နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

695K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 54.2

2.5K 415 2
By KimHsuYoon99

Unicode

နောက်နေ့မနက်စောစောမှာ ခဲယ်လ်တစ်နဲ့ပိုင်မုတို့က မျိုးနွယ်စုခေါင်းဆောင်ကိုသွားရှာပြီး သူတို့ရဲ့အစီအစဉ်ကို ရှင်းပြလိုက်တယ်။နိရှီဇ၀နဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့တွဲဖက်တို့ကလည်း နားထောင်နေကြပြီး သူတို့လည်းပဲ အရမ်းသိချင်စိတ်ဖြစ်နေကြတယ်။

"မနေ့က ဘာတွေဖြစ်သွားလဲဆိုတာ မျိုးနွယ်စုခေါင်းဆောင်သိတယ်မလား သားရဲအုပ်နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်လာခင် ကြိုတင်ပြင်ဆင်မှုတချို့ ကျွန်တော်လုပ်ထားချင်တယ်"

"ဒါဆို မင်းဘာတွေပြင်ဆင်ထားချင်လဲ ငါ့ကိုပြောပါ" မနေ့ကအဖြစ်အပျက်ကို မျိုးနွယ်စုခေါင်းဆောင်လည်း သိတယ်။ ပိုင်မုက မနေ့ကအတူတူတိုက်ခိုက်ဖို့ရာ  Orc လေးတွေကို ဦးဆောင်ပေးလို့ အသေအပျောက်မရှိခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ဒီနေ့ သူတို့(ခဲယ်လ်တစ်နဲ့ပိုင်မု)သူ့ဆီမလာရင် ကျေးဇူးတင်ဖို့အတွက် သူတို့ဆီ သူသွားရလိမ့်မယ်။

"မျိုးနွယ်စုခေါင်းဆောင် မတိုက်ခိုက်နိုင်တဲ့ မျိုးနွယ်စုဝင်အားလုံးကို ထားနိုင်တဲ့ ဂူတစ်လုံးရှိလား သားရဲတွေ တိုက်ခိုက်လာရင်  လူစုမခွဲဘဲပဲ တစ်နေရာတည်းမှာပုန်းအောင်းရင် ကောင်းမယ်လို့ ကျွန်တော်ထင်တယ် ဒီနည်းလမ်းနဲ့ အန္တရာယ်ကြုံရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးနိုင်တာပေါ့ အရွယ်ရောက်ခါနီးလူတွေကိုလည်း ပို့ပေးနိုင်တယ် orcs တွေက လူတိုင်းကို ကာကွယ်ပေးပေါ့ အဲ့ဒါက ပိုလုံခြုံလိမ့်မယ်မဟုတ်လား"ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ရဲ့အမူအရာကို အာရုံစိုက်ရင်းနဲ့ ပြောလိုက်တယ်။

"အဲ့လိုဂူတွေအများကြီးရှိတယ် ဂူကြီးက အရမ်းကြီးပြီး နွေးထွေးတာကြောင့် ဘယ်သူမှ သေမှာမဟုတ်ဘူး" မျိုးနွယ်စုခေါင်းဆောင်ကလည်း ပိုင်မုရဲ့အမြင်ကို သဘောတူတယ်။

“ကောင်းပါပြီ ဂူထဲမှာ ခိုင်ခံ့တဲ့ ခြံစည်းရိုးအလွှာတွေလည်း ရှိနေပြီး ကျောက်မီးသွေး၊တိရိစ္ဆာန်သားရေတွေ၊ ကျောက်တုံးတွေ၊ ချွန်ထက်တဲ့တုတ်တွေ၊ ဆီနဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်းထားတယ်  သေရေးရှင်ရေးကာလမျိုးမှာဆို ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တယ် ပြီးတော့ မနေ့က လင်းယုန်ကြီးကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ လက်နက်တွေဖြစ်တဲ့ လေးနဲ့မြှားတွေကိုလည်း လုပ်ဖို့လိုသေးတယ် ဒီနည်းလမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ မျိုးနွယ်စု၀င်တွေက အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်စွမ်းအတိုင်းအတာတစ်ခုအထိရှိလိမ့်မယ် orcs တွေရဲ့ကာကွယ်မှုနဲ့အတူ မျိုးနွယ်စု၀င်တွေက ပိုလုံခြုံလိမ့်မယ် ရှေ့ကနေ တိုက်ခိုက်လို့ရတယ် စောင့်ထိန်းနေစရာမလိုဘူး" အဲ့ဒီနောက် ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ကို ထောင်ချောက်တွေ စီစဉ်မယ့်သူ့စိတ်ကူးကို ပြောပြလိုက်တယ်။

မျိုးနွယ်စုခေါင်းဆောင်က သူ့စကားကိုနားထောင်ပြီးနောက် ခဏလောက်တိတ်ဆိတ်သွားပြီး ပြောခဲ့တယ်။“ပိုင်မု မင်းပြောတဲ့အတိုင်းလုပ်ကြမယ် နောက်ကျရင် မျိုးနွယ်စုထဲက စစ်သည်တွေကို အစားအစာဖြန့်ဝေပေးလိုက်မယ် မင်းလည်းပဲ ငါနဲ့အတူတူ သွားရလိမ့်မယ် မင်းက လူတိုင်းကို ဒီအကြောင်းပြောပြပြီးတော့ မင်းဆန္ဒအတိုင်း စတင်စီစဉ်ပေးဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်ပေးမယ်"

ပိုင်မုက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်၊ဒါက လုံး၀ကို သူမျှော်လင်ထားတဲ့အတိုင်းပါပဲ။ ဒီအချိန်မှာ သူအဆင်သင့်ဖြစ်ထားရင် နောက်တစ်ခေါက်ထပ်လာမယ့်သားရဲဒီရေလှိုင်းမှာ မျိုးနွယ်စု၀င်တွေဆီမှာ ထိခိုက်ပျက်စီးမှုတွေခံစားရမှာမဟုတ်ဘူးလို့ ပိုင်မုယုံကြည်တယ်။ဦးဆောင်တိုက်ပွဲဝင်နေရတဲ့ orcs တွေအတွက်တော့ သူတို့ရဲ့ အသေအပျောက်ကို လျှော့ချဖို့ နည်းလမ်းကောင်းကို သူမစဉ်းစားရသေးဘူး။

ဒါ့ကြောင့် မျိုးနွယ်စုခေါင်းဆောင်ရဲ့ ပံ့ပိုးကူညီမှု၊ မျိုးနွယ်စုတစ်စုလုံးရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မျိုးနွယ်စုက ပြင်းထန်တဲ့အအေးဒဏ်ကိုကြံ့ကြံ့ခံကာ သားရဲအုပ်ကိုခုခံဖို့ ပြင်ဆင်နေကြတော့တယ်။ ပထမဦးဆုံး ခဲယ်လ်တစ်က ပိုင်မုကို လူမနေတဲ့ဂူအနည်းငယ်ကို ကြည့်ရှုဖို့ ခေါ်သွားခဲ့တယ်။ဂူတွေထဲက တစ်ခုမှာ  ရေပေါက်ငယ်တစ်ခုရှိပြီး ကျောက်သားနံရံကနေ ရေတွေစိမ့်ထွက်နေတယ်။ ပြီးတော့ ဂူက လုံလုံလောက်လောက်ကိုကြီးတယ်။ဂူအပြင်ဘက်ဘက်က  ကျောက်သားနံရံကလည်း လုံလုံလောက်လောက်ကိုမတ်စောက်တယ်။ပိုင်မုက အဲ့ဒီဂူကိုအရမ်းစိတ်တိုင်းကျခဲ့ပြီး အဲ့ဒါကိုခိုလှုံတဲ့‌နေရာအဖြစ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။

ထို့နောက် ခြံစည်းရိုးနဲ့ ခုခံရေးလက်နက်တွေပြုလုပ်ဖို့ရာ ထင်းခုတ်ဖို့ တောထဲသွားကြတယ်။ orc ငယ်လေးက အပျင်းထူမနေဘဲ ထောက်ပံ့ရေးပစ္စည်းတွေကို စတင်ကူညီသယ်ဆောင်ပေးခဲ့တယ်။ ပိုင်မုက နေရာလွတ်ထဲမှာရှိတဲ့  ကျောက်မီးသွေးတစ်ဝက်ကို ထုတ်ယူလိုက်ပြီး တစ်စိတ်တစ်ပိုင်းကို အိမ်မှာထားခဲ့ကာ ကျန်တဲ့တစ်စိတ်တစ်ပိုင်းကိုတော့ သူခိုလှုံရမယ့်ဂူဆီ ရွှေ့ပြောင်းခဲ့တယ်။ပိုင်မုက  အာလူးအချို့၊ ကန်စွန်းဥ၊အသားခြောက်၊ နို့သစ်သီး(မိခင်သစ်သီး)နဲ့ ပေါင်မုန့်သီးအချို့ကိုလည်း ယူထုတ်ပြီး ဂူထဲမှာထည့်လိုက်တယ်။ သူတို့အိမ်ကို အပေါများဆုံးက အစားအစာဖြစ်ဖို့ ဘယ်သူလုပ်ထားတာလဲ။ ဒါပေမယ့် သူက အများကြီးမထည့်ထားပါဘူး၊ အဲ့ဒါက အရေးပေါ်သုံးဖို့လောက်ပဲ။

မြေအိုးလုပ်တဲ့မျိုးနွယ်စု၀င်တွေက  သူတို့အိမ်မှာရှိနေတဲ့ ပိုလျှံတဲ့မြေအိုးအားလုံးကို ဂူထဲရွှေ့ပြောင်းခဲ့ကြတယ်။မိသားစုတိုင်းကလည်း ပိုလျှံနေတဲ့အဆီနဲ့ တိရစ္ဆာန်သားရေတွေကို ထုတ်ယူခဲ့ကြပြီး ဂူထဲမှာ သိမ်းဆည်းခဲ့ကြတယ်။ ပြင်ဆင်ပြီးနောက်မှာ ကျောက်တုံးတွေနဲ့ချွန်ထက်နေတဲ့တုတ်ချောင်းရှည်‌တွေကို ဂူထဲမှာ သူသိမ်းဆည်းထားလိုက်တယ်။

မိသားစုထဲက ထိခိုက်ဒဏ်ရာရရှိပြီးစောင့်ရှောက်မှုလိုအပ်နေတဲ့ orcs‌ တွေကလွဲပြီး မိန်းမပျိုလေးတွေကတောင် အပျင်းထူမနေဘဲ အခြားသူတွေအားလုံးစုဝေးနေတဲ့ခိုလှုံရာဂူထဲမှာ လေးနဲ့မြှားတွေကို စတင်ပြုလုပ်ကြတော့တယ်။သူတို့က ပိုင်မုနဲ့အတူ ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတာကိုလည်း လေ့ကျင့်ခဲ့ကြတယ်။ တကယ်တော့ ပိုင်မုက သူ့တို့ကို ကောင်းကျိုးဆိုးကျိုးခွဲခြားသိမြင်တတ်တဲ့စိတ်ထားရှိဖို့ကိုလည်း သင်ပေးခဲ့တယ်။ သူတို့ရဲ့စွမ်းရည်က အရမ်းဆိုးရွားတဲ့အဆင့်မှာရှိတယ်။မြှားဆယ့်လေးချောင်းလောက်ပစ်တာတောင် ပစ်မှတ်ကို လွဲချော်ကြသေးတယ်။

လေ၀င်လေထွက်ကောင်းအောင် ထိန်းထားဖို့ရာ လူအရမ်းများတာကြောင့် ခိုလှုံရာဂူမှာ ဂိတ်ပေါက်တစ်ခုမှ တပ်ဆင်ထားခြင်းမရှိပေမာ့်လည်း ခြံစည်းရိုးငါးခုကို မာကျောတဲ့သစ်သားတွေနဲ့ တပ်ဆင်ထားတယ်။ဒါ့အပြင် ကြီးမားတဲ့တိရစ္ဆာန်သားရေကန့်လန့်ကာကို ပြင်ဆင်ထားပြီး အရမ်းအေးတဲ့အခါကျရင်   လေကိုပိတ်ဆို့ဖို့ရာအတွက် ကန့်လန့်ကာကိုချိတ်ဆွဲထားလိုက်ရုံပဲ ။ အဲ့ဒါမှ မလုံလောက်သေးရင်လည်း မီးအပူချိန်အနည်းငယ် ထပ်တိုးနိုင်တယ်လေ။

ခိုလှုံရာဂူကို ပြင်ဆင်ပြီးနောက် orcs တွေက ကွင်းပြင်ပတ်ပတ်လည်မှာ ထောင်ချောက်တွေကို စတင်တူးကြတယ်။ မိန်းမပျိုတွေက ကြိုးလှေကားကို ရက်လုပ်နေကြပြီး အိမ်မှာပိုနေတဲ့ ချည်မျှင်စိမ်းတွေနဲ့ ကြိုးတွေကို ပြင်ဆင်ကြတယ်။

ကိုးရက်လောက်အလုပ်ရှုပ်ပြီးတဲ့နောက်မှာတော့ ပြင်ဆင်မှုတွေအားလုံးကို သူအပြီးသတ်နိုင်သွားတယ်။ ပိုင်မုက သူအဆင်သင့်မဖြစ်ခင်မှာ သားရဲအုပ်ရောက်လာမှာကို စိုးရိမ်တာကြောင့် နောက်ရက်အနည်းငယ်မှာ သူပို,ပိုပြီးစိုးရိမ်လာတယ်။ ကံကောင်းထောက်မစွာနဲ့  သူစိုးရိမ်နေတဲ့အခြေအနေက မဖြစ်လာခဲ့ဘူး။

ကြိုတင်ပြင်ဆင်မှုပြီးတဲ့အခါမှာ နေ့တိုင်းအလှည့်ကျကြည့်ရှုပေးရတဲ့orcs တွေကလွဲပြီး လူတိုင်းက သူတို့ရဲ့အိမ်မှာ အနားယူကြပြီး ၎င်းတို့ရဲ့စွမ်းအင်ကို ဖြည့်တင်းနေကြကာ  နောက်တကြိမ်လာမယ့်သားရဲတိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြတယ်။

တစ်ခုတည်းသောခြားနားချက်က မိန်းမပျိုတွေအချိန်ရရင် မြှားပစ်ချက်တွေကို လေ့ကျင့်ကျမှာဖြစ်တယ်။တကယ်တော့ သူတို့တွေလည်း ယောက်ျားဖြစ်ပြီး တိုက်ခိုက်လိုစိတ်ပြင်းပြပေမယ့် သူတို့မှာ orcs တွေရဲ့ တိုက်ခိုက်နိုင်စွမ်းမရှိသလို သူတို့ကို orcs တွေက အမြဲတမ်းကောင်းကောင်းကာကွယ်ထားကြတယ်။ဒါကြောင့် သူတို့က orcs တွေရဲ့နောက်ကွယ်မှာ အမြဲပုန်းနေခဲ့ကြတာပါ။

အခု ပိုင်မုရဲ့သူရဲကောင်းဆန်တဲ့စွမ်းဆောင်မှုက သူတို့က တကယ်တော့ တိုက်ခိုက်နိုင်တယ်ဆိုတာကို သိလာစေတယ်။ပိုင်မုက သူတို့ကို လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို တောက်လောင်စေခဲ့တယ်။ သူတို့က orcs တွေလိုမျိုး သားရဲတွေကို  တိုက်ရိုက်တိုက်ခိုက်တာမျိုး မလုပ်နိုင်ပေမယ့်လည်း သူတို့က သားရဲတွေတိုက်ခိုက်တာကို လက်နက်တွေနဲ့ ကာကွယ်နိုင်တယ်။

နေ့ရက်တွေက ရက်အနည်းငယ်ကြာအောင် အေးအေးချမ်းချမ်းကုန်ဆုံးသွားပြီး သားရဲအုပ်မလာလောက်တော့ဘူးလို့ လူတိုင်းကထင်နေကြတဲ့အချိန်မှာ မျိုးနွယ်စုထဲမှာရှိတဲ့ ဟွန်းသံတွေထွက်ပေါ်လာတယ်။အိမ်တိုင်းက အလုပ်များစပြုလာပြီး orcsတွေက သူတို့ရဲ့ကလေးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ မိန်းမပျို‌တွေကို ခိုလှုံရာဂူဆီ စေလွှတ်ပြီးနောက်မှာ မျိုးနွယ်စုရှေ့မှာရှိတဲ့ ကွင်းပြင်းမှာ စုရုံးခဲ့ကြတယ်။

မိသားစုထဲမှာ orcsမရှိတဲ့သူတွေကို  အရွယ်အစားသေးငယ်သေးတဲ့orcsလေးတွေက ခိုလှုံရာဂူဆီ တစ်စုတစ်စည်းတည်း ပို့ဆောင်ပေးခဲ့ကြတယ်။ မျိုးနွယ်စုခေါင်းဆောင်ရဲ့တွဲဖက်က လူအရေအတွက်ကိုရေတွက်ဖို့ တာဝန်ရှိပြီး လူတိုင်းရဲ့ဘေးကင်းမှုကိုကာကွယ်ဖို့ရာ အသက် 20နှစ်အောက် orcs တွေကိုဖွဲ့စည်းပေးဖို့ကတော့ ပိုင်မုမှာ တာဝန်ရှိတယ်။ ဒါကို ပိုင်မုနဲ့ မျိုးနွယ်စုခေါင်းဆောင်က စီစဉ်ခဲ့တာပါ။ ခိုလှုံရာဂူရှိနေပြီဖြစ်တာကြောင့်  အရွယ်ရောက်orcs တွေစောင့်ကြပ်ရတဲ့ ဒုတိယကာကွယ်ရေးလိုင်းထားဖို့က  မလိုအပ်တော့ပါဘူး။

T/N - paidမှာ ဇာတ်သိမ်းသွားပါပြီနော် Extra 3ပိုင်းပဲကျန်ပါတော့တယ်။

Zawgyi

ေနာက္ေန႕မနက္ေစာေစာမွာ ခဲယ္လ္တစ္နဲ႕ပိုင္မုတို႔က မ်ိဳးႏြယ္စုေခါင္းေဆာင္ကိုသြားရွာၿပီး သူတို႔ရဲ႕အစီအစဥ္ကို ရွင္းျပလိုက္တယ္။နိရွီဇ၀နဲ႕ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕တြဲဖက္တို႔ကလည္း နားေထာင္ေနၾကၿပီး သူတို႔လည္းပဲ အရမ္းသိခ်င္စိတ္ျဖစ္ေနၾကတယ္။

"မေန႕က ဘာေတြျဖစ္သြားလဲဆိုတာ မ်ိဳးႏြယ္စုေခါင္းေဆာင္သိတယ္မလား သားရဲအုပ္ေနာက္တစ္ႀကိမ္ ထပ္မတိုက္ခိုက္လာခင္ ႀကိဳတင္ျပင္ဆင္မႈတခ်ိဳ႕ ကြၽန္ေတာ္လုပ္ထားခ်င္တယ္"

"ဒါဆို မင္းဘာေတြျပင္ဆင္ထားခ်င္လဲ ငါ့ကိုေျပာပါ" မေန႕ကအျဖစ္အပ်က္ကို မ်ိဳးႏြယ္စုေခါင္းေဆာင္လည္း သိတယ္။ ပိုင္မုက မေန႕ကအတူတူတိုက္ခိုက္ဖို႔ရာ  Orc ေလးေတြကို ဦးေဆာင္ေပးလို႔ အေသအေပ်ာက္မရွိခဲ့တဲ့အတြက္ ေက်းဇူးတင္တယ္။ ဒီေန႕ သူတို႔(ခဲယ္လ္တစ္နဲ႕ပိုင္မု)သူ႕ဆီမလာရင္ ေက်းဇူးတင္ဖို႔အတြက္ သူတို႔ဆီ သူသြားရလိမ့္မယ္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ မတိုက္ခိုက္နိုင္တဲ့ မ်ိဳးႏြယ္စုဝင္အားလုံးကို ထားနိုင္တဲ့ ဂူတစ္လုံးရွိလား သားရဲေတြ တိုက္ခိုက္လာရင္  လူစုမခြဲဘဲပဲ တစ္ေနရာတည္းမွာပုန္းေအာင္းရင္ ေကာင္းမယ္လို႔ ကြၽန္ေတာ္ထင္တယ္ ဒီနည္းလမ္းနဲ႕ အႏၱရာယ္ႀကဳံရင္လည္း တစ္ေယာက္နဲ႕တစ္ေယာက္ ဂ႐ုစိုက္ေပးနိုင္တာေပါ့ အ႐ြယ္ေရာက္ခါနီးလူေတြကိုလည္း ပို႔ေပးနိုင္တယ္ orcs ေတြက လူတိုင္းကို ကာကြယ္ေပးေပါ့ အဲ့ဒါက ပိုလုံၿခဳံလိမ့္မယ္မဟုတ္လား"ပိုင္မုက မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕အမူအရာကို အာ႐ုံစိုက္ရင္းနဲ႕ ေျပာလိုက္တယ္။

"အဲ့လိုဂူေတြအမ်ားႀကီးရွိတယ္ ဂူႀကီးက အရမ္းႀကီးၿပီး ႏြေးေထြးတာေၾကာင့္ ဘယ္သူမွ ေသမွာမဟုတ္ဘူး" မ်ိဳးႏြယ္စုေခါင္းေဆာင္ကလည္း ပိုင္မုရဲ႕အျမင္ကို သေဘာတူတယ္။

“ေကာင္းပါၿပီ ဂူထဲမွာ ခိုင္ခံ့တဲ့ ၿခံစည္းရိုးအလႊာေတြလည္း ရွိေနၿပီး ေက်ာက္မီးေသြး၊တိရိစ္ဆာန္သားေရေတြ၊ ေက်ာက္တုံးေတြ၊ ခြၽန္ထက္တဲ့တုတ္ေတြ၊ ဆီနဲ႕ တျခားပစၥည္းေတြကို သိမ္းဆည္းထားတယ္  ေသေရးရွင္ေရးကာလမ်ိဳးမွာဆို ကိုယ့္ကိုယ္ကိုကာကြယ္နိုင္တယ္ ၿပီးေတာ့ မေန႕က လင္းယုန္ႀကီးကို ဒဏ္ရာရေအာင္လုပ္ခဲ့တဲ့ လက္နက္ေတြျဖစ္တဲ့ ေလးနဲ႕ျမႇားေတြကိုလည္း လုပ္ဖို႔လိုေသးတယ္ ဒီနည္းလမ္းနဲ႕ တိုက္ခိုက္နိုင္စြမ္းမရွိတဲ့ မ်ိဳးႏြယ္စု၀င္ေတြက အနည္းဆုံးေတာ့ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္နိုင္စြမ္းအတိုင္းအတာတစ္ခုအထိရွိလိမ့္မယ္ orcs ေတြရဲ႕ကာကြယ္မႈနဲ႕အတူ မ်ိဳးႏြယ္စု၀င္ေတြက ပိုလုံၿခဳံလိမ့္မယ္ ေရွ႕ကေန တိုက္ခိုက္လို႔ရတယ္ ေစာင့္ထိန္းေနစရာမလိုဘူး" အဲ့ဒီေနာက္ ပိုင္မုက မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ေထာင္ေခ်ာက္ေတြ စီစဥ္မယ့္သူ႕စိတ္ကူးကို ေျပာျပလိုက္တယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္က သူ႕စကားကိုနားေထာင္ၿပီးေနာက္ ခဏေလာက္တိတ္ဆိတ္သြားၿပီး ေျပာခဲ့တယ္။“ပိုင္မု မင္းေျပာတဲ့အတိုင္းလုပ္ၾကမယ္ ေနာက္က်ရင္ မ်ိဳးႏြယ္စုထဲက စစ္သည္ေတြကို အစားအစာျဖန့္ေဝေပးလိုက္မယ္ မင္းလည္းပဲ ငါနဲ႕အတူတူ သြားရလိမ့္မယ္ မင္းက လူတိုင္းကို ဒီအေၾကာင္းေျပာျပၿပီးေတာ့ မင္းဆႏၵအတိုင္း စတင္စီစဥ္ေပးဖို႔ တစ္ေယာက္ေယာက္ကို ငါစီစဥ္ေပးမယ္"

ပိုင္မုက ေခါင္းညိတ္ၿပီး သေဘာတူလိုက္တယ္၊ဒါက လုံး၀ကို သူေမွ်ာ္လင္ထားတဲ့အတိုင္းပါပဲ။ ဒီအခ်ိန္မွာ သူအဆင္သင့္ျဖစ္ထားရင္ ေနာက္တစ္ေခါက္ထပ္လာမယ့္သားရဲဒီေရလွိုင္းမွာ မ်ိဳးႏြယ္စု၀င္ေတြဆီမွာ ထိခိုက္ပ်က္စီးမႈေတြခံစားရမွာမဟုတ္ဘူးလို႔ ပိုင္မုယုံၾကည္တယ္။ဦးေဆာင္တိုက္ပြဲဝင္ေနရတဲ့ orcs ေတြအတြက္ေတာ့ သူတို႔ရဲ႕ အေသအေပ်ာက္ကို ေလွ်ာ့ခ်ဖိဳ႕ နည္းလမ္းေကာင္းကို သူမစဥ္းစားရေသးဘူး။

ဒါ့ေၾကာင့္ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ ပံ့ပိုးကူညီမႈ၊ မ်ိဳးႏြယ္စုတစ္စုလုံးရဲ႕ ပံ့ပိုးကူညီမႈနဲ႕အတူ မ်ိဳးႏြယ္စုက ျပင္းထန္တဲ့အေအးဒဏ္ကိုႀကံ့ႀကံ့ခံကာ သားရဲအုပ္ကိုခုခံဖို႔ ျပင္ဆင္ေနၾကေတာ့တယ္။ ပထမဦးဆုံး ခဲယ္လ္တစ္က ပိုင္မုကို လူမေနတဲ့ဂူအနည္းငယ္ကို ၾကည့္ရႈဖို႔ ေခၚသြားခဲ့တယ္။ဂူေတြထဲက တစ္ခုမွာ  ေရေပါက္ငယ္တစ္ခုရွိၿပီး ေက်ာက္သားနံရံကေန ေရေတြစိမ့္ထြက္ေနတယ္။ ၿပီးေတာ့ ဂူက လုံလုံေလာက္ေလာက္ကိုႀကီးတယ္။ဂူအျပင္ဘက္ဘက္က  ေက်ာက္သားနံရံကလည္း လုံလုံေလာက္ေလာက္ကိုမတ္ေစာက္တယ္။ပိုင္မုက အဲ့ဒီဂူကိုအရမ္းစိတ္တိုင္းက်ခဲ့ၿပီး အဲ့ဒါကိုခိုလႈံတဲ့‌ေနရာအျဖစ္ထားဖို႔ ဆုံးျဖတ္ခဲ့တယ္။

ထို႔ေနာက္ ၿခံစည္းရိုးနဲ႕ ခုခံေရးလက္နက္ေတြျပဳလုပ္ဖို႔ရာ ထင္းခုတ္ဖို႔ ေတာထဲသြားၾကတယ္။ orc ငယ္ေလးက အပ်င္းထူမေနဘဲ ေထာက္ပံ့ေရးပစၥည္းေတြကို စတင္ကူညီသယ္ေဆာင္ေပးခဲ့တယ္။ ပိုင္မုက ေနရာလြတ္ထဲမွာရွိတဲ့  ေက်ာက္မီးေသြးတစ္ဝက္ကို ထုတ္ယူလိုက္ၿပီး တစ္စိတ္တစ္ပိုင္းကို အိမ္မွာထားခဲ့ကာ က်န္တဲ့တစ္စိတ္တစ္ပိုင္းကိုေတာ့ သူခိုလႈံရမယ့္ဂူဆီ ေ႐ႊ႕ေျပာင္းခဲ့တယ္။ပိုင္မုက  အာလူးအခ်ိဳ႕၊ ကန္စြန္းဥ၊အသားေျခာက္၊ နို႔သစ္သီး(မိခင္သစ္သီး)နဲ႕ ေပါင္မုန႔္သီးအခ်ိဳ႕ကိုလည္း ယူထုတ္ၿပီး ဂူထဲမွာထည့္လိုက္တယ္။ သူတို႔အိမ္ကို အေပါမ်ားဆုံးက အစားအစာျဖစ္ဖို႔ ဘယ္သူလုပ္ထားတာလဲ။ ဒါေပမယ့္ သူက အမ်ားႀကီးမထည့္ထားပါဘူး၊ အဲ့ဒါက အေရးေပၚသုံးဖို႔ေလာက္ပဲ။

ေျမအိုးလုပ္တဲ့မ်ိဳးႏြယ္စု၀င္ေတြက  သူတို႔အိမ္မွာရွိေနတဲ့ ပိုလွ်ံတဲ့ေျမအိုးအားလုံးကို ဂူထဲေ႐ႊ႕ေျပာင္းခဲ့ၾကတယ္။မိသားစုတိုင္းကလည္း ပိုလွ်ံေနတဲ့အဆီနဲ႕ တိရစ္ဆာန္သားေရေတြကို ထုတ္ယူခဲ့ၾကၿပီး ဂူထဲမွာ သိမ္းဆည္းခဲ့ၾကတယ္။ ျပင္ဆင္ၿပီးေနာက္မွာ ေက်ာက္တုံးေတြနဲ႕ခြၽန္ထက္ေနတဲ့တုတ္ေခ်ာင္းရွည္‌ေတြကို ဂူထဲမွာ သူသိမ္းဆည္းထားလိုက္တယ္။

မိသားစုထဲက ထိခိုက္ဒဏ္ရာရရွိၿပီးေစာင့္ေရွာက္မႈလိုအပ္ေနတဲ့ orcs‌ ေတြကလြဲၿပီး မိန္းမပ်ိဳေလးေတြကေတာင္ အပ်င္းထူမေနဘဲ အျခားသူေတြအားလုံးစုေဝးေနတဲ့ခိုလႈံရာဂူထဲမွာ ေလးနဲ႕ျမႇားေတြကို စတင္ျပဳလုပ္ၾကေတာ့တယ္။သူတို႔က ပိုင္မုနဲ႕အတူ ဘယ္လိုတိုက္ခိုက္ရတယ္ဆိုတာကိုလည္း ေလ့က်င့္ခဲ့ၾကတယ္။ တကယ္ေတာ့ ပိုင္မုက သူ႕တို႔ကို ေကာင္းက်ိဳးဆိုးက်ိဳးခြဲျခားသိျမင္တတ္တဲ့စိတ္ထားရွိဖို႔ကိုလည္း သင္ေပးခဲ့တယ္။ သူတို႔ရဲ႕စြမ္းရည္က အရမ္းဆိုး႐ြားတဲ့အဆင့္မွာရွိတယ္။ျမႇားဆယ့္ေလးေခ်ာင္းေလာက္ပစ္တာေတာင္ ပစ္မွတ္ကို လြဲေခ်ာ္ၾကေသးတယ္။

ေလ၀င္ေလထြက္ေကာင္းေအာင္ ထိန္းထားဖို႔ရာ လူအရမ္းမ်ားတာေၾကာင့္ ခိုလႈံရာဂူမွာ ဂိတ္ေပါက္တစ္ခုမွ တပ္ဆင္ထားျခင္းမရွိေပမာ့္လည္း ၿခံစည္းရိုးငါးခုကို မာေက်ာတဲ့သစ္သားေတြနဲ႕ တပ္ဆင္ထားတယ္။ဒါ့အျပင္ ႀကီးမားတဲ့တိရစ္ဆာန္သားေရကန႔္လန႔္ကာကို ျပင္ဆင္ထားၿပီး အရမ္းေအးတဲ့အခါက်ရင္   ေလကိုပိတ္ဆို႔ဖို႔ရာအတြက္ ကန႔္လန႔္ကာကိုခ်ိတ္ဆြဲထားလိုက္႐ုံပဲ ။ အဲ့ဒါမွ မလုံေလာက္ေသးရင္လည္း မီးအပူခ်ိန္အနည္းငယ္ ထပ္တိုးနိုင္တယ္ေလ။

ခိုလႈံရာဂူကို ျပင္ဆင္ၿပီးေနာက္ orcs ေတြက ကြင္းျပင္ပတ္ပတ္လည္မွာ ေထာင္ေခ်ာက္ေတြကို စတင္တူးၾကတယ္။ မိန္းမပ်ိဳေတြက ႀကိဳးေလွကားကို ရက္လုပ္ေနၾကၿပီး အိမ္မွာပိုေနတဲ့ ခ်ည္မွ်င္စိမ္းေတြနဲ႕ ႀကိဳးေတြကို ျပင္ဆင္ၾကတယ္။

ကိုးရက္ေလာက္အလုပ္ရႈပ္ၿပီးတဲ့ေနာက္မွာေတာ့ ျပင္ဆင္မႈေတြအားလုံးကို သူအၿပီးသတ္နိုင္သြားတယ္။ ပိုင္မုက သူအဆင္သင့္မျဖစ္ခင္မွာ သားရဲအုပ္ေရာက္လာမွာကို စိုးရိမ္တာေၾကာင့္ ေနာက္ရက္အနည္းငယ္မွာ သူပို,ပိုၿပီးစိုးရိမ္လာတယ္။ ကံေကာင္းေထာက္မစြာနဲ႕  သူစိုးရိမ္ေနတဲ့အေျခအေနက မျဖစ္လာခဲ့ဘူး။

ႀကိဳတင္ျပင္ဆင္မႈၿပီးတဲ့အခါမွာ ေန႕တိုင္းအလွည့္က်ၾကည့္ရႈေပးရတဲ့orcs ေတြကလြဲၿပီး လူတိုင္းက သူတို႔ရဲ႕အိမ္မွာ အနားယူၾကၿပီး ၎တို႔ရဲ႕စြမ္းအင္ကို ျဖည့္တင္းေနၾကကာ  ေနာက္တႀကိမ္လာမယ့္သားရဲတိုက္ခိုက္မႈအတြက္ ျပင္ဆင္ေနၾကတယ္။

တစ္ခုတည္းေသာျခားနားခ်က္က မိန္းမပ်ိဳေတြအခ်ိန္ရရင္ ျမႇားပစ္ခ်က္ေတြကို ေလ့က်င့္က်မွာျဖစ္တယ္။တကယ္ေတာ့ သူတို႔ေတြလည္း ေယာက္်ားျဖစ္ၿပီး တိုက္ခိုက္လိုစိတ္ျပင္းျပေပမယ့္ သူတို႔မွာ orcs ေတြရဲ႕ တိုက္ခိုက္နိုင္စြမ္းမရွိသလို သူတို႔ကို orcs ေတြက အၿမဲတမ္းေကာင္းေကာင္းကာကြယ္ထားၾကတယ္။ဒါေၾကာင့္ သူတို႔က orcs ေတြရဲ႕ေနာက္ကြယ္မွာ အၿမဲပုန္းေနခဲ့ၾကတာပါ။

အခု ပိုင္မုရဲ႕သူရဲေကာင္းဆန္တဲ့စြမ္းေဆာင္မႈက သူတို႔က တကယ္ေတာ့ တိုက္ခိုက္နိုင္တယ္ဆိုတာကို သိလာေစတယ္။ပိုင္မုက သူတို႔ကို လက္နက္ေတြ ေထာက္ပံ့ေပးခဲ့ၿပီး သူတို႔ရဲ႕ တိုက္ခိုက္ေရးစိတ္ဓာတ္ကို ေတာက္ေလာင္ေစခဲ့တယ္။ သူတို႔က orcs ေတြလိုမ်ိဳး သားရဲေတြကို  တိုက္ရိုက္တိုက္ခိုက္တာမ်ိဳး မလုပ္နိုင္ေပမယ့္လည္း သူတို႔က သားရဲေတြတိုက္ခိုက္တာကို လက္နက္ေတြနဲ႕ ကာကြယ္နိုင္တယ္။

ေန႕ရက္ေတြက ရက္အနည္းငယ္ၾကာေအာင္ ေအးေအးခ်မ္းခ်မ္းကုန္ဆုံးသြားၿပီး သားရဲအုပ္မလာေလာက္ေတာ့ဘူးလို႔ လူတိုင္းကထင္ေနၾကတဲ့အခ်ိန္မွာ မ်ိဳးႏြယ္စုထဲမွာရွိတဲ့ ဟြန္းသံေတြထြက္ေပၚလာတယ္။အိမ္တိုင္းက အလုပ္မ်ားစျပဳလာၿပီး orcsေတြက သူတို႔ရဲ႕ကေလးေတြ၊သက္ႀကီး႐ြယ္အိုေတြနဲ႕ မိန္းမပ်ိဳ‌ေတြကို ခိုလႈံရာဂူဆီ ေစလႊတ္ၿပီးေနာက္မွာ မ်ိဳးႏြယ္စုေရွ႕မွာရွိတဲ့ ကြင္းျပင္းမွာ စု႐ုံးခဲ့ၾကတယ္။

မိသားစုထဲမွာ orcsမရွိတဲ့သူေတြကို  အ႐ြယ္အစားေသးငယ္ေသးတဲ့orcsေလးေတြက ခိုလႈံရာဂူဆီ တစ္စုတစ္စည္းတည္း ပို႔ေဆာင္ေပးခဲ့ၾကတယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕တြဲဖက္က လူအေရအတြက္ကိုေရတြက္ဖို႔ တာဝန္ရွိၿပီး လူတိုင္းရဲ႕ေဘးကင္းမႈကိုကာကြယ္ဖို႔ရာ အသက္ 20ႏွစ္ေအာက္ orcs ေတြကိုဖြဲ႕စည္းေပးဖို႔ကေတာ့ ပိုင္မုမွာ တာဝန္ရွိတယ္။ ဒါကို ပိုင္မုနဲ႕ မ်ိဳးႏြယ္စုေခါင္းေဆာင္က စီစဥ္ခဲ့တာပါ။ ခိုလႈံရာဂူရွိေနၿပီျဖစ္တာေၾကာင့္  အ႐ြယ္ေရာက္orcs ေတြေစာင့္ၾကပ္ရတဲ့ ဒုတိယကာကြယ္ေရးလိုင္းထားဖို႔က  မလိုအပ္ေတာ့ပါဘူး။

T/N - paidမွာ ဇာတ္သိမ္းသြားပါၿပီေနာ္ Extra 3ပိုင္းပဲက်န္ပါေတာ့တယ္။

Continue Reading

You'll Also Like

11.6K 1.4K 21
သိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.
129K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...