ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ

By onyourc_andy

16.9K 1.8K 141

𝐖𝐞 𝐝𝐨𝐧'𝐭 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐭𝐨 𝐛𝐞 𝐥𝐨𝐯𝐞𝐝 More

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{ɪɴᴛʀᴏ}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{1}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{4}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{6}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{14}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{20}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{𝐅𝐢𝐧𝐚𝐥}
🌷
New OTP

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}

561 72 7
By onyourc_andy

မောင်နဲ့စစတွေ့တဲ့နေ့က romantic ဆန်ဆန်တွေ့ ခဲ့ခြင်းမျိုးမဟုတ်

လွန်းခဲ့သော သုံးနှစ်ခန့်......

"တစ်ဆိတ်လောက်"

ထိုလူကဂွမ်အုခေါ်နေတာကိုကြားပုံမရ သူ့ရဲ့တယောကိုသာ ဆက်ထိုးနေလေသည် ဒါကြောင့် စိတ်မရှည်တဲ့ ဂွမ်အုကပဲ ထိုသူကို လက်‌တို့ကာခေါ်လိုက်လေသည်

"ဒီမှာဗျ"

ဟာအိုက တယောကိုစိတ်နှစ်ပြီး ထိုးမိနေလို့လားမသိ လူတစ်ယောက်က ဟာအိုရဲ့ပခုံးကိုလာတို့ကာ ခေါ်လိုက်တော့မှ ဟာအိုလည်း အနည်းငယ်အသိစိတ်တို့ပြန်ဝင်‌လာတော့သည်

"ဟို...ဘာကိစ္စရှိလို့လဲမသိ"

"ဒီဘက်က တယောထိုးသံကြောင့် ကျွန်တော်စာကျက်လို့မရဘူး"

ဒါဘယ်လိုအခြေအနေမျိုးလဲ drama လောကမှာဆိုရင် မင်းသားက တယောထိုးနေရင် မင်းသမီးက သဘောကျတယ်ဆိုပြီးပြောနေကျမဟုတ်ဘူးလား ပြောရရင် ဒီပြင်ပလောကမှာလည်း အဲ့လိုပြောတက်ကျပါတယ် အခုဟာက ဟာအိုတယောထိုးသံကြောင့် စာကျက်လို့မရတာတဲ့ ပြီး‌တော့ဟာအိုတယောထိုးသံကို လူတိုင်းကချီးကျူးနေကျပါ ဒီကောင်လေးကျမှ

"ဒီမှာဗျ ဘာတွေတွေးနေတာလဲ ကျွန်တော်ပြောတာကိုကြားရဲ့လား"

"ကြား...ကြားပါတယ်"

"ကြားတယ်ဆိုရင် နေရာရွေ့ပေးမလား ကျွန်တော် စာကျက်ချင်လို့"

"ဟုတ်...ဟုတ်ကဲ့ပါ"

ဟုတ်တယ် ဒီကောင်လေးကိုဟာအိုကြောက်မိတယ် သူကဟာအိုထက်ငယ်တယ်ဆိုပေမဲ့ ဗလကတောင့်တောင့် အရပ်ရှည်ရှည်‌ဆိုတော့ မတော်လို့ ဟာအိုကိုရန်တွေ့နေရင်ဘယ်လိုလုပ်မလဲ ဟုတ်တယ် ဟာအိုရှောင်ပေးလိုက်တာကပိုမှန်လိမ့်မယ်

ဟိုအစ်ကိုကိုကြည့်ရတာ ဂွမ်အုကိုကြောက်နေတဲ့ပုံပင် ဂွမ်အုပုံက အဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား အခုလည်း အသည်းအသန်နဲ့ ပစ္စည်းတွေကို သိမ်းနေပြန်သည် ဂွမ်အုပြောတာလွန်သွားလို့များလား

"ဒီမှာ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ"

"ဟို...ကျန်း...ကျန်းဟာအိုပါ"

"ကျွန်တော် ခုနကပြောတာလွန်သွားလား"

"‌ဗျာ"

"ခင်ဗျားကိုကြည့်‌ရတာ ကျွန်တော့်ကိုကြောက်နေတာလားလို့"

"နည်းနည်း"

ဟာအိုမလိမ်ပါဘူး တကယ်လည်းဒီကလေးကို ဟာအိုကြောက်နေတာမဟုတ်လား

"ဟားဟား"

ထိုကလေးက ရယ်သည်ရယ်တာမှအားရပါးရကိုရယ်နေတာ ဒါကဟာအိုကိုလှောင်နေတာမဟုတ်လား

"မင်းက ငါ့ကိုလှောင်နေတာလား"

"ဟားဟား...မလှောင်ရပါဘူးဗျာ ခင်ဗျားပုံစံက ချစ်ဖို့ကောင်းလွန်းလို့"

"ဟမ်"

"ကျွန်တော်နာမည် ဂွမ်အုပါဗျ ပတ်ဂွမ်အု တကယ်လို့ နာမည်ကရှည်နေလို့ မမှတ်နိုင်ဘူးဆိုရင် မောင်လို့ခေါ်လေ"

"ဘာပြောတယ်"

ဒီကလေးက ဘယ်လိုပါလိမ့် သူ့နာမည်ကဖြင့်သုံးလုံးထဲကို ဘာကိစ္စဟာအိုကမမှတ်နိုင်ရမှာလဲ

"အဟားဟား နောက်တာပါဗျာ နောက်နောင်ကျွန်တော်တို့ ခနခနတွေ့ရမယ်ထင်တယ် ဖုန်းနံပါတ်လဲထားကျမလား"

"မင်း ရူးနေတာလားငါက ဘာကိစ္စ အခုမှတွေ့တဲ့သူနဲ့ ဖုန်းနံပါတ်လဲရမှာလည်း"

"ခင်ဗျားသိလား...ခင်ဗျားရန်တွေ့နေတဲ့ပုံစံကချစ်စရာလေးဆိုတာ"

မောင်ကဂျစ်ကန်ကန်လေးဆိုတာ ဟာအိုစတွေ့ထဲက သဘောပေါက်ခဲ့တာအဲ့နေ့ကစပြီး မောင်ဟာ ဟာအိုတယောထိုးနေကျနေရာလေးကို အကြောင်းမရှိအကြောင်းရှာပြီး
ရောက်လာခဲ့တယ် ပြီးတော့ ဟာအိုရဲ့အသည်းနုလုံးကိုပါ ခိုးယူနိုင်ခဲ့တယ်။

မြင်မြင်ချင်းအချစ်ကို ဂွမ်အုမယုံပါဘူး ဒါပေမဲ့အဲ့တာ‌တွေ ဟန်နီ့ကို
မတွေ့ခင်ကထင်ခဲ့တာပဲဖြစ်လိမ့်မယ် ဟန်နီကလေ သိပ်စိုးမိုးနိုင်တာ မတွေ့ရရင်လည်းမနေနိုင် တွေ့ရရင်လည်း ပိုဆိုင်ချင်တဲ့စိတ်တွေတိုးလာအောင်တကယ်လုပ်နိုင်တာ။

~

"မောင့်ကို လက်ထပ်ပေးနိုင်မလားဟန်နီ"

ရုတ်တရက်ဒူးထောက်စွာ စကားဆိုလာတဲ့ မောင့်ကြောင့် ဟာအိုငိုလာမိတယ်

"ဒါပေမဲ့ မောင့်မိဘတွေက...."

"ဒီအတောအတွင်း မောင်အဲ့ကိစ္စနဲ့အလုပ်ရှုပ်နေခဲ့တာ ဟန်နီက အမွေပျက်စွန့်ပစ်ခံထားရတဲ့ ကောင်လေးကိုလက်ထပ်နိုင်ရဲ့လား"

မောင်က ရယ်မောကာပြောလာခဲ့ပေမဲ့ ဟာအိုရင်တွေနာမိသည် အဲ့သလောက်တောင်ဟန်နိီ့ကိုချစ်တာလားမောင်ရယ်

"မောင်ရယ်..."

"ဟန်နီ မောင်ဒူးထောက်ထားရတာ‌ကြာပီနော် အဖြေမပြန်ပေးတော့ဘူးလား"

"ထ"

"ဟင် ဘာလုပ်မလို့"

"ဖက်ချင်လို့..ဒီအတောအတွင်းဘယ်လောက်တောင်ပင်ပန်းခဲ့မလည်းမောင်ရယ်"

ဟန်နီက ဂွမ်အုရဲ့ရင်ခွင်ထဲသို့ဝင်ကာ ငိုနေ၏ ဟန်နီက သိပ်အသည်းနုတာ ဒါကြောင့်ဂွမ်အုမှာ တော်ရုံတန်ရုံဆို စိတ်မချပဲဟန်နီ့ကိုပဲကြည့်နေရတာ

"မငိုပါနဲ့ မောင့်အသက်ရယ်"

"‌မောင်ကွာ ဟန်နီအတွက်နဲ့များ...."

"ဟောမငိုပါနဲ့ဆိုကွာ ကလေးလေးကျလို့"

ရှိုက်ကြီးတငင်ငိုချလာတဲ့ဂွမ်အုချစ်ရသူက စတွေ့တုန်းကလိုမျိုး ချစ်ဖို့ကောင်းနေတုန်းပဲ အခုလည်းကြီးပါဦး ငိုထားလို့ နှာခေါင်လေးကနီလို့ ဂွမ်အုလည်းအသည်းယာလာတာမို့ ဟန်နီ့ရဲ့နှာခေါင်လေးကို ညှပ်ကာကိုင်လိုက်တော့

"နာတယ် မောင်ရဲ့"

"မောင့် အသက်ကချစ်ဖို့ကောင်းလွန်းလို့ အဟား"

ဟာအို မောင့်ကိုမျက်စောင်းထိုလိုက်ပါသည် လူကဝမ်းနည်းနေတာက သူကရယ်ကောင်းတုန်း မောင်ကလေ ရယ်သာရယ်နေတာ ရင်ထဲရောကောင်းပါ့မလား ဟာအိုအတွက်နဲ့မိဘတွေနဲ့ပဲ အဆက်အသွယ်ဖြတ်လာခဲ့ရတာမဟုတ်လား

"မောင်"

"ဗျ"

"ဟန်နီတို့ လက်ထပ်ကျမယ်မောင်"

~🌹~

A/N- ဒီနေ့ကတော့ Gunhao အပိုင်းပဲဖြစ်သွားတာပေါ့နော် နောက်နေ့တွေအတွက်ကတော့ ဆက်ရန်။

Continue Reading

You'll Also Like

11.9K 1K 9
ကိုယ်သိမှတ်ထားသမျှ အကောင်း/အဆိုး ဗဟုသုတမှန်သမျှကို တင်ပြသွားပါ့မယ်ခင်ဗျာ......။ (For teen) That's may be ginger xD
1.1M 46.5K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
8K 583 8
Kim Gyuvin × Han Yujin 22.3.2023 _@alexolive
2.3K 174 10
‼️🔞‼️ -დამელოდე პატარავ მე შენთან მოვდივარ... (no more spoilers ხი ხი ხი...🤭❤) ‼️🔞‼️