🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(42)
အနှစ်တို့ရှေ့မှာရှိတဲ့ကိုမိုးမြတ်ယံသည် မတွေ့ရတဲ့နှစ်အတွင်းမှာ အတော်ကိုအိုစာသွားသည်။ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်သလိုနေထားပုံရသည်။ နှုတ်ခမ်းမွှေး၊ပါးသိုင်းမွှေးတွေကိုလည်း သေချာမရှင်းထား။
"ဘယ်တုန်းကပြန်ရောက်တာလဲ"
"မနေ့က...အဆင်ပြေနေကြလား"
"ဒီလိုပါပဲ..."
"ကျွန်မတို့ကိုဘာပြောစရာရှိလို့လဲ"
သူမ လိုရင်းကိုသာမေးလိုက်သည်။ ကိုမိုးမြတ်ယံနဲ့အကြာကြီးစကားပြောလို့ ကောင်းတာမှမရှိလာနိုင်တာ။ မွန်လေးက သူ့ကိုမေ့သွားပြီ။ မွန်လေးကိုနောက်ထပ်ဒဏ်ရာမရစေချင်တော့။
"မွန်လေးနဲ့တွေ့ချင်တယ်"
"သတင်းမကြားဘူးလား မွန်လေးက အခုရှင့်ကိုသတိမရတော့ဘူး မသိတဲ့သူကိုတွေ့ပြီး ဘာလုပ်မှာလဲ"
"အဟက် ရည်ရွယ်မွန်က အရမ်းဟန်ဆောင်ကောင်းတာကို မင်းမသိသေးဘူးလား နောက်ကျောကိုဓားနဲ့တစ်ခါအထိုးခံရပြီးရင် မှတ်မိသင့်တယ်...သေချာစမ်းကြည့်ပြီးပြီလား"
"အခုထိတော့ တစ်ကယ်ပဲ မင်း ရည်ရွယ်မွန်ကိုတွေ့ချင်တာမလား...ရော့ ဒါက ဆေးရုံလိပ်စာ တွေ့ပြီးရင် ပေါက်ကရစကားတွေမပြောနဲ့ ဟိုက အခုမှသတိပြန်ရလာယုံလေးရှိသေးတာ စကားကိုဂရုစိုက်ပြော"
သူမဘာမှပြန်မပြောရသေးခင် စက်ဝန်းကဝင်ဖြေသည်။ စကားအနေအထားတည်နေပုံအရ သူမကို မိုးမြတ်ယံနဲ့ရည်ရွယ်မွန်ကြား နောက်တစ်ခါမရောက်စေချင်ပုံပါပဲ။ ပြီးတော့ သူမအစားမခံချင်တာလည်းပါလိမ့်မည်။
"အိုခေ ငါ့ဘာသာကြည့်လုပ်လိုက်မယ်"
"အင်း မင်းလည်း ဒီတစ်ခါသေချာစဉ်းစားပြီးမှလုပ်"
"စိတ်ချပါ..."
ထို့နောက် မိုးမြတ်ယံရဲ့မျက်ဝန်းက အနှစ်ဘက်ကိုရောက်လာသည်။ အရင်တုန်းက သူမအပေါ်ကို ချစ်မြတ်နိုးခြင်းအပြည့်နဲ့ကြည့်တတ်တဲ့အကြည့်က အခုတော့ ပုံမှန်လူတစ်ယောက်ကိုကြည့်နေရသည့်အကြည့်မျိုးဖြစ်သွားသည်။
"တောင်းပန်ပါတယ်...မွန်လေးကြောင့်ဆိုပေမဲ့ အစ်ကို့အမှားလည်းပါခဲ့တယ် မွန်လေးအစားရော၊အစ်ကို့အစားပါ တောင်းပန်ပါတယ်"
အရင်တုန်းက သူ့ကိုဝိုင်းလိမ်ခဲ့ရမလားဆိုပြီး စိတ်ဆိုးခဲ့မိတာ။ သေချာပြန်စဉ်းစားမိရင် သူညံ့ခဲ့တာမှန်း သိသာသည်။ ရေးထားတဲ့စာနဲ့အနှစ်ရဲ့ခံစားချက်က ကွဲပြားနေသည်။ သူ အချစ်စိတ်မှာ မွှန်ထူပြီးအချစ်နောက်လိုက်သွားမိတယ်ဆိုပါတော့။ အရင်ကလည်းရိပ်မိခဲ့လိမ့်မည်။ သူရင်ဆိုင်ဖို့ သတ္တိပျောက်ဆုံးနေခဲ့တာဖြစ်မည်။
"အချစ်လေး တီတီ့ဆီကို လွှတ်လိုက်..."
ဆေးရုံဝန်းထဲမှာ မွန်လေးနှင့် အချစ်က စွန်လွှတ်နေသည်။ နှစ်ပတ်လောက်ကြာမှ မွန်လေးလမ်းလျှောက်လို့အဆင်ပြေလာတာမို့ အခုမှဆော့နေကြသည်။ ဘေးနားမှာ ကိုမင်းထက်နဲ့တံတိုင်းတည်တံ့က ထိုင်ကြည့်နေကြသည်။
"အာ တီတီ့ဘက်ကိုလွှတ်ရမှာပါဆို"
"ခစ် ခစ်"
"အချစ်လေး..."
စွန်မလွှတ်တတ်သည့် အချစ်လေးကို မွန်လေးက ဆူပုတ်ပုတ်နဲ့စိတ်ဆိုးသည်။ သို့သော် အချစ်လေးက မွန်လေးအမူအရာကို သဘောကျပြီးရယ်သည်။ ပြီးနောက်တစ်ယောက်နဲ့တစ်ယောက်လိုက်ကြသည်။ မွန်လေးက အခုမှ လမ်းလျှောက်လို့ရခါစဆိုတော့ တအားပြေးလို့မရ။ ထို့ကြောင့် ကလေးဖြစ်တဲ့အချစ်ခြေလှမ်းကိုပင်မမီနိုင်။
"အာ! သူလား မင်းထက်နဲ့စေ့စပ်ပွဲပျက်တဲ့သူက..."
"အင်း"
"အချစ်လေးက အနှစ်သာရရဲ့သမီး၊ မင်းထက်က အနှစ်သာရရဲ့အစ်ကိုအရင်း၊ ရည်ရွယ်မွန်က စေ့စပ်သူအဟောင်း"
"အင်း..."
"ဝါး...ဒါကြောင့် မင်းထက်နဲ့စက်ဝန်းအရမ်းရင်းနှီးနေပါတယ်လို့တွေးနေတာ ဒါကြောင့်ပဲ"
"မအံ့ဩဘူးလား"
"အံ့ဩတယ်လေ အခု တည်တံ့မျက်နှာမှာ အံ့ဩရိပ်တွေစွန်းထင်နေတာ မတွေ့ဘူးလား"
"မတွေ့ဘူး ငါမင်းမျက်နှာကိုကြည့်နေတာမှမဟုတ်တာ"
မင်းထက်စကားကြောင့် တည်တံ့က သူ့ရဲ့မျက်နှာကို ဆွဲယူကာ ဘေးတိုက်မှမျက်နှာချင်းဆိုင်စေသည်။
"ကြည့်! "
သူက တည်တံ့မျက်နှာကို ခပ်တည်တည်ကြည့်သည်။
"အဲ့တော့ မင်းပြောင်းလဲမှာလား"
"ဘာလို့လဲ ဘာလို့ပြောင်းလဲရမှာလဲ"
"မင်းက ငါ့ညီမနဲ့မတည့်ဘူးမလား"
"အံ့ဩတာ...မင်းထက်ညီမနဲ့စကားတောင်သေချာမပြောဖူးဘူး ငါက စက်ဝန်းကိုကြိုက်ဖူးတာပဲရှိတာ"
"အဲ့တာပြောတာ အနှစ်က မင်းက သူ့ယောက်ျားကိုကြိုက်တာသိတယ်...အခုငါ့ကိုပြောင်းကြိုက်တယ်ဆိုတော့ ကန့်ကွက်မှာမကြောက်ဘူးလား"
"တော်ပါတော့ အဲ့တာတစ်ကယ်ကြိုက်တာမဟုတ်ပါဘူးဆို ဒီတိုင်း အပေးအယူအနေနဲ့ ဘဘောကျလိုက်တာ"
"ဘယ်လိုကြိုက်ကြိုက် ကြိုက်ခဲ့တာပဲ"
"သဝန်တိုနေတာလား "
"ထင်ချင်သလိုထင်"
ကြည့်...!
"ဒါကြောင့် ငါ့ကို မချစ်တာလား ငါက စက်ဝန်းကိုကြိုက်ဖူးလို့"
"ငါက ငါ့ညီမနဲ့ ငါ့ဇနီးဖြစ်လာမဲ့သူကို ညီအစ်မတွေလို ချစ်နေစေချင်တယ်"
လူကိုအရေးမစိုက်သလိုနေပေမဲ့ စကားကအမှန်ပြောလာသည်။ သူက တည်တံ့ကို အတည်ဖြစ်နေတာ။ ငါ့ဇနီးဖြစ်လာမဲ့သူကိုတဲ့။ အဟင်း။
"ရတယ် ငါ အနှစ်ကို ညီမတစ်ယောက်လိုချစ်မှာပါ"
"ဒါဆို အနှစ်ကရော..."
"ငါယုံကြည်ချက်ရှိတယ် မင်းထက်ကို ငါတစ်ကယ်ချစ်မှန်းသိရင် အနှစ်လည်းသဘောတူမှာပါ..."
"..."
"ဒါဆို မင်းထက်နဲ့ငါတရားဝင်ဖြစ်ပြီနော်"
"ဘယ်သူ့သဘောနဲ့လဲ"
"ငါ့သဘောပေါ့"
တည်တံ့က ပုခုံးတွန့်ပြပြီးရယ်သည်။ အပြုအမူမှာ ဖြူစင်ခြင်းနဲ့ချစ်ခြင်းတွေပါနေ၏။
"ငါ့ကို စိတ်မဆိုးဘူးလား...စက်ဝန်းက ငါ့ယောက်ဖဆိုတာ ဖုံးကွယ်ထားလို့ မင်းကအနှစ်အကြောင်းအများကြီးပြောဖူးတယ်"
"ဆိုးတယ် ငါက အစ်ကိုရှေ့မှာ ညီမနဲ့သူ့ယောက်ျားအကြောင်းပြောဖူးတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ ဒါပေမဲ့ ချစ်မိသွားရင် အလိုလိုခွင့်လွှတ်တတ်သွားတာပဲလေ...ချစ်မိသွားရင် အချစ်နောက်ပဲလိုက်သွားတတ်တာ သဘာဝပဲ ဘယ်အရွယ်မှာပဲဖြစ်ဖြစ်ပေါ့"
တည်ငြိမ်နေသည့်သူ့နှုတ်ခမ်းတို့သည် တည်တံ့စကားကြောင့် သွားတွေပေါ်သည်အထိ ပြုံးသွား၏။
"ဒါဆို ငါ့လက်ကိုဆွဲပြီး ငါ့ဘဝရဲ့တစ်သက်လုံးစာ အချစ်ဖြစ်ပေးပါ"
"ဝါး နောက်ဆုံးတော့ မင်းထက်လက်လျော့လိုက်ပြီပဲ"
"အဟွန်း..."
ချစ်မိသွားတဲ့အခါ တစ်ချို့အကြောင်းအရာတွေသည် အရေးမပါတော့။ သူသာတည်တံလိုမျိုးတွေးရင် သူတို့ အစောကြီးပျော်ရွှင်ရလောက်ပြီ။
ထိုစဉ် သူတို့တည်နေရာကို ဦးတည်ပြီး လမ်းလျှောက်လာသည့်လူတစ်ယောက်ကိုတွေ့ရလိမ့်မည်။ ဘယ်သူမှသတိမထားမိကြ။
အနီးနားရောက်လာသည့် အခါမှာတော့ မင်းထက်ကစပြီးသတိထားမိသွားသည်။ တစ်ခါ၊နှစ်ခါပဲတွေ့ဖူးပေမဲ့ မှတ်မိသည်။ မိုးမြတ်ယံ။ တည်တံ့လည်း သိလိမ့်မည်။ သူမက ရဝေသော်ရဲ့သူငယ်ချင်းမလို့။ သို့သော် နှစ်ယောက်လုံး ထိုင်နေဆဲပင်။
"အယ် အချစ်လေး...ဘာလို့မလွှတ်တာလဲ"
မွန်လေးက ကျောပေးထားတာမို့ နောက်မှာ လူရောက်နေတာမသိ။ ချစ်စရာကောင်းသည့်အသံလေးနဲ့အတူ ရယ်သံစွက်ပြီးပြောတော့ အချစ်က နောက်ကိုလက်ညိုးထိုးပြသည်။
လူရောက်နေပါတယ်ပေါ့။
မွန်လေးလှည့်ကြည့်လိုက်တော့ အနီးနားမှာ သူမမသိတဲ့လူတစ်ယောက်ရပ်နေသည်။ မွန်လေးမျက်နှာပြုံးသွားသည်။
"ထင်ရှား..."
မွန်လေး ထင်ရှားဆီပြေးသွားသည်။ အနီးနားကလူတစ်ယောက်ကိုတော့ ကျော်သွားသည်။ ထိုသူကိုမွန်လေးမသိ။ မွန်လေးသိတာ အဝေးက လမ်းလျှောက်လာနေသည့် ထင်ရှားကိုပဲသိသည်။
မိုးမြတ်ယံရင်ထဲ လက်စားပြန်ချေခံလိုက်ရသလို။ အရင်တုန်းက မွန်လေးက သူ့နောက်ပြေးလိုက်ခဲ့တာ။ အခုတော့ သူနဲ့ဝေးရာကို ပြေးသွားခဲ့တာ။ အထားခံရရတဲ့ခံစားချက်က ခံစားရခက်သည်။
မွန်လေးလည်း အရင်တုန်းက ဒီလိုခံစားခဲ့ရမှာပါလား။
"သူ့ကိုရော သိလား"
ထင်ရှားက မိုးမြတ်ယံရှေ့ရပ်ပြီး ဘေးနားက မွန်လေးကိုမေးသည်။
"ဟင့်အင်းမသိဘူး နင့်အသိလား...ခဏကတည်းက ရပ်နေတာ ကိုမင်းထက်အသိလည်းမဟုတ်ဘူးထင်တယ် သူတို့ကစကားပြောမပျက်ဘူး ငါကနင့်အသိထင်နေတာ"
"အင်း သူငယ်ချင်း...မိုးမြတ်ယံလို့ခေါ်တယ်"
မွန်လေး တစ်ခုခုကိုသတိရသလိုမျိုးစဥ်းစားသည်။ ပြီးမှပြောလာသည်က...
"အရင်နေ့က ရဝေသော်ပြောတာလည်းမိုးမြတ်ယံနဲ့နာမည်တူတူပဲ"
စကားသံကထိုမျှသာ။ နောက်ထပ်ဘာမှမပြောလာတော့။
မိုးမြတ်ယံသည် ချက်ချင်းဆိုသလို လှည့်ထွက်သွားသည်။ ဘယ်သူ့ကိုမှမနှုတ်ဆက်သွား။
"နင့်သူငယ်ချင်းက တစ်မျိုးနော် ထင်ရှား"
ထိုစကားသံကိုကြားလိုက်ရပေမဲ့ မိုးမြတ်ယံဘာစကားမှ ပြန်လည်မပြောဆိုမိတော့။ တစ်ကယ်ကို သူမက မေ့သွားခဲ့တာ။ အရင်က မျက်လုံးချင်းဘယ်တော့မှမဆုံတတ်တဲ့သူမက သူ့မျက်လုံးကိုတည့်တည့်ကြည့်ပြီး စကားပြောသည်။ ဘာခံစားချက်မှမတွေ့ရ။ သူမက နောက်ကလိုက်လာတဲ့အချိန် သူကပြေးထွက်သည်။ အခု သူက ပြန်လှည့်ကြည့်တော့ သူမက ကျောခိုင်းသွားခဲ့ပြီ။ ကြည့်ရတာ ဒီအချစ်က right timeမဟုတ်တော့သလို Realလည်းမဖြစ်တော့ဘူးထင်တယ်။
မိုးမြတ်ယံအဝေးရောက်သည်အထိ ငေးကြည့်နေမိသူကတော့ သေချာပေါက် ရည်ရွယ်မွန်ပါပဲ။ ဒီနောက်ကျောကို အရမ်းရင်းနှီးသည်။ ရှေ့မျက်နှာကို မမှတ်မိပေမဲ့ နောက်ကျောကို မှတ်မိသည်။
"သူ့နောက်ကျောကို မှတ်မိတယ်"
"ဟင်!.."
"သူ့နောက်ကျောကို တစ်နေရာရာမှာ အများကြီးတွေ့ဖူးနေသလိုပဲ"
ထင်ရှား မွန်လေးကိုသာ ဂရုဏာသက်စွာငေးကြည့်နေမိသည်။ မွန်လေးကမေ့ပြစ်ထားတဲ့မှတ်ဉာဏ်တွေထဲမှာ မိုးမြတ်ယံရဲ့နောက်ကျောကို ခဏခဏငေးကြည့်နေခဲ့ပုံရသည်။
"တီတီ ဆော့မယ်"
"အင်း လာပြီ..."
အချစ်လေးဆီအာရုံပြန်စိုက်မိသွားသည်နှင့် မွန်လေး ခဏက လူကိုမေ့သွားသည်။
✿............✿...........✿
"Happy birthday to you...
Happy birthday to you...
Happy birthday Happy birthday Dear အနှစ်သာရ
Happy birthday to you..."
အိမ်ထဲဝင်ဝင်ချင်း စပရိုက်တိုက်ခံရသည့်အနှစ် တစ်ကယ်ကိုအံ့ဩသွားသည်။ အလုပ်ပြီးတိုင်း မွန်လေးရှိတဲ့ဆေးရုံဆီကို နေ့တိုင်းသွားနေတာကြောင့် ကိုယ့်မွေးနေ့ကဘယ်နေ့ဆိုတာ မေ့နေခဲ့သည်။
အနှစ်ရှေ့မှာရှိနေတာ သမီးလေး၊ မေမေ၊မေမေအလွန်နှင့် မွေးနေ့ကိတ်ကိုင်ထားသည့်ကိုကြီးအားလုံးရှိနေ၏။
ဘယ်ဟာကစပရိုက်ဖြစ်လဲဆိုရင် လာကြိုသည့် စက်ဝန်းကိုယ်တိုင်က မသိချင်ယောင်ဆောင်နေတာပင်။ နောက်ကိုလှည့်ကြည့်တော့ ပုခုံးတွန့်ပြသည်။ မတတ်သာပဲလုပ်ရတာပါဆိုတဲ့ ပုံစံနှင့်ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်"
အနှစ်ပျော်ရွှင်စွာဖြင့် ဖယောင်းတိုင်မှုတ်လိုက်ပါသည်။
"(၂၈)နှစ်မှစ၍ ပျော်စရာတွေပဲရရှိပါစေ ညီမလေး...ဒီအတောအတွင်း အရမ်းပင်ပန်းခဲ့တာမို့ စက်ဝန်းအပေါ်ကို စိတ်ကြိုက်ဆိုးလိုက်ပါ အဲ့ကောင်ငြိုငြင်ရင် ကိုကြီးဆုံးမပေးမယ် ညီမလေးအနှစ်...တောင်းပန်ပါတယ် ဒီအတောအတွင်း အစ်ကိုတစ်ယောက်ဖြစ်ပြီး တွေ့အောင်မရှာနိုင်ခဲ့လို့...ဘာပဲဖြစ်ဖြစ် ငါ့ညီမလေးက အမြဲတမ်းအချစ်ခံရမှာ သိတယ်မလား...ကိုကြီး စက်ဝန်းကို ဆုံးမထားတာ"
ကိုကြီးရဲ့ဆုတောင်းစကားကြောင့် သူမ မျက်ရည်တွေဝဲလာသည်။
"အဟင်း ကျေးဇူးပါကိုကြီး ညီမလေးဘာလုပ်လုပ်စိတ်မပျက်ပေးလို့"
"ဟက်ပီးဘက်ဒေးပါ မေမေ...အချစ်အသက်(၄)နှစ်ရှိပြီ အချစ်ကို မတွေးဘဲ မေမေ့စိတ်တိုင်းကျလုပ်ပါ...မေမေဘာပဲလုပ်လုပ် အချစ်က မေမေ့သမီး ဖေဖေ့သမီးပါပဲ"
"သမီးလေး..."
အချစ်က ဒီလတွေမှာ စကားတော်တော်တတ်ခဲ့သည်။ တီဗွီဖန်သားပြင်ပေါ်က ဇာတ်ကားမှတစ်ဆင့်၊ မဟုတ်ရင် လူကြီးတွေပြောတာကြားတာတွေကို မှတ်ထားပုံရသည်။ ထိုသို့ပြောလာသည်။
"အချစ်အတွက်က မေမေပျော်ဖို့ပဲ"
"အင်း သိပါပြီ"
မျက်ရည်ဝဲဝဲလေးနှင့် ခေါင်းငြိမ့်မိသည်။ မွေးနေ့မှာ အလွယ်တကူမငိုချင်။
"သမီးလေးအနှစ် အနှစ်က မေမေ့ချွေးမဆိုပေမဲ့ သမီးအရင်းလိုပဲချစ်တာ သိတယ်မလား...ဒါကြောင့် မေမေ့သားကို သေချာအပ်ပါတယ် ဒီကလေးက အပြောအဆိုသိပ်မတတ်ဘူး ခွဲခြားနေတတ်တယ် တစ်ခါတစ်လေဆို အမြင်ကပ်ဖို့ကောင်းအောင် စကားပြောအချိုးမပြေဘူး မတရားဘူးလို့ထင်ပေမဲ့ စက်ဝန်း သူ့ကို သမီးကပဲ နားလည်ပေးပါ"
"ကြိုးစားနေပါတယ် "
အဖြေက ထိုမျှသာ။
နောက်ဆုံးမေမေတစ်ယောက်သာစကားပြောဖို့ကျန်တော့သည်။
"မေမေကတော့ အထွေထူးထူးပြောစရာမရှိပါဘူး ဒီအတောအတွင်း မေမေ သမီးအပေါ်အပြောကြမ်းတယ် ဒါပေမဲ့ သမီးဘဝကောင်းဖို့အတွက် ပြောတာမို့ မေမေ့ကို မကောင်းမမြင်စေချင်ဘူး သမီးတစ်ခုမှတ်ထားရမှာက သမီးက ဘယ်လိုပဲရှိနေပါစေ၊ ဘယ်သူနဲ့ရှိနေပါစေ ပင်ပန်းရင် တစ်ယောက်တည်းကြိတ်မခံစားဘဲ မေမေ့ရင်ခွင်ထဲအပြေးလာပါ မေမေက ပွေ့ဖက်ပေးမယ် အရင်တစ်ခါလို ထွက်မပြေးနဲ့"
မေမေ့စကားအဆုံးမှာ အနှစ်ပါးပေါ်မျက်ရည်တစ်ချို့စီးကျလာသည်။ စကားတွေကဘာလို့အရမ်းဝမ်းနည်းစရာကောင်းနေတာလဲ။
"Happy birthday သဲလေး"
လည်ပင်းပေါ်ကျရောက်လာသည့် အေးစက်စက်အရာတစ်ခုလေး။ ငုံ့ကြည့်လိုက်တော့ တစ်ပွင့်တည်းသောပါတဲ့ အနီရောင်ကျောက်နဲ့ပလက်တီနမ်ကွပ်ထားသည့်ဆွဲကြိုးလေးဖြစ်နေသည်။
"အနီရောင်က ရဲရင့်တယ်၊ပြတ်သားတယ်မလား သဲလေးရဲ့စိတ်က အဲ့လိုအဓိပ္ပါယ်မျိုးမို့ အနီရောင်ကျောက်ကိုရွေးလိုက်တာ...ဒီအတောအတွင်းကိုယ့်အပေါ်အများကြီးသည်းခံပေးခဲ့လို့ကျေးဇူးတင်ပါတယ် စိတ်ကုန်တဲ့အထိဆိုးမိလို့လည်းတောင်းပန်ပါတယ် အခုကစပြီး ကိုယ်က ဘေးနားက ကျောက်ရဲ့အထိန်းအကွပ်အဖြစ်ရှိနေပေးပါမယ် ကတိပေးပါတယ် ကိုယ်မင်းဘေးနားမှာအမြဲရှိပါမယ်"
လက်ကိုဖွဖွနမ်းပြီး ကတိတွေအထပ်ထပ်ပေးနေသည့်စက်ဝန်းရဲ့မျက်ဝန်းတွေက တည်ငြိမ်နေသည်။ အကြည့်တွေက သူမဆီမှာပဲရောက်နေသည်။
"အင်း..."
သူ့ရဲ့ရင်ခွင်ထဲကို ပထမဆုံးလိုလိုလားလားနဲ့တိုးဝင်မိသည်။
"နောက်ခါ ကျွန်မကို နာကျင်စေမဲ့လုပ်ရပ်မျိုး ထပ်မလုပ်ပါနဲ့ ကိုကို"
"အင်း ကိုယ်ကတိပေးတယ်"
"အဟမ်း!.."
"မေမေ..."
နှစ်ယောက်သား ပတ်ဝန်းကျင်ကိုမေ့ပြီး ပွေ့ဖက်နေရာမှ သမီးလေးရဲ့အသံကြောင့် ပတ်ဝန်းကျင်ကိုပြန်သတိရလာသည်။ သူမရှက်ပြီး လည်ပင်းကိုသာပွတ်သပ်နေမိသည်။ သူမနေရခက်တာကိုသိသည့်သူက မွေးနေ့ကိတ်ပေါ်ကခရင်တစ်ချို့ကိုယူကာ သူမရဲ့ပါးကိုသုတ်သည်။ ပြီးတော့ သမီးလေးပါးကိုသုတ်ပြန်သည်။
"ဖေဖေ့..."
"လှသွားပြီ ချစ်စရာလေး"
"ဘုတ်..."
ထိုစဉ် သူ့မျက်နှာပေါ်ဘုတ်ခနဲကျရောက်လာသည့်မွေးနေ့ကိတ်။ အားလုံးဆီမှ အလန့်တကြားအသံထွက်လာသည်။
"ဟမ်..."
မွေးနေ့ကိတ်ကိုင်ထားသည့် မင်းထက်လက်ချက်ဖြစ်သည်။ ကိတ်မုန့်တစ်ခုလုံးကို စက်ဝန်းမျက်နှာပေါ်အုပ်ချထည့်သည်။
"အစ်ကိုဘာလုပ်တာလဲ"
မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်က ခရင်မ်တွေကို ဖယ်ရင်းမှဆိုသည်။ စကားသံမှာ အံကြိတ်သံတို့နှင့်။
"အပြစ်ပေးတာ "
"ဘာလို့လဲ"
"အမြင်ကပ်လို့"
"ဟာဗျာ...သဲလေးအတွက်ကျွန်တော်ကိုယ်တိုင်သွားဝယ်ခဲ့တဲ့ကိတ်လေးကိုဗျာ စားတောင်မစားရသေးဘူး...လက်ဆောင်တစ်ခုထည့်ထားပါသေးတယ်ဆို"
"...."
မင်းထက်ငြိမ်သွားသည်။ ပြီးမှ သတိရကာ...
"တစ်ကယ်ကြီးလား..."
"ကိုမင်းထက်ဗျာ!.."
မင်းထက်က စက်ဝန်းမျက်နှာပေါ်က ခရင်မ်တစ်ချို့ကိုဖယ်ပေးလိုက်သည်။ ပြီးနောက် ပြုံးစိစိမျက်နှာထားနှင့် လက်ထဲက ခရင်ကို လက်မဖြင့် အနည်းငယ် ထိုးမွှေရှာလိုက်သည်။
"ဘာမှမရှိပါဘူး..."
ပြီးတာနဲ့ အနှစ်မျက်နှာကိုလှမ်းသုတ်သည်။ ပြီးနောက် အချစ်ကိုပါသုတ်မယ်ဆိုတဲ့အတွေးနဲ့ငုံကြည့်တော့ အံမယ် မယ်မင်းကြီးမက အသုတ်ခံရမှာဆိုးလို့ အဖွားနောက်မှာပုန်းနေသည်။
"အချစ်ထွက်လာခဲ့..."
"ဟင့်အင်း မျက်နှာမှာပေတာ မကြိုက်ဘူး"
"အချစ်..."
"ဟင့်အင်း ဟင့်အင်း ငိုမှာနော် ကြီးကြီး "
တစ်ကယ်ကိုပင်ငိုမဲ့မဲ့ပုံစံလုပ်တာကြောင့် မင်းထက်လက်လျှော့လိုက်သည်။ စက်ဝန်းနဲ့အနှစ်ရဲ့သမီးဆိုတော့ စိတ်လည်းကြီး၊ဒေါသလည်းကြီးသကိုး။ စကားနားမထောင်ဘဲ သုတ်မိရာမှ အချိန်အကြာကြီးချော့နေရလိမ့်မည်။ အသစ်စက်စက်ရည်းစားကိုတောင်မှ ချေခဲ့တာ။ ချော့တော့မချော့နိုင်။
စက်ဝန်းလက်လျှော့ပြီး သမီးမသုတ်ရရင် အမေကိုသုတ်မယ်ဆိုတဲ့အတွေးနဲ့လှည့်လာတော့ ရှေ့က ကာစီးကာစီးကောင်ကရှိနေပြန်သည်။ မဖြစ်တော့ဘူး။
"ကျွန်တော်အပြင်ခဏသွားဦးမယ် ကျွန်တော့်ကိုမစောင့်နဲ့နော်"
မင်းထက်တစ်ယောက် ညကြီးမိုးချုပ်အပြင်ကိုပြေးထွက်သွားသည်။ လူရှေ့မျာ ကာကွယ်ပြနေတော့ သူလည်းကောင်မလေးကိုလွမ်းသွားသည်။ လုပ်နေကျအတိုင်း သူမအိမ်ရှေ့မှာ တစ်နာရီလောက်ထိုင်နေမိဦးမည်။
ကိုကြီးအလျင်စလိုထွက်သွားတာကို တွေ့ပေမဲ့ ကိုကြီးဘာကြောင့်ထွက်သွားလဲဆိုတာတော့ မသိ။ ထို့ကြောင့် ဘေးကလူကိုမေးလိုက်သည်။
"ကိုကြီးဘယ်သွားတာလဲ..."
"ထားလိုက်ပါ သူလည်း ပြေးတွေ့လို့ရမဲ့သူရှိမှာပဲ"
"ဟင်!..ဘယ်သူလဲ..."
"မသိဘူး..."
"အင် သိရက်နဲ့မပြောဘူးပေါ့"
"ကိုကြီးမိတ်ဆက်ပေးတဲ့အခါမှ သိတော့..."
အနှစ်ပါးကို ကိတ်သားတွေရော၊ခရင်မ်တွေပါပေနေသည့် လက်နဲ့ဖွဖွညစ်လိုက်သည်။
"ပေကုန်ပြီ "
"အင်းသိတယ် ပြီးကျ ရေအတူတူချိုးမယ်"
ထိုစကားကိုတော့ ရှေ့က မိခင်နှစ်ဦးနဲ့ကလေးကြားမှာဆိုးလို့ တိုးတိုးလေးပြောသည်။ ထိုစကားကြောင့် သူ နှစ်ချက်လောက်လိမ်ဆွဲခံရသည်။
"ချစ်တယ်..."
ချစ်တယ်လို့တော့ အနှစ်ပြန်မပြောမိပါ။
အကယ်၍များလေ အနာဂတ်ဆိုတဲ့အရာကိုကြိုသိခဲ့ရင်...
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(42)
အႏွစ္တို႔ေရွ႕မွာရွိတဲ့ကိုမိုးျမတ္ယံသည္ မေတြ႕ရတဲ့ႏွစ္အတြင္းမွာ အေတာ္ကိုအိုစာသြားသည္။ ႐ုပ္ပိုင္းဆိုင္ရာအရ ျဖစ္သလိုေနထားပုံရသည္။ ႏႈတ္ခမ္းေမႊး၊ပါးသိုင္းေမႊးေတြကိုလည္း ေသခ်ာမရွင္းထား။
"ဘယ္တုန္းကျပန္ေရာက္တာလဲ"
"မေန႔က...အဆင္ေျပေနၾကလား"
"ဒီလိုပါပဲ..."
"ကြၽန္မတို႔ကိုဘာေျပာစရာရွိလို႔လဲ"
သူမ လိုရင္းကိုသာေမးလိုက္သည္။ ကိုမိုးျမတ္ယံနဲ႔အၾကာႀကီးစကားေျပာလို႔ ေကာင္းတာမွမရွိလာႏိုင္တာ။ မြန္ေလးက သူ႔ကိုေမ့သြားၿပီ။ မြန္ေလးကိုေနာက္ထပ္ဒဏ္ရာမရေစခ်င္ေတာ့။
"မြန္ေလးနဲ႔ေတြ႕ခ်င္တယ္"
"သတင္းမၾကားဘူးလား မြန္ေလးက အခုရွင့္ကိုသတိမရေတာ့ဘူး မသိတဲ့သူကိုေတြ႕ၿပီး ဘာလုပ္မွာလဲ"
"အဟက္ ရည္႐ြယ္မြန္က အရမ္းဟန္ေဆာင္ေကာင္းတာကို မင္းမသိေသးဘူးလား ေနာက္ေက်ာကိုဓားနဲ႔တစ္ခါအထိုးခံရၿပီးရင္ မွတ္မိသင့္တယ္...ေသခ်ာစမ္းၾကည့္ၿပီးၿပီလား"
"အခုထိေတာ့ တစ္ကယ္ပဲ မင္း ရည္႐ြယ္မြန္ကိုေတြ႕ခ်င္တာမလား...ေရာ့ ဒါက ေဆး႐ုံလိပ္စာ ေတြ႕ၿပီးရင္ ေပါက္ကရစကားေတြမေျပာနဲ႔ ဟိုက အခုမွသတိျပန္ရလာယုံေလးရွိေသးတာ စကားကိုဂ႐ုစိုက္ေျပာ"
သူမဘာမွျပန္မေျပာရေသးခင္ စက္ဝန္းကဝင္ေျဖသည္။ စကားအေနအထားတည္ေနပုံအရ သူမကို မိုးျမတ္ယံနဲ႔ရည္႐ြယ္မြန္ၾကား ေနာက္တစ္ခါမေရာက္ေစခ်င္ပုံပါပဲ။ ၿပီးေတာ့ သူမအစားမခံခ်င္တာလည္းပါလိမ့္မည္။
"အိုေခ ငါ့ဘာသာၾကည့္လုပ္လိုက္မယ္"
"အင္း မင္းလည္း ဒီတစ္ခါေသခ်ာစဥ္းစားၿပီးမွလုပ္"
"စိတ္ခ်ပါ..."
ထို႔ေနာက္ မိုးျမတ္ယံရဲ႕မ်က္ဝန္းက အႏွစ္ဘက္ကိုေရာက္လာသည္။ အရင္တုန္းက သူမအေပၚကို ခ်စ္ျမတ္ႏိုးျခင္းအျပည့္နဲ႔ၾကည့္တတ္တဲ့အၾကည့္က အခုေတာ့ ပုံမွန္လူတစ္ေယာက္ကိုၾကည့္ေနရသည့္အၾကည့္မ်ိဳးျဖစ္သြားသည္။
"ေတာင္းပန္ပါတယ္...မြန္ေလးေၾကာင့္ဆိုေပမဲ့ အစ္ကို႔အမွားလည္းပါခဲ့တယ္ မြန္ေလးအစားေရာ၊အစ္ကို႔အစားပါ ေတာင္းပန္ပါတယ္"
အရင္တုန္းက သူ႔ကိုဝိုင္းလိမ္ခဲ့ရမလားဆိုၿပီး စိတ္ဆိုးခဲ့မိတာ။ ေသခ်ာျပန္စဥ္းစားမိရင္ သူညံ့ခဲ့တာမွန္း သိသာသည္။ ေရးထားတဲ့စာနဲ႔အႏွစ္ရဲ႕ခံစားခ်က္က ကြဲျပားေနသည္။ သူ အခ်စ္စိတ္မွာ မႊန္ထူၿပီးအခ်စ္ေနာက္လိုက္သြားမိတယ္ဆိုပါေတာ့။ အရင္ကလည္းရိပ္မိခဲ့လိမ့္မည္။ သူရင္ဆိုင္ဖို႔ သတၱိေပ်ာက္ဆုံးေနခဲ့တာျဖစ္မည္။
"အခ်စ္ေလး တီတီ့ဆီကို လႊတ္လိုက္..."
ေဆး႐ုံဝန္းထဲမွာ မြန္ေလးႏွင့္ အခ်စ္က စြန္လႊတ္ေနသည္။ ႏွစ္ပတ္ေလာက္ၾကာမွ မြန္ေလးလမ္းေလွ်ာက္လို႔အဆင္ေျပလာတာမို႔ အခုမွေဆာ့ေနၾကသည္။ ေဘးနားမွာ ကိုမင္းထက္နဲ႔တံတိုင္းတည္တံ့က ထိုင္ၾကည့္ေနၾကသည္။
"အာ တီတီ့ဘက္ကိုလႊတ္ရမွာပါဆို"
"ခစ္ ခစ္"
"အခ်စ္ေလး..."
စြန္မလႊတ္တတ္သည့္ အခ်စ္ေလးကို မြန္ေလးက ဆူပုတ္ပုတ္နဲ႔စိတ္ဆိုးသည္။ သို႔ေသာ္ အခ်စ္ေလးက မြန္ေလးအမူအရာကို သေဘာက်ၿပီးရယ္သည္။ ၿပီးေနာက္တစ္ေယာက္နဲ႔တစ္ေယာက္လိုက္ၾကသည္။ မြန္ေလးက အခုမွ လမ္းေလွ်ာက္လို႔ရခါစဆိုေတာ့ တအားေျပးလို႔မရ။ ထို႔ေၾကာင့္ ကေလးျဖစ္တဲ့အခ်စ္ေျခလွမ္းကိုပင္မမီႏိုင္။
"အာ! သူလား မင္းထက္နဲ႔ေစ့စပ္ပြဲပ်က္တဲ့သူက..."
"အင္း"
"အခ်စ္ေလးက အႏွစ္သာရရဲ႕သမီး၊ မင္းထက္က အႏွစ္သာရရဲ႕အစ္ကိုအရင္း၊ ရည္႐ြယ္မြန္က ေစ့စပ္သူအေဟာင္း"
"အင္း..."
"ဝါး...ဒါေၾကာင့္ မင္းထက္နဲ႔စက္ဝန္းအရမ္းရင္းႏွီးေနပါတယ္လို႔ေတြးေနတာ ဒါေၾကာင့္ပဲ"
"မအံ့ဩဘူးလား"
"အံ့ဩတယ္ေလ အခု တည္တံ့မ်က္ႏွာမွာ အံ့ဩရိပ္ေတြစြန္းထင္ေနတာ မေတြ႕ဘူးလား"
"မေတြ႕ဘူး ငါမင္းမ်က္ႏွာကိုၾကည့္ေနတာမွမဟုတ္တာ"
မင္းထက္စကားေၾကာင့္ တည္တံ့က သူ႔ရဲ႕မ်က္ႏွာကို ဆြဲယူကာ ေဘးတိုက္မွမ်က္ႏွာခ်င္းဆိုင္ေစသည္။
"ၾကည့္! "
သူက တည္တံ့မ်က္ႏွာကို ခပ္တည္တည္ၾကည့္သည္။
"အဲ့ေတာ့ မင္းေျပာင္းလဲမွာလား"
"ဘာလို႔လဲ ဘာလို႔ေျပာင္းလဲရမွာလဲ"
"မင္းက ငါ့ညီမနဲ႔မတည့္ဘူးမလား"
"အံ့ဩတာ...မင္းထက္ညီမနဲ႔စကားေတာင္ေသခ်ာမေျပာဖူးဘူး ငါက စက္ဝန္းကိုႀကိဳက္ဖူးတာပဲရွိတာ"
"အဲ့တာေျပာတာ အႏွစ္က မင္းက သူ႔ေယာက္်ားကိုႀကိဳက္တာသိတယ္...အခုငါ့ကိုေျပာင္းႀကိဳက္တယ္ဆိုေတာ့ ကန႔္ကြက္မွာမေၾကာက္ဘူးလား"
"ေတာ္ပါေတာ့ အဲ့တာတစ္ကယ္ႀကိဳက္တာမဟုတ္ပါဘူးဆို ဒီတိုင္း အေပးအယူအေနနဲ႔ ဘေဘာက်လိုက္တာ"
"ဘယ္လိုႀကိဳက္ႀကိဳက္ ႀကိဳက္ခဲ့တာပဲ"
"သဝန္တိုေနတာလား "
"ထင္ခ်င္သလိုထင္"
ၾကည့္...!
"ဒါေၾကာင့္ ငါ့ကို မခ်စ္တာလား ငါက စက္ဝန္းကိုႀကိဳက္ဖူးလို႔"
"ငါက ငါ့ညီမနဲ႔ ငါ့ဇနီးျဖစ္လာမဲ့သူကို ညီအစ္မေတြလို ခ်စ္ေနေစခ်င္တယ္"
လူကိုအေရးမစိုက္သလိုေနေပမဲ့ စကားကအမွန္ေျပာလာသည္။ သူက တည္တံ့ကို အတည္ျဖစ္ေနတာ။ ငါ့ဇနီးျဖစ္လာမဲ့သူကိုတဲ့။ အဟင္း။
"ရတယ္ ငါ အႏွစ္ကို ညီမတစ္ေယာက္လိုခ်စ္မွာပါ"
"ဒါဆို အႏွစ္ကေရာ..."
"ငါယုံၾကည္ခ်က္ရွိတယ္ မင္းထက္ကို ငါတစ္ကယ္ခ်စ္မွန္းသိရင္ အႏွစ္လည္းသေဘာတူမွာပါ..."
"..."
"ဒါဆို မင္းထက္နဲ႔ငါတရားဝင္ျဖစ္ၿပီေနာ္"
"ဘယ္သူ႔သေဘာနဲ႔လဲ"
"ငါ့သေဘာေပါ့"
တည္တံ့က ပုခုံးတြန႔္ျပၿပီးရယ္သည္။ အျပဳအမူမွာ ျဖဴစင္ျခင္းနဲ႔ခ်စ္ျခင္းေတြပါေန၏။
"ငါ့ကို စိတ္မဆိုးဘူးလား...စက္ဝန္းက ငါ့ေယာက္ဖဆိုတာ ဖုံးကြယ္ထားလို႔ မင္းကအႏွစ္အေၾကာင္းအမ်ားႀကီးေျပာဖူးတယ္"
"ဆိုးတယ္ ငါက အစ္ကိုေရွ႕မွာ ညီမနဲ႔သူ႔ေယာက္်ားအေၾကာင္းေျပာဖူးတာ ဘယ္ေလာက္ရွက္စရာေကာင္းလိုက္လဲ ဒါေပမဲ့ ခ်စ္မိသြားရင္ အလိုလိုခြင့္လႊတ္တတ္သြားတာပဲေလ...ခ်စ္မိသြားရင္ အခ်စ္ေနာက္ပဲလိုက္သြားတတ္တာ သဘာဝပဲ ဘယ္အ႐ြယ္မွာပဲျဖစ္ျဖစ္ေပါ့"
တည္ၿငိမ္ေနသည့္သူ႔ႏႈတ္ခမ္းတို႔သည္ တည္တံ့စကားေၾကာင့္ သြားေတြေပၚသည္အထိ ၿပဳံးသြား၏။
"ဒါဆို ငါ့လက္ကိုဆြဲၿပီး ငါ့ဘဝရဲ႕တစ္သက္လုံးစာ အခ်စ္ျဖစ္ေပးပါ"
"ဝါး ေနာက္ဆုံးေတာ့ မင္းထက္လက္ေလ်ာ့လိုက္ၿပီပဲ"
"အဟြန္း..."
ခ်စ္မိသြားတဲ့အခါ တစ္ခ်ိဳ႕အေၾကာင္းအရာေတြသည္ အေရးမပါေတာ့။ သူသာတည္တံလိုမ်ိဳးေတြးရင္ သူတို႔ အေစာႀကီးေပ်ာ္႐ႊင္ရေလာက္ၿပီ။
ထိုစဥ္ သူတို႔တည္ေနရာကို ဦးတည္ၿပီး လမ္းေလွ်ာက္လာသည့္လူတစ္ေယာက္ကိုေတြ႕ရလိမ့္မည္။ ဘယ္သူမွသတိမထားမိၾက။
အနီးနားေရာက္လာသည့္ အခါမွာေတာ့ မင္းထက္ကစၿပီးသတိထားမိသြားသည္။ တစ္ခါ၊ႏွစ္ခါပဲေတြ႕ဖူးေပမဲ့ မွတ္မိသည္။ မိုးျမတ္ယံ။ တည္တံ့လည္း သိလိမ့္မည္။ သူမက ရေဝေသာ္ရဲ႕သူငယ္ခ်င္းမလို႔။ သို႔ေသာ္ ႏွစ္ေယာက္လုံး ထိုင္ေနဆဲပင္။
"အယ္ အခ်စ္ေလး...ဘာလို႔မလႊတ္တာလဲ"
မြန္ေလးက ေက်ာေပးထားတာမို႔ ေနာက္မွာ လူေရာက္ေနတာမသိ။ ခ်စ္စရာေကာင္းသည့္အသံေလးနဲ႔အတူ ရယ္သံစြက္ၿပီးေျပာေတာ့ အခ်စ္က ေနာက္ကိုလက္ညိဳးထိုးျပသည္။
လူေရာက္ေနပါတယ္ေပါ့။
မြန္ေလးလွည့္ၾကည့္လိုက္ေတာ့ အနီးနားမွာ သူမမသိတဲ့လူတစ္ေယာက္ရပ္ေနသည္။ မြန္ေလးမ်က္ႏွာၿပဳံးသြားသည္။
"ထင္ရွား..."
မြန္ေလး ထင္ရွားဆီေျပးသြားသည္။ အနီးနားကလူတစ္ေယာက္ကိုေတာ့ ေက်ာ္သြားသည္။ ထိုသူကိုမြန္ေလးမသိ။ မြန္ေလးသိတာ အေဝးက လမ္းေလွ်ာက္လာေနသည့္ ထင္ရွားကိုပဲသိသည္။
မိုးျမတ္ယံရင္ထဲ လက္စားျပန္ေခ်ခံလိုက္ရသလို။ အရင္တုန္းက မြန္ေလးက သူ႔ေနာက္ေျပးလိုက္ခဲ့တာ။ အခုေတာ့ သူနဲ႔ေဝးရာကို ေျပးသြားခဲ့တာ။ အထားခံရရတဲ့ခံစားခ်က္က ခံစားရခက္သည္။
မြန္ေလးလည္း အရင္တုန္းက ဒီလိုခံစားခဲ့ရမွာပါလား။
"သူ႔ကိုေရာ သိလား"
ထင္ရွားက မိုးျမတ္ယံေရွ႕ရပ္ၿပီး ေဘးနားက မြန္ေလးကိုေမးသည္။
"ဟင့္အင္းမသိဘူး နင့္အသိလား...ခဏကတည္းက ရပ္ေနတာ ကိုမင္းထက္အသိလည္းမဟုတ္ဘူးထင္တယ္ သူတို႔ကစကားေျပာမပ်က္ဘူး ငါကနင့္အသိထင္ေနတာ"
"အင္း သူငယ္ခ်င္း...မိုးျမတ္ယံလို႔ေခၚတယ္"
မြန္ေလး တစ္ခုခုကိုသတိရသလိုမ်ိဳးစဥ္းစားသည္။ ၿပီးမွေျပာလာသည္က...
"အရင္ေန႔က ရေဝေသာ္ေျပာတာလည္းမိုးျမတ္ယံနဲ႔နာမည္တူတူပဲ"
စကားသံကထိုမွ်သာ။ ေနာက္ထပ္ဘာမွမေျပာလာေတာ့။
မိုးျမတ္ယံသည္ ခ်က္ခ်င္းဆိုသလို လွည့္ထြက္သြားသည္။ ဘယ္သူ႔ကိုမွမႏႈတ္ဆက္သြား။
"နင့္သူငယ္ခ်င္းက တစ္မ်ိဳးေနာ္ ထင္ရွား"
ထိုစကားသံကိုၾကားလိုက္ရေပမဲ့ မိုးျမတ္ယံဘာစကားမွ ျပန္လည္မေျပာဆိုမိေတာ့။ တစ္ကယ္ကို သူမက ေမ့သြားခဲ့တာ။ အရင္က မ်က္လုံးခ်င္းဘယ္ေတာ့မွမဆုံတတ္တဲ့သူမက သူ႔မ်က္လုံးကိုတည့္တည့္ၾကည့္ၿပီး စကားေျပာသည္။ ဘာခံစားခ်က္မွမေတြ႕ရ။ သူမက ေနာက္ကလိုက္လာတဲ့အခ်ိန္ သူကေျပးထြက္သည္။ အခု သူက ျပန္လွည့္ၾကည့္ေတာ့ သူမက ေက်ာခိုင္းသြားခဲ့ၿပီ။ ၾကည့္ရတာ ဒီအခ်စ္က right timeမဟုတ္ေတာ့သလို Realလည္းမျဖစ္ေတာ့ဘူးထင္တယ္။
မိုးျမတ္ယံအေဝးေရာက္သည္အထိ ေငးၾကည့္ေနမိသူကေတာ့ ေသခ်ာေပါက္ ရည္႐ြယ္မြန္ပါပဲ။ ဒီေနာက္ေက်ာကို အရမ္းရင္းႏွီးသည္။ ေရွ႕မ်က္ႏွာကို မမွတ္မိေပမဲ့ ေနာက္ေက်ာကို မွတ္မိသည္။
"သူ႔ေနာက္ေက်ာကို မွတ္မိတယ္"
"ဟင္!.."
"သူ႔ေနာက္ေက်ာကို တစ္ေနရာရာမွာ အမ်ားႀကီးေတြ႕ဖူးေနသလိုပဲ"
ထင္ရွား မြန္ေလးကိုသာ ဂ႐ုဏာသက္စြာေငးၾကည့္ေနမိသည္။ မြန္ေလးကေမ့ျပစ္ထားတဲ့မွတ္ဉာဏ္ေတြထဲမွာ မိုးျမတ္ယံရဲ႕ေနာက္ေက်ာကို ခဏခဏေငးၾကည့္ေနခဲ့ပုံရသည္။
"တီတီ ေဆာ့မယ္"
"အင္း လာၿပီ..."
အခ်စ္ေလးဆီအာ႐ုံျပန္စိုက္မိသြားသည္ႏွင့္ မြန္ေလး ခဏက လူကိုေမ့သြားသည္။
✿............✿...........✿
"Happy birthday to you...
Happy birthday to you...
Happy birthday Happy birthday Dear အႏွစ္သာရ
Happy birthday to you..."
အိမ္ထဲဝင္ဝင္ခ်င္း စပ႐ိုက္တိုက္ခံရသည့္အႏွစ္ တစ္ကယ္ကိုအံ့ဩသြားသည္။ အလုပ္ၿပီးတိုင္း မြန္ေလးရွိတဲ့ေဆး႐ုံဆီကို ေန႔တိုင္းသြားေနတာေၾကာင့္ ကိုယ့္ေမြးေန႔ကဘယ္ေန႔ဆိုတာ ေမ့ေနခဲ့သည္။
အႏွစ္ေရွ႕မွာရွိေနတာ သမီးေလး၊ ေမေမ၊ေမေမအလြန္ႏွင့္ ေမြးေန႔ကိတ္ကိုင္ထားသည့္ကိုႀကီးအားလုံးရွိေန၏။
ဘယ္ဟာကစပ႐ိုက္ျဖစ္လဲဆိုရင္ လာႀကိဳသည့္ စက္ဝန္းကိုယ္တိုင္က မသိခ်င္ေယာင္ေဆာင္ေနတာပင္။ ေနာက္ကိုလွည့္ၾကည့္ေတာ့ ပုခုံးတြန႔္ျပသည္။ မတတ္သာပဲလုပ္ရတာပါဆိုတဲ့ ပုံစံႏွင့္ျဖစ္သည္။
"ဘာပဲျဖစ္ျဖစ္ေက်းဇူးတင္ပါတယ္"
အႏွစ္ေပ်ာ္႐ႊင္စြာျဖင့္ ဖေယာင္းတိုင္မႈတ္လိုက္ပါသည္။
"(၂၈)ႏွစ္မွစ၍ ေပ်ာ္စရာေတြပဲရရွိပါေစ ညီမေလး...ဒီအေတာအတြင္း အရမ္းပင္ပန္းခဲ့တာမို႔ စက္ဝန္းအေပၚကို စိတ္ႀကိဳက္ဆိုးလိုက္ပါ အဲ့ေကာင္ၿငိဳျငင္ရင္ ကိုႀကီးဆုံးမေပးမယ္ ညီမေလးအႏွစ္...ေတာင္းပန္ပါတယ္ ဒီအေတာအတြင္း အစ္ကိုတစ္ေယာက္ျဖစ္ၿပီး ေတြ႕ေအာင္မရွာႏိုင္ခဲ့လို႔...ဘာပဲျဖစ္ျဖစ္ ငါ့ညီမေလးက အၿမဲတမ္းအခ်စ္ခံရမွာ သိတယ္မလား...ကိုႀကီး စက္ဝန္းကို ဆုံးမထားတာ"
ကိုႀကီးရဲ႕ဆုေတာင္းစကားေၾကာင့္ သူမ မ်က္ရည္ေတြဝဲလာသည္။
"အဟင္း ေက်းဇူးပါကိုႀကီး ညီမေလးဘာလုပ္လုပ္စိတ္မပ်က္ေပးလို႔"
"ဟက္ပီးဘက္ေဒးပါ ေမေမ...အခ်စ္အသက္(၄)ႏွစ္ရွိၿပီ အခ်စ္ကို မေတြးဘဲ ေမေမ့စိတ္တိုင္းက်လုပ္ပါ...ေမေမဘာပဲလုပ္လုပ္ အခ်စ္က ေမေမ့သမီး ေဖေဖ့သမီးပါပဲ"
"သမီးေလး..."
အခ်စ္က ဒီလေတြမွာ စကားေတာ္ေတာ္တတ္ခဲ့သည္။ တီဗြီဖန္သားျပင္ေပၚက ဇာတ္ကားမွတစ္ဆင့္၊ မဟုတ္ရင္ လူႀကီးေတြေျပာတာၾကားတာေတြကို မွတ္ထားပုံရသည္။ ထိုသို႔ေျပာလာသည္။
"အခ်စ္အတြက္က ေမေမေပ်ာ္ဖို႔ပဲ"
"အင္း သိပါၿပီ"
မ်က္ရည္ဝဲဝဲေလးႏွင့္ ေခါင္းၿငိမ့္မိသည္။ ေမြးေန႔မွာ အလြယ္တကူမငိုခ်င္။
"သမီးေလးအႏွစ္ အႏွစ္က ေမေမ့ေခြၽးမဆိုေပမဲ့ သမီးအရင္းလိုပဲခ်စ္တာ သိတယ္မလား...ဒါေၾကာင့္ ေမေမ့သားကို ေသခ်ာအပ္ပါတယ္ ဒီကေလးက အေျပာအဆိုသိပ္မတတ္ဘူး ခြဲျခားေနတတ္တယ္ တစ္ခါတစ္ေလဆို အျမင္ကပ္ဖို႔ေကာင္းေအာင္ စကားေျပာအခ်ိဳးမေျပဘူး မတရားဘူးလို႔ထင္ေပမဲ့ စက္ဝန္း သူ႔ကို သမီးကပဲ နားလည္ေပးပါ"
"ႀကိဳးစားေနပါတယ္ "
အေျဖက ထိုမွ်သာ။
ေနာက္ဆုံးေမေမတစ္ေယာက္သာစကားေျပာဖို႔က်န္ေတာ့သည္။
"ေမေမကေတာ့ အေထြထူးထူးေျပာစရာမရွိပါဘူး ဒီအေတာအတြင္း ေမေမ သမီးအေပၚအေျပာၾကမ္းတယ္ ဒါေပမဲ့ သမီးဘဝေကာင္းဖို႔အတြက္ ေျပာတာမို႔ ေမေမ့ကို မေကာင္းမျမင္ေစခ်င္ဘူး သမီးတစ္ခုမွတ္ထားရမွာက သမီးက ဘယ္လိုပဲရွိေနပါေစ၊ ဘယ္သူနဲ႔ရွိေနပါေစ ပင္ပန္းရင္ တစ္ေယာက္တည္းႀကိတ္မခံစားဘဲ ေမေမ့ရင္ခြင္ထဲအေျပးလာပါ ေမေမက ေပြ႕ဖက္ေပးမယ္ အရင္တစ္ခါလို ထြက္မေျပးနဲ႔"
ေမေမ့စကားအဆုံးမွာ အႏွစ္ပါးေပၚမ်က္ရည္တစ္ခ်ိဳ႕စီးက်လာသည္။ စကားေတြကဘာလို႔အရမ္းဝမ္းနည္းစရာေကာင္းေနတာလဲ။
"Happy birthday သဲေလး"
လည္ပင္းေပၚက်ေရာက္လာသည့္ ေအးစက္စက္အရာတစ္ခုေလး။ ငုံ႔ၾကည့္လိုက္ေတာ့ တစ္ပြင့္တည္းေသာပါတဲ့ အနီေရာင္ေက်ာက္နဲ႔ပလက္တီနမ္ကြပ္ထားသည့္ဆြဲႀကိဳးေလးျဖစ္ေနသည္။
"အနီေရာင္က ရဲရင့္တယ္၊ျပတ္သားတယ္မလား သဲေလးရဲ႕စိတ္က အဲ့လိုအဓိပၸါယ္မ်ိဳးမို႔ အနီေရာင္ေက်ာက္ကိုေ႐ြးလိုက္တာ...ဒီအေတာအတြင္းကိုယ့္အေပၚအမ်ားႀကီးသည္းခံေပးခဲ့လို႔ေက်းဇူးတင္ပါတယ္ စိတ္ကုန္တဲ့အထိဆိုးမိလို႔လည္းေတာင္းပန္ပါတယ္ အခုကစၿပီး ကိုယ္က ေဘးနားက ေက်ာက္ရဲ႕အထိန္းအကြပ္အျဖစ္ရွိေနေပးပါမယ္ ကတိေပးပါတယ္ ကိုယ္မင္းေဘးနားမွာအၿမဲရွိပါမယ္"
လက္ကိုဖြဖြနမ္းၿပီး ကတိေတြအထပ္ထပ္ေပးေနသည့္စက္ဝန္းရဲ႕မ်က္ဝန္းေတြက တည္ၿငိမ္ေနသည္။ အၾကည့္ေတြက သူမဆီမွာပဲေရာက္ေနသည္။
"အင္း..."
သူ႔ရဲ႕ရင္ခြင္ထဲကို ပထမဆုံးလိုလိုလားလားနဲ႔တိုးဝင္မိသည္။
"ေနာက္ခါ ကြၽန္မကို နာက်င္ေစမဲ့လုပ္ရပ္မ်ိဳး ထပ္မလုပ္ပါနဲ႔ ကိုကို"
"အင္း ကိုယ္ကတိေပးတယ္"
"အဟမ္း!.."
"ေမေမ..."
ႏွစ္ေယာက္သား ပတ္ဝန္းက်င္ကိုေမ့ၿပီး ေပြ႕ဖက္ေနရာမွ သမီးေလးရဲ႕အသံေၾကာင့္ ပတ္ဝန္းက်င္ကိုျပန္သတိရလာသည္။ သူမရွက္ၿပီး လည္ပင္းကိုသာပြတ္သပ္ေနမိသည္။ သူမေနရခက္တာကိုသိသည့္သူက ေမြးေန႔ကိတ္ေပၚကခရင္တစ္ခ်ိဳ႕ကိုယူကာ သူမရဲ႕ပါးကိုသုတ္သည္။ ၿပီးေတာ့ သမီးေလးပါးကိုသုတ္ျပန္သည္။
"ေဖေဖ့..."
"လွသြားၿပီ ခ်စ္စရာေလး"
"ဘုတ္..."
ထိုစဥ္ သူ႔မ်က္ႏွာေပၚဘုတ္ခနဲက်ေရာက္လာသည့္ေမြးေန႔ကိတ္။ အားလုံးဆီမွ အလန႔္တၾကားအသံထြက္လာသည္။
"ဟမ္..."
ေမြးေန႔ကိတ္ကိုင္ထားသည့္ မင္းထက္လက္ခ်က္ျဖစ္သည္။ ကိတ္မုန႔္တစ္ခုလုံးကို စက္ဝန္းမ်က္ႏွာေပၚအုပ္ခ်ထည့္သည္။
"အစ္ကိုဘာလုပ္တာလဲ"
မ်က္လုံးနဲ႔ ႏႈတ္ခမ္းတစ္ဝိုက္က ခရင္မ္ေတြကို ဖယ္ရင္းမွဆိုသည္။ စကားသံမွာ အံႀကိတ္သံတို႔ႏွင့္။
"အျပစ္ေပးတာ "
"ဘာလို႔လဲ"
"အျမင္ကပ္လို႔"
"ဟာဗ်ာ...သဲေလးအတြက္ကြၽန္ေတာ္ကိုယ္တိုင္သြားဝယ္ခဲ့တဲ့ကိတ္ေလးကိုဗ်ာ စားေတာင္မစားရေသးဘူး...လက္ေဆာင္တစ္ခုထည့္ထားပါေသးတယ္ဆို"
"...."
မင္းထက္ၿငိမ္သြားသည္။ ၿပီးမွ သတိရကာ...
"တစ္ကယ္ႀကီးလား..."
"ကိုမင္းထက္ဗ်ာ!.."
မင္းထက္က စက္ဝန္းမ်က္ႏွာေပၚက ခရင္မ္တစ္ခ်ိဳ႕ကိုဖယ္ေပးလိုက္သည္။ ၿပီးေနာက္ ၿပဳံးစိစိမ်က္ႏွာထားႏွင့္ လက္ထဲက ခရင္ကို လက္မျဖင့္ အနည္းငယ္ ထိုးေမႊရွာလိုက္သည္။
"ဘာမွမရွိပါဘူး..."
ၿပီးတာနဲ႔ အႏွစ္မ်က္ႏွာကိုလွမ္းသုတ္သည္။ ၿပီးေနာက္ အခ်စ္ကိုပါသုတ္မယ္ဆိုတဲ့အေတြးနဲ႔ငုံၾကည့္ေတာ့ အံမယ္ မယ္မင္းႀကီးမက အသုတ္ခံရမွာဆိုးလို႔ အဖြားေနာက္မွာပုန္းေနသည္။
"အခ်စ္ထြက္လာခဲ့..."
"ဟင့္အင္း မ်က္ႏွာမွာေပတာ မႀကိဳက္ဘူး"
"အခ်စ္..."
"ဟင့္အင္း ဟင့္အင္း ငိုမွာေနာ္ ႀကီးႀကီး "
တစ္ကယ္ကိုပင္ငိုမဲ့မဲ့ပုံစံလုပ္တာေၾကာင့္ မင္းထက္လက္ေလွ်ာ့လိုက္သည္။ စက္ဝန္းနဲ႔အႏွစ္ရဲ႕သမီးဆိုေတာ့ စိတ္လည္းႀကီး၊ေဒါသလည္းႀကီးသကိုး။ စကားနားမေထာင္ဘဲ သုတ္မိရာမွ အခ်ိန္အၾကာႀကီးေခ်ာ့ေနရလိမ့္မည္။ အသစ္စက္စက္ရည္းစားကိုေတာင္မွ ေခ်ခဲ့တာ။ ေခ်ာ့ေတာ့မေခ်ာ့ႏိုင္။
စက္ဝန္းလက္ေလွ်ာ့ၿပီး သမီးမသုတ္ရရင္ အေမကိုသုတ္မယ္ဆိုတဲ့အေတြးနဲ႔လွည့္လာေတာ့ ေရွ႕က ကာစီးကာစီးေကာင္ကရွိေနျပန္သည္။ မျဖစ္ေတာ့ဘူး။
"ကြၽန္ေတာ္အျပင္ခဏသြားဦးမယ္ ကြၽန္ေတာ့္ကိုမေစာင့္နဲ႔ေနာ္"
မင္းထက္တစ္ေယာက္ ညႀကီးမိုးခ်ဳပ္အျပင္ကိုေျပးထြက္သြားသည္။ လူေရွ႕မ်ာ ကာကြယ္ျပေနေတာ့ သူလည္းေကာင္မေလးကိုလြမ္းသြားသည္။ လုပ္ေနက်အတိုင္း သူမအိမ္ေရွ႕မွာ တစ္နာရီေလာက္ထိုင္ေနမိဦးမည္။
ကိုႀကီးအလ်င္စလိုထြက္သြားတာကို ေတြ႕ေပမဲ့ ကိုႀကီးဘာေၾကာင့္ထြက္သြားလဲဆိုတာေတာ့ မသိ။ ထို႔ေၾကာင့္ ေဘးကလူကိုေမးလိုက္သည္။
"ကိုႀကီးဘယ္သြားတာလဲ..."
"ထားလိုက္ပါ သူလည္း ေျပးေတြ႕လို႔ရမဲ့သူရွိမွာပဲ"
"ဟင္!..ဘယ္သူလဲ..."
"မသိဘူး..."
"အင္ သိရက္နဲ႔မေျပာဘူးေပါ့"
"ကိုႀကီးမိတ္ဆက္ေပးတဲ့အခါမွ သိေတာ့..."
အႏွစ္ပါးကို ကိတ္သားေတြေရာ၊ခရင္မ္ေတြပါေပေနသည့္ လက္နဲ႔ဖြဖြညစ္လိုက္သည္။
"ေပကုန္ၿပီ "
"အင္းသိတယ္ ၿပီးက် ေရအတူတူခ်ိဳးမယ္"
ထိုစကားကိုေတာ့ ေရွ႕က မိခင္ႏွစ္ဦးနဲ႔ကေလးၾကားမွာဆိုးလို႔ တိုးတိုးေလးေျပာသည္။ ထိုစကားေၾကာင့္ သူ ႏွစ္ခ်က္ေလာက္လိမ္ဆြဲခံရသည္။
"ခ်စ္တယ္..."
ခ်စ္တယ္လို႔ေတာ့ အႏွစ္ျပန္မေျပာမိပါ။
အကယ္၍မ်ားေလ အနာဂတ္ဆိုတဲ့အရာကိုႀကိဳသိခဲ့ရင္...
✿............✿...........✿
ဆက္ရန္