We'll Meet Again

By KhinHninThantTun

1.3K 146 25

တစ်ခါလောက်ဖြစ်ဖြစ် အခွင့်ရှိခဲ့ရင်တော့ မပြောဖြစ်ခဲ့တဲ့စကားတွေ ထိန်းထားခဲ့တဲ့ မျက်ရည်တွေအတွက် သူ့ ရင်ခွင်ထဲတို... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Final

Chapter-6

115 15 2
By KhinHninThantTun

ရှုပ်ထွေးနေတဲ့ကြိုးစတွေ ရွက်လွှင့်သွားရင်
ဘယ်နေရာမှာ ကမ်းကပ်နိုင်မလဲ။

ကတိတွေကိုမြေမြှုပ် စိုက်ပျိုးခဲ့ရင်တော့
တစ်နေ့နေ့မှာ ပြန်လာသူကို
သစ်တစ်ပင်က ဝေဝေဆာဆာစောင့်ကြိုနေလိမ့်မယ်။

......................

မိုးဖွဲဖွဲလေးများသွန်းဖြိုးနေသော နံနက်ခင်းသည် သာမာန်ထက်အအေးဓာတ်ပိုကဲနေသည်။
သို့သော်ကျွန်မ ဂျူဟျွန်း၏ကိုယ်ငွေ့လေးဖြင့်နွေးရသည်။
ကျွန်မ၏ဆံနွယ်များကိုညင်ညင်သာသာပွတ်သပ်ဆော့ကစားနေသောလက်ချောင်းလေးများအားခံစားမိ၏။ သူစွတ်နေကျ နိုင်ငံခြားဖြစ်သစ်ခွနံ့ရေမွေးသင်းသင်းလေးသည် ကျွန်မအသွေးအသားများထဲစိမ့်ဝင်လွှမ်းခြုံနေ၏။
ကျွန်မပါးပြင်အပ်ထားသည့်သူ့ရင်ခွင်နွေးနွေးမယ် ဂဏာမငြိမ်သောနှလုံးသားလေး၏တဒုတ်ဒုတ်ခုန်နေသံကို ကျွန်မတိုးကပ်ကာနားစွင့်နေမိ၏။
ဂျူဟျွန်းရဲ့ရင်ထဲမှာ ကျွန်အပေါ်ချစ်တဲ့အချစ်တွေဘယ်လောက်များရှိနေမလဲသိချင်မိသည်။
ကျွန်မသိထားသမျှမလုံလောက်နိုင်သေးဘူးထင်သည်။ ကျွန်မက အလိုကြီးသည်။

''ဂျူဟျွန်း''

ကျွန်မတိုးဖွဖွခေါ်လိုက်သည်။

''အင်း..'' ဟူသောအသံလေးမှာ အိပ်ရေးမဝသောကြောင်ပေါက်ကလေးညည်းတွားလိုက်သည့်နှယ်။

''မနက်ဖြန် ကျွန်မသွားရတော့မယ်''

''အင်း''

ဒီတစ်ခါ သူ့အသံက အပြင်မှာရွာနေတဲ့မိုးစက်တွေနဲ့ထပ်တူကျသည်။

''ဂျူဟျွန်း ကျွန်မကိုလွမ်းနေရတော့မှာ''

''ဆူယောင်းရော မလွမ်းဘူးလား''

''လွမ်းနေမှာ''

သူ့ကိုယ်နွေးနွေးလေးကိုကျွန်မပို၍တိုးဖက်ထားလိုက်သည်။
သူကတော့ ကျွန်မဆံနွယ်တွေနဲ့ဆော့ကစားနေဟန်တူသည်။

''ဆူယောင်းကို အစ်မ ဆွဲထားလို့ရရင်ကောင်းမယ်''

ကျွန်မပြန်မဖြေမိ။

''မသွားပါနဲ့လို့ တားနိုင်ရင်ကောင်းမယ်၊ အစ်မ စိတ်ကိုအများကြီးပြင်ဆင်ထားပေမယ့်၊ မနေနိုင်ဘူးထင်တယ်၊ နေနိုင်မယ်လို့ယုံကြည်ချက်မရှိဘူး ဆူယောင်းမရှိပဲနဲ့''

မိုးစက်တွေက ဆွေးဆွေးမြေ့မြေ့တစ်စက်ချင်းရွာနေသည်။
ကျွန်မမှာဖြေစရာစကားမရှိ။

''ဆူယောင်းဘက်မှာရပ်တည်ဖို့ အရာရာစွန့်စားရဲတဲ့သူမျိုးဖြစ်ရင်ကောင်းမှာပဲ..ဟား..ဟား''

နာကျင်နေသလိုမျိုးသူကရယ်သည်။

''ဒါပေမယ့် အစ်မက ဆူယောင်းလောက်တောင်သတ္တိမရှိဘူးကွယ်။ အားလုံးကိုစွန့်လွှတ်ပြီး အချစ်ဆီခိုလုံဖို့မတတ်နိုင်ဘူး၊ ချည်နှောင်ထားသမျှကြိုးတွေကိုမဖြတ်နိုင်ဘူး၊ အားလုံးနဲ့ရင်းပြီးဆူယောင်းဘက်မှာလောင်းကြေးမထပ်နိုင်ဘူး။ တောင်းပန်ပါတယ်.. အစ်မက မင်းနဲ့ထိုက်တန်ရဲ့လားဆိုတာတောင်မသိတော့ဘူး''

အပြင်က မိုးညိုညိုတွေနဲ့အပြိုင်ငိုနေတဲ့ မျက်ဝန်းညိုတစ်စုံရှိသည်။

''ဂျူဟျွန်း...ဂျူဟျွန်း...မငိုပါနဲ့ ဒီမှာ ညီမကိုကြည့်''

ထိုအခါ မိုးပြိုနေတဲ့မျက်ဝန်းညိုတွေနဲ့ကျွန်မဆုံမိသည်။

''ညီမကို ယုံတယ်မဟုတ်လား၊ ဂျူဟျွန်းက ဒီနေရာမှာပဲရပ်စောင့်နေပေး ညီမက ကြိုးစားပြီးလှမ်းလာမှာမို့လို့၊ ညီမက အရာရာအားလုံး ဂျုဟျွန်းဆီမှာပုံအောပြီး လောင်းကြေးထပ်ထားတာ ကျွန်မမှာ ဂျူဟျွန်းကလွဲရင် ဘာမှမရှိတော့တာမို့လို့ ကျွန်မ ဂျူဟျွန်းကိုရအောင်ယူဖို့လာခဲ့မှာ။
ဂျူဟျွန်းက ဘာမှမတတ်နိုင်ဘူးဆိုတာမျိုး တွေးပြီးဝမ်းနည်းနေဖို့မလိုပါဘူး၊ ဂျူဟျွန်းက ကျွန်မကိုချစ်ပေးပြီး၊ ဒီနေရာမှာပဲစောင့်နေပေးပါ။ ဒါ ဂျူဟျွန်းတစ်ယောက်တည်းတတ်နိုင်မယ့်အရာပါ''

ကျွန်မ သူ့ပါးပြင်ပေါ်ကမျက်ရည်စလေးတွေသုတ်ပေးလိုက်တဲ့အခါ မျက်ဝန်းညိုညိုမှာတိမ်စတွေကင်းစင်သွား၏။

''အားလုံးထက် အစ်မက ဆူယောင်းကိုယုံတယ်''

အဲ့ဒီနောက် ကျွန်မနှုတ်ခမ်းတွေကိုသူနမ်းလိုက်သည်။
မက်မက်မောမော၊ ဆွေးဆွေးမြေ့မြေ့၊ အပြင်မှာမိုးစတွေဟာ ပိုသည်းထန်လာသလို။
စွတ်စွတ်စိုစိုအနမ်းများက နှုတ်ခမ်းဖျားမှပူပူနွေးနွေးစိမ့်ဝင်လာပြီး၊ ခန္ဓာကိုယ်နှစ်ခုတစ်သားတည်းဖြစ်တည်လာသည့်အထိအောင်။

အပြင်မှာ မိုးစတွေဟာတဖြည်းဖြည်းပိုသည်းနေခဲ့သည်။

......................

လွန်ခဲ့သော၁နှစ်ခွဲကာလ။

မိုးရာသီရဲ့ကောင်းကင်ဟာ ပုံမှန်အတိုင်းအုံ့စိုင်းနေ၏။
ဂျူဟျွန်းကလည်း ပုံမှန်အတိုင်းစာတွေရေးမြဲဖြစ်သည်။
ဒီကာလမှာ ဆူယောင်းဆီကပြန်စာတွေဟာ ကြာတတ်ပေမယ့်၊ ဂျူဟျွန်းကတော့ပုံမှန်အတိုင်း စောင့်စားယုံသာတတ်နိုင်သူမို့။

ဂျူဟျွန်းမှာ ဆူယောင်းကိုပြောပြချင်တဲ့စကားတွေအများကြီးရှိနေပေမယ့်။
စာတွေထဲထည့်မရေးဖြစ်ခဲ့။
ချစ်ရသူကို ချစ်တဲ့အကြောင်း၊ ပျော်စရာအမှတ်တရတွေသာ သိစေ၊မြင်စေ၊ကြားစေချင်ပါသည်။

ထိုစဥ် တံခါးခေါက်သံနှစ်ချက်ကြားရသည်။
တစ်ယောက်ယောက်က အိပ်ခန်းတံခါးကိုဖြည်းဖြည်းချင်းဖွင့်ပြီးဝင်လာသည်။

ကိုကို...
ဂျူဟျွန်းရဲ့တစ်ဦးတည်းသော ကိုကို။

''ကိုကို..ဘာလို့လဲ''

ကိုကိုရဲ့မျက်နှာကသိသိသာသာသုန်မှုန်နေ၏။
ကိုကိုက ဂျူဟျွန်းကိုစာဖိုင်တစ်ခုပေးလာသည်။

''ဂျူဟျွန်း ညီမလေး အခုလုပ်နေတာတွေတော်ပါတော့''

ဂျူဟျွန်း ဖိုင်ထဲကဓာတ်ပုံတစ်ချို့ကိုကြည့်ပြီးထိတ်လန့်သွားခဲ့သည်။
ဒါတွေ..ကိုကို ကဘယ်လိုလုပ်ပြီး...။

''ကိုကို...ဒါတွေက...''

''ရပ်တန်းကရပ်လိုက်ပါတော့ ဂျူဟျွန်း၊ ကိုကို ညီမလေးကို ဒုက္ခမရောက်စေချင်ဘူး''

ကိုကို ဆိုလိုတာကို ဂျူဟျွန်းနားလည်သည်။ ကိုကို့ စေတနာကို နားလည်သည်။
ဒါပေမယ့် ဒီကစ္စကို ကိုကိုသိသွားပြီဆိုမှတော့။

''ကိုကို ညီမလေးလုပ်နေတာ ဒီိတိုင်းပြည်အတွက်ပါ၊ သတင်းသမားတစ်ယောက်အနေနဲ့ ဒီဂျပန်ကောင်တွေအောက်မှာ အဘက်ဘက်ကဖိနိပ်ခံနေရတဲ့  ကိုယ့်လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပေးနေတာပါ''

''ကိုကို နားလည်တယ်၊ ဒါပေမယ့် ညီမလေးစဥ်းစားကြည့် ဒါက ကိုကိုတို့အနေနဲ့ဘာမှထိထိရောက်ရောက်တတ်နိုင်မယ့်ကိစ္စမဟုတ်ဘူး၊ ညီမလေးကိုနိုင်ငံရေးအရှုပ်တွေနဲ့မပတ်သတ်စေချင်ဘူး''

''ရေဘူးတစ်ရာကို ပိတ်လို့ရရင်ရမယ်၊ ပါးစပ်ကိုတော့မပိတ်နိုင်ဘူး ကိုကို၊ ဒီလိုမျိုး မပိတ်နိုင်တဲ့ပါးစပ်ပေါင်းများစွာစုပေါင်းပြီး ညီမလေးတို့က အမိနိုင်ငံတော်ကြီးလွတ်လပ်ရေးတွေအသံထွက်ပေးမှရမယ်၊ ညီမလေးတို့လို ရွှေဘုံစံအထက်တန်းစားတွေက မပါဝင်ပေးဘူးဆိုရင်၊ အောက်ခြေမှာခံစားနေရတဲ့ အဖိနိပ်ခံပြည်သူတွေအတွက် ဘယ်လောက်ခံပြင်းစရာကောင်းလိုက်မလဲ၊ဘယ်လောက်သနားဖို့ကောင်းလိုက်မလဲ''

ကိုကိုက မတတ်သာ၍သက်ပြင်းချသည်။
ဂျူဟျွန်းရဲ့မျက်လုံးတွေဟာ မခံချင်စိတ်နဲ့ရဲရဲတောက်နေပြီး၊ နှုတ်ခမ်းလွှာများကမာမာတင်းတင်းစေ့ထား၏။

''ဟင်း...ကိုကို ညီမလေးကိုနောက်ဆုံးသတိပေးချင်တာက၊ ဒီကိစ္စတွေဒီလောက်နဲ့ရပ်လိုက်ပါတော့လို့ပဲ၊ ညီမလေးဆက်လုပ်နေရင် ကိုကိုတို့တွေမိသားစုတစ်ခုလုံးဒုက္ခရောက်ရလိမ့်မယ်၊ အခုဒီဓာတ်ပုံတွေ သက်တွေအားလုံးက တာကဲရှိဆီကရတာလာပဲ''

ဂျူဟျွန်း လန့်သွားသည်။

''ဟင်...တာကဲရှိ က?''

''ဟုတ်တယ် ညီမလေး၊ တာကဲရှိက ညီမလေးကိုသူနဲ့ လက်ထပ်ပေးဖို့လာကမ်းလှမ်းတယ်၊ ဒါတွေအားလုံး ညီမလေးကောင်းဖို့အတွက်လို့ပဲတွေးလိုက်ပါကွယ်၊ ကိုကိုနဲ့ ဖေဖေကို သိပ်မမုန်းပါနဲ့''

ဂျူဟျွန်းမှာ အရုပ်ကြိုးပြတ်လဲမကျသွားရုံတစ်မယ်။
မဖြစ်နိုင်။
တာကဲရှိဆိုတဲ့ ရွံစရာကျွန်စဖောက်ကောင်ကို ဘယ်နည်းနဲ့မှလက်မထပ်နိုင်။
အသက်သာ သေချင် အသေခံလိုက်မယ်။

ကိုကိုဟာ အခန်းထဲက တိတ်တဆိတ်ပြန်ထွက်သွားခဲ့သည်။
ဂျူဟျွန်းကတော့အတွေးများစွာဖြင့်ကျန်ခဲ့လေသည်။
................

သည့်နောက်မှာတော့ ဂျူဟျွန်း တိုးတိုးတိတ်တိတ်အစီစဥ်တွေရေးဆွဲခဲ့၏။
လက်ရှိတွင် သူမကူညီပေးနေသော လွတ်မြောက်ရေးအဖွဲ့အစည်း၏ ကြိုးကိုင်သူမှာ အစိုးရအရာရှိပိုင်းတစ်ဦးဖြစ်ပြီး၊ လုပ်ပိုင်ခွင့်အာဏာအတော်လေးထိရောက်ပေသည်။

ထို့ကြောင့် ဂျူဟျွန်း ထိုပုဂ္ဂိုလ်နှင့်အခြေနေကိစ္စအဝဝကိုတိုင်ပင်ဆွေးနွေးခဲ့သည်။
ဂျူဟျွန်း အနေနဲ့ မြို့ရှိ ဂျပန်သစ္စာတော်ခံ ကျွန်စဖောက်ထောက်တိုင်ကြီး တချို့အား ချယ်လှယ်နိုင်မည့် သတင်းအချက်လက်များကိုရှာပေးခဲ့သည့်အလျောက် လွတ်မြောက်ရေးအဖွဲ့အစည်းကလည်း သူမကိုကူညီပေးဖို့လက်ခံခဲ့၏။

ဂျူဟျွန်း၏ အစီစဥ်မှာ မြို့ကနေတိတ်တဆိတ်ထွက်ပြီး ဆူယောင်းရှိတဲ့ အိုဆာကာကိုလိုက်သွားမည်။
ဆူယောင်း၏အမည်အောက်တွင် ခဏလောက်တော့ သူမပုန်းအောင်းနေရမည်။
အခုချိန်မှာ ဆူယောင်းဟာ နာမည်ရှိသောအနုပညာရှင်တစ်ယောက်ဖြစ်လာပြီမို့ ဂျူဟျွန်းကိုဖုံးကွယ်ထားပေး ဖို့ရာတစ်နည်းနည်းနဲ့စွမ်းနိုင်လောက်မည်။
သူမသာ ဆူယောင်းအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့မျှော်လင့်သည်။
ဂျူဟျွန်း လာမယ့်အကြောင်းကိုလည်း ဆူယောင်းဆီစာရေးခဲ့ပြီးပြီး။

သို့သော် တာကဲရှိနှင့်၎င်း၏လက်ပါးစေများသည် ဂျူဟျွန်းနောက်သို့အရိပ်တစ်ခုသဖွယ်နောက်ရောင်ခံနေကြပြီး၊ ဂျူဟျွန်း၏အကြံအစည်အစီစဥ်အားလုံး ပေါက်ကြားသွားခဲ့ပြီ ဆိုတာကိုတော့ ဂျူဟျွန်းနောက်ကျမှသိလိုက်ရလေသည်။

ထိုနေ့က ဂျူဟျွန်းထွက်ပြေးမည့်နေ့တွင် လွတ်မြောက်ရေးအဖွဲ့၏ကြိုးကိုင်သူအရာရှိမင်းမှာ ဂျပန်တို့လက်အောက်၌ဖမ်းစီးသတ်ဖြတ်ခြင်းခံလိုက်ရလေသည်။ ၎င်းလွတ်မြောက်ရေးအဖွဲ့အစည်းကိုလည်း ဂျပန်တို့ ရှောင်တခင်ဝင်ရောက်စီးနင်းကာ သုတ်သင်ချေမုန်းခဲ့လေသည်။
တာကဲရှိဟာ ဂျူဟျွန်းမှ ဆူယောင်းထံပေးပို့ခဲ့သော စာများကိုလည်းဖျက်စီးခဲ့၏။

ဤကဲ့သို့ မျှော့လင့်ချက်များအားလုံးပျက်စီးဆုံးရှုံးလိုက်ရပြီးနောက် ဂျူဟျွန်း မှာ တာကဲရှိ၏နယ်ရုပ်ကလေးဖြစ်လာရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။

........

ဤသို့ဖြင့် ရှောင်လွှဲ၍မရသော တောင်းရမ်းစေ့စပ်ပွဲနေ့ကိုရောက်လာခဲ့လေပြီ။

အဘက်ဘက်မှ စိတ်ဓာတ်များချွတ်ချုံကျနေသော ဂျူဟျွန်းမှာ နာတာရှည်လူမမာတစ်ယောက်သဖွယ် ဖြူစုတ်ဖျော့တော့နေ၏။

မိတ်ကပ်များ၊ ပန်းများ၊ တန်ဖိုးကြီးဝတ်စုံများဟာ အသုဘအလောင်းကောင်ကို တန်ဆာဆင်ထားသည့်နှယ် ဂျူဟျွန်းကိုယ်ပေါ်တွင်ခမ်းခမ်းနားနားအသက်မဲ့လှသည်။

ဂျူဟျွန်းအနေနဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့အထိအကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်၊ မမြင်နိုင်တဲ့စိတ်နှောင်ကြိုးတွေဟာဖြတ်ပစ်ဖို့ခတ်လှ၏။
ဂျူဟျွန်းဒီလိုမျိုးထွက်သွားဖို့သတ္တိမရှိ။
ဂျူဟျွန်းက ဆူယောင်းပြောသလိုပဲ သိပ်သတ္တိနည်းသည်။

ဒီလိုဆို တစ်ဘဝလုံးအသက်ကလွဲလို့ အရာရာဆုံးရှုံးလိုက်ရပြီး၊ သေလူနဲ့မခြားတော့မည့် ဘဝကိုလည်း ဂျူဟျွန်းမလိုလားပါ။

နောက်ဆုံးတကြိမ် ဖြစ်ဖြစ် သေမထူးနေမထူးတဲ့ဘဝမှာ အရာအားလုံးနဲ့ပုံအော လောင်းကြေးထပ်ကာ စွန့်စားကြည့်ဖို့၊ ဂျူဟျွန်းဆုံးဖြတ်ခဲ့သည်။

စေ့စပ်ကြောင်းလမ်းရန် မင်္ဂလာချိန်ဖြစ်သည

ဘယ်မျိုးနွယ်၏စံအိမ်တော်၌ နိုင်ငံခြားဖြစ် စလွန်းကားအကောင်းစားကြီးများ ခြံဝန်းထဲတွင်တန်းစီကာ စိုက်ရပ်ထား၏။

စံအိမ်တော်၏ဧည့်ဆောင်ခန်းမအတွင်း၌ ဘယ်မျိုးနွယ်၏ အထွဋ်အခေါင်ဖြစ်သူ 'နေ့အလင်းသစ်'သတင်းစာတိုက်ပိုင်ရှင် သူဌေးမင်း ဘယ်ဆုန်းဟို၏မိသားစု နှင့်  ဘယ်မျိုးနွယ်၏ သြဇာ အာဏာရှိသူများကတစ်ဖက်၊ ဂျပန်အလိုရိ အရာရှိမင်း တာကဲရှိနှင့် ၎င်း၏ဆက်နွယ်သောအရာရှိအရာခံများကတစ်ဖက် စီရှိနေကြသည်။

နှစ်ဖက်စလုံးမှာ မင်္ဂလာကိစ္စမှအစပြုကာ၊ နိုင်ငံရေးစကားဝိုင်း၊ စီးပွားရေးစကားဝိုင်းတည်လျှက်ရှိသည်။

၎င်းတို့အားလုံးအလယ်မှာတော့ မတုန်မလှုပ်ယမင်းရုပ်လေးတစ်ရုပ်နယ် အသက်မဲ့စွာထိုင်နေသောမိန်းမငယ်လေးတစ်ဦးရှိနေသည်။
သူမမှာ ဤပွဲ၏အခရာသတို့သမီးလောင်း ဘယ်ဂျူဟျွန်းဖြစ်သည်။

သတို့သမီးလောင်းလျာမှာ အသက်မဲ့နေသလောက် တာကဲရှိကတော့  ပြုံးရွှင်ရယ်မောနေသည်။ သို့သော် ၎င်း၏မျက်လုံးများ၌ မြေခွေးကဲ့သို့ ပကတိကောက်ကျစ်စဥ်းလဲသော အရိပ်အရောင်များကမပြောင်းလဲချေ။

''ကဲကဲ ဒါဖြင့် ကျုပ်တို့တွေ မဂင်္လါရက်သတ်မှတ်ပြီး စေ့စပ်ကြောင်းလမ်း ကတိကဝတ်ပြုကြစို့လား''

ဤသို့ ကတိကဝတ်ပြုမည့်အချိန်မှာပင် လူဘုံအလယ်တွင် ရုတ်တရက် မတ်တပ်ထရပ်လိုက်သူမှာ ဘယ်ဂျူဟျွန်း ဖြစ်သည်။

''ကျွန်မလက်မခံပါဘူး၊ ဒီလူနဲ့စေ့စပ်ကြောင်းလမ်းတာရော၊ ကတိကဝတ်ပြုတာရော၊ လက်ထပ်တာရော ကျွန်မ မလုပ်နိုင်ပါဘူး!''

သူမအသံက ကျောက်စိုင်ကျောက်ခဲများကို ထိုးခွဲတော့မည့်ဓားကဲ့သို့ မာကျောထပ်ရှလှသည်။

အားလုံးထံမှ အံ့သြမင်သက်၍မယုံနိုင်ဖွယ်အကြည့်များကသူမထံ တစ်မဟုတ်ချင်းရောက်ရှိလာကြသည်။

သို့သော် ဂျူဟျွန်းဟာ ဘယ်သူ့တုန့်ပြန်မှုကိုမှစောင့်ဆိုင်းမနေပဲ ပြောပြီးပြီးချင်း လက်ဖက်ရည်ဝိုင်းမှထွက်လာခဲ့သည်။

ထိုစဥ် တာကာရှိက သူမအနားကိုရောက်လာပြီး သူမလက်ကိုလှမ်းဆွဲထားလိုက်၏။

''ဘယ်လိုဖြစ်နိုင်မှာလဲ မိန်းကလေးဘယ်။ လူကြီးတွေစီစဥ်တာကိုငြိမ်ငြိမ်လေးလက်ခံလိုက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်''

တာကဲရှိသည် အရာရာကိုအောင်နိုင်သူကဲ့သို့ ကောက်ကောက်ကျစ်ကျစ်ပြုံးနေ၏။

''ကျွန်မကို လွှတ်စမ်းပါ တာကဲရှိ!''

ဂျူဟျွန်းကရုန်းသည်၊ တာကဲရှိက အတင်းဆွဲထားသည်။
နောက်တွင် တာကဲရှိက ဂျူဟျွန်းကိုဖက်ထားလိုက်ပြီး နားနားကပ်ကာပြော၏။

''မင်းရော မင်းမိသားစုရော အစိုးရကိုပုန်ကန်မှုနဲ့ကိစ္စမချောချင်ရင် ငြိမ်ငြိမ်နေလိုက်၊ အခုအားလုံးကငါ့လက်ထဲမှာဆိုတာ မင်းသိထားဖို့ကောင်းတယ်''

ဒီတစ်ကြိမ်တွင် ဂျူဟျွန်းသူ့ကိုတွန်းထုတ်ကာ ပါးရိုက်လိုက်သည်။

''ရှင့်လို..ရှင့်လိုလူယုတ်မာမျိုးနဲ့ ကျွန်မ သေတာတောင်လက်မထပ်နိုင်ဘူး တာကဲရှိ!''

ဂျူဟျွန်းသည် ဘာကိုမှဂရုမစိုက်တော့ပဲပြေးထွက်လာခဲ့သည်။
တစ်လောကလုံးကို သူမဆန့်ကျင်ခဲ့ပြီးပြီ။

ထို့နောက်တွင် သူမသည် ဦးစွာ ပုန်းအောင်းနေရန် မြို့ပြင်ရှိ သတင်းစာတိုက်လုပ်ငန်းပိုင်ဆိုင်သော စက္ကူစက်ရုံသို့သွားခဲ့သည်။

ပြီးတော့ မြင်းလှည်းသမားဖြင့် အစ်ကိုဖြစ်သူထံစာပို့စေသည်။

ညနေစောင်း မှောင်ရီပျိုးလုချိန်တွင် ကိုကိုနှင့် မေမေသည် အထုပ်အပိုးတစ်ချို့နှင့်အတူ ဂျူဟျွန်းပုံးနေရာဂိုထောင်သို့ရောက်လာကြ၏။

မေမေက ဂျူဟျွန်းကိုတွေ့တာနဲ့ ဖက်၍ငိုသည်။
ကိုကို့မျက်လုံးထဲမှာတော့ ဖြေမဆယ်နိုင်ခြင်းနှင့်အတူဒေါသများ၊ဂရုဏာများရှုပ်ထွေးနေ၏။

''အပြင်မှာတော့ဗြောင်းဆန်နေတာပဲ ဂျူဟျွန်း''

ဂျူဟျွန်းက သက်ပြင်းချယုံသာတတ်နိုင်၏။

''ကဲပါ မေမေရယ် မငိုပါနဲ့တော့ ဒီမှာကအန္တရာယ်များတယ်၊ အချိန်မလင့်ခင် ဂျူဟျွန်း ကို လှေဆိပ်သွားပို့ရအောင်ပါ''

ကိုကိုက ဆွဲခေါ်၍ မေမေသည်ဂျူဟျွန်းတို့နှင့်အတူ ဆိပ်ကမ်းကိုကုန်သွားချမည့် စက္ကူစက်ရုံမြင်းလှဲထဲပါလာခဲ့သည်။

လမ်းတစ်လျောက်လုံး သုံးယောက်သားဘာစကားမှမပြောဖြစ်ပဲ ကိုကိုက သက်ပြင်းမောတွေဆက်တိုက်ချနေသည်။ ဂျူဟျွန်းက ခေါင်းကိုသာငုံ့ထားသည်။ မေမေကတော့ ဂျူဟျွန်းကိုဖက်ရင်း မျက်ရည်တသွင်သွင်ကျနေ၏။

ကုန်တင်သင်္ဘောဆိပ်မှာ လှည်းကရပ်ပေမယ့်၊ ဂျူဟျွန်းတို့သုံးယောက်ကတော့ ခပ်လှမ်းလှမ်းရှိ လှေကတို့ဆိပ်ကိုလာခဲ့ကြသည်။
လမ်းတစ်လျောက်တွင် ဂျပန်ပလိပ်စစ်ဆေးရေးများခြေရှုပ်လျှက်ရှိရာ အမှောင်ထုအောက်မှာပုန်းလျှိုးကွယ်လျှိုးဖြင့် လှေဆိပ်သို့ရောက်ခဲ့ကြ၏။

အသင့်စောင့်နေသော ကတို့လှေငယ်ပေါ်အထုပ်အပိုးတို့တင်ပြီးနောက်၊ ဂျူဟျွန်းသွားရတော့မည်။

ဂျူဟျွန်းမှာ ဤသို့မည်သူမှမသိအောင်ထွက်ပြေးဖို့ကလွဲရင် တခြားအသက်ရှင်ရန်နည်းလမ်းမရှိတော့ပေ။
ဤနယ်မြေတွင် သူမဆက်နေနေပါက တာကဲရှိဟာတစ်နည်းနည်းနဲ့ သူမကိုသတ်လိမ့်မည်။ သူမမိသားစုကိုဒုက္ခပေးလိမ့်မည်။

သူမကြောင့် ဘယ်မျိုးနွယ်ဟာလည်း နာမည်ပျက်ကျန်ခဲ့ပြီး ဤမြေမှတစ်နည်းမဟုတ်တစ်နည်းနဲ့ပြေးမှသာ အန္တရာယ်ကင်းလိမ့်မည်။

သို့သော် ဂျူဟျွန်းနောင်တမရပါ။ မလိုချင်သောဘဝ၌ မနေလို၍ရဲရဲဝံ့ဝံ့ပုန်ကန်ခဲ့ပြီးပြီ၊ မိသားစုအတွက်စိတ်မကောင်းတာကလွဲရင် ကိုယ့်ကိုယ်ကိုကျေနပ်ပါသည်။

''မေမေ ကိုကို သမီးသွားတော့မယ်၊ အစစအရာရာ ဂရုစိုက်ပါ''

မေမေကတော့ မျက်ရည်များကြားကပြုံးပြရင်းခေါင်းသာညိမ့်သည်။

''သွားတော့ ဂျူဟျွန်း ၊ ဒီမြေကိုပြန်မလာနဲ့ ကိုကိုတို့ကိုမရှာနဲ့ တစ်နေရာရာမှာအသက်ရှင်အောင်နေပါ ''

''ကိုကို...''

''နောင်တလည်းမရနဲ့၊ ကိုယ့်ကိုယ်ကိုလည်းအပြစ်မတင်နဲ့ ဘယ်နေရာရောက်ရောက် အသက်ဖြောင့်ဖြောင့်ရှုပြီး ပျော်ပျော်ရွှင်ရွှင် နေရမယ်လို့ ကိုကို့ကိုကတိပေး ညီမလေး ''

ကိုကို့မှာ မျက်ရည်များဝဲနေသည်။ ဂျူဟျွန်းရောပဲ။

''ညီမလေး ကတိပေးပါတယ်ကိုကို''

ကိုကိုက ဂျူဟျွန်းကိုတစ်ချက်ပွေ့ဖက်လိုက်သည်။

''ဂျပန်တွေဒီမြေမှာမရှိတော့တဲ့ တစ်နေ့ကျရင် ညီမလေးကို ကိုကိုလာရှာမယ်''

''ကိုကို ကတိပေးတယ်''

''သွားတော့ ဂျူဟျွန်း၊ ကောင်းကောင်းသွားတော့''

အဲ့ဒီညနေခင်းမှာ မိုးဟာဝမ်းနည်းဖွယ်ကောင်းအောင်ရွာချခဲ့သည်။ ဆိပ်ခံတံတားပေါ်က ဝမ်းနည်းပူဆွေးမှုပြည့်နှက်နေတဲ့ ကိုကိုနဲ့မေမေကို မိုးရေတွေကြားမှာ ဂျူဟျွန်းတရွေ့ရွေ့ခွဲခွာသွားခဲ့သည်။
..................

Continue Reading

You'll Also Like

99.7K 3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
72.2K 2.9K 24
Noah always believed her and Lando were forever, but when he ended things with her to further his racing career it left her heartbroken and alone. I...
439K 10.9K 60
𝐋𝐚𝐝𝐲 𝐅𝐥𝐨𝐫𝐞𝐧𝐜𝐞 𝐇𝐮𝐧𝐭𝐢𝐧𝐠𝐝𝐨𝐧, 𝐝𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐰𝐞𝐥𝐥-𝐤𝐧𝐨𝐰𝐧 𝐚𝐧𝐝, 𝐦𝐨𝐫𝐞 𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭𝐥𝐲, 𝐰𝐞𝐥𝐥-𝐫...
622K 31.5K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...