Part 4💛

1.4K 63 0
                                    


မျက်လုံးနှစ်လုံးပွင့်လာတော့ ကျွန်တော်မြင်ချင်တဲ့လူသားလေးရဲ့မျက်နှာကိုမတွေ့ရပဲအဖြူရောင်မျက်နှာကျက်ကြီးကိုပဲ မြင်လိုက်ရတော့ ရင်ထဲမှာ သံရိုက်ထည့်လိုက်သလိုပဲဗျာ မဖိတ်ခေါ်ပဲကျလာတဲ့မျက်ရည်တွေက ပါးပြင်ပေါ်မှာပြေးလွှားနေတယ် ကိုကို အခုအဆင်ပြေရဲ့လား ........ကိုကို့ ကိုများသူတို့တွေ သူတို့တွေ မတရား အကျပ်ကိုင်ပြီးလက်ထပ်ခိုင်းလိုက်ပြီလား လက်မှာချိတ်ထားတဲ့ဆေးပိုက်တွေကိုဖြုတ်ပြီး ကိုကို့ဆီသို့............မဖြစ်ဘူးနော် မဖြစ်ဘူး ကိုကိုကမောင့်အပိုင်ပဲ .......

"အယ် လူနာ ဆေးရုံကနေဘယ်မှသွားလို့မရဘူး"

"ဖယ်ပါ ကိုကို့ ကိုသွားခေါ်ရမယ်"

"မရပါဘူး လာကြပါအုံး သူ့ကိုထိန်းပေးကြအုံး"

"ဖယ်ပါ ကျွန်တော်နေကောင်းနေပါပြီ ကိုကို့ဆီသွားမှဖြစ်မယ်"

ကျွန်တော်အားလုံးအဆင်ပြေပါတယ် နေကောင်းနေပြီ ကိုကို့ဆီသွားချင်တယ် ဒါပေမဲ့ ဝိုင်းဆွဲထားတဲ့လူတွေကြားထဲကဘယ်လိုမှထွက်သွားလို့မရဘူး မုန်းလိုက်တာ အဲ့လောက်ထိ ပျော့ညံ့နေရတာလား
ဝမ်ရိပေါ်......

"မောင်"

....................................................

"ဒေါ်လေးကျန့်ကျန့်တောင်းပန်ပါတယ် ကျန့်ကျန့်ကိုသွားခွင့်ပေးပါ"

"ရှောင်းကျန့် အဲ့ကောင်ကဘာ ပစ္စည်းဥစ္စာမှမရှိဘူး ဝမ်ချောင်ကိုပဲလက်ထပ်ဖို့စဥ်းစားထား"

"ဟင့်အင်း ကျန့်ကျန့်တို့ကတရားဝန်လက်ထပ်ပြီးပြီ"

"ဒီခေတ်ထဲမှာလက်ထပ်ပြီး နောက်ထပ်အိမ်ထောင်ရှိတဲ့လူတွေအများကြီးပဲ ရှောင်းကျန့်"

"ဒေါ်လေး ဘယ်လိုပြောလိုက်တာလဲ ဒေါ်လေးလောဘကကြောက်စရာကောင်းလိုက်တာ ကျွန်တော်မိဘတွေကိုလဲသတ်ခဲ့ပြီးပြီ ပိုင်ဆိုင်မှုတွေကလဲဒေါ်လေးလက်ထဲမှာပါ ကျွန်တော့ကိုတော့ လွှတ်ပေးပါတော့"

"တောက် ဒီကောင် ငါလုပ်လိုက်ရင်လဲ ဝမ်ချောင်နဲ့ငါ ပြသနာတက်အုံးမယ်"

"မဂ်လာပါအန်တီ"

ဝမ်ချောင်အိမ်ထဲသို့ဝင်လာခြင်းပင်

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now