14ခု

1.5K 187 7
                                    

14ခု
Uni

ရေတံခွန်ကကျောက်ဆောင်ပေါ်သေရည်ထိုင်သောက်နေသည့်မင်းသား၂အနားရှောင်းကျန့်ရောက်လာသည်။

"မင်းရောက်လာပြီလား"

ကျောခိုင်းထိုင်နေရင်းလှည့်မကြည့်ပဲမေးတော့မမြင်နိုင်မှန်းသိပေမဲ့ခေါင်းညိမ့်ပြမိသည်။

"အင်း မင်းသား၂ကျွန်တော့ကိုဘာလို့တွေ့ချင်ရတာလဲဘာများပြောစရာရှိနေတာလဲ"

"ဒီမှာလာထိုင်"

ချန်းရှို့ပင်းကသူ့အနားလာဖို့ပြောတော့ရှောင်းကျန့်မငြင်းပဲကျောက်တုံးပေါ်တက်သွားကာကျောချင်းကပ်ထိုင်လိုက်သည်။မင်းသား၂ကသေရည်အိုးကမ်းပေးတာကိုတော့သူငြင်းလိုက်တယ်။သူမူးရင်ဧကရီကသိလိမ့်မယ် ဘယ်သူနဲ့ဘယ်မှာဘယ်လိုပုံစံသောက်လဲဆိုတာကအစစစ်မေးတော့မှာဖြစ်သည်။မင်းသား၂နဲဲ့ဆိုတာသာသိရင်ရှောင်းကျန့်ကိုအလွတ်ပေးမှာမဟုတ်ဘူး။

"ကျွန်တော့ကိုတွေ့ချင်တာက?"

"ဧကရီကပြောတယ်မင်းမှာလက်ထက်ဖို့ထိရည်ရွယ်ထားတဲ့သူရှိတယ်ဆို"

"ဟင်?"

ရှောင်းကျန့်ကြောင်သွားပေမဲ့နောက်မှသတိရပြီးရှက်ပြုံးဝဲဝဲလေးပြုံးမိသည်။ကျောချင်းကပ်ထိုင်နေတာမလို့ရှောင်းကျန့်ရှက်သွားတာကိုချန်းရှို့ပင်းကမတွေ့နိုင်ဘူး။သူ့အတွေးထဲတိတ်ဆိတ်နေတဲ့ရှောင်းကျန့်ကဝန်ခံသည်ဟုသိသွားသည်။ချန်းရှို့ပင်းကမျက်ခုံးတွေစုကျုံ့သွားပြီးသေရည်မော့လိုက်သည်။

"ရှောင်းကျန့်"

"အင်း"

"ငါမင်းကိုလက်ထက်ချင်တယ်"

"ဘယ်လို!! မင်းသား၂ ဘာ ဘာပြောလိုက်တာလဲကျွန်တော်နားကြားမှားတာမလား.."

ရှောင်းကျန့်ကမင်းသား၂စကားကြောင့်မယုံနိုင်စွာဖြစ်သွားပြီးလှည့်ကြည့်လာသည်။ချန်းရှို့ပင်းလဲလှည့်လာကာရှောင်းကျန့်ကိုတွေတွေလေးငေးကြည့်တယ်။ရှောင်းကျန့်ကတော့အံ့သြလွန်းလို့ပါးစပ်လေးပွင့်ကာယုန်သွားလေးနှစ်ချောင်းကလဲပြူတစ်ထွက်ပေါ်နေသည်။

Empress and his Servent✔Where stories live. Discover now