လုပ်ယူလို့ရတဲ့အရာမှမဟုတ်ပဲ ကိုယ်ကမက်သရူးဆီကအချစ်ကိုလိုချင်တာမှန်ပေမဲ့ မက်သရူးကသာပေးမှ ကိုယ်ကရမှာလေ ကိုယ်က ကလေးမဟုတ်ပါဘူးကိုယ်နားလည်ပါတယ်"

"ကျွန်တော့်ကို နားလည်ပေးလို့ကျေးဇူးနော် hyung"

hyung ကသူ့ရဲ့ မူပိုင်အပြုံးလေးပြုံးပြလာ၏ ပြုံးနေပါ hyungရာ hyung ပြုံးနေတာမျိုးပဲ ကျွန်တော်မြင်ချင်တယ်

"ဟန်ဘင်းhyung ဘာလို့ကျွန်တော့်ရဲ့လက်ဆောင်ဘူးတွေကို လိုက်ဖွင့်နေတာလဲ....အာ့ကင်မ်ဂယူဘင် မင်းကကော ဘယ်လိုကြီးဝတ်လာတာလဲ"

"မင်းအတွက်ဝတ်ထားတာလေ လက်ဆောင်အဖြစ်တော့ငါ့ကိုယူသွား ဒီမှာဖဲပြားလေးတောင်ချည်ထားသေးတယ်"

"ဘာကိစ္စယူရမှာလဲ...ဟာ ဟန်ဘင်းhyung လျှောက်မဖွင့်ပါ‌နဲ့ဆို"

ထယ်ရယ်နဲ့ယူဂျင်းတို့နှစ်ယောက်သား သူတို့သုံးယောက်ကိုကြည့်ပြီးရယ်နေလိုက်ကျ၏ ဒါကခုနလောက်တုန်းက နေရခက်နေကျတဲ့သူတွေကောဟုတ်ရဲ့လားလို့ ပြန်တွေးယူရတဲ့အထိပါပဲ

"ဟန်ဘင်းhyungကိုပြောလိုက် အိမ်မှာလာပြန်နေတော့လို့"

"မင်းဘာမင်းပြောလေ မင်းဘေးနားမှာမဟုတ်ဘူးလား"

"မင်းပြောလိုက်ကွာ ငါပြောရမှာ တစ်မျိုးဖြစ်လို့"

"ဘာကိုတစ်မျိုးဖြစ်တာ ခုနကတောင် မင်းရန်တွေ့နေတာလေ"

ဟန်ဘင်းhyungကလည်း ရစ်ကီလာပြောမှာကို စောင့်နေတယ်ထင်ပါရဲ့ ကြားရသားနဲ့မကြားချင်ယောင်ဆောင်နေပုံများ‌ မင်းသားတောင်လုပ်လို့ရနေပြီ

"ဟို....ခင်ဗျား...အဲမ..မဟုတ်ပါဘူး..
ဟန်ဘင်းhyung အိမ်မှာပြန်နေချင်ရင် လာနေလို့ရတယ် အဟမ်း"

"ရစ်ကီက hyungကိုလွမ်းလို့လား"

"တော်ပါ အခန်းလွတ်ဖြစ်နေတာကို မြင်ရတာသဘောမကျလို့"

"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"

ရစ်ကီနဲ့ မက်သရူးချစ်ရသူ‌တို့ ပြန်အဆင်ပြေသွားကျတာမြင်တော့ မက်သရူးပျော်မိပါတယ် ဂျီဝန်းhyungနဲ့လည်း ဘယ်လိုပြန်အဆင်ပြေအောင်လုပ်‌ပေးရမလဲဟုတော့ မက်သရူး တစ်ပြိုင်တည်းတွေးလိုက်မိပါသေးတယ်

ချစ်ရသူနဲ့ ချစ်ရတဲ့hyungတို့ကိုတော့မက်သရူးအဆင်ပြေပြေ‌နဲ့ ပြန်မြင်ချင်သေးပါတယ်။

~🌹~

A/N- တကယ်တော့ဒီအပိုင်းလေးကို မနေ့ကတင်မလို့ပါ သိပ်မအားတာနဲ့ မတင်ဖြစ်လိုက်တော့ ရစ်ကီမွေးနေ့မဟုတ်တော့ပဲ နှမြောစရာကောင်းအောင် နှစ်ရက်နောက်ကျသွားㅠㅠ








Weiterlesen

Das wird dir gefallen

1.1M 44.7K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
6K 765 4
♡ Prequel of 'Remember, Love has no limits!' ♡ Kim Taehyung and Kim Jungkook.A happily married couple with their two lil angels.They were living thei...
2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
SHOONG Von Vnoring

Aktuelle Literatur

2.5K 348 6
Gyuvin × Yujin လကမ္ဘာကနေလှမ်းကြည့်ရင်တောင် ဂယူဘင်းက ဟန်ယူဂျင်းကို ကြိုက်နေတာပဲ။ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဝန်မခံပါ ။ဝန်ခံပြန်တော့လည်း ညီအကိုတွေပါ...