သားရဲ့ daddy ပြန်လာပြီ (Compl...

By WXT1823

13.8K 564 14

Yizhan ficလေးပါ More

Part 1
part 3
Part 4💛
Part 5💛
Part 6💛
Part 7 💛
final 💛

part 2

1.5K 71 0
By WXT1823

"ညီလေး ကျန့်ကျန့်ရော"

ဆန်ပြုတ်သွားယူပြီးပြန်လာသော ကျန်းချန်ကမေးလိုက် ခြင်းပင်

"သူ့သတို့သားလောင်းဆိုတဲ့လူလာခေါ်သွားတယ်ဗျ"

"တောက် ဒီကောင်ကတော့ တော်တော်လွန်လာပြီ"

"ဘာလို့လဲဗျ သူတို့ကနှစ်ဦးသဘောတူမဟုတ်ဘူးလား"

"ဘယ်ကသာ ကျန့်ကျန့်ကလုံးဝလက်မခံဘူး သူ့အဲဒေါ်ကြောင့်လေ ကျန့်ကျန့်ကသူ့အဒေါ်ကိုအရမ်းကြောက်ရတယ် နှိပ်စက်လိုက်တာလဲမပြောပါနဲ့"

ကျန်းချန်အကြောင်းစုံရှင်းပြနေလေတော့ ဒေါသအရမ်းထွက်လာသူကရိပေါ်ရယ်ပါ

"တောက် တော်တော်အောက်တန်းကျတာပဲ"

"အကိုတို့လဲ ဘာမှလုပ်ပေးနိုင်ဘူးလေ သူတို့က လူကုန်ထံ မျိုးရိုးတွေဆိုတော့....

ကဲညီဆန်ပြုတ်လေးသောက်ပြီးရင်ဆေးသောက်ပေါ့ ဒါနဲ့ညီကဘယ်ကိုသွားမှာလဲ"

"မသိဘူး"

"ဟင်"

"ဘယ်ကိုသွားရမှန်းမသိဘူးဗျ"

"အော်ဒါဆိုလဲအကိုနဲ့နေပေါ့ အကိုကတစ်ကောင်ကြွက်လေ ညီလေးတစ်ယောက်ထပ်ရတာပေါ့"

"တကယ်လားကျေးဇူးတင်ပါတယ်ဗျ"

ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ဒါပထမဦးဆုံးပြောဖူးတဲ့ရိပေါ်ရယ်ပါ

"ရှောင်းရှောင်းကျန့်ဒါကဘယ်ကိုလဲ"

"ဟို ကျန်းချန်ဆီသွားမလို့ပါဒေါ်လေး"

"ငါ့ကိုမျက်နှာကိုအိုးမဲမသုတ်နဲ့နော်ရှောင်းကျန့်"

"ဒေါ်လေးကျွန်တော်ဘာလုပ်နေလို့လဲ"

"အောင်မာ လင်အားကိုးနဲ့ပြန်တောင်အော်နေပြီပဲ"

"ဒေါ်လေး သူတစ်ပါးကိုအဲ့လိုမပြောပါနဲ့ ကျွန်တော်တို့ကရိုးရိုးသားသား"

"အောင်မာ နင်ကနာတယ်ပေါ့လေ ရိုးသားလို့ပဲ ဝမ်ချောင်မြင်ခဲ့တာကရိုးသားနေကြတာလား
အဲ့လိုဆွေမရှိမျိုးမရှိတွေနဲ့ပဲတန်တာနင်က"

"အာ့ဆိုသူနဲ့ပဲပေးစားလိုက်ပါ့လား"

"ဟိုးအဝေးထိပို့ပစ်ချင်တာနင့်ကို သူနဲ့ပေးစားရင်ငွေဘယ်ကရမလဲ ငါသုံးချင်သလိုမသုံးရဘူးလေ ဝမ်ချောင်နဲ့ဆိုရင် ငါလိုသလိုသုံးလို့ရတယ်"

"အဲ့တာဆိုဒေါ်လေးပဲ ဝမ်ချောင်နဲ့ယူလိုက်ပါ့လား"

"ဖျောင်း ......သွားစမ်းသူ့ကိုအမှောင်ခန်းထဲမှာတံခါးပိတ်ထားထမင်းမကျွေးနဲ့ ဟိုအကောင်အားကိုးနဲ့ငါ့ကိုလာအော်နေတာ"

"ဒေါ်လေးမလုပ်ပါနဲ့ ကျန့်ကျန့်အမှောင်ကြောက်လို့ပါ ဒေါ်လေး ဒေါ်လေး....လွှတ်ငါ့ကိုအခုလွှတ်"

"သွားကြစမ်း နားညဥ်းတယ်ခေါ်သွားကြ"

တစ်ဖက်မြေအောက်ခန်းထဲမှာတော့ တရှို့ရှို့ငိုနေတဲ့ ကောင်လေးတစ်ယောက်ရယ်ပါ

"ကျန့်ကော..... အင့်"

အမှောင်ခန်းထဲမှာ သူအရမ်းကြောက်နေခဲ့ရတာ မထင်ထားဘူး သူလာလိမ့်မယ်လို့ ရိပေါ် သူတကယ်ရောက်လာတယ် ခေါ်လိုက်တဲ့အသံလေးက ကျန့်ကောတဲ့    ဘာမှမတွေးတော့ပဲရင်ခွင်ထဲကိုအပြေးလေးတိုးဝင်လိုက်တယ် ရင်ခွင်ကြီးကနွေးလိိုက်တာ

ရှောင်းအိမ်တော်ကိုလွှတ်ထားတဲ့ သူလျှိုကြောင့် ကျန့်ကောအဖမ်းခံထားရတယ်ကြား ကြားချင်းစိတ်တွေအစိုးမရ.   ထိုလူသားလေးအရမ်းကြောက်နေမှာပဲ ဒါကြောင့် အိမ်ထဲကိုခိုးဝင်လာပြီးမြေအောက်ခန်းလေးဆီသို့...........
တွေ့ပါပြီထောင့်တစ်နေရာမှာကပ်ကာငိုနေတဲ့လူသားလေး ရင်ဘတ်ထဲကတစ်ဆစ်ဆစ်နဲ့နာလိုက်တာဗျာ "ကျန့်ကော" လို့ခေါ်လိုက်တော့ မျက်ရည်စလေးတွေနဲ့မော့ကြည့်လာခဲ့တယ် ပြီးတော့ရင်ခွင်ထဲဝင်လာလို့ ခေါင်းလေးကိုအသာအယာလေးပုတ်ပေးကာ

"စိတ်ချပါ ဒီတစ်ခါကျတဲ့မျက်ရည်က ကောရဲ့နောက်ဆုံးမျက်ရည်ပါပဲ ကောကိုအကောင်းဆုံးကာကွယ်ပေးမယ် " ဒီစကားကိုတော့အပြင်မှာထုတ်မပြောဖြစ်ခဲ့

"ရိပေါ် ဘယ်လိုရောက်လာတာလဲ သိသွားရင်    သူတို့ရိပေါ်ကိုတစ်ခုခုလုပ်လိမ့်မယ်"

"ကျန့်ကောကစိတ်ပူတာလား "

"ဟင်"

"စတာပါ ကျန့်ကာရယ် "

"မ စ နဲ့ တကယ်ပြောတာ ငါမင်းကိုစိတ်ပူတယ်"

"ကောကိုယ့်ကိုယ်ကိုရောစိတ်မပူဘူးလား"

"ကောကနေသားကျနေပါပြီ ရိပေါ်   ပြန်တော့  သူတို့လာရင်"

"ဘာဖြစ်လဲလာတော့"

"ကောစကားကိုနားထောင်ပါပြန်တော့နော်"

"ဘာလို့ပြန်ခိုင်းတာလဲ"

"စိတ်ပူလို့"

"ဘာလို့စိတ်ပူတာလဲ"

".........."

"ကော ဘာလို့စိတ်ပူတာလဲလို့ ကျွန်တော့မျက်နှာကိုကြည့်ဖြေလေ"

"ဟို အဲ့တာက"

"ချစ်တယ် ကော"

"ဟင်"

"ကောကိုချစ်တယ်မြင်မြင်ချင်းချစ်ခဲ့မိတာ"

ယုံပါတယ် မောင်ရယ် ဒီထိတောင်ကောကိုလာတွေ့တာပဲ ဟင်ငါအခု မောင် လို့သုံးလိုက်တာလား သူပြုံးမိသည် မသိစိတ်ကပေးလိုက်တဲ့နာမ်စားလေးက မောင်   တဲ့

"ကော ပြန်ပြောအုံးလေတစ်ခုခု"

"ဟို မမြန်လွန်းဘူးလား"

"နောက်တောင်ကျနေခဲ့တာ ချစ်လားလို့ ကျွန်တော့ကို"

"ချစ်တယ် "

"မကြားရဘူးဘာပြောလိုက်တာ"

"ချစ်တယ်လို့"

"ဟင် ပြန်ပြောပါအုံး"

"ရိပေါ်နော်"

"ကိုကိုက ငြိုငြင်တာလား "
အမယ် လူဆိုးကောင်လေးက ကလေးလာလုပ်ပြနေတာ  ငါ့စကားတစ်ခွန်းအောက်မှာကြွေစမ်း

"မောင်"

"ကိုကိုနော် အသည်းယားအောင်မလုပ်နဲ့"

"ခ်ခ် မောင်က ငြိုငြင်တာလား "

အရမ်းချစ်စရာကောင်းလွန်းလို့ဒီလူသားလေးကိုသိမ်းကျုံးဖက်ထားမိသည် ဝမ်ချောင်နဲ့ရှောင်းကျန့်ဒေါ်လေးတို့ဝင်လာတာတောင်သတိမထားမိကြ

"အရမ်းကိုသာယာနေလိုက်ကြတာ"

"ရှောင်းကျန့် မင်းကငါနဲ့လက်ထပ်မဲ့လူနော်"

"ငါလုံးဝလက်မခံဘူးဝမ်ချောင် သတ်လိုက်ငါ့ကိုသတ်လိုက် မင်းလိုကောင်ကိုယူမဲ့အစားသေတာပဲကောင်းတယ်"

"ငါ့တူလေးက အရမ်းကို သတ်တိရှိနေတာပဲ သူ့ကိုဖမ်းလိုက်စမ်း"

"ထိရဲတဲ့ကောင်ထိကြည့်လိုက် ကျန့်ကောကိုထိတဲ့ကောင်အသေပဲ"

"ချာတတ် ငါဆေးကုလို့မင်းအသက်ရှင်ရတာနော် ဒီကိစ္စက.  ကိုယ်တို့အိမ်တွင်းရေး မင်းဝင်မပါတာကောင်းမယ်"

"ကျန့်ကောက ကျွန်တော့ချစ်သူ ဝင်မပါချင်လဲပါရမှာပဲ"

"နှစ်ယောက်လုံးကိုဖမ်းစမ်း"

"ဒေါ်လေး မောင်နဲ့ဘာမှမဆိုင်ဘူး လွှတ်ပေးလိုက်ပါ 
ဝမ်ချောင်ငါ့ကိုလွှတ် ဖယ်စမ်း မထိနဲ့ငါ့ကို"

"ကဲဒီလောက်ဖြစ်နေတာ ရိုက်ကွာအဲ့ကောင်ရိပေါ်ကို"

"မလုပ်နဲ့ မလုပ်ပါနဲ့ ဝမ်ချောင် ဒေါ်လေး ကျန့်ကျန့်မှားပါတယ် တောင်းပန်ပါတယ်"

ခင်ဗျားတို့ခံစားကြည့်ဗျာ ကျွန်တော့ရှေ့မှာတင် ကျွန်တော်အသက်ထက်ချစ်ရတဲ့လူသားလေး သွေးထွက်သံယိုနှိပ်စက်ခံနေရတာ မြင်ရက်ပါ့မလား ကျွန်တော့နှလုံးသားကိုကြိုးနဲ့စည်းထားလိုက်သလိုပဲ ကျွန်တော့နေရာဝင်ကြည့်ကြပါအုံး

"တော်တော် နောက်ရက်မှဆက်ပြီး လုပ်ကြတာပေါ့ သူ့ကိုကြိုးနဲ့တုတ်ထား လာရှောင်းကျန့်ငါ့နောက်အသာအယာလိုက်ခဲ့မဟုတ်ရင်အဲ့ကောင်ကို ဒီမှာတင်သတ်ပစ်မယ်"

ငြင်းလို့မရပါ ဇာတ်ဆရာအလိုကျကရမဲ့ရုပ်သေးရုပ်ရယ်ပါ

ညသန်းခေါင်လူတွေတိတ်ဆိတ်နေသည် ဘာလို့လဲသိချင်လား အိပ်ဆေးကြောင့် ကျွန်တော်ရိပေါ်ကိုကယ်ရမည် အိမ်ကလူတွေကိုအိပ်ဆေးခတ်ပြီးအခန်းလေးဆီသို့

"မောင်"

"ကိုကိုလား"

"အင်းလာသွားရအောင် အပြင်ခေါ်သွားပေးမယ်"

ချစ်ရသူက ဒဏ်ရာတွေနဲ့ အသာအယာတွဲပေးပြီးအပြင်ရောက်တော့

"ကိုကိုရောမလိုက်ဘူးလား"

"ဟင့်အင်း"

"တစ်ခါထဲလိုက်ခဲ့လေကိုကို တော်ကြာမောင်မရှိတော့လို့ကိုကို့ ကိုနှပ်စက်နေအုံးမယ်"

"ကိုကိုကြောက်တယ်"

"မကြောက်နဲ့ မောင်နဲ့တစ်ခါထဲလိုက်ခဲ့"

မငြင်းတော့ပါ ချစ်ရတဲ့မောင့်လက်ကိုတွဲပြီး အိမ်ကြီးကိုကြောခိုင်းကာအဝေးဆုံးသို့...................



ငိုရအုံးမှာပါကလေးတို့ရေ သာသာမရက်စက်သင့်ဘူးမလား
သာသာ သဘောကောင်းတယ်နော်
အရှည်ကြီးတင်ပေးထားပါတယ်

Continue Reading

You'll Also Like

153K 3.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
381K 18.3K 80
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
447K 6.8K 81
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
175K 6.4K 93
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...