Can You Love Me Like That?

De Brownie_Huang

5.2K 721 100

Kim Gyuvinဆိုတဲ့စီနီယာကသွက်သွက်ခါအောင်ရူးနေတာပဲ။ Mais

1.
2.
3.
4.
6.

5.

820 103 10
De Brownie_Huang

"ဂယူဘင်းရဲ့ခွေးလေးနားကဘယ်ကောင်ကြီးလဲ!?"

|

နေ့လယ်စာစားချိန်ရောက်တာနဲ့ ယူဂျင်းအတန်းထဲက
ပြေးထွက်ဖို့ပြင်လိုက်ပေမယ့် အတန်းခေါင်းဆောင်ရဲ့
အကူအညီတောင်းမှုကြောင့် ဆရာတွေရဲ့နားနေခန်းထဲက
ထပ်ထားတဲ့စာအုပ်တွေကိုသွားယူပေးဖို့ဖြစ်လာတော့တယ်။

ငြင်းချင်ပေမယ့် ငြင်းလိုက်ရင်
အတန်းခေါင်းဆောင်ရဲ့ဆော်လှော်မှုတွေ
ကြုံရမှာမို့ ကြိုတွေးမိတဲ့ယူဂျင်းက
စောစောစီးစီးပဲအပြုံးလေးနဲ့
လက်ခံလိုက်ရတယ်။

မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ နားနေခန်းထဲက
လူအယောက်နှစ်ဆယ်စာ စာအုပ်တွေကို
လက်နှစ်ဖက်လုံးနဲ့သယ်လာလိုက်ပြီး
ကော်ရစ်တာတစ်လျှောက်လည်း
မပြုတ်ကျအောင်ထိန်းလျှောက်နေရသေးတယ်။

တစ်အုပ်လေးသာပြုတ်ကျလိုက်လို့ကတော့ အခက်တွေ့ပြီပဲ။

စာအုပ်အထပ်လိုက်ကြီးကိုပဲအောက်ချပြီကုန်းကုန်းကွကွ
ကောက်နေရဦးမှာကိုတွေးကြည့်မိတော့
နဂိုကထက်ခြေလှမ်းတွေတောင်ပိုနှေးသွားသလိုပဲ။

လူသွားလူလာများတဲ့ကော်ရစ်တာကြီးမှာ
ပုံရိပ်ပျက်တာမျိုးတော့မဖြစ်ချင်ပါဘူး။

ကြားထဲခြေခေါက်မလဲအောင် အရှေ့ကိုကွယ်နေတဲ့
စာအုပ်အထပ်လိုက်ကြီးကြောင့်မမြင်ရတဲ့ကြမ်းပြင်ကိုလည်း
စမ်းပြီးလျှောက်​နေရသေးတယ်။

သူလျှောက်လာနေတာကိုမြင်ရဲ့သားနဲ့
ကူမသယ်ပေးကြတဲ့အပြင်လွတ်လွတ်ကွင်းကွင်း
ရှောင်သွားကြသေးတာမို့ မယုံကြည်နိုင်စွာ
မေတ္တာတွေလည်းတစ်လမ်းလုံးပို့လာရသေးတယ်။

သူတို့ကျောင်းကလူတွေအဲ့လောက်လူမှုရေးခေါင်းပါးမှန်းအခုမှသိရတော့တယ်။

အကုန်လုံးက ဂင်ဂယူဘင်းဆိုတဲ့ဆိုတဲ့အရူးကြီးနဲ့တစ်မျိုးတည်းတွေလိုပဲ။

ဘုတ်!

ကျစ် လာပြီလာပြီ တွေးလို့မှမဆုံးသေးဘူး
ကျက်သရေအပေါင်းခညောင်းတော့မယ့်
ဒိုင်နိုဆောလိုကိုယ်လုံးကြီးနဲ့လူကသူ့ကိုဝင်တိုက်လိုက်ပြီ။

စာအုပ်တွေပြုတ်ကျရုံတင်မကဘူး သူ့ကိုယ်ပါနောက်ဆုတ်မိသွားတဲ့အထိ
ထွားထွားကြိုင်းကြိုင်းခန္ဓာကိုယ်ကြီးနဲ့လူက ကျောင်းဝတ်စုံနဲ့..ကျောင်းသားရောဟုတ်ရဲ့လား PEဆရာနဲ့တောင်တူနေသလိုပဲ။

အဲ့လိုလူဆီကနရင်းအုပ်ခံရရင်တော့ ဟန်ယူဂျင်းသွားပြီ။

အရှိန်အဝါကိုကကြောက်ဖို့ကောင်းနေတာ ကြေးစားလူမိုက်လိုပဲ။

"စိတ်မရှိပါနဲ့"

ယူဂျင်းခပ်သွက်သွက်တောင်းပန်စကားဆိုပြီး
ပြုတ်ကျနေတဲ့စာအုပ်တွေကိုပရုတ်သုတ်ခကောက်မိတော့တယ်။

ဒီကျောင်းမှာဂင်ဂယူဘင်းနဲ့ငြိနေတာနဲ့တင်တော်ပါပြီ
ထပ်ပြီးစိတ်ကင်ဆာတွေမလိုချင်တော့လို့ တောင်းပန်ပြီးပဲထွက်ပြေးပါရစေ။

စာအုပ်တွေအကုန် သူကောက်လို့မပြီးသေးခင်
ထိုလူကပါသူ့လိုထိုင်ချပြီးကူကောက်ပေးလာတာကြောင့်
ယူဂျင်းမှာတအံ့တသြနဲ့မော့ကြည့်လိုက်မိတော့တယ်။

ဘာပါလိမ့် ထူးဆန်းလိုက်တာ။

ခပ်တည်တည်ရုပ်တည်ကြီးနဲ့စာအုပ်တွေကောက်ပြီး လာထပ်ပေးနေတာက

"ဘာကြည့်နေတာလဲ"

"တောင်းပန်ပါတယ်ဗျာ့ စိတ်မရှိပါနဲ့"

ကြောင်ကြည့်နေမိတဲ့သူ့ကိုရုတ်တရက်ပြန်စိုက်ကြည့်ပြီး
ခပ်သြသြအသံကြီးနဲ့မေးလာတာကြောင့်ယူဂျင်း ထပ်ပြီး
တောင်းပန်စကားဆိုမိပြန်တယ်။

ဘုရားစူး ဂင်ဂယူဘင်းကြီးကိုတောင်ဒီလူလောက်မရှိန်ဖူးဘူးတစ်ကယ်။

"ဘယ်သွားပို့မှာလဲ"

"ဗျ ဗျာ"

"ဘယ် သွား ပို့မှာလဲလို့စာအုပ်တွေကို"

သူ့ဘေးနားက စီလို့ပြီးသွားတဲ့စာအုပ်အထပ်ကြီးကို
မပြောမဆိုကောက်ယူပြီး မေးလာတာကြောင့် ယူဂျင်းမှာကြောင်အအဖြစ်ရပြန်သည်။

"ဂျူနီယာ ဟန် ယူ ဂျင်း... စာအုပ်တွေကိုဘယ်သွားထားမှာလဲလို့မေးနေတယ်လေ"

ယူဂျင်းအင်္ကျီရင်ဘတ်မှာချိတ်ထားတဲ့နာမည်ကတ်ကိုကြည့်ပြီး
သူ့နာမည်ကိုတစ်လုံးချင်းသေချာစွာခေါ်လာတဲ့
ဒီလူကြီးကတစ်ကယ်ထူးဆန်းတယ်။

ယူဂျင်းထိုလူကိုအလိုလိုရှိန်နေမိတာကြောင့် ကြာကြာကြောင်မနေတော့ဘဲ

"အာ ဟို ကျနော်တို့အတန်းကိုပါ"

လို့ပြန်အဖြေပေးမိတော့ ထိုလူကခပ်တည်တည်ပဲ
စာအုပ်အထပ်လိုက်ကြီးကိုယူပြီးရှေ့ကနေဦးဆောင်ထွက်သွားတယ်။

သွားပြီ ပါသွားပြီ တစ်ခန်းလုံးရဲ့စာအုပ်တွေ ယူဂျင်းရဲ့ပေါ့ဆမှုကြောင့်
ဂေါ်ဇီလာလိုလူရဲ့လက်ထဲပါသွားရှာပြီ...

ကြောင်တောင်တောင်လေးယူဂျင်းခမျာ ပြေးတောင်မလိုက်နိုင်တော့ဘူး
သူ့အနာဂတ်ကိုသူကြောက်လွန်းလို့ ဘုရားသခင်ကိုနှလုံးသွင်းနေရတာ။

တဖြည်းဖြည်းဝေးကွာသွားတဲ့နောက်ကျောပြင်ကြီးကို
ငေးကြည့်နေရင်းယူဂျင်းအတွေးတွေဟာကစဥ်ကလျား။

ဘယ်ကိုယူသွားတာလဲလို့အော်မေးလိုက်ရမလား?
ဒီအတိုင်းလွှတ်ပေးပြီးသူ့ဟာသူထမင်းသွားစားလိုက်ရမလား?

"အဲ့မှာရပ်ပြီးကျန်နေခဲ့တော့မှာလား ကောင်လေး"

"ဟင် ဗျ ဗျာ"

ရုတ်တရက်သူ့ကိုလှည့်ကြည့်ပြီးမေးလာတာကြောင့်
ယူဂျင်းအခက်တွေ့သွားရသည်။

သူကအဲ့လူကြီးကိုဘာပြန်ပြောနိုင်မှာလဲ
သူ့စာအုပ်တွေကိုမပြောမဆိုယူသွားလို့ဆိုပြီး
ပြန်လုပြီးထွက်ပြေးလိုက်ဖို့ရောသူတတ်နိုင်လို့လား။

မဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ

"အကိုကမင်းစာအုပ်တွေလိုက်ပို့ပေးမလို့လေ မကြိုက်ဘူးလား"

ယူဂျင်းကြောင်အစွာငေးကြည့်နေမိတုန်း ထိုလူကသူ့နားပြန်လျှောက်လာကာ
တည်ကြည်တဲ့အသံမျိုးနဲ့မေးလာတယ်။

"ဟင်"

ယူဂျင်းနားမလည်နိုင်စွာအာမေဋိတ်အသံပြုလိုက်မိတော့တာပဲ။

အခု ဒီလူကသူ့ကိုကူညီပေးနေတာလား?

တစ်ကယ်ပါပဲ ဟန်ယူဂျင်းရေ ကိုယ့်ကိုကူညီပေးတဲ့လူကိုမှလူမိုက်ထင်ရတယ်လို့။
အားနာစရာတွေတော့ဖြစ်ကုန်ပြီ။

"တောင်းပန်ပါတယ်ဗျာ့ ကျနော်အတွေးလွန်သွားလို့"

ခပ်မြန်မြန်ခါးညွှန့်ပြီး အရိုအသေပေးကာ
တောင်းပန်စကားဆိုမိတော့ထိုလူကခေါင်းခါပြပြီးတားမြစ်လို့လာတယ်။

"ကိစ္စမရှိပါဘူး အခုစာအုပ်တွေသွားထားတာပေါ့
အကို့ကိုမင်းအခန်းဆီလိုက်ပို့ပေးဦးလေ"

"အာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ့"

ယူဂျင်းကမျက်လုံးဝိုင်းလေးတွေနဲ့ကျေးဇူးတင်မိတော့
ထိုစီနီယာကြီးကပြုံးသွားလိုက်တာများ လူမိုက်ဟန်ဆောင်ထားတဲ့ကလေးလို။

ပြုံးလိုက်တော့လည်း ကြောက်စရာမကောင်းတော့ဘူးပဲ။

နှစ်ယောက်သားယှဥ်လျှောက်ရင်း တစ်ချက်တစ်ချက်
ယူဂျင်းမှာအနေခက်တာကြောင့် လက်ကိုနောက်ပစ်လိုက်
လက်ချင်းယှက်လိုက်လုပ်နေပေမယ့် သူ့ဘေးက
စီနီယာကတော့ အေးအေးဆေးဆေးသာ။

ခပ်အေးအေးနဲ့ နာမည်ကိုလည်းသူ့ဟာသူမိတ်ဆက်ပြီး
အတန်းကိုပါပြောပြနေသေးတယ်။
သူ့ထက်တစ်နှစ်တည်းကြီးတဲ့ စီနီယာတန်းက ပတ်ဂွန်ဝုတဲ့။

ယူဂျင်းမှာ​ခေါင်းတညိတ်ညိတ်လုပ်ရုံအပြင်မတတ်နိုင်တာမို့
ထိုစီနီယာပြောသမျှကိုခေါင်းလေးညိတ်လိုက် ပြီးရင် သူ့ထက်
ခေါင်းတစ်လုံစားကျော်အောင်ပိုမြင့်နေတဲ့မျက်နှာကို
မျက်လုံးဝင့်ကြည့်ပြီးလှမ်းလှမ်းအကဲခတ်လိုက်နဲ့။

အစောနတုန်းကကြောက်စိတ်တွေတောင်မရှိတော့သလို
သက်တောင့်သက်သာဖြစ်လာပြီး လိုက်ပြုံးနေမိတော့တယ်။

ယူဂျင်းတို့အခန်းရှေ့ရောက်တဲ့အထိလိုက်ပို့ပေးပြီး
ရယ်ရယ်မောမောနဲ့စကားတွေပြောနေတဲ့
စီနီယာ့ကိုဘေးတိုက်ကြည့်ရင်းယူဂျင်းမှာ သူတော်ကောင်းဆိုတာရုပ်ကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူးပဲလို့တွေးလိုက်မိတယ်။

တစ်ကယ်ကို စီနီယာပတ်ဂွန်ဝုက သူတော်ကောင်းပဲ။
အရပ်အရှည်ကြီးနဲ့ခန္ဓာကိုယ်ကြီးကြောင့်သာ တစ်မျိုးရှိန်စရာကောင်းနေတာ။

တစ်ကယ်တမ်းစကားပြောကြည့်တဲ့အခါ
အရမ်းကိုပျော်စရာကောင်းတဲ့သူမျိုးဖြစ်နေတယ်လေ။

"ထပ်ပြီးကျေးဇူးတင်ပါတယ်"

အတန်းထဲဝင်ခါနီး စီနီယာ့လက်ထဲကစာအုပ်တွေကိုပြောင်းယူလိုက်ပြီးနောက်
ကျေးဇူးတင်စကားဆိုမိတော့

"ကျေးဇူးတင်ရင် နေ့လည်စာအတူတူစားကြတာပေါ့" တဲ့လေ။

ကိုယ့်ကိုကူညီထားတဲ့လူနဲ့နေ့လည်စာစားတာက အဆင်မပြေစရာမရှိတာမို့
ယူဂျင်းငြင်းမနေတော့ဘဲတစ်ခါတည်း ခေါင်းညိတ်လိုက်ကာ

စာအုပ်တွေထားပြီးတာနဲ့ သူ့ကိုရပ်စောင့်ပေးနေတဲ့စီနီယာ့ကိုခေါ်ပြီးအတူတူ
ထမင်းစားဆောင်ကိုထွက်လာခဲ့လိုက်သည်။

အဲ့လိုနဲ့ယူဂျင်းဟာ သူ့ထက်တစ်နှစ်ကြီးတဲ့စီနီယာဂွန်ဝုနဲ့စရင်းနှီးသွားခဲ့တော့တာပါပဲ။





-







"ကျစ် မင်းခေါင်းကြီးဖယ်စမ်းပါ"

ဂယူဘင်းလက်ထဲကနို့ဗူးအခွံနဲ့သူ့ရှေ့ကကောင်ရဲ့ခေါင်းကို
ကောက်ပေါက်လိုက်ပြီးပြောလိုက်တော့ထိုကောင်က
ချက်ချင်းထမင်းဗန်းကိုမကာ ဘေးခုံကိုရွေ့ပေးသည်။

အေး အဲ့လိုဖြစ်နေရမယ်။
တစ်ကယ်တည်း အရိပ်အကဲကြိုမကြည့်တတ်ဘူး။

သူကြည့်နေတဲ့မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့အခါမှာ
ဂယူဘင်းနှာမှုတ်မိတော့တာပဲ။

ခွေးလေးကပြုံးရယ်နေတာပဲ ဘယ်သူမှန်းမသိတဲ့
ကောင်ကြီးတစ်ကောင်နဲ့စကားပြောပြီးတော့ကို။
အံ့သြစရာကောင်းလိုက်တာ သူ့ကိုကျတစ်ခါမှပြုံးတောင်မပြုံးပြဖူးဘဲနဲ့။

အဲ့ကောင်ကဘာကောင်ကြီးမလို့လဲ သူကဘာကြီးမလို့လဲ။
လုံးဝ cross ဖြစ်ချင်စရာပဲ မျက်လုံးထဲကန့်လန့်။

ဟန်ယူဂျင်းတို့ထိုင်နေတဲ့ဝိုင်းကနေဘာကိုမှအာရုံမရောက်တဲ့
ဂယူဘင်းမှာ သူ့ဘေးကရှန်ရစ်ခီထသွားတာတောင်မသိလိုက်။

သူ့နာမည်ထွင်းထားတဲ့ limited edition ငွေဇွန်းကြီးကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ထမင်းဗူးထဲက
အရည်အသွေးမြှင့်အသားတုံးကြီးကိုထိုးဆွနေတာ။

shit! ခွေးပေါက်လေးရဲ့ခေါင်းကိုပုတ်ပေးလိုက်တာလား!

ဒုန်းခနဲဂယူဘင်းသူ့လက်ထဲကဇွန်းကိုအသံမြည်အောင်
စားပွဲနဲ့ထုရိုက်ပြီးဆောင့်ချလိုက်မိသည်။

ရာရာစစ ဘယ်လက်နဲ့ထိရဲတာလဲ!
အဲ့လက် အဲ့လက် ငါဖြတ်ပစ်မှာကြည့်နေ

ဂယူဘင်းထရပ်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့
ထိုစားပွဲဆီလျှောက်သွားပြီး အနားရောက်တာနဲ့
ခွေးပေါက်လေးရဲ့ပခုံးကိုဖက်ထားလိုက်မိသည်။

ရုတ်တရက်လေထုက ကြောင်အမ်းအမ်းဖြစ်သွားတယ်။
ကောင်စုတ်လေးကသူ့ကိုမျက်ခုံးတွေတွန့်ချိုးပြီးမော့ကြည့်လာပေမယ့် ဂယူဘင်းစိတ်မဝင်စားသလိုပြုံးပြလိုက်တယ်။

ထို့နောက် ဂယူဘင်းသူနဲ့မျက်နှာချင်းဆိုင်က တစ်ယောက်ကို
ခပ်စူးစူးအကြည့်တွေပို့လွှတ်လိုက်ပြီး
ခွေးပေါက်လေးပခုံးပေါ်ကသူ့လက်ကိုတော့ တင်းကျပ်လိုက်မိတယ်။

ခွေးပေါက်လေးကမသိမသာသူ့လက်ကိုဖယ်ချပေမယ့်
ဂယူဘင်းမသိချင်ယောင်ဆောင်ပြီး ပိုတောင်ဖက်ထားလိုက်သေးတယ်။

ဘယ်သူ့ရှေ့မှာမို့ သူ့ကိုအာခံနေချင်တာလဲ။

တစ်ကယ်တည်း
ဘယ်သူနဲ့မှမပေါင်းရဲတော့အောင် လုပ်ထည့်လိုက်ရ။

"ဆက်ပြောလေ ဘာတွေပြောနေကြတာလဲ"

ဂယူဘင်းပြောလိုက်တော့ သူ့ဘေးကခွေးပေါက်လေးနဲ့
သူ့ရှေ့ကအကောင်က တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်ပြီး
မအူမလည်လုပ်နေကြတယ်။

ဘာအထာတွေလဲ ဒီနေရာကသူနဲ့မသက်ဆိုင်ဘူးလို့များထင်နေတာလား။

"အာ...တိတ်နေတယ်ဆိုတော့ပြောစရာမရှိတော့ဘူးထင်တယ် အဲ့ဒါဆိုဒီက..ဘယ်သူမှန်းမသိပေမယ့် ခွေးပေါက်လေးကိုခေါ်သွားလိုက်တော့မယ်နော်"

ဂယူဘင်းသူပြောချင်တာပဲဇွတ်ပြောပြီးသွားတာနဲ့ ထိုင်နေတဲ့ကောင်လေးကိုအတင်းထစေကာ ပခုံးကနေဆွဲဖက်ပြီး ထိုနေရာကနေထွက်လာလိုက်တော့တယ်။

မျက်လုံးလေးကြောင်တောင်တောင်နဲ့ မဟုတ် မဟုတ်သေးဘူးလေ လို့ပြောရင်းသူနဲ့ပါလာတာကိုသိပေမယ့် ဖက်ထားတာကိုမလွတ်ပေးမိ။
တမင်ခေါ်ထုတ်ချင်လို့ကိုအတင်းဖက်ပြီးခေါ်လာတာပဲ အခုလမ်းတစ်ဝက်ရောက်မှပြန်လွတ်ပေးလိုက်စရာလား။

ပြီးတော့ သူများကဆံပင်ဆွဲဖွတာကိုငြိမ်ခံနေလို့အပြစ်ပေးရဦးမယ်လေ..
အဲ့ဒီသူများတကာကိုပြုံးပြနေတဲ့နှုတ်ခမ်းကိုရော ၊ ပြုံးပြလို့မို့တက်သွားတဲ့ပါးပြင်တွေကိုရော နောက်ဘယ်တော့မှ ၊ ဘယ်သူ့ကိုမှအဲ့လိုထပ်မတုံ့ပြန်ရဲအောင်မှတ်လောက်သား​လောက်အပြစ်ပေးပေးဦးမှာ ကောင်လေးရဲ့...။

မင်းအပြစ်နဲ့မင်းပဲ ငါမကြိုက်တာကိုကြိုပြောပြထားတာမျိုးမရှိပေမယ့် ငါမကြိုက်တာကိုလုပ်ခဲ့တဲ့အတွက်တော့အပြစ်ခံရမှာမင်းတာဝန်ဖြစ်သွားပြီ ဟန်ယူဂျင်း။

ခွေးပေါက်လေးတွေကချစ်ဖို့ကောင်းတိုင်း မြင်မြင်ရာကိုက်ဖဲ့နေတာကိုတော့ဒီအတိုင်းကြည့်နေလို့မဖြစ်ဘူးလေ အပျက်အစီးများသွားမှာပေါ့...။








____________

to be continue.


long time update^^

Continue lendo

Você também vai gostar

315K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
106K 9.3K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
250K 18.2K 90
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...