နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

699K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 54.1

2.5K 408 0
By KimHsuYoon99

Unicode

ခြင်္သေ့လေးရဲ့ဖော်ပြချက်ကိုနားထောင်ပြီး ပိုင်မုကထက်မြက်ပြီး ရဲရင့်တဲ့အတွက် လူအများအပြားက ချီးကျူးခဲ့ကြတယ်။ ပိုင်မုက နေ့လည်ခင်းတုန်းက ကယ်ဆယ်ရေးကိုပဲ သွားကူညီပေးခဲ့ပြီး အဲ့ဒီကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်ခဲ့ဘူး။ဒီကောင်လေးတွေကလည်း မလွယ်ကူခဲ့ဘူးဆိုတာ အခုမှသိတာ။

"ဒါပေမယ့် ဒီနေ့လည်မှာတော့ အိမ်မှာရှိတဲ့ကျောက်မီးသွေးတွေက ကုန်လုနီးပါးဖြစ်နေပြီ အတုံးကြီးတွေ ကုန်သွားတော့ အခုအတုံးငယ်နည်းနည်းပါးပါးပဲ ကျန်တော့တယ်" ကျန်တဲ့ကျောက်မီးသွေးတွေက ဒီဆောင်းရာသီမှာ သူတို့အတွက် အသုံးပြုဖို့မလုံလောက်တဲ့အတွက် အန်းချီလော့က စိုးရိမ်ခဲ့တယ်။

"အဆင်ပြေတယ်၊ ငါ့နေရာထဲမှာ အများကြီးရှိတယ် ငါတို့သုံးဖို့ လုံလောက်တယ်" မြေကြီးပေါ်ကနေ သူပြန်ယူလာတဲ့ဟာတွေကိုပါ ထည့်ကေတွက်ရင် ပိုများလိမ့်မယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူက အမြော်အမြင်ရှိပြီး အစောပိုင်းတည်းက ပြင်ဆင်ထားတယ်လို့ ပိုင်မုတွေးလိုက်တယ်။

"အဲဒါကောင်းတယ်"ပိုင်မုပြောတာကိုကြားပြီးနောက် အန်းချီလော့က နောက်ဆုံးမှာ စိတ်သက်သာရာရသွားတယ်။

"သားရဲတွေ လာဦးမှာလား"ပိုင်မုက ဒီနေ့ရဲ့အနေအထားကို မြင်ခဲ့ရပြီး သားရဲတွေက ပြန်လာဦးမယ့်ပုံပေါ်တယ်။

"ဟုတ်တယ် ဒီနေ့သတ်ခဲ့တဲ့ သားရဲတွေရဲ့အလောင်းအများစုကို သားရဲအုပ်က ပြန်ယူသွားပြီး သူတို့အဲ့ဒီအလောင်းတွေကိုစားပြီးရင် မျိုးနွယ်စုကို ဆက်ပြီးတိုက်ခိုက်လိမ့်မယ်" လိန်းကျယ်က အနည်းငယ်စိတ်ပူနေတယ်။ ပထမဆုံးသားရဲတိုက်ခိုက်မှုက အရမ်းစွမ်းအားကြီးနေတယ်။ သူတို့ကို ဘာတွေကစောင့်မျှော်နေဦးမလဲဆိုတာ သူမသိဘူး။

"အဲ့ဒီသားရဲတွေက တကယ်ထက်မြက်တယ် အချင်းချင်းအမဲလိုက်တာမဟုတ်ဘဲ မျိုးနွယ်စုကို အတူတူတိုက်ခိုက်ကြတယ် ဒါကအချင်းချင်းသတ်တာကို ရှောင်ရှားပြီး ရန်သူရဲ့ခွန်အားကို ဝါးမြိုတာပဲ အရေးကြီးဆုံးက ဆောင်းရာသီအတွက်စားစရာရှိပြီလေ" ပိုင်မုက orcsတွေကိုပြောပြလိုက်တယ်။သူ့ရဲ့ဆောင်ရွက်ချက်တွေက အရမ်းချီးကျူးခံရပြီး အဲ့ဒီသားရဲတွေကလည်း အမှန်တကယ်ကို ထက်မြက်ကြတယ်။

T/N-မျိုးနွယ်စုကို လာတိုက်ခိုက်တာက သူတို့အချင်းချင်းမတိုက်ချင်လို့ သူများကို သွားတိုက်တဲ့သဘော။ဒါပေမယ့် ဒီတစ်ခေါက် သူများတွေမသေပဲ သူတို့တွေပဲသေကုန်တော့လည်း အဲ့သားရဲအလောင်းတွေကို သူတို့စားဖို့ ပြန်သယ်သွားကြတာ သားရဲအုပ်က။ဘာလို့လဲဆို ဆောင်းတွင်းမှာ ငတ်ပြတ်နေတာလေ။အဲ့တော့ ဇာတ်တူသားလည်း အသေကောင်ဆို စားကြတာပဲ။

"ဒီတစ်ခေါက် သူတို့က အတော်များများရိတ်သိမ်းခဲ့ပြီး နောက်တစ်ခေါက်တိုက်ခိုက်လာဖို့အတွက် ကိုယ်တို့က တစ်ပတ်နှစ်ပတ်လောက် စောင့်ရဦးမယ်"ခဲယ်လ်တစ်က ပိုင်မုကို စွပ်ပြုတ်တစ်ပန်းကန်ထည့်ပေးရင်းနဲ့ ပြောလိုက်တယ်။

"ဒါဆို ကျွန်တော်တို့ပြင်ဆင်ဖို့ အချိန်ကျန်ပါသေးတယ် ဒီတစ်ခါတော့ ကျွန်တော်တို့အပြည့်အ၀ပြင်ဆင်ထားသရွေ့တော့ အရမ်းရှက်စရာကောင်းမှာ မဟုတ်ဘူး ကျွန်တော်တို့က သားရဲတွေနဲ့ရင်ဆိုင်ဖို့ကိုပဲ အာရုံစိုက်လို့ရတယ်" ပိုင်မုက စွပ်ပြုတ်ပူပူလေး တစ်ငုံသောက်လိုက်ပြီး ကာကွယ်ရေးပစ္စည်းတွေကို ဘယ်လိုဆောက်ရမလဲဆိုတာ စဉ်းစားနေတယ်။

ဒီနေ့မှာ သူက orcs တွေနဲ့ သားရဲရိုင်းတွေကြားက တိုက်ပွဲအကြောင်းကိုလေ့လာခဲ့ပြီး အစီအစဉ်တွေပြုလုပ်ဖို့ လက်တွေ့အတွေ့အကြုံရှိသွားပြီ။

ခြင်္သေ့လေးက တောက်ပတဲ့မျက်၀န်းတွေနဲ့ ပိုင်မုကို ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ မေးမြန်းလိုက်တယ်။ "အစ်ကိုကြီးပိုင်မု အဲဒီသားရဲတွေကို ရှင်းဖို့ နည်းလမ်းကောင်းရှိလား" ကျန်တဲ့သုံးယောက်က သူတို့ရဲ့နားရွက်ကိုတည့်မတ်စွာထောင်လိုက်ပြီး နားထောင်လိုက်ကြတယ်။

"ဟုတ်တယ် အစ်ကိုတို့ဒီအချိန်အတောအတွင်းမှာ ကောင်းကောင်းစီစဉ်ထားသရွေ့ သားရဲတွေ တောင်ကိုတိုက်ခိုက်လာမှာကို စိုးရိမ်စရာမလိုတော့ဘူး"

"ဘာနည်းလမ်းလဲ?" လူအများအပြားက စိတ်လှုပ်ရှားစွာ မေးလိုက်ကြတယ်။

"အဲဒါကို ကျွန်တော် အခုထိလုံး၀နားမလည်သေးဘူး ဒီနေ့ ကျွန်တော်စဉ်းစားပြီးတဲ့အထိ စောင့်ကြပါ မနက်ဖြန် မျိုးနွယ်စုခေါင်းဆောင်နဲ့ ကျွန်တော်သွားဆွေးနွေးလိုက်မယ်" ပိုင်မုက မျက်မှောင်ကြုတ်လိုက်တယ်။သူ့မှာ ပဏာမအစီအစဥ်တစ်ခုရှိထားပြီး အဲဒါကိုသေသေချာချာ စဉ်းစားဖို့လိုပါတယ်။

ညဘက်ရောက်တော့ ပိုင်မုရဲ့အသိုက်က နူးညံ့ပျော့ပျောင်းတဲ့အိပ်ရာပေါ်မှာ ရှိနေပြီး သူ့ခန္ဓာကိုယ်ပေါ်ကနာကျင်မှုက သူ့ကိုအိပ်ပျော်ဖို့ခက်ခဲစေတယ်။ ပိုင်မုက မလှုပ်ရဲတော့ဘဲ သူ့ခန္ဓာကိုယ်က ပိုလို့တောင်နာကျင်လာတယ်။ ပိုင်မုက အိပ်မပျော်သေးပဲ သူ့ရဲ့အသက်ရှုသံက မမှန်နေတာကို ခဲယ်လ်တစ်ခံစားမိတာကြောင့် သူကစိုးရိမ်တကြီးမေးလိုက်တယ်။ "ဘာဖြစ်နေတာလဲ?"

"ကျွန်တော့်ခန္ဓာကိုယ်က နာကျင်နေပြီး အိပ်မပျော်ဘူး"

"ဒါဆို ကိုယ်မင်းကို ဆေးလိမ်းပေးရမလား"

"ကောင်းပါပြီ နေရာလွတ်ထဲ သွားရအောင်" ပိုင်မုက တကယ်ကို နေရတာမသက်မသာဖြစ်နေလို့ ဒီအဆိုပြုချက်ကို သူ အဆင်သင့်လက်ခံလိုက်တယ်။

နေရာလွတ်ထဲမှာ ရာသီလေးခုမရှိတာကြောင့် နှစ်ယောက်သား‌ နေရာလွတ်ထဲဝင်လာပြီး အဝတ်အစားတွေချွတ်ပြီးနောက်မှာ မအေးတော့ဘူး။ ပိုင်မုက သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ကုတင်ပေါ်လှဲလိုက်ကာ သူ့ကို ဆေးလိမ်းပေးဖို့ ခဲယ်လ်တစ်ကိုတောင်းဆိုလိုက်တယ်။

အခုမှသာ ခဲယ်လ်တစ်က ပိုင်မုရဲ့နောက်ကျောက ဒဏ်ရာကိုမြင်လိုက်ရပြီး သူ့နောက်ကျောပေါ်မှာ ကြီးမားတဲ့ခရမ်းပြာရောင်ပွန်းပဲ့ဒဏ်ရာတစ်ခုရှိနေတယ်။အဲ့ဒါက ဖြူဖွေးတဲ့အသားအရေအောက်မှာ သွေးတစိမ့်စိမ့်ထွက်နေပုံရပြီး အချို့နေရာတွေမှာတော့ အနည်းငယ်ရောင်ရမ်းနေပုံရတယ်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ နာနေလား" ခဲယ်လ်တစ်က ပိုင်မုကို ညင်ညင်သာသာ ဆေးလိမ်းပေးတယ်။ ​နေ့လည်​ကရလာတဲ့ ​ဆေး​တွေအကုန်​လုံးကို သူ့ဒဏ်ရာပေါ်မှာလိမ်းလိုက်တယ်။

"နည်းနည်းတော့နာတယ် လင်းယုန်ကြီးနဲ့ ရင်ဆိုင်ရတုန်းက ဖြစ်ခဲ့တာလေ အဲဒီတုန်းက လင်းယုန်ကြီးရဲ့ တိုက်ခိုက်မှုက အရမ်းပြင်းထန်လို့ ကျွန်တော့်နောက်ကျောက ကျောက်သားနံရံကို တိုက်မိသွားတာ ပြီးတော့ ကျွန်တော့်နောက်မှာရှိနေတဲ့ ကျောက်သားနံရံက မချောမွေ့နေဘူးလေ ကျွန်တော်ပြင်းပြင်းထန်ထန်တိုက်မိသွားတော့ ဒီလိုဖြစ်သွားတာပဲ" ပိုင်မုက ပေါ့ပေါ့ပါးပါးပြောခဲ့ပေမယ့် အဲဒီအချိန်တုန်းက ဘယ်လောက်အန္တရာယ်ရှိခဲ့လဲဆိုတာကို သူသိပါတယ်။ အိုးအဖုံးကိုတောင် လင်းယုန်ခြေသည်းနဲ့ကုတ်တာကို ခံလိုက်ရသေးတယ်။

"တောင်းပန်ပါတယ် အဲ့ဒါကိုယ်မင်းကိုမကာကွယ်ခဲ့လို့ပါ" ပိုင်မုရဲ့ကြောက်ရွံ့နေတဲ့အမူအရာကိုမြင်တဲ့အခါ ခဲယ်လ်တစ်က ပိုလို့တောင် အပြစ်ရှိသလို ခံစားခဲ့ရတယ်။

"ကျွန်တော်က အဲ့လောက်မနူးညံပါဘူး ကျွန်တော့်ကိုယ်ကျွန်တော်ကာကွယ်နိုင်ပါတယ် ဒါ့အပြင် တကယ်အန္တရာယ်ရှိလာရင် နေရာလွတ်ထဲ ကျွန်တော်ပုန်းနေနိုင်တာပဲ‌လေ ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာမလိုပါဘူး" အဲ့လိုလုပ်ရင် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူရဲဘောကြောင်တယ်။ တခြားယောက်ျားတစ်ယောက်ရဲ့အနောက်မှာ ပုန်းနေပြီး မျက်စိစုံမှိတ်ကာအကာအကွယ်ရှာနေတယ်လို့ ပိုင်မုခံစားရတယ်။သူ အဲ့လိုမလုပ်နိုင်ဘူး။ လုံခြုံတဲ့နေရာဆီမှာ ပုန်းနေပြီး လာကာကွယ်တာကို စောင့်ဆိုင်းနေမယ့်အစား သူတတ်နိုင်သမျှလုပ်ချင်တယ်။

"ဒါပေမယ့် မင်းရဲ့လုံခြုံရေးအတွက် ကိုယ်စိတ်ပူရလိမ့်မယ် မင်းရဲ့လုံခြုံရေးအတွက် ကိုယ်လည်းပဲ စိတ်ပူနေရတာကြောင့် ကိုယ်တို့က ကိုယ့်ကိုကိုယ် ပိုပြီးတော့တောင်ကာကွယ်ရမှာပေါ့"

"ထားလိုက်ပါ အဲဒါကိုမပြောနဲ့တော့ မနက်ဖြန် မျိုးနွယ်စုမှာ စီစဉ်ထားတာတွေရှိလား"

"မနက်​ဖြန် မျိုးနွယ်စုခေါင်းဆောက်က ရိက္ခာ​ဝေ​ပေးလိမ့်မယ်​"

"ခဲယ်လ်တစ် ကျွန်တော် မျိုးနွယ်စုတဝိုက်မှာ ထောင်ချောက်တချို့ ချထားချင်တယ်" ပိုင်မုက သူသိတဲ့ ရိုးရှင်းတဲ့ထောင်ချောက်တချို့ဖြစ်တဲ့ မျိုးနွယ်စုတဝိုက်မှာ ကျင်းကြီးတွေကို တူးပြီး ချွန်ထက်တဲ့ သစ်သားချောင်းတွေထည့်တာ အစရှိတာတွေကို တည်ဆောက်ချင်တယ်။ တီဗီပေါ်မှာ တစ်ခါတစ်ရံပေါ်လာတတ်တဲ့ အဲ့ဒီသာမန်ထောင်ချောက်တွေကိုပဲ သူသိတယ်။ "အဲ့ဒါ အလုပ်ဖြစ်မယ်လို့ ခင်ဗျားထင်လား"

"အလုပ်ဖြစ်နိုင်တယ်လို့ ကိုယ်ထင်တယ် ဒါပေမယ့် အဲ့ဒါက ပထမဆုံးအကြိမ်ပဲ အလုပ်ဖြစ်နိုင်တယ် သားရဲတွေက အရမ်းနိုးကြားပြီး အနံ့ခံနိုင်စွမ်းရှိတယ် ပထမအကြိမ်မှာ သူတို့ကိုအရူးလုပ်နိုင်ပေမယ့်လည်း ဒုတိယအကြိမ်မှာတော့ အဲ့ဒါတွေက အလုပ်မဖြစ်နိုင်တော့ဘူး" ခဲယ်လ်တစ်က သားရဲတွေနဲ့ရင်ဆိုင်ရာမှာ အတွေ့အကြုံများစွာရှိတယ်။ ထောင်ချောက်တွေက အလုပ်ဖြစ်နိုင်တယ်လို့သူထင်ပေမယ့်လည်း ရေတိုမှာသာ ထိရောက်လိမ့်မယ်လို့ သူထင်တယ်။

"ဒါကို တစ်ခါပဲသုံးလို့ရတယ် ဒီနေရာကသားရဲတွေက ဘာလို့ ဒီလောက်တောင် ဉာဏ်ကောင်းရတာလဲ" ပိုင်မုက ပွစိပွစိပြောပြီး ညည်းညူလိုက်တယ်။

"သူ့ကျောပေါ်က ဆေးတွေက အဆင်သင့်ဖြစ်နေပြီ တခြားနေရာတွေ ကူလိမ်းပေးဖို့လိုသေးလား" ခဲယ်လ်တစ်က ဆေးပန်းကန်သေးသေးလေးကိုကိုင်ထားပြီး ဘောင်းဘီတိုနဲ့ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ပိုင်မုကို ကြည့်လိုက်တယ်။

"ကျွန်တော့်ဘာသာလုပ်နိုင်ပါတယ်" ပိုင်မုက ခဲယ်လ်တစ်ရဲ့အကူအညီနဲ့ ဂရုတစိုက်ထထိုင်လိုက်ပြီး ဆေးပန်းကန်လုံးကို ယူလိုက်တယ်။ခဲယ်လ်တစ်က နီမြန်းနေတဲ့မျက်နှာနဲ့ နောက်ပြန်ဆုတ်သွားတယ်။ ပိုင်မုရဲ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ်မြင်ဖူးတာမဟုတ်ပေမယ့်လည်း သူကတော့ စိတ်ရှိနေတုန်းပါပဲ။ အဲ့ဒီအကြောင်း သူ့ကိုယ်သူမစဉ်းစားမိစေဖို့အတွက် ခဲယ်လ်တစ်က ငှက်တွေကို အစာကျွေးဖို့သွားခဲ့တယ်။ ဒီနေ့ စုဆောင်းထားတဲ့ သားကောင်တွေကို သိုလှောင်ဖို့ သိုလှောင်ခန်းကို ရွှေ့ပြောင်းဖို့လည်း လိုအပ်တယ်။

ပိုင်မုဆေးလိမ်းပြီးနောက်မှာ သူ့အဝတ်အစားတွေ ပြန်မဝတ်ခင် ဆေးခြောက်သွားအောင် စောင့်လိုက်တယ်။ ဒီနေ့ အပြင်မှာ သူဆေးလိမ်းတဲ့အချိန်တုန်းက အရမ်းအေးတာကြောင့် ဆေးလိမ်းတဲ့အချိန်မှာ အဝတ်အစားတွေဝတ်ထားတယ်။ဒါကြောင့် ဆေးတွေအားလုံးက အဝတ်ပေါ်မှာပဲရှိတယ်။ တာ့ဝူရဲ့ဆေးက ကောင်းကောင်းအလုပ်ဖြစ်ပြီး ပိုင်မုက ဆေးလိမ်းပြီးနောက်မှာ ပိုသက်တောင့်သက်သာရှိလာတယ်လို့ ခံစားရတယ်။



Zawgyi

ျခေသၤ့ေလးရဲ႕ေဖာ္ျပခ်က္ကိုနားေထာင္ၿပီး ပိုင္မုကထက္ျမက္ၿပီး ရဲရင့္တဲ့အတြက္ လူအမ်ားအျပားက ခ်ီးက်ဴးခဲ့ၾကတယ္။ ပိုင္မုက ေန႕လည္ခင္းတုန္းက ကယ္ဆယ္ေရးကိုပဲ သြားကူညီေပးခဲ့ၿပီး အဲ့ဒီကေလးငယ္ေတြရဲ႕ လႈပ္ရွားမႈေတြကို ဂ႐ုမစိုက္ခဲ့ဘူး။ဒီေကာင္ေလးေတြကလည္း မလြယ္ကူခဲ့ဘူးဆိုတာ အခုမွသိတာ။

"ဒါေပမယ့္ ဒီေန႕လည္မွာေတာ့ အိမ္မွာရွိတဲ့ေက်ာက္မီးေသြးေတြက ကုန္လုနီးပါးျဖစ္ေနၿပီ အတုံးႀကီးေတြ ကုန္သြားေတာ့ အခုအတုံးငယ္နည္းနည္းပါးပါးပဲ က်န္ေတာ့တယ္" က်န္တဲ့ေက်ာက္မီးေသြးေတြက ဒီေဆာင္းရာသီမွာ သူတို႔အတြက္ အသုံးျပဳဖို႔မလုံေလာက္တဲ့အတြက္ အန္းခ်ီေလာ့က စိုးရိမ္ခဲ့တယ္။

"အဆင္ေျပတယ္၊ ငါ့ေနရာထဲမွာ အမ်ားႀကီးရွိတယ္ ငါတို႔သုံးဖို႔ လုံေလာက္တယ္" ေျမႀကီးေပၚကေန သူျပန္ယူလာတဲ့ဟာေတြကိုပါ ထည့္ေကတြက္ရင္ ပိုမ်ားလိမ့္မယ္။ ကံေကာင္းေထာက္မစြာနဲ႕ပဲ သူက အေျမာ္အျမင္ရွိၿပီး အေစာပိုင္းတည္းက ျပင္ဆင္ထားတယ္လို႔ ပိုင္မုေတြးလိုက္တယ္။

"အဲဒါေကာင္းတယ္"ပိုင္မုေျပာတာကိုၾကားၿပီးေနာက္ အန္းခ်ီေလာ့က ေနာက္ဆုံးမွာ စိတ္သက္သာရာရသြားတယ္။

"သားရဲေတြ လာဦးမွာလား"ပိုင္မုက ဒီေန႕ရဲ႕အေနအထားကို ျမင္ခဲ့ရၿပီး သားရဲေတြက ျပန္လာဦးမယ့္ပုံေပၚတယ္။

"ဟုတ္တယ္ ဒီေန႕သတ္ခဲ့တဲ့ သားရဲေတြရဲ႕အေလာင္းအမ်ားစုကို သားရဲအုပ္က ျပန္ယူသြားၿပီး သူတို႔အဲ့ဒီအေလာင္းေတြကိုစားၿပီးရင္ မ်ိဳးႏြယ္စုကို ဆက္ၿပီးတိုက္ခိုက္လိမ့္မယ္" လိန္းက်ယ္က အနည္းငယ္စိတ္ပူေနတယ္။ ပထမဆုံးသားရဲတိုက္ခိုက္မႈက အရမ္းစြမ္းအားႀကီးေနတယ္။ သူတို႔ကို ဘာေတြကေစာင့္ေမွ်ာ္ေနဦးမလဲဆိုတာ သူမသိဘူး။

"အဲ့ဒီသားရဲေတြက တကယ္ထက္ျမက္တယ္ အခ်င္းခ်င္းအမဲလိုက္တာမဟုတ္ဘဲ မ်ိဳးႏြယ္စုကို အတူတူတိုက္ခိုက္ၾကတယ္ ဒါကအခ်င္းခ်င္းသတ္တာကို ေရွာင္ရွားၿပီး ရန္သူရဲ႕ခြန္အားကို ဝါးၿမိဳတာပဲ အေရးႀကီးဆုံးက ေဆာင္းရာသီအတြက္စားစရာရွိၿပီေလ" ပိုင္မုက orcsေတြကိုေျပာျပလိုက္တယ္။သူ႕ရဲ႕ေဆာင္႐ြက္ခ်က္ေတြက အရမ္းခ်ီးက်ဴးခံရၿပီး အဲ့ဒီသားရဲေတြကလည္း အမွန္တကယ္ကို ထက္ျမက္ၾကတယ္။

T/N-မ်ိဳးႏြယ္စုကို လာတိုက္ခိုက္တာက သူတို႔အခ်င္းခ်င္းမတိုက္ခ်င္လို႔ သူမ်ားကို သြားတိုက္တဲ့သေဘာ။ဒါေပမယ့္ ဒီတစ္ေခါက္ သူမ်ားေတြမေသပဲ သူတို႔ေတြပဲေသကုန္ေတာ့လည္း အဲ့သားရဲအေလာင္းေတြကို သူတို႔စားဖို႔ ျပန္သယ္သြားၾကတာ သားရဲအုပ္က။ဘာလို႔လဲဆို ေဆာင္းတြင္းမွာ ငတ္ျပတ္ေနတာေလ။အဲ့ေတာ့ ဇာတ္တူသားလည္း အေသေကာင္ဆို စားၾကတာပဲ။

"ဒီတစ္ေခါက္ သူတို႔က အေတာ္မ်ားမ်ားရိတ္သိမ္းခဲ့ၿပီး ေနာက္တစ္ေခါက္တိုက္ခိုက္လာဖို႔အတြက္ ကိုယ္တို႔က တစ္ပတ္ႏွစ္ပတ္ေလာက္ ေစာင့္ရဦးမယ္"ခဲယ္လ္တစ္က ပိုင္မုကို စြပ္ျပဳတ္တစ္ပန္းကန္ထည့္ေပးရင္းနဲ႕ ေျပာလိုက္တယ္။

"ဒါဆို ကြၽန္ေတာ္တို႔ျပင္ဆင္ဖို႔ အခ်ိန္က်န္ပါေသးတယ္ ဒီတစ္ခါေတာ့ ကြၽန္ေတာ္တို႔အျပည့္အ၀ျပင္ဆင္ထားသေ႐ြ႕ေတာ့ အရမ္းရွက္စရာေကာင္းမွာ မဟုတ္ဘူး ကြၽန္ေတာ္တို႔က သားရဲေတြနဲ႕ရင္ဆိုင္ဖို႔ကိုပဲ အာ႐ုံစိုက္လို႔ရတယ္" ပိုင္မုက စြပ္ျပဳတ္ပူပူေလး တစ္ငုံေသာက္လိုက္ၿပီး ကာကြယ္ေရးပစၥည္းေတြကို ဘယ္လိုေဆာက္ရမလဲဆိုတာ စဥ္းစားေနတယ္။

ဒီေန႕မွာ သူက orcs ေတြနဲ႕ သားရဲရိုင္းေတြၾကားက တိုက္ပြဲအေၾကာင္းကိုေလ့လာခဲ့ၿပီး အစီအစဥ္ေတြျပဳလုပ္ဖို႔ လက္ေတြ႕အေတြ႕အႀကဳံရွိသြားၿပီ။

ျခေသၤ့ေလးက ေတာက္ပတဲ့မ်က္၀န္းေတြနဲ႕ ပိုင္မုကို ၾကည့္လိုက္ၿပီး စိတ္အားထက္သန္စြာ ေမးျမန္းလိုက္တယ္။ "အစ္ကိုႀကီးပိုင္မု အဲဒီသားရဲေတြကို ရွင္းဖို႔ နည္းလမ္းေကာင္းရွိလား" က်န္တဲ့သုံးေယာက္က သူတို႔ရဲ႕နား႐ြက္ကိုတည့္မတ္စြာေထာင္လိုက္ၿပီး နားေထာင္လိုက္ၾကတယ္။

"ဟုတ္တယ္ အစ္ကိုတို႔ဒီအခ်ိန္အေတာအတြင္းမွာ ေကာင္းေကာင္းစီစဥ္ထားသေ႐ြ႕ သားရဲေတြ ေတာင္ကိုတိုက္ခိုက္လာမွာကို စိုးရိမ္စရာမလိုေတာ့ဘူး"

"ဘာနည္းလမ္းလဲ?" လူအမ်ားအျပားက စိတ္လႈပ္ရွားစြာ ေမးလိုက္ၾကတယ္။

"အဲဒါကို ကြၽန္ေတာ္ အခုထိလုံး၀နားမလည္ေသးဘူး ဒီေန႕ ကြၽန္ေတာ္စဥ္းစားၿပီးတဲ့အထိ ေစာင့္ၾကပါ မနက္ျဖန္ မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႕ ကြၽန္ေတာ္သြားေဆြးႏြေးလိုက္မယ္" ပိုင္မုက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။သူ႕မွာ ပဏာမအစီအစဥ္တစ္ခုရွိထားၿပီး အဲဒါကိုေသေသခ်ာခ်ာ စဥ္းစားဖို႔လိုပါတယ္။

ညဘက္ေရာက္ေတာ့ ပိုင္မုရဲ႕အသိုက္က ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့အိပ္ရာေပၚမွာ ရွိေနၿပီး သူ႕ခႏၶာကိုယ္ေပၚကနာက်င္မႈက သူ႕ကိုအိပ္ေပ်ာ္ဖို႔ခက္ခဲေစတယ္။ ပိုင္မုက မလႈပ္ရဲေတာ့ဘဲ သူ႕ခႏၶာကိုယ္က ပိုလို႔ေတာင္နာက်င္လာတယ္။ ပိုင္မုက အိပ္မေပ်ာ္ေသးပဲ သူ႕ရဲ႕အသက္ရႈသံက မမွန္ေနတာကို ခဲယ္လ္တစ္ခံစားမိတာေၾကာင့္ သူကစိုးရိမ္တႀကီးေမးလိုက္တယ္။ "ဘာျဖစ္ေနတာလဲ?"

"ကြၽန္ေတာ့္ခႏၶာကိုယ္က နာက်င္ေနၿပီး အိပ္မေပ်ာ္ဘူး"

"ဒါဆို ကိုယ္မင္းကို ေဆးလိမ္းေပးရမလား"

"ေကာင္းပါၿပီ ေနရာလြတ္ထဲ သြားရေအာင္" ပိုင္မုက တကယ္ကို ေနရတာမသက္မသာျဖစ္ေနလို႔ ဒီအဆိုျပဳခ်က္ကို သူ အဆင္သင့္လက္ခံလိုက္တယ္။

ေနရာလြတ္ထဲမွာ ရာသီေလးခုမရွိတာေၾကာင့္ ႏွစ္ေယာက္သား‌ ေနရာလြတ္ထဲဝင္လာၿပီး အဝတ္အစားေတြခြၽတ္ၿပီးေနာက္မွာ မေအးေတာ့ဘူး။ ပိုင္မုက သူ႕အဝတ္အစားေတြကို ခြၽတ္လိုက္ၿပီး ကုတင္ေပၚလွဲလိုက္ကာ သူ႕ကို ေဆးလိမ္းေပးဖို႔ ခဲယ္လ္တစ္ကိုေတာင္းဆိုလိုက္တယ္။

အခုမွသာ ခဲယ္လ္တစ္က ပိုင္မုရဲ႕ေနာက္ေက်ာက ဒဏ္ရာကိုျမင္လိုက္ရၿပီး သူ႕ေနာက္ေက်ာေပၚမွာ ႀကီးမားတဲ့ခရမ္းျပာေရာင္ပြန္းပဲ့ဒဏ္ရာတစ္ခုရွိေနတယ္။အဲ့ဒါက ျဖဴေဖြးတဲ့အသားအေရေအာက္မွာ ေသြးတစိမ့္စိမ့္ထြက္ေနပုံရၿပီး အခ်ိဳ႕ေနရာေတြမွာေတာ့ အနည္းငယ္ေရာင္ရမ္းေနပုံရတယ္။

"ဒါက ဘယ္လိုျဖစ္ရတာလဲ နာေနလား" ခဲယ္လ္တစ္က ပိုင္မုကို ညင္ညင္သာသာ ေဆးလိမ္းေပးတယ္။ ​ေန႕လည္​ကရလာတဲ့ ​ေဆး​ေတြအကုန္​လုံးကို သူ႕ဒဏ္ရာေပၚမွာလိမ္းလိုက္တယ္။

"နည္းနည္းေတာ့နာတယ္ လင္းယုန္ႀကီးနဲ႕ ရင္ဆိုင္ရတုန္းက ျဖစ္ခဲ့တာေလ အဲဒီတုန္းက လင္းယုန္ႀကီးရဲ႕ တိုက္ခိုက္မႈက အရမ္းျပင္းထန္လို႔ ကြၽန္ေတာ့္ေနာက္ေက်ာက ေက်ာက္သားနံရံကို တိုက္မိသြားတာ ၿပီးေတာ့ ကြၽန္ေတာ့္ေနာက္မွာရွိေနတဲ့ ေက်ာက္သားနံရံက မေခ်ာေမြ႕ေနဘူးေလ ကြၽန္ေတာ္ျပင္းျပင္းထန္ထန္တိုက္မိသြားေတာ့ ဒီလိုျဖစ္သြားတာပဲ" ပိုင္မုက ေပါ့ေပါ့ပါးပါးေျပာခဲ့ေပမယ့္ အဲဒီအခ်ိန္တုန္းက ဘယ္ေလာက္အႏၱရာယ္ရွိခဲ့လဲဆိုတာကို သူသိပါတယ္။ အိုးအဖုံးကိုေတာင္ လင္းယုန္ေျခသည္းနဲ႕ကုတ္တာကို ခံလိုက္ရေသးတယ္။

"ေတာင္းပန္ပါတယ္ အဲ့ဒါကိုယ္မင္းကိုမကာကြယ္ခဲ့လို႔ပါ" ပိုင္မုရဲ႕ေၾကာက္႐ြံ႕ေနတဲ့အမူအရာကိုျမင္တဲ့အခါ ခဲယ္လ္တစ္က ပိုလို႔ေတာင္ အျပစ္ရွိသလို ခံစားခဲ့ရတယ္။

"ကြၽန္ေတာ္က အဲ့ေလာက္မႏူးညံပါဘူး ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ကာကြယ္နိုင္ပါတယ္ ဒါ့အျပင္ တကယ္အႏၱရာယ္ရွိလာရင္ ေနရာလြတ္ထဲ ကြၽန္ေတာ္ပုန္းေနနိုင္တာပဲ‌ေလ ကိုယ့္ကိုကိုယ္ အျပစ္တင္ေနစရာမလိုပါဘူး" အဲ့လိုလုပ္ရင္ ေယာက္်ားတစ္ေယာက္ျဖစ္ၿပီး သူရဲေဘာေၾကာင္တယ္။ တျခားေယာက္်ားတစ္ေယာက္ရဲ႕အေနာက္မွာ ပုန္းေနၿပီး မ်က္စိစုံမွိတ္ကာအကာအကြယ္ရွာေနတယ္လို႔ ပိုင္မုခံစားရတယ္။သူ အဲ့လိုမလုပ္နိုင္ဘူး။ လုံၿခဳံတဲ့ေနရာဆီမွာ ပုန္းေနၿပီး လာကာကြယ္တာကို ေစာင့္ဆိုင္းေနမယ့္အစား သူတတ္နိုင္သမွ်လုပ္ခ်င္တယ္။

"ဒါေပမယ့္ မင္းရဲ႕လုံၿခဳံေရးအတြက္ ကိုယ္စိတ္ပူရလိမ့္မယ္ မင္းရဲ႕လုံၿခဳံေရးအတြက္ ကိုယ္လည္းပဲ စိတ္ပူေနရတာေၾကာင့္ ကိုယ္တို႔က ကိုယ့္ကိုကိုယ္ ပိုၿပီးေတာ့ေတာင္ကာကြယ္ရမွာေပါ့"

"ထားလိုက္ပါ အဲဒါကိုမေျပာနဲ႕ေတာ့ မနက္ျဖန္ မ်ိဳးႏြယ္စုမွာ စီစဥ္ထားတာေတြရွိလား"

"မနက္​ျဖန္ မ်ိဳးႏြယ္စုေခါင္းေဆာက္က ရိကၡာ​ေဝ​ေပးလိမ့္မယ္​"

"ခဲယ္လ္တစ္ ကြၽန္ေတာ္ မ်ိဳးႏြယ္စုတဝိုက္မွာ ေထာင္ေခ်ာက္တခ်ိဳ႕ ခ်ထားခ်င္တယ္" ပိုင္မုက သူသိတဲ့ ရိုးရွင္းတဲ့ေထာင္ေခ်ာက္တခ်ိဳ႕ျဖစ္တဲ့ မ်ိဳးႏြယ္စုတဝိုက္မွာ က်င္းႀကီးေတြကို တူးၿပီး ခြၽန္ထက္တဲ့ သစ္သားေခ်ာင္းေတြထည့္တာ အစရွိတာေတြကို တည္ေဆာက္ခ်င္တယ္။ တီဗီေပၚမွာ တစ္ခါတစ္ရံေပၚလာတတ္တဲ့ အဲ့ဒီသာမန္ေထာင္ေခ်ာက္ေတြကိုပဲ သူသိတယ္။ "အဲ့ဒါ အလုပ္ျဖစ္မယ္လို႔ ခင္ဗ်ားထင္လား"

"အလုပ္ျဖစ္နိုင္တယ္လို႔ ကိုယ္ထင္တယ္ ဒါေပမယ့္ အဲ့ဒါက ပထမဆုံးအႀကိမ္ပဲ အလုပ္ျဖစ္နိုင္တယ္ သားရဲေတြက အရမ္းနိုးၾကားၿပီး အနံ႕ခံနိုင္စြမ္းရွိတယ္ ပထမအႀကိမ္မွာ သူတို႔ကိုအ႐ူးလုပ္နိုင္ေပမယ့္လည္း ဒုတိယအႀကိမ္မွာေတာ့ အဲ့ဒါေတြက အလုပ္မျဖစ္နိုင္ေတာ့ဘူး" ခဲယ္လ္တစ္က သားရဲေတြနဲ႕ရင္ဆိုင္ရာမွာ အေတြ႕အႀကဳံမ်ားစြာရွိတယ္။ ေထာင္ေခ်ာက္ေတြက အလုပ္ျဖစ္နိုင္တယ္လို႔သူထင္ေပမယ့္လည္း ေရတိုမွာသာ ထိေရာက္လိမ့္မယ္လို႔ သူထင္တယ္။

"ဒါကို တစ္ခါပဲသုံးလို႔ရတယ္ ဒီေနရာကသားရဲေတြက ဘာလို႔ ဒီေလာက္ေတာင္ ဉာဏ္ေကာင္းရတာလဲ" ပိုင္မုက ပြစိပြစိေျပာၿပီး ညည္းၫူလိုက္တယ္။

"သူ႕ေက်ာေပၚက ေဆးေတြက အဆင္သင့္ျဖစ္ေနၿပီ တျခားေနရာေတြ ကူလိမ္းေပးဖို႔လိုေသးလား" ခဲယ္လ္တစ္က ေဆးပန္းကန္ေသးေသးေလးကိုကိုင္ထားၿပီး ေဘာင္းဘီတိုနဲ႕ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ပိုင္မုကို ၾကည့္လိုက္တယ္။

"ကြၽန္ေတာ့္ဘာသာလုပ္နိုင္ပါတယ္" ပိုင္မုက ခဲယ္လ္တစ္ရဲ႕အကူအညီနဲ႕ ဂ႐ုတစိုက္ထထိုင္လိုက္ၿပီး ေဆးပန္းကန္လုံးကို ယူလိုက္တယ္။ခဲယ္လ္တစ္က နီျမန္းေနတဲ့မ်က္ႏွာနဲ႕ ေနာက္ျပန္ဆုတ္သြားတယ္။ ပိုင္မုရဲ႕ခႏၶာကိုယ္ကို ပထမဆုံးအႀကိမ္ျမင္ဖူးတာမဟုတ္ေပမယ့္လည္း သူကေတာ့ စိတ္ရွိေနတုန္းပါပဲ။ အဲ့ဒီအေၾကာင္း သူ႕ကိုယ္သူမစဥ္းစားမိေစဖို႔အတြက္ ခဲယ္လ္တစ္က ငွက္ေတြကို အစာေကြၽးဖို႔သြားခဲ့တယ္။ ဒီေန႕ စုေဆာင္းထားတဲ့ သားေကာင္ေတြကို သိုေလွာင္ဖို႔ သိုေလွာင္ခန္းကို ေ႐ႊ႕ေျပာင္းဖို႔လည္း လိုအပ္တယ္။

ပိုင္မုေဆးလိမ္းၿပီးေနာက္မွာ သူ႕အဝတ္အစားေတြ ျပန္မဝတ္ခင္ ေဆးေျခာက္သြားေအာင္ ေစာင့္လိုက္တယ္။ ဒီေန႕ အျပင္မွာ သူေဆးလိမ္းတဲ့အခ်ိန္တုန္းက အရမ္းေအးတာေၾကာင့္ ေဆးလိမ္းတဲ့အခ်ိန္မွာ အဝတ္အစားေတြဝတ္ထားတယ္။ဒါေၾကာင့္ ေဆးေတြအားလုံးက အဝတ္ေပၚမွာပဲရွိတယ္။ တာ့ဝူရဲ႕ေဆးက ေကာင္းေကာင္းအလုပ္ျဖစ္ၿပီး ပိုင္မုက ေဆးလိမ္းၿပီးေနာက္မွာ ပိုသက္ေတာင့္သက္သာရွိလာတယ္လို႔ ခံစားရတယ္။

Continue Reading

You'll Also Like

3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
195K 29.9K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
175K 30K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
6.3K 308 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...