Unicode
အခန်း ၁၁ အိုက်ယိုး ငါ့မြေးလေး
ရှီချီ သေချာမြင်လိုက်ရသည်။
သူတို့ အဆောက်အဦးကထွက်လာချိန်မှာပဲ ရာသီဥတုက နည်းနည်းပူနေတာကြောင့် အဘွားက သူ့လက်ကို လွှတ်လိုက်ပြီး နောက်မှာ ခြေလှမ်းနှစ်လှမ်းစာလောက်နောက်ကျ ကျန်နေခဲ့သည်။
ပြီးတော့ ဒီခြေလှမ်းနှစ်လှမ်းစာလောက် အကွာအဝေးကြောင့် အဘွားက နေရောင်ထဲ ရှိနေတာတောင် ရှီချီ သူမ ကိုယ်လေးမှုန်ဝါးဝါးဖြစ်နေတာကိုမြင်လိုက်ရတော့သည်။
ထိုအချိန် သူမ တစ်ကိုယ်လုံးက ဝါးနေပြီး သူ တီဗီထဲမှာ မြင်ဖူးသလို အပြောက်အကွက်လိုပုံစံမျိုး ဖြစ်လို့နေသည်။
ဒါပေမဲ့ လျင်မြန်စွာပင် သူ မျက်တောင်ခတ်လိုက်ချိန်မှာပဲ သူခုနကမြင်ထားသမျှက ထင်ယောင်ထင်မှား ဖြစ်နေသလို အကုန်လုံး သာမန်ပြန်ဖြစ်သွားတော့သည်။
နင်မုန့် သူ အတွေးနက်နေတာ မြင်လိုက်ရသည်။ သူ့ကိုခေါ်တာတောင် အသိဝင်မလာခဲ့ သူမလည်း မနေနိုင်တော့ဘဲ စနစ်ကို။ “အဲကြွက်ပေါက်လေး ဘာဖြစ်နေတာလဲ သူရူးသွားတာတော့ မဟုတ်ဘူးမလား”
စနစ်က ပြန်ဖြေသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း.. သူရူးသွားရင် ဒီကမ္ဘာကြီးက ပြိုလဲသွားမှာလေ။ သူက ဒီတိုင်း ကလေးတစ်ယောက်ပဲကို ငိုင်နေတာ သာမန်ပါပဲ”
စနစ်ပြောတာကြားတော့ နင်မုန့်လည်း ပြန်တွေးကြည့်မိလိုက်သည်။
ရှီချီက ဒီကမ္ဘာမှာ အဓိက ဇာတ်ဆောင်ပင် ဆိုတော့ ဒီကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ဦးတည်ပြီးလည်ပတ်နေတာ တကယ်လို့ သူသာရူးသွားရင် ဒီကမ္ဘာကြီးကလည်း သံသယမရှိ ပြိုလဲသွားမှာပင်
ရှီချီက သူမရှေ့မှာတင် ရုတ်တရက် မျက်လုံးတွေ ပွတ်လာတော့သည်။ တအားကို ပြင်းပြင်းထန်ထန်နဲ့လေ
နင်မုန့် သူ့ကိုဆွဲကာ မေးလိုက်သည်။ “မျက်လုံးမနာအောင် ဂရုစိုက်”
တကယ်လို့ ကောင်မလေးတစ်ယောက်သာ ဒီလိုလုပ်ရင် သူမက သေချာပေါက် ချစ်ဖို့ကောင်းပြီး လှနေမှာပင်။
ရှီချီက လက်ကို ဖယ်လိုက်တော့ သူ့မျက်လုံးတွေ အနည်းငယ်နီလို့နေသည်။
ခုနက ဘာလို့ အဲလိုမြင်လိုက်တာလည်း သူခုထိ နားမလည် ဒါပေမဲ့ သူထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်တာတော့သေချာသည်။
သူ့ပတ်လည်က လူတွေကို ကြည့်လိုက်တော့ ဘာမှထူးခြားနေတာမတွေ့ပေ။
ရှီချီက “ဘာမှမဖြစ်ပါဘူး” လို့သာ ပြန်ဖြေလိုက်တေ့ာသည်။
သူတကယ် မှားမြင်တာနေမည်။ သူ့ကိုယ်သူ တွေးလိုက်သည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သံသယတွေ ပြည့်လို့နေသည်။
ဒါရိုက်တာဝမ်က ဘာပြောလိုက်မှန်းတောင် သူ သတိမထားမိလိုက်ပေ။
“အမေ” ရှီရှန်းကျင်းက ခေါ်လာသည်။ “ကျွန်တော်တို့ပြန်သင့်ပြီ”
နင်မုန့် ခြေထောက်တွေ တုန်လာကာ။ “အိုက်ယိုး ငါလည်း တော်တော်အိုနေပြီပဲ သွားမယ် သွားမယ်”
လူတချို့က ကွေ့ပတ်သွားကာ တက္ကသိုလ် အဆောက်အဦးကို ဦးတည်လိုက်ကြသည်။
သူတို့ သွားတဲ့နေရာက စာပေဌာနနဲ့ ဆိုင်တဲ့နေရာပင် ဒီမတော်တဆကြောင့် အဆောက်အဦးကိုလည်း ချိတ်ပိတ်ထားသည်။ ဆိုတော့ တခြားကျောင်းသားတွေက သူတို့အတန်းတက်ဖို့ဆို တခြားအဆောက်ဦးကို သွားရသည်။
ဒီအဆောက်ဦးမှာက ဓာတ်လှေကားမရှိတာမို့ နင်မုန့်လှေကားတက်ရတော့သည်။ သူမ မြေးနဲ့သားက ကူတွဲပေးတာတောင် သေလောက်အောင်ပင်ပန်းသည်။
လူအိုကြီးဖြစ်ရတာ ခက်ခဲလိုက်တာ။
အခင်းဖြစ်တဲ့နေရာအထပ်ကိုနောက်ဆုံးရောက်လာတော့ နင်မုန့်ခြေထောက်တွေတအားတုန်နေပြီပင် သူမ ခုံမှာ နားနေကာ ရှီချီလေးက သူမခြေထောက်ကို နှိပ်ပေးသည်။
သူက အနာဂတ်ကျ ဆိုးဝါးတဲ့လူတစ်ယောက် ဖြစ်လာမလားဆိုတာ မသိတောင် ဒီကလေးရဲ့ လက်ရှိသွင်ပြင်အရ သူမ အဲဒါမျိုးကို မြင်ယောင်ကြည့်လို့မရပေ။
ဒီလို ချစ်ဖို့ကောင်းတဲ့ကလေးလေးက သရဲတွေထောင်ချီကို အမိန့်ပေးနိုင်တဲ့သူဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်။
အတန်းက အဆောင်ထက် အနည်းငယ် ပိုဆိုးပေမဲ့ လူအိုရုံထက်စာရင် တော်သေးသည်ဟု ဆိုရမည်။ ပြီးတော့ နေရာကလည်း တအားကြီးတော့ အမဲရောင်မြူတွေကလည်း တအား ပြွတ်သိပ်မနေချေ။
အတန်းက အရင်တိုင်း အလှဆင်ထားတာတွေရှိဆဲပင် ပွဲတော်တောင် ဆန်နေသလို ဒါပေမဲ့ ဘယ်သူကမှ ဒီလိုအခန်းမျိုးထဲမှာ အဲလို မတော်တဆမျိုးဖြစ်မယ်လို့မထင်နိုင်။
နင်မုန့် သူမရဲ့ အနီးမှုန်နေတဲ့ မျက်လုံးတွေနဲ့ အခန်းကို ကြည့်လိုက်သည်။
ထောင့်မှာ သူမ ရုတ်တရက် အမဲရောင်အရိပ်အလုံးကြီးတစ်လုံးကို မြင်လိုက်ပုံရသည်။။
ဒီအမဲရောင်အရိပ်ကအနည်းငယ် ဝါးနေပြီးတော့ ပုံစံက ဘာလဲဆိုတာ သူမ မဆုံးဖြတ်နိုင် ပြီးတော့ အဲထောင့်မှာ ထိုအရာက ရှုံံ့သွားပြီးတော့ အထဲကလေထုပါးပါးလေးက ပိုတောင် မှောင်မဲနေသလိုဖြစ်သည်။ သူမ ပိုပြီးတော့လည်း သေချာမြင်ရလာသလို။
နင်မုန့်မေးလိုက်သည်။ “အဲဒါက ဘာလဲ”
စနစ်။ “အဲဒါသရဲတစ်ကောင်”
နင်မုန့် တံတွေးမျိုချကာ တချိန်တည်းမှာပဲ သိချင်လာသလို ကြောက်လည်း ကြောက်လာတော့သည်။ သူမ အဲနားကို သွားချင်ပေမဲ့ သွားလည်းမသွားရဲ။
အပြင်မှာ လင်းနေသေးတာကို ဘာလို့ ထောင့်မှာ သရဲတစ်ကောင်က ထိုင်နေရတာလဲ။
သူမ စနစ်ကို “အဲဒါက ဘယ်လိုပုံစံလဲဆိုတာ နင်ငါ့ကို ပြောပြလို့မရဘူးလား…
စနစ်အသံက အားနည်းသွားကာ “သူမ လျှာက တအားကိုရှည်နေတာ ဆွဲကြိုးချသေထားတဲ့သရဲပဲနေမယ်…. သာမန်မိန်းကလေးလို အဝတ်စားမျိုး ဝတ်ထားတယ် အာ သူမလည်း အခု မင်းကို ကြည့်နေတာပဲ”
နင်မုန့် “!!!!”
သူမ အထစ် အထစ်နဲ့ “ဘာ ဘာ ဘာလို့ သူက ငါ့ကို ကြည့်နေတာလဲ”
စနစ်က ခနလောက်တွေးပြီးမှ “ဖြစ်နိုင်တာက မင်းလည်း သူနဲ့တူတူပဲဆိုတာကို အာရုံခံမိလို့ မင်းနဲ့သူငယ်ချင်း ဖြစ်ချင်တာ နေမှာပေါ့”
နင်မုန့် “အမှိုက်စနစ်”
သူမ လက်ရှိ လူတစ်ယောက်လေ လျှာအရှည်ကြီး တွဲလွဲကျနေတဲ့ သရဲတစ်ကောင်နဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူးနော်။ ပြောရမှာတောင် ကြောက်စရာကြီး….
ဒါရိုက်တာဝမ်က သင်ပုန်းကို ညွှန်ပြကာ “ဒါက ကျွန်တော်တို့ ရှာတွေ့တဲ့နေရာပါ ကြိုးက တအားပါးပြီးတော့ အလံငယ်လေးတွေ ချိတ်ဖို့ပဲ သုံးတာပါ ရဲတွေ အလောင်းကို ချလိုက်တာနဲ့ ကြိုးက ချက်ချင်းပြတ်သွားတာ”
အဲတုန်းက ရဲတွေ ကြောင်သွားတာကိုတောင် သူတွေ့လိုက်သေးသည်။ ပြီးတော့ အဲလိုကြိုးမျိုးက လူကြီးတစ်ယောက်ရဲ့ အလေးချိန်ကိုတောင် သယ်နိုင်တာမျိုးမဟုတ်ချေ။
အပြင်စတိုးဆိုင်မှာ ရောင်းတဲ့ သာမန်ရောင်စုံကြိုးလေးပဲလေ တောင်တက်တဲ့ကြိုးလိုမျိုးတောင် မဟုတ်တာကြီး ဆိုတော့ တစ်ခုခု မူမမှန်ဘူးဆိုတာ နေ့ခင်းလို ရှင်းလင်းနေတာ။
ဒါပေမဲ့လည်း ကြိုးက လူ အလေးချိတ်ကို မဆွဲနိုင်ဘူးလို့ ဘယ်လိုပဲပြောပြော လူတိုင်း တုလီက အဲကြိုးနဲ့ တွဲလွဲ ချိတ်ခံထားရတာကို မြင်ထားရသည်။
“မစ္စတာ ရှီ” ဒါရိုက်တာဝမ်က ခေါ်လာပြီး “တစ်ခုခုအသစ်ရှာတွေ့တာများရှိလား”
သူပြောလို့ ငြိမ်သွားချိန်မှာပဲ ရှီရှန်းကျင်းက သူ့ရှေ့ကို လှည့်ကာ အိတ်ကပ်ထဲက ပစ္စည်းတစ်ခုကိုယူပြီး ထောင့်ကို ပစ်လိုက်တော့သည်။
ဒါရိုက်တာဝမ်က ကြောင်သွားတော့သည်။ ထိုပစ္စည်းက တစ်ခုခုကို ထိပြီး မြေကြီးပေါ်ကျသွားတာကို ကြည့်နေခဲ့သည်။
ဒါပေမဲ့ နင်မုန့်ကတော့ ကျယ်လောင်စွာ အော်လိုက်သံကို ကြားလိုက်ရသည်။
ထိုအသံက ထိုနေရာက တွဲလွဲ သရဲက သူမ အကြီးဆုံးသားကို ကြောက်နေတဲ့အသံပင်
ထိုမှသာ သူမ စိတ်အေးသွားတော့သည်။ သူမ သားရဲ့မျက်လုံးက တအားကြီး အထောက်အကူ မပေးနိုင်ပေမဲ့ အနည်းဆုံးတော့ သရဲဖမ်းနိုင်သေးသည်။
ရှီရှန်းကျင်းအေးစက်စွာပြောလိုက်တာကို လူတိုင်းကြားလိုက်ရသည်။ “ဒီကိုလာခဲ့”
တခြားလူတွေက မမြင်နိုင်ပေမဲ့ နင်မုန့်ကနေ အကုန်သေချာမြင်နေရသည်။ အဲအမဲရောင်အလုံးက သူမ သားအကြီးဆုံးရှေ့ကို ဖြည်းဖြည်းချင်း ရောက်လာခဲ့သည်။
သူမ မျက်လုံးတွေကောင်းကောင်းအလုပ်မဖြစ်တာ ဆိုးတာပင် သူ့သွင်ပြင်ကိုသေချာမမြင်ရဘူးလေ။
ဒါရိုက်တာဝမ်က နောက်ကိုခြေလှမ်း အနည်းငယ်ဆုတ်ကာ။ “မစ္စတာရှီ ဘယ်သူ့ကို ပြောနေတာလဲဟင်..”
သူနဲ့ လျိုကျီ ဘေးကို ကြည့်ပြီး အကြည့်ချင်းဖလှယ်ကာ သူတို့ဆံပင်တွေတောင် ပြိုင်တူ ထောင်ကုန်ကြပုံရသည်။။
ရှီရှန်းကျင်းက “ခင်ဗျားကိုပြောတာ မဟုတ်ဘူး”
ရှီရှန်းကျင်းရှေ့က ထိုအမဲလုံးက သူ့ရှေ့မှာလာရပ်တော့ သူက မမြင်နိုင်ပေမဲ့ သိနေသလို အေးစက်စွာမေးလိုက်သည်။ “မင်းဘယ်သူလဲ”
နင်မုန့်က အဝေးမှာ ရပ်နေတာမို့ သေချာရှင်းရှင်းလင်းလင်းမကြားရပေမဲ့ တချို့စကားတွေကိုတော့ ကြားနိုင်သေးသည်။
စနစ်က သူမကို ဖြေပေးလာသည်။ “တုလီပဲ အဲဒါ”
နင်မုန့် အံအားသင့်သွားတော့သည်။ သရဲက ကလောင်နတ်သမီး သတ်တာခံထားရတဲ့ တုလီဖြစ်နေမယ်လို့ သူမ မထင်ထား သူမ သေတဲ့ ဆိုးဝါးတဲ့ပုံစံကိုတောင် သူမခုထိ မမေ့နိုင်သေးပေ။
ရှီချီက ရုတ်တရက် သူမ လက်ကို ဆွဲလာသည်။
ငုံ့ကာ သူပြောတာကို နားထောင်ပေးလိုက်တော့ သူက “အဘွား.. အခု တစ်ယောက်ယောက် စကားပြောနေတာကို ကြားလိုက်သေးလား”
ရှီချီ မျက်နှာသေးသေးလေးက ဘောလုံးလေးလို တွ့န်လာတော့သည်။
သူ့ဦးလေး စကားပြောနေတာကို မြင်ရပြီး သူ့နားမှာ ဘယ်သူမရှိတာကိုလည်း သိပေမဲ့ တစ်ခုခုကို ကြားနေပုံရသည်။ သေချာတော့ မကြားရပေမဲ့ပေါ့။
နင်မုန့်က ပျော်သွားကာ “ဘာကြားတာလဲ”
ရှီချီက နှုတ်ခမ်းလေးကိုက်ကာ “သေချာ.. မကြားရဘူး”
စနစ်က သက်ပြင်းချကာ “တကယ်လို့ သူ့ယင်ယန်မျက်လုံးတွေ မဖွင့်ရသေးရင် ဘာတွေဖြစ်လဲဆိုတာ သိမှာမဟုတ်ဘူး ဒါပေမဲ့ သူ့တည်ဆောက်ပုံက ထူးခြားတာမို့ သူအာရုံံခံနိုင်နေတာ”
နင်မုန့်က သူ့မျက်နှာလေးကို ထိကာ “နားကြားမှားတာပဲနေမှာ အဘွားဘာသာ စကားးပြောနေတာ ခုနက”
သူမ ထိုသို့ပြောလိုက်ပေမဲ့ ရှီချီက မယုံနိုင်သေးပေ။
တစ်ဖက်မှာတော့ တစ်ခုခုကြားပြီး ရှီရှန်းကျင်းက ရုတ်တရက် ဒါရိုက်တာဝမ်ဘက်ကို လှည့်ကာ “တုလီ ခန္ဓာကိုယ် ခုထိရှိသေးလား”
ဒါရိုက်တာဝမ်ရဲ့ ကိုယ်က လက်ရှိ တအားအေးစက်နေတော့သည်။ စိတ်ထဲမှာတော့ သူလေးစားသလို မစ္စတာရှီကို ကြောက်လည်းကြောက်တာကြောင့်။ “အလောင်းခွဲစိတ်တဲ့ စင်တာမှာပဲရှိသေးတယ်”
ရဲတွေက သူမ သေဆုံးရခြင်းကို သတ်သေတာလို့ ကောက်ချက်ချလိုက်ပေမဲ့ သံသယဖြစ်စရာ အချက်တွေ ရှိနေသေးတာမို့ စုံစမ်းနေဆဲပင်။
သူထိုသို့ပြောလိုက်ချိန်မှာပဲ နင်မုန့် ကြည့်နေတဲ့ အမဲရောင် အလုံးကြီးက ရုတ်တရက် ထလာပြီး တွန့်လိမ်သွားတာကို တွေ့လိုက်ရတော့သည်။
နောက်ကိုခြေလှမ်းတချို့ ဆုတ်ကာ မေးလိုက်သည်။ “သူ ဘာလိုချင်နေတာလဲ”
စနစ်က ပြန်ဖြေသည်။ “အို့.. သူဒေါသထွက်သွားတာ သူ့အလောင်းက ခွဲစိတ်ခံနေရတုန်းဆိုတာ သိလို့ စိတ်တိုနေတာ”
‘အဓိပ္ပာယ်တော့ရှိသားပဲ’ နင်မုန့် တွေးလိုက်မိသည်။
ရှီရှန်းကျင်း တုလီရဲ့အမဲရောင်အရိပ်ကို လက်တစ်ဖက်ထုတ်ပြီး ရိုက်လိုက်တော့ သူမက နောက်ပြန်ဆုတ်သွားကာ ကြမ်းပြင်ပေါ်မှာ ဘောလုံးတစ်လုံးလိုမျိုး စကားတချို့ ရေရွတ်နေတော့သည်။
ဒါရိုက်တာဝမ်ဘက် ပြန်လှည့်လာကာ “သူမ ပြောတယ် သူမကိုသတ်တဲ့သူက အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေး သရဲတစ်ယောက်တဲ့”
ဒါရိုက်တာဝမ် မယုံသင်္ကာဖြစ်သွားတော့သည်။ မျက်လုံးလည်း ပြူးလာကာ တော်တော်ကြာတဲ့ထိ ဘာစကားမှ ထွက်မလာတော့ပေ။
ဒီသတင်းရဲ့ သက်ရောက်မှုက ကြီးမားလွန်းလှသည်။ ကံကောင်းချင်တော့ ဘေးက လျိုကျီက အရင်အသိဝင်လာကာ အထစ် အထစ် နဲ့။ “ဘယ် ဘယ် ဘယ် ဘယ်သူလဲ သူမက”
ရှီရှန်းကျင်းက သူတို့ကို အရူးတွေလိုကြည့်ကာ “တုလီ”
“တု တု တု လီ” ဘန်း ဆိုတဲ့ အသံတစ်သံ ထွက်လာပြီး ဒါရိုက်တာဝမ်က ကြမ်းပြင်ပေါ်လဲကျသွားကာ ပြန်နိုးမလာတော့ပေ။
လျိုကျီ မျက်နှာကလည်း ဖြူစုတ်နေသလို တော်တော်ကြာတဲ့ထိကို ဘာစကားမှမပြောနိုင်တော့ပေ။
တုလီကလည်း ဒုက္ခပေးမယ့် ရည်ရွယ်ချက်မျိုး မရှိသလို သူမ သားကလည်းရှိနေတာကို မြင်တော့ နင်မုန့် ခနလောက်တွေးပြီးမှ သွားဖို့ ဆုံးဖြတ်လိုက်သလို ရှီချီကလည်း သူမ နောက်ကနေ လိုက်လာခဲ့သည်။
သူမခြေထောက်တွေက ချိနဲ့နေတာမို့ လမ်းလျှောက်နှုန်းကလည်း တအားကို နှေးနေသည်။ ရှီချီက သူမထက် အနည်းငယ် ပိုမြန်နေသေးသည်။ ဒါပေမဲ့ သူမ ဒီတိုင်းကြည့်နေသလို ကောင်လေးကလည်း အမဲရောင်အရိပ်ဖမ်းတာ ခံလိုက်ရပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
တစ်ခုခု ကြောက်လန့်စရာ တွေ့လိုက်သလိုမျိုး အမဲရောင်အရိပ်က ချက်ချင်း အော်ဟစ်ကာ ကျုံ့သွားတော့သည်။ ဒါပေမဲ့ ရှီရှန်းကျင်း တည်ရှိမှုကြောင့် မထွက်ပြေးရဲပေ။
ရှီချီ အမြန်ပြန်ထလိုက်သည်။
ခေါင်းမော့ကာ ပတ်လည်ကို ကြည့်လိုက်ပြီး သူ့အဘွားက ဘေးမှာရပ်ကာ ရယ်နေတာကို မြင်လိုက်ရသည်။ သူမ မျက်လုံးတွေ မှေးထားတာများ မြင်တောင်မမြင်ရတဲ့ထိ။
သူလည်း မျက်နှာရဲသွားကာ နောက်ဆုံးတော့ ကလေးတစ်ယောက်ရှိသင့်တဲ့ အမူအရာမျိုး ရှိလာခဲ့ပြီပင်။
ရှီရှန်းကျင်းက သူ့ခြေထောက်အောက်ကို ကြည့်ကာ သရဲက ဘယ်လိုလဲဆိုတာ မမြင်ရပေမဲ့ ခံစားလို့ရပုံပင်။
ရှီချီက သူမကို ထိနိုင်ရုံတင်မဟုတ် သရဲက သူ့ကို တအားကြောက်နေတာကို ရှီရှန်းကျင်းမြင်နေရသည်။ သူ့မှာ တခြားထူးခြားတဲ့ စွမ်းရည်များ ရှိနေသေးတာလား။
စာကြည့်ခန်းထဲမှာ အရင်က ဖြစ်ခဲ့တာကို တွေးမိပြီး ရှီရှန်းကျင်း ဒီကောင်လေးက သူ ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာကို ခံစားလိုက်မိသည်။
“မင်းက ဘယ်လိုအဘွားမျိုးလဲ တအားကြောက်ဖို့ကောင်းတာပဲ” စနစ်က ပြောလာသည်။
နင်မုန့် ရယ်လို့ရတာ့မှ စနစ်ကို လျစ်လျုရှုကာ ရှီချီကို “အိုက်ယိုး.. ငါ့ရဲ့၁၇လေး အဘွားကြည့်ပါရစေဦး ဘယ်နားလဲသွားတာလဲ နာလား”
ရှီချီက တအားချစ်ဖို့ကောင်းတာမို့ သူမ အပြုံးကိုဖိနှိပ်မထားနိုင်ပေ။
နောင်ကျ အံဩဖွယ်အဓိကဇာတ်ဆောင် ဖြစ်လာမယ့် သူက လက်ရှိ ကလေးသေးသေးလေး ဖြစ်နေတာ ရှက်နေတာလေးကို တွေးမိပြီး သူမ ပူဆွေးသွားမိသည်။
ရှီချီလေးက သူ့အဝတ်စားထောင့်လေးကို ဆုတ်ကာ မျက်နှာလေးက ခရမ်းချဉ်သီးလို ရဲတွတ်နေတော့သည်။ လျှောက်သွားပြီး သူ့ကိုယ်သူတွေးမိတာက ‘အဘွား အဘွားနှုတ်ခမ်းထောင့်တွေ ကွေးနေတာကို သားမမြင်ဘူးများ ထင်နေတာလား’
လူတိုင်း သူတို့အတွေးကိုယ်စီနဲ့ ရှီရှန်းကျင်းကလည်း လက်ရှိ ရှီချီ သူ့ကိုယ်မှာ တစ်ခုခုရှိနေပြီးတော့ အဲအရာကလည်း တုလီကိုယ်ကို သူထိလို့ရအောင် လုပ်ပေးထားတယ်ဆိုတာပင်။
ဒါပေမဲ့ အမှန်တရားက ရှီချီက သူမကို တကယ်ထိလို့ရနေသည်။
သူနဲ့ ဘာမှသယ်ထားတာမဟုတ်ပေ။
-
ငါ့မှာ အဘွားတစ်ယောက်ရှိတယ်။
သူက ငါ့ကို နှိပ်ပေးရတာတင် ကြိုက်တာ မဟုတ်ဘူး။
ငါလဲကျတာကို ကြည့်ရတာလည်း ကြိုက်သေးတယ်။
—-ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—-
---
Zawgyi
အခန္း ၁၁ အိုက္ယိုး ငါ့ေျမးေလး
ရွီခ်ီ ေသခ်ာျမင္လိုက္ရသည္။
သူတို႔ အေဆာက္အဦးကထြက္လာခ်ိန္မွာပဲ ရာသီဥတုက နည္းနည္းပူေနတာေၾကာင့္ အဘြားက သူ႕လက္ကို လႊတ္လိုက္ၿပီး ေနာက္မွာ ေျခလွမ္းႏွစ္လွမ္းစာေလာက္ေနာက္က် က်န္ေနခဲ့သည္။
ၿပီးေတာ့ ဒီေျခလွမ္းႏွစ္လွမ္းစာေလာက္ အကြာအေဝးေၾကာင့္ အဘြားက ေနေရာင္ထဲ ရွိေနတာေတာင္ ရွီခ်ီ သူမ ကိုယ္ေလးမႈန္ဝါးဝါးျဖစ္ေနတာကိုျမင္လိုက္ရေတာ့သည္။
ထိုအခ်ိန္ သူမ တစ္ကိုယ္လုံးက ဝါးေနၿပီး သူ တီဗီထဲမွာ ျမင္ဖူးသလို အေျပာက္အကြက္လိုပုံစံမ်ိဳး ျဖစ္လို႔ေနသည္။
ဒါေပမဲ့ လ်င္ျမန္စြာပင္ သူ မ်က္ေတာင္ခတ္လိုက္ခ်ိန္မွာပဲ သူခုနကျမင္ထားသမွ်က ထင္ေယာင္ထင္မွား ျဖစ္ေနသလို အကုန္လုံး သာမန္ျပန္ျဖစ္သြားေတာ့သည္။
နင္မုန႔္ သူ အေတြးနက္ေနတာ ျမင္လိုက္ရသည္။ သူ႕ကိုေခၚတာေတာင္ အသိဝင္မလာခဲ့ သူမလည္း မေနနိုင္ေတာ့ဘဲ စနစ္ကို။ “အဲႂကြက္ေပါက္ေလး ဘာျဖစ္ေနတာလဲ သူ႐ူးသြားတာေတာ့ မဟုတ္ဘူးမလား”
စနစ္က ျပန္ေျဖသည္။ “ဘယ္လိုလုပ္ ျဖစ္နိုင္မွာတုန္း.. သူ႐ူးသြားရင္ ဒီကမာၻႀကီးက ၿပိဳလဲသြားမွာေလ။ သူက ဒီတိုင္း ကေလးတစ္ေယာက္ပဲကို ငိုင္ေနတာ သာမန္ပါပဲ”
စနစ္ေျပာတာၾကားေတာ့ နင္မုန႔္လည္း ျပန္ေတြးၾကည့္မိလိုက္သည္။
ရွီခ်ီက ဒီကမာၻမွာ အဓိက ဇာတ္ေဆာင္ပင္ ဆိုေတာ့ ဒီကမာၻႀကီးတစ္ခုလုံးက သူ႕ကို ဦးတည္ၿပီးလည္ပတ္ေနတာ တကယ္လို႔ သူသာ႐ူးသြားရင္ ဒီကမာၻႀကီးကလည္း သံသယမရွိ ၿပိဳလဲသြားမွာပင္
ရွီခ်ီက သူမေရွ႕မွာတင္ ႐ုတ္တရက္ မ်က္လုံးေတြ ပြတ္လာေတာ့သည္။ တအားကို ျပင္းျပင္းထန္ထန္နဲ႕ေလ
နင္မုန႔္ သူ႕ကိုဆြဲကာ ေမးလိုက္သည္။ “မ်က္လုံးမနာေအာင္ ဂ႐ုစိုက္”
တကယ္လို႔ ေကာင္မေလးတစ္ေယာက္သာ ဒီလိုလုပ္ရင္ သူမက ေသခ်ာေပါက္ ခ်စ္ဖို႔ေကာင္းၿပီး လွေနမွာပင္။
ရွီခ်ီက လက္ကို ဖယ္လိုက္ေတာ့ သူ႕မ်က္လုံးေတြ အနည္းငယ္နီလို႔ေနသည္။
ခုနက ဘာလို႔ အဲလိုျမင္လိုက္တာလည္း သူခုထိ နားမလည္ ဒါေပမဲ့ သူထင္ေယာင္ထင္မွား ျဖစ္တာ မဟုတ္တာေတာ့ေသခ်ာသည္။
သူ႕ပတ္လည္က လူေတြကို ၾကည့္လိုက္ေတာ့ ဘာမွထူးျခားေနတာမေတြ႕ေပ။
ရွီခ်ီက “ဘာမွမျဖစ္ပါဘူး” လို႔သာ ျပန္ေျဖလိုက္ေတ့ာသည္။
သူတကယ္ မွားျမင္တာေနမည္။ သူ႕ကိုယ္သူ ေတြးလိုက္သည္။ ဒါေပမဲ့ သူ႕စိတ္ထဲမွာေတာ့ သံသယေတြ ျပည့္လို႔ေနသည္။
ဒါရိုက္တာဝမ္က ဘာေျပာလိုက္မွန္းေတာင္ သူ သတိမထားမိလိုက္ေပ။
“အေမ” ရွီရွန္းက်င္းက ေခၚလာသည္။ “ကြၽန္ေတာ္တို႔ျပန္သင့္ၿပီ”
နင္မုန႔္ ေျခေထာက္ေတြ တုန္လာကာ။ “အိုက္ယိုး ငါလည္း ေတာ္ေတာ္အိုေနၿပီပဲ သြားမယ္ သြားမယ္”
လူတခ်ိဳ႕က ေကြ႕ပတ္သြားကာ တကၠသိုလ္ အေဆာက္အဦးကို ဦးတည္လိုက္ၾကသည္။
သူတို႔ သြားတဲ့ေနရာက စာေပဌာနနဲ႕ ဆိုင္တဲ့ေနရာပင္ ဒီမေတာ္တဆေၾကာင့္ အေဆာက္အဦးကိုလည္း ခ်ိတ္ပိတ္ထားသည္။ ဆိုေတာ့ တျခားေက်ာင္းသားေတြက သူတို႔အတန္းတက္ဖို႔ဆို တျခားအေဆာက္ဦးကို သြားရသည္။
ဒီအေဆာက္ဦးမွာက ဓာတ္ေလွကားမရွိတာမို႔ နင္မုန႔္ေလွကားတက္ရေတာ့သည္။ သူမ ေျမးနဲ႕သားက ကူတြဲေပးတာေတာင္ ေသေလာက္ေအာင္ပင္ပန္းသည္။
လူအိုႀကီးျဖစ္ရတာ ခက္ခဲလိုက္တာ။
အခင္းျဖစ္တဲ့ေနရာအထပ္ကိုေနာက္ဆုံးေရာက္လာေတာ့ နင္မုန႔္ေျခေထာက္ေတြတအားတုန္ေနၿပီပင္ သူမ ခုံမွာ နားေနကာ ရွီခ်ီေလးက သူမေျခေထာက္ကို ႏွိပ္ေပးသည္။
သူက အနာဂတ္က် ဆိုးဝါးတဲ့လူတစ္ေယာက္ ျဖစ္လာမလားဆိုတာ မသိေတာင္ ဒီကေလးရဲ႕ လက္ရွိသြင္ျပင္အရ သူမ အဲဒါမ်ိဳးကို ျမင္ေယာင္ၾကည့္လို႔မရေပ။
ဒီလို ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးက သရဲေတြေထာင္ခ်ီကို အမိန့္ေပးနိုင္တဲ့သူဆိုတာ ဘယ္သူမွ ယုံမွာမဟုတ္။
အတန္းက အေဆာင္ထက္ အနည္းငယ္ ပိုဆိုးေပမဲ့ လူအို႐ုံထက္စာရင္ ေတာ္ေသးသည္ဟု ဆိုရမည္။ ၿပီးေတာ့ ေနရာကလည္း တအားႀကီးေတာ့ အမဲေရာင္ျမဴေတြကလည္း တအား ႁပြတ္သိပ္မေနေခ်။
အတန္းက အရင္တိုင္း အလွဆင္ထားတာေတြရွိဆဲပင္ ပြဲေတာ္ေတာင္ ဆန္ေနသလို ဒါေပမဲ့ ဘယ္သူကမွ ဒီလိုအခန္းမ်ိဳးထဲမွာ အဲလို မေတာ္တဆမ်ိဳးျဖစ္မယ္လို႔မထင္နိုင္။
နင္မုန႔္ သူမရဲ႕ အနီးမႈန္ေနတဲ့ မ်က္လုံးေတြနဲ႕ အခန္းကို ၾကည့္လိုက္သည္။
ေထာင့္မွာ သူမ ႐ုတ္တရက္ အမဲေရာင္အရိပ္အလုံးႀကီးတစ္လုံးကို ျမင္လိုက္ပုံရသည္။။
ဒီအမဲေရာင္အရိပ္ကအနည္းငယ္ ဝါးေနၿပီးေတာ့ ပုံစံက ဘာလဲဆိုတာ သူမ မဆုံးျဖတ္နိုင္ ၿပီးေတာ့ အဲေထာင့္မွာ ထိုအရာက ရႈံံ့သြားၿပီးေတာ့ အထဲကေလထုပါးပါးေလးက ပိုေတာင္ ေမွာင္မဲေနသလိုျဖစ္သည္။ သူမ ပိုၿပီးေတာ့လည္း ေသခ်ာျမင္ရလာသလို။
နင္မုန႔္ေမးလိုက္သည္။ “အဲဒါက ဘာလဲ”
စနစ္။ “အဲဒါသရဲတစ္ေကာင္”
နင္မုန႔္ တံေတြးမ်ိဳခ်ကာ တခ်ိန္တည္းမွာပဲ သိခ်င္လာသလို ေၾကာက္လည္း ေၾကာက္လာေတာ့သည္။ သူမ အဲနားကို သြားခ်င္ေပမဲ့ သြားလည္းမသြားရဲ။
အျပင္မွာ လင္းေနေသးတာကို ဘာလို႔ ေထာင့္မွာ သရဲတစ္ေကာင္က ထိုင္ေနရတာလဲ။
သူမ စနစ္ကို “အဲဒါက ဘယ္လိုပုံစံလဲဆိုတာ နင္ငါ့ကို ေျပာျပလို႔မရဘူးလား…
စနစ္အသံက အားနည္းသြားကာ “သူမ လွ်ာက တအားကိုရွည္ေနတာ ဆြဲႀကိဳးခ်ေသထားတဲ့သရဲပဲေနမယ္…. သာမန္မိန္းကေလးလို အဝတ္စားမ်ိဳး ဝတ္ထားတယ္ အာ သူမလည္း အခု မင္းကို ၾကည့္ေနတာပဲ”
နင္မုန႔္ “!!!!”
သူမ အထစ္ အထစ္နဲ႕ “ဘာ ဘာ ဘာလို႔ သူက ငါ့ကို ၾကည့္ေနတာလဲ”
စနစ္က ခနေလာက္ေတြးၿပီးမွ “ျဖစ္နိုင္တာက မင္းလည္း သူနဲ႕တူတူပဲဆိုတာကို အာ႐ုံခံမိလို႔ မင္းနဲ႕သူငယ္ခ်င္း ျဖစ္ခ်င္တာ ေနမွာေပါ့”
နင္မုန႔္ “အမွိုက္စနစ္”
သူမ လက္ရွိ လူတစ္ေယာက္ေလ လွ်ာအရွည္ႀကီး တြဲလြဲက်ေနတဲ့ သရဲတစ္ေကာင္နဲ႕ သူငယ္ခ်င္း မျဖစ္ခ်င္ပါဘူးေနာ္။ ေျပာရမွာေတာင္ ေၾကာက္စရာႀကီး….
ဒါရိုက္တာဝမ္က သင္ပုန္းကို ၫႊန္ျပကာ “ဒါက ကြၽန္ေတာ္တို႔ ရွာေတြ႕တဲ့ေနရာပါ ႀကိဳးက တအားပါးၿပီးေတာ့ အလံငယ္ေလးေတြ ခ်ိတ္ဖို႔ပဲ သုံးတာပါ ရဲေတြ အေလာင္းကို ခ်လိဳက္တာနဲ႕ ႀကိဳးက ခ်က္ခ်င္းျပတ္သြားတာ”
အဲတုန္းက ရဲေတြ ေၾကာင္သြားတာကိုေတာင္ သူေတြ႕လိုက္ေသးသည္။ ၿပီးေတာ့ အဲလိုႀကိဳးမ်ိဳးက လူႀကီးတစ္ေယာက္ရဲ႕ အေလးခ်ိန္ကိုေတာင္ သယ္နိုင္တာမ်ိဳးမဟုတ္ေခ်။
အျပင္စတိုးဆိုင္မွာ ေရာင္းတဲ့ သာမန္ေရာင္စုံႀကိဳးေလးပဲေလ ေတာင္တက္တဲ့ႀကိဳးလိုမ်ိဳးေတာင္ မဟုတ္တာႀကီး ဆိုေတာ့ တစ္ခုခု မူမမွန္ဘူးဆိုတာ ေန႕ခင္းလို ရွင္းလင္းေနတာ။
ဒါေပမဲ့လည္း ႀကိဳးက လူ အေလးခ်ိတ္ကို မဆြဲနိုင္ဘူးလို႔ ဘယ္လိုပဲေျပာေျပာ လူတိုင္း တုလီက အဲႀကိဳးနဲ႕ တြဲလြဲ ခ်ိတ္ခံထားရတာကို ျမင္ထားရသည္။
“မစၥတာ ရွီ” ဒါရိုက္တာဝမ္က ေခၚလာၿပီး “တစ္ခုခုအသစ္ရွာေတြ႕တာမ်ားရွိလား”
သူေျပာလို႔ ၿငိမ္သြားခ်ိန္မွာပဲ ရွီရွန္းက်င္းက သူ႕ေရွ႕ကို လွည့္ကာ အိတ္ကပ္ထဲက ပစၥည္းတစ္ခုကိုယူၿပီး ေထာင့္ကို ပစ္လိုက္ေတာ့သည္။
ဒါရိုက္တာဝမ္က ေၾကာင္သြားေတာ့သည္။ ထိုပစၥည္းက တစ္ခုခုကို ထိၿပီး ေျမႀကီးေပၚက်သြားတာကို ၾကည့္ေနခဲ့သည္။
ဒါေပမဲ့ နင္မုန႔္ကေတာ့ က်ယ္ေလာင္စြာ ေအာ္လိုက္သံကို ၾကားလိုက္ရသည္။
ထိုအသံက ထိုေနရာက တြဲလြဲ သရဲက သူမ အႀကီးဆုံးသားကို ေၾကာက္ေနတဲ့အသံပင္
ထိုမွသာ သူမ စိတ္ေအးသြားေတာ့သည္။ သူမ သားရဲ႕မ်က္လုံးက တအားႀကီး အေထာက္အကူ မေပးနိုင္ေပမဲ့ အနည္းဆုံးေတာ့ သရဲဖမ္းနိုင္ေသးသည္။
ရွီရွန္းက်င္းေအးစက္စြာေျပာလိုက္တာကို လူတိုင္းၾကားလိုက္ရသည္။ “ဒီကိုလာခဲ့”
တျခားလူေတြက မျမင္နိုင္ေပမဲ့ နင္မုန႔္ကေန အကုန္ေသခ်ာျမင္ေနရသည္။ အဲအမဲေရာင္အလုံးက သူမ သားအႀကီးဆုံးေရွ႕ကို ျဖည္းျဖည္းခ်င္း ေရာက္လာခဲ့သည္။
သူမ မ်က္လုံးေတြေကာင္းေကာင္းအလုပ္မျဖစ္တာ ဆိုးတာပင္ သူ႕သြင္ျပင္ကိုေသခ်ာမျမင္ရဘူးေလ။
ဒါရိုက္တာဝမ္က ေနာက္ကိုေျခလွမ္း အနည္းငယ္ဆုတ္ကာ။ “မစၥတာရွီ ဘယ္သူ႕ကို ေျပာေနတာလဲဟင္..”
သူနဲ႕ လ်ိဳက်ီ ေဘးကို ၾကည့္ၿပီး အၾကည့္ခ်င္းဖလွယ္ကာ သူတို႔ဆံပင္ေတြေတာင္ ၿပိဳင္တူ ေထာင္ကုန္ၾကပုံရသည္။။
ရွီရွန္းက်င္းက “ခင္ဗ်ားကိုေျပာတာ မဟုတ္ဘူး”
ရွီရွန္းက်င္းေရွ႕က ထိုအမဲလုံးက သူ႕ေရွ႕မွာလာရပ္ေတာ့ သူက မျမင္နိုင္ေပမဲ့ သိေနသလို ေအးစက္စြာေမးလိုက္သည္။ “မင္းဘယ္သူလဲ”
နင္မုန႔္က အေဝးမွာ ရပ္ေနတာမို႔ ေသခ်ာရွင္းရွင္းလင္းလင္းမၾကားရေပမဲ့ တခ်ိဳ႕စကားေတြကိုေတာ့ ၾကားနိုင္ေသးသည္။
စနစ္က သူမကို ေျဖေပးလာသည္။ “တုလီပဲ အဲဒါ”
နင္မုန႔္ အံအားသင့္သြားေတာ့သည္။ သရဲက ကေလာင္နတ္သမီး သတ္တာခံထားရတဲ့ တုလီျဖစ္ေနမယ္လို႔ သူမ မထင္ထား သူမ ေသတဲ့ ဆိုးဝါးတဲ့ပုံစံကိုေတာင္ သူမခုထိ မေမ့နိုင္ေသးေပ။
ရွီခ်ီက ႐ုတ္တရက္ သူမ လက္ကို ဆြဲလာသည္။
ငုံ႕ကာ သူေျပာတာကို နားေထာင္ေပးလိုက္ေတာ့ သူက “အဘြား.. အခု တစ္ေယာက္ေယာက္ စကားေျပာေနတာကို ၾကားလိုက္ေသးလား”
ရွီခ်ီ မ်က္ႏွာေသးေသးေလးက ေဘာလုံးေလးလို တြ႕န္လာေတာ့သည္။
သူ႕ဦးေလး စကားေျပာေနတာကို ျမင္ရၿပီး သူ႕နားမွာ ဘယ္သူမရွိတာကိုလည္း သိေပမဲ့ တစ္ခုခုကို ၾကားေနပုံရသည္။ ေသခ်ာေတာ့ မၾကားရေပမဲ့ေပါ့။
နင္မုန႔္က ေပ်ာ္သြားကာ “ဘာၾကားတာလဲ”
ရွီခ်ီက ႏႈတ္ခမ္းေလးကိုက္ကာ “ေသခ်ာ.. မၾကားရဘူး”
စနစ္က သက္ျပင္းခ်ကာ “တကယ္လို႔ သူ႕ယင္ယန္မ်က္လုံးေတြ မဖြင့္ရေသးရင္ ဘာေတြျဖစ္လဲဆိုတာ သိမွာမဟုတ္ဘူး ဒါေပမဲ့ သူ႕တည္ေဆာက္ပုံက ထူးျခားတာမို႔ သူအာ႐ုံံခံနိုင္ေနတာ”
နင္မုန႔္က သူ႕မ်က္ႏွာေလးကို ထိကာ “နားၾကားမွားတာပဲေနမွာ အဘြားဘာသာ စကားးေျပာေနတာ ခုနက”
သူမ ထိုသို႔ေျပာလိုက္ေပမဲ့ ရွီခ်ီက မယုံနိုင္ေသးေပ။
တစ္ဖက္မွာေတာ့ တစ္ခုခုၾကားၿပီး ရွီရွန္းက်င္းက ႐ုတ္တရက္ ဒါရိုက္တာဝမ္ဘက္ကို လွည့္ကာ “တုလီ ခႏၶာကိုယ္ ခုထိရွိေသးလား”
ဒါရိုက္တာဝမ္ရဲ႕ ကိုယ္က လက္ရွိ တအားေအးစက္ေနေတာ့သည္။ စိတ္ထဲမွာေတာ့ သူေလးစားသလို မစၥတာရွီကို ေၾကာက္လည္းေၾကာက္တာေၾကာင့္။ “အေလာင္းခြဲစိတ္တဲ့ စင္တာမွာပဲရွိေသးတယ္”
ရဲေတြက သူမ ေသဆုံးရျခင္းကို သတ္ေသတာလို႔ ေကာက္ခ်က္ခ်လိဳက္ေပမဲ့ သံသယျဖစ္စရာ အခ်က္ေတြ ရွိေနေသးတာမို႔ စုံစမ္းေနဆဲပင္။
သူထိုသို႔ေျပာလိုက္ခ်ိန္မွာပဲ နင္မုန႔္ ၾကည့္ေနတဲ့ အမဲေရာင္ အလုံးႀကီးက ႐ုတ္တရက္ ထလာၿပီး တြန့္လိမ္သြားတာကို ေတြ႕လိုက္ရေတာ့သည္။
ေနာက္ကိုေျခလွမ္းတခ်ိဳ႕ ဆုတ္ကာ ေမးလိုက္သည္။ “သူ ဘာလိုခ်င္ေနတာလဲ”
စနစ္က ျပန္ေျဖသည္။ “အို႔.. သူေဒါသထြက္သြားတာ သူ႕အေလာင္းက ခြဲစိတ္ခံေနရတုန္းဆိုတာ သိလို႔ စိတ္တိုေနတာ”
‘အဓိပၸာယ္ေတာ့ရွိသားပဲ’ နင္မုန႔္ ေတြးလိုက္မိသည္။
ရွီရွန္းက်င္း တုလီရဲ႕အမဲေရာင္အရိပ္ကို လက္တစ္ဖက္ထုတ္ၿပီး ရိုက္လိုက္ေတာ့ သူမက ေနာက္ျပန္ဆုတ္သြားကာ ၾကမ္းျပင္ေပၚမွာ ေဘာလုံးတစ္လုံးလိုမ်ိဳး စကားတခ်ိဳ႕ ေရ႐ြတ္ေနေတာ့သည္။
ဒါရိုက္တာဝမ္ဘက္ ျပန္လွည့္လာကာ “သူမ ေျပာတယ္ သူမကိုသတ္တဲ့သူက အနီေရာင္ဝတ္စုံဝတ္ထားတဲ့ မိန္းကေလး သရဲတစ္ေယာက္တဲ့”
ဒါရိုက္တာဝမ္ မယုံသကၤာျဖစ္သြားေတာ့သည္။ မ်က္လုံးလည္း ျပဴးလာကာ ေတာ္ေတာ္ၾကာတဲ့ထိ ဘာစကားမွ ထြက္မလာေတာ့ေပ။
ဒီသတင္းရဲ႕ သက္ေရာက္မႈက ႀကီးမားလြန္းလွသည္။ ကံေကာင္းခ်င္ေတာ့ ေဘးက လ်ိဳက်ီက အရင္အသိဝင္လာကာ အထစ္ အထစ္ နဲ႕။ “ဘယ္ ဘယ္ ဘယ္ ဘယ္သူလဲ သူမက”
ရွီရွန္းက်င္းက သူတို႔ကို အ႐ူးေတြလိုၾကည့္ကာ “တုလီ”
“တု တု တု လီ” ဘန္း ဆိုတဲ့ အသံတစ္သံ ထြက္လာၿပီး ဒါရိုက္တာဝမ္က ၾကမ္းျပင္ေပၚလဲက်သြားကာ ျပန္နိုးမလာေတာ့ေပ။
လ်ိဳက်ီ မ်က္ႏွာကလည္း ျဖဴစုတ္ေနသလို ေတာ္ေတာ္ၾကာတဲ့ထိကို ဘာစကားမွမေျပာနိုင္ေတာ့ေပ။
တုလီကလည္း ဒုကၡေပးမယ့္ ရည္႐ြယ္ခ်က္မ်ိဳး မရွိသလို သူမ သားကလည္းရွိေနတာကို ျမင္ေတာ့ နင္မုန႔္ ခနေလာက္ေတြးၿပီးမွ သြားဖို႔ ဆုံးျဖတ္လိုက္သလို ရွီခ်ီကလည္း သူမ ေနာက္ကေန လိုက္လာခဲ့သည္။
သူမေျခေထာက္ေတြက ခ်ိနဲ႕ေနတာမို႔ လမ္းေလွ်ာက္ႏႈန္းကလည္း တအားကို ေႏွးေနသည္။ ရွီခ်ီက သူမထက္ အနည္းငယ္ ပိုျမန္ေနေသးသည္။ ဒါေပမဲ့ သူမ ဒီတိုင္းၾကည့္ေနသလို ေကာင္ေလးကလည္း အမဲေရာင္အရိပ္ဖမ္းတာ ခံလိုက္ရၿပီး ၾကမ္းျပင္ေပၚ လဲက်သြားေတာ့သည္။
တစ္ခုခု ေၾကာက္လန႔္စရာ ေတြ႕လိုက္သလိုမ်ိဳး အမဲေရာင္အရိပ္က ခ်က္ခ်င္း ေအာ္ဟစ္ကာ က်ဳံ႕သြားေတာ့သည္။ ဒါေပမဲ့ ရွီရွန္းက်င္း တည္ရွိမႈေၾကာင့္ မထြက္ေျပးရဲေပ။
ရွီခ်ီ အျမန္ျပန္ထလိုက္သည္။
ေခါင္းေမာ့ကာ ပတ္လည္ကို ၾကည့္လိုက္ၿပီး သူ႕အဘြားက ေဘးမွာရပ္ကာ ရယ္ေနတာကို ျမင္လိုက္ရသည္။ သူမ မ်က္လုံးေတြ ေမွးထားတာမ်ား ျမင္ေတာင္မျမင္ရတဲ့ထိ။
သူလည္း မ်က္ႏွာရဲသြားကာ ေနာက္ဆုံးေတာ့ ကေလးတစ္ေယာက္ရွိသင့္တဲ့ အမူအရာမ်ိဳး ရွိလာခဲ့ၿပီပင္။
ရွီရွန္းက်င္းက သူ႕ေျခေထာက္ေအာက္ကို ၾကည့္ကာ သရဲက ဘယ္လိုလဲဆိုတာ မျမင္ရေပမဲ့ ခံစားလို႔ရပုံပင္။
ရွီခ်ီက သူမကို ထိနိုင္႐ုံတင္မဟုတ္ သရဲက သူ႕ကို တအားေၾကာက္ေနတာကို ရွီရွန္းက်င္းျမင္ေနရသည္။ သူ႕မွာ တျခားထူးျခားတဲ့ စြမ္းရည္မ်ား ရွိေနေသးတာလား။
စာၾကည့္ခန္းထဲမွာ အရင္က ျဖစ္ခဲ့တာကို ေတြးမိၿပီး ရွီရွန္းက်င္း ဒီေကာင္ေလးက သူ ထင္ထားသေလာက္ မရိုးရွင္းဘူးဆိုတာကို ခံစားလိုက္မိသည္။
“မင္းက ဘယ္လိုအဘြားမ်ိဳးလဲ တအားေၾကာက္ဖို႔ေကာင္းတာပဲ” စနစ္က ေျပာလာသည္။
နင္မုန႔္ ရယ္လို႔ရတာ့မွ စနစ္ကို လ်စ္လ်ဳရႈကာ ရွီခ်ီကို “အိုက္ယိုး.. ငါ့ရဲ႕၁၇ေလး အဘြားၾကည့္ပါရေစဦး ဘယ္နားလဲသြားတာလဲ နာလား”
ရွီခ်ီက တအားခ်စ္ဖို႔ေကာင္းတာမို႔ သူမ အၿပဳံးကိုဖိႏွိပ္မထားနိုင္ေပ။
ေနာင္က် အံဩဖြယ္အဓိကဇာတ္ေဆာင္ ျဖစ္လာမယ့္ သူက လက္ရွိ ကေလးေသးေသးေလး ျဖစ္ေနတာ ရွက္ေနတာေလးကို ေတြးမိၿပီး သူမ ပူေဆြးသြားမိသည္။
ရွီခ်ီေလးက သူ႕အဝတ္စားေထာင့္ေလးကို ဆုတ္ကာ မ်က္ႏွာေလးက ခရမ္းခ်ဥ္သီးလို ရဲတြတ္ေနေတာ့သည္။ ေလွ်ာက္သြားၿပီး သူ႕ကိုယ္သူေတြးမိတာက ‘အဘြား အဘြားႏႈတ္ခမ္းေထာင့္ေတြ ေကြးေနတာကို သားမျမင္ဘူးမ်ား ထင္ေနတာလား’
လူတိုင္း သူတို႔အေတြးကိုယ္စီနဲ႕ ရွီရွန္းက်င္းကလည္း လက္ရွိ ရွီခ်ီ သူ႕ကိုယ္မွာ တစ္ခုခုရွိေနၿပီးေတာ့ အဲအရာကလည္း တုလီကိုယ္ကို သူထိလို႔ရေအာင္ လုပ္ေပးထားတယ္ဆိုတာပင္။
ဒါေပမဲ့ အမွန္တရားက ရွီခ်ီက သူမကို တကယ္ထိလို႔ရေနသည္။
သူနဲ႕ ဘာမွသယ္ထားတာမဟုတ္ေပ။
-
ငါ့မွာ အဘြားတစ္ေယာက္ရွိတယ္။
သူက ငါ့ကို ႏွိပ္ေပးရတာတင္ ႀကိဳက္တာ မဟုတ္ဘူး။
ငါလဲက်တာကို ၾကည့္ရတာလည္း ႀကိဳက္ေသးတယ္။
—-ရွီခ်ီရဲ႕ လွ်ို႔ဝွက္ဒိုင္ယာရီေသးေသးေလး—-
---