နှလုံးသားနီးနီး...စည်းပါးပါး(...

By ThetThentYaungChel

98.3K 2.6K 35

စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2... More

ဇာတ်လမ်းမိတ်ဆက်
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(29)
Part(30)
Part(31)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Part(40)
Part(41)
Part(42)
Part(43)
Part(44)
Part(45)
Part(46)-end

Part (39)

1.8K 53 0
By ThetThentYaungChel

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(39)

"အနှစ် ဘယ်လိုမှတော့စိတ်ထဲမထားနဲ့ ဒါပေမဲ့ သိထားရမယ်ထင်လို့ဖုန်းဆက်လိုက်တာ...သူ ထောင်ကပြန်လွှတ်လာတော့မယ်တဲ့ ဒီတစ်ခေါက်လွှတ်ငြိမ်းချမ်းသာခွင့်ထဲပါလာလောက်တယ်"

မမစုက အနှစ်ကြောင့် ထောင်ကျသွားရသည့် မူးယစ်ရာဇာဦးလေးကြီး၏ သားက မကြာမီလွှတ်တော့မှာဖြစ်ကြောင်း သတိလှမ်းပေးသည်။ video callပြောနေတာဖြစ်၍ မမစုမျက်နှာမှာ စိတ်ပူခြင်းကြောင့် ငိုမဲ့မဲ့။

"အင်း အနှစ်သတိထားပါမယ်"

"အမျိုးသားကိုရော ပြောပြထားလိုက်ဦး သူလည်းသိသင့်တယ်"

မလိုပါဘူးလို့ ပြောထွက်မိတော့မှာဆိုပေမဲ့ မပြောမိတော့။

"ဟုတ် သိပါပြီ"

"ဪ ပြောဖို့မေ့နေတာ သားချစ်ဖုန်းဆက်တယ်သိလား ဒီကိုပြန်လာမလို့တဲ့ အချစ်လေးကို‌တွေ့ချင်လို့ဆိုပြီးပြောတယ် အဲ့တာနဲ့မမစုလည်း အနှစ် သူ့ယောက်ျားနဲ့အိမ်ပြန်လိုက်သွားပြီလို့ပြောလိုက်တာ ဒီညနေ လေဆိပ်ရောက်လိမ့်မယ် အနှစ်ကကူညီပေးပါဦး သားချစ်ကို အနှစ်ကပဲ မဟုတ်တာတွေမလုပ်ဖို့ဖျောင်းဖျပေးပါဦး"

"စိတ်ချပါမမစု အနှစ်က သားချစ်ကိုမောင်လေးတစ်ယောက်လိုချစ်ပါတယ်"

"ကျေးဇူးပါကွယ်"

"မလိုတာမမစုရယ် အနှစ်တို့သားအမိကို မမတို့မောင်နှမကူညီထားတာဘယ်လောက်မို့လို့လဲ"

"ဟင်းဟင်း ဟုတ်ပါပြီညီမလေးရယ်"

"ဪ ပြောစရာတွေက အနှစ်မျက်နှာမြင်မှပဲပေါ်လာတော့တယ် မနေ့က အနှစ်ဆီဧည့်သည်လာတယ်သိလား နာမည်က ရွှေရည်သွန်းလို့ပြောသွားတယ် မမက သူ့ယောက်ျားနဲ့အပြီးပြန်လိုက်သွားတယ်ပြောလိုက်တော့ ဘာမှမပြောဘဲ ပြန်သွားတယ်"

"အနှစ်နောက်ရက်မှ ဖုန်းဆက်လိုက်မယ် သူနဲ့ပြန်လိုက်ခဲ့တုန်းက နှုတ်ဆက်ဖို့မေ့နေတာ"

ရွှေရည်သွန်းက အဲ့အချိန်ထိ ထိုနယ်ကနေ မပြန်ရသေးတဲ့ပုံပဲ။ တစ်နေ့ ကိုကိုနားက ကိုသူရိယဖုန်းနံပါတ်တောင်းပြီး ဆက်ဖို့တွေးလိုက်ကာ မမစုကိုစိတ်မပူစေဖို့ပြောလိုက်သည်။

"အင်းဆက်လိုက်ဦး...တကူးတကအိမ်ထိလာရှာပြီးပြောသွားတာ"

"ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

"မမစု...ဟင်!.."

အပေါ်ပိုင်းဗလာနဲ့ရေချိုးခန်းထဲက ထွက်လာသူက အနှစ်ဘေးနားဝင်ထိုင်ပြီး သူမခန္ဓာကိုယ်ကိုအားရပါးရဆွဲဖက်ပြီး လည်တိုင်းနားမျက်နာကပ်လိုက်တာမို့ ရှက်သွားရသည်။ အကြီးရှေ့မှာ ဘာလုပ်တာလဲ။

စက်ဝန်းက သူမမဖြေရသေးခင် ဘေးနားထိုင်ပြီး ထိုသို့အပြုအမူကိုလုပ်လိုက်တာကြောင့် လည်တိုင်နားမျက်နှာကပ်ပြီးမှ သူမဖြေသံကိုကြားလိုက်ရသည်။

"ရှင် ဖယ်နော်! ကျွန်မvideo callပြောနေတာ"

သူက သူမလည်တိုင်နားကပ်‌ထားသည့်ခေါင်းကို ပြန်ထောင်ကာ တစ်ချက်ကြည့်သည်။ ပြီးမှ မမစုကိုမြင်ပြီး တစ်ချက်ပြုံးပြသည်။

"ဆောရီး ကျွန်တော်စိတ်မထိန်းနိုင်လို့"

"အနှစ် ဒါဆိုအကူအညီတောင်းပါတယ်နော် ချလိုက်တော့မယ် "

မမစုက လင်မယားနှစ်ယောက်ပူးကပ်နေတာ‌မြင်တော့ မနှောင့်ယှက်ချင်တော့ဘဲ ဖုန်းချသွားသည်။
အနှစ်ကတော့ အရမ်းဒေါသထွက်သွားသည်။ ဒင်းတမင်လုပ်တာ။ ဖုန်းပြောနေတာသိရက်နဲ့ အဝတ်ဗလာနဲ့လူကိုလာဖက်တာ။

"ဖယ်‌! ကျွန်မအင်္ကျီတွေစိုကုန်ပြီ"

"မစိုပါဘူး ကိုယ်သုတ်ထားတယ်"

"ခေါင်းကရေစိုနေသေးတယ်"

"ရတယ် ခဏနေခြောက်သွားလိမ့်မယ် အလုပ်နားတဲ့ရက်လေးမိန်းမနားကပ်ရတာကို အရမ်းတွန့်တိုတာပဲ"

"ပူတယ်မကပ်နဲ့..."

"ရတယ် မမစုကဘာအကူအညီတောင်းတာလဲ"

"ညနေသွားစရာရှိတယ် အဲ့တာ!"

"ဘယ်လဲ "

အစက ကောင်းမွန်စွာပြန်ဖြေမလို့ဆိုပေမဲ့ အရင်က လွန်းမြတ်ကိစ္စကိုပြန်သတိရသွားကာ...

"ညနေ လေဆိပ်လိုက်ပို့ပေး! ဧည့်သည်တစ်ယောက်ကိုသွားကြိုရမှာ"

"ဘယ်သူလဲ"

"မမစုရဲ့မောင်လေး"

မောင်လေးဆိုတဲ့စကားအဆုံးမှာ စက်ဝန်းမျက်ဝန်းတွေထဲ မကျေနပ်ချက်တစ်ချို့ရောက်လာ၏။

"ကြိုမနေနဲ့ ဒီမြို့ရဲ့လမ်းသူမသိတာမှမဟုတ်တာ"

"မသိဘူး ဒီတစ်ခေါက်မှပထမဆုံးပြန်လာတာ"

"သွားတုန်းက ဒီမြို့ကနေသွားရတာပဲ မသိတာမဖြစ်နိုင်ဘူး"

"ကျွန်မက ပိုသိတယ်လေ ကျွန်မလည်း ကျွန်မဆီလာတဲ့ဧည့်သည်ကို ဧည့်ဝတ်ကျေချင်တယ်"

သူက ဘာမှမပြောဘဲ လူကိုတွေတွေကြီးစိုက်ကြည့်သည်။ ပြီးမှ ရယ်သံစွက်သည့်လေသံနဲ့ပြောလာသည်။

"လွန်းမြတ်ကို အခုထိမမေ့သေးဘူးလား"

"မမေ့တာက ကျွန်မမဟုတ်ဘဲရှင်ထင်တယ်...နာမည်တောင်ထုတ်ပြောလာတယ်"

"မကြိုက်ဘူးလား..."

"ရှင့်အဟောင်းတွေထဲမှာ ဘယ်အဟောင်းမှမကြိုက်ဘူး ကျွန်မကို ကောင်းကျိုးတွေပေးတာမဟုတ်ဘဲ ဆိုးကျိုးတွေချည်းပေးတာ"

"ဪ ယောက်ျားရဲ့ရည်းစားဟောင်းပါဆို ‌ဘယ်လိုကောင်းကျိုးပေးမှာလဲ"

"ဒါကို ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို ခေါ်သွားသေးတယ်နော် ရှင့်အကျင့်က မှန်းရခက်ခက်ပဲ"

"ဘယ်သူလဲ ကိုယ်က စီအီးအိုရဲ့သမီး!..ဟုတ်သားပဲ ကိုယ်ခေတ်သစ်နဲ့တွဲဖူးတယ် မင်းဘယ်လိုသိတာလဲ"

"နားကနှစ်‌ဖက်တောင်ပါတာ ဘယ်လိုသိသိပေါ့"

"ထင်ရှားလက်ချက်ပဲနေမှာပေါ့ ခွေးကောင် မိန်းမရမှ သူလိုက်ခဲ့တဲ့မိန်းကလေးတွေ ခေါ်ပြစ်မယ်"

"ရှင် မဟုတ်တာတွေလုပ်မနေနဲ့ လေဆိပ် လိုက်ပို့မှာလား မပို့ဘူးလား"

"ပို့စေချင်လား "

"မအားလည်းရတယ် တစ်ယောက်တည်းသွားကြိုမယ်...ကျွန်မက သေချာဖွင့်ပြောပြီးမှသွားတာ ရှင့်လို မလှိမ့်တစ်ပတ်ပြောပြီးသွားတာမဟုတ်ဘူး"

"ကျွတ်! ဘယ်နှနှစ်ကဟာတွေမို့ အခုထိမှတ်ထားတာလဲ "

ဒါက မရည်ရွယ်ပါဘူးလို့ပြောပြီးတမင်လက်စားချေနေသလိုပဲ။ စက်ဝန်း ရှေ့က အမျိုးသမီးလေးကို ချစ်မြတ်နိုးစွာကြည့်ကာ ပါးနှစ်ဖက်ကို ဖွဖွဆွဲလိမ်လိုက်သည်။

"အားတယ် လိုက်ပို့မယ်...ကောင်တစ်ကောင်နဲ့မင်းကို မလွှတ်ထားနိုင်ဘူး"

ပြောပြီး သူမပါးကိုငုံ့နမ်းသည်။ အခုမှသတိထားမိသည်က စကားပြောနေရင်းမှ ဘယ်လိုဖြစ်ပြီးသူ့ရင်ခွင်ထဲ လုံးလုံးရောက်သွားသည်မသိ။ သူ့လက်တွေက သူမတစ်ကိုယ်လုံးကို ဖက်တွယ်ထားသည်။

"ရှင် အသားမယူနဲ့‌လေ ပြောတုန်းက မကြည်ဖြူရင် ဘာမှမထိဘူးဆို"

"အင်း နမ်းပဲနမ်းမှာ"

အပြောနဲ့အလုပ်ညီပါပေသည်။ မျက်နှာတစ်ပြင်လုံးနဲ့လည်တိုင်တစ်လျှောက်ကို နမ်းသွားခဲ့တာရစရာမရှိ။ ဒင်းတမင်လုပ်နေတာ။ ညနေလေဆိပ်သွားရမှာကို အမှတ်တွေချန်ခဲ့တာ။

✿⁠............✿⁠...........✿⁠

"ဖိုးသား မနှစ်ဒီမှာ!.."

အနှစ်လက်ပြရာကို မြင်လိုက်သည့်ဖိုးသားက အထုတ်တွေပြစ်ချကာ အနားကို ပြေးလာပြီးဖက်သည်။ ထိုအပြုအမူကြောင့် စက်ဝန်းရင်ထဲ တင်းခနဲ။ စိတ်ရှိလိုက်ရှိထိုးပြစ်လိုက်ရရင်ဖြင့် ဒီကောင်နာတော့မယ်။

အနှစ်အဖက်ခံလိုက်ရ၍အနည်းငယ်ကြောင်အသွားသည်။ ဖိုးသားက သူမကို ဒီလိုဖက်လေ့မှမရှိတာ။ ကြည့်ရတာ စက်ဝန်းပါလာမှန်းပြောပြထားလို့ တမင်ဖက်တာဖြစ်မည်။

"ဖိုးသား ချစ်ကိုရောဖက်..."

အချစ်လေးကလည်း သူ့ဦးလေးကိုလွမ်းလို့ထင်သည်။ ဘောင်းဘီကို အတင်းဆွဲပြီးဖက်ခိုင်းသည်။ အစက သူ့ကိုလိုက်ပို့ခိုင်းပြီး သူမက အထဲဝင်ကြိုမယ်လို့စဉ်းစားထားပေမဲ့ သမီးလေးက သူ့အစ်ကိုကို အရမ်းတွေ့ချင်သည်ဟုပြောကာ လိုက်လာခဲ့သည်။

"အချစ်ကိုလွမ်းလိုက်တာ အချစ်ကရော မလွမ်းဘူးလား"

"လွမ်းတယ် "

ဖိုးသားက အချစ်ပါးလေးတွေနစ်ဝင်သွားသည်အထိနမ်းသည်။

"သမီးလေးလာ အရမ်းအနမ်းမခံနဲ့ ပါးနုနုလေးတွေကြမ်းတမ်းကုန်မယ်"

အင်! သူက သမီးလေးကို ဖိုးသားလက်ထဲကအတင်းဆွဲပွေ့ကာ ရှေ့ကအရင်ထွက်သွားသည်။ သမီးလေးကတော့ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ပါသွားသည်။ သူမတို့လည်း သူ့နောက်အပြေးလိုက်ခဲ့ရသည်။

"မနှစ်ရဲ့ယောက်ျားက လူမှုရေးခေါင်းပါးလိုက်တာ"တဲ့။ ဖိုးသားက ရှေ့ကသူ မကြားကြားအောင်အသံမြင့်ကာ ထိုသို့ပြောသည်။ ပြေးကြည့်စရာမလို သူ့မျက်နှာကြီးစူပုတ်နေမှာသေချာ၏။

"ခဏ...ခဏ!"

လေဆိပ်ထဲကအထွက် ရင်းနှီးသည့်ကျောပြင်တစ်ခုကိုတွေ့လိုက်ရ၍ အနှစ် သူ့လက်ကိုခဏဆွဲကာ ရပ်ခိုင်းမိသည်။

"ဘာဖြစ်လို့လဲ"

"ကိုကြီးနဲ့တူတယ်"

အနှစ်လက်ညိုးထိုးရာကြည့်လိုက်တော့ စက်ဝန်းလည်းလက်ခံလိုက်သည်။ နောက်ဘက်ကမြင်ရသည့်ပုံစံအရ ကိုမင်းထက်နဲ့တစ်ကယ်ဆင်သည်။

"နေနှင့်ဦး သွားကြည့်လိုက်မယ်"

အနှစ်က ကျောပေးထားသည့်ကိုမင်းထက်ကိုပဲမြင်လိုက်တာဆိုပေမဲ့ ‌တခြားတစ်ယောက်ကိုပါမြင်လိုက်ရသည့် စက်ဝန်းမှာ သမီးလေးကို ဘေးကကောင်လက်ထဲခဏထည့်ကာ အနှစ်လက်ကိုဆွဲလိုက်သည်။

"လူများတယ် ကိုမင်းထက်မဟုတ်ရင်ဘယ်လိုလုပ်မလဲ"

"ကျွန်မ ကိုကြီးကို မှတ်မိတယ် "

"ထားလိုက်ပါ ကိုမင်းထက်ဟုတ်ရင်တောင် ဧည့်သည်ပါရင်ဘယ်လိုလုပ်မလဲ အိမ်ရောက်မှတွေ့ကြောင်းမေးကြည့်လိုက်! လာ...သွားမယ်"

ပေကပ်ကပ်နဲ့ရပ်နေသည့်အနှစ်ကို စက်ဝန်းအတင်းဆွဲခေါ်သွားသည်။

✿⁠............✿⁠...........✿⁠

တစ်စုံတစ်ယောက်ဆီကိုသာ အကြည့်ရောက်နေသည့်မင်းထက်ကတော့ အနှစ်တို့ကိုမမြင်လိုက်ရပေ။

အနှစ်တို့ထွက်သွားပြီးမှ မင်းထက်အနီးရောက်လာသည့် မိန်းကလေးတစ်ယောက်။ မျက်နှာထားကို ပြုံးရွှင်အောင်ထားလိုက်ပေမဲ့ မင်းထက်မျက်နှာကတော့ တည်မြဲတည်ဆဲပင်။ ဒေါသထွက်သလိုမျိုးတင်းနေတာမဟုတ်ပေမဲ့ မပြုံးမရယ်တည်နေတာ။

"တည်တံ့ရောက်ပြီ"

မှန်သည်။ မင်းထက်က တံတိုင်းတည်တံ့ရှေ့မှာဆို ဘယ်တော့မှ ပြုံးရယ်လေ့မရှိ။ ယခုလည်း လေဆိပ်ကို အတင်းလာကြိုခိုင်းလို့သာ‌ရောက်လာတာမို့ စိတ်ကြည်လင်နေမှာတော့မဟုတ်လောက်။

"သွားမယ်"

မင်းထက်က တံတိုင်းတည်တံ့လက်ထဲက ခရီးဆောင်အိတ်(luggage)ကို ဆွဲယူကာ ရှေ့ကအရင်ထွက်သွားသည်။ သူမလည်းခြေလှမ်းကျဲတွေနှင့် အမှီလိုက်ရသည်။

"စိတ်ပါလို့လာကြိုတာလား အတင်းလာကြိုခိုင်းလို့လား"

"...."

"မင်းထက်!"

"ငါမင်းထက်အသက်ကြီးတယ်"

"သိတယ်"

"ရွယ်တူလိုမခေါ်နဲ့ "

"ဒါဆို ကိုကိုလို့ခေါ်ခွင့်ပေးလိုက်လေ..."

လက်မောင်းကို ဖက်တွယ်ကာ ချစ်စနိုးဟန်ပြပေမဲ့ တည်နေသူကတော့ တည်နေမြဲဖြစ်ကာ ဘာမှဆက်မပြောလာတော့။

သူတို့ဆက်ဆံရေးကဘယ်လိုမျိုးလဲ။

အင်း ‌အတိအကျပြောလို့ရတဲ့ဆက်ဆံရေးမဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသည့်ဆက်ဆံရေးလို့ပြောလို့ရမည်။ ချစ်သူဆိုတဲ့ခေါင်းစဉ်အောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နမ်းဖူးသည်။ သူငယ်ချင်းထက်ပိုတယ်။ ချစ်သူအဆင့်မရောက်သေးဘူး။ ဒါဆို အီစီကလီအဆင့်လားဆိုတော့လည်းမဟုတ်ပြန်ဘူး။ ဒီတိုင်း တစ်ယောက်တစ်လှည့်လိုက်တွယ်ကပ်တတ်တဲ့ဆက်ဆံရေး။ တစ်ခါတစ်လေ ဆက်ဆံရေးကောင်းပြီး တစ်ခါ‌တစ်လေကျ အေးစက်နေတတ်သည့်ဆက်ဆံရေး။

သေချာတာက တည်တံ့ဘက်က ဒီတစ်ခါအတည်။

ကားထဲရောက်တော့ တည်တံ့အသည်းယားစွာ ခါးပတ်မတပ်သေးဘဲ မင်းထက်ဘက်ကိုကုန်းကာ မျက်နှာချင်းနီးကပ်စေသည်။

သူမက စကားတွေအများကြီးပြောသလောက် ရှေ့ကလူက တိတ်ဆိတ်နေသည်။ အမြဲတမ်း လူကို နေရခက်အောင်လုပ်သည်။ သူကဘာမှပြန်မပြောရင် အသည်းတွေယားပြီး ကိုက်ပြစ်ချင်စိတ်ပေါက်သည်။

အခုလည်း မျက်နှာချင်းဆိုင်ထိုင်ပြီးကြည့်နေတာကို မသိသလိုနဲ့ခပ်တည်တည်ပြန်ကြည့်နေသည်။

"စိတ်ကောက်နေတုန်းလား"

"မကောက်ဘူး"

"ပြီးတာပဲ "

တည်တံ့ အသည်းပေါက်ကာ ပြန်မ‌ပြောတော့ဘဲ ခါးပတ်တပ်ဖို့‌တစ်ဖက်ကိုလှည့်လိုက်ပေမဲ့ မျက်နှာကို ‌အရှေ့ပြန်ဆွဲခံရကာ အနမ်းခံလိုက်ရ၏။

"အွန့်!.."

တည်တံ့မငြင်းပါ။ မကြိုက်တဲ့သူက နမ်းတာမှမဟုတ်တာ။ ထို့ကြောင့် အနမ်းကို ပြန်လည်တုန့်ပြန်၏။ သို့‌သော် အနမ်းက ခဏမျှသာ။

"ဘာလို့ရပ်လိုက်တာလဲ"

"စိတ်မပါဘူး စကားနားမထောင်တဲ့သူနဲ့ နမ်းရတာ အဆင်မပြေဘူး"

အဟက်။

တည်တံ့သဘောကျစွာရယ်လိုက်မိကာ မင်းထက်ကိုပိုပြီးချစ်သွားရသည်။ ထိုင်းသွားခဲ့တာကို အခုထိ မကျေနပ်သေးဘူးပဲ။ သူမထိုင်းသွားမယ်ပြောတုန်းက သူကန့်ကွက်တာကို သူမကအတင်းသွားခဲ့၍ အခဲမကြေတာဖြစ်မည်။

"အသက်သာ(၃၄)နှစ်ဖြစ်လာတာ ကလေးဆန်တုန်း"

"ဒါဆို အနားမလာနဲ့...‌ဒီမှာ လေဆိပ်ကိုမင်းလာကြိုခိုင်းလို့လာတာ ကားပေါ်ကကန်ချထည့်ပြစ်မယ် လူကြီးကို မရိုမသေပြန်ပြောနေတယ်"

"အမလေး ကြောက်ပါပြီရှင်"

တည်တံ့ မင်းထက်လက်မောင်းကို ဖွဖွကိုက်ပြီး ခါးပတ်တပ်သည်။ ထို့နောက်ကားလေးသည် ဝူးခနဲမောင်းထွက်သွားသည်။

✿⁠............✿⁠...........✿⁠

"ဖိုးသားဘယ်မှာတည်းမှာလဲ"

မမစုက ဖိုးသားကိုဂရုစိုက်ပေးပါဟု တောင်းဆိုထား၍မေးလိုက်သည်။

"သူငယ်ချင်းတစ်ယောက်ရှိတယ် သူနဲ့နေမှာ"

"ဪ အဆင်ပြေလား မပြေရင် မနှစ်တို့ဆီမှာနေလို့ရတယ်"

"ရပါတယ်ဗျာ တစ်ချို့ကကြိုက်မှာမဟုတ်ဘူး"

ကားမောင်းနေရင်းမှ ရှေ့မှန်ကနေ နောက်ကို မကျေမချမ်းလှည့်ကြည့်နေသည့်လူကြီးကြားအောင် ဖိုးသားက အသံကိုတမင်ကျယ်ပြီးပြောသည်။

"ဒါဆိုဘယ်နေရာမှာချခဲ့ပေးရမလဲ"

"××××မှာပါဗျ..."

အနှစ် စက်ဝန်းဘက်ကိုလှည့်ကြည့်တော့ မှတ်ထားတယ်ဟုပြောကာ ရှေ့ကိုပြန်လှည့်သွားသည်။ မျက်နှာကတော့ လေဆိပ်က စထွက်လာတဲ့အတိုင်း ဆူပုတ်နေလျက်။

ခံစားလိုက်စမ်းပါ...ဒါမှ ကိုယ်ချင်းစာမှာ။

✿⁠............✿⁠...........✿⁠

ကော်ဖီဆိုင်တစ်ဆိုင်တွင်!..

"ဒီတစ်ခါရော ဘာအကြောင်းကြောင့်လဲ...အစ်ကိုမဟုတ်ဘူးပဲ သတို့သားဟောင်းကြောင့်လား မဟုတ်ရင် စက်ဝန်းကြောင့်လား"

အနှစ် ရဝေသော်ရဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်းရင်း စကားနာထိုးသည်။

"မခနဲ့ပါနဲ့ ငါတစ်ကယ်ပြောဖို့ချိန်းတာ"

"ဘာလဲ"

"တောင်းပန်ပါတယ်...ခံစားချက်နောက်အရမ်းလိုက်မိသွားတယ် ဒါပေမဲ့ ငါ့နေရာမှာနင်ဆိုရင်လည်း ငါ့လိုမျိုးဆုံးဖြတ်ခဲ့မိမယ်လို့ယုံကြည်နေတယ် ကိုယ်ချစ်ရတဲ့ယောက်ျားက အနှစ်ကိုမှမရရင် ဘဝကိုအရှုံးပေးတော့မလိုဖြစ်နေတာကို မကြည့်နိုင်ခဲ့ဘူး...ထပ်ပြီးတောင်းပန်ပါတယ် ငါ့ခံစားချက်က အရမ်းတစ်ဖက်သတ်ဆန်လွန်းတယ်"

အနှစ်ဘာမှပြန်မဖြေ။ အတော်ကြာမှပြန်ဖြေသည်။

"ငါ နင်ငါ့နားရှိနေတော့ တစ်ကယ်ခင်ခဲ့တယ် မွန်လေးအပြင်နောက်ထပ်သူငယ်ချင်းရတယ်ဆိုပြီး တစ်ကယ်ပျော်ခဲ့တာ...ဒါပေမဲ့ နင်ကတော့ အသုံးချခဲ့တယ် ဒါကတော့ လူအကဲခတ်မှားတဲ့ငါက အတာပဲ‌ထားပါတော့..."

"ဆောရီး!.."

"တောင်းပန်တာကို...လက်ခံပေးမယ် ဒါပေမဲ့ ငါ့လိုမျိုး နောက်ထပ်မလုပ်မိစေနဲ့ ဘယ်လောက်ပဲ အချစ်ကြောင့်မျက်လုံးကန်းနေပါစေ လူတစ်ယောက်၊နှစ်ယောက်မကထိခိုက်စေမဲ့ လုပ်ရပ်မျိုးမဖြစ်တော့ရင်ကောင်းမယ်"

"အင်း ငါတောင်းပန်ပါတယ်"

အနှစ်မျက်လုံးထဲ ထင်ရှားကို မြင်လာကာ နှစ်ယောက်ရဲ့အခြေအနေကို အနည်းငယ်မေးကြည့်ဖို့ဆုံဖြတ်လိုက်သည်။ ထင်ရှားက မွန်လေးသတ်သေတာ ၁၀၀%ရဝေ‌သော်နဲ့သက်ဆိုင်နေသည်ဆိုပြီးပြောလာသည်။

"မွန်မြတ်ခြယ်ကို လာတွေ့သေးလား"

"ဟင့်အင်း မတွေ့ဖြစ်ဘူး သူ့ကိုတွေ့ရင် ကိုယံအကြောင်းတွေးမိနေသေးလို့"

"ကိုယံကိုရော အဆက်အသွယ်မရဘူးလား ဘယ်လိုပဲဖြစ်ဖြစ် ကာယကံရှင်က ကိုယံပဲကို"

"မသိဘူး အဆက်အသွယ်ပြတ်တာကြာပြီ ကြည့်ရတာ ကမ္ဘာလှည့်နေတယ်တဲ့တူတယ်"

"ဪ..."

"ဘာပဲဖြစ်ဖြစ် တောင်းပန်တာလက်ခံပေးလို့ကျေးဇူးတင်တယ် အနှစ်...မဟုတ်ရင် အပြစ်ရှိစိတ်ခံစားနေရမှာ "

"အင်း!."

ပြန်ခါနီး ရဝေသော်က သူမဘက်ကိုတစ်ချက်လှည့်ကာ ပြောလာသည်။

"ကိုယံကိုစွန့်လွှတ်လိုက်တဲ့ အဲ့နေ့ကတည်းက ရည်ရွယ်မွန်နဲ့နောက်ဆုံးမျက်နှာချင်းဆိုင်တွေ့တာ...အကယ်၍ ရည်ရွယ်မွန်သတ်သေတာ တစ်စုံတစ်ယောက်ကြောင့်ဆိုရင် အဲ့လူက ကိုယံဖြစ်လိမ့်မယ် ရဝေသော်ဆေးရုံမှာ မေ့လဲပြီးနောက်ရက်ကိုယံနိုင်ငံခြားထွက်သွားခဲ့တာ"

ရဝေသော်က သူသိတာအကုန်ပြောပြပြီးမှပြန်သွားသည်။ ထိုအခါမှ အနှစ်စဉ်းစားမိသည်။ မွန်လေးမနိုးလာသေးတာ ကိုယံအနားမှာမရှိသေးတာကြောင့်လား။ မွန်မြတ်ခြယ်က ချစ်ပြီဆို တစ်ဆုံးပဲလေ။

ဟူး...တစ်ဖက်သတ်လူသားတွေကိုချစ်ရတဲ့မိန်းကလေးတွေ ကံဆိုးလိုက်တာ။

အနှစ်မသိတာ ထိုတစ်ဖက်သတ်လူသားတွေကလည်း သူတို့ရဲ့soulmateကိုတော့ အသေချစ်တယ်ဆိုတာပင်။ စိတ်ဆင်းရဲအောင်လုပ်ရမယ်ဆိုရင်တောင် သူတို့ပဲလုပ်မည်။ တခြားသူကလုပ်တာမကြိုက်။ ကိုယ်တိုင်သာအချိုးမပြေမယ်။ ဘေးလူက လာဝေဖန်ရင် မကြိုက်တဲ့လူမျိုးတွေဖြစ်သည်။

✿⁠............✿⁠...........✿⁠

ဆက်ရန်

အချစ်ပို(၈) စက်ဝန်းအလွန်&မင်းထက်ပြည့်စုံ...

လေဆိပ်က အပြန်! အိမ်၌...

"ယောက်ဖ ဒီနေ့လေဆိပ်မှာတွေ့တယ် တံတိုင်းတည်တံ့နဲ့"

အနှစ်မသိအောင် လျှပ်တစ်ပြတ်ရိုက်လိုက်သည့် ဝါးတားတားဓာတ်ပုံလေးကို မက်ဆေ့ခ်ျပို့လိုက်ရင်း ယောက်ဖဖြစ်သူကို စကားအစချီလိုက်သည်။

"မင်းကလေဆိပ်ဘာလာလုပ်တာလဲ"

"အနှစ်ရဲ့အသိကိုလာကြိုတာ"

တစ်ဖက်မှ မင်းထက် အနှစ်ပါတယ်ဆိုတဲ့အသိကြောင့် အိပ်နေရာမှ ထထိုင်မိသွားသည်။

"အနှစ်မြင်သွားသေးလား"

"မြင်တယ် အစ်ကို့ညီမက အစ်ကို့ကိုပဲမြင်တာ ‌တံတိုင်းတည်တံ့ကိုမမြင်လိုက်ဘူး"

"အင်း မပြောသေးနဲ့ဦး"

"သိပါတယ်ဗျာ ဒါကြောင့် ကျွန်တော်မနည်းလှည့်ထုတ်ခဲ့တာ"

"ကျေးဇူးကွာ! တစ်ရက်ကျ ငါတို့ဆုံရအောင်"

"ဟုတ်ပြီယောက်ဖ..."

တံတိုင်းတည်တံ့နဲ့အကြောင်း အနှစ်ကိုမသိစေချင်သည့်ရည်ရွယ်ချက်က တံတိုင်းကစက်ဝန်းကိုကြိုက်ခဲ့ဖူးလို့ဆိုတဲ့စကားဆိုရင် ရယ်ချင်စရာကောင်းနေလိမ့်မည်။ ဒါပေမဲ့ မင်းထက်က အရမ်းတွေးသည်။ အနှစ်စိတ်ထဲ ယောက်ျားကိုကြိုက်တဲ့သူကို အစ်ကိုကကြိုက်တယ်ဆိုပြီး စိတ်ထဲကန့်လန့်ဖြစ်နေမှာဆိုးသည်။ တံတိုင်းတည်တံ့ကရော မင်းထက်နဲ့ အနှစ်ကမောင်နှမဆိုတာသိရင် သူ့ကို ချစ်ပါ့မလားဆိုပြီးစိတ်ပူတာလည်းပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အသက်အရွယ်ရလာတဲ့သူတွေက အရမ်းတွေးတာ ဝန်ခံရမည်။

✿⁠............✿⁠...........✿⁠

🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺

Part(39)

"အႏွစ္ ဘယ္လိုမွေတာ့စိတ္ထဲမထားနဲ႔ ဒါေပမဲ့ သိထားရမယ္ထင္လို႔ဖုန္းဆက္လိုက္တာ...သူ ေထာင္ကျပန္လႊတ္လာေတာ့မယ္တဲ့ ဒီတစ္ေခါက္လႊတ္ၿငိမ္းခ်မ္းသာခြင့္ထဲပါလာေလာက္တယ္"

မမစုက အႏွစ္ေၾကာင့္ ေထာင္က်သြားရသည့္ မူးယစ္ရာဇာဦးေလးႀကီး၏ သားက မၾကာမီလႊတ္ေတာ့မွာျဖစ္ေၾကာင္း သတိလွမ္းေပးသည္။ video callေျပာေနတာျဖစ္၍ မမစုမ်က္ႏွာမွာ စိတ္ပူျခင္းေၾကာင့္ ငိုမဲ့မဲ့။

"အင္း အႏွစ္သတိထားပါမယ္"

"အမ်ိဳးသားကိုေရာ ေျပာျပထားလိုက္ဦး သူလည္းသိသင့္တယ္"

မလိုပါဘူးလို႔ ေျပာထြက္မိေတာ့မွာဆိုေပမဲ့ မေျပာမိေတာ့။

"ဟုတ္ သိပါၿပီ"

"ဪ ေျပာဖို႔ေမ့ေနတာ သားခ်စ္ဖုန္းဆက္တယ္သိလား ဒီကိုျပန္လာမလို႔တဲ့ အခ်စ္ေလးကို‌ေတြ႕ခ်င္လို႔ဆိုၿပီးေျပာတယ္ အဲ့တာနဲ႔မမစုလည္း အႏွစ္ သူ႔ေယာက္်ားနဲ႔အိမ္ျပန္လိုက္သြားၿပီလို႔ေျပာလိုက္တာ ဒီညေန ေလဆိပ္ေရာက္လိမ့္မယ္ အႏွစ္ကကူညီေပးပါဦး သားခ်စ္ကို အႏွစ္ကပဲ မဟုတ္တာေတြမလုပ္ဖို႔ေဖ်ာင္းဖ်ေပးပါဦး"

"စိတ္ခ်ပါမမစု အႏွစ္က သားခ်စ္ကိုေမာင္ေလးတစ္ေယာက္လိုခ်စ္ပါတယ္"

"ေက်းဇူးပါကြယ္"

"မလိုတာမမစုရယ္ အႏွစ္တို႔သားအမိကို မမတို႔ေမာင္ႏွမကူညီထားတာဘယ္ေလာက္မို႔လို႔လဲ"

"ဟင္းဟင္း ဟုတ္ပါၿပီညီမေလးရယ္"

"ဪ ေျပာစရာေတြက အႏွစ္မ်က္ႏွာျမင္မွပဲေပၚလာေတာ့တယ္ မေန႔က အႏွစ္ဆီဧည့္သည္လာတယ္သိလား နာမည္က ေ႐ႊရည္သြန္းလို႔ေျပာသြားတယ္ မမက သူ႔ေယာက္်ားနဲ႔အၿပီးျပန္လိုက္သြားတယ္ေျပာလိုက္ေတာ့ ဘာမွမေျပာဘဲ ျပန္သြားတယ္"

"အႏွစ္ေနာက္ရက္မွ ဖုန္းဆက္လိုက္မယ္ သူနဲ႔ျပန္လိုက္ခဲ့တုန္းက ႏႈတ္ဆက္ဖို႔ေမ့ေနတာ"

ေ႐ႊရည္သြန္းက အဲ့အခ်ိန္ထိ ထိုနယ္ကေန မျပန္ရေသးတဲ့ပုံပဲ။ တစ္ေန႔ ကိုကိုနားက ကိုသူရိယဖုန္းနံပါတ္ေတာင္းၿပီး ဆက္ဖို႔ေတြးလိုက္ကာ မမစုကိုစိတ္မပူေစဖို႔ေျပာလိုက္သည္။

"အင္းဆက္လိုက္ဦး...တကူးတကအိမ္ထိလာရွာၿပီးေျပာသြားတာ"

"ဘယ္သူနဲ႔ဖုန္းေျပာေနတာလဲ"

"မမစု...ဟင္!.."

အေပၚပိုင္းဗလာနဲ႔ေရခ်ိဳးခန္းထဲက ထြက္လာသူက အႏွစ္ေဘးနားဝင္ထိုင္ၿပီး သူမခႏၶာကိုယ္ကိုအားရပါးရဆြဲဖက္ၿပီး လည္တိုင္းနားမ်က္နာကပ္လိုက္တာမို႔ ရွက္သြားရသည္။ အႀကီးေရွ႕မွာ ဘာလုပ္တာလဲ။

စက္ဝန္းက သူမမေျဖရေသးခင္ ေဘးနားထိုင္ၿပီး ထိုသို႔အျပဳအမူကိုလုပ္လိုက္တာေၾကာင့္ လည္တိုင္နားမ်က္ႏွာကပ္ၿပီးမွ သူမေျဖသံကိုၾကားလိုက္ရသည္။

"ရွင္ ဖယ္ေနာ္! ကြၽန္မvideo callေျပာေနတာ"

သူက သူမလည္တိုင္နားကပ္‌ထားသည့္ေခါင္းကို ျပန္ေထာင္ကာ တစ္ခ်က္ၾကည့္သည္။ ၿပီးမွ မမစုကိုျမင္ၿပီး တစ္ခ်က္ၿပဳံးျပသည္။

"ေဆာရီး ကြၽန္ေတာ္စိတ္မထိန္းႏိုင္လို႔"

"အႏွစ္ ဒါဆိုအကူအညီေတာင္းပါတယ္ေနာ္ ခ်လိုက္ေတာ့မယ္ "

မမစုက လင္မယားႏွစ္ေယာက္ပူးကပ္ေနတာ‌ျမင္ေတာ့ မေႏွာင့္ယွက္ခ်င္ေတာ့ဘဲ ဖုန္းခ်သြားသည္။
အႏွစ္ကေတာ့ အရမ္းေဒါသထြက္သြားသည္။ ဒင္းတမင္လုပ္တာ။ ဖုန္းေျပာေနတာသိရက္နဲ႔ အဝတ္ဗလာနဲ႔လူကိုလာဖက္တာ။

"ဖယ္‌! ကြၽန္မအက်ႌေတြစိုကုန္ၿပီ"

"မစိုပါဘူး ကိုယ္သုတ္ထားတယ္"

"ေခါင္းကေရစိုေနေသးတယ္"

"ရတယ္ ခဏေနေျခာက္သြားလိမ့္မယ္ အလုပ္နားတဲ့ရက္ေလးမိန္းမနားကပ္ရတာကို အရမ္းတြန႔္တိုတာပဲ"

"ပူတယ္မကပ္နဲ႔..."

"ရတယ္ မမစုကဘာအကူအညီေတာင္းတာလဲ"

"ညေနသြားစရာရွိတယ္ အဲ့တာ!"

"ဘယ္လဲ "

အစက ေကာင္းမြန္စြာျပန္ေျဖမလို႔ဆိုေပမဲ့ အရင္က လြန္းျမတ္ကိစၥကိုျပန္သတိရသြားကာ...

"ညေန ေလဆိပ္လိုက္ပို႔ေပး! ဧည့္သည္တစ္ေယာက္ကိုသြားႀကိဳရမွာ"

"ဘယ္သူလဲ"

"မမစုရဲ႕ေမာင္ေလး"

ေမာင္ေလးဆိုတဲ့စကားအဆုံးမွာ စက္ဝန္းမ်က္ဝန္းေတြထဲ မေက်နပ္ခ်က္တစ္ခ်ိဳ႕ေရာက္လာ၏။

"ႀကိဳမေနနဲ႔ ဒီၿမိဳ႕ရဲ႕လမ္းသူမသိတာမွမဟုတ္တာ"

"မသိဘူး ဒီတစ္ေခါက္မွပထမဆုံးျပန္လာတာ"

"သြားတုန္းက ဒီၿမိဳ႕ကေနသြားရတာပဲ မသိတာမျဖစ္ႏိုင္ဘူး"

"ကြၽန္မက ပိုသိတယ္ေလ ကြၽန္မလည္း ကြၽန္မဆီလာတဲ့ဧည့္သည္ကို ဧည့္ဝတ္ေက်ခ်င္တယ္"

သူက ဘာမွမေျပာဘဲ လူကိုေတြေတြႀကီးစိုက္ၾကည့္သည္။ ၿပီးမွ ရယ္သံစြက္သည့္ေလသံနဲ႔ေျပာလာသည္။

"လြန္းျမတ္ကို အခုထိမေမ့ေသးဘူးလား"

"မေမ့တာက ကြၽန္မမဟုတ္ဘဲရွင္ထင္တယ္...နာမည္ေတာင္ထုတ္ေျပာလာတယ္"

"မႀကိဳက္ဘူးလား..."

"ရွင့္အေဟာင္းေတြထဲမွာ ဘယ္အေဟာင္းမွမႀကိဳက္ဘူး ကြၽန္မကို ေကာင္းက်ိဳးေတြေပးတာမဟုတ္ဘဲ ဆိုးက်ိဳးေတြခ်ည္းေပးတာ"

"ဪ ေယာက္်ားရဲ႕ရည္းစားေဟာင္းပါဆို ‌ဘယ္လိုေကာင္းက်ိဳးေပးမွာလဲ"

"ဒါကို ရည္းစားေဟာင္းရဲ႕မဂၤလာပြဲကို ေခၚသြားေသးတယ္ေနာ္ ရွင့္အက်င့္က မွန္းရခက္ခက္ပဲ"

"ဘယ္သူလဲ ကိုယ္က စီအီးအိုရဲ႕သမီး!..ဟုတ္သားပဲ ကိုယ္ေခတ္သစ္နဲ႔တြဲဖူးတယ္ မင္းဘယ္လိုသိတာလဲ"

"နားကႏွစ္‌ဖက္ေတာင္ပါတာ ဘယ္လိုသိသိေပါ့"

"ထင္ရွားလက္ခ်က္ပဲေနမွာေပါ့ ေခြးေကာင္ မိန္းမရမွ သူလိုက္ခဲ့တဲ့မိန္းကေလးေတြ ေခၚျပစ္မယ္"

"ရွင္ မဟုတ္တာေတြလုပ္မေနနဲ႔ ေလဆိပ္ လိုက္ပို႔မွာလား မပို႔ဘူးလား"

"ပို႔ေစခ်င္လား "

"မအားလည္းရတယ္ တစ္ေယာက္တည္းသြားႀကိဳမယ္...ကြၽန္မက ေသခ်ာဖြင့္ေျပာၿပီးမွသြားတာ ရွင့္လို မလွိမ့္တစ္ပတ္ေျပာၿပီးသြားတာမဟုတ္ဘူး"

"ကြၽတ္! ဘယ္ႏွႏွစ္ကဟာေတြမို႔ အခုထိမွတ္ထားတာလဲ "

ဒါက မရည္႐ြယ္ပါဘူးလို႔ေျပာၿပီးတမင္လက္စားေခ်ေနသလိုပဲ။ စက္ဝန္း ေရွ႕က အမ်ိဳးသမီးေလးကို ခ်စ္ျမတ္ႏိုးစြာၾကည့္ကာ ပါးႏွစ္ဖက္ကို ဖြဖြဆြဲလိမ္လိုက္သည္။

"အားတယ္ လိုက္ပို႔မယ္...ေကာင္တစ္ေကာင္နဲ႔မင္းကို မလႊတ္ထားႏိုင္ဘူး"

ေျပာၿပီး သူမပါးကိုငုံ႔နမ္းသည္။ အခုမွသတိထားမိသည္က စကားေျပာေနရင္းမွ ဘယ္လိုျဖစ္ၿပီးသူ႔ရင္ခြင္ထဲ လုံးလုံးေရာက္သြားသည္မသိ။ သူ႔လက္ေတြက သူမတစ္ကိုယ္လုံးကို ဖက္တြယ္ထားသည္။

"ရွင္ အသားမယူနဲ႔‌ေလ ေျပာတုန္းက မၾကည္ျဖဴရင္ ဘာမွမထိဘူးဆို"

"အင္း နမ္းပဲနမ္းမွာ"

အေျပာနဲ႔အလုပ္ညီပါေပသည္။ မ်က္ႏွာတစ္ျပင္လုံးနဲ႔လည္တိုင္တစ္ေလွ်ာက္ကို နမ္းသြားခဲ့တာရစရာမရွိ။ ဒင္းတမင္လုပ္ေနတာ။ ညေနေလဆိပ္သြားရမွာကို အမွတ္ေတြခ်န္ခဲ့တာ။

✿⁠............✿⁠...........✿⁠

"ဖိုးသား မႏွစ္ဒီမွာ!.."

အႏွစ္လက္ျပရာကို ျမင္လိုက္သည့္ဖိုးသားက အထုတ္ေတြျပစ္ခ်ကာ အနားကို ေျပးလာၿပီးဖက္သည္။ ထိုအျပဳအမူေၾကာင့္ စက္ဝန္းရင္ထဲ တင္းခနဲ။ စိတ္ရွိလိုက္ရွိထိုးျပစ္လိုက္ရရင္ျဖင့္ ဒီေကာင္နာေတာ့မယ္။

အႏွစ္အဖက္ခံလိုက္ရ၍အနည္းငယ္ေၾကာင္အသြားသည္။ ဖိုးသားက သူမကို ဒီလိုဖက္ေလ့မွမရွိတာ။ ၾကည့္ရတာ စက္ဝန္းပါလာမွန္းေျပာျပထားလို႔ တမင္ဖက္တာျဖစ္မည္။

"ဖိုးသား ခ်စ္ကိုေရာဖက္..."

အခ်စ္ေလးကလည္း သူ႔ဦးေလးကိုလြမ္းလို႔ထင္သည္။ ေဘာင္းဘီကို အတင္းဆြဲၿပီးဖက္ခိုင္းသည္။ အစက သူ႔ကိုလိုက္ပို႔ခိုင္းၿပီး သူမက အထဲဝင္ႀကိဳမယ္လို႔စဥ္းစားထားေပမဲ့ သမီးေလးက သူ႔အစ္ကိုကို အရမ္းေတြ႕ခ်င္သည္ဟုေျပာကာ လိုက္လာခဲ့သည္။

"အခ်စ္ကိုလြမ္းလိုက္တာ အခ်စ္ကေရာ မလြမ္းဘူးလား"

"လြမ္းတယ္ "

ဖိုးသားက အခ်စ္ပါးေလးေတြနစ္ဝင္သြားသည္အထိနမ္းသည္။

"သမီးေလးလာ အရမ္းအနမ္းမခံနဲ႔ ပါးႏုႏုေလးေတြၾကမ္းတမ္းကုန္မယ္"

အင္! သူက သမီးေလးကို ဖိုးသားလက္ထဲကအတင္းဆြဲေပြ႕ကာ ေရွ႕ကအရင္ထြက္သြားသည္။ သမီးေလးကေတာ့ ေနာက္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႔ပါသြားသည္။ သူမတို႔လည္း သူ႔ေနာက္အေျပးလိုက္ခဲ့ရသည္။

"မႏွစ္ရဲ႕ေယာက္်ားက လူမႈေရးေခါင္းပါးလိုက္တာ"တဲ့။ ဖိုးသားက ေရွ႕ကသူ မၾကားၾကားေအာင္အသံျမင့္ကာ ထိုသို႔ေျပာသည္။ ေျပးၾကည့္စရာမလို သူ႔မ်က္ႏွာႀကီးစူပုတ္ေနမွာေသခ်ာ၏။

"ခဏ...ခဏ!"

ေလဆိပ္ထဲကအထြက္ ရင္းႏွီးသည့္ေက်ာျပင္တစ္ခုကိုေတြ႕လိုက္ရ၍ အႏွစ္ သူ႔လက္ကိုခဏဆြဲကာ ရပ္ခိုင္းမိသည္။

"ဘာျဖစ္လို႔လဲ"

"ကိုႀကီးနဲ႔တူတယ္"

အႏွစ္လက္ညိဳးထိုးရာၾကည့္လိုက္ေတာ့ စက္ဝန္းလည္းလက္ခံလိုက္သည္။ ေနာက္ဘက္ကျမင္ရသည့္ပုံစံအရ ကိုမင္းထက္နဲ႔တစ္ကယ္ဆင္သည္။

"ေနႏွင့္ဦး သြားၾကည့္လိုက္မယ္"

အႏွစ္က ေက်ာေပးထားသည့္ကိုမင္းထက္ကိုပဲျမင္လိုက္တာဆိုေပမဲ့ ‌တျခားတစ္ေယာက္ကိုပါျမင္လိုက္ရသည့္ စက္ဝန္းမွာ သမီးေလးကို ေဘးကေကာင္လက္ထဲခဏထည့္ကာ အႏွစ္လက္ကိုဆြဲလိုက္သည္။

"လူမ်ားတယ္ ကိုမင္းထက္မဟုတ္ရင္ဘယ္လိုလုပ္မလဲ"

"ကြၽန္မ ကိုႀကီးကို မွတ္မိတယ္ "

"ထားလိုက္ပါ ကိုမင္းထက္ဟုတ္ရင္ေတာင္ ဧည့္သည္ပါရင္ဘယ္လိုလုပ္မလဲ အိမ္ေရာက္မွေတြ႕ေၾကာင္းေမးၾကည့္လိုက္! လာ...သြားမယ္"

ေပကပ္ကပ္နဲ႔ရပ္ေနသည့္အႏွစ္ကို စက္ဝန္းအတင္းဆြဲေခၚသြားသည္။

✿⁠............✿⁠...........✿⁠

တစ္စုံတစ္ေယာက္ဆီကိုသာ အၾကည့္ေရာက္ေနသည့္မင္းထက္ကေတာ့ အႏွစ္တို႔ကိုမျမင္လိုက္ရေပ။

အႏွစ္တို႔ထြက္သြားၿပီးမွ မင္းထက္အနီးေရာက္လာသည့္ မိန္းကေလးတစ္ေယာက္။ မ်က္ႏွာထားကို ၿပဳံး႐ႊင္ေအာင္ထားလိုက္ေပမဲ့ မင္းထက္မ်က္ႏွာကေတာ့ တည္ၿမဲတည္ဆဲပင္။ ေဒါသထြက္သလိုမ်ိဳးတင္းေနတာမဟုတ္ေပမဲ့ မၿပဳံးမရယ္တည္ေနတာ။

"တည္တံ့ေရာက္ၿပီ"

မွန္သည္။ မင္းထက္က တံတိုင္းတည္တံ့ေရွ႕မွာဆို ဘယ္ေတာ့မွ ၿပဳံးရယ္ေလ့မရွိ။ ယခုလည္း ေလဆိပ္ကို အတင္းလာႀကိဳခိုင္းလို႔သာ‌ေရာက္လာတာမို႔ စိတ္ၾကည္လင္ေနမွာေတာ့မဟုတ္ေလာက္။

"သြားမယ္"

မင္းထက္က တံတိုင္းတည္တံ့လက္ထဲက ခရီးေဆာင္အိတ္(luggage)ကို ဆြဲယူကာ ေရွ႕ကအရင္ထြက္သြားသည္။ သူမလည္းေျခလွမ္းက်ဲေတြႏွင့္ အမွီလိုက္ရသည္။

"စိတ္ပါလို႔လာႀကိဳတာလား အတင္းလာႀကိဳခိုင္းလို႔လား"

"...."

"မင္းထက္!"

"ငါမင္းထက္အသက္ႀကီးတယ္"

"သိတယ္"

"႐ြယ္တူလိုမေခၚနဲ႔ "

"ဒါဆို ကိုကိုလို႔ေခၚခြင့္ေပးလိုက္ေလ..."

လက္ေမာင္းကို ဖက္တြယ္ကာ ခ်စ္စႏိုးဟန္ျပေပမဲ့ တည္ေနသူကေတာ့ တည္ေနၿမဲျဖစ္ကာ ဘာမွဆက္မေျပာလာေတာ့။

သူတို႔ဆက္ဆံေရးကဘယ္လိုမ်ိဳးလဲ။

အင္း ‌အတိအက်ေျပာလို႔ရတဲ့ဆက္ဆံေရးမဟုတ္ေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနၾကသည့္ဆက္ဆံေရးလို႔ေျပာလို႔ရမည္။ ခ်စ္သူဆိုတဲ့ေခါင္းစဥ္ေအာက္မွာ မဟုတ္ဘူး။ ဒါေပမဲ့ နမ္းဖူးသည္။ သူငယ္ခ်င္းထက္ပိုတယ္။ ခ်စ္သူအဆင့္မေရာက္ေသးဘူး။ ဒါဆို အီစီကလီအဆင့္လားဆိုေတာ့လည္းမဟုတ္ျပန္ဘူး။ ဒီတိုင္း တစ္ေယာက္တစ္လွည့္လိုက္တြယ္ကပ္တတ္တဲ့ဆက္ဆံေရး။ တစ္ခါတစ္ေလ ဆက္ဆံေရးေကာင္းၿပီး တစ္ခါ‌တစ္ေလက် ေအးစက္ေနတတ္သည့္ဆက္ဆံေရး။

ေသခ်ာတာက တည္တံ့ဘက္က ဒီတစ္ခါအတည္။

ကားထဲေရာက္ေတာ့ တည္တံ့အသည္းယားစြာ ခါးပတ္မတပ္ေသးဘဲ မင္းထက္ဘက္ကိုကုန္းကာ မ်က္ႏွာခ်င္းနီးကပ္ေစသည္။

သူမက စကားေတြအမ်ားႀကီးေျပာသေလာက္ ေရွ႕ကလူက တိတ္ဆိတ္ေနသည္။ အၿမဲတမ္း လူကို ေနရခက္ေအာင္လုပ္သည္။ သူကဘာမွျပန္မေျပာရင္ အသည္းေတြယားၿပီး ကိုက္ျပစ္ခ်င္စိတ္ေပါက္သည္။

အခုလည္း မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးၾကည့္ေနတာကို မသိသလိုနဲ႔ခပ္တည္တည္ျပန္ၾကည့္ေနသည္။

"စိတ္ေကာက္ေနတုန္းလား"

"မေကာက္ဘူး"

"ၿပီးတာပဲ "

တည္တံ့ အသည္းေပါက္ကာ ျပန္မ‌ေျပာေတာ့ဘဲ ခါးပတ္တပ္ဖို႔‌တစ္ဖက္ကိုလွည့္လိုက္ေပမဲ့ မ်က္ႏွာကို ‌အေရွ႕ျပန္ဆြဲခံရကာ အနမ္းခံလိုက္ရ၏။

"အြန႔္!.."

တည္တံ့မျငင္းပါ။ မႀကိဳက္တဲ့သူက နမ္းတာမွမဟုတ္တာ။ ထို႔ေၾကာင့္ အနမ္းကို ျပန္လည္တုန႔္ျပန္၏။ သို႔‌ေသာ္ အနမ္းက ခဏမွ်သာ။

"ဘာလို႔ရပ္လိုက္တာလဲ"

"စိတ္မပါဘူး စကားနားမေထာင္တဲ့သူနဲ႔ နမ္းရတာ အဆင္မေျပဘူး"

အဟက္။

တည္တံ့သေဘာက်စြာရယ္လိုက္မိကာ မင္းထက္ကိုပိုၿပီးခ်စ္သြားရသည္။ ထိုင္းသြားခဲ့တာကို အခုထိ မေက်နပ္ေသးဘူးပဲ။ သူမထိုင္းသြားမယ္ေျပာတုန္းက သူကန႔္ကြက္တာကို သူမကအတင္းသြားခဲ့၍ အခဲမေၾကတာျဖစ္မည္။

"အသက္သာ(၃၄)ႏွစ္ျဖစ္လာတာ ကေလးဆန္တုန္း"

"ဒါဆို အနားမလာနဲ႔...‌ဒီမွာ ေလဆိပ္ကိုမင္းလာႀကိဳခိုင္းလို႔လာတာ ကားေပၚကကန္ခ်ထည့္ျပစ္မယ္ လူႀကီးကို မ႐ိုမေသျပန္ေျပာေနတယ္"

"အမေလး ေၾကာက္ပါၿပီရွင္"

တည္တံ့ မင္းထက္လက္ေမာင္းကို ဖြဖြကိုက္ၿပီး ခါးပတ္တပ္သည္။ ထို႔ေနာက္ကားေလးသည္ ဝူးခနဲေမာင္းထြက္သြားသည္။

✿⁠............✿⁠...........✿⁠

"ဖိုးသားဘယ္မွာတည္းမွာလဲ"

မမစုက ဖိုးသားကိုဂ႐ုစိုက္ေပးပါဟု ေတာင္းဆိုထား၍ေမးလိုက္သည္။

"သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ သူနဲ႔ေနမွာ"

"ဪ အဆင္ေျပလား မေျပရင္ မႏွစ္တို႔ဆီမွာေနလို႔ရတယ္"

"ရပါတယ္ဗ်ာ တစ္ခ်ိဳ႕ကႀကိဳက္မွာမဟုတ္ဘူး"

ကားေမာင္းေနရင္းမွ ေရွ႕မွန္ကေန ေနာက္ကို မေက်မခ်မ္းလွည့္ၾကည့္ေနသည့္လူႀကီးၾကားေအာင္ ဖိုးသားက အသံကိုတမင္က်ယ္ၿပီးေျပာသည္။

"ဒါဆိုဘယ္ေနရာမွာခ်ခဲ့ေပးရမလဲ"

"××××မွာပါဗ်..."

အႏွစ္ စက္ဝန္းဘက္ကိုလွည့္ၾကည့္ေတာ့ မွတ္ထားတယ္ဟုေျပာကာ ေရွ႕ကိုျပန္လွည့္သြားသည္။ မ်က္ႏွာကေတာ့ ေလဆိပ္က စထြက္လာတဲ့အတိုင္း ဆူပုတ္ေနလ်က္။

ခံစားလိုက္စမ္းပါ...ဒါမွ ကိုယ္ခ်င္းစာမွာ။

✿⁠............✿⁠...........✿⁠

ေကာ္ဖီဆိုင္တစ္ဆိုင္တြင္!..

"ဒီတစ္ခါေရာ ဘာအေၾကာင္းေၾကာင့္လဲ...အစ္ကိုမဟုတ္ဘူးပဲ သတို႔သားေဟာင္းေၾကာင့္လား မဟုတ္ရင္ စက္ဝန္းေၾကာင့္လား"

အႏွစ္ ရေဝေသာ္ရဲ႕မ်က္ႏွာခ်င္းဆိုင္ခုံမွာ ဝင္ထိုင္းရင္း စကားနာထိုးသည္။

"မခနဲ႔ပါနဲ႔ ငါတစ္ကယ္ေျပာဖို႔ခ်ိန္းတာ"

"ဘာလဲ"

"ေတာင္းပန္ပါတယ္...ခံစားခ်က္ေနာက္အရမ္းလိုက္မိသြားတယ္ ဒါေပမဲ့ ငါ့ေနရာမွာနင္ဆိုရင္လည္း ငါ့လိုမ်ိဳးဆုံးျဖတ္ခဲ့မိမယ္လို႔ယုံၾကည္ေနတယ္ ကိုယ္ခ်စ္ရတဲ့ေယာက္်ားက အႏွစ္ကိုမွမရရင္ ဘဝကိုအရႈံးေပးေတာ့မလိုျဖစ္ေနတာကို မၾကည့္ႏိုင္ခဲ့ဘူး...ထပ္ၿပီးေတာင္းပန္ပါတယ္ ငါ့ခံစားခ်က္က အရမ္းတစ္ဖက္သတ္ဆန္လြန္းတယ္"

အႏွစ္ဘာမွျပန္မေျဖ။ အေတာ္ၾကာမွျပန္ေျဖသည္။

"ငါ နင္ငါ့နားရွိေနေတာ့ တစ္ကယ္ခင္ခဲ့တယ္ မြန္ေလးအျပင္ေနာက္ထပ္သူငယ္ခ်င္းရတယ္ဆိုၿပီး တစ္ကယ္ေပ်ာ္ခဲ့တာ...ဒါေပမဲ့ နင္ကေတာ့ အသုံးခ်ခဲ့တယ္ ဒါကေတာ့ လူအကဲခတ္မွားတဲ့ငါက အတာပဲ‌ထားပါေတာ့..."

"ေဆာရီး!.."

"ေတာင္းပန္တာကို...လက္ခံေပးမယ္ ဒါေပမဲ့ ငါ့လိုမ်ိဳး ေနာက္ထပ္မလုပ္မိေစနဲ႔ ဘယ္ေလာက္ပဲ အခ်စ္ေၾကာင့္မ်က္လုံးကန္းေနပါေစ လူတစ္ေယာက္၊ႏွစ္ေယာက္မကထိခိုက္ေစမဲ့ လုပ္ရပ္မ်ိဳးမျဖစ္ေတာ့ရင္ေကာင္းမယ္"

"အင္း ငါေတာင္းပန္ပါတယ္"

အႏွစ္မ်က္လုံးထဲ ထင္ရွားကို ျမင္လာကာ ႏွစ္ေယာက္ရဲ႕အေျခအေနကို အနည္းငယ္ေမးၾကည့္ဖို႔ဆုံျဖတ္လိုက္သည္။ ထင္ရွားက မြန္ေလးသတ္ေသတာ ၁၀၀%ရေဝ‌ေသာ္နဲ႔သက္ဆိုင္ေနသည္ဆိုၿပီးေျပာလာသည္။

"မြန္ျမတ္ျခယ္ကို လာေတြ႕ေသးလား"

"ဟင့္အင္း မေတြ႕ျဖစ္ဘူး သူ႔ကိုေတြ႕ရင္ ကိုယံအေၾကာင္းေတြးမိေနေသးလို႔"

"ကိုယံကိုေရာ အဆက္အသြယ္မရဘူးလား ဘယ္လိုပဲျဖစ္ျဖစ္ ကာယကံရွင္က ကိုယံပဲကို"

"မသိဘူး အဆက္အသြယ္ျပတ္တာၾကာၿပီ ၾကည့္ရတာ ကမာၻလွည့္ေနတယ္တဲ့တူတယ္"

"ဪ..."

"ဘာပဲျဖစ္ျဖစ္ ေတာင္းပန္တာလက္ခံေပးလို႔ေက်းဇူးတင္တယ္ အႏွစ္...မဟုတ္ရင္ အျပစ္ရွိစိတ္ခံစားေနရမွာ "

"အင္း!."

ျပန္ခါနီး ရေဝေသာ္က သူမဘက္ကိုတစ္ခ်က္လွည့္ကာ ေျပာလာသည္။

"ကိုယံကိုစြန႔္လႊတ္လိုက္တဲ့ အဲ့ေန႔ကတည္းက ရည္႐ြယ္မြန္နဲ႔ေနာက္ဆုံးမ်က္ႏွာခ်င္းဆိုင္ေတြ႕တာ...အကယ္၍ ရည္႐ြယ္မြန္သတ္ေသတာ တစ္စုံတစ္ေယာက္ေၾကာင့္ဆိုရင္ အဲ့လူက ကိုယံျဖစ္လိမ့္မယ္ ရေဝေသာ္ေဆး႐ုံမွာ ေမ့လဲၿပီးေနာက္ရက္ကိုယံႏိုင္ငံျခားထြက္သြားခဲ့တာ"

ရေဝေသာ္က သူသိတာအကုန္ေျပာျပၿပီးမွျပန္သြားသည္။ ထိုအခါမွ အႏွစ္စဥ္းစားမိသည္။ မြန္ေလးမႏိုးလာေသးတာ ကိုယံအနားမွာမရွိေသးတာေၾကာင့္လား။ မြန္ျမတ္ျခယ္က ခ်စ္ၿပီဆို တစ္ဆုံးပဲေလ။

ဟူး...တစ္ဖက္သတ္လူသားေတြကိုခ်စ္ရတဲ့မိန္းကေလးေတြ ကံဆိုးလိုက္တာ။

အႏွစ္မသိတာ ထိုတစ္ဖက္သတ္လူသားေတြကလည္း သူတို႔ရဲ႕soulmateကိုေတာ့ အေသခ်စ္တယ္ဆိုတာပင္။ စိတ္ဆင္းရဲေအာင္လုပ္ရမယ္ဆိုရင္ေတာင္ သူတို႔ပဲလုပ္မည္။ တျခားသူကလုပ္တာမႀကိဳက္။ ကိုယ္တိုင္သာအခ်ိဳးမေျပမယ္။ ေဘးလူက လာေဝဖန္ရင္ မႀကိဳက္တဲ့လူမ်ိဳးေတြျဖစ္သည္။

✿⁠............✿⁠...........✿⁠

ဆက္ရန္

အခ်စ္ပို(၈) စက္ဝန္းအလြန္&မင္းထက္ျပည့္စုံ...

ေလဆိပ္က အျပန္! အိမ္၌...

"ေယာက္ဖ ဒီေန႔ေလဆိပ္မွာေတြ႕တယ္ တံတိုင္းတည္တံ့နဲ႔"

အႏွစ္မသိေအာင္ လွ်ပ္တစ္ျပတ္႐ိုက္လိုက္သည့္ ဝါးတားတားဓာတ္ပုံေလးကို မက္ေဆ့ခ္်ပို႔လိုက္ရင္း ေယာက္ဖျဖစ္သူကို စကားအစခ်ီလိုက္သည္။

"မင္းကေလဆိပ္ဘာလာလုပ္တာလဲ"

"အႏွစ္ရဲ႕အသိကိုလာႀကိဳတာ"

တစ္ဖက္မွ မင္းထက္ အႏွစ္ပါတယ္ဆိုတဲ့အသိေၾကာင့္ အိပ္ေနရာမွ ထထိုင္မိသြားသည္။

"အႏွစ္ျမင္သြားေသးလား"

"ျမင္တယ္ အစ္ကို႔ညီမက အစ္ကို႔ကိုပဲျမင္တာ ‌တံတိုင္းတည္တံ့ကိုမျမင္လိုက္ဘူး"

"အင္း မေျပာေသးနဲ႔ဦး"

"သိပါတယ္ဗ်ာ ဒါေၾကာင့္ ကြၽန္ေတာ္မနည္းလွည့္ထုတ္ခဲ့တာ"

"ေက်းဇူးကြာ! တစ္ရက္က် ငါတို႔ဆုံရေအာင္"

"ဟုတ္ၿပီေယာက္ဖ..."

တံတိုင္းတည္တံ့နဲ႔အေၾကာင္း အႏွစ္ကိုမသိေစခ်င္သည့္ရည္႐ြယ္ခ်က္က တံတိုင္းကစက္ဝန္းကိုႀကိဳက္ခဲ့ဖူးလို႔ဆိုတဲ့စကားဆိုရင္ ရယ္ခ်င္စရာေကာင္းေနလိမ့္မည္။ ဒါေပမဲ့ မင္းထက္က အရမ္းေတြးသည္။ အႏွစ္စိတ္ထဲ ေယာက္်ားကိုႀကိဳက္တဲ့သူကို အစ္ကိုကႀကိဳက္တယ္ဆိုၿပီး စိတ္ထဲကန႔္လန႔္ျဖစ္ေနမွာဆိုးသည္။ တံတိုင္းတည္တံ့ကေရာ မင္းထက္နဲ႔ အႏွစ္ကေမာင္ႏွမဆိုတာသိရင္ သူ႔ကို ခ်စ္ပါ့မလားဆိုၿပီးစိတ္ပူတာလည္းပါသည္။

ဘယ္လိုပဲျဖစ္ျဖစ္ အသက္အ႐ြယ္ရလာတဲ့သူေတြက အရမ္းေတြးတာ ဝန္ခံရမည္။

✿⁠............✿⁠...........✿⁠

Continue Reading

You'll Also Like

99.5K 2.5K 30
လရိပ်လွန်း။ ။ ကိုလင်းအတွက်ကရော ကိုလင်းရဲ့အဖိုးတန်ဆုံးကရော ဘာမို့လို့လဲ! လင်းရှိန်ခန့်။ ။ ဟ ကိုယ့်ရဲ့အဖိုးတန်ဆုံးက မင်းလေ မင်းဖြစ်နေလို့ မင်းအနား...
119K 3.9K 27
အရိုးအကြောအထူးကုဆရာဝန် ငြိမ်းမောင်နှင့် ဇီးဖြူကုန်းရွာသူ ကြည်ဖြူမိုးတို့၏ အချစ်ဇာတ်လမ်း။ 1980ခုနှစ် ကိုအခြေခံထားပါတယ်။ April 17 2023 အရိုးအေၾကာအထူးကု...
1.3M 45.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
153K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ