Empress and his Servent✔

By NightToy_95

34K 3.5K 189

ဧကရီရဲ့ဧကရီ... ဧကရီရဲ႕ဧကရီ... coverphoto credit #nighttoy95 #historical More

1ခု
2ခု
3ခု
4ခု
Character
5ခု
6ခု
7ခု
8ခု
9ခု
10ခု
11ခု
12ခု
13ခု
15ခု
16ခု(လမ်းဆုံး)Uni
16ခု(လမ္းဆုံး)Zaw

14ခု

1.5K 190 7
By NightToy_95

14ခု
Uni

ရေတံခွန်ကကျောက်ဆောင်ပေါ်သေရည်ထိုင်သောက်နေသည့်မင်းသား၂အနားရှောင်းကျန့်ရောက်လာသည်။

"မင်းရောက်လာပြီလား"

ကျောခိုင်းထိုင်နေရင်းလှည့်မကြည့်ပဲမေးတော့မမြင်နိုင်မှန်းသိပေမဲ့ခေါင်းညိမ့်ပြမိသည်။

"အင်း မင်းသား၂ကျွန်တော့ကိုဘာလို့တွေ့ချင်ရတာလဲဘာများပြောစရာရှိနေတာလဲ"

"ဒီမှာလာထိုင်"

ချန်းရှို့ပင်းကသူ့အနားလာဖို့ပြောတော့ရှောင်းကျန့်မငြင်းပဲကျောက်တုံးပေါ်တက်သွားကာကျောချင်းကပ်ထိုင်လိုက်သည်။မင်းသား၂ကသေရည်အိုးကမ်းပေးတာကိုတော့သူငြင်းလိုက်တယ်။သူမူးရင်ဧကရီကသိလိမ့်မယ် ဘယ်သူနဲ့ဘယ်မှာဘယ်လိုပုံစံသောက်လဲဆိုတာကအစစစ်မေးတော့မှာဖြစ်သည်။မင်းသား၂နဲဲ့ဆိုတာသာသိရင်ရှောင်းကျန့်ကိုအလွတ်ပေးမှာမဟုတ်ဘူး။

"ကျွန်တော့ကိုတွေ့ချင်တာက?"

"ဧကရီကပြောတယ်မင်းမှာလက်ထက်ဖို့ထိရည်ရွယ်ထားတဲ့သူရှိတယ်ဆို"

"ဟင်?"

ရှောင်းကျန့်ကြောင်သွားပေမဲ့နောက်မှသတိရပြီးရှက်ပြုံးဝဲဝဲလေးပြုံးမိသည်။ကျောချင်းကပ်ထိုင်နေတာမလို့ရှောင်းကျန့်ရှက်သွားတာကိုချန်းရှို့ပင်းကမတွေ့နိုင်ဘူး။သူ့အတွေးထဲတိတ်ဆိတ်နေတဲ့ရှောင်းကျန့်ကဝန်ခံသည်ဟုသိသွားသည်။ချန်းရှို့ပင်းကမျက်ခုံးတွေစုကျုံ့သွားပြီးသေရည်မော့လိုက်သည်။

"ရှောင်းကျန့်"

"အင်း"

"ငါမင်းကိုလက်ထက်ချင်တယ်"

"ဘယ်လို!! မင်းသား၂ ဘာ ဘာပြောလိုက်တာလဲကျွန်တော်နားကြားမှားတာမလား.."

ရှောင်းကျန့်ကမင်းသား၂စကားကြောင့်မယုံနိုင်စွာဖြစ်သွားပြီးလှည့်ကြည့်လာသည်။ချန်းရှို့ပင်းလဲလှည့်လာကာရှောင်းကျန့်ကိုတွေတွေလေးငေးကြည့်တယ်။ရှောင်းကျန့်ကတော့အံ့သြလွန်းလို့ပါးစပ်လေးပွင့်ကာယုန်သွားလေးနှစ်ချောင်းကလဲပြူတစ်ထွက်ပေါ်နေသည်။

"နားကြားမှားတာမဟုတ်ဘူးအဲ့ဒါကအမှန်ပဲ ရှောင်းကျန့် ငါမင်းကိုချစ်တယ် အရမ်းချစ်တယ်အဲ့ဒါကြောင့်ငါ့ကိုလက်ထက်ခွင့်ပေးပါ"

ရှောင်းကျန့်မှာဘာပြန်ပြောရမှန်းကိုမသိတော့ပါ။တကူးတကခေါ်တွေ့ပြီးရည်းစားစကားရောလက်ထက်ခွင့်ပါတောင်းခံနေရတယ်။ခုချိန်မှာရှောင်းကျန့်ခေါင်းကဗလာဖြစ်နေတယ်

"ငါ့ဘဝမှာသတ္တိမရှိခဲ့လို့အချစ်ကိုတစ်ခါဆုံးရှုံးခဲ့ရပြီးပြီ နောက်ထပ်မဆုံးချင်တော့ဘူးငါမင်းကိုလက်မလွှတ်နိုင်ဘူးရှောင်းကျန့်...ပြီးတော့...ပြီးတော့.."

"........."

"ပြီးတော့ မင်းကြီးကလဲမင်းနဲ့ငါ့ကိုထိမ်းမြားပေးဖို့စီစဥ်နေတယ်"

"ဘာ!!!"

တုတ်တုတ်မလှုပ်တဲ့ရှောင်းကျန့်ကဒီစကားကြောင့်ခေါင်းတည့်တည့်မိုးကြိုးပစ်ခံလိုက်ရသည်။တဆက်ထဲကြောက်စိတ်လဲဝင်ရောက်လာတယ်။မင်းမိန့်မလား...ဧကရာဇ်အမိန့်ဆိုငြင်းဆန်ဖို့ခက်ခဲတယ်။

"ရှောင်းကျန့်တစ်ခုခုပြောအုံးလေ"

ကျောက်ရုပ်ကြီးအလားငြိမ်ကျသွားတဲ့သူကြောင့်ချန်းရှို့ပင်းကပုခုံးကိုအသာလှုပ်လိုက်သည်။ရှောင်းကျန့်ကသူ့ပုခုံးပေါ်ကမင်းသား၂ရဲ့လက်ကိုပြင်းထန်စွာပုတ်ထုတ်လိုက်သည်။ကျောက်တုံးပေါ်ကလျောဆင်းပြီးစူးစူးဝါးဝါးစိုက်ကြည့်ကာ

"ကျွန်တော်လက်မခံဘူး"

"ဒါပေမဲ့ ဧကရာဇ်ကအမိန့်ချလိုက်ရင်ပြဿနာတက်မှာနော် ဧကရာဇ်အမျက်ရှရင်မင်းကိုထိခိုက်မှာစိုးရတယ်"

"ဟင့်အင်း..ကျွန်တော်မကြောက်ဘူး ကျွန်တော့ဘဝမှာချစ်ရသူကတစ်ယောက်ထဲပဲရှိတယ် သူကလွဲပြီးဘယ်သူ့ကိုမှမချစ်နိုင်ဘူး.."

"မင်းအသက်ကိုစတေးရဲတဲ့ထိလား"

"ကျွန်တော်သူ့အပေါ်သေတာတောင်သစ္စာဖောက်မှာမဟုတ်ဘူး အသက်?ဟုတ်လား ဘာအရေးလဲသူ့ကိုစပြီးချစ်ထဲကကျွန်တော့အသက်ခန္ဓာနှလုံးသား ရှောင်းကျန့်ဆိုတဲ့လူကအားလုံးပေးဆပ်ထားပြီးသား"

ဆုံးဖြတ်ချက်တွေပြတ်သားခိုင်မာပြီးအချစ်အတွက်တိုက်ပွဲဝင်ရဲတဲ့အချစ်သူရဲကောင်းလေးလိုပြန်ပြောနေသည်။ချန်းရှို့ပင်းကသူ့ရှေ့ကထိလိုက်တာနဲ့အဆိပ်သင့်စေတော့မဲ့ပုံစံလေးနဲ့ရှောင်းကျန့်ကိုကြည့်ပြီးရင်ဘက်ကတစ်ဆစ်ဆစ်နာကျင်ရသည်။

"ဒါပေမဲ့ဧကရာဇ်အမိန့်ကိုတော့ငြင်းဆန်လို့ရမှာမဟုတ်ဘူး ဒါကအမှန်တရားပဲ"

"ကျွန်တော့ဘက်ကတော့လုံးဝလက်မခံဘူး မင်းသား၂ကျွန်တော့ကိုဖိအားပေးဖို့မစဥ်းစားပါနဲ့သူငယ်ချင်းဆက်ဆံရေးပြတ်တောက်ပြီးမင်းသား၂ကိုမုန်းမိလိမ့်မယ်"

ရှောင်းကျန့်ကချန်းရှို့ပင်းကိုစေ့စေ့ကြည့်ကာပြောပြီးဝတ်ရုံစကိုမ ကာပြေးထွက်သွားတော့သည်။ကျန်ရစ်ခဲ့တဲ့ချန်းရှို့ပင်းကနာနာကျင်ကျင်ပြုံးလိုက်တယ်။လက်ကျန်သေရည်တွေကိုအကုန်မော့လိုက်ပေမဲ့သူမမူးဘူး။မူးသွားရင်အားလုံးကိုမေ့ပျောက်သွားမလို့လေ..

သူ့ဘဝမှာနှစ်ခါပဲရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးတယ်အဲ့ဒီနှစ်ခါလုံးသူကံမကောင်းခဲ့ဘူး။ပထမအချစ်မှာချစ်နေပါရက်နဲ့သတ္တိမရှိခဲ့လို့တခြားသူလက်ထဲပါသွားတာကိုနာကျင်စွာကြည့်ခဲ့ရသည်။ခုလဲကံတရားကကိုယ့်ဘက်ပါမယ်ကြံတုန်းချစ်ရသူကခါးခါးသီးသီငြင်းနေလေတော့...

အဖြစ်အပျက်ကိုစဆုံးမြင်တဲ့မိဖုရားလျန်(ကြင်ယာတော်လျန်ရူဟွား)ကစိတ်မသက်မသာစွာကြည့်ကာချန်းရှို့ပင်းအနားလျောက်လာသည်။ချန်းရှို့ပင်းကသူ့အနားမှာလာရပ်နေတဲ့သူကိုမော့ကြည့်သည်။မိဖုရားလျန်ကိုတွေ့တော့မျက်ရည်တွေရစ်သိုင်းလာတယ်။

"လျန်ဟွားကျဲ..."

"အရမ်းပင်ပန်းနေလားအားရှို့.."

"ကျွန်တော့ဘဝမှာစစ်မှန်တဲ့လူတွေ့ကြုံရဖို့ကံမပါလာဘူးထင်တယ် ရှောင်းကျန့်ကိုကျွန်တော်အရမ်းချစ်တယ်ဒါပေမဲ့.."

"သူကလက်မခံဘူးမလား"

"အင်း..သူ့မှာချစ်ရသူရှိတယ် အားရုံက ကလေးတစ်ယောက်ဖြစ်တာကြောင့်ကလေးအတွေးပဲသူရှောင်းကျန့်ကိုတကယ်မချစ်နိုင်တာသိတာမလို့ကျွန်တော်စိတ်မပူခဲ့ဘူး ခု..ခုတော့ရှောင်းကျန့်မှာချစ်ရသူရှိတယ်တဲ့ လျန်ဟွားကျဲကျွန်တော်လေတခြားလူတွေနဲ့အားလုံးယှဥ်ပြီးရှောင်းကျန့်အချစ်ကိုရနိုင်ပေမဲ့သူ့ရဲ့ချစ်သူကိုတော့မယှဥ်နိုင်ဘူး....သူကသူ့ချစ်သူအပေါ်သစ္စာရှိလွန်းတယ်.."

"သနားစရာအားရှို့ရယ်...သူ့မှာချစ်ရသူရှိနေမှတော့ဘယ်တတ်နိုင်ပါ့မလဲ သူများချစ်ခြင်းကိုမခွဲကောင်းဘူး"

လျန်ရူဟွားကမင်းသား၂ရဲ့ကျဆင်းနေတဲ့မျက်ရည်တွေကိုသုတ်ပေးကာဖျောင်းဖြပေးသည်။ချန်းရှို့ပင်းကခေါင်းကိုခါယမ်းလိုက်တယ်

"ကျွန်တော်လက်မခံချင်ဘူး..."

*^^*

ရှောင်းကျန့်ကထောင်ဟွားနန်းဆောင်သို့ပြေးပြန်လာခဲ့သည်။သူဧကရီကိုအရမ်းတွေ့ချင်တယ်ပြီးရင်ဧကရာဇ်ရဲ့အစီအစဥ်တွေကိုတိုင်ပြောချင်သည်။သူတို့ထွက်ပြေးသင့်ရင်ထွက်ပြေးကြမယ်..ဘယ်သူမှမတွေ့နိုင်တဲ့ဟိုးအဝေးကြီးကိုထွက်ပြေးကြမယ်..

နန်းဆောင်တံခါးကိုဆွဲဖွင့်လိုက်တော့မတ်တပ်ရပ်လျက်စာဖတ်နေတဲ့ဧကရီကိုတွေ့ရသည်။ဧကရီကသူ့ကိုလှည့်ကြည့်လာပေမဲ့သူအဝမှာဒီတိုင်းရပ်နေတုန်းပင်..ခွဲခွာရဖို့အကြောင်းတွေးမိရုံနဲ့သူရင်ကွဲရတော့မလိုပင်။အရမ်းနာကျင်ဖို့ကောင်းတာမလို့သူမတွေးချင်လောက်အောင်ပဲ...

ဝမ်ရိပေါ်ကရေးရေးလေးပြုံးကာလက်နှစ်ဖက်ကိုဆန့်ကားရင်းသူ့ဆီလာဖို့ရင်ဖွင့်ကြိုဆိုသည်။ရှောင်းကျန့်ဘာမှမတွေးတော့ပဲဧကရီဆီပြေးသွားကာရင်ခွင်ထဲတိုးဝင်ပြီးတင်ကြပ်စွာတိုးဖက်ထားလိုက်သည်။ဧကရီဆီကရယ်သံလွင်လွင်လေးကြားရတော့သူပိုလို့တောင်ဒီလူသားနဲ့မဝေးချင်တော့ဘူး...

"ငါ့ရှောင်းကျန့်လေးဘယ်တွေသွားကစားပြီးပြန်လာတာလဲ "

ရင်ခွင်ထဲကရှောင်းကျန့်ကခေါင်းလုံးလုံးလေးခါယမ်းပြသည်။ပိုပြီးတင်းကြပ်စွာဖက်ထားရင်းမပြောမဖြစ်တဲ့စကားကိုပြောဖို့ပြင်သည်။ဒါကသူ့အတွက်သိပ်ကိုခက်ခဲတယ်

"ဧကရီ...မင်းကြီးကလေကျွန်တော့ကိုမင်းသား၂နဲ့လက်ထက်ပေးဖို့စီစဥ်နေတယ်..ကျွန်တော်သူ့ကိုလုံးဝမယူနိုင်ဘူး"

".........."

ရှောင်းကျန့်ပြောလိုက်တော့ဧကရီကတိတ်ဆိတ်သွားသည်။ခွန်းတုံ့ပြန်စကားမဆိုလာတော့ရှောင်းကျန့်စိုးရိမ်သွားတယ်။သူ့ရင်ထဲလဲစိုးထိတ်လာကာဖက်ထားရာကနေဖြေလိုက်ပြီးဧကရီကိုကြည့်လိုက်သည်။ဧကရီရဲ့မျက်နှာကပကတိတည်ငြိမ်လို့နေတယ်..ရှောင်းကျန့်နားမလည်ဖြစ်သွားသည်။

"ဧကရီ..ကျွန်တော်ပြောတာကြားလားကျွန်တော့ကို"

"လက်ခံလိုက်.."

အေးစက်နေတဲ့စကားသံအဆုံးရှောင်းကျန့်ပါးစပ်အဟောင်းသားဖြစ်သွားကာမယုံကြည်နိုင်ဖြစ်သွားသည်။စကားလုံးကသုံးလုံးထဲဆိုပေမဲ့သူ့ရင်ထဲကိုတော့အဆုံးမဲ့စွာလှိုင်းပြင်းပြင်းခတ်ထန်သွားစေတယ်။ဘယ်လိုစိတ်နဲ့များဒီစကားမျိုးပြောရက်ရတာလဲ

"ဧကရီနောက်နေတာမလား..ကျွန်တော့ကိုစိတ်ဆိုးလို့စနေတာမလား ဟီးဟီး.ကျွန်တော်ဧကရီကလွဲပြီးဘယ်သူ့ကိုမှရင်ထဲမရှိပါဘူး"

"စနောက်နေတာမဟုတ်ဘူး.ဧကရာဇ်အမိန့်ကိုမငြင်းနဲ့လက်ခံလိုက်"

ရှောင်းကျန့်ရဲ့ရယ်နေတဲ့မျက်နှာလေးကချက်ချင်းပျက်ယွင်းသွားကာအံ့သြမယုံနိုင်ဟန်နဲ့ဧကရီကိုကြည့်လို့နေသည်။ဧကရီဆီကဒီလိုစကားမျိုးကြားရတာသက်သာတယ်လို့ထင်နေတာလား ရင်ဘက်ကိုမီးစနဲ့ထိုးနေသလိုမျိုး..မဟုတ်ဘူး
မီးလောင်သိုက်သွင်းနေတဲ့အတိုင်းပဲ။ဝမ်ရိပေါ်ကတော့ဒီတိုင်းသာငေးကြည့်လို့နေပြီးအေးစက်နေသည်။အဲ့လိုကြီးမနေပါနဲ့ကျွန်တော်ခံနိုင်ရည်မရှိဘူး...ကျေးဇုပြုပြီးဒီလိုစကားမျိုးမပြောပါနဲ့

"ကျွန်တော့ကိုတခြားသူဆီမပေးပါနဲ့..ကျွန်တော်အရမ်းဆိုးနေလို့လားဟင်..အင့်.ရှောင်းကျန့်လိမ်မာပါ့မယ် ဧကရီမချစ်တော့ဘူးဆိုရင်တောင်အနားမှာတော့နေခွင့်ပေးပါ...အီး..."

ရှောင်းကျန့်ကမျက်ရည်လည်ဝိုင်းနှင့်ငိုယိုကာအင်္ကျီစလေးကိုဆုပ်ထွေးလို့ပြောလေသည်။ဝမ်ရိပေါ်ရဲ့ဝတ်ရုံစဖုံးနေတဲ့လက်သီးတွေကတင်းခနဲပဲ။

"ရှောင်းကျန့် မင်းလက်ခံမှဖြစ်မယ်.."

"ဟင့်အင်း..လက်မခံဘူး.အီး...ကျွန်တော်ကဧကရီကိုပဲချစ်တာဧကရီနဲ့လက်ထက်ဖို့မဖြစ်နိုင်ခဲ့ရင်တောင်ချစ်နေရရုံနဲ့ကျေနပ်ပါတယ်..ကျွန်တော့ကိုရူးသွားအောင်မလုပ်ပါနဲ့အင့်!"

ရှိုက်ကြီးတငင်ငိုကာပြောနေလေသည်။ဝမ်ရိပေါ်ကအံတင်းတင်းကြိတ်ကာတစ်စုံတစ်ရာကိုတင်းခံထားရပုံနှင့်သွေးအေးစွာရှိနေတုန်းပင်။

"ဧကရီတစ်ယောက်အနေနဲ့အစေခံရှောင်းကျန့်ကိုအမိန့်ပေးတယ်..အရှင့်အမိန့်တော်ကိုလက်ခံပြီးမင်းသား၂နဲ့လက်ထက်ရမယ်!"

ရှောင်းကျန့်ဒူးတွေခွေယိုင်ကျတော့မလိုပင်မနည်းအားပြုကာရပ်နေရတယ်။သူ့စိတ်ထဲတစ်ခုပဲပြောနိုင်တော့တယ်...ဧကရီကအရမ်းရက်စက်လွန်းတယ်။

ရှောင်းကျန့်ကမျက်ရည်တွေကိုလက်ခုံနဲ့ခပ်ကြမ်းကြမ်းဖိသုတ်လိုက်တယ်။ပြီးတော့အသက်မပါတဲ့အပြုံးကိုအားယူပြုံးကာဒူးထောက်ထိုင်လိုက်ပြီးဧကရီကိုအရိုအသေပေးသည်။

"အစေခံရှောင်းကျန့်ဧကရီအမိန့်ကိုတသွေမတိမ်းလိုက်နာဆောင်ရွက်ပါ့မယ်...ကျေးဇုတင်ပါတယ်ဧကရီ.."

အမိန့်နဲ့ကိုင်ပေါက်သွားတဲ့ဧကရီကြောင့်ရှောင်းကျန့်ဘာများတတ်နိုင်တော့မလဲ။သူကဧကရီသေဆိုသေရှင်ဆိုရှင်ပါပဲသူ့အသက်ကိုသူမပိုင်ဘူးမိုးနတ်မင်းသည်လဲမပိုင်ဘူး။ဧကရီကသာပိုင်ပါသည်။အဲ့ဒါကဧကရီနဲ့အစေခံဖြစ်နေလို့မဟုတ်ဘူး..ရှောင်းကျန့်ကဝမ်ရိပေါ်ကိုသိပ်ချစ်လွန်းလို့...

"ကျွန်တော်ဧကရီကိုတစ်ခုမေးလို့ရမလား"

"အင်း"

"ဘာလို့လဲ..ဘာလို့ကျွန်တော့ကိုဒီလိုအမိန့်ပေးရတာလဲအကြောင်းပြချက်လေးများသိလို့ရမလား"

"အကြောင်းပြချက်မရှိဘူး..ဧကရာဇ်အမိန့်ကိုငြင်းဆန်လို့မရဘူး"

"အရမ်းကောင်းတဲ့အကြောင်းပြချက်ပဲ တစ်ချိန်ကဘာမဆိုအတူရင်ဆိုင်ကြမယ်ကျွန်တော်အနားမှာရှိနေရင်ရပြီလို့ပြောခဲ့တယ်မလား..ခုတော့ဘာလို့ပြောင်းလဲသွားရတာလဲ...ချက်ချင်းကြီးလေ...အခုချက်ချင်းကြီး!!!"

ရှောင်းကျန့်တဖန်မျက်ရည်တွေစီးကျလာပြန်သည်။ဧကရီကရှောင်းမျက်နှာကိုသာအကြည့်တစ်စက်လေးမှမလွဲပဲကြည့်နေတယ်။ကျွန်တော့ခံစားချက်တွေကိုဘာလို့ကစားနေရတာလဲဧကရီရယ် ကျွန်တော့်အသဲကနုနုလေးသိပ်မကစားပါနဲ့ကြွေကျပျက်စီးသွားမှာစိုးလို့ပါ...

တစ်လျောက်လုံးသူ့မျက်နှာပေါ်ကအကြည့်မလွဲသွားတဲ့သူကိုပြန်ငေးကြည့်ကာအားရစွာထုထောင်းချင်မိသည်။ဒါပေမဲ့လဲသူထုရိုက်လိုက်လို့ဧကရီနာကျင်သွားမှာစိုးပြန်တယ်

"ကျွန်တော််တို့ချစ်ခဲ့တဲ့အချိန်လေးကတိုတောင်းလွန်းပါတယ် ဒါပေမဲ့ကျွန်တော်အပြည့်အဝပျော်တယ်ဧကရီမချစ်လဲကျွန်တော့အချစ်တွေကသေဆုံးသွားမှာမဟုတ်ပါဘူး.."

"........"

"ကျွန်တော်သတ္တိရှိတယ်သိလားဧကရီနဲ့အတူအရာအားလုံးကိုဖြတ်ကျော်ဖို့သတ္တိရှိတယ် ဟိုးအဝေးကြီးကိုအတူထွက်ပြေးကြဖို့လဲဆန္ဒရှိတယ်"

"........"

ရှောင်းကျန့်ကဝမ်ရိပေါ်စိတ်ပြောင်းသွားမလားဟုစကားလမ်းစဖော်ပေမဲ့သူပြန်ရလိုက်တာကတိတ်ဆိတ်မှုသာ။သူ့မျက်နှာကိုသာပေါက်ထွက်မတတ်စိုက်ကြည့်နေပြီးဘာမှမပြောပေ။ပြောစရာစကားတွေတောင်မရှိတော့ဘူးလား..

ရှောင်းကျန့်ကခြေလှမ်းနှစ်လှမ်းလောက်အနောက်ဆုတ်ကာလက်နှစ်ဖက်ယှက်၍ခါးကိုကိုင်းချလိုက်သည်။ခေါင်းငုံအရိုအသေပေးလိုက်တော့မျက်ရည်စက်ကကြမ်းပေါ်သို့ခုန်ဆင်းသွားသည်။ကျေးဇုတင်ပါတယ်ဧကရီ..ကျွန်တော့ကိုချစ်ပေးလို့ ဂရုစိုက်ပေးတဲ့အတွက်..အချစ်ဆိုတာကိုသင်ပေးခဲ့တဲ့အတွက်...ပြီးတော့ကျွန်တော့်ရဲ့ဧကရီဖြစ်ပေးခဲ့တဲ့အတွက်...

ရှောင်းကျန့်ကအရိုအသေပေးပြီးတာနဲ့နောက်မလှည့်ကြည့်ပဲချာကနဲလှည့်ထွက်လာခဲ့သည်။နောက်မှာဧကရီဘယ်လိုကျန်ခဲ့မယ်ဆိုတာသူမသိတော့။ဧကရီကသူ့ကိုအချစ်ဆိုတာကိုသင်ပေးခဲ့တယ်။အချစ်ကအမြဲတမ်းမချိုမြိန်နိုင်ဘူးမခါးသက်နိုင်ဘူး.ရင်ခုန်ခြင်းပျော်ရွင်ခြင်းဝမ်းနည်းခြင်းနာကျင်ခြင်းစတဲ့ခံစားချက်မျိုးစုံပေးတယ်။အစပိုင်းမှာဘယ်လိုပုံစံရှိပါစေလူတိုင်းအဆုံးသတ်တော့လှပချင်ကြတယ်မလား...ပျော်ရွင်ပြီးဝမ်းနည်းလိမ့်မယ် ဝမ်းနည်းပြီးရင်ပျော်ရွှင်လိမ့်မယ်..ဒါတွေကအချစ်ရဲ့နိယာမတွေတည်းပါပဲ။

ရှောင်းကျန့်ထွက်သွားသည်နှင့်ရပ်မြဲတိုင်းရပ်နေတဲ့ဝမ်ရိပေါ်ကတင်းနေအောင်ဆုတ်ထားတဲ့လက်သီးကိုဖြေလိုက်သည့်အခါလက်သည်းကြားထဲဝင်နေတဲ့သွေးစတွေနှင့်ပေါက်ရာတွေရှိနေသည့်လက်ဖဝါးပြင်....ကျဆင်းခြင်နေသည့်မျက်ရည်တွေကိုလွတ်လပ်ခွင့်ပေးလိုက်တော့အတားအဆီးမဲ့စွာပြိုဆင်းလာသည်။

ဝမ်ရိပေါ်ကခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။သူ့လက်တွေဆန့်တန်းကာတစ်စုံတစ်ခုကိုစမ်းနေသည့်ဟန်လေထုထဲရွေ့လျားနေသည်။မျက်ရည်တွေနဲ့မျက်ဝန်းတွေကလှုပ်ရှားခြင်းမရှိပဲငြိမ်သက်နေတယ်။နောက်ထပ်ခြေလှမ်းအနည်းငယ်တိုးလိုက်သည့်အခါသူ့လက်တွေကတိုင်လုံးကိုထိတွေ့သွားတယ်။သူ၏လက်တွေကတိုင်လုံးကိုဟိုဒီစမ်းကာတုန်ယင်နေသည်။

ဝမ်ရိပေါ်ကသူ့အိပ်ယာဆီသွားချင်ပေမဲ့သူ့အိပ်ယာဘယ်နားရှိလဲသူမတွေ့ရဘူး။ရုတ်တရတ်ဖြစ်သွားတဲ့သူ့မျက်လုံးအခြေအနေကမကောင်းတော့ပေ။ဘာကိုမှမမြင်ရတော့ပဲမှောင်မိုက်နေလေသည်။ဒါကအချိန်ခဏပဲဖြစ်ပြီးခဏအနားယူလိုက်ရင်ကောင်းသွားမယ်ဆိုတာသိပေမဲ့သုံးစွဲခဲ့တဲ့ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးပဲ...

ဒုန်း!! ခွမ်း!!

မမြင်မစမ်းနှင့်အိပ်ယာဆီအနားယူဖို့သွားပေမဲ့ပန်းအိုးစင်နဲ့တိုက်မိသည့်အခါကြမ်းပေါ်ပုံလျက်လဲကျသွားသည်။ပန်းအိုးသည်လဲတစ်စစီကွဲကြေလို့သွားတယ်။ဝမ်ရိပေါ်ကပြန်မထတော့ပဲထိုအတိုင်းငူငူကြီးထိုင်နေလေသည်။သူထသွားရင်ကြွေပန်းအိုးအကွဲစတွေကဘယ်နားရှိသည်မသိ...

"ဧကရာဇ် "

အလိုက်သင့်စွာသူ့အနားရောက်လာတဲ့မောက်ဖူကြောင့်ဝမ်ရိပေါ်နားလေးကထောင်သွားကာစွင့်ထားလိုက်မိသည်။

"မောက်ဖူ"

မောက်ဖူကမြင်နေရတဲ့မြင်ကွင်းကြောင့်ယောကျားကြီးတန်မဲ့မျက်ရည်တွေကျမိသည်။ဝမ်ရိပေါ်ကိုအပြေးအလွှားထူပေးပြီးအသံတိတ်ငိုကြွေးနေတယ်။သူ့သခင်သွားချင်တဲ့အိပ်ယာဆီတွဲပေးကာလိုက်ပို့ပေးလိုက်သည်။

"ဧကရာဇ်.."

"မောက်ဖူ.နန်းတွင်းထဲမှာလက်လွတ်စပါယ်မခေါ်ဝေါ်နဲ့"

"မောက်ဖူသိပါပြီဧကရီ.."

"ဟက်...မင်းငိုနေတာလား.ငိုစရာမဟုတ်ပါဘူး"

အနည်းငယ်ငိုသံစွက်ကာပြောမိတော့ဝမ်ရိပေါ်ကရယ်နေလေသည်။ဒါပေမဲ့မျက်လုံးတွေကတော့အသက်မဲ့သွားလေပြီ။

"အနားယူပြီးမနက်ဖြန်ဆိုအရင်တိုင်းပြန်ဖြစ်သွားလိမ့်မယ်စိတ်မပူနဲ့"

"ဒါပေမဲ့နောက်ဆိုမျက်စိကလုံးဝအလင်းကွယ်သွားတော့မှာလေ ကျွန်တော်မငိုပဲနေချင်ပါ့မလား"

ဝမ်ရိပေါ်ရဲ့မျက်နှာကညိုးကျသွားပြီးလက်သီးတွေကခပ်တင်းတင်း။မနက်ထဲကသူ့မျက်လုံးတွေမူမမှန်တော့ပဲဝေးဝါးနေတာ အမျိုးမျိုးစမ်းသပ်ကြည့်ပေမဲ့ပြန်လည်ကြည်လင်လာခြင်းမရှိဘူး။စာတွေဖတ်ကြည့်နေတုန်းရှောင်းကျန့်ပြန်လာတယ်။ရှောင်းကျန့်မျက်နှာကိုတောင်ကြည်လင်ပြတ်သားအောင်မမြင်ရတော့တဲ့ထိပဲ။

ရှောင်းကျန့်ကမင်းသား၂နဲ့ကိစ္စကိုပြောတဲ့အချိန်မှာတော့သူ့မျက်လုံးတွေအမှောင်ဖုံးသွားခဲ့ပြီ။သူအရမ်းကြောက်သွားတယ် သိပ်ကိုလဲနာကျင်သွားရတယ်။သူချစ်သူရဲ့မျက်နှာလေးကိုမမြင်နိုင်တော့တဲ့အခါဝမ်ရိပေါ်ကမ္ဘာပျက်သွားသလိုပင်။အသံလေးသာကြားခွင့်ရပြီးမမြင်နိုင်တဲ့ခံစားချက်ကိုသူအရမ်းကြောက်နေခဲ့တယ်....ပြီးတော့ရှောင်းကျန့်ကိုလဲမျက်မမြင်တစ်ယောက်ရဲ့ချစ်သူလုံးဝမဖြစ်စေချင်ဘူး...ရှောင်းကျန့်ကိုဘယ်သူနဲ့မှစိတ်မချပေမဲ့မင်းသား၂လက်ထဲကိုထည့်ပေးဖို့ရင်နာနာနဲ့ရွေးချယ်လိုက်ရသည်။

ဘယ်သူကများဒီလိုလုပ်ချင်ပါ့မလဲ ချစ်လို့တောင်မဝတာဒီလိုပေးလိုက်ဖို့အတော်လေးခက်ခဲတယ်။ဒါပေမဲ့ဘယ်လိုလုပ်မလဲ သူကနောက်ဆိုမျက်မမြင်ဒုက္ခိတဖြစ်သွားတော့မှာချစ်ရသူကိုစောင့်ရှောက်နိုင်မှာမဟုတ်တော့သလိုကာကွယ်နိုင်မှာလဲမဟုတ်ဘူး။သူ့ကြောင့်နဲ့ပါဒုက္ခရောက်ရမည့်အဖြစ်မျိုးဝမ်ရိပေါ်ဘယ်တော့မှမလိုလားပါ။ရှောင်းကျန့်အတွေးတွေကိုကြားနိုင်သိနိုင်နေတဲ့သူ့အတွက်ရှောင်းကျန့်ခံစားရတာထက်သူ့မှာရင်ကွဲလုမတတ်ပဲ။

မောက်ဖူကအနားယူနေတဲ့ဝမ်ရိပေါ်ကိုကြည်ကာမျက်ရည်တွေကိုခိုးသုတ်နေသည်။ဆက်ဆံရေးတစ်ခုမှာအမြဲတမ်းအစဥ်မချောနိုင်ပဲကတောက်ကဆလေးတွေရှိစမြဲပဲ။ဥပမာ မိဘတွေနဲ့စကားများတာ သူငယ်ချင်းအချင်းချင်းစိတ်ဆိုးစိတ်ကောက်တာ ချစ်သူတွေနားလည်မှုလွဲမှားတာမျိုးတွေပေါ့။ဒါပေမဲ့ဆိုးရွားလွန်းရင်တော့အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ရမည့်အဖြစ်တွေနဲ့ကြုံရတတ်သည်။သူကဝမ်ရိပေါ်ကိုပွင့်လင်းစေချင်တယ် ရှောင်းကျန့်ကလဲနားလည်မှုရှိစေချင်တယ်။ဒါပေမဲ့ရေငုံနှုတ်ပိတ်နေ နေတဲ့ဝမ်ရိပေါ်ကြောင့်ကြေကွဲစွာအဆုံးသတ်ရတော့မည်။

💚💛❤

14ခု
Zaw

ေရတံခြန္ကေက်ာက္ေဆာင္ေပၚေသရည္ထိုင္ေသာက္ေနသည့္မင္းသား၂အနားေရွာင္းက်န္႔ေရာက္လာသည္။

"မင္းေရာက္လာၿပီလား"

ေက်ာခိုင္းထိုင္ေနရင္းလွည့္မၾကည့္ပဲေမးေတာ့မျမင္ႏိုင္မွန္းသိေပမဲ့ေခါင္းညိမ့္ျပမိသည္။

"အင္း မင္းသား၂ကြၽန္ေတာ့ကိုဘာလို႔ေတြ႕ခ်င္ရတာလဲဘာမ်ားေျပာစရာရွိေနတာလဲ"

"ဒီမွာလာထိုင္"

ခ်န္းရႈိ႕ပင္းကသူ႔အနားလာဖို႔ေျပာေတာ့ေရွာင္းက်န္႔မျငင္းပဲေက်ာက္တုံးေပၚတက္သြားကာေက်ာခ်င္းကပ္ထိုင္လိုက္သည္။မင္းသား၂ကေသရည္အိုးကမ္းေပးတာကိုေတာ့သူျငင္းလိုက္တယ္။သူမူးရင္ဧကရီကသိလိမ့္မယ္ ဘယ္သူနဲ႔ဘယ္မွာဘယ္လိုပုံစံေသာက္လဲဆိုတာကအစစစ္ေမးေတာ့မွာျဖစ္သည္။မင္းသား၂နဲဲ့ဆိုတာသာသိရင္ေရွာင္းက်န္႔ကိုအလြတ္ေပးမွာမဟုတ္ဘူး။

"ကြၽန္ေတာ့ကိုေတြ႕ခ်င္တာက?"

"ဧကရီကေျပာတယ္မင္းမွာလက္ထက္ဖို႔ထိရည္႐ြယ္ထားတဲ့သူရွိတယ္ဆို"

"ဟင္?"

ေရွာင္းက်န္႔ေၾကာင္သြားေပမဲ့ေနာက္မွသတိရၿပီးရွက္ၿပဳံးဝဲဝဲေလးၿပဳံးမိသည္။ေက်ာခ်င္းကပ္ထိုင္ေနတာမလို႔ေရွာင္းက်န္႔ရွက္သြားတာကိုခ်န္းရႈိ႕ပင္းကမေတြ႕ႏိုင္ဘူး။သူ႔အေတြးထဲတိတ္ဆိတ္ေနတဲ့ေရွာင္းက်န္႔ကဝန္ခံသည္ဟုသိသြားသည္
ခ်န္းရွို႔ပင္း။္ခုံးေတြစုက်ဳံ႕သြားၿပီးေသရည္ေမာ့လိုက္သည္။

"ေရွာင္းက်န္႔"

"အင္း"

"ငါမင္းကိုလက္ထက္ခ်င္တယ္"

"ဘယ္လို!! မင္းသား၂ ဘာ ဘာေျပာလိုက္တာလဲကြၽန္ေတာ္နားၾကားမွားတာမလား.."

ေရွာင္းက်န္႔ကမင္းသား၂စကားေၾကာင့္မယုံႏိုင္စြာျဖစ္သြားၿပီးလွည့္ၾကည့္လာသည္။ခ်န္းရႈိ႕ပင္းလဲလွည့္လာကာေရွာင္းက်န္႔ကိုေတြေတြေလးေငးၾကည့္တယ္။ေရွာင္းက်န္႔ကေတာ့အံ့ၾသလြန္းလို႔ပါးစပ္ေလးပြင့္ကာယုန္သြားေလးႏွစ္ေခ်ာင္းကလဲျပဴတစ္ထြက္ေပၚေနသည္။

"နားၾကားမွားတာမဟုတ္ဘူးအဲ့ဒါကအမွန္ပဲ ေရွာင္းက်န္႔ ငါမင္းကိုခ်စ္တယ္ အရမ္းခ်စ္တယ္အဲ့ဒါေၾကာင့္ငါ့ကိုလက္ထက္ခြင့္ေပးပါ"

ေရွာင္းက်န္႔မွာဘာျပန္ေျပာရမွန္းကိုမသိေတာ့ပါ။တကူးတကေခၚေတြ႕ၿပီးရည္းစားစကားေရာလက္ထက္ခြင့္ပါေတာင္းခံေနရတယ္။ခုခ်ိန္မွာေရွာင္းက်န္႔ေခါင္းကဗလာျဖစ္ေနတယ္

"ငါ့ဘဝမွာသတၱိမရွိခဲ့လို႔အခ်စ္ကိုတစ္ခါဆုံးရႈံးခဲ့ရၿပီးၿပီ ေနာက္ထပ္မဆုံးခ်င္ေတာ့ဘူးငါမင္းကိုလက္မလႊတ္ႏိုင္ဘူးေရွာင္းက်န္႔...ၿပီးေတာ့...ၿပီးေတာ့.."

"........."

"ၿပီးေတာ့ မင္းႀကီးကလဲမင္းနဲ႔ငါ့ကိုထိမ္းျမားေပးဖို႔စီစဥ္ေနတယ္"

"ဘာ!!!"

တုတ္တုတ္မလႈပ္တဲ့ေရွာင္းက်န္႔ကဒီစကားေၾကာင့္ေခါင္းတည့္တည့္မိုးႀကိဳးပစ္ခံလိုက္ရသည္။တဆက္ထဲေၾကာက္စိတ္လဲဝင္ေရာက္လာတယ္။မင္းမိန္႔မလား...ဧကရာဇ္အမိန္႔ဆိုျငင္းဆန္ဖို႔ခက္ခဲတယ္။

"ေရွာင္းက်န္႔တစ္ခုခုေျပာအုံးေလ"

ေက်ာက္႐ုပ္ႀကီးအလားၿငိမ္က်သြားတဲ့သူေၾကာင့္ခ်န္းရႈိ႕ပင္းကပုခုံးကိုအသာလႈပ္လိုက္သည္။ေရွာင္းက်န္႔ကသူ႔ပုခုံးေပၚကမင္းသား၂ရဲ႕လက္ကိုျပင္းထန္စြာပုတ္ထုတ္လိုက္သည္။ေက်ာက္တုံးေပၚကေလ်ာဆင္းၿပီးစူးစူးဝါးဝါးစိုက္ၾကည့္ကာ

"ကြၽန္ေတာ္လက္မခံဘူး"

"ဒါေပမဲ့ ဧကရာဇ္ကအမိန္႔ခ်လိုက္ရင္ျပႆနာတက္မွာေနာ္ ဧကရာဇ္အမ်က္ရွရင္မင္းကိုထိခိုက္မွာစိုးရတယ္"

"ဟင့္အင္း..ကြၽန္ေတာ္မေၾကာက္ဘူး ကြၽန္ေတာ့ဘဝမွာခ်စ္ရသူကတစ္ေယာက္ထဲပဲရွိတယ္ သူကလြဲၿပီးဘယ္သူ႔ကိုမွမခ်စ္ႏိုင္ဘူး.."

"မင္းအသက္ကိုစေတးရဲတဲ့ထိလား"

"ကြၽန္ေတာ္သူ႔အေပၚေသတာေတာင္သစၥာေဖာက္မွာမဟုတ္ဘူး အသက္?ဟုတ္လား ဘာအေရးလဲသူ႔ကိုစၿပီးခ်စ္ထဲကကြၽန္ေတာ့အသက္ခႏၶာႏွလုံးသား ေရွာင္းက်န္႔ဆိုတဲ့လူကအားလုံးေပးဆပ္ထားၿပီးသား"

ဆုံးျဖတ္ခ်က္ေတြျပတ္သားခိုင္မာၿပီးအခ်စ္အတြက္တိုက္ပြဲဝင္ရဲတဲ့အခ်စ္သူရဲေကာင္းေလးလိုျပန္ေျပာေနသည္။ခ်န္းရႈိ႕ပင္းကသူ႔ေရွ႕ကထိလိုက္တာနဲ႔အဆိပ္သင့္ေစေတာ့မဲ့ပုံစံေလးနဲ႔ေရွာင္းက်န္႔ကိုၾကည့္ၿပီးရင္ဘက္ကတစ္ဆစ္ဆစ္နာက်င္ရသည္။

"ဒါေပမဲ့ဧကရာဇ္အမိန္႔ကိုေတာ့ျငင္းဆန္လို႔ရမွာမဟုတ္ဘူး ဒါကအမွန္တရားပဲ"

"ကြၽန္ေတာ့ဘက္ကေတာ့လုံးဝလက္မခံဘူး မင္းသား၂ကြၽန္ေတာ့ကိုဖိအားေပးဖို႔မစဥ္းစားပါနဲ႔သူငယ္ခ်င္းဆက္ဆံေရးျပတ္ေတာက္ၿပီးမင္းသား၂ကိုမုန္းမိလိမ့္မယ္"

ေရွာင္းက်န္႔ကခ်န္းရႈိ႕ပင္းကိုေစ့ေစ့ၾကည့္ကာေျပာၿပီးဝတ္႐ုံစကိုမ ကာေျပးထြက္သြားေတာ့သည္။က်န္ရစ္ခဲ့တဲ့ခ်န္းရႈိ႕ပင္းကနာနာက်င္က်င္ၿပဳံးလိုက္တယ္။လက္က်န္ေသရည္ေတြကိုအကုန္ေမာ့လိုက္ေပမဲ့သူမမူးဘူး။မူးသြားရင္အားလုံးကိုေမ့ေပ်ာက္သြားမလို႔ေလ..

သူ႔ဘဝမွာႏွစ္ခါပဲ႐ူး႐ူးမိုက္မိုက္ခ်စ္ခဲ့ဖူးတယ္အဲ့ဒီႏွစ္ခါလုံးသူကံမေကာင္းခဲ့ဘူး။ပထမအခ်စ္မွာခ်စ္ေနပါရက္နဲ႔သတၱိမရွိခဲ့လို႔တျခားသူလက္ထဲပါသြားတာကိုနာက်င္စြာၾကည့္ခဲ့ရသည္။ခုလဲကံတရားကကိုယ့္ဘက္ပါမယ္ႀကံတုန္းခ်စ္ရသူကခါးခါးသီးသီျငင္းေနေလေတာ့...

အျဖစ္အပ်က္ကိုစဆုံးျမင္တဲ့မိဖုရားလ်န္(ၾကင္ယာေတာ္လ်န္႐ူဟြား)ကစိတ္မသက္မသာစြာၾကည့္ကာခ်န္းရႈိ႕ပင္းအနားေလ်ာက္လာသည္။ခ်န္းရႈိ႕ပင္းကသူ႔အနားမွာလာရပ္ေနတဲ့သူကိုေမာ့ၾကည့္သည္။မိဖုရားလ်န္ကိုေတြ႕ေတာ့မ်က္ရည္ေတြရစ္သိုင္းလာတယ္။

"လ်န္ဟြားက်ဲ..."

"အရမ္းပင္ပန္းေနလားအားရႈိ႕.."

"ကြၽန္ေတာ့ဘဝမွာစစ္မွန္တဲ့လူေတြ႕ႀကဳံရဖို႔ကံမပါလာဘူးထင္တယ္ ေရွာင္းက်န္႔ကိုကြၽန္ေတာ္အရမ္းခ်စ္တယ္ဒါေပမဲ့.."

"သူကလက္မခံဘူးမလား"

"အင္း..သူ႔မွာခ်စ္ရသူရွိတယ္ အား႐ုံက ကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ကေလးအေတြးပဲသူေရွာင္းက်န္႔ကိုတကယ္မခ်စ္ႏိုင္တာသိတာမလို႔ကြၽန္ေတာ္စိတ္မပူခဲ့ဘူး ခု..ခုေတာ့ေရွာင္းက်န္႔မွာခ်စ္ရသူရွိတယ္တဲ့ လ်န္ဟြားက်ဲကြၽန္ေတာ္ေလတျခားလူေတြနဲ႔အားလုံးယွဥ္ၿပီးေရွာင္းက်န္႔အခ်စ္ကိုရႏိုင္ေပမဲ့သူ႔ရဲ႕ခ်စ္သူကိုေတာ့မယွဥ္ႏိုင္ဘူး....သူကသူ႔ခ်စ္သူအေပၚသစၥာရွိလြန္းတယ္.."

"သနားစရာအားရႈိ႕ရယ္...သူ႔မွာခ်စ္ရသူရွိေနမွေတာ့ဘယ္တတ္ႏိုင္ပါ့မလဲ သူမ်ားခ်စ္ျခင္းကိုမခြဲေကာင္းဘူး"

လ်န္႐ူဟြားကမင္းသား၂ရဲ႕က်ဆင္းေနတဲ့မ်က္ရည္ေတြကိုသုတ္ေပးကာေဖ်ာင္းျဖေပးသည္။ခ်န္းရႈိ႕ပင္းကေခါင္းကိုခါယမ္းလိုက္တယ္

"ကြၽန္ေတာ္လက္မခံခ်င္ဘူး..."

*^^*

ေရွာင္းက်န္႔ကေထာင္ဟြားနန္းေဆာင္သို႔ေျပးျပန္လာခဲ့သည္။သူဧကရီကိုအရမ္းေတြ႕ခ်င္တယ္ၿပီးရင္ဧကရာဇ္ရဲ႕အစီအစဥ္ေတြကိုတိုင္ေျပာခ်င္သည္။သူတို႔ထြက္ေျပးသင့္ရင္ထြက္ေျပးၾကမယ္..ဘယ္သူမွမေတြ႕ႏိုင္တဲ့ဟိုးအေဝးႀကီးကိုထြက္ေျပးၾကမယ္..

နန္းေဆာင္တံခါးကိုဆြဲဖြင့္လိုက္ေတာ့မတ္တပ္ရပ္လ်က္စာဖတ္ေနတဲ့ဧကရီကိုေတြ႕ရသည္။ဧကရီကသူ႔ကိုလွည့္ၾကည့္လာေပမဲ့သူအဝမွာဒီတိုင္းရပ္ေနတုန္းပင္..ခြဲခြာရဖို႔အေၾကာင္းေတြးမိ႐ုံနဲ႔သူရင္ကြဲရေတာ့မလိုပင္။အရမ္းနာက်င္ဖို႔ေကာင္းတာမလို႔သူမေတြးခ်င္ေလာက္ေအာင္ပဲ...

ဝမ္ရိေပၚကေရးေရးေလးၿပဳံးကာလက္ႏွစ္ဖက္ကိုဆန္႔ကားရင္းသူ႔ဆီလာဖို႔ရင္ဖြင့္ႀကိဳဆိုသည္။ေရွာင္းက်န္႔ဘာမွမေတြးေတာ့ပဲဧကရီဆီေျပးသြားကာရင္ခြင္ထဲတိုးဝင္ၿပီးတင္ၾကပ္စြာတိုးဖက္ထားလိုက္သည္။ဧကရီဆီကရယ္သံလြင္လြင္ေလးၾကားရေတာ့သူပိုလို႔ေတာင္ဒီလူသားနဲ႔မေဝးခ်င္ေတာ့ဘူး...

"ငါ့ေရွာင္းက်န္႔ေလးဘယ္ေတြသြားကစားၿပီးျပန္လာတာလဲ "

ရင္ခြင္ထဲကေရွာင္းက်န္႔ကေခါင္းလုံးလုံးေလးခါယမ္းျပသည္။ပိုၿပီးတင္းၾကပ္စြာဖက္ထားရင္းမေျပာမျဖစ္တဲ့စကားကိုေျပာဖို႔ျပင္သည္။ဒါကသူ႔အတြက္သိပ္ကိုခက္ခဲတယ္

"ဧကရီ...မင္းႀကီးကေလကြၽန္ေတာ့ကိုမင္းသား၂နဲ႔လက္ထက္ေပးဖို႔စီစဥ္ေနတယ္..ကြၽန္ေတာ္သူ႔ကိုလုံးဝမယူႏိုင္ဘူး"

".........."

ေရွာင္းက်န္႔ေျပာလိုက္ေတာ့ဧကရီကတိတ္ဆိတ္သြားသည္။ခြန္းတုံ႔ျပန္စကားမဆိုလာေတာ့ေရွာင္းက်န္႔စိုးရိမ္သြားတယ္။သူ႔ရင္ထဲလဲစိုးထိတ္လာကာဖက္ထားရာကေနေျဖလိုက္ၿပီးဧကရီကိုၾကည့္လိုက္သည္။ဧကရီရဲ႕မ်က္ႏွာကပကတိတည္ၿငိမ္လို႔ေနတယ္..ေရွာင္းက်န္႔နားမလည္ျဖစ္သြားသည္။

"ဧကရီ..ကြၽန္ေတာ္ေျပာတာၾကားလားကြၽန္ေတာ့ကို"

"လက္ခံလိုက္.."

ေအးစက္ေနတဲ့စကားသံအဆုံးေရွာင္းက်န္႔ပါးစပ္အေဟာင္းသားျဖစ္သြားကာမယုံၾကည္ႏိုင္ျဖစ္သြားသည္။စကားလုံးကသုံးလုံးထဲဆိုေပမဲ့သူ႔ရင္ထဲကိုေတာ့အဆုံးမဲ့စြာလႈိင္းျပင္းျပင္းခတ္ထန္သြားေစတယ္။ဘယ္လိုစိတ္နဲ႔မ်ားဒီစကားမ်ိဳးေျပာရက္ရတာလဲ

"ဧကရီေနာက္ေနတာမလား..ကြၽန္ေတာ့ကိုစိတ္ဆိုးလို႔စေနတာမလား ဟီးဟီး.ကြၽန္ေတာ္ဧကရီကလြဲၿပီးဘယ္သူ႔ကိုမွရင္ထဲမရွိပါဘူး"

"စေနာက္ေနတာမဟုတ္ဘူး.ဧကရာဇ္အမိန္႔ကိုမျငင္းနဲ႔လက္ခံလိုက္"

ေရွာင္းက်န္႔ရဲ႕ရယ္ေနတဲ့မ်က္ႏွာေလးကခ်က္ခ်င္းပ်က္ယြင္းသြားကာအံ့ၾသမယုံႏိုင္ဟန္နဲ႔ဧကရီကိုၾကည့္လို႔ေနသည္။ဧကရီဆီကဒီလိုစကားမ်ိဳးၾကားရတာသက္သာတယ္လို႔ထင္ေနတာလား ရင္ဘက္ကိုမီးစနဲ႔ထိုးေနသလိုမ်ိဳး..မဟုတ္ဘူး
မီးေလာင္သိုက္သြင္းေနတဲ့အတိုင္းပဲ။ဝမ္ရိေပၚကေတာ့ဒီတိုင္းသာေငးၾကည့္လို႔ေနၿပီးေအးစက္ေနသည္။အဲ့လိုႀကီးမေနပါနဲ႔ကြၽန္ေတာ္ခံႏိုင္ရည္မရွိဘူး...ေက်းဇုျပဳၿပီးဒီလိုစကားမ်ိဳးမေျပာပါနဲ႔

"ကြၽန္ေတာ့ကိုတျခားသူဆီမေပးပါနဲ႔..ကြၽန္ေတာ္အရမ္းဆိုးေနလို႔လားဟင္..အင့္.ေရွာင္းက်န္႔လိမ္မာပါ့မယ္ ဧကရီမခ်စ္ေတာ့ဘူးဆိုရင္ေတာင္အနားမွာေတာ့ေနခြင့္ေပးပါ...အီး..."

ေရွာင္းက်န္႔ကမ်က္ရည္လည္ဝိုင္းႏွင့္ငိုယိုကာအက်ႌစေလးကိုဆုပ္ေထြးလို႔ေျပာေလသည္။ဝမ္ရိေပၚရဲ႕ဝတ္႐ုံစဖုံးေနတဲ့လက္သီးေတြကတင္းခနဲပဲ။

"ေရွာင္းက်န္႔ မင္းလက္ခံမွျဖစ္မယ္.."

"ဟင့္အင္း..လက္မခံဘူး.အီး...ကြၽန္ေတာ္ကဧကရီကိုပဲခ်စ္တာဧကရီနဲ႔လက္ထက္ဖို႔မျဖစ္ႏိုင္ခဲ့ရင္ေတာင္ခ်စ္ေနရ႐ုံနဲ႔ေက်နပ္ပါတယ္..ကြၽန္ေတာ့ကို႐ူးသြားေအာင္မလုပ္ပါနဲ႔အင့္!"

ရႈိက္ႀကီးတငင္ငိုကာေျပာေနေလသည္။ဝမ္ရိေပၚကအံတင္းတင္းႀကိတ္ကာတစ္စုံတစ္ရာကိုတင္းခံထားရပုံႏွင့္ေသြးေအးစြာရွိေနတုန္းပင္။

"ဧကရီတစ္ေယာက္အေနနဲ႔အေစခံေရွာင္းက်န္႔ကိုအမိန္႔ေပးတယ္..အရွင့္အမိန္႔ေတာ္ကိုလက္ခံၿပီးမင္းသား၂နဲ႔လက္ထက္ရမယ္!"

ေရွာင္းက်န္႔ဒူးေတြေခြယိုင္က်ေတာ့မလိုပင္မနည္းအားျပဳကာရပ္ေနရတယ္။သူ႔စိတ္ထဲတစ္ခုပဲေျပာႏိုင္ေတာ့တယ္...ဧကရီကအရမ္းရက္စက္လြန္းတယ္။

ေရွာင္းက်န္႔ကမ်က္ရည္ေတြကိုလက္ခုံနဲ႔ခပ္ၾကမ္းၾကမ္းဖိသုတ္လိုက္တယ္။ၿပီးေတာ့အသက္မပါတဲ့အၿပဳံးကိုအားယူၿပဳံးကာဒူးေထာက္ထိုင္လိုက္ၿပီးဧကရီကိုအ႐ိုအေသေပးသည္။

"အေစခံေရွာင္းက်န္႔ဧကရီအမိန္႔ကိုတေသြမတိမ္းလိုက္နာေဆာင္႐ြက္ပါ့မယ္...ေက်းဇုတင္ပါတယ္ဧကရီ.."

အမိန္႔နဲ႔ကိုင္ေပါက္သြားတဲ့ဧကရီေၾကာင့္ေရွာင္းက်န္႔ဘာမ်ားတတ္ႏိုင္ေတာ့မလဲ။သူကဧကရီေသဆိုေသရွင္ဆိုရွင္ပါပဲသူ႔အသက္ကိုသူမပိုင္ဘူးမိုးနတ္မင္းသည္လဲမပိုင္ဘူး။ဧကရီကသာပိုင္ပါသည္။အဲ့ဒါကဧကရီနဲ႔အေစခံျဖစ္ေနလို႔မဟုတ္ဘူး..ေရွာင္းက်န္႔ကဝမ္ရိေပၚကိုသိပ္ခ်စ္လြန္းလို႔...

"ကြၽန္ေတာ္ဧကရီကိုတစ္ခုေမးလို႔ရမလား"

"အင္း"

"ဘာလို႔လဲ..ဘာလို႔ကြၽန္ေတာ့ကိုဒီလိုအမိန္႔ေပးရတာလဲအေၾကာင္းျပခ်က္ေလးမ်ားသိလို႔ရမလား"

"အေၾကာင္းျပခ်က္မရွိဘူး..ဧကရာဇ္အမိန္႔ကိုျငင္းဆန္လို႔မရဘူး"

"အရမ္းေကာင္းတဲ့အေၾကာင္းျပခ်က္ပဲ တစ္ခ်ိန္ကဘာမဆိုအတူရင္ဆိုင္ၾကမယ္ကြၽန္ေတာ္အနားမွာရွိေနရင္ရၿပီလို႔ေျပာခဲ့တယ္မလား..ခုေတာ့ဘာလို႔ေျပာင္းလဲသြားရတာလဲ...ခ်က္ခ်င္းႀကီးေလ...အခုခ်က္ခ်င္းႀကီး!!!"

ေရွာင္းက်န္႔တဖန္မ်က္ရည္ေတြစီးက်လာျပန္သည္။ဧကရီကေရွာင္းမ်က္ႏွာကိုသာအၾကည့္တစ္စက္ေလးမွမလြဲပဲၾကည့္ေနတယ္။ကြၽန္ေတာ့ခံစားခ်က္ေတြကိုဘာလို႔ကစားေနရတာလဲဧကရီရယ္ ကြၽန္ေတာ့္အသဲကႏုႏုေလးသိပ္မကစားပါနဲ႔ေႂကြက်ပ်က္စီးသြားမွာစိုးလို႔ပါ...

တစ္ေလ်ာက္လုံးသူ႔မ်က္ႏွာေပၚကအၾကည့္မလြဲသြားတဲ့သူကိုျပန္ေငးၾကည့္ကာအားရစြာထုေထာင္းခ်င္မိသည္။ဒါေပမဲ့လဲသူထု႐ိုက္လိုက္လို႔ဧကရီနာက်င္သြားမွာစိုးျပန္တယ္

"ကြၽန္ေတာ္္တို႔ခ်စ္ခဲ့တဲ့အခ်ိန္ေလးကတိုေတာင္းလြန္းပါတယ္ ဒါေပမဲ့ကြၽန္ေတာ္အျပည့္အဝေပ်ာ္တယ္ဧကရီမခ်စ္လဲကြၽန္ေတာ့အခ်စ္ေတြကေသဆုံးသြားမွာမဟုတ္ပါဘူး.."

"........"

"ကြၽန္ေတာ္သတၱိရွိတယ္သိလားဧကရီနဲ႔အတူအရာအားလုံးကိုျဖတ္ေက်ာ္ဖို႔သတၱိရွိတယ္ ဟိုးအေဝးႀကီးကိုအတူထြက္ေျပးၾကဖို႔လဲဆႏၵရွိတယ္"

"........"

ေရွာင္းက်န္႔ကဝမ္ရိေပၚစိတ္ေျပာင္းသြားမလားဟုစကားလမ္းစေဖာ္ေပမဲ့သူျပန္ရလိုက္တာကတိတ္ဆိတ္မႈသာ။သူ႔မ်က္ႏွာကိုသာေပါက္ထြက္မတတ္စိုက္ၾကည့္ေနၿပီးဘာမွမေျပာေပ။ေျပာစရာစကားေတြေတာင္မရွိေတာ့ဘူးလား..

ေရွာင္းက်န္႔ကေျခလွမ္းႏွစ္လွမ္းေလာက္အေနာက္ဆုတ္ကာလက္ႏွစ္ဖက္ယွက္၍ခါးကိုကိုင္းခ်လိုက္သည္။ေခါင္းငုံအ႐ိုအေသေပးလိုက္ေတာ့မ်က္ရည္စက္ကၾကမ္းေပၚသို႔ခုန္ဆင္းသြားသည္။ေက်းဇုတင္ပါတယ္ဧကရီ..ကြၽန္ေတာ့ကိုခ်စ္ေပးလို႔ ဂ႐ုစိုက္ေပးတဲ့အတြက္..အခ်စ္ဆိုတာကိုသင္ေပးခဲ့တဲ့အတြက္...ၿပီးေတာ့ကြၽန္ေတာ့္ရဲ႕ဧကရီျဖစ္ေပးခဲ့တဲ့အတြက္...

ေရွာင္းက်န္႔ကအ႐ိုအေသေပးၿပီးတာနဲ႔ေနာက္မလွည့္ၾကည့္ပဲခ်ာကနဲလွည့္ထြက္လာခဲ့သည္။ေနာက္မွာဧကရီဘယ္လိုက်န္ခဲ့မယ္ဆိုတာသူမသိေတာ့။ဧကရီကသူ႔ကိုအခ်စ္ဆိုတာကိုသင္ေပးခဲ့တယ္။အခ်စ္ကအၿမဲတမ္းမခ်ိဳၿမိန္ႏိုင္ဘူးမခါးသက္ႏိုင္ဘူး.ရင္ခုန္ျခင္းေပ်ာ္႐ြင္ျခင္းဝမ္းနည္းျခင္းနာက်င္ျခင္းစတဲ့ခံစားခ်က္မ်ိဳးစုံေပးတယ္။အစပိုင္းမွာဘယ္လိုပုံစံရွိပါေစလူတိုင္းအဆုံးသတ္ေတာ့လွပခ်င္ၾကတယ္မလား...ေပ်ာ္႐ြင္ၿပီးဝမ္းနည္းလိမ့္မယ္ ဝမ္းနည္းၿပီးရင္ေပ်ာ္႐ႊင္လိမ့္မယ္..ဒါေတြကအခ်စ္ရဲ႕နိယာမေတြတည္းပါပဲ။

ေရွာင္းက်န္႔ထြက္သြားသည္ႏွင့္ရပ္ၿမဲတိုင္းရပ္ေနတဲ့ဝမ္ရိေပၚကတင္းေနေအာင္ဆုတ္ထားတဲ့လက္သီးကိုေျဖလိုက္သည့္အခါလက္သည္းၾကားထဲဝင္ေနတဲ့ေသြးစေတြႏွင့္ေပါက္ရာေတြရွိေနသည့္လက္ဖဝါးျပင္....က်ဆင္းျခင္ေနသည့္မ်က္ရည္ေတြကိုလြတ္လပ္ခြင့္ေပးလိုက္ေတာ့အတားအဆီးမဲ့စြာၿပိဳဆင္းလာသည္။

ဝမ္ရိေပၚကေျခလွမ္းတစ္လွမ္း လွမ္းလိုက္သည္။သူ႔လက္ေတြဆန္႔တန္းကာတစ္စုံတစ္ခုကိုစမ္းေနသည့္ဟန္ေလထုထဲေ႐ြ႕လ်ားေနသည္။မ်က္ရည္ေတြနဲ႔မ်က္ဝန္းေတြကလႈပ္ရွားျခင္းမရွိပဲၿငိမ္သက္ေနတယ္။ေနာက္ထပ္ေျခလွမ္းအနည္းငယ္တိုးလိုက္သည့္အခါသူ႔လက္ေတြကတိုင္လုံးကိုထိေတြ႕သြားတယ္။သူ၏လက္ေတြကတိုင္လုံးကိုဟိုဒီစမ္းကာတုန္ယင္ေနသည္။

ဝမ္ရိေပၚကသူ႔အိပ္ယာဆီသြားခ်င္ေပမဲ့သူ႔အိပ္ယာဘယ္နားရွိလဲသူမေတြ႕ရဘူး။႐ုတ္တရတ္ျဖစ္သြားတဲ့သူ႔မ်က္လုံးအေျခအေနကမေကာင္းေတာ့ေပ။ဘာကိုမွမျမင္ရေတာ့ပဲေမွာင္မိုက္ေနေလသည္။ဒါကအခ်ိန္ခဏပဲျဖစ္ၿပီးခဏအနားယူလိုက္ရင္ေကာင္းသြားမယ္ဆိုတာသိေပမဲ့သုံးစြဲခဲ့တဲ့ေဆးေတြရဲ႕ေဘးထြက္ဆိုးက်ိဳးပဲ...

ဒုန္း!! ခြမ္း!!

မျမင္မစမ္းႏွင့္အိပ္ယာဆီအနားယူဖို႔သြားေပမဲ့ပန္းအိုးစင္နဲ႔တိုက္မိသည့္အခါၾကမ္းေပၚပုံလ်က္လဲက်သြားသည္။ပန္းအိုးသည္လဲတစ္စစီကြဲေၾကလို႔သြားတယ္။ဝမ္ရိေပၚကျပန္မထေတာ့ပဲထိုအတိုင္းငူငူႀကီးထိုင္ေနေလသည္။သူထသြားရင္ေႂကြပန္းအိုးအကြဲစေတြကဘယ္နားရွိသည္မသိ...

"ဧကရာဇ္ "

အလိုက္သင့္စြာသူ႔အနားေရာက္လာတဲ့ေမာက္ဖူေၾကာင့္ဝမ္ရိေပၚနားေလးကေထာင္သြားကာစြင့္ထားလိုက္မိသည္။

"ေမာက္ဖူ"

ေမာက္ဖူကျမင္ေနရတဲ့ျမင္ကြင္းေၾကာင့္ေယာက်ားႀကီးတန္မဲ့မ်က္ရည္ေတြက်မိသည္။ဝမ္ရိေပၚကိုအေျပးအလႊားထူေပးၿပီးအသံတိတ္ငိုေႂကြးေနတယ္။သူ႔သခင္သြားခ်င္တဲ့အိပ္ယာဆီတြဲေပးကာလိုက္ပို႔ေပးလိုက္သည္။

"ဧကရာဇ္.."

"ေမာက္ဖူ.နန္းတြင္းထဲမွာလက္လြတ္စပါယ္မေခၚေဝၚနဲ႔"

"ေမာက္ဖူသိပါၿပီဧကရီ.."

"ဟက္...မင္းငိုေနတာလား.ငိုစရာမဟုတ္ပါဘူး"

အနည္းငယ္ငိုသံစြက္ကာေျပာမိေတာ့ဝမ္ရိေပၚကရယ္ေနေလသည္။ဒါေပမဲ့မ်က္လုံးေတြကေတာ့အသက္မဲ့သြားေလၿပီ။

"အနားယူၿပီးမနက္ျဖန္ဆိုအရင္တိုင္းျပန္ျဖစ္သြားလိမ့္မယ္စိတ္မပူနဲ႔"

"ဒါေပမဲ့ေနာက္ဆိုမ်က္စိကလုံးဝအလင္းကြယ္သြားေတာ့မွာေလ ကြၽန္ေတာ္မငိုပဲေနခ်င္ပါ့မလား"

ဝမ္ရိေပၚရဲ႕မ်က္ႏွာကညိဳးက်သြားၿပီးလက္သီးေတြကခပ္တင္းတင္း။မနက္ထဲကသူ႔မ်က္လုံးေတြမူမမွန္ေတာ့ပဲေဝးဝါးေနတာ အမ်ိဳးမ်ိဳးစမ္းသပ္ၾကည့္ေပမဲ့ျပန္လည္ၾကည္လင္လာျခင္းမရွိဘူး။စာေတြဖတ္ၾကည့္ေနတုန္းေရွာင္းက်န္႔ျပန္လာတယ္။ေရွာင္းက်န္႔မ်က္ႏွာကိုေတာင္ၾကည္လင္ျပတ္သားေအာင္မျမင္ရေတာ့တဲ့ထိပဲ။

ေရွာင္းက်န္႔ကမင္းသား၂နဲ႔ကိစၥကိုေျပာတဲ့အခ်ိန္မွာေတာ့သူ႔မ်က္လုံးေတြအေမွာင္ဖုံးသြားခဲ့ၿပီ။သူအရမ္းေၾကာက္သြားတယ္ သိပ္ကိုလဲနာက်င္သြားရတယ္။သူခ်စ္သူရဲ႕မ်က္ႏွာေလးကိုမျမင္ႏိုင္ေတာ့တဲ့အခါဝမ္ရိေပၚကမာၻပ်က္သြားသလိုပင္။အသံေလးသာၾကားခြင့္ရၿပီးမျမင္ႏိုင္တဲ့ခံစားခ်က္ကိုသူအရမ္းေၾကာက္ေနခဲ့တယ္....ၿပီးေတာ့ေရွာင္းက်န္႔ကိုလဲမ်က္မျမင္တစ္ေယာက္ရဲ႕ခ်စ္သူလုံးဝမျဖစ္ေစခ်င္ဘူး...ေရွာင္းက်န္႔ကိုဘယ္သူနဲ႔မွစိတ္မခ်ေပမဲ့မင္းသား၂လက္ထဲကိုထည့္ေပးဖို႔ရင္နာနာနဲ႔ေ႐ြးခ်ယ္လိုက္ရသည္။

ဘယ္သူကမ်ားဒီလိုလုပ္ခ်င္ပါ့မလဲ ခ်စ္လို႔ေတာင္မဝတာဒီလိုေပးလိုက္ဖို႔အေတာ္ေလးခက္ခဲတယ္။ဒါေပမဲ့ဘယ္လိုလုပ္မလဲ သူကေနာက္ဆိုမ်က္မျမင္ဒုကၡိတျဖစ္သြားေတာ့မွာခ်စ္ရသူကိုေစာင့္ေရွာက္ႏိုင္မွာမဟုတ္ေတာ့သလိုကာကြယ္ႏိုင္မွာလဲမဟုတ္ဘူး။သူ႔ေၾကာင့္နဲ႔ပါဒုကၡေရာက္ရမည့္အျဖစ္မ်ိဳးဝမ္ရိေပၚဘယ္ေတာ့မွမလိုလားပါ။ေရွာင္းက်န္႔အေတြးေတြကိုၾကားႏိုင္သိႏိုင္ေနတဲ့သူ႔အတြက္ေရွာင္းက်န္႔ခံစားရတာထက္သူ႔မွာရင္ကြဲလုမတတ္ပဲ။

ေမာက္ဖူကအနားယူေနတဲ့ဝမ္ရိေပၚကိုၾကည္ကာမ်က္ရည္ေတြကိုခိုးသုတ္ေနသည္။ဆက္ဆံေရးတစ္ခုမွာအၿမဲတမ္းအစဥ္မေခ်ာႏိုင္ပဲကေတာက္ကဆေလးေတြရွိစၿမဲပဲ။ဥပမာ မိဘေတြနဲ႔စကားမ်ားတာ သူငယ္ခ်င္းအခ်င္းခ်င္းစိတ္ဆိုးစိတ္ေကာက္တာ ခ်စ္သူေတြနားလည္မႈလြဲမွားတာမ်ိဳးေတြေပါ့။ဒါေပမဲ့ဆိုး႐ြားလြန္းရင္ေတာ့အျပတ္ျပတ္နဲ႔ႏွာေခါင္းေသြးထြက္ရမည့္အျဖစ္ေတြနဲ႔ႀကဳံရတတ္သည္။သူကဝမ္ရိေပၚကိုပြင့္လင္းေစခ်င္တယ္ ေရွာင္းက်န္႔ကလဲနားလည္မႈရွိေစခ်င္တယ္။ဒါေပမဲ့ေရငုံႏႈတ္ပိတ္ေန ေနတဲ့ဝမ္ရိေပၚေၾကာင့္ေၾကကြဲစြာအဆုံးသတ္ရေတာ့မည္။

💚💛❤














Continue Reading

You'll Also Like

633K 32K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.3M 57.6K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
2.2K 119 33
အိမ်မတ်အရှည်ကြီးတွေမတ်ရင်းနဲ့ ချစ်တက်သွားတာမျိုး မင်းတို့ကြုံဖူးလား....
1.1M 37.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...