အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

844K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter -75

4.3K 658 3
By Neko_san_ZP

Zawgyi

ဒန္နာရီဟာ တ်က္စရစ္အင္ပါယာမွာ ၾကာၾကာမေနသင့္တာကို သေဘာေပါက္တာေၾကာင့္ ပါတီၿပီးဆုံးသည့္အခ်ိန္မွာေတာ့ အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴအကူအညီနဲ႕ထြက္ခြာသြားေတာ့သည္၊ထရစ္ခ်ဴရဲ႕မိခင္ဧကရီဟာ ေမွာ္အဖြဲ႕အစည္းရွိယႏၱရားကို ထိန္းခ်ဳပ္သည့္အာဏာကို ရရွိထားသူျဖစ္တာေၾကာင့္ သူတို႔ဟာ ဇီးလ္ရာအင္ပါယာကို အလြယ္တကူ ပို႔ေဆာင္ခြင့္ရရွိခဲ့သည္၊ဧကရီဟာ အေတာ္ကိုကူညီခဲ့ၿပီး သူတို႔ကို အင္ပါယာအတြင္းထိတိုင္ ပို႔ေဆာင္ေပးခဲ့သည္၊

ဒန္နာရီတို႔အဖြဲ႕ဟာ ယူနိုရက္စ္နယ္ေျမဆီကိုေရာက္ရွိလားၿပီး ရစ္နိုလ္ဟာလည္း အခ်က္ျပေမွာ္ကိုအသုံးျပဳလိုက္သည္၊နာရီဝက္အၾကာမွာေတာ့ ၿမိဳ႕စားမင္းရဲ႕တံဆိပ္ကိုကိုယ္စားျပဳတဲ့အနက္ေရာင္အလံနဲ႕ျမင္းတပ္ေရာက္လာၿပီး ၿမိဳ႕စားမင္းမက္စ္ဟာလည္း ေရွ႕ဆုံးကေန ဦးေဆာင္လာေတာ့သည္၊

ဒန္နာရီရဲ႕အမူအရာဟာ ေပ်ာ္႐ႊင္သြားၿပီး "ဒယ္ဒီ!!!" လို႔ ေအာ္ေခၚကာ ေျပးသြားေတာ့သည္၊ၿမိဳ႕စားမင္းကလည္း ျမင္းကို ပိုမိုျမန္ဆန္ကာ စီးလိုက္ၿပီး ဒန္နာရီအနားေရာက္ရွိမွာ ျမင္းဇက္ႀကိဳးကိုဆြဲကာ အရွိန္သတ္လိုက္ၿပီး ျမင္းေပၚကေနခုန္ဆင္းကာ ဒန္နာရီရဲ႕ကိုယ့္ကို ခ်ီကာေပြ႕ဖက္ေတာ့သည္၊

"ႀကိဳဆိုပါတယ္ ကေလးေလး"

"သူေတာ္စင္ကေလးငယ္ကို ႀကိဳဆိုပါတယ္" အေနာက္က အေစာင့္အေရွာက္တပ္သားေတြကလည္း ေျမျပင္ေပၚ ဘယ္ဘယ္ဒူးတစ္ဖက္ေထာက္ကာ ညာလက္ကို ႏွလုံးသားေပၚေစထား၍ အရိုအေသေပးေနၾကေတာ့သည္၊ဒန္နာရီက ေနသားမက်သလို အနည္းငယ္ရွက္သြားေပမယ့္ သူ႕ရဲ႕ဖခင္ရင္ခြင္ထဲ၌သာ ၿငိမ္သက္စြာေနေနေတာ့သည္၊

"အိမ္ေတာ္ကို ျပန္ၾကမယ္" မက္စ္ဟာ ေျပာလိုက္ၿပီးေနာက္မွာေတာ့ ဒန္နာရီအတြက္ သီးသန့္ေမာင္းလာတဲ့လွည္းယာဥ္ေပၚကို ဒန္နာရီကို တင္လိုက္ၿပီး မက္စ္ပါလိုက္တက္ေတာ့သည္၊အကုန္လုံးလည္း ၿမိဳ႕စားမင္းမက္စ္အိမ္ေတာ္ကို ျပန္လာၾကၿပီးေနာက္မွာ မက္စ္ဟာ ဒန္နာရီကိုၾကည့္လိုက္သည္၊

"မၾကာခင္ ၿမိဳ႕ေတာ္ကို ထပ္သြားရလိမ့္မယ္" မက္စ္စကားေၾကာင့္ ဒန္နာရီက ေမာ့ၾကည့္လိုက္သည္၊

"ၿမိဳ႕စားမင္းရက္စ္ထရစ္က ဖိတ္ေခၚထားတယ္ ၿပီးေတာ့ ေမွာ္အဖြဲ႕အစည္းရဲ႕ပင္မအဖြဲ႕ေတြက အင္ပါယာတိုင္းမွာ တစ္စုံတစ္ေယာက္ကိုရွာေဖြေနတယ္လို႔ သတင္းရတယ္... ဒါေၾကာင့္ ၿမိဳ႕စားမင္းရက္စ္ထရစ္က ကေလးကို လာဖို႔ အဓိကမွာၾကားၿပီးဖိတ္ေခၚလိုက္တာပဲ" မက္စ္စကားေၾကာင့္ ဒန္နာရီအနည္းငယ္ေတြးေတာလိုက္သည္၊ဘာေၾကာင့္မွန္းမသိေပမယ့္ သူ႕စိတ္ထဲ အနည္းငယ္ေလးပင္ေနသလိုခံစားရသည္၊

"စိတ္မပူပါနဲ႕ ဒယ္ဒီက မင္းနဲ႕လိုက္ေပးမွာပါ" မက္စ္ဟာ ဒန္နာရီရဲ႕စိုးရိမ္ပူပန္ေနတဲ့အမူအရာေၾကာင့္ ဒန္နာရီရဲ႕ေခါင္းကို ဖြဖြေလးပုတ္ရင္းေျပာလိုက္သည္၊ဒန္နာရီက ၿပဳံးလိုက္ၿပီးေနာက္မွာ တစ္ခုခုသတိရသြားဟန္ျဖင့္ သူ႕ဖခင္အားၾကည့္ရင္းေျပာလိုက္သည္၊

"ကြၽန္ေတာ္ သဲလြန္စတခ်ိဳ႕ကို ရရွိခဲ့တယ္...အေမနဲ႕ပတ္သတ္ၿပီးေတာ့ေလ" ဒန္နာရီက သူသိခဲ့တဲ့အေၾကာင္းအရာေတြကို မက္စ္အားေျပာျပလိုက္သည္၊

"မင္းအေမက မင္းကိုေမြးၿပီးေနာက္မွာ အျခားတစ္ေနရာကို ထြက္သြားခဲ့တယ္...ၿပီးေတာ့ မင္းအေမက အၿမဲေျပာတယ္ သူက တစ္ခ်ိန္ခ်ိန္မွာထြက္သြားရမယ္ဆိုတာကို" မက္စ္ရဲ႕စကားေၾကာင့္ ဒန္နာရီတိတ္ဆိတ္သြားေတာ့သည္၊ဒန္နာရီလည္း သူ႕ရဲ႕မိခင္က ဆန္းက်ယ္လြန္းတာနားလည္လွသည္၊သူ႕မိခင္က ေသာတပိုင္ေတာအုပ္ကေနလာတယ္ထင္ရေပမယ့္ ေရးလ္ရဲ႕စကားအရဆိုရင္ သူ႕မိခင္နဲ႕ပတ္သတ္တဲ့အခ်က္အလက္ေတြမရွိေပ၊အီဆိုနာနယ္ေျမရဲ႕ဂိတ္ဝနဲ႕ပတ္သတ္ၿပီး ေသးငယ္တဲ့သဲလြန္စေလးသာရခဲ့သည္၊

ၾကည့္ရတာ သူ႕မိခင္နဲ႕ပတ္သတ္တာကို သိရဖို႔ အေတာ္ကိုအလွမ္းေဝးေသးပုံရသည္၊ဒါေၾကာင့္ လက္ရွိခ်ိန္မွာ လက္ရွိျပႆနာေတြကိုေျဖရွင္းဖို႔သာ လုပ္ရလိမ့္မည္၊

ယူနိုရက္စ္ၿမိဳ႕ေတာ္ရဲ႕​ၿမိဳ႕စားမင္းအိမ္ေတာ္ေရာက္ခ်ိန္မွာ ဒန္နာရီက အန္နာရဲ႕အခန္းထဲကိုသြားေတာ့သည္၊အန္နာဟာ ဒန္နာရီထားခဲ့တဲ့အတိုင္း အလင္းဂူထဲမွာ ရွိေနေသးၿပီး အိပ္စက္ေနတုန္းပင္၊ဒန္နာရီက မ်က္ရည္ပုလဲ(အလင္းပုလဲ)ကို ထုတ္ယူလိုက္ၿပီး အလင္းဂူကို ဖယ္ရွားလိုက္သည္၊ထို႔ေနာက္မွာေတာ့ မ်က္ရည္ပုလဲကို အန္နာနဖူးနားမွာ ပို႔လိုက္ၿပီး စတင္ကုသေနေတာ့သည္၊

တိုက္ရိုက္ကုသေပးခ်ိန္မွာ ဒန္နာရီက သူ႕ရဲ႕ေမွာ္စြမ္းအားကို မ်က္ရည္ပုလဲဆီပို႔သကာ ကုသေပးရတာေၾကာင့္ အေတာ္ကိုပင္ပန္းလွသည္၊ဒါေပမယ့္ ဒန္နာရီဟာ မရပ္မနားကုသေပးေနခဲ့ၿပီး မက္စ္ကလည္း အနီးနားမွာေနကာ ေမွာ္စြမ္းအားေတြကို ျပန္လည္ျဖည့္သြင္းေပးသည့္ေက်ာက္ေတြကို ဒန္နာရီအေပၚအသုံးျပဳေနေတာ့သည္၊

ေမွာ္စြမ္းအားျဖည့္သြင္းေပးတဲ့ေက်ာက္ေတြဟာ အလြန္ေစ်းႀကီးလွေပမယ့္ မက္စ္ကေတာ့ ထိုေက်ာက္ေတြကို သာမန္ေက်ာက္ေတြအလား ဒန္နာရီအေပၚအသုံးျပဳေပးေနေတာ့သည္၊

ဒါေၾကာင့္ ဒန္နာရီဟာ အနားယူစရာမလိုေတာ့ဘဲ အန္နာကို ဆက္လက္ကုသေပးေနခဲ့သည္၊

*အေမွာင္စြမ္းအားေတြ ေမွးမွိန္သြားၿပီပဲ တစ္လေလာက္ အလင္းဘုန္းေတာ္နဲ႕ကုသေပးေနရင္ မၾကာခင္မွာ သူ(မ)နိုးထလာလိမ့္မယ္* ဇီနိုစကားေၾကာင့္ ဒန္နာရီသက္ျပင္းခ်နိဳင္ေတာ့သည္၊သူဟာ ကုသမႈကို ရပ္တန့္လိုက္ၿပီးေနာက္မွာ မက္စ္ဘက္ကိုလွည့္ကာ ဇီနိုေျပာသလိုေျပာလိုက္သည္၊ထို႔ေနာက္မွာေတာ့ ပင္ပန္းလြန္းေနတာေၾကာင့္ အခန္းျပန္ကာ အနားယူေတာ့သည္၊

မက္စ္ကလည္း ဒန္နာရီေျပာသလို အလင္းဘုန္းေတာ္တစ္ပါးကို ဖိတ္ေခၚရန္ အိမ္ေတာ္ထိန္းကို ခိုင္းေစလိုက္သည္၊ထို႔ေနာက္မွာေတာ့ ၿမိဳ႕ေတာ္ကိုျပန္ရန္အတြက္ ျပင္စရာတာ ျပင္ေတာ့သည္၊ဒီတစ္ေခါက္ကိစၥက ေပါ့ေသးေသးမဟုတ္တာေၾကာင့္ မက္စ္ဟာ အဆင္သင့္ျဖစ္ေနဖို႔က အေရးႀကီးေၾကာင္းနားလည္လွသည္၊

ဒန္နာရီ နိုးလာခ်ိန္မွာ အေစခံမိန္းမပ်ိဳတစ္ခ်ိဳ႕က ရွိေနၿပီး မီရာလ္ကိုပါ ေတြ႕လိုက္သည္၊မဟုတ္ရင္ ထိုအမ်ိဳးသမီးကို ဒန္နာရီေမ့ေပ်ာက္ေတာ့မွာ ေသခ်ာလွသည္၊

"မင္းက ရွိေနေသးတာပဲ" ဒန္နာရီစကားေၾကာင့္ မီရာလ္ကနားမလည္ဟန္ျဖင့္ ေမာ့ၾကည့္လိုက္သည္၊ထို႔ေနာက္မွာ သူမဟာ ၿပဳံးလိုက္ၿပီး

"သခင္ေလးရဲ႕အေစခံျဖစ္တဲ့ကြၽန္မက သခင္ေလးမရွိ႐ုံနဲ႕ ဘယ္လိုလုပ္ထြက္သြားနိုင္မွာလဲ" မီရာလ္စကားေၾကာင့္ ဒန္နာရီက မ်က္လုံးမ်ားေမွးစင္းကာစိုက္ၾကည့္လိုက္သည္၊ထို႔ေနာက္မွာ ဒန္နာရီဟာ သေဘာေပါက္သြားဟန္ျဖင့္ ဘာမွျပန္မေမးေတာ့ဘဲ ကုတင္ေပၚကေနဆင္းလိုက္သည္၊

အေစခံေတြကလည္း  ဒန္နာရီကို ျပင္ဆင္ေပးစရာျပင္ေပးလိုက္ၿပီးေနာက္မွာ ဒန္နာရီက သူ႕ရဲ႕ဖခင္အလုပ္လုပ္တဲ့႐ုံးခန္းကိုသြားေတာ့သည္၊

"သခင္ေလးကို သခင္ႀကီးကေစာင့္ေနတာ" အေစာင့္ေတြကလည္း အရိုအေသေပးလိုက္ၿပီး တံခါးကိုဖြင့္ေပးလိုက္ေတာ့သည္၊ဒန္နာရီဝင္လာတဲ့ခ်ိန္မွာ မက္စ္ဟာ အနည္းငယ္အလုပ္မ်ားေနၿပီး လူတစ္ခ်ိဳ႕လည္းရွိေနသည္ကို ေတြ႕လိုက္ရသည္၊

"ဒယ္ဒီ..." ဒန္နာရီဝင္လာခ်ိန္မွာ မက္စ္က လုပ္လက္စေတြကို ရပ္လိုက္ၿပီး ဒန္နာရီဆီသြားေတာ့သည္၊ဒန္နာရီက ဆယ့္သုံးႏွစ္အ႐ြယ္ေရာက္လာေပမယ့္ သူ႕ရဲ႕ဖခင္ကေတာ့ သူ႕ကိုခ်ီလို႔ေကာင္းတုန္းပင္၊ဒါေပမယ့္ ထိုအေပၚကို ဒန္နာရီ မၿငိဳျငင္မိေခ်၊ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ပိုင္းက်ရင္လည္း သူက သူ႕အေဖအနားကေန ခဏခဏထြက္ခြာသြားရၿပီး သူ႕မိခင္နဲ႕ပတ္သတ္ၿပီး သဲလြန္စေတြလည္း လိုက္ရွာရအုံးမည္မလား၊

ဒါေၾကာင့္ သူ႕ဖခင္ခ်ီတဲ့ခ်ိန္မွာ အလိုက္သင့္ေလး ဖက္ထားၿပီးေနလိုက္သည္၊

"အခုမွ သတိထားမိတယ္...ကေလးေတာင္ ႀကီးလာၿပီပဲ" မက္စ္စကားေၾကာင့္ ဒန္နာရီကရယ္ေမာလိုက္သည္၊

"ဒယ္ဒီက ကြၽန္ေတာ္ႀကီးလာတာကို သတိထားမိေသးတာပဲ"

မက္စ္က ဒန္နာရီပါးကို နမ္းလိုက္ၿပီး ဆိုဖာေပၚတင္လိုက္သည္၊

"ဒီမွာ ခဏထိုင္ေနအုံးေနာ္" မက္စ္ကေျပာလိုက္ၿပီးေနာက္မွာ သူ႕ရဲ႕အလုပ္တြဲဖက္ေတြနဲ႕ အလုပ္ကိစၥဆက္ေျပာေနေတာ့သည္၊ဒန္နာရီလည္း သူ႕ရဲ႕အေဖ အလုပ္လုပ္ေနတာကို စိုက္ၾကည့္ေနရင္း အနီးနားရွိလူေတြကိုၾကည့္လိုက္သည္၊

သူသိတဲ့သူေတြမပါေပမယ့္ ထိုလူေတြကလည္း အရွိန္အဝါေသးတဲ့သူေတြမဟုတ္ေၾကာင္း သိသာလွသည္၊ေနာက္တစ္ခ်က္က ဒယ္ဒီမွာ ယူနိုရက္စ္တပ္ဖြဲ႕အျပင္ အရိပ္သက္ေတာ္ေစာင့္အဖြဲ႕ပါရွိေနေသးတာကို ဒန္နာရီသိထားသည္၊ ဒီအိမ္ေတာ္မွာလည္း ထိုအဖြဲ႕က ဒန္နာရီကို အ​ၿမဲတေစေနာက္ကြယ္ကေနေစာင့္ေရွာက္ေပးေနတတ္သည္၊

မက္စ္ဟာ အလုပ္ကိစၥေတြၿပီးသြားခ်ိန္မွာ ဒန္နာရီေဘးလာထိုင္ကာ ေခ်ာကလက္ကိတ္ကို ဖဲ့လိုက္ၿပီး ဒန္နာရီကို ခြံေကြၽးလိုက္သည္၊

"ဒယ္ဒီၾကားထားတဲ့သတင္းရွိတယ္... " ဒန္နာရီက သူ႕အေဖေကြၽးတဲ့ကိတ္ကို စားလိုက္ၿပီး သူ႕အေဖကိုေမာ့ၾကည့္လိုက္သည္၊

"ေမွာ္အဖြဲ႕အစည္းက ဆရာသခင္တစ္ခ်ိဳ႕က ဇီရာလ္အင္ပါယာကို လာစစ္ေဆးစရာရွိတယ္ဆိုၿပီးေပါ့...ဒီကိစၥက ကေလးေလးနဲ႕ဆိုင္မယ္လို႔ အေဖထင္တယ္" ဒန္နာရီက သူ႕အေဖေျပာတာကိုနားလည္ေပမယ့္ နားမလည္ခ်င္ေယာင္ေဆာင္တဲ့အမူအရာနဲ႕ၾကည့္ေနေတာ့သည္၊

"သူတို႔က အင္ပါယာတိုင္းမွာ ေထာက္လွမ္းေရးေမွာ္ေတြ ဖန္တီးထားတာေလ...ကေလးေလး ဟိုတစ္ခါတည္ေဆာက္လိုက္တဲ့ေမွာ္အင္းကြက္ေၾကာင့္ သူတို႔သတိထားမိသြားပုံပဲ..."

"သူတို႔က ကြၽန္ေတာ္အတြက္ လာမွာေပါ့"ဒန္နာရီက ေမးလိုက္ေတာ့ မက္စ္က ၿပဳံးလိုက္ၿပီး​ ပါးေဖာင္းေဖာင္းေလးကို ဖြဖြေလးညွစ္လိုက္သည္၊မက္စ္ရဲ႕ပတၱျမားေရာင္မ်က္ဝန္းမ်ားက ႏူးညံ့ၿပီး သူ႕သားအတြက္ဂုဏ္ယူေနေတာ့သည္၊

"ဒယ္ဒီၾကားတာ အဖြဲ႕အစည္းရဲ႕ဒုတိယေခါင္းေဆာင္ ကိုယ္တိုင္ေရာက္လာမယ္တဲ့" ဒန္နာရီက ေခါင္းအနည္းငယ္ေဆာင္းကာစဥ္းစားလိုက္သည္၊အရင္ဘဝက နန္းေတာ္ကဖြဲ႕ေခၚခဲ့လို႔ အင္ပါယာရဲ႕ေမွာ္အဖြဲ႕အစည္းကိုလာေရာက္စစ္ေဆးတဲ့ဆရာတစ္ခ်ိဳ႕က အန္ဒီးယားကို လာၾကည့္ေပမယ့္ သူ႕ကိုျမင္ၿပီးသေဘာက်ခဲ့သည္၊ဒီတစ္ေခါက္က နန္းေတာ္ကဖိတ္မေခၚဘဲ သူ႕အတြက္ေရာက္လာခဲ့တာေပါ့...၊

"ကေလးေလး သေဘာမက်ရင္ သူတို႔နဲ႕လိုက္မသြားလည္းရတယ္..." မက္စ္က ဒန္နာရီကို ေပြ႕ခ်ီလိုက္ၿပီး သူ႕ရင္ခြင္ထဲထည့္လိုက္သည္၊သူတို႔ကေလးက ငယ္ေသးေပမယ့္ သူ႕သားကို အေတာက္ပဆုံးကေလးတစ္ေယာက္ျဖစ္ေစခ်င္သည္၊ဇီရာလ္အင္ပါယာဟာ ေသးငယ္လြန္းသည္၊ ဒီလိုေနရာေသးေသးေလးမွာ သူ႕ရဲ႕သားကို မကုန္ဆုံးေစခ်င္ေပ၊

"ကြၽန္ေတာ္နားလည္ပါတယ္ ဒယ္ဒီ" ဒန္နာရီက ၿပဳံးရင္းေခါင္းညိတ္လိုက္သည္၊ဘယ္လိုပဲျဖစ္ျဖစ္ ေမွာ္အဖြဲ႕အစည္းရဲ႕ဌာနေသးေသးေလးတစ္ခုက ဒန္နာရီအတြက္ ဒုတိယအိမ္လိုပင္၊

အရင္ဘဝက မဆပ္ခဲ့ရတဲ့အေႂကြးကို  ဒီဘဝေတာ့ဆပ္ေပးရတာေပါ့၊

ဟိုအဘိုးႀကီး ပါလာရင္ပိုေကာင္းမွာပဲ...၊တစ္ခ်ိန္က သူ႕ကိုဂ႐ုစိုက္ေစာင့္ေရွာက္ေပးခဲ့တဲ့ဆရာျဖစ္သူကိုေတာ့ သတိရမိသားပဲ

-*-*-*-*-*-*-*-*-*-*-*

Chapter -76ေမွ်ာ္

-*-*-*-*-*-*

Unicode

ဒန်နာရီဟာ တျက်စရစ်အင်ပါယာမှာ ကြာကြာမနေသင့်တာကို သဘောပေါက်တာကြောင့် ပါတီပြီးဆုံးသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသားထရစ်ချူအကူအညီနဲ့ထွက်ခွာသွားတော့သည်၊ထရစ်ချူရဲ့မိခင်ဧကရီဟာ မှော်အဖွဲ့အစည်းရှိယန္တရားကို ထိန်းချုပ်သည့်အာဏာကို ရရှိထားသူဖြစ်တာကြောင့် သူတို့ဟာ ဇီးလ်ရာအင်ပါယာကို အလွယ်တကူ ပို့ဆောင်ခွင့်ရရှိခဲ့သည်၊ဧကရီဟာ အတော်ကိုကူညီခဲ့ပြီး သူတို့ကို အင်ပါယာအတွင်းထိတိုင် ပို့ဆောင်ပေးခဲ့သည်၊

ဒန်နာရီတို့အဖွဲ့ဟာ ယူနိုရက်စ်နယ်မြေဆီကိုရောက်ရှိလားပြီး ရစ်နိုလ်ဟာလည်း အချက်ပြမှော်ကိုအသုံးပြုလိုက်သည်၊နာရီဝက်အကြာမှာတော့ မြို့စားမင်းရဲ့တံဆိပ်ကိုကိုယ်စားပြုတဲ့အနက်ရောင်အလံနဲ့မြင်းတပ်ရောက်လာပြီး မြို့စားမင်းမက်စ်ဟာလည်း ရှေ့ဆုံးကနေ ဦးဆောင်လာတော့သည်၊

ဒန်နာရီရဲ့အမူအရာဟာ ပျော်ရွှင်သွားပြီး "ဒယ်ဒီ!!!" လို့ အော်ခေါ်ကာ ပြေးသွားတော့သည်၊မြို့စားမင်းကလည်း မြင်းကို ပိုမိုမြန်ဆန်ကာ စီးလိုက်ပြီး ဒန်နာရီအနားရောက်ရှိမှာ မြင်းဇက်ကြိုးကိုဆွဲကာ အရှိန်သတ်လိုက်ပြီး မြင်းပေါ်ကနေခုန်ဆင်းကာ ဒန်နာရီရဲ့ကိုယ့်ကို ချီကာပွေ့ဖက်တော့သည်၊

"ကြိုဆိုပါတယ် ကလေးလေး"

"သူတော်စင်ကလေးငယ်ကို ကြိုဆိုပါတယ်" အနောက်က အစောင့်အရှောက်တပ်သားတွေကလည်း မြေပြင်ပေါ် ဘယ်ဘယ်ဒူးတစ်ဖက်ထောက်ကာ ညာလက်ကို နှလုံးသားပေါ်စေထား၍ အရိုအသေပေးနေကြတော့သည်၊ဒန်နာရီက နေသားမကျသလို အနည်းငယ်ရှက်သွားပေမယ့် သူ့ရဲ့ဖခင်ရင်ခွင်ထဲ၌သာ ငြိမ်သက်စွာနေနေတော့သည်၊

"အိမ်တော်ကို ပြန်ကြမယ်" မက်စ်ဟာ ပြောလိုက်ပြီးနောက်မှာတော့ ဒန်နာရီအတွက် သီးသန့်မောင်းလာတဲ့လှည်းယာဥ်ပေါ်ကို ဒန်နာရီကို တင်လိုက်ပြီး မက်စ်ပါလိုက်တက်တော့သည်၊အကုန်လုံးလည်း မြို့စားမင်းမက်စ်အိမ်တော်ကို ပြန်လာကြပြီးနောက်မှာ မက်စ်ဟာ ဒန်နာရီကိုကြည့်လိုက်သည်၊

"မကြာခင် မြို့တော်ကို ထပ်သွားရလိမ့်မယ်" မက်စ်စကားကြောင့် ဒန်နာရီက မော့ကြည့်လိုက်သည်၊

"မြို့စားမင်းရက်စ်ထရစ်က ဖိတ်ခေါ်ထားတယ် ပြီးတော့ မှော်အဖွဲ့အစည်းရဲ့ပင်မအဖွဲ့တွေက အင်ပါယာတိုင်းမှာ တစ်စုံတစ်ယောက်ကိုရှာဖွေနေတယ်လို့ သတင်းရတယ်... ဒါကြောင့် မြို့စားမင်းရက်စ်ထရစ်က ကလေးကို လာဖို့ အဓိကမှာကြားပြီးဖိတ်ခေါ်လိုက်တာပဲ" မက်စ်စကားကြောင့် ဒန်နာရီအနည်းငယ်တွေးတောလိုက်သည်၊ဘာကြောင့်မှန်းမသိပေမယ့် သူ့စိတ်ထဲ အနည်းငယ်လေးပင်နေသလိုခံစားရသည်၊

"စိတ်မပူပါနဲ့ ဒယ်ဒီက မင်းနဲ့လိုက်ပေးမှာပါ" မက်စ်ဟာ ဒန်နာရီရဲ့စိုးရိမ်ပူပန်နေတဲ့အမူအရာကြောင့် ဒန်နာရီရဲ့ခေါင်းကို ဖွဖွလေးပုတ်ရင်းပြောလိုက်သည်၊ဒန်နာရီက ပြုံးလိုက်ပြီးနောက်မှာ တစ်ခုခုသတိရသွားဟန်ဖြင့် သူ့ဖခင်အားကြည့်ရင်းပြောလိုက်သည်၊

"ကျွန်တော် သဲလွန်စတချို့ကို ရရှိခဲ့တယ်...အမေနဲ့ပတ်သတ်ပြီးတော့လေ" ဒန်နာရီက သူသိခဲ့တဲ့အကြောင်းအရာတွေကို မက်စ်အားပြောပြလိုက်သည်၊

"မင်းအမေက မင်းကိုမွေးပြီးနောက်မှာ အခြားတစ်နေရာကို ထွက်သွားခဲ့တယ်...ပြီးတော့ မင်းအမေက အမြဲပြောတယ် သူက တစ်ချိန်ချိန်မှာထွက်သွားရမယ်ဆိုတာကို" မက်စ်ရဲ့စကားကြောင့် ဒန်နာရီတိတ်ဆိတ်သွားတော့သည်၊ဒန်နာရီလည်း သူ့ရဲ့မိခင်က ဆန်းကျယ်လွန်းတာနားလည်လှသည်၊သူ့မိခင်က သောတပိုင်တောအုပ်ကနေလာတယ်ထင်ရပေမယ့် ရေးလ်ရဲ့စကားအရဆိုရင် သူ့မိခင်နဲ့ပတ်သတ်တဲ့အချက်အလက်တွေမရှိပေ၊အီဆိုနာနယ်မြေရဲ့ဂိတ်ဝနဲ့ပတ်သတ်ပြီး သေးငယ်တဲ့သဲလွန်စလေးသာရခဲ့သည်၊

ကြည့်ရတာ သူ့မိခင်နဲ့ပတ်သတ်တာကို သိရဖို့ အတော်ကိုအလှမ်းဝေးသေးပုံရသည်၊ဒါကြောင့် လက်ရှိချိန်မှာ လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့သာ လုပ်ရလိမ့်မည်၊

ယူနိုရက်စ်မြို့တော်ရဲ့​မြို့စားမင်းအိမ်တော်ရောက်ချိန်မှာ ဒန်နာရီက အန်နာရဲ့အခန်းထဲကိုသွားတော့သည်၊အန်နာဟာ ဒန်နာရီထားခဲ့တဲ့အတိုင်း အလင်းဂူထဲမှာ ရှိနေသေးပြီး အိပ်စက်နေတုန်းပင်၊ဒန်နာရီက မျက်ရည်ပုလဲ(အလင်းပုလဲ)ကို ထုတ်ယူလိုက်ပြီး အလင်းဂူကို ဖယ်ရှားလိုက်သည်၊ထို့နောက်မှာတော့ မျက်ရည်ပုလဲကို အန်နာနဖူးနားမှာ ပို့လိုက်ပြီး စတင်ကုသနေတော့သည်၊

တိုက်ရိုက်ကုသပေးချိန်မှာ ဒန်နာရီက သူ့ရဲ့မှော်စွမ်းအားကို မျက်ရည်ပုလဲဆီပို့သကာ ကုသပေးရတာကြောင့် အတော်ကိုပင်ပန်းလှသည်၊ဒါပေမယ့် ဒန်နာရီဟာ မရပ်မနားကုသပေးနေခဲ့ပြီး မက်စ်ကလည်း အနီးနားမှာနေကာ မှော်စွမ်းအားတွေကို ပြန်လည်ဖြည့်သွင်းပေးသည့်ကျောက်တွေကို ဒန်နာရီအပေါ်အသုံးပြုနေတော့သည်၊

မှော်စွမ်းအားဖြည့်သွင်းပေးတဲ့ကျောက်တွေဟာ အလွန်စျေးကြီးလှပေမယ့် မက်စ်ကတော့ ထိုကျောက်တွေကို သာမန်ကျောက်တွေအလား ဒန်နာရီအပေါ်အသုံးပြုပေးနေတော့သည်၊

ဒါကြောင့် ဒန်နာရီဟာ အနားယူစရာမလိုတော့ဘဲ အန်နာကို ဆက်လက်ကုသပေးနေခဲ့သည်၊

*အမှောင်စွမ်းအားတွေ မှေးမှိန်သွားပြီပဲ တစ်လလောက် အလင်းဘုန်းတော်နဲ့ကုသပေးနေရင် မကြာခင်မှာ သူ(မ)နိုးထလာလိမ့်မယ်* ဇီနိုစကားကြောင့် ဒန်နာရီသက်ပြင်းချနိုင်တော့သည်၊သူဟာ ကုသမှုကို ရပ်တန့်လိုက်ပြီးနောက်မှာ မက်စ်ဘက်ကိုလှည့်ကာ ဇီနိုပြောသလိုပြောလိုက်သည်၊ထို့နောက်မှာတော့ ပင်ပန်းလွန်းနေတာကြောင့် အခန်းပြန်ကာ အနားယူတော့သည်၊

မက်စ်ကလည်း ဒန်နာရီပြောသလို အလင်းဘုန်းတော်တစ်ပါးကို ဖိတ်ခေါ်ရန် အိမ်တော်ထိန်းကို ခိုင်းစေလိုက်သည်၊ထို့နောက်မှာတော့ မြို့တော်ကိုပြန်ရန်အတွက် ပြင်စရာတာ ပြင်တော့သည်၊ဒီတစ်ခေါက်ကိစ္စက ပေါ့သေးသေးမဟုတ်တာကြောင့် မက်စ်ဟာ အဆင်သင့်ဖြစ်နေဖို့က အရေးကြီးကြောင်းနားလည်လှသည်၊

ဒန်နာရီ နိုးလာချိန်မှာ အစေခံမိန်းမပျိုတစ်ချို့က ရှိနေပြီး မီရာလ်ကိုပါ တွေ့လိုက်သည်၊မဟုတ်ရင် ထိုအမျိုးသမီးကို ဒန်နာရီမေ့ပျောက်တော့မှာ သေချာလှသည်၊

"မင်းက ရှိနေသေးတာပဲ" ဒန်နာရီစကားကြောင့် မီရာလ်ကနားမလည်ဟန်ဖြင့် မော့ကြည့်လိုက်သည်၊ထို့နောက်မှာ သူမဟာ ပြုံးလိုက်ပြီး

"သခင်လေးရဲ့အစေခံဖြစ်တဲ့ကျွန်မက သခင်လေးမရှိရုံနဲ့ ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ" မီရာလ်စကားကြောင့် ဒန်နာရီက မျက်လုံးများမှေးစင်းကာစိုက်ကြည့်လိုက်သည်၊ထို့နောက်မှာ ဒန်နာရီဟာ သဘောပေါက်သွားဟန်ဖြင့် ဘာမှပြန်မမေးတော့ဘဲ ကုတင်ပေါ်ကနေဆင်းလိုက်သည်၊

အစေခံတွေကလည်း  ဒန်နာရီကို ပြင်ဆင်ပေးစရာပြင်ပေးလိုက်ပြီးနောက်မှာ ဒန်နာရီက သူ့ရဲ့ဖခင်အလုပ်လုပ်တဲ့ရုံးခန်းကိုသွားတော့သည်၊

"သခင်လေးကို သခင်ကြီးကစောင့်နေတာ" အစောင့်တွေကလည်း အရိုအသေပေးလိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်တော့သည်၊ဒန်နာရီဝင်လာတဲ့ချိန်မှာ မက်စ်ဟာ အနည်းငယ်အလုပ်များနေပြီး လူတစ်ချို့လည်းရှိနေသည်ကို တွေ့လိုက်ရသည်၊

"ဒယ်ဒီ..." ဒန်နာရီဝင်လာချိန်မှာ မက်စ်က လုပ်လက်စတွေကို ရပ်လိုက်ပြီး ဒန်နာရီဆီသွားတော့သည်၊ဒန်နာရီက ဆယ့်သုံးနှစ်အရွယ်ရောက်လာပေမယ့် သူ့ရဲ့ဖခင်ကတော့ သူ့ကိုချီလို့ကောင်းတုန်းပင်၊ဒါပေမယ့် ထိုအပေါ်ကို ဒန်နာရီ မငြိုငြင်မိချေ၊ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းကျရင်လည်း သူက သူ့အဖေအနားကနေ ခဏခဏထွက်ခွာသွားရပြီး သူ့မိခင်နဲ့ပတ်သတ်ပြီး သဲလွန်စတွေလည်း လိုက်ရှာရအုံးမည်မလား၊

ဒါကြောင့် သူ့ဖခင်ချီတဲ့ချိန်မှာ အလိုက်သင့်လေး ဖက်ထားပြီးနေလိုက်သည်၊

"အခုမှ သတိထားမိတယ်...ကလေးတောင် ကြီးလာပြီပဲ" မက်စ်စကားကြောင့် ဒန်နာရီကရယ်မောလိုက်သည်၊

"ဒယ်ဒီက ကျွန်တော်ကြီးလာတာကို သတိထားမိသေးတာပဲ"

မက်စ်က ဒန်နာရီပါးကို နမ်းလိုက်ပြီး ဆိုဖာပေါ်တင်လိုက်သည်၊

"ဒီမှာ ခဏထိုင်နေအုံးနော်" မက်စ်ကပြောလိုက်ပြီးနောက်မှာ သူ့ရဲ့အလုပ်တွဲဖက်တွေနဲ့ အလုပ်ကိစ္စဆက်ပြောနေတော့သည်၊ဒန်နာရီလည်း သူ့ရဲ့အဖေ အလုပ်လုပ်နေတာကို စိုက်ကြည့်နေရင်း အနီးနားရှိလူတွေကိုကြည့်လိုက်သည်၊

သူသိတဲ့သူတွေမပါပေမယ့် ထိုလူတွေကလည်း အရှိန်အဝါသေးတဲ့သူတွေမဟုတ်ကြောင်း သိသာလှသည်၊နောက်တစ်ချက်က ဒယ်ဒီမှာ ယူနိုရက်စ်တပ်ဖွဲ့အပြင် အရိပ်သက်တော်စောင့်အဖွဲ့ပါရှိနေသေးတာကို ဒန်နာရီသိထားသည်၊ ဒီအိမ်တော်မှာလည်း ထိုအဖွဲ့က ဒန်နာရီကို အ​မြဲတစေနောက်ကွယ်ကနေစောင့်ရှောက်ပေးနေတတ်သည်၊

မက်စ်ဟာ အလုပ်ကိစ္စတွေပြီးသွားချိန်မှာ ဒန်နာရီဘေးလာထိုင်ကာ ချောကလက်ကိတ်ကို ဖဲ့လိုက်ပြီး ဒန်နာရီကို ခွံကျွေးလိုက်သည်၊

"ဒယ်ဒီကြားထားတဲ့သတင်းရှိတယ်... " ဒန်နာရီက သူ့အဖေကျွေးတဲ့ကိတ်ကို စားလိုက်ပြီး သူ့အဖေကိုမော့ကြည့်လိုက်သည်၊

"မှော်အဖွဲ့အစည်းက ဆရာသခင်တစ်ချို့က ဇီရာလ်အင်ပါယာကို လာစစ်ဆေးစရာရှိတယ်ဆိုပြီးပေါ့...ဒီကိစ္စက ကလေးလေးနဲ့ဆိုင်မယ်လို့ အဖေထင်တယ်" ဒန်နာရီက သူ့အဖေပြောတာကိုနားလည်ပေမယ့် နားမလည်ချင်ယောင်ဆောင်တဲ့အမူအရာနဲ့ကြည့်နေတော့သည်၊

"သူတို့က အင်ပါယာတိုင်းမှာ ထောက်လှမ်းရေးမှော်တွေ ဖန်တီးထားတာလေ...ကလေးလေး ဟိုတစ်ခါတည်ဆောက်လိုက်တဲ့မှော်အင်းကွက်ကြောင့် သူတို့သတိထားမိသွားပုံပဲ..."

"သူတို့က ကျွန်တော်အတွက် လာမှာပေါ့"ဒန်နာရီက မေးလိုက်တော့ မက်စ်က ပြုံးလိုက်ပြီး​ ပါးဖောင်းဖောင်းလေးကို ဖွဖွလေးညှစ်လိုက်သည်၊မက်စ်ရဲ့ပတ္တမြားရောင်မျက်ဝန်းများက နူးညံ့ပြီး သူ့သားအတွက်ဂုဏ်ယူနေတော့သည်၊

"ဒယ်ဒီကြားတာ အဖွဲ့အစည်းရဲ့ဒုတိယခေါင်းဆောင် ကိုယ်တိုင်ရောက်လာမယ်တဲ့" ဒန်နာရီက ခေါင်းအနည်းငယ်ဆောင်းကာစဥ်းစားလိုက်သည်၊အရင်ဘဝက နန်းတော်ကဖွဲ့ခေါ်ခဲ့လို့ အင်ပါယာရဲ့မှော်အဖွဲ့အစည်းကိုလာရောက်စစ်ဆေးတဲ့ဆရာတစ်ချို့က အန်ဒီးယားကို လာကြည့်ပေမယ့် သူ့ကိုမြင်ပြီးသဘောကျခဲ့သည်၊ဒီတစ်ခေါက်က နန်းတော်ကဖိတ်မခေါ်ဘဲ သူ့အတွက်ရောက်လာခဲ့တာပေါ့...၊

"ကလေးလေး သဘောမကျရင် သူတို့နဲ့လိုက်မသွားလည်းရတယ်..." မက်စ်က ဒန်နာရီကို ပွေ့ချီလိုက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်သည်၊သူတို့ကလေးက ငယ်သေးပေမယ့် သူ့သားကို အတောက်ပဆုံးကလေးတစ်ယောက်ဖြစ်စေချင်သည်၊ဇီရာလ်အင်ပါယာဟာ သေးငယ်လွန်းသည်၊ ဒီလိုနေရာသေးသေးလေးမှာ သူ့ရဲ့သားကို မကုန်ဆုံးစေချင်ပေ၊

"ကျွန်တော်နားလည်ပါတယ် ဒယ်ဒီ" ဒန်နာရီက ပြုံးရင်းခေါင်းညိတ်လိုက်သည်၊ဘယ်လိုပဲဖြစ်ဖြစ် မှော်အဖွဲ့အစည်းရဲ့ဌာနသေးသေးလေးတစ်ခုက ဒန်နာရီအတွက် ဒုတိယအိမ်လိုပင်၊

အရင်ဘဝက မဆပ်ခဲ့ရတဲ့အကြွေးကို  ဒီဘဝတော့ဆပ်ပေးရတာပေါ့၊

ဟိုအဘိုးကြီး ပါလာရင်ပိုကောင်းမှာပဲ...၊တစ်ချိန်က သူ့ကိုဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့ဆရာဖြစ်သူကိုတော့ သတိရမိသားပဲ

-*-*-*-*-*-*-*-*-*-*-*

Chapter -76မျှော်

Continue Reading

You'll Also Like

220K 24.3K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
4.8K 647 5
#ChanBaek Mini Story {written by Oli_va_K_ay&your_syanxing}
182K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...