၆ လပိုင်းဆိုတဲ့ ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာ မူလတန်း၊အလယ်တန်း၊အထက်တန်း နှင့် တက္ကသိုလ် ကျောင်းသူကျောင်းသားများ အားလုံးကိုယ့်ကျောင်းကိုယ် အသီးသီးသွားကြရပြီပေါ့။မန္တလေးမြို့ရဲ့ Soul Private တက္ကသိုလ် ကျောင်းတော်ကြီးတခုထဲမှာ......
ကျောင်းရဲ့ကန်တင်းထဲမှာ ထိုင်နေကြတဲ့ မိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်...
ထိုနှစ်ယောက်တည်းမှ တယောက်ဟာ နှုတ်ခမ်းနီဆိုးနေပြီး
နောက်တယောက်ကတော့ အအေးသောက်ရင်း စိတ်ပျက်လက်ပျက်ကြီး ကြည့်နေသည်။အလှပြင်နေတဲ့ သူဟာ မိန်းကလေးလို့ထင်လိုက်ရင်မှားသွားလိမ့်မယ်...
"အမြတ်ရယ်~တော်ပါတော့။ငါမျက်စိတွေလည်းနောက်နေပြီ။"
"အမယ်လေး~ကိုယ့်ဘာကိုယ် အလှပြင်တာတောင် ဩဇာသီးလာရောင်းနေတယ်...ဒီမယ်...ဒေါ်လင်္ကာ...မိန်းကလေးဆိုတာ ဒီလိုပြင်ထားမှ တော်ကာကြတာ။"
"မယ်လေး...အတုမက ပြောရတယ်ရှိသေး...ငါတို့လို အစစ်မတွေ ပြောဖို့လည်း ချန်ပါဦး။"
"ဒေါ်လင်္ကာ!ရှင်ဆိုသည်မှာလေ ကျမကိုဆို ဝုန်းမယ်ဆိုတာကြီးပဲ!!"
သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်သည် မမယ်သော ရန်ဖြစ်ခြင်း ဖြစ်နေတုန်း အဝေးကနေ ကောင်မလေးတွေရဲ့ အော်သံ တီးတိုးသံတွေကြားရသည်။
အမြတ်:"ခေါင်...လာပြီထင်တယ်။"
အလင်္ကာ:"ကောင်မတွေကလည်း ယွတာဟယ်..."
အမြတ်:"ဟုတ်ပါ့ဟယ်..."
သတိုးလာတာနဲ့ စပ်စလူးထနေတဲ့ မိန်းကလေး အုပ်ကြီးကိုကြည့်ပြီး အလင်္ကာနဲ့အမြတ်နဲ့ပြောလိုက်သည်။ဟိုအကိုတော်ကလည်း သူ့ကိုယ်သူ မင်းသားများမှတ်နေလား မသိဘူး...
နေကာမျက်မှန်နဲ့ အဖြူရောင် T-shirt ကိုလက်ခေါက်တင်ထားကာ style pant အမဲနဲ့ ရှိုးအပြည့်ပေးကာ မိန်းကလေးတိုင်းကို ပြုံးတောင် ပြုံးပြနေလိုက်သေးသည်။သူ သူမတို့ဝိုင်းမှာထိုင်လိုက်မှ အသံတွေငြိမ်သွားသည်။
သူမငယ်ငယ်လေးတည်းက သတိုးကို ဒီလိုမိန်းကလေးတွေ ဝိုင်းကြည့်တာတို့ သတိုးက သူတို့ကို ပြန်အရေးလုပ်တာတို့ဆိုရင် သိပ်ကို စိတ်တိုပါသည်။
အခုလည်း စိတ်မကြည်တာမို့ သူဝိုင်းမှာ ကောင်းကောင်းတောင် မထိုင်ရသေးခင်မှာ သူမရဲ့ခပ်စွာစွာဆူသံက ထွက်ပေါ်လာသည်။
အလင်္ကာ:"နင်ဘာလို့ အဲ့လောက်နောက်ကျနေတာလဲ?..."
သတိုး:"နင်ကလည်းဟာ...ရောက်ရောက်ချင်း စောက်နဲ့ထွင်း။ဖင်တောင် မချရသေးဘူး...လေသံက ကြောက်တောင်ကြောက်တယ်။"
အလင်္ကာ:"အပိုတွေပြောမနေနဲ့!နင့်ကိုပဲ နေ့တိုင်းစောင့်နေရတယ်။"
သတိုး:"အလင်္ကာ...ငါ့ကိုပဲပြောမနေနဲ့။အခု ငါရောက်ပြီ ဟိုနှစ်ကောင်က မရောက်သေးဘူးမလား?"
အမြတ်:"အချိန်လေးဘာလေး နည်းနည်းကြည့်ပါဦးအေ~မင်းသိုက်နဲ့လင်းချိုက စားစရာတွေသွားယူနေတာ။"
သူက ခပ်တည်တည်နဲ့ သူနောက်ဆုံးမရောက်ဘူးဆိုတဲ့ သဘောနဲ့အပိုင်ပြောကာမှ အမြတ်စကားကြောင့် ဘေးကအလင်္ကာကိုကြည့်လိုက်တော့ သူ့ကို ခပ်စူးစူးကြည့်နေတာမို့ တံတွေးမြိုချလိုက်သည်။
သတိုး:"နင်တို့ကလည်းဟာ~ငါက ကျောင်းလာရင် နင်တို့လို ဖြစ်ကလပ်စမ်းလာလို့ မရဘူး...ငါ့ကို ကြည့်နေတဲ့ မိန်းကလေးတွေအများကြီးပဲ နည်းနည်းပါးပါးတော့ ပြင်ရတော့ပေါ့။"
အလင်္ကာ ပြန်ပြောမယ် လုပ်တုန်း စားစရာတွေနဲ့ရောက်လာပြီး စကားဖြတ်ပြောလိုက်တဲ့ လင်းချိုကြောင့် ရပ်သွားသည်။
လင်းချို:"ခေါင်ခိုက်ရောက်နေပြီလား?"
မင်းသိုက်နဲ့ လင်းချိုက အစားစာတွေထည့်ထားတဲ့ ဗန်းကြီးကိုင်ကာ ရောက်လာကြသည်။အားလုံးက စားဖို့ ပန်းကန်တွေဝိုင်းချနေပေမဲ့ သူကတော့ သူ့ကိုစိတ်ဆိုးနေတဲ့ အလင်္ကာကိုသာ ကြည့်နေမိတယ်။
အလင်္ကာ:"မစားတော့ဘူးလား?!"
သူမကို စိုက်ကြည့်နေတုန်း သူမက သူ့အရှေ့က ခေါက်ဆွဲပန်းကန်ချပေးပြီး မေးလာမှ သူအသိပြန်ဝင်လာရသည်။
သတိုး:"ဟင်?အေးပါ...စားမှာပါ။နင်ကလည်း လေသံလေးနည်းနည်းလျော့ပေးစမ်းပါ။"
မင်းသိုက်:"အလင်္ကာရာ အဲ့ကောင်နောက်ကျတိုင်း နင်စိတ်ဆိုးနေရတာ မမောသေးဘူးလား?"
အလင်္ကာ:"နောက်ကျလို့ စိတ်ဆိုးတာထက် ဒင်းက နောက်ကျနေတာတောင် လမ်းလျှောက်လာတာ တလမ်းချင်းစီ...သူ့ကိုယ်သူ မော်ဒယ်ရှိူးလျှောက်နေသလိုလို ဘာလိုလိုနဲ့။"
သတိုး:"ဟ!အဲ့တော့ ငါက ဝရုံးသုံးကား ပြေးလာရမလားပြော?ပြေးလာရမလား?"
အလင်္ကာ:"ပြေးသင့်ရင် ပြေးရမှာပေါ့။"
သတိုး:"မပြေးသင့်လို့ မပြေးတာပေါ့။အတန်းမှ မရှိတာ။"
အလင်္ကာ:"သတိုး!!!"
သတိုး:"ဘာလဲ?"
ဘူးသီးကြော်တခုယူစားရင် ဖြေလိုက်သည်။
အလင်္ကာ:"နင်စကားကို ကပ်မပြောနဲ့နော်။"
သတိုး:"ဘေးချင်းကပ်ရပ်ထိုင်နေမှတော့ နည်းနည်းတော့ ကပ်မှာပေါ့နင်ကလည်း..."
အလင်္ကာ:"သတိုး!!!...ငါစိတ်တိုလာပြီနော်!!"
သတိုး:"အခုမှတိုတာလား?...ငါကခုနကတည်းက တိုနေတယ်မှတ်တာ။"
အလင်္ကာ:"နင်!နင်!ပြောလေ ကဲလေပဲ!"
ပြောပြီး နှစ်ချက်လောက် ဆင့်ခေါက်လိုက်တဲ့ အလင်္ကာ...
သတိုး:"အ့!နာတယ်နော်...အလင်္ကာ!"
အလင်္ကာ:"နာအောင်ခေါက်တာလေ။"
မင်းသိုက်:"တော်ကြပါတော့ကွာ...မင်းတို့ကလည်း...မြန်မြန်စားကြ ပြီးရင် အတန်းထဲသွားမယ်။"
မင်းသိုက်ကြားထဲက ပြောလိုက်မှ ရန်ပွဲဟာ ရပ်သွားတော့သည်။သူတို့ ငါးယောက်သား စားနေကြတုန်း လင်းချိုက ဟင်းရည်သောက်ရင်း သီးသွားသည်။
လင်းချို:"အဟွတ် အဟွတ်!အဟွတ်!ဟွတ်!"
မင်းသိုက်:"ရေ!ရေ!...ရလား?လင်းချို အဆင်ပြေလား?ဟင်?"
လင်းချို:"အင်း...ရတယ်။"
မင်းသိုက်:"နင့်ကိုပြောသားပဲ...ဖြေးဖြေးသောက်ပါလို့..."
နှုတ်ခမ်းကို တစ်ရှူးနဲ့သုတ်နေရင်း ပြောလာသည်။
လင်းချို:"မဟုတ်ပါဘူး။ပူတာကို မမှုတ်ပဲသောက်လိုက်မိလို့ပါ။"
မင်းသိုက်:"လာ ကိုယ်မှုတ်ပေးမယ်။"
နည်းနည်း ထူးဆန်းနေတဲ့ သူတို့နှစ်ယောက်ကြောင့် ကျန်သုံးယောက်က တယောက်ကိုတယောက် မျက်စပစ်ပြကြသည်။လင်းချို သီးသွားတော့ အားလုံး ရေတိုက်ရန်နည်းနည်း စိတ်ပူသွားပေမဲ့ အဲ့လောက်ကြီးထိတော့ ပြာယာခပ်စရာမလိုဘူးမဟုတ်လား?
အခုလည်း သူမသောက်မဲ့ ခေါက်ဆွဲကို မှုတ်ပေးနေတဲ့ မင်းသိုက်ကို ပြုံးပြုံးကြီးကြည့်နေပြန်တဲ့ လင်းချို...
လင်းချို တယောက် မင်းသိုက်ရဲ့ဒီလို ဂရုစိုက်မှုတွေကို သဘောကျကာ ကြိတ်ပြုံးပြီး အရှေ့မော့ကြည့်လိုက်တော့ သူမကိုကြည့်နေတဲ့ ကျန်သုံးယောက်နဲ့ အကြည့်ချင်းစုံသွားတာမို့ သူခိုးလူမိသလို ဖြစ်သွားသည်။
လင်းချို:"!...နင်တို့က ဘာလို့စိုက်ကြည့်နေတာလဲ?"
အလင်္ကာ:"ထူးဆန်းလို့။အယ်!ဟုတ်ပါဘူး။"
လင်းချို:"ဘာထူးဆန်းလို့လဲ?မထူးဆန်းပါဘူး။"
အလင်္ကာ:"ဟုတ်ပါတယ်...မထူးဆန်းပါ။ဆက်သောက် ဆက်သောက်...ဟင်း ဟင်း..."
🌼🌼🌼🌼💓💓💓Heart💘beat💓💓💓🌼🌼🌼🌼
အတန်းထဲရောက်တော့ ဆရာ မရောက်သေးတာမို့ သူတို့နေရာတွေမှာ ဝင်ထိုင်လိုက်ကြသည်။နောက်ဆုံးနှစ်တန်းမှာ သူတို့ ငါးယောက်ထိုင်ကြနေရာဖြစ်သည်။
မိန်းကလေးနှစ်ယောက်က အရှေ့မှာ ထိုင်ပြီး ယောက်ျားလေး သုံးယောက်ကတော့ နောက်ဆုံးတန်းမှာ ထိုင်သည်။
လင်းချို:"ဒီနေ့ သုံးချိန်ပဲရှိတာမလား?...ငါတို့ အပြင်သွားရအောင်။"
မင်းသိုက်:"ဒိုးမယ်လေ။"
အမြတ်:"ငါတို့ ပန်းခြံထဲသွားပြီး အဆင်သွားငမ်းရအောင်။"
သတိုး:"မင်းက နေရာတကာ ငမ်းနေတာ...ပြောမနေနဲ့။"
အမြတ်:"ပန်းခြံထဲမှာဆို အတွဲတွေများတယ်။အဲ့အတွဲတွေနဲ့အဆင်ကိုမှ ငမ်းမှစိတ်ချရတာ။မဟုတ်ရင် ဇာတ်တူသားတွေ စားမိကုန်မှာစိုးလို့ပါအေ။အခုခတ်က အဆင်ဆိုလင်နဲ့တဲ့ဟေ့။"
အလင်္ကာ:"ဟဲ့ကောင်မ...ဒုသနသောတွေနော်။"
အမြတ်:"ဇာတ်တူသားထက်တော့ သာပါတယ်အေ။"
အလင်္ကာ:"မနိုင်ဘူးဟယ်~"
ထို့နောက် ဆရာရောက်လာတာမို့ စကားစပျက်သွားကြသည်။ဆရာစာသင်နေတုန်း မင်းသိုက်တယောက် စာလိုက်မှတ်ရင်း ဘေးကိုကြည့်လိုက်တော့ ရှယ်ပလန်နဲ့ကို ငိုက်နေတဲ့သတိုး......
လှုပ်နှိုးလိုက်တော့ မျက်စိတချက်ဖွင့်လာပြီး မှောက်တောင်အိပ်လိုက်သေးသည်။မင်းသိုက်လည်း လေသံလေးဖြင့် နားနားကပ်ကာ...
"ဟျောင့်!ဟျောင့်!!!"{whispering}
လုံးဝကို နှိုးလို့မရတဲ့ သတိုးပါလေ။သူနဲ့ အမြတ်လည်း ဘယ်လိုမှ နှိုးမရတဲ့ အဆုံး အရှေ့တန်းက အလင်္ကာကို လှမ်းတို့လိုက်တော့လှည့်ကြည့်လာသည်။
သူလည်း သတိုးကိုထိုးပြလိုက်တော့ မျက်နှာမဲ့ပြီး ပါးစပ်က"ဟာ"ဆိုတဲ့ ပုံစံမျိုးလုပ်ကာ အရှေ့ပြန်လှည့်သွားပြီး သတိုးကို ကာပြီးထိုင်လိုက်သည်။နှိုးမရမှတော့ ဆရာမမိအောင်ပဲ လုပ်ပေးရတော့မှာပေါ့။
.
.
.
.
တချိန်ပြီးသွားတော့မှ သတိုးတယောက် နိုးလာတော့သည်။ဒင်းက အပျင်းကြောတွေပါ ဆန့်လိုက်သေးသည်။အရမ်းတွေ အိပ်ရေးဝသွားသလိုပဲ...
မင်းသိုက်:"အော်~တော်တော် ပင်ပန်းသွားပြီ ဟုတ်လား?"
သတိုး:"ဇက်ကျောတွေတောင် တက်တယ်။"
မင်းသိုက်:"မင်းရွှဲ့နေတာကွ!ဇက်ကျောတက်တယ်ပဲ ဖြစ်ရသေးတယ်။တချိန်လုံးအိပ်နေတဲ့ ကောင်က..."
အမြတ်:"ဟုတ်ပါ့။နှိုးတောင်မရဘူး။သေနေသလား အိပ်နေသလား မသဲကွဲဘူး။နင့်ဘေးမှာထိုင်ရတာ အလောင်းကြီးဘေးမှာ ထိုင်နေရသလိုပဲ...."
သတိုး:"အဲ့လောက်လည်း မဟုတ်ပါဘူး...ဒါနဲ့ လင်းချိုနဲ့အလင်္ကာကော?"
အမြတ်:"အိမ်သာသွားတယ်။"
သတိုး:"အော်~"
မင်းသိုက်:"ဟျောင့်တွေ!...ငါ မိန်းကလေးနှစ်ယောက် မရှိတုန်း တခုပြောချင်လို့။"
သတိုး:"ဘာလဲ?"
မင်းသိုက်:"ဟိုကွာ~ဟိုဟာ...ဟို"
အမြတ်:"လိပ်ခေါင်းဖြစ်နေလို့လား?"
မင်းသိုက်:"ဖြစ်စရာလား?!!"
အမြတ်:"နင်က ပြောမှာဖြင့် မပြောပဲနဲ့။ပြော မြန်မြန်ပြော!"
မင်းသိုက်:"ငါလေ...ငါ လင်းချိုကို သဘောကျနေပြီကွ။ငါ လင်းချိုကို ချစ်တယ်။ငါ့ကို ကူညီကြပါဦးကွာ~"
အမြတ်:"ကုန်ပါပြီ ကုန်ပါပြီ...ကျမစော်ကင်(အဆင်)တော့ ကုန်ပါပြီ။"
မင်းသိုက်:"ဘုန်းမြတ်!တိတ်တိတ်နေစမ်းပါဟာ~"
သတိုး:"ငါကူညီမယ် ဟျောင့်!စိတ်ချ...ငါ့အထင်တော့ လင်းချိုလည်း မင်းအပေါ် ခံစားချက်ရှိလောက်တယ်။ငါ့ကို ယုံလိုက်။"
အမြတ်:"ဟုတ်ပါ့ ဟုတ်ပါ့။နင်သူ့ကို မှုတ်ပေးတုန်းက ပြုံးပြီးကြည့်နေတာ။"
မင်းသိုက်:"ဘာမှုတ်တာလဲ?ဘာမှုတ်တာလဲ?!!မမိုက်ရိုင်းနဲ့!"
ပြောရင်းနဲ့ လှမ်းရိုက်လိုက်တဲ့ မင်းသိုက်...
အမြတ်:"ဟင်းရည်...သူ့ခေါက်ဆွဲဟင်းရည်ကို မှုတ်ပေးတုန်းကလေ။လိုရာတွေဆွဲတွေးနေတယ်။"
သတိုး:"ဟုတ်တယ်...ငါကူညီမယ်ဟျောင့်!အေးဆေး။"
မင်းသိုက်:"တကယ်နော်။"
သတိုး:"သတိုးခေါင်ခိုက်ပါ။"
.
.
.
.
အိမ်သာထဲမှာ လက်ဆေးနေကြတဲ့ လင်းချိုနဲ့ အလင်္ကာ...
"အလင်္ကာ..."
"ဟင်?"
"ငါနင့်ကို ပြောစရာရှိလို့။"
"ပြောလေ..."
"ဒီကိစ္စကို နင့်ကိုပဲသိစေချင်တယ်။ဘယ်သူမှ မပြောနဲ့နော်..."
"အေး...ပြော ဘာဖြစ်လို့လဲ?"
"ငါလေ...ငါ...ဟို...ဟို..."
"အော်~~ပြောမှာဖြင့် ပြောစမ်းပါ။တဟိုဟိုနဲ့။"
"ငါ မင်းသိုက်ကို သဘောကျတယ်ဟာ..."
"ဟမ်?"
"ဟုတ်တယ်...ငါ သူ့အပေါ် ခံစားချက်တွေရှိနေပြီ။အဲ့ဒါနင်ကူညီပါလားဟာ...သူငါ့ကို သဘောမကျမှာ ငါကြောက်လို့။"
"ဟား ဟား...မိန်းမရယ်~ငါ့အထင်တော့လေ။မင်းသိုက်လည်း နင့်အပေါ်ခံစားချက်ရှိလောက်တယ်။"
"ဟင်?နင်က ဘယ်လိုသိတာလဲ?"
"ဒီနေ့ပဲ ကြည့်လေ...နင်ဟင်းရည် သီးတုန်းက...ပြာယာကို ခပ်နေတာပဲ။...ငါကူညီမယ်!စိတ်ချလိုက်။"
"တကယ်?...နင်က ဘယ်လိုကူညီမှာလဲ?"
"အော်~ယုံလိုက်စမ်းပါ။ကြည့်နေ...နင်တို့ အဆင်ပြေစေရမယ်။ပန်းလင်္ကာချိုပါ..."
"ကျေးဇူး!ကျေးဇူး!"
🌼🌼🌼🌼💓💓💓Heart💘beat💓💓💓🌼🌼🌼🌼
At night;
ညရောက်တော့ အလင်္ကာတယောက် စတင်လှုပ်ရှားပြီလေ။မင်းသိုက်အား လိုင်းပေါ်မှ text လိုက်သည်။
<Hi bro>
<ပြော?>
<နင် ဒီနေ့မနက်က နည်းနည်းထူးဆန်းသလားလို့>
*ဟင်?အင်္လကာရိပ်မိသွားတာလား?မဟုတ်ပါစေနဲ့...*
<ဘာကိုလဲ?>
<နင် လင်းချိုကို ကြိုက်နေတာလား?>
*ဟိုက်!သေပါပြီ။အလင်္ကာက ဘယ်ကနေဘယ်လို သိသွားတာလဲ?*
<နင်ငါ့ကို လိမ်ဖို့တော့ မစဉ်းစားနဲ့နော်>
<မလိမ်ပါဘူးဟာ...
ဟုတ်တယ်ကွာ~ငါလင်းချိုကို ကြိုက်နေတာ
နင် လင်းချိုကိုပြန်သွားမပြောနဲ့နော်>
<အဲ့ဒါမျိုးတွေ ဝါသနာမပါဘူး။
အကူညီလိုသေးလား သူငယ်ချင်း?>
<တကယ်လား?အလင်္ကာ?>
<လိမ်စရာလား?!>
<ကျေးဇူး သူငယ်ချင်း!!😗>
<🤢🤮>
တဖက်က သတိုးနဲ့ လင်းချိုရဲ့ chat မှာလည်း...
<ဒေါ်လင်းချို>
<ဘာလဲ?!>
<နင်...ဟန်တောင် မဆောင်နိုင်တော့ဘူး ကြည့်စမ်း!>
<ဘာကိုလဲ?>
<ငါမသိဘူးများ ထင်နေလား?
နင် မင်းသိုက်ကို ကြိုက်နေတာမလား?>
*ဒီကောင်က ဘယ်ကနေဘယ်လို သိသွားတာလဲ?*
<ခေါင်ခိုက်!နင့်ကိုဘယ်သူပြောပြတာလဲ?>
<အော်...နင်ကတော်တော် မသိသာဘူးဆိုတော့...
ငါက သူများပြောမှသိမှာ။
နင့်မျက်နှာကြီးလေ...
ဒီမနက် မင်းသိုက်နင့်ကို ဂရုစိုက်တော့ နွားပွဲစားကြီးကျလို့>
<နင်ကလည်း...
မင်းသိုက်ကိုတော့ သွားမပြောနဲ့နော်!>
<နင်ကလည်း~ငါ့ကိုတောင် မယုံဘူးလား?>
<နင်က တော်တော်ယုံချင်စရာကောင်းတယ်ဆိုတော့>
<စော်ကားတာ>
<စတာ စတာ>
အလင်္ကာနဲ့လင်းချိုတို့ chat ထဲမှာတော့...
<ဟဲ့!!>
<ဘာလဲ?>
<ငါ့ကို ခေါင်ခိုက်က လာမေးနေတယ်...
ငါမင်းသိုက်ကို ချစ်နေတာ သူသိနေတယ်ဟ!>
<သိရင်လည်း သိမှာပေါ့။
နင်က အဲ့လောက်သိသာနေတာ။>
<ဟင်?...မင်းသိုက်ပါသိနေရင် ဘယ်လိုလုပ်မလဲ?>
<အဲ့အကောင်လား သိမှာ။
ငတုံးက အရိပ်ပြရင် အကောင်မြင်ဖို့ မပြောနဲ့
အကောင်ပြရင်တောင် အရိပ်မြင်ရင်ကံကောင်း...>
<နင်ကလည်း🙁
ရက်ရက်စက်စက်>
<ကောင်မ ယွနေလိုက်တာ>
<ဟီး...သူမသိလောက်ပါဘူးနော်။>
<မသိလောက်ပါဘူး။
တကယ်လို့ သိတော့လည်း ဘာဖြစ်လဲ?>
<ငါအရှက်ကွဲမှာပေါ့>
<အဲ့လောက်လဲ ကြောက်မနေပါနဲ့ဟာ...
တချိန်ကြရင်လည်း သူသိသွားမှာပဲကို>
<အေးပါ>
သတိုးနဲ့ မင်းသိုက်တို့ရဲ့ chat ...
<သားကြီး...ဟျောင့်!>
<?>
<ငါ လင်းချိုကို ချစ်နေတဲ့ အကြောင်း အင်္လကာသိနေတယ်ကွ>
<ဘယ်လိုသိသွားတာလဲ?>
<မသိပါဘူးကွာ~>
<သူသိတာလည်း မဆန်းပါဘူး။မသိမှ ဆန်းနေမှာ>
<ဘာ?>
<မင်းက အဲ့လောက်သိသာနေတာကို...မသိပဲနေမလား?
ပြီးတော့ အလင်္ကာဆိုပိုတောင် သိဦးမယ်
သူက လူကဲခတ်တော်တာနဲ့...>
<သူက လင်းချိုကိုတော့ မပြောလောက်ပါဘူးနော်...
မပြောဘူးလို့တော့ ပြောတာပဲ...>
<သူ မပြောဘူးလို့ပြောရင် တကယ် မပြောပါဘူး>
🌼🌼🌼🌼💓💓💓Heart💘beat💓💓💓🌼🌼🌼🌼
တက္ကသိုလ်ကျောင်းဝန်းထဲမှာ လူတယောက်ကို လိုက်ရှာနေတဲ့ ကောင်လေးတယောက်...သူကတော့ အမြဲနောက်ကျမှ ရောက်တဲ့ သတိုးခေါင်ခိုက်ပဲဖြစ်ပါတယ်။ဒီနေ့တော့ ထူးထူးဆန်းဆန်း အစောကြီးရောက်နေသတဲ့...
"အလင်္ကာ!!!"
"သတိုး?!...နင်အစောကြီးရောက်နေတယ်?"
"ဒါပေါ့။"
"ထူးထူးဆန်းဆန်း..."
"အောင်မာ~ငါ့ကိုများ စော်စော်ကားကား...အဲ့ဒါတွေထားပါ။ငါနင့်ကို လိုက်ရှာနေတာ။"
"ဘာလုပ်ဖို့?"
"လာ!ကန်တင်းမှာ အေးဆေးသွားပြောမယ်။"
"ဘာမို့လို့လဲ?"
"လာမှာသာ လာစမ်းပါ!"
ပြောပြီး ဇွတ်တွေ ဆွဲခေါ်သွားတဲ့ သတိုးနောက်ကို ပွစိပွစိရွတ်ရင်း ပါသွားတဲ့ အလင်္ကာ...
"ဖြေးဖြေးသွားဟဲ့!"
.
.
.
.
"ပြော!"
ဆိုင်ထဲရောက်တာနဲ့ တန်းမေးလာတဲ့ အလင်္ကာ...
"အလင်္ကာ...နင်ငါ့ကို တခါတလေလေး စကားချိုချိုသာသာမပြောချင်ဘူးလား?"
"ဒါငါ့ပုံမှန်လေသံပဲ။"
"ဟက်!အေးပါ။...ငါပြောမလို့...မင်းသိုက် လင်းချိုကို ချစ်နေတာ နင်သိနေတယ်ဆို?"
"ဟုတ်တယ်...နင်လည်း လင်းချို မင်းသိုက်ကို ချစ်နေမှန်းသိတယ်ဆို?"
"အင်း...အဲ့ဒါပြောမလို့...ငါတို့ သူတို့နှစ်ယောက်ကို ကူညီပေးရအောင်...ငါတို့ မပို့ရင်ရောက်မဲ့ကိန်းမရှိဘူး။"
"အဲ့ဒါတော့ ဟုတ်တယ်..."
"သဘောတူလား?"
"Of course "
"ရှိုက်လိုက်..."
ပြောရင်း လက်တဘက်ကို ထောင်ပေးတဲ့ သတိုးရဲ့လက်အား အလင်္ကာက ပြန်ရိုက်လိုက်ရင်း လက်ချင်းထပ်လိုက်ကြသည်။
"ချကွာ"
"ကိုခေါင်..."
သူတို့နှစ်ယောက် လက်ချင်းရိုက်ပြီး ရယ်နေကြတုန်း သူတို့နားကို ရောက်လာတဲ့ ကောင်မလေးအား အလင်္ကာတချက်မော့ကြည့်လိုက်သည်။
ထိုကောင်မလေးကလည်း သူမကိုမကြည်ကြည့် ကြည့်နေတာမို့ သူလည်းဘာမှမပြောပဲ မမြင်ချင်ယောင်ဆောင်လိုက်သည်။
သူမကို ဒီကျောင်းက ကောင်မလေးတွေ အမြင်မကြည်တာ သူမအတွက် မဆန်းတော့ပါ။သတိုးနားမှာ အမြဲရှိနေတဲ့ သူမကို သတိုးကိုကြိုက်နေတဲ့ ကောင်မလေးတွေ အမြင်မကြည်တာ မဆန်းပါဘူးလေ။
"ကျေးဇူးပြုပြီး ကျနော့်ကို နာမည်အပြည့်စုံခေါ်ပေးပါလား?ကို တက်မခေါ်လဲ ရပါတယ်။"
"ဟုတ်ကဲ့...ဆောရီးနော် သတိုးခေါင်ခိုက်..."
"ရပါတယ်။လာရင်း ကိစ္စလေး?"
သတိုးက တခြားကောင်မလေးတွေကို အလိုက်တိုက်ဆက်ဆံတတ်ပေမဲ့ သူ့နာမည်ကို အဖျားစွပ်ခေါ်ရင်တော့ မျက်နှာသာမပေးပါ။
ပုံမှန်ဆို မာနသိပ်မကြီးပါ။ဖော်ဖော်ရွေရွေလည်း နေတတ်ပေ မဲ့ သူ မကြိုက်တာ တခုခုလုပ်လိုက်ရင်တော့ မဖော်ရွေနိုင်တော့ပါ။
"အော်...ကိုခေါင်!အို...ဆောရီး...သတိုးခေါင်ခိုက်ကို ဒါလေးပေးချင်လို့ပါ။"
"ဟုတ်ကဲ့ ကျေးဇူးပါ။"
ဖျော်ရည်ဘူးလေး ပေးလာတာမို့ သူလည်း ယူထားလိုက်ကာ အလင်္ကာဘက်လှည့်လိုက်သည်။
"သွားလိုက်ဦးမယ်နော်...."
"နင်ဘာစားမလဲ မှာလေ။"
ထိုကောင်မလေးက သတိုးကို နှုတ်ဆက်နေပေမဲ့ သတိုးက မကြားတော့ပဲ သူမကိုစကားလှည့်ပြောနေတာမို့ ကြားထဲက အမြင်မတော်တဲ့ သူမကပဲပြောပေးရတော့သည်။
"သတိုး...ဟိုမှာ နင့်ကိုပြောနေတယ်လေ။"
"ဟင်?...အော်~မပြန်သေးဘူးလား။ဘာပြောနေတာလဲ မသိဘူး။"
"ဘာမှ မဟုတ်ပါဘူး။သွားတော့မယ်လို့..."
"အော် ဟုတ်ကဲ့...ဖြေးဖြေးသွားပါဗျ။"
ထိုကောင်မလေးကတော့ မျက်နှာမချိုမချဉ်နဲ့ သူမကို မျက်စောင်းကြီးထိုးကာ ထွက်သွားလေသည်။အော်~သူငယ်ချင်း ချောချောလေးရထားတာလည်း မလွယ်ပါဘူး။
"အလင်္ကာ...ဘာစားမလဲ?"
"ကြိုက်တာမှာ..."
"နေမကောင်းဘူးလား?"
"ကောင်းပါတယ်..."
"မျက်နှာမကောင်းလို့..."
"မဟုတ်ပါဘူး။"
"နင်ငါ့ကို လိမ်လို့မရပါဘူး။ပြော...ဘာဖြစ်လို့လဲ?ကျောင်းဆေးခန်းသွားမလား?"
"ဟော်တော်~မဖျားပါဘူးဆို ဘာကို ကျောင်းဆေးခန်းသွားမလားလဲ?ဒီတိုင်း ဗိုက်မဆာလို့ ကြိုက်တာမှာလို့ပြောလိုက်တာ။"
"အေးပါ~ဗိုက်မဆာလဲ နည်းနည်းတော့စား။အတန်းက နှစ်ချိန် ဆက်တိုက်ကြီး။"
"အင်းပါ။"
သူမကို မိန်းကလေးတွေ မကြည်တာဟာ အဆန်းမဟုတ်တော့ပေမဲ့ သူမကတော့ နေသားမကျသေးပါ။အခုလို သူမကို မျက်စောင်းထိုးတာတွေ မကြည်ကြည့် ကြည့်တာတွေ သဘောမကျပါ။ဒါတွေကို သတိုးကိုတော့ သူမမပြောပြချင်ပါ။သတိုးရဲ့ဒေါသကို သူမသိတာမို့...
အလင်္ကာဟာ သူမအား မိန်းကလေးတွေက မကြည်တာမို့ သူမစိတ်ထဲနေရခက်နေတယ်ထင်နေပေမဲ့ သူမလို သူများအမြင်တွေကို ဂရုမစိုက်တတ်တဲ့ သူက ဒီလိုကိစ္စလေးကြောင့် ဝမ်းနည်းမယ်တဲ့လား?
တကယ်တော့ သတိုးအား ကောင်မလေးတွေကို လာရောလို့ သူမစိတ်ထဲ နေရခက်နေတာကို သူမကိုယ် သူမ မသိခဲ့လေရဲ့......
🌼🌼🌼🌼💓💓💓Heart💘beat💓💓💓🌼🌼🌼🌼
အတန်းထဲမှာတော့ ဂိမ်းသမားနှစ်ယောက်က ဂိမ်းအသဲသန်ဆော့နေသည်မှာ အတန်းထဲဆရာရောက်နေသည်ကို မသိ...ဆရာက နောက်ကနေသူတို့ကို ကြည့်နေတာကို မသိပဲ အသဲသန်ဆော့နေတော့သည်။
"မင်းခန့်!"
"ဘာလဲကွာ!!ဒီမှာ မအားပါဘူးဆို...စောက်စကားများ!"
"ဟျောင့်!!!!"
"ဘာ!...ဟင်??ဆရာ~~"
"ငါဖြတ်ရိုက်လိုက်လို့ သေဦးမယ်။ပိတ်စမ်း!!ဖုန်း!"
"ဟုတ်ကဲ့...ဟုတ်ကဲ့..."
ကျန်တဲ့ သူတွေကတော့ သူတို့ကို ပြုံးစိစိနဲ့ ရယ်ချင်တာကို ထိန်းထားရသည်။
"ဒီနေ့ မင်းတို့ လက်တွေ့လုပ်ဖို့ရှိတယ်။အားလုံးပဲ...မှတ်စု စာအုပ်တွေယူကြ။Practical room ထဲသွားမယ်။"
"ဟုတ်ကဲ့ ဆရာ..."
.
.
.
.
Practical room ထဲရောက်တော့ ငါးယောက်တဝိုင်း ထိုင်ကာ practical လုပ်ရသည်။ဆရာက အပေါက်အရမ်းဆိုးတာမို့ သတိုးနဲ့သိပ်မတည့်ပါ။အခုလည်း အခန်းတခန်းလုံး သူအသံကြီးပဲ...
"တစက်ဆို တစက်ပဲထည့်နော်!!!!"
"ဟိုကောင်!!လက်က တုန်မနေနဲ့!!!"
"သေချာလုပ်ကြ!!အမှား မပါစေနဲ့!!!"
*တောက်စ်*
အမြတ်:"ခေါင် ဘာဖြစ်လို့လဲ?"
ငြိမ်နေရာမှ ရုတ်တရက်ကြီး တောက်ခေါက်လိုက်တဲ့ သတိုးအား အမြတ်ပေးလိုက်သည်။
သတိုး:"ငါ အဲ့ဆရာကို သိပ်ကြည့်မရတော့ဘူး။ဟောက်စားလာလုပ်နေတယ်။"
မင်းသိုက်:"စိတ်လျော့စမ်းပါ ခေါင်ခိုက်ရာ..."
လင်းချို:"နင်ပေါက်ကရတော့ မလုပ်နဲ့နော်...ပြဿနာတတ်မယ်။ဒါ Practical ခန်း..."
သတိုး:"အင်းပါ။"
အားလုံးက တားနေတာမို့ သူလည်းစိတ်လျော့ကာ instruction ဖတ်ပြီး ဆက်လုပ်နေလိုက်သည်။သိပ်မကြာပါ ဆရာက သူတို့ဝိုင်းကို ရောက်လာသည်။
သူက ဆရာ့ကိုသိပ်ကြည့်မရသလို ဆရာကလည်း သူ့ကိုမေတ္တာမရှိပါ။အခုလည်း မရှိ ရှိတဲ့အပစ်ရှာနေသည်။
"သတိုးခေါင်ခိုက်!!ဘယ်လိုတွေလုပ်နေတာလဲ?"
"ဘာလုပ်လို့လဲဗျ!"
"ဒီမှာကြည့်စမ်းဘေးကို ပေကုန်ပြီ။"
"ဘယ်နားက ပေတာ။"
"ဒီမှာလေ!ဒီနားလေးမှာ...မင်းမျက်လုံးကန်းနေလား?!!"
"ဟာ!ဒါလေးက!"
ပြန်ပြောရန်ပြင်နေတဲ့ သတိုးအား အမြတ်က ခုံအောက်ကနေ လှမ်းဆိတ်ကာ တားလိုက်တော့မှ သူလည်းစိတ်လျော့လိုက်သည်။
ထို့နောက် ဟိုဆရာထွက်သွားတော့ သတိုးလည်း မဲ့ပြုံးတချက်ပြုံးကာ instruction ထဲမှာ တစက်ပဲထည့်ရန်ပြောထားတာကို လေးစက်လောက်ထည့်ပလိုက်သည်။
အလင်္ကာ:"သတိုး!!"
သတိုး:"ရှူး~~"
အလင်္ကာ:"ဘာ ရှူးလဲ!အဲ့ဒါတစက်ပဲထည့်ရမှာလေ!!"
အင်္လကာက ကြောက်ပြီး သူ့အား အံကြိတ်ကာ ပြောနေပေမဲ့ သူကတော့ အပြုံးမပျက်။မပျက်ဆို သူလုပ်ချင်တာ လုပ်လိုက်ရတာကို...
သတိုး:"ဟိုဆရာကို နည်းနည်းလေး lesson ပေးရုံပါ။"
အလင်္ကာ:"ဒုက္ခပါပဲဟာ~"
လင်းချို:"ဘာဖြစ်လို့လဲ?"
အလင်္ကာ:"တစက်တည်း ထည့်ရမှာကို လေးစက်တောင်သွားထည့်တယ်လေ!"
လင်းချို:"ဟာ!!"
မင်းသိုက်:"ခေါင်ခိုက်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။"
အမြတ်:"တခုခုဖြစ်ရင် တို့မပါဘူးနော်။"
သတိုး:"အော်~မင်းက တမျိုး။"
🌼🌼🌼🌼💓💓💓Heart💘beat💓💓💓🌼🌼🌼🌼
(19.8.2023){Saturday}
အပိုင်းတစ်လေးပါ။အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်။အမှားသွားရင်လည်း ခွင့်လွှတ်ပေးကြပါဦး။🙇♀️