ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ

By onyourc_andy

16.9K 1.8K 141

𝐖𝐞 𝐝𝐨𝐧'𝐭 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐭𝐨 𝐛𝐞 𝐥𝐨𝐯𝐞𝐝 More

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{ɪɴᴛʀᴏ}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{1}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{4}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{6}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{14}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{20}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{𝐅𝐢𝐧𝐚𝐥}
🌷
New OTP

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}

624 80 12
By onyourc_andy

"ရစ်ကီ ငါမေးစရာရှိတယ်"

"အင်းမေး"

ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ရစ်ကီရဲ့ဘေးမှာထိုင်လာတဲ့ ထယ်ရယ်

"ငါ့ကို ချစ်ဖူးလား"တဲ့ ထယ်ရယ်မေးတဲ့မေးခွန်းက သိပ်ရိုးရှင်းတယ် ပြီးတော့ ရစ်ကီမှာလည်း ဒီမေးခွန်းအတွက်‌အဖြေကကောင်းကောင်းရှိနေပြီသား

"မချစ်ခဲ့ဘူးသလို ချစ်ဖို့လည်းမကြိုးစားခဲ့ဖူးဘူး"

"လမ်းခွဲကျမလား"

"မဖြစ်နိုင်တာတွေမပြောစမ်းနဲ့ ကင်မ်ထယ်ရယ် တကယ်လို့လမ်းခွဲမယ်ဆိုရင်တောင် ငါဘက်ကပဲအရင်စပြောမှာ"

"မင်းကငါ့ကို ကြိုးရှည်ရှည်နဲ့လှန်ထားတာပဲ....ငါမင်းနဲ့လမ်းခွဲချင်တယ်ရစ်ကီရာ မင်းငါ့ကိုမချစ်ဘူးမဟုတ်လား ဒီလောက်နဲ့တော်‌ပါတော့"

"ခင်ဗျားပဲ ဒီမီးတွင်းထဲကို ပူလောင်မယ်မှန်းသိရက်နဲ့ဝင်လာခဲ့တာပဲလေ ဒါကြောင့်ကျွန်တော့်ဆီက လွတ်မြောက်ဖို့ဆိုတာကိုဘယ်တော့မှ မတွေးနဲ့"

ပင်ပန်းတယ် ထယ်ရယ်သိပ်ကိုပင်ပန်းနေပြီ ရစ်ကီရဲ့အနှောင်အဖွဲ့တွေကြားကနေလွတ်မြောက်ချင်နေပြီ ရစ်ကီပြောတာမှန်ပါတယ် ဒီအချစ်က ပူလောင်မယ်မှန်းသိရက်နဲ့ထယ်ရယ်က ရစ်ကီကိုတွဲခဲ့တာ‌ပါ  ကြာလာရင် ရစ်ကီလည်းထယ်ရယ်အပေါ် သံယောဇဉ်ရှိလာမယ်လို့တွေးမိခဲ့တာ‌လည်း မိုက်ရူးရဲဆန်ခဲ့မိတာပါပဲ

ရစ်ကီ ဂျီဝန်းhyungကိုချစ်တယ် ဒါပေမဲ့ထယ်ရယ့်ကိုလမ်းခွဲပေးဖို့ရာကျတော့လည်း ရစ်ကီအတွက်ခက်ခဲလွန်းတယ် ဒါဟာလည်း ရစ်ကီက မရဘူးတဲ့အချစ်တစ်ခုကို လိုလားနေလို့ပင်ဖြစ်ရမည်။

~

"ဟန်နီ မောင့်ကိုတော်ရုံပဲကြည့်ပါကွာ"ဟုပြောရင်း ဟာအိုနဖူးလေးကို လာတောက်တဲ့မောင်ရယ်ပါ

"‌မောင်ကွာ နဖူးရဲသွားရင် ဘယ်လိုလုပ်မလဲ ပွဲကဖြင့်စတော့မှာကို"

"အသဲယားလို့...ကြည့်ပါဦး မောင့်ဟန်နီလေးက အဖြူလေးဝတ်ထားလို့ထင်တယ် နတ်သားလေးကျလို့"

"မောင်ကလည်း အနက်လေးဝတ်ထားလို့မသိ နတ်ဆိုးလိုလို သေမင်းတမန်လိုလိုပဲ"

"ဟန်နီကအဆိုးလေးကွာ မောင့်ကိုကောင်းကောင်းမွန်မွန်းလေးတောင်မပြောပေးဘူး ဘာကိုနတ်ဆိုးလဲ"

"မောင် ပြောသလိုပဲလေ အသဲယားလို့"

"ဟန်နီ အသဲယားပုံကကလဲကွာ"

ဟန်နီက အသံထွက်အောင်ထိကိုရယ်သည် ဟန်နီ ဂွမ်အုကိုစရမယ်ဆိုရင် တက်ကြွနေသူလေးပါပဲ

"ပွဲစတော့ဖို့ သိပ်မကြာတော့ဘူးနော်"

"စိတ်လှုပ်ရှားနေတာလား"

"အင်း"

"မောင်ရှိတယ်လေ"

"အွင်း ဟုတ်တာပေါ့မောင်ရှိနေတာပဲ စိတ်လှုပ်ရှားစရာမလိုဘူး"

တကယ်ဆို ဂွမ်အုလည်းစိတ်လှုပ်‌ရှားနေတာ သေမတက်ပါပဲ ‌ဟန်နီက ဂွမ်အုအပိုင်ဖြစ်ပြီဆိုတာတွေးမိလိုက်တိုင်း ဂွမ်အုပြောမတက်အောင်ပျော်မိသည် ဒီနေ့တစ်ရက်ကတော့
ဂွမ်အုအတွက် အပျော်ဆုံးနေ့ဖြစ်မှာအသေချာပင်

~

"ဟာအို hyung တို့ကိုသွားကြည့်ပြီးပြီလား
ယူဂျင်း"

"အင်း ကြည့်ပြီးပြီ....သိပ်လိုက်ဖက်တာပဲနော်"

"အင်း"
ဂယူဘင်က အရှေ့ကဟာအိုhyungတို့ကိုကြည့်ကာယူဂျင်းအပြောကိုထောက်ခံ၏

"ဂွမ်အုhyungကလည်း အချစ်ကြီးတယ်လို့ဆိုရမလားပဲ မိဘတွေဆီက အမွေအပျက်စွန့်လွှတ်ခံရတာတောင် ဟာအိုhyungကိုပဲရွေးခဲ့တယ်လေ"

"အားကျနေတာလား"

"အားကျတာပေါ့ တစ်ခါလောက်တော့ အချစ်ခံဖူးချင်တယ် ကိုယ့်သူ့ကိုချစ်တာထက်ကို သူကပြန်ချစ်ပေးနိုင်တဲ့လူလေ အဲ့လိုလူမျိုးနဲ့တွေ့ဖူးချင်တယ် ပြီးတော့သိလားတစ်ဖက်သတ်အချစ်ကသိပ်ကိုခံစားရတယ်"

ဂယူဘင်က ဒီအတိုင်းမေးလိုက်တာပါ နားလည်ရခက်တဲ့ မျက်လုံးတွေနဲ့‌ပြန်ဖြေလာတဲ့ ယူဂျင်းကြောင့် ဂယူဘင်မလုံမလဲပင်ဖြစ်လာတော့၏

တကယ်တော့လေ ငါကမင်းထင်ထားတာထက်ကို မင်းကိုပိုချစ်တဲ့ကောင်ပါကွာ ဒါတွေက မင်းမမြင်ရတဲ့ငါရဲ့တစ်ဖက်ခြမ်းပေါ့

~

"ပန်စည်းပစ်ရမယ်လေ ဟာအိုရ"

ခေးထားhyungရဲ့စကားကြောင့် မက်သရူးအနည်းငယ်လန့်လာရ၏ ပန်စည်းက
ဆောင်းဟန်ဘင်း ဆီသို့‌ကျမှာတော့မဟုတ်ပါဘူးနော် ကျများသာကျခဲ့ရင် တကယ့်ကိုမတွေးရဲစရာပဲ

"အာ ဟုတ်တာပဲ ပစ်ရမှာပေါ့ ကဲကဲ လူစုကျ"

"ဒါဆို ပစ်ပြီးနော် 1...2...3...."

ကံတရားက မျက်နှာပေးလိုက်ပုံများ နှင်းဆီပန်စည်းကလေ ဆောင်းဟန်ဘင်းလက်ထဲကိုမှ တည့်တည့်ကျသတဲ့ မက်သရူး‌တကယ့်ကို မယုံနိုင်တော့ဘူး

"ဝိုး ဟန်ဘင်းဆီကျတာပဲ ပန်စည်ကရတဲ့သူကို ချစ်တဲ့သူဒီနေရာမှရှိရင် ဖွင့်ပြောရတယ်သိလားဟန်ဘင်း မင်းမှာအဲ့လိုချစ်ရတဲ့ရှိလား ဒီနေရာမှာလေ"

"သိပ်ရှိတာပေါ့ ခေးထားhyungရဲ့"

မက်သရူးခေါင်းနပန်းတွေပါကြီးလာရ၏ မဟုတ်မလွဲ မက်သရူးရှေ့ဒူးထောက်ပြီး ချစ်ခွင့်ပန်တာမျိုးတော့ မဟုတ်ပါဘူးနော်

"မက်သရူး"ဟု ဆိုကာ မက်သရူးရှေ့မှာ ဒူးထောက်လာသည့်ထိုသူ

ဆော့မက်သရူး မင်းဗေဒင်ဟောစားလို့ရနေပြီ

"ကိုယ့်ကိုလက်ခံပေးနိုင်မလား ကိုယ်အရင်ကသိပ်ဆိုးခဲ့တယ်မဟုတ်လား ကိုယ်တကယ်ပြောင်းလဲနေပါပြီမက်သရူးရာ ကိုယ့်ကိုပြန်ယုံကြည်ပေးလို့ရမလား အရင်ကလိုမျိုးချစ်ပေးလို့ရမလားဟင်မက်သရူး ကိုယ်အခုလေ မက်သရူးကလွဲပြီး ဘယ်သူ့ကိုမှ မမြင်တော့ပါဘူး ကိုယ့်ကိုလက်ခံပေးပါနော်"

"လက်ခံလိုက်...လက်ခံလိုက်...လက်ခံလိုက်"

ဘေးကလူတွေကပါ ဝိုင်းအော်လာကျသည်မို့ မက်သရူးအရှက်ပိုမိပါသည် ငြင်းလိုက်ရင်လည်း ထိုသူအပေါ်မက်သရူးလွန်သွားမှာပေါ့ ထိုသူစိတ်မကောင်းဖြစ်မှာကိုလည်း မမြင်ရက်ပါဘူး

"နှင်းဆီပွင့်ပေး"

"ဘာလုပ်မလို့"

"ပေးသာပေးပါ....ဒီမှာကြည့်ဆောင်းဟန်ဘင်း နှင်းဆီရဲ့ပွင့်ဖက်လေးတွေ ဒါလေးတွေကိုခြွေရင်း ခင်ဗျားကိုအဖြေပေးမယ်"

"ဘယ်လိုမျိုး?"

"ဒီလိုဗျာ နှင်းဆီပွင့်ဖက်ကိုတစ်ခါခြွေလိုက်တိုင်း လက်ခံမယ် လက်မခံဘူးပြောသွားမယ် နှင်းဆီရဲ့‌နောက်ဆုံးပွင့်ဖက်က အဖြေပဲ"

"ရတယ် မက်သရူးသဘော"

"လက်ခံမယ်....လက်မခံဘူး"

ဟန်ဘင်းတင်မကပါဘူး ပွဲထဲရှိလူတွေကပါ မက်သရူးလက်ထဲက နှင်းဆီပန်းကို အာရုံစိုက်လာကျ၏

"လက်ခံမယ်...လက်မခံဘူး"

ကျေးဇူးပြုပြီး လက်ခံမယ်သာကျလိုက်စမ်းပါကွာ

"လက်ခံမယ်..."

နောက်ဆုံးပွင့်ဖက် ဒါဆိုလက်မခံဘူးကိုကျမှာပေါ့ ဟန်ဘင်းအနည်းငယ်စိတ်မကောင်းဖြစ်နေတုန်းမှာပဲ

"လက်မခံ...."

"အာ့ နှင်းဆီပွင့်ဖက်က စားလို့ကောင်းတယ်"

"ဟျောင့် ကင်မ်ဂယူဘင်"

hyung ကျွန်တော်တော့ ကယ်ပေးလိုက်ပြီနော် ကျန်တာ hyung ဆက်လုပ်ရမဲ့အလုပ်ပဲ ဟုဆိုလိုသောအကြည့်တွေနဲ့ ဂယူဘင်ကကြည့်လာ၏

ကျေးဇူးပဲ ဂယူဘင်ရာ ငါမင်းကိုနောက်နေ့ ကောင်းကောင်းဧည့်ခံပါ့မယ်ကွ ဟုသာဟန်ဘင်းစိတ်ထဲကနေ ကျေးဇူတင်စကားတွေပြောလိုက်ပါသေးသည်

"ဒါဆို လက်ခံမယ်ကျတာပေါ့"

"မဟုတ်ဘူးလေ ခေးထားhyungရဲ့ အဲ့တာ
ဂယူဘင်သက်သက်ညစ်သွားတာလေ"

"ပွင့်ဖက်ကို မင်းမချွေရသေးဘူးလေ ပြီးတော့ စကားလည်းမဆုံးသေးဘူး ဟုတ်တယ်မဟုတ်လား ဟန်ဘင်း"

"ဟုတ်တာပေါ့ ဟုတ်တာပေါ့"

ကြည့်ပါဦး မင်းသားနဲ့ ပွဲကြည့်ပရိသတ်တို့ လိုက်ဖက်နေကျပုံများ အ‌တိုင်ဖောက်ကိုညီလို့ ဆောင်းဟန်ဘင်းကလူအားတော့ကောင်းသား ပွင့်ဖက်စားပေးတဲ့သူနဲ့ အရှေ့ကနေ လမ်းကြောင်းခင်းပေးရသူနဲ့ သူဘယ်လိုများ စည်းရုံးရေးတွေလုပ်ထားတာပါလိမ့်။

~🌹~

A/N - ဒီနေ့ နည်းနည်းရှည်တယ်နော်><

Continue Reading

You'll Also Like

683K 33.7K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
24.8K 466 18
Ones a kid assassin fighting for what he believes in and living the double life for it. One for the kid of his parents and the other the killer or bo...
1.5K 130 5
" အီဟန် ငါကမင်းအတွက်ဘာလဲ " " မင်းက ငါ့ရဲ့ကံကြမ္မာ "
674K 41.3K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...