🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(41)
International airport...
မြန်မာနိုင်ငံလေဆိပ်ထဲသို့ လေယာဉ်ပေါ်မှ လောလောလတ်လတ်ဆင်းသက်ခဲ့သည့် လူတစ်ယောက်ထွက်လာသည်။ တွန့်ကြေနေသည့်အဝတ်အစား၊ ရှည်လျားနေသည့်နှုတ်ခမ်းမွှေး၊ ဂုတ်ထောက်နေသည့်ဆံပင်အညိုရောင်တိုနှင့် သူတောင်းစားလိုပုံစံမျိုးနဲ့ငေးမှိုင်မှိုင်ဆင်းလာသည့် ထိုလူက အပြင်ဘက်ထိလျှောက်သွားကာ ကောင်းကင်ပေါ်ကိုမော့ကြည့်သည်။
နောက်ဆုံးတော့ ဒီနေရာကို အခြေချရတော့မည်။
"ကိုယ်ပြန်လာပြီ မွန်လေး"
အတိတ်မှာ ရည်ရွယ်မွန်ဆိုတဲ့မိန်းမကို အမုန်းကြီးမုန်းခဲ့သည်။ သူမကြောင့် သူ့အချစ်တွေ ပရမ်းပတာဖြစ်ခဲ့ရသည်။ သူငယ်ချင်းကိုသစ္စာဖောက်မိခဲ့သည်။ ပြီးတော့ သူ့နှလုံးသား နာကျင်ခဲ့ရသည်။
ဒါပေမဲ့ သေချာပြန်စဉ်းစားမယ်ဆိုရင် အနှစ်သာရဆိုသောအမျိုးသမီးထက် အနှစ်သာရပေးတဲ့စာတွေက သူနဲ့ပိုနီးစပ်ခဲ့သည်။ ဒါက အနှစ်ကိုချစ်တာမဟုတ်ဘဲ အနှစ်သာရအဖြစ်ဟန်ဆောင်ထားတဲ့ သူကိုချစ်မိတာဖြစ်သည်။
နားလည်တာအချိန်နောက်ကျခဲ့ပေမဲ့ သူမ လက်ခံနိုင်ဦးမလား။
✿............✿...........✿
"တီ..တီ.."
အော်ပရေတာစက်မှ တဖြည်းဖြည်းနဲ့ဆက်တိုက်ကျဆင်းလာသည့်သွေးခုန်းနှုန်း။ အမြဲတမ်းစောင့်ကြည့်နေသည့် သူနာပြုတစ်ယောက်မှ အရေးပေါ်ခလုတ်ကိုနှိပ်လိုက်သည့်အခါ ငါးမိနစ်အတွင်းအပြေးအလွှားရောက်လာသည့်ဆရာဝန်များက လူနာရဲ့အခြေအနေတည်ငြိမ်အောင် နောက်ထပ်ငါးမိနစ်ကြိုးစားပြီးသည့်အခါမှာတော့ လူနာရဲ့အခြေအနေက ပုံမှန်ပြန်ဖြစ်သွားသည်။
တဖြည်းဖြည်းမျက်လုံးပွင့်လာသည်။ ဒါက အခြေအနေတည်ငြိမ်သည့်အခါတိုင်း ဖြစ်လာသည့်ဖြစ်ရပ်ဖြစ်သည်။ သို့သော် ထိုနိုးထလာမှုက ခဏတာဖြစ်ရပ်သပ်သပ်သာဖြစ်သည်။
အရင်က လူနာကို သတိပြန်မမေ့အောင်အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ။ ယခုတစ်ခါမှာတော့ အောင်မြင်ခဲ့သည်။
"လူနာသတိရလာပြီ အုပ်ထိန်းသူကို ခေါ်လိုက်ပါ"
"ကျွန်တော့်အသံကြားရလား"
မျက်တောင်နှစ်ချက်ဆက်တိုက်ခတ်သွားသည်။
"လူနာ ကျွန်တော့်ကိုမြင်ရလား မြင်ရရင် မျက်တောင်ခတ်ပါ"
နောက်ထပ် နှစ်ချက်ဆက်တိုက်ခတ်လာသည့် မျက်ခွံမို့မို့။
"လက်လည်းလှုပ်ကြည့်ပါ"
တဖြည်းဖြည်းနဲ့မြှောက်တက်လာသည့် လက်သေးသေးတစ်ဖက်။
"ဒါဆို ရပါပြီ"
မကြာသောအချိန်အတွင်းမှာ ဦးဇွဲသီဟ(ရည်ရွယ်မွန်၏အဖေ)ရောက်လာသည်။ ပြီးနောက် ထင်ရှား။ အနှစ်ကတော့ အလုပ်ကြောင့်ညနေမှလာလို့ရမည်ဖြစ်၍ ချက်ချင်းရောက်မလာနိုင်။
"အခြေအနေက တည်ငြိမ်ပါပြီ ပြန်ပြီးမအိပ်တော့ပါဘူးဗျ...ဒါပေမဲ့ ဓာတ်မှန်ရိုက်ပြီးတော့ စစ်ဆေးဖို့လိုပါသေးတယ် "
"ဟုတ်ကဲ့"
"လူနာကို ဝင်တွေ့လို့ရပါပြီ"
ထို့နောက် သူတို့နှစ်ဦး မွန်လေးရှိရာ လာခဲ့ကြသည်။ တံခါးဖွင့်ဖွင့်ချင်း ဝှီးချဲပေါ်မှာ ထိုင်ကာ ဆေးရုံအပြင်ဘက်ကို ငေးကြည့်နေသည့်မွန်လေး။ တံခါးဖွင့်သံကြောင့် လှည့်ကြည့်လာသည်။
သူတို့ကိုတွေ့တော့ ပြုံးသွား၏။
"ရောက်ပြီလား ဖေဖေ ပြီးတော့ ထင်ရှား"
ဦးဇွဲသီဟက မွန်လေးကို ပြေးဖက်သည်။ ပြီးတော့ ငိုပါငိုသေးသည်။ သို့သော် မွန်လေးက မငိုပါ။ ခပ်ပြုံးပြုံးနဲ့အဖေကို နှစ်သိမ့်ပေးသည်။
မွန်လေးမသတ်သေခင်က သူ့အဖေနဲ့ရန်ဖြစ်ခဲ့သည်။ အော်ဟစ်ပြီးတော့ ချစ်ရသူနဲ့ကွဲရတာ၊သူငယ်ချင်းကိုသစ္စာဖောက်မိတာ အဖေ့ကြောင့်ဆိုပြီး အဖေဖြစ်သူကို နာကျည်းကြောင်းပြောခဲ့သည်။ တစ်ကယ်လည်း မွန်လေးက စိတ်ဒဏ်ရာရခဲ့သည်ကိုး။ သူလည်းမကြာခင်ကမှသိခဲ့ရတာဖြစ်သည်။ အစက ရဝေသော်ကြောင့် မွန်လေးစိတ်ထဲ တနုံ့နုံ့နဲ့ ခံစားပြီးသတ်သေတာလို့ထင်မိတာ။ အခုတော့ ထိုသို့မဟုတ်ဘဲ ကွဲလွဲနေခဲ့သည်။
"တောင်းပန်ပါတယ်ဖေဖေ"
"မဟုတ်တာ ဖေဖေကတောင်းပန်ရမှာပါကွယ်"
ဤသို့ဖြင့် သားအဖနှစ်ယောက် ဖက်ပြီးငိုကြလိုက်၊တောင်းပန်ကြလိုက်ဆိုသဖြင့် ထင်ရှားအပြင်ခဏထွက်လာခဲ့သည်။ အပြင်ရောက်တော့ သူ့ဆီကို ခပ်သွက်သွက်လျှောက်လာသည့် ရဝေသော်ကိုတွေ့လိုက်ရသည်။ တစ်ကယ်က သူ့ဆီကိုလျှောက်လာတာမဟုတ်ဘဲ မွန်လေးဆီလာတာဖြစ်သည်။ သူက အခန်းရှေ့မှာရှိနေခဲ့တာမို့။
"ရည်ရွယ်မွန်အခြေအနေဘယ်လိုလဲ"
"ခဏနေမှ အတူတူဝင်မယ်...အခု သူ့အဖေနဲ့တွေ့နေတယ်"
ထင်ရှား ရဝေသော်လက်ကိုဆွဲကာ ထိုအခန်းရှေ့မှထွက်လာခဲ့သည်။
✿............✿...........✿
ဆေးရုံနဲ့အနည်းငယ်ဝေးသည့် အအေးဆိုင်တစ်ဆိုင်မှာ သူတို့ထိုင်ဖြစ်ကြသည်။ စထိုင်ကတည်းကဘာမှမပြောဘဲ နှစ်ယောက်လုံး ဖုန်းကိုသာကြည့်နေကြသည်။ စိတ်ပါလှသည်မဟုတ်ပေမဲ့ ပြောစရာစကားကဘယ်ကစရမှန်းမသိ၍ ငြိမ်နေကြခြင်းဖြစ်သည်။
ထင်ရှားကလည်းမှားမှန်းသိပေမဲ့ မချော့တတ်။ ရဝေကလည်းအချော့ခံချင်သည်။ တောင်းပန်စေချင်သည်။ ခက်တာက ထင်ရှားသည် ဘာမှမပြော။
"ကျစ်!.."
သူစိတ်တွေတိုလာသည်။ ရဝေသော် ဒီလိုထိုင်နေတာ သူမကြိုက်။ သူ့ကိုအရေးမလုပ်သလိုနေတော့ စိတ်တိုလာသည်။
"မင်း ဒီလိုပဲထိုင်နေတော့မှာလား"
"မထိုင်နေရင် ကနေရမှာလား အအေးဆိုင်မှာလုပ်စရာဘာရှိလို့လဲ"
"မင်းရှေ့က ငါရှိနေတယ်"
"နင်ရှိတာဘာလုပ်ရမှာလဲ ငါက ရည်ရွယ်မွန်အခြေအနေကိုလာကြည့်တာ...အဲ့ဒါကို အထဲမဝင်ခိုင်းဘဲ ဒီကိုဆွဲခေါ်လာတာက နင်"
ရဝေသော်က ထိုသို့သာပြောပြီးတိတ်ဆိတ်သွားကာဖုန်းကိုသာကြည့်နေတော့သည်။ သူ တစ်သောင်းတန်နှစ်ရွက်ကို စားပွဲပေါ်တင်ကာ ဝုန်းခနဲထရပ်လိုက်ရင်း ရဝေသော်ရဲ့လက်ကို ဆွဲကာ ဆိုင်ပြင်ထွက်ခဲ့သည်။
"လွှတ်...ဘာဖြစ်ပြန်တာလဲနင်!.."
သူကဘာမှမပြောဘဲ ကားတံခါးကိုဖွင့်သည်။
"တက်"
"ထင်ရှားသူရ"
"တက်"
"မတက်ဘူး...နင်ဘာဖြစ်နေတာလဲ"
"မင်းက လူကိုစိတ်မရှည်အောင်လုပ်နေတာပဲ"
"အာ့!.."
လူကိုမညှာမတာ ကားထဲအတင်းတိုးထည့်ကာ ခါးပတ်ပတ်ပေးသည်။ ခါးပတ်ကိုပြန်ဖြုတ်မယ်လုပ်တော့ အတင်းဆွဲဖိထားပြီး ဖြုတ်ရဲရင်ဖြုတ်ကြည့်ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်သည်။
ရဝေသော် မပုန်ကန်တော့ဘဲ ငြိမ်နေလိုက်မှ အပေါ်ကဖယ်ကာ တစ်ဖက်မောင်းသူနေရာဝင်ထိုင်၏။
ရဝေသော် သူ့ကို မကျေမနပ်ကြည့်လိုက်ရင်း စကားဆိုသည်။
"နင်က တစ်ကယ်နားလည်ရခက်တဲ့သူပဲ...ကောင်းကောင်းမနေတော့လည်း မနေတဲ့အလျောက် ရန်ရှာတယ် ကိုယ့်ဘာသာငြိမ်နေတော့လည်း ဒေါသကိုလာလာစွတယ် ငါလည်းလူပါ ထင်ရှားသူရ စိတ်နဲ့နှလုံးသားရှိတဲ့လူလို့ အရာရာတိုင်းကို နင့်စိတ်ကြိုက်မလုပ်ပေးနိုင်ဘူး"
"မင်းဘယ်တုန်းက ငါ့စိတ်ကြိုက်နေခဲ့လို့လဲ အမြဲတမ်း ငါ့ကိုဆန့်ကျင်နေတာပဲ"
"ဆန့်ကျင်တယ် ငါဘယ်တုန်းက ဆန့်ကျင်လို့ရခဲ့လို့လဲ ငါ့စိတ် ငါ့ခန္ဓာကိုယ် အကုန်လုံးကို နင့်စိတ်ကြိုက်ပြုမူနေခဲ့တာပဲ ဘယ်တုန်းကများ ငါ့ဘက်ကိုတွေးပေးခဲ့လို့လဲ"
"အပိုတွေမပြောနဲ့ မင်းဘက်ကစိတ်မပါလာရင် မင်းနဲ့အတူတူအိပ်မိမှာမဟုတ်ဘူး ရပ်ပြစ်ဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့ မင်းကိုယ်တိုင် ငါ့ကိုဆွဲထားခဲ့တာ...အခုမှ မင်းတစ်ဖက်ပဲနစ်နာသလိုလုပ်မနေနဲ့"
ရဝေသော်ပြောစရာစကားတွေပျောက်ရှသွားရတာအမှန်ပင်။ သူက သူမကို မိန်းကလေးလို့ရော မြင်သေးရဲ့လား။
"မင်းသာ မင်းရဲ့စိတ်ကို လက်ခံနိုင်အောင်လေ့ကျင့်"
အား ဒီအချက်ကိုပဲ နှိပ်ကွက်နေသည်။ မုန်းလိုက်တာ။ သူ့အပေါ်ပြိုလဲနေတဲ့ကိုယ့်စိတ်ကိုလည်း မကျေနပ်။ ကြည့်နေ နင်မလျှော့ရင် ငါလည်းအဆုံးထိသွားမှာ။
"ကိုသွေးရဲ့လက်စွပ်ကို ပြန်ပို့ပေးလိုက်တယ်ဆို ရတယ် နင်လုပ်နိုင်သလောက်လုပ်ကြည့် ငါလည်း အဆုံးထိလုပ်မှာ ကိုသွေးနဲ့မယူရရင် နောက်တစ်ယောက်ရှာလို့ရတယ် နင်တားနိုင်သလောက်တားစမ်းပါ"
"စမ်းကြည့်လေ မင်းချက်ချင်းကိုယ်ဝန်ရသွားစေရမယ်"
"ထင်ရှားသူရ..."
ရဝေသော်စိတ်တိုပြီး အသားကုန်အော်ဟစ်လိုက်ပေမဲ့ သူကတော့ အေးဆေးစွာကားရပ်ကာ ဆင်းသွားသည်။ ဆေးရုံအတွင်းဝင်သွားသည့်သူ့နောက်ကျောက အရမ်းမုန်းစရာကောင်းသည်။
"နောက်ဘဝ ဒင်းနဲ့မတွေ့ပါရစေနဲ့"
✿............✿...........✿
"ကျေးဇူးတင်ပါတယ်ထင်ရှား ဒီအတောအတွင်း ငါ့ကိုစောင့်ရှောက်ပေးတယ်လို့ သူနာပြုတွေကပြောကြတယ်"
"မဟုတ်တာ ငါတို့ကသူငယ်ချင်းပဲ ဒီလောက်တော့လုပ်ပေးရမှာပေါ့"
မွန်လေးပြုံးသည်။ ထိုအပြုံးကတစ်မျိုးလေး။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့အပြုံးမျိုး။ သူသိတဲ့မွန်လေးသည် ထိုသို့ပြုံးခဲသည်။
"ဒါနဲ့ ဘေးက ဘယ်သူလဲ"
မွန်လေးအပြုံးရဲ့အဓိပ္ပာယ်ကို ထူးဆန်းတယ်လို့ပုံဖော်မိနေစဉ်မှာ မေးထုတ်လာသည့်မေးခွန်းကြောင့် ထင်ရှားအံ့ဩသွားသည်။ ရဝေသော်ဘက်ကိုခေါင်းလှည့်ကြည့်တော့ သူမလည်းထူးဆန်းနေပုံပင်။
"သူက ရဝေသော်...သူ့ကိုမသိဘူးလား"
"အာ ရဝေသော် ရဝေ! သိပြီ အနှစ်ထိခိုက်တုန်းက ကူညီတဲ့သူငယ်ချင်း "
သိပြီဆိုလို့ သက်ပြင်းချမိပေမဲ့ ကျောင်းတက်တုန်းက အနှစ်ထိခိုက်တုန်းက အဖြစ်ကိုသာမှတ်မိတော့တာမို့ ထင်ရှားဘာပြန်ပြောရမယ်မှန်းမသိတော့ဘဲ ဆွံ့အသွားတော့သည်။
"တခြားမမှတ်မိတော့ဘူးလား ငါကိုအဲ့မှာပဲမြင်ဖူးတာလား"
မွန်လေးသည် မျက်လုံးလေးပေကလပ်ပေကလပ်နှင့် စဉ်းစားနေသည်။ စဉ်းစားတာမထွက်လာ၍ ခေါင်းကိုက်လာသည်။
အား...
"အဆင်ပြေလား ရည်ရွယ်မွန်"
"အင်းရတယ် ခေါင်းနည်းနည်းကိုက်သွားလို့"
"စဉ်းစားမရတာကို အတင်းမစဉ်းစားနဲ့ "
ဖြူဖတ်ဖတ်မျက်နှာလေးက အင်းတဲ့ပြန်ဖြေလာသည်။
"အနှစ် အနှစ်ရော မလာသေးဘူးလား...စက်ဝန်းကအနှစ်ကိုလိုက်မပို့ဘူးလား"
"လာမှာပါ ခဏနေ!.."
"ဪအင်း..."
✿............✿...........✿
အနှစ် အလုပ်ကမဆင်းခင် စက်ဝန်းဆီဖုန်းဆက်ခဲ့သည်။ မွန်လေးသတိရလာလို့ဆေးရုံသွားဦးမယ်ဟုပြောခဲ့သည်။ စိတ်ပါရင် ဆေးရုံအထိအတူတူသွားမယ်လို့ပါ ပြောခဲ့သည်။
သူလာပါ့မလား။ တစ်ကယ်ဆို အနှစ်မပြောရင်တောင် ထင်ရှားဆီက မွန်လေးသတိရလာကြောင်းကိုကြားမိမှာပဲ။ သူရောက်လာပါ့မလား။
မွန်လေးမေ့မျှောနေတဲ့အတောအတွင်း တစ်ခေါက်မှ ဆေးရုံသွားမကြည့်ဘူးဟု ထင်ရှားဆီကသိရသည်။ မွန်လေးကိုမြင်ရင် သူ့ကိုယ်သူပိုပြီးခွင့်မလွှတ်နိုင်ဘူးတဲ့။ လူအကဲခတ်ညံ့ပြီး စောက်တလွဲလုပ်ခဲ့တဲ့သူ့ရဲ့ပုံစံကိုပြန်မြင်လာလို့တဲ့။
"ညီမလေး အစ်မအလုပ်ဆင်းပြီနော်"
"ဟုတ်ကဲ့ပါ မမ..."
ဘေးခုံက ညီမလေးကို နှုတ်ဆက်ကာ အလုပ်စားပွဲမှ ထရပ်လိုက်သည်။ ပြီးနောက် အပြင်ဘက်သို့ ခပ်သွက်သွက်လျှောက်ခဲ့သည်။
"တီ...တီ..."
ကားဟွန်းတီးသံကြောင့်လှည့်ကြည့်လိုက်တော့ သူ။
ဘေးနားမှာ ကားရပ်လိုက်ပြီး တစ်ဖက်ကတံခါးကို ဖွင့်ပေးလာသည်။
"အတူတူသွားမယ်"
သူမ သူ့ကိုဘာမှမပြောဘဲ ကားထဲဝင်ထိုင်လိုက်သည်။
ထို့နောက်သူလည်း ကားထဲဝင်လာကာ ကားကိုဖြည်းညင်းစွာ မောင်းထွက်လာသည်။
ဆေးရုံရောက်သည်အထိ ဘာစကားမှမပြောဖြစ်ကြတော့။
✿............✿...........✿
မွန်လေးရဲ့အခြေအနေက အကုန်ကောင်းပါသည်။ တစ်ခုပဲ။ လူတစ်ချို့နဲ့အဖြစ်အပျက်တွေကိုမမှတ်မိတော့တာပဲ။ ပြီးတော့ သူပဲသိတဲ့အဖြစ်အပျက်တွေပါလာသည်။ ဥပမာ- စက်ဝန်းနဲ့အနှစ်က လက်ထပ်ထားတာသိပေမဲ့ ရဝေသော်ကို အနှစ်ကိုကယ်ပေးတဲ့သူမှလွဲ၍ ကျန်တာထွက်မလာတော့။ ပြီးတော့ သတ်သေတာမဟုတ်ဘဲ အဖေဖြစ်သူနဲ့ရန်ဖြစ်ပြီး မေ့လဲသွားတယ်တဲ့။
ဆရာဝန်ကတော့ ဓာတ်မှန်ပြန်ရိုက်ဖို့ပြောသည်။ ကိုယ့်ကိုကိုယ်သတ်သေတာက လှေကားပေါ်ကပြုတ်ကျတာဆိုတော့ ခေါင်းကိုထိသွားတာဖြစ်နိုင်သည်။
တစ်ချို့ဆရာဝန်ကတော့...
"လူနာရဲ့စိတ်က မသေခင်က အရမ်းစိတ်ကုန်စရာကောင်းလို့ မေ့လဲနေတဲ့နှစ်အတွင်းမှာ မှတ်ဉာဏ်တစ်ချို့ကိုဖြတ်ပြီး လိုချင်တဲ့မှတ်ဉာဏ်ကို ကိုယ်တိုင်ဖန်တီးလိုက်တာ...အရင်ကသောက်ထားတဲ့အိပ်ဆေးအရှိန်ကြောင့် မှတ်ဉာဏ်တွေဝေဝါးကုန်တာ"တဲ့။
ထိုဆရာဝန်အပြောကြောင့် အနှစ် မွန်လေးကိုမေးခွန်းထုတ်သည်။
"မိုးမြတ်ယံကိုရော မှတ်မိသေးလား"
"ဟင့်အင်း ငါမသိတဲ့သူပဲ"
မွန်လေးအဖြေကြောင့် ထင်ရှား၊စက်ဝန်းနဲ့ သူမတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်မိသွားကြသည်။
သူမလည်း ထိုသို့မေ့လို့ရရင် ကောင်းသောအမှတ်တရတွေပဲချန်ထားဖြစ်မည်။ ဒါပေမဲ့ ကောင်းတာပဲမှတ်မိဖို့ဆိုရင် သူ့ကိုပါမေ့ပြစ်ရမှာ။ အနှစ် အဲ့လိုမဖြစ်ချင်ဘူး။ စိတ်ပျက်မိတာမှန်ပေမဲ့ မချစ်တော့တာမဟုတ်ဘူးလေ။
✿............✿...........✿
"ရှင် ကျွန်မကိုလက်လျှော့ခဲ့လို့ ကိုယ့်ကိုကိုယ်မုန်းဖူးလား..."
တစ်လှမ်းလုံးတိတ်ဆိတ်လာသည့်အနှစ်က အိမ်ရောက်တော့ထို့သို့မေးခွန်းထုတ်လာသည်။ စက်ဝန်းဘာမှမဖြေဘဲ အနှစ်ကိုရင်ခွင်ထဲဆွဲသွင်းသည်။
"ကိုယ့်တို့ အပေါ်ဆုံးထပ်မှာ စကားပြောကြမလား"
"အင်း..."
ထို့နောက်သူတို့ အပေါ်ဆုံးထပ် ရေကန်ဘေးမှာ ထိုင်ဖြစ်ကြသည်။
"ကိုယ်ဘာလို့ ဒီအိမ်၊ဒီအခန်းမှာပဲနေတယ်ထင်လဲ"
"ရှင့်အိမ်လေ"
"ဟင့်အင်း အမြဲတမ်းမင်းကိုသတိရချင်လို့...အနှစ်သာရနဲ့ပတ်သတ်တဲ့အမှတ်တရအားလုံးက ဒီအိမ်မှာလေ...
ထွက်သွားတဲ့သူထက် ကျန်ခဲ့ရတဲ့သူက ပိုခံစားရတယ်ဆိုတာသိတယ်မလား ကိုယ့်အပြစ်ကြောင့် မင်းထွက်သွားခဲ့ရတာမို့ ကိုယ့်ကိုကိုယ်အပြစ်ပေးတာ...ဒါမှ ကိုယ်မင်းကို တွေ့တဲ့အခါ စိတ်သန့်သန့်နဲ့ချစ်နိုင်မှာမို့လေ...ကိုယ် သမီးလေးနဲ့မင်းကို ဒီကိုပြန်ခေါ်လာချင်လို့ တမင်မတရားနည်းသုံးပြီး တရားစွဲခဲ့တာ မှားမှန်းသိပေမဲ့ ကိုယ်ထပ်ပြီးမင်းနဲ့မဝေးချင်လို့ လုပ်ခဲ့တာ ကိုယ့်နည်းလမ်းကမှားမှန်းသိတယ် ဒါပေမဲ့ မင်းနဲ့မဝေးချင်ဘူး"
"တစ်ကယ်ကိုတောင်းပန်ပါတယ်..."
သူက ရုတ်တရက် သူမရှေ့ဒူးထောက်ထိုင်ချသည်။ မျက်နှာက နောင်တတရားတို့ပြည့်နှက်နေပြီး မျက်ဝန်းတို့က အုံ့မှိုင်းနေသည်။
ဒီလောက်ဆို အနှစ်ကျေနပ်နိုင်ပါရဲ့။
"ကိုယ့်တို့ပြန်ပြီးချစ်ကြရအောင်...အိမ်ထောင်ရေးကို နားလည်တာမဟုတ်ဘဲ ကိုယ့်ကိုပြန်ချစ်ပေးပါ"
သူမဘာမှမပြောဘဲ စက်ဝန်းလက်ကိုဆွဲကာ ထရပ်စေပြီး ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"အင်း အဲ့လိုလုပ်ကြတာပေါ့ ကျွန်မတို့ ပြန်ချစ်ကြရအောင်"
သူတို့နှစ်ယောက်ကြားက စည်းက လုံးဝပျောက်သွားမှာမဟုတ်ဘူး။ ဘယ်လောက်ပဲဖျောက်ဖျောက် မပျောက်ဘူး။ စည်းကိုဖျောက်ဖို့ကြိုးစားရင်း အတင်းလိုက်ညှိရာမှ တစ်ယောက်နဲ့တစ်ယောက်စိတ်ကုန်သွားတာမျိုးပဲရှိလာမှာ။ ဒါကြောင့် သူတို့စည်းကို ဖျောက်မဲ့အစား အချစ်ရဲ့စေရာနောက်လိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြသည်။
သေချာတာက ဘယ်လောက်ပဲပြဿနာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ လက်မလွှတ်ဘူးဆိုတာပါပဲ။
ထို့ကြောင့် အချစ်နဲ့ထပ်ပြီးချည်နှောင်ခဲ့ကြသည်။
✿............✿...........✿
ဆက်ရန်
အချပ်ပို(၉) သူစိမ်းတစ်ယောက်...
"ကျွီ..."
ထောင်ဝင်ပေါက်ကနေ ထွက်လာသည့်လူတစ်ယောက်။ လက်ပြတ်အင်္ကျီဝတ်ထား၍ လက်နှစ်ဖက်က နဂါးပုံတက်တူးတို့သည် ကြောက်စရာကောင်းအောင် ပြည့်နှက်နေသည်။ မျက်လုံးတို့က လူသတ်သမားတစ်ယောက်လို စူးရဲနေပြီး ထောင်ကျနေတာတောင် နောင်တရသည့်အရိပ်အယောင်စိုးစိမျှမပေါ်သည့်အမူအရာမျိုးရှိသည်။
ထိုသူအပြင်ရောက်သည်နှင့် ဘေးနားကိုဆိုက်ရောက်လာသည့် ကားတစ်စီး။ ပြီးနောက် ရှေ့ခန်းမှမှန်လျှောကြလာကာ တက်ဖို့ပြောသည်။
"တက် စီအီးအိုစောင့်နေတယ်"
ထိုသူက ဘာမှပြန်မပြောဘဲ ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲဝင်ထိုင်သည်။
"အရင်ဆုံးဘယ်ကိုသွားချင်လဲ"
"အနှစ်သာရရှိတဲ့နေရာ"
ထိုသူ့မျက်ဝန်းတို့သည် အငြိုးကြောင့် အကျည်းတန်နေလေရဲ့။ ထိုသူသည် အနှစ်သာရကြောင့်ထောင်ထဲရောက်သွားရသူ၊အဖေကိုဆုံးရှုံးရသူ အသက်(၂၀)အရွယ်သခင်ကျော်ဇောပင်။
✿............✿...........✿
အနှစ်က သွေးအေးလာတာ။ အချစ်ထက် ဦးနှောက်ကိုပဲ ရွေးနေတာ။ ဒါက တစ်ကယ်ခံစားရခက်တာနော်။ ဘေးနားမှာရှိနေပေမဲ့ ဝေးနေတာ။
ဒါပေမဲ့ မွန်လေးကြောင့်။ မွန်လေးက ယံကိုမေ့ပြစ်ခဲ့တာ။ စက်ဝန်းရောအနှစ်ရောက အဲ့လိုမလုပ်နိုင်ဘူး။ ဒါကြောင့် အနှစ်က စက်ဝန်းကို ဖက်ခဲ့တာ။
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(41)
International airport...
ျမန္မာႏိုင္ငံေလဆိပ္ထဲသို႔ ေလယာဥ္ေပၚမွ ေလာေလာလတ္လတ္ဆင္းသက္ခဲ့သည့္ လူတစ္ေယာက္ထြက္လာသည္။ တြန႔္ေၾကေနသည့္အဝတ္အစား၊ ရွည္လ်ားေနသည့္ႏႈတ္ခမ္းေမႊး၊ ဂုတ္ေထာက္ေနသည့္ဆံပင္အညိဳေရာင္တိုႏွင့္ သူေတာင္းစားလိုပုံစံမ်ိဳးနဲ႔ေငးမႈိင္မႈိင္ဆင္းလာသည့္ ထိုလူက အျပင္ဘက္ထိေလွ်ာက္သြားကာ ေကာင္းကင္ေပၚကိုေမာ့ၾကည့္သည္။
ေနာက္ဆုံးေတာ့ ဒီေနရာကို အေျခခ်ရေတာ့မည္။
"ကိုယ္ျပန္လာၿပီ မြန္ေလး"
အတိတ္မွာ ရည္႐ြယ္မြန္ဆိုတဲ့မိန္းမကို အမုန္းႀကီးမုန္းခဲ့သည္။ သူမေၾကာင့္ သူ႔အခ်စ္ေတြ ပရမ္းပတာျဖစ္ခဲ့ရသည္။ သူငယ္ခ်င္းကိုသစၥာေဖာက္မိခဲ့သည္။ ၿပီးေတာ့ သူ႔ႏွလုံးသား နာက်င္ခဲ့ရသည္။
ဒါေပမဲ့ ေသခ်ာျပန္စဥ္းစားမယ္ဆိုရင္ အႏွစ္သာရဆိုေသာအမ်ိဳးသမီးထက္ အႏွစ္သာရေပးတဲ့စာေတြက သူနဲ႔ပိုနီးစပ္ခဲ့သည္။ ဒါက အႏွစ္ကိုခ်စ္တာမဟုတ္ဘဲ အႏွစ္သာရအျဖစ္ဟန္ေဆာင္ထားတဲ့ သူကိုခ်စ္မိတာျဖစ္သည္။
နားလည္တာအခ်ိန္ေနာက္က်ခဲ့ေပမဲ့ သူမ လက္ခံႏိုင္ဦးမလား။
✿............✿...........✿
"တီ..တီ.."
ေအာ္ပေရတာစက္မွ တျဖည္းျဖည္းနဲ႔ဆက္တိုက္က်ဆင္းလာသည့္ေသြးခုန္းႏႈန္း။ အၿမဲတမ္းေစာင့္ၾကည့္ေနသည့္ သူနာျပဳတစ္ေယာက္မွ အေရးေပၚခလုတ္ကိုႏွိပ္လိုက္သည့္အခါ ငါးမိနစ္အတြင္းအေျပးအလႊားေရာက္လာသည့္ဆရာဝန္မ်ားက လူနာရဲ႕အေျခအေနတည္ၿငိမ္ေအာင္ ေနာက္ထပ္ငါးမိနစ္ႀကိဳးစားၿပီးသည့္အခါမွာေတာ့ လူနာရဲ႕အေျခအေနက ပုံမွန္ျပန္ျဖစ္သြားသည္။
တျဖည္းျဖည္းမ်က္လုံးပြင့္လာသည္။ ဒါက အေျခအေနတည္ၿငိမ္သည့္အခါတိုင္း ျဖစ္လာသည့္ျဖစ္ရပ္ျဖစ္သည္။ သို႔ေသာ္ ထိုႏိုးထလာမႈက ခဏတာျဖစ္ရပ္သပ္သပ္သာျဖစ္သည္။
အရင္က လူနာကို သတိျပန္မေမ့ေအာင္အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ေပ။ ယခုတစ္ခါမွာေတာ့ ေအာင္ျမင္ခဲ့သည္။
"လူနာသတိရလာၿပီ အုပ္ထိန္းသူကို ေခၚလိုက္ပါ"
"ကြၽန္ေတာ့္အသံၾကားရလား"
မ်က္ေတာင္ႏွစ္ခ်က္ဆက္တိုက္ခတ္သြားသည္။
"လူနာ ကြၽန္ေတာ့္ကိုျမင္ရလား ျမင္ရရင္ မ်က္ေတာင္ခတ္ပါ"
ေနာက္ထပ္ ႏွစ္ခ်က္ဆက္တိုက္ခတ္လာသည့္ မ်က္ခြံမို႔မို႔။
"လက္လည္းလႈပ္ၾကည့္ပါ"
တျဖည္းျဖည္းနဲ႔ေျမႇာက္တက္လာသည့္ လက္ေသးေသးတစ္ဖက္။
"ဒါဆို ရပါၿပီ"
မၾကာေသာအခ်ိန္အတြင္းမွာ ဦးဇြဲသီဟ(ရည္႐ြယ္မြန္၏အေဖ)ေရာက္လာသည္။ ၿပီးေနာက္ ထင္ရွား။ အႏွစ္ကေတာ့ အလုပ္ေၾကာင့္ညေနမွလာလို႔ရမည္ျဖစ္၍ ခ်က္ခ်င္းေရာက္မလာႏိုင္။
"အေျခအေနက တည္ၿငိမ္ပါၿပီ ျပန္ၿပီးမအိပ္ေတာ့ပါဘူးဗ်...ဒါေပမဲ့ ဓာတ္မွန္႐ိုက္ၿပီးေတာ့ စစ္ေဆးဖို႔လိုပါေသးတယ္ "
"ဟုတ္ကဲ့"
"လူနာကို ဝင္ေတြ႕လို႔ရပါၿပီ"
ထို႔ေနာက္ သူတို႔ႏွစ္ဦး မြန္ေလးရွိရာ လာခဲ့ၾကသည္။ တံခါးဖြင့္ဖြင့္ခ်င္း ဝွီးခ်ဲေပၚမွာ ထိုင္ကာ ေဆး႐ုံအျပင္ဘက္ကို ေငးၾကည့္ေနသည့္မြန္ေလး။ တံခါးဖြင့္သံေၾကာင့္ လွည့္ၾကည့္လာသည္။
သူတို႔ကိုေတြ႕ေတာ့ ၿပဳံးသြား၏။
"ေရာက္ၿပီလား ေဖေဖ ၿပီးေတာ့ ထင္ရွား"
ဦးဇြဲသီဟက မြန္ေလးကို ေျပးဖက္သည္။ ၿပီးေတာ့ ငိုပါငိုေသးသည္။ သို႔ေသာ္ မြန္ေလးက မငိုပါ။ ခပ္ၿပဳံးၿပဳံးနဲ႔အေဖကို ႏွစ္သိမ့္ေပးသည္။
မြန္ေလးမသတ္ေသခင္က သူ႔အေဖနဲ႔ရန္ျဖစ္ခဲ့သည္။ ေအာ္ဟစ္ၿပီးေတာ့ ခ်စ္ရသူနဲ႔ကြဲရတာ၊သူငယ္ခ်င္းကိုသစၥာေဖာက္မိတာ အေဖ့ေၾကာင့္ဆိုၿပီး အေဖျဖစ္သူကို နာက်ည္းေၾကာင္းေျပာခဲ့သည္။ တစ္ကယ္လည္း မြန္ေလးက စိတ္ဒဏ္ရာရခဲ့သည္ကိုး။ သူလည္းမၾကာခင္ကမွသိခဲ့ရတာျဖစ္သည္။ အစက ရေဝေသာ္ေၾကာင့္ မြန္ေလးစိတ္ထဲ တႏုံ႔ႏုံ႔နဲ႔ ခံစားၿပီးသတ္ေသတာလို႔ထင္မိတာ။ အခုေတာ့ ထိုသို႔မဟုတ္ဘဲ ကြဲလြဲေနခဲ့သည္။
"ေတာင္းပန္ပါတယ္ေဖေဖ"
"မဟုတ္တာ ေဖေဖကေတာင္းပန္ရမွာပါကြယ္"
ဤသို႔ျဖင့္ သားအဖႏွစ္ေယာက္ ဖက္ၿပီးငိုၾကလိုက္၊ေတာင္းပန္ၾကလိုက္ဆိုသျဖင့္ ထင္ရွားအျပင္ခဏထြက္လာခဲ့သည္။ အျပင္ေရာက္ေတာ့ သူ႔ဆီကို ခပ္သြက္သြက္ေလွ်ာက္လာသည့္ ရေဝေသာ္ကိုေတြ႕လိုက္ရသည္။ တစ္ကယ္က သူ႔ဆီကိုေလွ်ာက္လာတာမဟုတ္ဘဲ မြန္ေလးဆီလာတာျဖစ္သည္။ သူက အခန္းေရွ႕မွာရွိေနခဲ့တာမို႔။
"ရည္႐ြယ္မြန္အေျခအေနဘယ္လိုလဲ"
"ခဏေနမွ အတူတူဝင္မယ္...အခု သူ႔အေဖနဲ႔ေတြ႕ေနတယ္"
ထင္ရွား ရေဝေသာ္လက္ကိုဆြဲကာ ထိုအခန္းေရွ႕မွထြက္လာခဲ့သည္။
✿............✿...........✿
ေဆး႐ုံနဲ႔အနည္းငယ္ေဝးသည့္ အေအးဆိုင္တစ္ဆိုင္မွာ သူတို႔ထိုင္ျဖစ္ၾကသည္။ စထိုင္ကတည္းကဘာမွမေျပာဘဲ ႏွစ္ေယာက္လုံး ဖုန္းကိုသာၾကည့္ေနၾကသည္။ စိတ္ပါလွသည္မဟုတ္ေပမဲ့ ေျပာစရာစကားကဘယ္ကစရမွန္းမသိ၍ ၿငိမ္ေနၾကျခင္းျဖစ္သည္။
ထင္ရွားကလည္းမွားမွန္းသိေပမဲ့ မေခ်ာ့တတ္။ ရေဝကလည္းအေခ်ာ့ခံခ်င္သည္။ ေတာင္းပန္ေစခ်င္သည္။ ခက္တာက ထင္ရွားသည္ ဘာမွမေျပာ။
"က်စ္!.."
သူစိတ္ေတြတိုလာသည္။ ရေဝေသာ္ ဒီလိုထိုင္ေနတာ သူမႀကိဳက္။ သူ႔ကိုအေရးမလုပ္သလိုေနေတာ့ စိတ္တိုလာသည္။
"မင္း ဒီလိုပဲထိုင္ေနေတာ့မွာလား"
"မထိုင္ေနရင္ ကေနရမွာလား အေအးဆိုင္မွာလုပ္စရာဘာရွိလို႔လဲ"
"မင္းေရွ႕က ငါရွိေနတယ္"
"နင္ရွိတာဘာလုပ္ရမွာလဲ ငါက ရည္႐ြယ္မြန္အေျခအေနကိုလာၾကည့္တာ...အဲ့ဒါကို အထဲမဝင္ခိုင္းဘဲ ဒီကိုဆြဲေခၚလာတာက နင္"
ရေဝေသာ္က ထိုသို႔သာေျပာၿပီးတိတ္ဆိတ္သြားကာဖုန္းကိုသာၾကည့္ေနေတာ့သည္။ သူ တစ္ေသာင္းတန္ႏွစ္႐ြက္ကို စားပြဲေပၚတင္ကာ ဝုန္းခနဲထရပ္လိုက္ရင္း ရေဝေသာ္ရဲ႕လက္ကို ဆြဲကာ ဆိုင္ျပင္ထြက္ခဲ့သည္။
"လႊတ္...ဘာျဖစ္ျပန္တာလဲနင္!.."
သူကဘာမွမေျပာဘဲ ကားတံခါးကိုဖြင့္သည္။
"တက္"
"ထင္ရွားသူရ"
"တက္"
"မတက္ဘူး...နင္ဘာျဖစ္ေနတာလဲ"
"မင္းက လူကိုစိတ္မရွည္ေအာင္လုပ္ေနတာပဲ"
"အာ့!.."
လူကိုမညႇာမတာ ကားထဲအတင္းတိုးထည့္ကာ ခါးပတ္ပတ္ေပးသည္။ ခါးပတ္ကိုျပန္ျဖဳတ္မယ္လုပ္ေတာ့ အတင္းဆြဲဖိထားၿပီး ျဖဳတ္ရဲရင္ျဖဳတ္ၾကည့္ဆိုတဲ့အၾကည့္မ်ိဳးနဲ႔ၾကည့္သည္။
ရေဝေသာ္ မပုန္ကန္ေတာ့ဘဲ ၿငိမ္ေနလိုက္မွ အေပၚကဖယ္ကာ တစ္ဖက္ေမာင္းသူေနရာဝင္ထိုင္၏။
ရေဝေသာ္ သူ႔ကို မေက်မနပ္ၾကည့္လိုက္ရင္း စကားဆိုသည္။
"နင္က တစ္ကယ္နားလည္ရခက္တဲ့သူပဲ...ေကာင္းေကာင္းမေနေတာ့လည္း မေနတဲ့အေလ်ာက္ ရန္ရွာတယ္ ကိုယ့္ဘာသာၿငိမ္ေနေတာ့လည္း ေဒါသကိုလာလာစြတယ္ ငါလည္းလူပါ ထင္ရွားသူရ စိတ္နဲ႔ႏွလုံးသားရွိတဲ့လူလို႔ အရာရာတိုင္းကို နင့္စိတ္ႀကိဳက္မလုပ္ေပးႏိုင္ဘူး"
"မင္းဘယ္တုန္းက ငါ့စိတ္ႀကိဳက္ေနခဲ့လို႔လဲ အၿမဲတမ္း ငါ့ကိုဆန႔္က်င္ေနတာပဲ"
"ဆန႔္က်င္တယ္ ငါဘယ္တုန္းက ဆန႔္က်င္လို႔ရခဲ့လို႔လဲ ငါ့စိတ္ ငါ့ခႏၶာကိုယ္ အကုန္လုံးကို နင့္စိတ္ႀကိဳက္ျပဳမူေနခဲ့တာပဲ ဘယ္တုန္းကမ်ား ငါ့ဘက္ကိုေတြးေပးခဲ့လို႔လဲ"
"အပိုေတြမေျပာနဲ႔ မင္းဘက္ကစိတ္မပါလာရင္ မင္းနဲ႔အတူတူအိပ္မိမွာမဟုတ္ဘူး ရပ္ျပစ္ဖို႔ႀကိဳးစားခဲ့တယ္ ဒါေပမဲ့ မင္းကိုယ္တိုင္ ငါ့ကိုဆြဲထားခဲ့တာ...အခုမွ မင္းတစ္ဖက္ပဲနစ္နာသလိုလုပ္မေနနဲ႔"
ရေဝေသာ္ေျပာစရာစကားေတြေပ်ာက္ရွသြားရတာအမွန္ပင္။ သူက သူမကို မိန္းကေလးလို႔ေရာ ျမင္ေသးရဲ႕လား။
"မင္းသာ မင္းရဲ႕စိတ္ကို လက္ခံႏိုင္ေအာင္ေလ့က်င့္"
အား ဒီအခ်က္ကိုပဲ ႏွိပ္ကြက္ေနသည္။ မုန္းလိုက္တာ။ သူ႔အေပၚၿပိဳလဲေနတဲ့ကိုယ့္စိတ္ကိုလည္း မေက်နပ္။ ၾကည့္ေန နင္မေလွ်ာ့ရင္ ငါလည္းအဆုံးထိသြားမွာ။
"ကိုေသြးရဲ႕လက္စြပ္ကို ျပန္ပို႔ေပးလိုက္တယ္ဆို ရတယ္ နင္လုပ္ႏိုင္သေလာက္လုပ္ၾကည့္ ငါလည္း အဆုံးထိလုပ္မွာ ကိုေသြးနဲ႔မယူရရင္ ေနာက္တစ္ေယာက္ရွာလို႔ရတယ္ နင္တားႏိုင္သေလာက္တားစမ္းပါ"
"စမ္းၾကည့္ေလ မင္းခ်က္ခ်င္းကိုယ္ဝန္ရသြားေစရမယ္"
"ထင္ရွားသူရ..."
ရေဝေသာ္စိတ္တိုၿပီး အသားကုန္ေအာ္ဟစ္လိုက္ေပမဲ့ သူကေတာ့ ေအးေဆးစြာကားရပ္ကာ ဆင္းသြားသည္။ ေဆး႐ုံအတြင္းဝင္သြားသည့္သူ႔ေနာက္ေက်ာက အရမ္းမုန္းစရာေကာင္းသည္။
"ေနာက္ဘဝ ဒင္းနဲ႔မေတြ႕ပါရေစနဲ႔"
✿............✿...........✿
"ေက်းဇူးတင္ပါတယ္ထင္ရွား ဒီအေတာအတြင္း ငါ့ကိုေစာင့္ေရွာက္ေပးတယ္လို႔ သူနာျပဳေတြကေျပာၾကတယ္"
"မဟုတ္တာ ငါတို႔ကသူငယ္ခ်င္းပဲ ဒီေလာက္ေတာ့လုပ္ေပးရမွာေပါ့"
မြန္ေလးၿပဳံးသည္။ ထိုအၿပဳံးကတစ္မ်ိဳးေလး။ ကေလးတစ္ေယာက္လို အျပစ္ကင္းစင္တဲ့အၿပဳံးမ်ိဳး။ သူသိတဲ့မြန္ေလးသည္ ထိုသို႔ၿပဳံးခဲသည္။
"ဒါနဲ႔ ေဘးက ဘယ္သူလဲ"
မြန္ေလးအၿပဳံးရဲ႕အဓိပၸာယ္ကို ထူးဆန္းတယ္လို႔ပုံေဖာ္မိေနစဥ္မွာ ေမးထုတ္လာသည့္ေမးခြန္းေၾကာင့္ ထင္ရွားအံ့ဩသြားသည္။ ရေဝေသာ္ဘက္ကိုေခါင္းလွည့္ၾကည့္ေတာ့ သူမလည္းထူးဆန္းေနပုံပင္။
"သူက ရေဝေသာ္...သူ႔ကိုမသိဘူးလား"
"အာ ရေဝေသာ္ ရေဝ! သိၿပီ အႏွစ္ထိခိုက္တုန္းက ကူညီတဲ့သူငယ္ခ်င္း "
သိၿပီဆိုလို႔ သက္ျပင္းခ်မိေပမဲ့ ေက်ာင္းတက္တုန္းက အႏွစ္ထိခိုက္တုန္းက အျဖစ္ကိုသာမွတ္မိေတာ့တာမို႔ ထင္ရွားဘာျပန္ေျပာရမယ္မွန္းမသိေတာ့ဘဲ ဆြံ႕အသြားေတာ့သည္။
"တျခားမမွတ္မိေတာ့ဘူးလား ငါကိုအဲ့မွာပဲျမင္ဖူးတာလား"
မြန္ေလးသည္ မ်က္လုံးေလးေပကလပ္ေပကလပ္ႏွင့္ စဥ္းစားေနသည္။ စဥ္းစားတာမထြက္လာ၍ ေခါင္းကိုက္လာသည္။
အား...
"အဆင္ေျပလား ရည္႐ြယ္မြန္"
"အင္းရတယ္ ေခါင္းနည္းနည္းကိုက္သြားလို႔"
"စဥ္းစားမရတာကို အတင္းမစဥ္းစားနဲ႔ "
ျဖဴဖတ္ဖတ္မ်က္ႏွာေလးက အင္းတဲ့ျပန္ေျဖလာသည္။
"အႏွစ္ အႏွစ္ေရာ မလာေသးဘူးလား...စက္ဝန္းကအႏွစ္ကိုလိုက္မပို႔ဘူးလား"
"လာမွာပါ ခဏေန!.."
"ဪအင္း..."
✿............✿...........✿
အႏွစ္ အလုပ္ကမဆင္းခင္ စက္ဝန္းဆီဖုန္းဆက္ခဲ့သည္။ မြန္ေလးသတိရလာလို႔ေဆး႐ုံသြားဦးမယ္ဟုေျပာခဲ့သည္။ စိတ္ပါရင္ ေဆး႐ုံအထိအတူတူသြားမယ္လို႔ပါ ေျပာခဲ့သည္။
သူလာပါ့မလား။ တစ္ကယ္ဆို အႏွစ္မေျပာရင္ေတာင္ ထင္ရွားဆီက မြန္ေလးသတိရလာေၾကာင္းကိုၾကားမိမွာပဲ။ သူေရာက္လာပါ့မလား။
မြန္ေလးေမ့ေမွ်ာေနတဲ့အေတာအတြင္း တစ္ေခါက္မွ ေဆး႐ုံသြားမၾကည့္ဘူးဟု ထင္ရွားဆီကသိရသည္။ မြန္ေလးကိုျမင္ရင္ သူ႔ကိုယ္သူပိုၿပီးခြင့္မလႊတ္ႏိုင္ဘူးတဲ့။ လူအကဲခတ္ညံ့ၿပီး ေစာက္တလြဲလုပ္ခဲ့တဲ့သူ႔ရဲ႕ပုံစံကိုျပန္ျမင္လာလို႔တဲ့။
"ညီမေလး အစ္မအလုပ္ဆင္းၿပီေနာ္"
"ဟုတ္ကဲ့ပါ မမ..."
ေဘးခုံက ညီမေလးကို ႏႈတ္ဆက္ကာ အလုပ္စားပြဲမွ ထရပ္လိုက္သည္။ ၿပီးေနာက္ အျပင္ဘက္သို႔ ခပ္သြက္သြက္ေလွ်ာက္ခဲ့သည္။
"တီ...တီ..."
ကားဟြန္းတီးသံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ သူ။
ေဘးနားမွာ ကားရပ္လိုက္ၿပီး တစ္ဖက္ကတံခါးကို ဖြင့္ေပးလာသည္။
"အတူတူသြားမယ္"
သူမ သူ႔ကိုဘာမွမေျပာဘဲ ကားထဲဝင္ထိုင္လိုက္သည္။
ထို႔ေနာက္သူလည္း ကားထဲဝင္လာကာ ကားကိုျဖည္းညင္းစြာ ေမာင္းထြက္လာသည္။
ေဆး႐ုံေရာက္သည္အထိ ဘာစကားမွမေျပာျဖစ္ၾကေတာ့။
✿............✿...........✿
မြန္ေလးရဲ႕အေျခအေနက အကုန္ေကာင္းပါသည္။ တစ္ခုပဲ။ လူတစ္ခ်ိဳ႕နဲ႔အျဖစ္အပ်က္ေတြကိုမမွတ္မိေတာ့တာပဲ။ ၿပီးေတာ့ သူပဲသိတဲ့အျဖစ္အပ်က္ေတြပါလာသည္။ ဥပမာ- စက္ဝန္းနဲ႔အႏွစ္က လက္ထပ္ထားတာသိေပမဲ့ ရေဝေသာ္ကို အႏွစ္ကိုကယ္ေပးတဲ့သူမွလြဲ၍ က်န္တာထြက္မလာေတာ့။ ၿပီးေတာ့ သတ္ေသတာမဟုတ္ဘဲ အေဖျဖစ္သူနဲ႔ရန္ျဖစ္ၿပီး ေမ့လဲသြားတယ္တဲ့။
ဆရာဝန္ကေတာ့ ဓာတ္မွန္ျပန္႐ိုက္ဖို႔ေျပာသည္။ ကိုယ့္ကိုကိုယ္သတ္ေသတာက ေလွကားေပၚကျပဳတ္က်တာဆိုေတာ့ ေခါင္းကိုထိသြားတာျဖစ္ႏိုင္သည္။
တစ္ခ်ိဳ႕ဆရာဝန္ကေတာ့...
"လူနာရဲ႕စိတ္က မေသခင္က အရမ္းစိတ္ကုန္စရာေကာင္းလို႔ ေမ့လဲေနတဲ့ႏွစ္အတြင္းမွာ မွတ္ဉာဏ္တစ္ခ်ိဳ႕ကိုျဖတ္ၿပီး လိုခ်င္တဲ့မွတ္ဉာဏ္ကို ကိုယ္တိုင္ဖန္တီးလိုက္တာ...အရင္ကေသာက္ထားတဲ့အိပ္ေဆးအရွိန္ေၾကာင့္ မွတ္ဉာဏ္ေတြေဝဝါးကုန္တာ"တဲ့။
ထိုဆရာဝန္အေျပာေၾကာင့္ အႏွစ္ မြန္ေလးကိုေမးခြန္းထုတ္သည္။
"မိုးျမတ္ယံကိုေရာ မွတ္မိေသးလား"
"ဟင့္အင္း ငါမသိတဲ့သူပဲ"
မြန္ေလးအေျဖေၾကာင့္ ထင္ရွား၊စက္ဝန္းနဲ႔ သူမတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္မိသြားၾကသည္။
သူမလည္း ထိုသို႔ေမ့လို႔ရရင္ ေကာင္းေသာအမွတ္တရေတြပဲခ်န္ထားျဖစ္မည္။ ဒါေပမဲ့ ေကာင္းတာပဲမွတ္မိဖို႔ဆိုရင္ သူ႔ကိုပါေမ့ျပစ္ရမွာ။ အႏွစ္ အဲ့လိုမျဖစ္ခ်င္ဘူး။ စိတ္ပ်က္မိတာမွန္ေပမဲ့ မခ်စ္ေတာ့တာမဟုတ္ဘူးေလ။
✿............✿...........✿
"ရွင္ ကြၽန္မကိုလက္ေလွ်ာ့ခဲ့လို႔ ကိုယ့္ကိုကိုယ္မုန္းဖူးလား..."
တစ္လွမ္းလုံးတိတ္ဆိတ္လာသည့္အႏွစ္က အိမ္ေရာက္ေတာ့ထို႔သို႔ေမးခြန္းထုတ္လာသည္။ စက္ဝန္းဘာမွမေျဖဘဲ အႏွစ္ကိုရင္ခြင္ထဲဆြဲသြင္းသည္။
"ကိုယ့္တို႔ အေပၚဆုံးထပ္မွာ စကားေျပာၾကမလား"
"အင္း..."
ထို႔ေနာက္သူတို႔ အေပၚဆုံးထပ္ ေရကန္ေဘးမွာ ထိုင္ျဖစ္ၾကသည္။
"ကိုယ္ဘာလို႔ ဒီအိမ္၊ဒီအခန္းမွာပဲေနတယ္ထင္လဲ"
"ရွင့္အိမ္ေလ"
"ဟင့္အင္း အၿမဲတမ္းမင္းကိုသတိရခ်င္လို႔...အႏွစ္သာရနဲ႔ပတ္သတ္တဲ့အမွတ္တရအားလုံးက ဒီအိမ္မွာေလ...
ထြက္သြားတဲ့သူထက္ က်န္ခဲ့ရတဲ့သူက ပိုခံစားရတယ္ဆိုတာသိတယ္မလား ကိုယ့္အျပစ္ေၾကာင့္ မင္းထြက္သြားခဲ့ရတာမို႔ ကိုယ့္ကိုကိုယ္အျပစ္ေပးတာ...ဒါမွ ကိုယ္မင္းကို ေတြ႕တဲ့အခါ စိတ္သန႔္သန႔္နဲ႔ခ်စ္ႏိုင္မွာမို႔ေလ...ကိုယ္ သမီးေလးနဲ႔မင္းကို ဒီကိုျပန္ေခၚလာခ်င္လို႔ တမင္မတရားနည္းသုံးၿပီး တရားစြဲခဲ့တာ မွားမွန္းသိေပမဲ့ ကိုယ္ထပ္ၿပီးမင္းနဲ႔မေဝးခ်င္လို႔ လုပ္ခဲ့တာ ကိုယ့္နည္းလမ္းကမွားမွန္းသိတယ္ ဒါေပမဲ့ မင္းနဲ႔မေဝးခ်င္ဘူး"
"တစ္ကယ္ကိုေတာင္းပန္ပါတယ္..."
သူက ႐ုတ္တရက္ သူမေရွ႕ဒူးေထာက္ထိုင္ခ်သည္။ မ်က္ႏွာက ေနာင္တတရားတို႔ျပည့္ႏွက္ေနၿပီး မ်က္ဝန္းတို႔က အုံ႔မႈိင္းေနသည္။
ဒီေလာက္ဆို အႏွစ္ေက်နပ္ႏိုင္ပါရဲ႕။
"ကိုယ့္တို႔ျပန္ၿပီးခ်စ္ၾကရေအာင္...အိမ္ေထာင္ေရးကို နားလည္တာမဟုတ္ဘဲ ကိုယ့္ကိုျပန္ခ်စ္ေပးပါ"
သူမဘာမွမေျပာဘဲ စက္ဝန္းလက္ကိုဆြဲကာ ထရပ္ေစၿပီး ရင္ခြင္ထဲတိုးဝင္လိုက္သည္။
"အင္း အဲ့လိုလုပ္ၾကတာေပါ့ ကြၽန္မတို႔ ျပန္ခ်စ္ၾကရေအာင္"
သူတို႔ႏွစ္ေယာက္ၾကားက စည္းက လုံးဝေပ်ာက္သြားမွာမဟုတ္ဘူး။ ဘယ္ေလာက္ပဲေဖ်ာက္ေဖ်ာက္ မေပ်ာက္ဘူး။ စည္းကိုေဖ်ာက္ဖို႔ႀကိဳးစားရင္း အတင္းလိုက္ညႇိရာမွ တစ္ေယာက္နဲ႔တစ္ေယာက္စိတ္ကုန္သြားတာမ်ိဳးပဲရွိလာမွာ။ ဒါေၾကာင့္ သူတို႔စည္းကို ေဖ်ာက္မဲ့အစား အခ်စ္ရဲ႕ေစရာေနာက္လိုက္ဖို႔ပဲ ဆုံးျဖတ္ခဲ့ၾကသည္။
ေသခ်ာတာက ဘယ္ေလာက္ပဲျပႆနာျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေတာ့မွ လက္မလႊတ္ဘူးဆိုတာပါပဲ။
ထို႔ေၾကာင့္ အခ်စ္နဲ႔ထပ္ၿပီးခ်ည္ေႏွာင္ခဲ့ၾကသည္။
✿............✿...........✿
ဆက္ရန္
အခ်ပ္ပို(၉) သူစိမ္းတစ္ေယာက္...
"ကြၽီ..."
ေထာင္ဝင္ေပါက္ကေန ထြက္လာသည့္လူတစ္ေယာက္။ လက္ျပတ္အက်ႌဝတ္ထား၍ လက္ႏွစ္ဖက္က နဂါးပုံတက္တူးတို႔သည္ ေၾကာက္စရာေကာင္းေအာင္ ျပည့္ႏွက္ေနသည္။ မ်က္လုံးတို႔က လူသတ္သမားတစ္ေယာက္လို စူးရဲေနၿပီး ေထာင္က်ေနတာေတာင္ ေနာင္တရသည့္အရိပ္အေယာင္စိုးစိမွ်မေပၚသည့္အမူအရာမ်ိဳးရွိသည္။
ထိုသူအျပင္ေရာက္သည္ႏွင့္ ေဘးနားကိုဆိုက္ေရာက္လာသည့္ ကားတစ္စီး။ ၿပီးေနာက္ ေရွ႕ခန္းမွမွန္ေလွ်ာၾကလာကာ တက္ဖို႔ေျပာသည္။
"တက္ စီအီးအိုေစာင့္ေနတယ္"
ထိုသူက ဘာမွျပန္မေျပာဘဲ ကားတံခါးကိုဆြဲဖြင့္ၿပီး ကားထဲဝင္ထိုင္သည္။
"အရင္ဆုံးဘယ္ကိုသြားခ်င္လဲ"
"အႏွစ္သာရရွိတဲ့ေနရာ"
ထိုသူ႔မ်က္ဝန္းတို႔သည္ အၿငိဳးေၾကာင့္ အက်ည္းတန္ေနေလရဲ႕။ ထိုသူသည္ အႏွစ္သာရေၾကာင့္ေထာင္ထဲေရာက္သြားရသူ၊အေဖကိုဆုံးရႈံးရသူ အသက္(၂၀)အ႐ြယ္သခင္ေက်ာ္ေဇာပင္။
✿............✿...........✿
အႏွစ္က ေသြးေအးလာတာ။ အခ်စ္ထက္ ဦးေႏွာက္ကိုပဲ ေ႐ြးေနတာ။ ဒါက တစ္ကယ္ခံစားရခက္တာေနာ္။ ေဘးနားမွာရွိေနေပမဲ့ ေဝးေနတာ။
ဒါေပမဲ့ မြန္ေလးေၾကာင့္။ မြန္ေလးက ယံကိုေမ့ျပစ္ခဲ့တာ။ စက္ဝန္းေရာအႏွစ္ေရာက အဲ့လိုမလုပ္ႏိုင္ဘူး။ ဒါေၾကာင့္ အႏွစ္က စက္ဝန္းကို ဖက္ခဲ့တာ။