Zawgyi~
ေဆာ့ဂ်င္ သလြန္ထက္တြင္စံျမန္းေနၿပီးတစ္ေန႔တာအတြင္းအခ်ိန္ေတြတျဖည္းျဖည္းကုန္လာသည့္အေၾကာင္းေတြကို မွတ္သားေနမိသည္။သူက်မ္းက်ိန္ရာမွျပန္လာသည့္အခါ ဤအေဆာင္တြင္ေနရၿပီးလွ်င္ သူဒီအတိုင္းပဲထိုင္ေနျဖစ္ခဲ့သည္။အေဆာင္အတြင္း သူ႔အတြက္ထားေပးေသာအထိန္းေတာ္ကိုလည္း အျပင္ထြက္ခိုင္းထားသည္။လူစိမ္းေတြႏွင့္ သူအေရာတဝင္႐ွိမေနခ်င္ပါ။
ေဆာ့ဂ်င္ဆံႏြယ္ထက္႐ွိဆံထိုးကိုဖယ္႐ွားေသာ္ သူ႔ဆံႏြယ္မ်ားပါးျပင္ထက္သို႔လွလွပပေဝ့ဝဲသြားၾကေလသည္။မ်က္ဝန္းညိဳမ်ားအေရာင္လဲ့ေနၿပိိးဆံထိုးကိုသူစားပြဲထက္သို႔ပစ္တင္ထားလိုက္သည္။လက္သူႂကြယ္ထက္႐ွိအျပာေရာင္ေက်ာက္ႏွင့္လက္စြပ္ကိုသူငံု႔ၾကည့္မိသည္။အိမ္ေ႐ွ႕စံ၏မ်က္ဝန္းေတြႏွင့္ဆင္တူလို႔ ခ်က္ခ်င္းဆိုသလိုအၾကည့္လႊဲပစ္ခဲ့လိုက္သည္။
*ခ်စ္တယ္ လီယို ..* နားဖ်ားေနာက္မွကပ္ထြက္သြားသည့္စကားသံသည္ အိမ္ေ႐ွ႕စံ၏အေငြ႔အသက္႐ွိရာေနရာေရာက္တိုင္းပူပူေႏြးေႏြးပင္ပဲ့တင္ထပ္သည္။ဟာသသဖြယ္ျဖစ္တည္ေသာစကားဟာ သူ႔ရင္ကိုဘာေၾကာင့္မ်ားတုန္လႈပ္ေစသလည္းဟုေမးခြန္းထုတ္လွ်င္ မမ၏အတိတ္ေၾကာင့္ျဖစ္လိမ့္မည္။
မမအားလည္း ဧကရာဇ္ ခ်စ္တယ္ေျပာၿပီး အငယ္အေႏွာင္းအရာတြင္ထားကာသတ္ပစ္ခဲ့ေလသည္။အိမ္ေ႐ွ႕စံသည္လည္း အႀကိမ္ႀကိမ္သတ္ရန္ၾကံစည္ထားသည့္ သူ႔အားရက္ရက္စက္စက္သတ္ပစ္ခ်င္လို႔ ဒီလိုလုပ္ခဲ့တာျဖစ္လိမ့္မည္။ဒီေန႔တစ္ေနကုန္အေတြးမ်ားတြင္ ယခင္သံုးရက္ကမဝင္ဖူးေသာထိုအေတြးမ်ားကိုလည္းေဆာ့ဂ်င္ေတြ႕႐ွိခဲ့သည္။
မင္းမ်ိဳးမင္းႏြယ္မ်ားသည္ သိပ္စက္ဆုပ္ဖြယ္ေကာင္းပါသည္။ထိုသို႔ေသာလူႏႈတ္ခမ္းမွထြက္ေသာစကားကိုလည္း သူယံုၾကည္မည္မဟုတ္ေပ။ထို႔အတူ ဦးရီးေျပာခဲ့ေသာအရာကိုပါ..။
သူ႔အေတြးမ်ားအား တံခါးဖြင့္သံတစ္ခုသည္တိခနဲျပတ္ေတာက္ေစခဲ့သည္။ယခင္လိုဆံႏြယ္ေတြမေသသပ္ေနေသာေတာ္ဝင္ေသြး၏ မ်က္ခံုးႏွင့္မ်က္လံုးတစ္ဖက္ထက္တြင္ ဆံႏြယ္တစ္ခ်ိဳ႕ကပိုကယိုဝဲက်ေနၾကသည္။
"လီယို ..ပင္ပန္းသြားၿပီ .."
ေဆာ့ဂ်င္အၾကည့္ကိုမလႊဲမိေသးပဲ သူ႔ထံသို႔ခပ္မွန္မွန္ေလွ်ာက္လာေသာေျခလွမ္းမ်ားအားနားဆြင့္ေနမိသည္။သာမာန္အတိုင္းအိမ္ေ႐ွ႕စံျပံဳးေနခဲ့သည္။ျပံဳးတိုင္းလည္းသူမုန္းေသာပါးခ်ိဳင့္တို႔ကိုျဖစ္တည္ေစသည္။အိမ္ေ႐ွ႕စံ၏သူ႔အေပၚႏူးညံ့ျပေသာ မ်က္ႏွာဖံုးဟုလည္းသူထင္သည္။
"အ႐ွင္ျပံဳးေနရတာ မပင္ပန္းဘူးလား အ႐ွင့္လည္း ကြၽန္ေတာ့္ကိုမုန္းတာပဲကို .. "
သလြန္နံေဘးတြင္အိမ္ေ႐ွ႕စံဝင္ထိုင္လာၿပီး မ်က္ခံုးမ်ားပင့္သြားၾကသည္။ေျပာခ်င္တာေျပာလိုက္ရလို႔ ရင္ထဲေလးေနမႈမ်ားေျပေလ်ာ့ၿပီ လိုက္ကာစလြင့္ေျမာရာျပတင္းထံသို႔အၾကည့္ပို႔မိသည္။ရင္ေငြ႕ေတြကိုတျဖည္းျဖည္းခံစားမိလာသည္။သူ႔ေမးေစ့သို႔အိမ္ေ႐ွ႕စံဆြဲယူၿပီးေနာက္ အၾကည့္ခ်င္းဆံုေစသည္။
မ်က္ဝန္းျပာေတြကိုပဲမၿငီးမေငြ႔သူေငးျဖစ္ခဲ့သည္။မူန္းေသာအရိပ္မ်ားအားသူ႐ွာေဖြမိသည္။ကံေကာင္းသည္လား..မေကာင္းသည္လား.. မုန္းတီးရိပ္ေတြကိုသူမေတြ႔မိပါ။
"ကိုယ္မင္းကိုမုန္းရင္သတ္ပစ္ၿပီေပါ့ လီယိုရယ္ .."
"အ႐ွင္ မာယာမ်ားေနတာလည္းျဖစ္ႏိုင္တာပဲ .."
ေဆာ့ဂ်င္ေမးေစ့ထက္႐ွိလက္မ်ားအားဖယ္႐ွားမိေသာ္ ရယ္သံတစ္ခ်ိဳ႕သည္ သူ႔ထံလာေရာက္က်ီစယ္ျပန္သည္။သူ႔ဆံႏြယ္ေတြကိုသပ္ေပးၿပီးနဖူးသို႔နမ္းေသာ္ သူမ်က္လႊာခ်မိသြားျပန္သည္။ဘာေၾကာင့္ရင္မဆိုင္ႏိုင္လည္း..သူေသခ်ာမသိပါ။ဒီလိုအထိအေတြမ်ားႏွင့္အိမ္ေ႐ွ႕စံအခါခါၾကံဳဖူးေလာက္ေပမယ့္ သူသည္ပထမဆံုးအႀကိမ္ပင္။ထိုအႀကိမ္မွာပင္ တစ္ဘဝလံုးမုန္းခဲ့သူႏွင့္။
"ကိုယ္ကအင္ပါယာရဲ႕အိမ္ေ႐ွ႕စံ ကိုယ့္ေသြးကေတာ္ဝင္ေသြး
ကိုယ့္အက်င့္ကျပတ္သားတယ္ လီယို မာယာဆိုတာကိုယ့္ေလာကမွာမ႐ွိဘူး မုန္းရင္သတ္တယ္ ခ်စ္ရင္ေတာ့ အင္းမ္း....နမ္းတယ္ "
တားဆီးရန္ပင္ အခ်ိန္မရလိုက္ပါ။သူ႔ပါးႏွစ္ဖက္သို႔ အိမ္ေ႐ွ႕စံဖ်စ္ညႇစ္ၿပီးဖူးထြက္သြားသည့္ႏႈတ္ခမ္းဖူးအားစုပ္ယူနမ္း႐ိႈက္ျခင္းခံလိုက္ရေလသည္။ေက်ာေကာ့သြား၍အေနာက္သို႔လန္က်သြားေသာဆံႏြယ္မ်ားအား အိမ္ေ႐ွ႕စံလက္လွ်ိဳဝင္သည္။က်န္လက္တစ္ဖက္ႏွင့္ တြန္းဖယ္ေသာသူ႔လက္မ်ားအားဖမ္းဆုပ္ထားေလသည္။
ႏွလံုးခုန္ႏႈန္းေတြစီးခ်က္မညီစြာဗရန္းဗတာျဖစ္သြားခဲ့သည္။စိတ္လႈပ္႐ွား၍ျဖစ္မည္။သူ႔ႏႈတ္ခမ္းေတြကိုလႊတ္ေပးသြားၿပိိးခပ္ဟဟရယ္သံၾကားမွ သူမ်က္လံုးဖြင့္ၾကည့္မိေသာ္ နီလာမ်က္ဝန္းမ်ားအားအနီးကပ္ျမင္လိုက္ရေလသည္။
"မင္းနားဖ်ားေလးေတြရဲေနတယ္ .."
သူ႔တစ္ကိုယ္လံုးဆက္ခနဲတုန္သြားခဲ့သည္။ေဒါသေၾကာင့္လား..? မဟုတ္ႏိုင္ေခ်။ပထမဆံုးအႀကိမ္ သူလွည့္စားခံလိုက္ရျခင္းတြင္ ေဆာ့ဂ်င္ဟူေသာသူ႔ဘဝႏွင့္ခနတာမွ်အဆက္အသြယ္ျပတ္သြားခဲ့ရေလသည္။
-
သူ႔အိပ္ေဆာင္႐ွိကုတင္ထက္တြင္ အိမ္ေ႐ွ႕စံသည္သူ႔အားေပြ႔ဖက္ထားခဲ့သည္။ေဆာ့ဂ်င္ ရင္ဘက္ကိုတြန္းဖယ္ရန္ၾကံၿပီးမွအသာတၾကည္ပဲၿငိမ္ေနျဖစ္ခဲ့သည္။
"မင္း ဘာမွမသံုးေဆာင္ဘူးဆို လီယုိ .."
"ကြၽန္ေတာ္ဗိုက္မဆာလို႔ပါ .."
"မင္းအထိန္းေတာ္ကို ဘာေၾကာင့္အျပင္ထုတ္ထားရတာလည္း .."
"ကြၽန္ေတာ္မႀကိဳက္လို႔ပါ .."
"ဘယ္လို ..?"
နမ္ဂြၽန္း ၿငိမ္ေနေသာကိုယ္ေလးကိုအလြန္ပင္ေပြ႔ဖက္ထားၿပီးေနာက္ ျပန္ေျဖေသာစကားသံေၾကာင့္ ရႊင္ျမဴးစြာပင္ရယ္မိေတာ့သည္။ခါးထက္သို႔ေပြ႕ထားေသာလက္ဖ်ံမ်ားပို၍တင္းၾကပ္သြားၿပီး ရင္ခြင္အတြင္းမွလီယုိအားမလႈပ္မ႐ွပ္ႏိုင္သည္အထိၿငိမ္က်ေစသည္။
"မင္းႀကိဳက္မွေတာ့ ကိုယ္အထိန္းေတာ္ကိုသတ္ပစ္ၿပီ .."
"ေတာ္ဝင္ေသြးေတြက သတ္ဖို႔ပဲေတြးေနၾကတာလား .."
ဆံႏြယ္ေလးေတြကို သူေဆာ့ကစားရင္းေျပာေနခ်ိန္မထင္မွတ္ေသာစကားေၾကာင့္နမ္ဂြၽန္းမ်က္ဝန္းမ်ားလႈပ္ခတ္သြားရသည္။မီးအိမ္၏အကူအညီျဖင့္မွိန္ျပျပသာအလင္းေရာင္႐ွိေသာအခန္ူက်ယ္အတြင္းတိတ္ဆိတ္သြားခဲ့သည္။
"မင္းေလာက္ေတာ့ကိုယ္မေတြးျဖစ္ဘူး လီယို ..ကဲ ေျပာ အထိန္းေတာ္ကို ကိုယ္ဘယ္လိုစီစဥ္ေပးရမလည္း .."
"ဂီတ႒ာနက ေဟလီကို အနားမွာထားေပးပါ .."
"ဟုတ္ၿပီ မင္းဆႏၵအတိုင္းပဲ .. လိုက္ေလ်ာခ်င္လြန္းလို႔ေတာ့ မင္းမထင္နဲ႔ လီယို မင္းဘာမွမသံုးေဆာင္ရင္ ကိုယ့္အနားကေနတိတ္တိတ္ေလးထြက္သြားရမွာစိုးရိမ္လို႔ .."
တံု႔ျပန္မႈျပန္မလာေသာအဆိုးအဆာေလးအားငံု႔ၾကည့္မိေတာ့ အိပ္သြားခဲ့ၿပီတဲ့ေလ...။သိပ္မွန္သည္။သူ႔လီယိုသည္ပင္ပန္းသြားခဲ့ၿပီ။
"ကိုယ့္ရင္ခြင္မွာ အိပ္ပါ ကိုယ့္နတ္ဘုရားေလး .. မုန္းတာေတြမေျပႏိုင္ရင္ေတာင္မွ ကိုယ္ခ်စ္တာကိုေတာ့ မခါးသီးဘဲလက္ခံပါ .."
ရင္ခြင္အတြင္းမွ မုန္းတီးသူေလးကေတာ့မ်က္ရည္ေတာင္ေပါက္ခနဲက်သြားေလရဲ႕...။အမွန္တကယ္ပင္ သူမုန္းသည့္လူကသူ႔ကိုခ်စ္ေနျခင္းကိုအတည္ျပဳႏိုင္သြားေသာေၾကာင့္ျဖစ္လိမ့္မည္။
ေက်နပ္ရမလို..လြမ္းဆြပ္ရမလို..နာက်င္ရမလိုပါပဲ..။တစ္ခါတစ္ရံအိပ္ေနရင္း သတိမကပ္ႏိုင္ခ်ိန္ၾကားလိုက္ရေသာစကားသံတို႔ကမရည္ရြယ္ပါဘဲ ခံစားခ်က္ေတြသိပ္လြယ္ေစတယ္။
မမကြၽန္ေတာ္မမသိပ္မုန္းတဲ့လူရဲ႕ ေပြ႔ဖက္မႈေတြေအာက္မွာ အိပ္စက္ခဲ့တယ္။ကြၽန္ေတာ္သိပ္ကိုေသးသိမ္သြားသလား မမ။မမမႀကိဳက္တဲ့မ်က္ရည္ေတြလည္းက်ခဲ့ေသးတယ္။
ကြၽန္ေတာ္ေသြးေႂကြးေတြကိုျပန္ဆပ္ခ်င္ခဲ့ရံုပါ မမရယ္။
.
.
.
.
ျငိမ္ေနေသာေလေၾကာင့္ေပြ႕ဖက္ထားျခင္းသည္ သူ႔လီယုိအားေခြၽးေတြစို႔ေစပါသည္။ေနထြက္ခါနီးထိတိုင္ အိပ္ေနေသးေသာလီယုိ၏ဝတ္ရံုစအား အသာလွပ္ကာ ရင္ၫြန္႔႐ိုးထက္သို႔သူခပ္ဖြဖြနမ္း႐ိႈက္မိခဲ့သည္။နတ္ဘုရားဟုသူတင္စားေသာမ်က္ႏွာလွလွသည္ အျပစ္အနာအဆာသိပ္ကင္းမဲ့ပါသည္။
နံေဘး႐ွိစားပြဲထက္ကသရဖူကိုဆြဲယူၿပီးေနာက္ ႏွင္းဆီပြင့္ဖက္သ႑ာန္ႏႈတ္ခမ္းဖူးအားတျမတ္တႏိုးဖိနမ္းကာ သူထြက္လာခဲ့လိုက္သည္။
ကိုယ့္ခ်စ္တဲ့လီယို..။
မင္းကိုယ့္ကိုမုန္းၿပီး ပင္ပန္းသြားလို႔မျဖစ္ဘူး..။
မင္းကိုယ့္အနားမွာ အျမဲ႐ွိေနရမယ္..။
-
အသိစိတ္ဝင္သည္ႏွင့္ သူ႔ခါးထက္သို႔အလြန္တင္းတင္းၾကပ္ၾကပ္ေပြ႔ထားေသာေပြ႔ဖက္မႈေတြမ႐ွိေတာ့ကိုသတိထားမိလိုက္သည္။တစ္ညလံုးရ႐ွိခဲ့ေသာရင္ေငြ႕လည္းမ႐ွိေတာ့သလို သူမုန္းပါေသာအ႐ွင္လည္းမ႐ွိေတာ့ပါ။
သို႔ေသာ္အနားတြင္တစ္ေယာက္ေယာက္ေရာက္ေနသည္အထင္ႏွင့္ သူမ်က္လံုးႏွစ္ဖက္ကိုဖ်က္ခနဲဖြင့္မိသြားသည္။သူ႔ကိုဦးၫႊတ္ေနေသာေဟလီကိုပါတစ္ၿပိဳင္တည္းေတြ႕လိုက္ရေသာ္ ေဆာ့ဂ်င္ေလ်ာ့ရြဲေနသည့္ဝတ္ရံုစကိုဆြဲစိလိုက္မိသည္။ညကအထိလံုလံုျခံဳျခံဳဝတ္ထားခဲ့တာပါ...။
"ေဟလီ .."
"အမိန္႔႐ွိပါ ကို္ယ္လုပ္ေတာ္ .."
ေဆာ့ဂ်င္ထိုအေခၚအေဝၚေၾကာင့္ မ်က္ႏွာသည္အနည္းငယ္ခက္ထန္သြားခဲ့ေသာ္လည္း အေျခအေနႏွင့္ကိုက္ညီေအာင္ေနတတ္ရန္ႀကိဳးစားမိသည္။ကုတင္ထက္တြင္လက္ႏွင့္ေထာက္လ်က္ခပ္ေလ်ာေလ်ာမွီထိုင္မိၿပီး.သူအိပ္တစ္ဝက္၊မအိပ္တစ္ဝက္အေနအထားတြင္ ၾကားလိုက္ရေသာစကားသံေတြကိုသူေတြးမိသည္။
ကိုယ္ရဲ႕နတ္ဘုရား..ခ်စ္တာကိုလက္ခံ...။ေဆာ့ဂ်င္ရင္ထဲတစ္မ်ိဳးျဖစ္သြားလို႔ေခါင္းကိုခါမိသြားသည္။ဒါေတြကိုသူေသခ်ာေပါက္ၾကားခဲ့ပါသည္။
"ေဟလီ မင္းနဲ႔မွအဆင္ေျပမွာမလို႔ အ႐ွင့္ကိုေျပာလိုက္တာ .."
"သင့္ျမတ္လွေၾကာင္းပါ .."
ေဟလီ ႏိုးလာေလေသာခ်စ္ရသူကိုမရဲတရဲေမာ္ဖူးေသာ္ သူ႔ကိုၾကည့္မေနဘဲမ်က္ခံုးေၾကာေတြကိုသာႏွိပ္နယ္ေနခဲ့သည္။သူသိပ္ခ်စ္ရပါေသာဆံႏြယ္ေကာက္ေကာက္တို႔သည္ ပံုမွန္အတိုင္ေဝ့ဝဲေနခ့ဲစဥ္ သူသည္လည္းရင္ခုန္ေနဆဲျဖစ္သည္။ခ်စ္ေနဆဲျဖစ္ပါသည္။သိပ္ကို ေဟလီခ်စ္သည္။ႏွစ္ေတြခ်ိဳ႕ေအာင္ ေဟလီခ်စ္ခဲ့သည္။သို႔ေသာ္ အ႐ွင္တဲ့..။ခ်စ္ရသူေခၚေသာထိုနာမႏွင့္ ႀကီးျမတ္ပါေသာထိုအမ်ိဳးသားသည္ သူ႔အားရက္ပိုင္းႏွင့္အႏိုင္ယူသြားခဲ့သည္။
စိုးရြံ႔မိပါသည္။ေသးသိမ္လြန္းေသာသူ႔အေနအထားႏွင့္ အင္ပါယာ၏အသက္ကိုမွႏိႈင္းယွဥ္မိေလျခင္း...။ခ်စ္ရသူသိလွ်င္လည္း သူ႔အားအမ်က္ထြက္ေလာက္ပါသည္။
-
ခမည္းေတာ္နာမက်န္းျဖစ္ေနသည္ဆို၍ အ႐ွင့္သားသည္ အေဆာင္ေတာ္သို႔အေလာတႀကီးႂကြလာခဲ့သည္။နန္းေဆာင္အတြင္းသို႔ေရာက္ေသာ္ အိပ္စက္ေနေသာခမည္းေတာ္၏လက္ဖဝါးသို႔ဆုပ္ကိုင္ထားေသာ မယ္မယ္ႏွင့္အတူ သမားေတာ္ခ်ုပ္ကိုပါေတြ႔လိုက္ရသည္။
မယ္မယ့္လက္အတြင္းမွခမည္းေတာ္၏လက္ကိုဆြဲယူလိုက္ၿပိိးေနာက္ ႏႈတ္ခမ္းတို႔ျဖဴေဖ်ာ့ေနသည္ကိုေတြ႔လိုက္ရသည္။ယမန္ေန႔ကပင္ က်န္းက်န္းမာမာ႐ွိေသးေသာ္လည္း ယခုအေျခအေနေၾကာင့္အ႐ွင့္သား၏မ်က္ဝန္းျပာတို႔သည္ သမားေတာ္ထံသို႔စူးခနဲၾကည့္သည္။
"အ႐ွင္က ယခင္လည္းႏွလံုးအားေလ်ာ့တဲ့အခံ႐ွိပါတယ္ အ႐ွင့္သား ေသြးေၾကာစမ္းၾကည့္ေတာ့ႏွလံုးခုန္ႏႈန္းအေတာ္အားနည္းေနတာကိုေတြ႔ရပါတယ္ ..ဒါေၾကာင့္ အ႐ွင့္အေနနဲ႔ႏြမ္းနယ္ေနရတာပါ ဘုရား .. အေအးမိၿပီးကိုယ္အပူ႐ွိန္လည္း႐ွိတာမလို႔ ဒီလိုျဖဴေဖ်ာ့ေနရတာပါ .."
သန္မာေသာခမည္းေတာ္သည္နာမက်န္းျဖစ္သည္မွာ႐ွားခဲ့ေသာ္လည္း ဒီအသက္အရြယ္အတြင္း ခမည္းေတာ္အားကုသေသာသမားေတာ္တိုင္းထိုသို႔ဆိုသည္ျဖစ္၍ အ႐ွင့္သား၏မ်က္ႏွာေတာ္သည္ အလြန္တရာညႇိးငယ္သြားခဲ့သည္။
သမားေတာ္ေဆးရည္တစ္ခ်ိဳ႕ခ်ေပးၿပီး ႐ိုက်ိဳးစြာထြက္သြားေသာ္ မယ္မယ္သည္သူ႔ပခံုးထက္သို႔ေခါင္းမွီလာေလသည္။
"မေန႔ညက မယ္မယ္နဲ႔အတူ႐ွိခဲ့တယ္ အ႐ွင္ဒီတေလာေမာတယ္ပဲေျပာေနတယ္ .."
ရင္အတြင္းစူးနစ္သြားကာ ခမည္းေတာ္၏လက္ဖမိုးကိုပါးတြင္ကပ္ထားလိုက္မိသည္။ခမည္းေတာ္သည္ သူ႔အားအုပ္မိုးထားေသာအရိပ္သဖြယ္ျဖစ္သည္။
-
မနက္ခင္းညီလာခံၿပီးသည့္အခ်ိန္ျဖစ္ေလာက္မည္။ေဆာ့ဂ်င္ကင္မ္ေျခတစ္လွမ္းလွမ္းတိုင္း ဦးေခါင္းထက္႐ွိဆံထိုးသည္ေနတြင္အေရာင္လဲ့သည္။ကန္ေရျပာကဲ့သို႔ၾကည္လင္ေသာဝတ္ရံုႏွင့္ ေဆာ့ဂ်င္ကင္မ္အား အထိန္းေတာ္၊အပ်ိဳေတာ္တို႔ဥိိးၫႊတ္သြားရင္းမသိမသာေမာ္ၾကည့္မိၾကသည္။
ေဆာ့ဂ်င္ အိမ္ေ႐ွ႕စံေျပာခဲ့ေသာစကားေတြကိုသူယံုၾကည္ရန္ႀကိဳးစားမိသည္။ဒီလိုသာျဖစ္ခဲ့လွ်င္ ဦးရိိးေပးေသာအၾကံႏွင့္ထပ္တူက်ၿပီမွန္း သူေတြးမိသည္။
လြန္ခဲ့ေသာသံုးရက္ခန္႔ကက်ေနခဲ့ေသာမ်က္ရည္ေတြကိုေတာင္ႏွေျမာသလို႐ွိသည္။သူ႔စိတ္ကိုသူျပင္ဆင္ႏိုင္ၿပီဟုသူယူဆမိသည္။ဦးရီးႏွငိ့ေတြ႕ရလွ်င္ပို၍အဆင္ေျပလိမ့္မည္။
ညီလာခံမွအထြက္ေလွ်ာက္လမ္းတစ္ေလွ်ာက္ႂကြလာၾကေသာ အ႐ွင္ႏွင့္ၾကင္ယာေတာ္ကိုေတြ႔လိုက္ရသည္။အေနာက္မွလည္းသူႏွင့္မတူညီစြာ ကိုယ္ရံေတာ္ႏွင့္အထိန္းေတာ္မ်ားစြာပါေလသည္။သူသည္ေတာ့ေဟလီတစ္ဦးတည္းႏွင့္သာ...။
"အ႐ွင္ .. "
အိမ္ေ႐ွ႕စံတစ္ဥိိးကိုသာ သူေခါင္းအသာငံု႔ျပၿပီးေနာက္ လက္ခ်င္းဆုပ္ကိုင္ထားေသာၾကင္ယာေတာ္ကို သူၾကည့္ပင္မၾကည့္မိပါ။
"လီယို .."
"ကြၽန္ေတာ္ ၿမိဳ႕ေတာ္ထဲသြားခ်င္လို႔ .."
"ရထားလံုးနဲ႔သြား ..ကိုယ္ထည့္ေပးလိုက္မယ္ .."
"ရတယ္ ကြၽန္ေတာ္-"
"လီယို ..ကိုယ့္စကားကိုနားေထာင္လိုက္ .."
ခပ္ျပတ္ျပတ္ေျပာ၍ထြက္သြားေသာအိမ္ေ႐ွ႕စံသည္ သူ႔ၾကင္ယာေတာ္လက္ကိုဆုပ္ကိုင္ထားလ်က္ပါပင္။ေဆာ့ဂ်င္ ဘယ္လိုအလိုမက်မွန္းမသိေသာ္လည္း မမလည္းဒိိလိုပင္ျဖစ္မည္ဟုေတြးမိသည္။
ေဆာ့ဂ်င္မ်က္လံုးျပဴးသြားသည္။မတူပါ။မမသည္ ဧကရာဇ္ကိုခ်စ္သည္။သူသည္ အိမ္ေ႐ွ႕စံကိုမုန္းပါသည္။
-
T.B.C
Written By
Guu_Joonilili
Unicode~
ဆော့ဂျင် သလွန်ထက်တွင်စံမြန်းနေပြီးတစ်နေ့တာအတွင်းအချိန်တွေတဖြည်းဖြည်းကုန်လာသည့်အကြောင်းတွေကို မှတ်သားနေမိသည်။သူကျမ်းကျိန်ရာမှပြန်လာသည့်အခါ ဤအဆောင်တွင်နေရပြီးလျှင် သူဒီအတိုင်းပဲထိုင်နေဖြစ်ခဲ့သည်။အဆောင်အတွင်း သူ့အတွက်ထားပေးသောအထိန်းတော်ကိုလည်း အပြင်ထွက်ခိုင်းထားသည်။လူစိမ်းတွေနှင့် သူအရောတဝင်ရှိမနေချင်ပါ။
ဆော့ဂျင်ဆံနွယ်ထက်ရှိဆံထိုးကိုဖယ်ရှားသော် သူ့ဆံနွယ်များပါးပြင်ထက်သို့လှလှပပဝေ့ဝဲသွားကြလေသည်။မျက်ဝန်းညိုများအရောင်လဲ့နေပြိးဆံထိုးကိုသူစားပွဲထက်သို့ပစ်တင်ထားလိုက်သည်။လက်သူကြွယ်ထက်ရှိအပြာရောင်ကျောက်နှင့်လက်စွပ်ကိုသူငုံ့ကြည့်မိသည်။အိမ်ရှေ့စံ၏မျက်ဝန်းတွေနှင့်ဆင်တူလို့ ချက်ချင်းဆိုသလိုအကြည့်လွှဲပစ်ခဲ့လိုက်သည်။
*ချစ်တယ် လီယို ..* နားဖျားနောက်မှကပ်ထွက်သွားသည့်စကားသံသည် အိမ်ရှေ့စံ၏အငွေ့အသက်ရှိရာနေရာရောက်တိုင်းပူပူနွေးနွေးပင်ပဲ့တင်ထပ်သည်။ဟာသသဖွယ်ဖြစ်တည်သောစကားဟာ သူ့ရင်ကိုဘာကြောင့်များတုန်လှုပ်စေသလည်းဟုမေးခွန်းထုတ်လျှင် မမ၏အတိတ်ကြောင့်ဖြစ်လိမ့်မည်။
မမအားလည်း ဧကရာဇ် ချစ်တယ်ပြောပြီး အငယ်အနှောင်းအရာတွင်ထားကာသတ်ပစ်ခဲ့လေသည်။အိမ်ရှေ့စံသည်လည်း အကြိမ်ကြိမ်သတ်ရန်ကြံစည်ထားသည့် သူ့အားရက်ရက်စက်စက်သတ်ပစ်ချင်လို့ ဒီလိုလုပ်ခဲ့တာဖြစ်လိမ့်မည်။ဒီနေ့တစ်နေကုန်အတွေးများတွင် ယခင်သုံးရက်ကမဝင်ဖူးသောထိုအတွေးများကိုလည်းဆော့ဂျင်တွေ့ရှိခဲ့သည်။
မင်းမျိုးမင်းနွယ်များသည် သိပ်စက်ဆုပ်ဖွယ်ကောင်းပါသည်။ထိုသို့သောလူနှုတ်ခမ်းမှထွက်သောစကားကိုလည်း သူယုံကြည်မည်မဟုတ်ပေ။ထို့အတူ ဦးရီးပြောခဲ့သောအရာကိုပါ..။
သူ့အတွေးများအား တံခါးဖွင့်သံတစ်ခုသည်တိခနဲပြတ်တောက်စေခဲ့သည်။ယခင်လိုဆံနွယ်တွေမသေသပ်နေသောတော်ဝင်သွေး၏ မျက်ခုံးနှင့်မျက်လုံးတစ်ဖက်ထက်တွင် ဆံနွယ်တစ်ချို့ကပိုကယိုဝဲကျနေကြသည်။
"လီယို ..ပင်ပန်းသွားပြီ .."
ဆော့ဂျင်အကြည့်ကိုမလွှဲမိသေးပဲ သူ့ထံသို့ခပ်မှန်မှန်လျှောက်လာသောခြေလှမ်းများအားနားဆွင့်နေမိသည်။သာမာန်အတိုင်းအိမ်ရှေ့စံပြုံးနေခဲ့သည်။ပြုံးတိုင်းလည်းသူမုန်းသောပါးချိုင့်တို့ကိုဖြစ်တည်စေသည်။အိမ်ရှေ့စံ၏သူ့အပေါ်နူးညံ့ပြသော မျက်နှာဖုံးဟုလည်းသူထင်သည်။
"အရှင်ပြုံးနေရတာ မပင်ပန်းဘူးလား အရှင့်လည်း ကျွန်တော့်ကိုမုန်းတာပဲကို .. "
သလွန်နံဘေးတွင်အိမ်ရှေ့စံဝင်ထိုင်လာပြီး မျက်ခုံးများပင့်သွားကြသည်။ပြောချင်တာပြောလိုက်ရလို့ ရင်ထဲလေးနေမှုများပြေလျော့ပြီ လိုက်ကာစလွင့်မြောရာပြတင်းထံသို့အကြည့်ပို့မိသည်။ရင်ငွေ့တွေကိုတဖြည်းဖြည်းခံစားမိလာသည်။သူ့မေးစေ့သို့အိမ်ရှေ့စံဆွဲယူပြီးနောက် အကြည့်ချင်းဆုံစေသည်။
မျက်ဝန်းပြာတွေကိုပဲမငြီးမငွေ့သူငေးဖြစ်ခဲ့သည်။မူန်းသောအရိပ်များအားသူရှာဖွေမိသည်။ကံကောင်းသည်လား..မကောင်းသည်လား.. မုန်းတီးရိပ်တွေကိုသူမတွေ့မိပါ။
"ကိုယ်မင်းကိုမုန်းရင်သတ်ပစ်ပြီပေါ့ လီယိုရယ် .."
"အရှင် မာယာများနေတာလည်းဖြစ်နိုင်တာပဲ .."
ဆော့ဂျင်မေးစေ့ထက်ရှိလက်များအားဖယ်ရှားမိသော် ရယ်သံတစ်ချို့သည် သူ့ထံလာရောက်ကျီစယ်ပြန်သည်။သူ့ဆံနွယ်တွေကိုသပ်ပေးပြီးနဖူးသို့နမ်းသော် သူမျက်လွှာချမိသွားပြန်သည်။ဘာကြောင့်ရင်မဆိုင်နိုင်လည်း..သူသေချာမသိပါ။ဒီလိုအထိအတွေများနှင့်အိမ်ရှေ့စံအခါခါကြုံဖူးလောက်ပေမယ့် သူသည်ပထမဆုံးအကြိမ်ပင်။ထိုအကြိမ်မှာပင် တစ်ဘဝလုံးမုန်းခဲ့သူနှင့်။
"ကိုယ်ကအင်ပါယာရဲ့အိမ်ရှေ့စံ ကိုယ့်သွေးကတော်ဝင်သွေး
ကိုယ့်အကျင့်ကပြတ်သားတယ် လီယို မာယာဆိုတာကိုယ့်လောကမှာမရှိဘူး မုန်းရင်သတ်တယ် ချစ်ရင်တော့ အင်းမ်း....နမ်းတယ် "
တားဆီးရန်ပင် အချိန်မရလိုက်ပါ။သူ့ပါးနှစ်ဖက်သို့ အိမ်ရှေ့စံဖျစ်ညှစ်ပြီးဖူးထွက်သွားသည့်နှုတ်ခမ်းဖူးအားစုပ်ယူနမ်းရှိုက်ခြင်းခံလိုက်ရလေသည်။ကျောကော့သွား၍အနောက်သို့လန်ကျသွားသောဆံနွယ်များအား အိမ်ရှေ့စံလက်လျှိုဝင်သည်။ကျန်လက်တစ်ဖက်နှင့် တွန်းဖယ်သောသူ့လက်များအားဖမ်းဆုပ်ထားလေသည်။
နှလုံးခုန်နှုန်းတွေစီးချက်မညီစွာဗရန်းဗတာဖြစ်သွားခဲ့သည်။စိတ်လှုပ်ရှား၍ဖြစ်မည်။သူ့နှုတ်ခမ်းတွေကိုလွှတ်ပေးသွားပြိးခပ်ဟဟရယ်သံကြားမှ သူမျက်လုံးဖွင့်ကြည့်မိသော် နီလာမျက်ဝန်းများအားအနီးကပ်မြင်လိုက်ရလေသည်။
"မင်းနားဖျားလေးတွေရဲနေတယ် .."
သူ့တစ်ကိုယ်လုံးဆက်ခနဲတုန်သွားခဲ့သည်။ဒေါသကြောင့်လား..? မဟုတ်နိုင်ချေ။ပထမဆုံးအကြိမ် သူလှည့်စားခံလိုက်ရခြင်းတွင် ဆော့ဂျင်ဟူသောသူ့ဘဝနှင့်ခနတာမျှအဆက်အသွယ်ပြတ်သွားခဲ့ရလေသည်။
-
သူ့အိပ်ဆောင်ရှိကုတင်ထက်တွင် အိမ်ရှေ့စံသည်သူ့အားပွေ့ဖက်ထားခဲ့သည်။ဆော့ဂျင် ရင်ဘက်ကိုတွန်းဖယ်ရန်ကြံပြီးမှအသာတကြည်ပဲငြိမ်နေဖြစ်ခဲ့သည်။
"မင်း ဘာမှမသုံးဆောင်ဘူးဆို လီယို .."
"ကျွန်တော်ဗိုက်မဆာလို့ပါ .."
"မင်းအထိန်းတော်ကို ဘာကြောင့်အပြင်ထုတ်ထားရတာလည်း .."
"ကျွန်တော်မကြိုက်လို့ပါ .."
"ဘယ်လို ..?"
နမ်ဂျွန်း ငြိမ်နေသောကိုယ်လေးကိုအလွန်ပင်ပွေ့ဖက်ထားပြီးနောက် ပြန်ဖြေသောစကားသံကြောင့် ရွှင်မြူးစွာပင်ရယ်မိတော့သည်။ခါးထက်သို့ပွေ့ထားသောလက်ဖျံများပို၍တင်းကြပ်သွားပြီး ရင်ခွင်အတွင်းမှလီယိုအားမလှုပ်မရှပ်နိုင်သည်အထိငြိမ်ကျစေသည်။
"မင်းကြိုက်မှတော့ ကိုယ်အထိန်းတော်ကိုသတ်ပစ်ပြီ .."
"တော်ဝင်သွေးတွေက သတ်ဖို့ပဲတွေးနေကြတာလား .."
ဆံနွယ်လေးတွေကို သူဆော့ကစားရင်းပြောနေချိန်မထင်မှတ်သောစကားကြောင့်နမ်ဂျွန်းမျက်ဝန်းများလှုပ်ခတ်သွားရသည်။မီးအိမ်၏အကူအညီဖြင့်မှိန်ပြပြသာအလင်းရောင်ရှိသောအခန်ူကျယ်အတွင်းတိတ်ဆိတ်သွားခဲ့သည်။
"မင်းလောက်တော့ကိုယ်မတွေးဖြစ်ဘူး လီယို ..ကဲ ပြော အထိန်းတော်ကို ကိုယ်ဘယ်လိုစီစဉ်ပေးရမလည်း .."
"ဂီတဋ္ဌာနက ဟေလီကို အနားမှာထားပေးပါ .."
"ဟုတ်ပြီ မင်းဆန္ဒအတိုင်းပဲ .. လိုက်လျောချင်လွန်းလို့တော့ မင်းမထင်နဲ့ လီယို မင်းဘာမှမသုံးဆောင်ရင် ကိုယ့်အနားကနေတိတ်တိတ်လေးထွက်သွားရမှာစိုးရိမ်လို့ .."
တုံ့ပြန်မှုပြန်မလာသောအဆိုးအဆာလေးအားငုံ့ကြည့်မိတော့ အိပ်သွားခဲ့ပြီတဲ့လေ...။သိပ်မှန်သည်။သူ့လီယိုသည်ပင်ပန်းသွားခဲ့ပြီ။
"ကိုယ့်ရင်ခွင်မှာ အိပ်ပါ ကိုယ့်နတ်ဘုရားလေး .. မုန်းတာတွေမပြေနိုင်ရင်တောင်မှ ကိုယ်ချစ်တာကိုတော့ မခါးသီးဘဲလက်ခံပါ .."
ရင်ခွင်အတွင်းမှ မုန်းတီးသူလေးကတော့မျက်ရည်တောင်ပေါက်ခနဲကျသွားလေရဲ့...။အမှန်တကယ်ပင် သူမုန်းသည့်လူကသူ့ကိုချစ်နေခြင်းကိုအတည်ပြုနိုင်သွားသောကြောင့်ဖြစ်လိမ့်မည်။
ကျေနပ်ရမလို..လွမ်းဆွပ်ရမလို..နာကျင်ရမလိုပါပဲ..။တစ်ခါတစ်ရံအိပ်နေရင်း သတိမကပ်နိုင်ချိန်ကြားလိုက်ရသောစကားသံတို့ကမရည်ရွယ်ပါဘဲ ခံစားချက်တွေသိပ်လွယ်စေတယ်။
မမကျွန်တော်မမသိပ်မုန်းတဲ့လူရဲ့ ပွေ့ဖက်မှုတွေအောက်မှာ အိပ်စက်ခဲ့တယ်။ကျွန်တော်သိပ်ကိုသေးသိမ်သွားသလား မမ။မမမကြိုက်တဲ့မျက်ရည်တွေလည်းကျခဲ့သေးတယ်။
ကျွန်တော်သွေးကြွေးတွေကိုပြန်ဆပ်ချင်ခဲ့ရုံပါ မမရယ်။
.
.
.
.
ငြိမ်နေသောလေကြောင့်ပွေ့ဖက်ထားခြင်းသည် သူ့လီယိုအားချွေးတွေစို့စေပါသည်။နေထွက်ခါနီးထိတိုင် အိပ်နေသေးသောလီယို၏ဝတ်ရုံစအား အသာလှပ်ကာ ရင်ညွန့်ရိုးထက်သို့သူခပ်ဖွဖွနမ်းရှိုက်မိခဲ့သည်။နတ်ဘုရားဟုသူတင်စားသောမျက်နှာလှလှသည် အပြစ်အနာအဆာသိပ်ကင်းမဲ့ပါသည်။
နံဘေးရှိစားပွဲထက်ကသရဖူကိုဆွဲယူပြီးနောက် နှင်းဆီပွင့်ဖက်သဏ္ဍာန်နှုတ်ခမ်းဖူးအားတမြတ်တနိုးဖိနမ်းကာ သူထွက်လာခဲ့လိုက်သည်။
ကိုယ့်ချစ်တဲ့လီယို..။
မင်းကိုယ့်ကိုမုန်းပြီး ပင်ပန်းသွားလို့မဖြစ်ဘူး..။
မင်းကိုယ့်အနားမှာ အမြဲရှိနေရမယ်..။
-
အသိစိတ်ဝင်သည်နှင့် သူ့ခါးထက်သို့အလွန်တင်းတင်းကြပ်ကြပ်ပွေ့ထားသောပွေ့ဖက်မှုတွေမရှိတော့ကိုသတိထားမိလိုက်သည်။တစ်ညလုံးရရှိခဲ့သောရင်ငွေ့လည်းမရှိတော့သလို သူမုန်းပါသောအရှင်လည်းမရှိတော့ပါ။
သို့သော်အနားတွင်တစ်ယောက်ယောက်ရောက်နေသည်အထင်နှင့် သူမျက်လုံးနှစ်ဖက်ကိုဖျက်ခနဲဖွင့်မိသွားသည်။သူ့ကိုဦးညွှတ်နေသောဟေလီကိုပါတစ်ပြိုင်တည်းတွေ့လိုက်ရသော် ဆော့ဂျင်လျော့ရွဲနေသည့်ဝတ်ရုံစကိုဆွဲစိလိုက်မိသည်။ညကအထိလုံလုံခြုံခြုံဝတ်ထားခဲ့တာပါ...။
"ဟေလီ .."
"အမိန့်ရှိပါ က်ိုယ်လုပ်တော် .."
ဆော့ဂျင်ထိုအခေါ်အဝေါ်ကြောင့် မျက်နှာသည်အနည်းငယ်ခက်ထန်သွားခဲ့သော်လည်း အခြေအနေနှင့်ကိုက်ညီအောင်နေတတ်ရန်ကြိုးစားမိသည်။ကုတင်ထက်တွင်လက်နှင့်ထောက်လျက်ခပ်လျောလျောမှီထိုင်မိပြီး.သူအိပ်တစ်ဝက်၊မအိပ်တစ်ဝက်အနေအထားတွင် ကြားလိုက်ရသောစကားသံတွေကိုသူတွေးမိသည်။
ကိုယ်ရဲ့နတ်ဘုရား..ချစ်တာကိုလက်ခံ...။ဆော့ဂျင်ရင်ထဲတစ်မျိုးဖြစ်သွားလို့ခေါင်းကိုခါမိသွားသည်။ဒါတွေကိုသူသေချာပေါက်ကြားခဲ့ပါသည်။
"ဟေလီ မင်းနဲ့မှအဆင်ပြေမှာမလို့ အရှင့်ကိုပြောလိုက်တာ .."
"သင့်မြတ်လှကြောင်းပါ .."
ဟေလီ နိုးလာလေသောချစ်ရသူကိုမရဲတရဲမော်ဖူးသော် သူ့ကိုကြည့်မနေဘဲမျက်ခုံးကြောတွေကိုသာနှိပ်နယ်နေခဲ့သည်။သူသိပ်ချစ်ရပါသောဆံနွယ်ကောက်ကောက်တို့သည် ပုံမှန်အတိုင်ဝေ့ဝဲနေခဲ့စဉ် သူသည်လည်းရင်ခုန်နေဆဲဖြစ်သည်။ချစ်နေဆဲဖြစ်ပါသည်။သိပ်ကို ဟေလီချစ်သည်။နှစ်တွေချို့အောင် ဟေလီချစ်ခဲ့သည်။သို့သော် အရှင်တဲ့..။ချစ်ရသူခေါ်သောထိုနာမနှင့် ကြီးမြတ်ပါသောထိုအမျိုးသားသည် သူ့အားရက်ပိုင်းနှင့်အနိုင်ယူသွားခဲ့သည်။
စိုးရွံ့မိပါသည်။သေးသိမ်လွန်းသောသူ့အနေအထားနှင့် အင်ပါယာ၏အသက်ကိုမှနှိုင်းယှဉ်မိလေခြင်း...။ချစ်ရသူသိလျှင်လည်း သူ့အားအမျက်ထွက်လောက်ပါသည်။
-
ခမည်းတော်နာမကျန်းဖြစ်နေသည်ဆို၍ အရှင့်သားသည် အဆောင်တော်သို့အလောတကြီးကြွလာခဲ့သည်။နန်းဆောင်အတွင်းသို့ရောက်သော် အိပ်စက်နေသောခမည်းတော်၏လက်ဖဝါးသို့ဆုပ်ကိုင်ထားသော မယ်မယ်နှင့်အတူ သမားတော်ချုပ်ကိုပါတွေ့လိုက်ရသည်။
မယ်မယ့်လက်အတွင်းမှခမည်းတော်၏လက်ကိုဆွဲယူလိုက်ပြိးနောက် နှုတ်ခမ်းတို့ဖြူဖျော့နေသည်ကိုတွေ့လိုက်ရသည်။ယမန်နေ့ကပင် ကျန်းကျန်းမာမာရှိသေးသော်လည်း ယခုအခြေအနေကြောင့်အရှင့်သား၏မျက်ဝန်းပြာတို့သည် သမားတော်ထံသို့စူးခနဲကြည့်သည်။
"အရှင်က ယခင်လည်းနှလုံးအားလျော့တဲ့အခံရှိပါတယ် အရှင့်သား သွေးကြောစမ်းကြည့်တော့နှလုံးခုန်နှုန်းအတော်အားနည်းနေတာကိုတွေ့ရပါတယ် ..ဒါကြောင့် အရှင့်အနေနဲ့နွမ်းနယ်နေရတာပါ ဘုရား .. အအေးမိပြီးကိုယ်အပူရှိန်လည်းရှိတာမလို့ ဒီလိုဖြူဖျော့နေရတာပါ .."
သန်မာသောခမည်းတော်သည်နာမကျန်းဖြစ်သည်မှာရှားခဲ့သော်လည်း ဒီအသက်အရွယ်အတွင်း ခမည်းတော်အားကုသသောသမားတော်တိုင်းထိုသို့ဆိုသည်ဖြစ်၍ အရှင့်သား၏မျက်နှာတော်သည် အလွန်တရာညှိးငယ်သွားခဲ့သည်။
သမားတော်ဆေးရည်တစ်ချို့ချပေးပြီး ရိုကျိုးစွာထွက်သွားသော် မယ်မယ်သည်သူ့ပခုံးထက်သို့ခေါင်းမှီလာလေသည်။
"မနေ့ညက မယ်မယ်နဲ့အတူရှိခဲ့တယ် အရှင်ဒီတလောမောတယ်ပဲပြောနေတယ် .."
ရင်အတွင်းစူးနစ်သွားကာ ခမည်းတော်၏လက်ဖမိုးကိုပါးတွင်ကပ်ထားလိုက်မိသည်။ခမည်းတော်သည် သူ့အားအုပ်မိုးထားသောအရိပ်သဖွယ်ဖြစ်သည်။
-
မနက်ခင်းညီလာခံပြီးသည့်အချိန်ဖြစ်လောက်မည်။ဆော့ဂျင်ကင်မ်ခြေတစ်လှမ်းလှမ်းတိုင်း ဦးခေါင်းထက်ရှိဆံထိုးသည်နေတွင်အရောင်လဲ့သည်။ကန်ရေပြာကဲ့သို့ကြည်လင်သောဝတ်ရုံနှင့် ဆော့ဂျင်ကင်မ်အား အထိန်းတော်၊အပျိုတော်တို့ဥိးညွှတ်သွားရင်းမသိမသာမော်ကြည့်မိကြသည်။
ဆော့ဂျင် အိမ်ရှေ့စံပြောခဲ့သောစကားတွေကိုသူယုံကြည်ရန်ကြိုးစားမိသည်။ဒီလိုသာဖြစ်ခဲ့လျှင် ဦးရိးပေးသောအကြံနှင့်ထပ်တူကျပြီမှန်း သူတွေးမိသည်။
လွန်ခဲ့သောသုံးရက်ခန့်ကကျနေခဲ့သောမျက်ရည်တွေကိုတောင်နှမြောသလိုရှိသည်။သူ့စိတ်ကိုသူပြင်ဆင်နိုင်ပြီဟုသူယူဆမိသည်။ဦးရီးနှငိ့တွေ့ရလျှင်ပို၍အဆင်ပြေလိမ့်မည်။
ညီလာခံမှအထွက်လျှောက်လမ်းတစ်လျှောက်ကြွလာကြသော အရှင်နှင့်ကြင်ယာတော်ကိုတွေ့လိုက်ရသည်။အနောက်မှလည်းသူနှင့်မတူညီစွာ ကိုယ်ရံတော်နှင့်အထိန်းတော်များစွာပါလေသည်။သူသည်တော့ဟေလီတစ်ဦးတည်းနှင့်သာ...။
"အရှင် .. "
အိမ်ရှေ့စံတစ်ဥိးကိုသာ သူခေါင်းအသာငုံ့ပြပြီးနောက် လက်ချင်းဆုပ်ကိုင်ထားသောကြင်ယာတော်ကို သူကြည့်ပင်မကြည့်မိပါ။
"လီယို .."
"ကျွန်တော် မြို့တော်ထဲသွားချင်လို့ .."
"ရထားလုံးနဲ့သွား ..ကိုယ်ထည့်ပေးလိုက်မယ် .."
"ရတယ် ကျွန်တော်-"
"လီယို ..ကိုယ့်စကားကိုနားထောင်လိုက် .."
ခပ်ပြတ်ပြတ်ပြော၍ထွက်သွားသောအိမ်ရှေ့စံသည် သူ့ကြင်ယာတော်လက်ကိုဆုပ်ကိုင်ထားလျက်ပါပင်။ဆော့ဂျင် ဘယ်လိုအလိုမကျမှန်းမသိသော်လည်း မမလည်းဒိလိုပင်ဖြစ်မည်ဟုတွေးမိသည်။
ဆော့ဂျင်မျက်လုံးပြူးသွားသည်။မတူပါ။မမသည် ဧကရာဇ်ကိုချစ်သည်။သူသည် အိမ်ရှေ့စံကိုမုန်းပါသည်။
-
T.B.C
Written By
Guu_Joonilili