မျက်တော်ပြေ

By onion20203

59.2K 1.6K 294

အချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင... More

A𝖴𝗍𝗁𝗈Ʀ'𝗌 Ɲ𝗈𝗍Є
AN#
La Yaung Kha & Nyein Chan Thu
IᑎTᖇO
ƤAƦƬ ①
ƤAƦƬ ②
ƤAƦƬ ③
ƤAƦƬ ④
ƤAƦƬ ⑤
ƤAƦƬ ⑥
ƤAƦƬ ⑦
ƤAƦƬ ⑧
ƤAƦƬ ⑨
ƤAƦƬ ⑩
ƤAƦƬ ⑪
ƤAƦƬ ⑫
ƤAƦƬ ⑭
ƤAƦƬ ⑮
ƤAƦƬ ⑯

ƤAƦƬ ⑬

1.2K 67 8
By onion20203

အိပ်စက်ခြင်းနဲ့ နိုးထခြင်းဟာ အလွှာပါးတစ်ခုပဲခြားထားတဲ့ ကမ္ဘာငယ်လေးတွေ ဖြစ်မယ်ထင်တယ်။

ကြားထဲက အဲ့ဒီအလွှာပါးလေး ပျက်စီးသွားတာနဲ့တပြိုင်နက် အိမ်မက်နဲ့လက်တွေ့ က တစ်သားတည်း ဖြစ်လာခဲ့တယ်။

အဲ့ဒီလိုနဲ့ သွားရမယ့်လမ်းကြောင်းဟာလည်း တဖြည်းဖြည်းနဲ့ ပြတ်သားလာခဲ့တော့တယ်။

တိတ်ဆိတ်စွာ ပွင့်လာသော မျက်ဝန်းနှစ်ခုက နီရဲတောက်နေလျက်။ နာကျင်ရသော ဝေဒနါတစ်ခုကို ဘာသာပြန်ပေးနေသကဲ့သို့ ခပ်ဆွေးဆွေးဖြစ်နေ၏။ အုံ့မှိုင်းနေသော မျက်နှာထားအရ ထိုကောင်လေးရဲ့စိတ်အခြေအနေဟာ ထင်သလောက်ကောင်းမနေဘူးဆိုတာကို ချမ်းသူ ခန့်မှန်းမိသည်။

မျက်လုံးပွင့်လာပေမယ့် ဘာစကားမှမ​ပြောသေးဘဲ မျက်နှာကျက်ကိုသာ တမေ့တမော ကြည့်နေ၏။ ချမ်းသူအတွေ့အကြုံအရ ပြောရမည်ဆိုလျှင် ဒီအခြေအနေက ကောင်းမွန်တဲ့အခြေအနေတစ်ခုတော့ ဟုတ်မနေ။ စိတ်ထဲမှာ မျိုသိပ်ရတာတွေများသွားသော လူတစ်ချို့တွင် တွေ့ရတတ်သော တိတ်ဆိတ်နေခြင်းမျိုးပင်။

မနေ့ညကတည်းက တစ်ချိုးတည်းအိပ်နေတာကြောင့် စိတ်ပူနေတဲ့စိတ်က ဒီနေ့မနက်ခင်း မျက်နှာသစ်ပြီးတာနဲ့ ထိုကောင်လေးနိုးလာမည့်အချိန်ကို ထိုင်စောင့်မိနေခြင်းပင်။

အဖျားလည်း မရှိသလို နှလုံးခုန်နှုန်းကလည်း ပုံမှန်ပဲမို့ သိပ်တော့ စိုးရိမ်စရာတွေ ရှိမနေ။ သို့ပေမယ့်လည်း အပြင်မှာ တွေ့နေရတဲ့ဒဏ်ရာတွေထက် စိတ်ထဲမှာ ဖြစ်နေတဲ့ ဒဏ်ရာတွေက ပိုကုရခက်တယ်မလား။

"သက်သာရဲ့လား"

အသံကြားလို့ ချမ်းသူဘက်ကို လှည့်ကြည့်လာသော မျက်နှာထားက အားမာန်တွေ အပြည့်နှင့်။ တစ်ခုခုကို စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားမျိုး။

ချမ်းသူရဲ့စကားကို လရောင်ခက ပြန်မဖြေ။ ခြုံပေးထားသောစောင်အား ဆွဲဖယ်ပစ်ကာ အိပ်ရာထက်မှ ဝုန်းကနဲ ထရပ်လိုက်၏။ ထို့နောက် မျက်စိရှေ့မှာမြင်နေရတဲ့ နံရံကပ်ဗီဒိုအား ဆွဲဖွင့်လိုက်၏။

"ဘာလုပ်တာလဲ လရောင်ခ"

ချမ်းသူ လှမ်းဆွဲသော်လည်း မမှီပေ။ လရောင်ခရဲ့ လက်တစ်ဖက်က ချမ်းသူအားတွန်းဖယ်ကာ ဗီဒိုအတွင်းမှာရှိနေတဲ့အဝတ်အစားများအား တစ်ထည်ချင်းထုတ်ကြည့်နေတော့၏။

အဝတ်အစားသိပ်မဝယ်ဖြစ်သော ချမ်းသူအတွက် ဗီဒိုထဲတွင် ဂျူတီကုတ်တစ်ချို့နဲ့ အဝတ်အစားတစ်ချို့မှလွဲ၍ ဘာမှရှိမနေ။ ဒါကိုပဲ အားရအောင်မွှေနှောက်ပြီးနောက် အဖြူရောင် စွပ်ကျယ်တစ်ထည်ကိုတွေ့သွားသည်နှင့် စွပ်ကျယ်အား အလည်တည့်တည့်မှကိုင်ကာ နှစ်ခြမ်းဖြစ်သွားအောင် ဆွဲဖြဲလိုက်၏။

"ဗြိ..."

ရှည်မျောမျောအပိုင်းအစလေးဖြစ်သွားသော စွပ်ကျယ်အစကို ကိုင်ကာ ခါးတွင်ရှိနေသော ချုပ်ရိုးနေရာအား ဖုံးအုပ်လျက် ပတ်တီးလိပ်လို ခန္ဓာကိုယ်အား ရစ်ပတ်ချည်နှောင်နေ၏။

ဆရာဝန်တစ်ယောက်ရဲ့အိမ်မှာ ပတ်တီးလိပ်အစား စွပ်ကျယ်သုံးပြီး ဒဏ်ရာကိုစည်းနေသော ထိုလူသားကိုကြည့်ရင်း ချမ်းသူ ခေါင်းခါမိတော့သည်။

"အဲ့လိုပြီးစလွယ်လုပ်လို့မရဘူးလေ။ ဒဏ်ရာဆိုတာ ဆေးထည့်ပြီး ပိုးသတ်ပြီးမှ ပတ်တီးစည်းရမယ်လေ။ ဒီလို တွေ့ကရာနဲ့ကောက်စည်းနေရင် အကုန် မေးခိုင်ပိုးတွေဝင်ကုန်မှာပေါ့"

လရောင်ခကတော့ ချမ်းသူကို ရှိတယ်လို့တောင်မထင်။ လှည့်တောင်မကြည့်ချေ။ လုပ်လက်စ ပတ်တီးစည်းခြင်းကို အပြီးသတ်ပြီး အပေါ်မှ ဂျာကင်အင်္ကျီအား ထပ်ဝတ်လိုက်ကာ အခန်းထဲမှ ထွက်ရန်ပြင်နေ၏။

ထိုအခါမှ ချမ်းသူ လရောင်ခရဲ့ လက်မောင်းအား မိမိရရ ဆုပ်ကိုင်ဖမ်းဆွဲထားလိုက်တော့မှ စူးရဲတဲ့ မျက်ဝန်းတွေနဲ့ ချမ်းသူအား သေချာစိုက်ကြည့်လာ၏။

"ဘာလဲ ဒေါက်တာ"

"ကိုယ် ပြောနေတယ်လေ။ ဒဏ်ရာကို ဆေးသေချာထည့်ပြီးမှ ဆေးပတ်တီးနဲ့ သေချာစည်း..."

"မလိုဘူး"

ထိုစကားလုံး သုံးလုံးသာ ပြောပြီး ဆွဲထားတဲ့လက်ကို ခါချလိုက်သော လရောင်ခကြောင့် ချမ်းသူ ချက်ချင်းပင် ဂျာကင်အင်္ကျီအား လှမ်းဆွဲထားလိုက်၏။

"ဒါက ဘယ်သွားမလို့လဲ"

"ကိုယ်ဘယ်သွားသွား ဒေါက်တာနဲ့ ဘာဆိုင်လဲ"

"အရင်တစ်ခါက ကံကောင်းလို့မသေတာ။ အဲ့တာကို သွေးတိုးစမ်းပြီး နောက်ထပ် မိုက်ရူးရဲမဆန်ချင်စမ်းနဲ့။ အခုချိန် မင်းလုပ်သင့်တာက အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေး အနားယူနေဖို့ပဲ"

"မသေတာက ကံကောင်းလို့တဲ့လား။ ဟား..."

ညာဘက်အပေါ်နှုတ်ခမ်းလေးအား အပေါ်ပင့်ကာ ခပ်ရွဲ့ရွဲ့ပုံစံလုပ်ပြနေပြီး ချမ်းသူစကားအား အလေးမထားသလိုလုပ်ပြနေတော့သည်။

"ဟုတ်တယ်။ ချုပ်ရိုးပွင့်ကုန်ရင် တကယ် ဒုက္ခများလိမ့်မယ်။ မနေ့က ကိုယ်သာ မင်းကိုစိတ်ပူပြီး လိုက်မလာခဲ့ရင် အခုချိန် ICU ထဲရောက်နေလောက်ပြီ"

"စိတ်ပူပြီး လိုက်လာတာရော ဟုတ်ရဲ့လား ဒေါက်တာ"

"ဘာပြောတယ်"

လရောင်ခက ဂျာကင်အင်္ကျီကို ဖမ်းဆုပ်ထားသော ဒေါက်တာငြိမ်းချမ်းသူရဲ့လက်နှစ်ဖက်ကို ဆွဲခွာလိုက်ပြီး လက်ကောက်ဝတ်အား တင်းတင်းဆုပ်ကိုင်ထားလိုက်၏။

"အမှန်တိုင်းပြောစမ်းပါ ဒေါက်တာရဲ့။ ကိုယ်က Yaung မိသားစုရဲ့ဒုတိယသားဆိုတာကို သိသွားလို့ အတင်းလိုက်ကပ်နေတာမလား။ ကိုယ့်ဆီကနေ တစ်ခုခု မျှော်လင့်နေတာမဟုတ်လား"

လရောင်ခဆီမှ မထင်မှတ်ထားသောစကားကြောင့် ချမ်းသူရဲ့ ကိန်းအောင်းနေတဲ့ မာနတွေက ရုန်းထလာ၏။ ဖေဖေ့အတွက်ကြောင့်သာ မဟုတ်ရင် လရောင်ခအား အိမ်ထဲကနေ ဆွဲထုတ်ပြီးနေလောက်ပြီ။

"ဒုတိယသားဆိုတဲ့စကားက ဘယ်လောက်များကြီးကျယ်နေလို့ အသံကောင်းဟစ်နေရတာလဲ။ ဆရာဝန်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ် မင်းကို တားနေတာ။ တခြား ဘာအကန့်မှမပါဘူး"

"သေချာရဲ့လား ဒေါက်တာ။ ကိုယ် အန္တရာယ်နဲ့ကြုံနေရတဲ့အချိန်တိုင်း အမြဲတမ်းအချိန်ကိုက် ရောက်လာတတ်တာက တကယ်ပဲ သွေးရိုးသားရိုးဟုတ်ရဲ့လား။ ကိုယ့်ကို နောက်ယောင်ခံလိုက်နေတာတွေကရော ဆရာဝန်တစ်ယောက်ရဲ့ လုပ်ထုံးလုပ်နည်းတွေပဲလား"

လရောင်ခရဲ့ မျက်ဝန်းတွေက ခက်ထန်မာကြောနေပြီး စကားလုံးတွေကလည်း ကြမ်းတမ်းလို့နေ၏။ တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရတဲ့လက်ကောက်ဝတ်က အနည်းငယ် နာလာတာကြောင့် အားထည့်ရုန်းကန်မိသော်လည်း လရောင်ခက လွှတ်ပေးရန် ဆန္ဒရှိပုံမရ။

စီးချင်းထိုးနေသော မျက်ဝန်းနှစ်စုံက တင်းမာမှုတွေကို အုတ်မြစ်ချလျက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြ၏။

"ဟုတ်တယ်။ မင်းကို နောက်ယောင်ခံလိုက်ပြီး မင်းနဲ့နီးစပ်အောင်ကြိုးစားခဲ့မိတယ်။ Yaung မိသားစုထဲမှာ မင်းကတော့ အနည်းဆုံး လူကို လူလိုမြင်ပေးတတ်လိမ့်မယ်လို့ တွေးခဲ့မိလို့ပဲ။ အခုတော့ မှားသွားပုံရတယ်"

"ဒေါက်တာက ကိုယ့်မိသားစုနဲ့ ဘယ်လိုတွေပတ်သက်နေလို့လဲ"

"ဟင်း... ဘယ်လိုပတ်သက်နေလို့လဲ ဟုတ်လား။ မင်းရဲ့ဒယ်ဒီကို သတ်ရန်ကြံစည်မှုနဲ့ အဖမ်းခံထားရတဲ့ ဦးထူးငြိမ်းသာဆိုတာ ကိုယ့်ဖေဖေပဲ"

"ဘာ..."

"ကိုယ့်ဖေဖေက လူသတ်ဖို့မပြောနဲ့ ခြင်လေးတစ်ကောင်တောင် သတ်ဖူးတာမဟုတ်ဘူး။ သူ မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် အချုပ်ထဲမှာသွားနေရတာ ဒီနေ့ဆို သုံးရက်ရှိသွားပြီ လရောင်ခ။ တရားပြိုင်က Yaung မိသားစုဖြစ်နေလို့ အကျိုးဆောင်ပေးမယ့် ရှေ့နေတောင် ငှားလို့မရခဲ့ဘူး"

ချမ်းသူ အော်ပြောနေရင်းပင် ရင်ဘတ်ထဲမှ တစ်ဆို့လာတာကြောင့် မျက်ရည်တွေရစ်ဝဲလာ၏။

"အဲ့ဒီ Accident ကြောင့် ကိုယ့်ဒယ်ဒီ အခုချိန်ထိ သတိမရသေးတာလည်း အမှန်တရားပဲလေ ဒေါက်တာ"

"ဟင်း... ဟုတ်လား။ မင်းဒယ်ဒီက သတိပဲ မရသေးတာပါ။ ကိုယ့်မေမေကတော့ သူသိပ်ချစ်တဲ့မိသားစုကို အပြီးအပိုင်ထားသွားခဲ့ရတာ။ နစ်နာတာခြင်း ပြိုင်ရင်တောင် ကိုယ့်ဘက်က အလေးသာနေပါသေးတယ်"

ချမ်းသူပြောလိုက်တဲ့စကားအဆုံးမှာ လရောင်ခက တွေတွေကြီးစိုက်ကြည့်နေကာ ဘာစကားမှ တုံ့ပြန်မလာခဲ့။ တင်းတင်းဆုပ်ကိုင်ထားတဲ့ ချမ်းသူရဲ့လက်နှစ်ဖက်ကို လွှတ်ပေးလိုက်ပြီး စဥ်းစားတွေးဆနေသော လေသံဖြင့်

"ဒေါက်တာ့မေမေ ဆုံးသွားတယ်။ ဟုတ်လား"

"ဟုတ်တယ် လရောင်ခ။ အဲ့ဒီ Car Accident ကြောင့်ပဲ ကိုယ့်မေမေ ဆုံးပြီး ဖေဖေက အာမခံတောင်မရဘဲ တရားရင်ဆိုင်နေရတယ်"

"အဲ့တာကြောင့်ပဲ ကိုယ့်အနားကို ချဥ်းကပ်လာခဲ့တာပေါ့။ ဒေါက်တာ့မှာ အစကတည်းက ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပဲ"

ဒေါက်တာ ချမ်းငြိမ်းသူက ညာဘက်ပါးပြင်ထက်မှာ စီးကျနေတဲ့ မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး လရောင်အား တည့်တည့်စိုက်ကြည့်လာ၏။ ပြီးနောက် အမည်မဖော်တတ်သော၊ အဓိပ္ပါယ်တစ်ခုခု ပျော်ဝင်နေသော အပြုံးတစ်ခုကို စိတ်လိုလက်ရ ပြုံးလိုက်ပြီးနောက်

"မင်းသာ ကိုယ့်ကို ကူညီပေးမယ်ဆိုရင် ကိုယ့်ဘဝတစ်လျှောက်လုံး ပါးစပ်မပါတဲ့လူတစ်ယောက်လို နေပေးမယ် လရောင်ခ"

"ဘာပြောတာလဲ"

"ကိုယ် မင်းရဲ့လျှို့ဝှက်ချက်ကို အမှတ်မထင် သိလိုက်ရတယ်"

ချမ်းသူ အိတ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ယူပြီး သေချာဖြန့်ကာ လရောင်ခဆီကို လှမ်းပေးလိုက်၏။

လရောင်ခ ကြည့်လိုက်တာနဲ့ ထွဋ်ကိုယ်တိုင် စစ်ဆေးပေးထားသော DNA Genetic testing စာရွက်လေးဖြစ်ကြောင်း မှတ်မိလိုက်၏။

ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတဲ့အထိ နူးနူးရဲ့စကားတွေက လရောင်အပေါ် သက်ရောက်မှုရှိခဲ့တာကြောင့် မနေ့က အသိစိတ်လွတ်သွားတာတော့ အမှန်ပင်။

ယုံကြည်ထားတဲ့၊ ချစ်ခင်ရတဲ့လူတစ်စုက လရောင်အတွက် သေရာပါအမာရွတ်တွေကို ဖန်တီးပေးခဲ့တဲ့ ပဲ့ကိုင်ရှင်တွေ ​ဖြစ်နေခဲ့တာကြောင့် စိတ်ထဲမှာ လက်ခံနိုင်စွမ်းရှိတဲ့ပမာဏဟာ Limit ကျော်သွားပြီး စိတ်ထောင်းကိုယ်ကျေဖြစ်ခဲ့ရ၏။

ဒါပေမယ့် ဒီစာရွက်ကို လရောင်လုံးချေပစ်လိုက်တာကိုတော့ သေချာမှတ်မိနေ၏။ သို့ပေမယ့် အခုတော့ ထိုစာရွက်လေးက ဒေါက်တာငြိမ်းချမ်းသူရဲ့လက်ထဲကို ရောက်ရှိလို့နေ၏။

"ကိုယ့်ဖေဖေကို ထောင်ထဲကနေ ထုတ်ပေးမယ်ဆိုရင် ဒီလျှို့ဝှက်ချက်ကို သေတဲ့အထိ ထိန်းသိမ်းသွားမယ်"

"အဟက်...။ နောက်ဆုံးတော့လည်း ဒေါက်တာ့ရဲ့ပုံစံအစစ်အမှန်ကို မြင်ခွင့်ရလိုက်တာပဲ"

"ဖေဖေ့အတွက်ဆိုရင် ကိုယ် ဘာမဆို လုပ်ရဲတယ်"

"စီးပွားရေးလောကရဲ့ အခြေခံစည်းမျဥ်းက ဘာလဲဆိုတာ သိလားဒေါက်တာ။ အားနည်းတဲ့လူတစ်ယောက်ကို ဘယ်တော့မှ လက်မတွဲရဘူး"

"ရန်သူရဲ့ ရန်သူဟာ အချင်းချင်း မိတ်ဆွေဖြစ်လို့ရတယ်မလား။ အခုချိန်ထိ ကိုယ့်ကိုကိုယ် Yaung မိသားစုဝင်လို့ ထင်နေသေးတာလား။ မကြာခင် Yaung မိသားစုရဲ့ အဓိကရန်သူက မင်းဖြစ်လာလိမ့်မယ် လရောင်ခ"

လရောင် ခပ်ပြုံးပြုံးပင် ဒေါက်တာ့လက်ထဲက စာရွက်လေးအား ဆွဲယူကား လုံးချေပစ်လိုက်၏။ ပြီးမှ ဂျာကင်အိတ်ထောင်ထဲကို ထည့်လိုက်ကာ

"အဲ့တာ ကိုယ့်ကိစ္စပါ။ လမ်းချင်းမတူမှတော့ ကိုယ့်လမ်းကိုယ်သွားကြတာပဲ ကောင်းပါတယ်။ ဒေါက်တာ့ရဲ့ပြဿနာတွေထဲ ဝင်ပါချင်စိတ်မရှိဘူး"

လရောင်ခ ထိုသို့ပြောပြီး လှည့်ထွက်မည်အပြု ဒေါက်တာငြိမ်းချမ်းသူက ကြမ်းပြင်ပေါ်မှာ ဆတ်ကနဲ ဒူးထောက်လိုက်တာကြောင့် အံဩစွာ ငေးကြည့်နေမိ၏။

"ဖေဖေ့ကို ကယ်ပေးပါ လရောင်ခ"

ဒေါက်တာ့အသံက အေးစက်မာကြောနေသလို လရောင်ကို မော့ကြည့်နေတဲ့ ဒေါက်တာ့ရဲ့မျက်လုံးတွေကလည်း အေးစက်မှုတွေအပြည့်။ ခပ်တင်းတင်း အံကျိတ်ထားသော မျက်နှာထားက အားမတန်လို့ မာန်လျှော့လိုက်ရတဲ့ ကလေးငယ်တစ်ဦး၏ ဟန်ပန်မျိုးလိုပင်။

လရောင် မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်လိုက်ပြီး နှုတ်ခမ်းကွေးရုံလေး ပြုံးလိုက်၏။

"ဟင်း... ဒေါက်တာက တဖြည်းဖြည်းနဲ့ စိတ်ဝင်စားဖို့ကောင်းလာတာပဲ"

.............................................................

နှုတ်ခမ်းထက်ဝယ် နေရာယူထားသော Marlboro cigarette အား တစ်ရှိုက်ဖွာလိုက်ကာ မျက်စိရှေ့တွင်ရှိနေသော Yaung အိမ်တော်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိ၏။

လရောင်ရောက်ရှိနေသည့်နေရာက Yaung အိမ်တော်ကြီးအား အဝေးကနေလှမ်းမြင်နေရသည့် တောင်ကုန်းတစ်ခုပေါ်တွင် ဖြစ်၏။ ဒီနေရာရောက်ကတည်းက ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်နေခဲ့တာကြောင့် လရောင်ရဲ့ခြေရင်းမှာပင် စီးကရက်အတိုလေးတွေ ပြန့်ကျဲလို့နေသည်။

"ဟူး..."

လေထုက  ဆေးလိပ်ငွေ့တွေအား သစ်ပင်တွေပြန်လည်အသုံးပြုရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အဖြစ် သယ်ဆောင်သွားကြ၏။ ဘာမဟုတ်တဲ့ ဆေးလိပ်အငွေ့ကမှ လရောင်ထက် ပို၍ အသုံးဝင်နေသေးသည်။ လရောင်ကတော့ လောကအတွက် အသုံးမဝင်၊ ဘယ်သူကမှ အလိုရှိမနေတဲ့ အပယ်ခံတစ်ယောက်သာသာဘဝနဲ့ နေလာခဲ့ရတာ ဒီအသက်အရွယ် ရောက်တဲ့အထိပင်။

တစ်နေ့နေ့တော့ မေတ္တာတွေပြန်ရနိုးနဲ့ မျှော်လင့်ထားခဲ့မိသမျှဟာလည်း သဲထဲရေသွန်ပစ်လိုက်သလို ဘာတစ်ခုမှ အရာထင်မလာတာကိုတွေးမိတော့ နှုတ်ခမ်းတွေက နာနာကျင်ကျင် ပြုံးမိသွား၏။

လောကမှာ မေတ္တာတရားဆိုတာ တကယ်ကို နတ်ကြီးတာပဲ။

"လရောင်"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ လက်လှမ်းပြနေသည့် ဝေဦးထွဋ်။

လရောင် ခပ်ဖွဖွပြုံးလိုက်ပြီး နှုတ်ခမ်းထက်မှ စီးကရက်အား မြက်ခင်းပြင်တွင် ပစ်ချလိုက်ကာ ခြေထောက်နဲ့ဖိနင်းပြီး မီးသတ်လိုက်၏။  အနားရောက်လာသော ဝေဦးထွဋ်အား ပွေ့ဖက်လိုက်တဲ့အခါ ဝေဦးထွဋ်ကလည်း လရောင်အား ဝမ်းသာအားရ ပြန်လည်ပွေ့ဖက်လာ၏။ မတွေ့ရတာ အရမ်းကိုကြာနေတဲ့ ငယ်သူငယ်ချင်းကို ပြန်တွေ့လိုက်ရတော့ ရင်ထဲမှာလိုအပ်နေတဲ့အရာတစ်ခု ပြည့်စုံသွားသလိုပင်။ ထို့နောက် လူချင်းခွာလိုက်ပြီး ဝေဦးထွဋ်ရဲ့ပခုံးအား ဆုပ်ကိုင်ကာ

"မင်းတောင် အရပ်ကြီးရှည်လားပါလား ထွဋ်"

"ဒါပေါ့ကွ။ ငါက အားကစားလိုက်စားတယ်လေ။ လက်ဝှေ့လည်း အပျော်တမ်းထိုးတယ်။ အဲ့တာကြောင့် ထွားလာတာ"

မတွေ့ရတာ (၁၃) နှစ်တောင်ကျော်သွားပြီးနောက် ဝေဦးထွဋ်က အတော်လေးပြောင်းလဲသွား၏။ တောင့်တင်းသော ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ အရပ်အမောင်းအပြင် မေးရိုးကျသော မျက်နှာထားကြောင့် မိန်းကလေးတိုင်း အားကိုးချင်စရာ အမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာပုံရသည်။ ခပ်ယေးယေးဖြစ်နေသော နှုတ်ခမ်းမွှေးက နုနယ်နေသော မျက်နှာထက်ဝယ် နေရာယူထားသောကြောင့် ချောမောသည့်အခြေအနေမှ ခန့်ညားသည့်ဘက်ကို ပိုရောက်သွားသလိုပင်။

"ဟိုမှာ အဆင်ပြေရဲ့လား လရောင်။ မင်းကို ပြန်တွေ့ရတာ ငါအရမ်းဝမ်းသာတာပဲ။ ငါတို့ ဒီတစ်သက် ပြန်မတွေ့ရတော့ဘူးလို့ပဲ ထင်နေတာ"

လရောင် ပြုံးလိုက်မိ၏။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ထိ ထိုအတွေးမျိုး လရောင်ဆီမှာလည်း ရှိနေခဲ့တာမဟုတ်လား။ မာမီကတော့ လရောင်ကို ဘယ်တော့မှ မြန်မာနိုင်ငံကို ခြေချခွင့်ပေးမှာမဟုတ်ဘူးလို့ တစ်ချိန်လုံးတွေးနေခဲ့မိတာ မဟုတ်လား။

"ငါလည်း အတူတူပါပဲ"

"ငါ မင်းကို တောင်းပန်စရာရှိတယ် လရောင်။ ငါ အစ်ကိုလေးကို..."

"အဲ့ကိစ္စအတွက်ဆို တောင်းပန်စရာမလိုဘူး ထွဋ်။ ပြန်လွှတ်ပေးစေချင်လို့ပဲ မင်းကို အဲ့ဒီနေရာဆီ လွှတ်လိုက်တာ"

"ငါ အစ်ကိုလေးကို လွှတ်ပေးလိမ့်မယ်လို့ မင်းက ဘယ်လိုသိနေတာလဲ"

"ဒီတိုင်းပဲ စိတ်ထဲက အဲ့လိုထင်နေတာ"

ဝေဦးထွဋ်က မလုံမလဲမေးလာသောအခါ လရောင် ရယ်ချင်တဲ့စိတ်ကို ထိန်းလိုက်ပြီး ခပ်တည်တည်နဲ့ပင် ပြန်ဖြေလိုက်ရ၏။

"မင်း ဘာလုပ်မယ်လို့ တွေးထားလဲ လရောင်။ အရာရာတိုင်းက မင်းအတွက် မတရားခဲ့ဘူးဆိုတာ ငါလည်းသိပေမယ့် အစ်ကိုလေး မင်းအပေါ်ကျူးလွန်ခဲ့တာတွေက ဒီတိုင်း မသိစိတ်နဲ့ အနိူင်လိုချင်တဲ့ ညဥ်လေးကြောင့်ပါ။ ပြီးတော့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အစ်ကိုလေးက မင်းအတွက်တော့ အစ်ကိုတစ်ယောက်ပဲမလား။ တစ်ခုခုဆို စိတ်လိုလက်ရ မလုပ်စေချင်ဘူး"

ဝေဦးထွဋ်က လရောင်အတွက်ဆို သူ့ရင်ဘတ်ထဲက တံခါးတွေအကုန်လုံးကို ဖွင့်ထားပြီး စကားပြောတတ်သည်။ ဘာကိုမှ လျှို့ဝှက်ထိမ်ချန်မထားတတ်။ ဒါပေမယ့် နှလုံးသားရေးရာကိစ္စကတော့ ချွင်းချက်ပေါ့လေ။

အခုလည်း သူတကယ်စိုးရိမ်နေတဲ့ အကြောင်းအရာကိုပဲ လရောင်သိအောင် ပွင့်ပွင့်လင်းလင်းပြောလာ၏။

"ဟား ဟား အေးပါ ထွဋ်ရာ။ မသိရင် ငါက လူဆိုးကြီးကျနေတာပဲ"

"တကယ်ပြောတာ လရောင်။ ငါ မင်းနဲ့ ရန်သူမဖြစ်ချင်ဘူး"

ဝေဦးထွဋ်က ခပ်တည်တည်မျက်နှာထားဖြင့် ထိုစကားကိုပြောလိုက်တော့ လရောင်ပြုံးလိုက်မိ၏။ နေရောင်ခတို့ ကံကောင်းချက်က အသက်ပေးပြီးချစ်မယ့်သူတောင် အနားမှာ အဆင်သင့်။

"ထားပါကွာ။ ငါ မင်းကို အရေးတကြီးပြောစရာရှိတယ်"

"ဘာကိစ္စလဲ"

လရောင် ဆေးလိပ်တစ်လိပ်ထုတ်ပြီး နှုတ်ခမ်းတွင်တေ့လိုက်၏။ ပြီးမှ မီးညှိလိုက်ကာ တစ်ရှိုက်ဖွာလိုက်သည်။ ဝေဦးထွဋ်ကတော့ ကျန်းမာရေးလိုက်စားသူမို့ ဆေးလိပ်မသောက်တတ်ပေ။ ဒါကြောင့် "သောက်ဦးမလား" ဆိုပြီး မမေးဖြစ်။

"ဒယ်ဒီရဲ့ Car Accident က သွေးရိုးသားရိုး မဟုတ်ဘူး ထွဋ်။ တစ်ခုခုတော့ မှားနေတယ်"

"ဘာဖြစ်လို့လဲ"

"အဲ့ဒီ Accident အတွက် တရားခံတစ်ယောက်ကို အသည်းအသန်ရှာထားတဲ့အပြင် တရားခံအစစ်ဖြစ်သွားအောင်လည်း ဖန်တီးနေကြတယ်"

"ဘယ်သူကလည်း"

"အဲ့တာက မင်း ငါ့ကို စုံစမ်းပေးရမှာ။ ဖြစ်နိုင်ရင် Car Accident ဖြစ်တဲ့ Video file ဖြစ်ဖြစ် ငါ့အတွက် ရှာပေးလို့ရမလား"

"အဲ့ဒီ မီးပွိုင့်မှာ CCTV မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အဲ့ဒီနားက စတိုးဆိုင်တွေကို လိုက်စုံစမ်းကြည့်ရင်တော့ ရမယ်ထင်တယ်"

"ကြိုးစားကြည့်လိုက် ထွဋ်။ အခုချိန် ငါရဲ့ သံယောဇဥ်လက်ကျန်က ဒယ်ဒီရယ်၊ မင်းတို့သားအမိရယ်ပဲ ရှိတော့တယ်။ ဒီလူတွေကိုတော့ ငါ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ အဲ့တာကြောင့် နောက်ကွယ်က တရားခံကို မိအောင်ဖမ်းမှဖြစ်မယ်"

လရောင်ခ ထိုသို့ပြောပြီး ကုန်ခါနီးနေပြီဖြစ်သော စီးကရက်အား ပစ်ချကာ မီးသတ်လိုက်ပြန်၏။

"အခု ဘယ်မှာနေတာလဲ လရောင်။ အဆင်ရော ပြေရဲ့လား"

"လရောင်ခက Yaung မိသားစုရဲ့ တရားဝင်သားတစ်ယောက်ပဲ။ Yaung မိသားစု အိမ်တော်မှာပဲ မဖြစ်မနေ ပြန်နေရမှာပေါ့။ ဒီနေ့ကစပြီး ငါ ဆုံးရှုံးခဲ့သမျှကို တစ်ခုချင်း ပြန်ယူရမယ်"

"ဘာလုပ်ဖို့ တွေးနေတာလဲ လရောင်"

ဝေဦးထွဋ်အမေးစကားကြောင့် လရောင် နှစ်နှစ်ကာကာပင် ပြုံးလိုက်မိ၏။ ပြီးမှ ခပ်လှမ်းလှမ်းတွင် မြင်နေရသော Yaung အိမ်တော်ကြီးအား စူးစိုက်ကြည့်ကာ

"အကြွေးပြန်တောင်းရမှာပေါ့။ ငါရစရာရှိနေတဲ့ အကြွေးတွေအကုန်လုံးကို သေချာပြန်တောင်းရမှာပေါ့"

လူတွေကို သူတို့လုပ်ခဲ့တဲ့အတိုင်း
ပြန်ပြီး ဒဏ်ခတ်တဲ့အခါ

လက်စားချေတယ်လို့ မသုံးဘဲ
တရားစီရင်တယ်လို့ သုံးနှုန်းတာက
ပိုပြီး သင့်လျော်လိမ့်မယ်။

ပိုပြီးလည်း မျှတသွားလိမ့်မယ်။

............................................................
ONion (06/03/2024)

(Zawgyi)

အိပ္စက္ျခင္းနဲ႔ ႏိုးထျခင္းဟာ အလႊာပါးတစ္ခုပဲျခားထားတဲ့ ကမာၻငယ္ေလးေတြ ျဖစ္မယ္ထင္တယ္။

ၾကားထဲက အဲ့ဒီအလႊာပါးေလး ပ်က္စီးသြားတာနဲ႔တၿပိဳင္နက္ အိမ္မက္နဲ႔လက္ေတြ႕ က တစ္သားတည္း ျဖစ္လာခဲ့တယ္။

အဲ့ဒီလိုနဲ႔ သြားရမယ့္လမ္းေၾကာင္းဟာလည္း တျဖည္းျဖည္းနဲ႔ ျပတ္သားလာခဲ့ေတာ့တယ္။

တိတ္ဆိတ္စြာ ပြင့္လာေသာ မ်က္ဝန္းႏွစ္ခုက နီရဲေတာက္ေနလ်က္။ နာက်င္ရေသာ ေဝဒနါတစ္ခုကို ဘာသာျပန္ေပးေနသကဲ့သို႔ ခပ္ေဆြးေဆြးျဖစ္ေန၏။ အုံ႔မႈိင္းေနေသာ မ်က္ႏွာထားအရ ထိုေကာင္ေလးရဲ႕စိတ္အေျခအေနဟာ ထင္သေလာက္ေကာင္းမေနဘူးဆိုတာကို ခ်မ္းသူ ခန္႔မွန္းမိသည္။

မ်က္လုံးပြင့္လာေပမယ့္ ဘာစကားမွမ​ေျပာေသးဘဲ မ်က္ႏွာက်က္ကိုသာ တေမ့တေမာ ၾကည့္ေန၏။ ခ်မ္းသူအေတြ႕အႀကဳံအရ ေျပာရမည္ဆိုလွ်င္ ဒီအေျခအေနက ေကာင္းမြန္တဲ့အေျခအေနတစ္ခုေတာ့ ဟုတ္မေန။ စိတ္ထဲမွာ မ်ိဳသိပ္ရတာေတြမ်ားသြားေသာ လူတစ္ခ်ိဳ႕တြင္ ေတြ႕ရတတ္ေသာ တိတ္ဆိတ္ေနျခင္းမ်ိဳးပင္။

မေန႔ညကတည္းက တစ္ခ်ိဳးတည္းအိပ္ေနတာေၾကာင့္ စိတ္ပူေနတဲ့စိတ္က ဒီေန႔မနက္ခင္း မ်က္ႏွာသစ္ၿပီးတာနဲ႔ ထိုေကာင္ေလးႏိုးလာမည့္အခ်ိန္ကို ထိုင္ေစာင့္မိေနျခင္းပင္။

အဖ်ားလည္း မရွိသလို ႏွလုံးခုန္ႏႈန္းကလည္း ပုံမွန္ပဲမို႔ သိပ္ေတာ့ စိုးရိမ္စရာေတြ ရွိမေန။ သို႔ေပမယ့္လည္း အျပင္မွာ ေတြ႕ေနရတဲ့ဒဏ္ရာေတြထက္ စိတ္ထဲမွာ ျဖစ္ေနတဲ့ ဒဏ္ရာေတြက ပိုကုရခက္တယ္မလား။

"သက္သာရဲ႕လား"

အသံၾကားလို႔ ခ်မ္းသူဘက္ကို လွည့္ၾကည့္လာေသာ မ်က္ႏွာထားက အားမာန္ေတြ အျပည့္ႏွင့္။ တစ္ခုခုကို စိတ္ပိုင္းျဖတ္ထားေသာ မ်က္ႏွာထားမ်ိဳး။

ခ်မ္းသူရဲ႕စကားကို လေရာင္ခက ျပန္မေျဖ။ ၿခဳံေပးထားေသာေစာင္အား ဆြဲဖယ္ပစ္ကာ အိပ္ရာထက္မွ ဝုန္းကနဲ ထရပ္လိုက္၏။ ထို႔ေနာက္ မ်က္စိေရွ႕မွာျမင္ေနရတဲ့ နံရံကပ္ဗီဒိုအား ဆြဲဖြင့္လိုက္၏။

"ဘာလုပ္တာလဲ လေရာင္ခ"

ခ်မ္းသူ လွမ္းဆြဲေသာ္လည္း မမွီေပ။ လေရာင္ခရဲ႕ လက္တစ္ဖက္က ခ်မ္းသူအားတြန္းဖယ္ကာ ဗီဒိုအတြင္းမွာရွိေနတဲ့အဝတ္အစားမ်ားအား တစ္ထည္ခ်င္းထုတ္ၾကည့္ေနေတာ့၏။

အဝတ္အစားသိပ္မဝယ္ျဖစ္ေသာ ခ်မ္းသူအတြက္ ဗီဒိုထဲတြင္ ဂ်ဴတီကုတ္တစ္ခ်ိဳ႕နဲ႔ အဝတ္အစားတစ္ခ်ိဳ႕မွလြဲ၍ ဘာမွရွိမေန။ ဒါကိုပဲ အားရေအာင္ေမႊေႏွာက္ၿပီးေနာက္ အျဖဴေရာင္ စြပ္က်ယ္တစ္ထည္ကိုေတြ႕သြားသည္ႏွင့္ စြပ္က်ယ္အား အလည္တည့္တည့္မွကိုင္ကာ ႏွစ္ျခမ္းျဖစ္သြားေအာင္ ဆြဲၿဖဲလိုက္၏။

"ၿဗိ..."

ရွည္ေမ်ာေမ်ာအပိုင္းအစေလးျဖစ္သြားေသာ စြပ္က်ယ္အစကို ကိုင္ကာ ခါးတြင္ရွိေနေသာ ခ်ဳပ္႐ိုးေနရာအား ဖုံးအုပ္လ်က္ ပတ္တီးလိပ္လို ခႏၶာကိုယ္အား ရစ္ပတ္ခ်ည္ေႏွာင္ေန၏။

ဆရာဝန္တစ္ေယာက္ရဲ႕အိမ္မွာ ပတ္တီးလိပ္အစား စြပ္က်ယ္သုံးၿပီး ဒဏ္ရာကိုစည္းေနေသာ ထိုလူသားကိုၾကည့္ရင္း ခ်မ္းသူ ေခါင္းခါမိေတာ့သည္။

"အဲ့လိုၿပီးစလြယ္လုပ္လို႔မရဘူးေလ။ ဒဏ္ရာဆိုတာ ေဆးထည့္ၿပီး ပိုးသတ္ၿပီးမွ ပတ္တီးစည္းရမယ္ေလ။ ဒီလို ေတြ႕ကရာနဲ႔ေကာက္စည္းေနရင္ အကုန္ ေမးခိုင္ပိုးေတြဝင္ကုန္မွာေပါ့"

လေရာင္ခကေတာ့ ခ်မ္းသူကို ရွိတယ္လို႔ေတာင္မထင္။ လွည့္ေတာင္မၾကည့္ေခ်။ လုပ္လက္စ ပတ္တီးစည္းျခင္းကို အၿပီးသတ္ၿပီး အေပၚမွ ဂ်ာကင္အက်ႌအား ထပ္ဝတ္လိုက္ကာ အခန္းထဲမွ ထြက္ရန္ျပင္ေန၏။

ထိုအခါမွ ခ်မ္းသူ လေရာင္ခရဲ႕ လက္ေမာင္းအား မိမိရရ ဆုပ္ကိုင္ဖမ္းဆြဲထားလိုက္ေတာ့မွ စူးရဲတဲ့ မ်က္ဝန္းေတြနဲ႔ ခ်မ္းသူအား ေသခ်ာစိုက္ၾကည့္လာ၏။

"ဘာလဲ ေဒါက္တာ"

"ကိုယ္ ေျပာေနတယ္ေလ။ ဒဏ္ရာကို ေဆးေသခ်ာထည့္ၿပီးမွ ေဆးပတ္တီးနဲ႔ ေသခ်ာစည္း..."

"မလိုဘူး"

ထိုစကားလုံး သုံးလုံးသာ ေျပာၿပီး ဆြဲထားတဲ့လက္ကို ခါခ်လိုက္ေသာ လေရာင္ခေၾကာင့္ ခ်မ္းသူ ခ်က္ခ်င္းပင္ ဂ်ာကင္အက်ႌအား လွမ္းဆြဲထားလိုက္၏။

"ဒါက ဘယ္သြားမလို႔လဲ"

"ကိုယ္ဘယ္သြားသြား ေဒါက္တာနဲ႔ ဘာဆိုင္လဲ"

"အရင္တစ္ခါက ကံေကာင္းလို႔မေသတာ။ အဲ့တာကို ေသြးတိုးစမ္းၿပီး ေနာက္ထပ္ မိုက္႐ူးရဲမဆန္ခ်င္စမ္းနဲ႔။ အခုခ်ိန္ မင္းလုပ္သင့္တာက အိပ္ရာေပၚမွာ ၿငိမ္ၿငိမ္ေလး အနားယူေနဖို႔ပဲ"

"မေသတာက ကံေကာင္းလို႔တဲ့လား။ ဟား..."

ညာဘက္အေပၚႏႈတ္ခမ္းေလးအား အေပၚပင့္ကာ ခပ္႐ြဲ႕႐ြဲ႕ပုံစံလုပ္ျပေနၿပီး ခ်မ္းသူစကားအား အေလးမထားသလိုလုပ္ျပေနေတာ့သည္။

"ဟုတ္တယ္။ ခ်ဳပ္႐ိုးပြင့္ကုန္ရင္ တကယ္ ဒုကၡမ်ားလိမ့္မယ္။ မေန႔က ကိုယ္သာ မင္းကိုစိတ္ပူၿပီး လိုက္မလာခဲ့ရင္ အခုခ်ိန္ ICU ထဲေရာက္ေနေလာက္ၿပီ"

"စိတ္ပူၿပီး လိုက္လာတာေရာ ဟုတ္ရဲ႕လား ေဒါက္တာ"

"ဘာေျပာတယ္"

လေရာင္ခက ဂ်ာကင္အက်ႌကို ဖမ္းဆုပ္ထားေသာ ေဒါက္တာၿငိမ္းခ်မ္းသူရဲ႕လက္ႏွစ္ဖက္ကို ဆြဲခြာလိုက္ၿပီး လက္ေကာက္ဝတ္အား တင္းတင္းဆုပ္ကိုင္ထားလိုက္၏။

"အမွန္တိုင္းေျပာစမ္းပါ ေဒါက္တာရဲ႕။ ကိုယ္က Yaung မိသားစုရဲ႕ဒုတိယသားဆိုတာကို သိသြားလို႔ အတင္းလိုက္ကပ္ေနတာမလား။ ကိုယ့္ဆီကေန တစ္ခုခု ေမွ်ာ္လင့္ေနတာမဟုတ္လား"

လေရာင္ခဆီမွ မထင္မွတ္ထားေသာစကားေၾကာင့္ ခ်မ္းသူရဲ႕ ကိန္းေအာင္းေနတဲ့ မာနေတြက ႐ုန္းထလာ၏။ ေဖေဖ့အတြက္ေၾကာင့္သာ မဟုတ္ရင္ လေရာင္ခအား အိမ္ထဲကေန ဆြဲထုတ္ၿပီးေနေလာက္ၿပီ။

"ဒုတိယသားဆိုတဲ့စကားက ဘယ္ေလာက္မ်ားႀကီးက်ယ္ေနလို႔ အသံေကာင္းဟစ္ေနရတာလဲ။ ဆရာဝန္ဆိုတဲ့ စိတ္တစ္ခုတည္းနဲ႔ ကိုယ္ မင္းကို တားေနတာ။ တျခား ဘာအကန္႔မွမပါဘူး"

"ေသခ်ာရဲ႕လား ေဒါက္တာ။ ကိုယ္ အႏၲရာယ္နဲ႔ႀကဳံေနရတဲ့အခ်ိန္တိုင္း အၿမဲတမ္းအခ်ိန္ကိုက္ ေရာက္လာတတ္တာက တကယ္ပဲ ေသြး႐ိုးသား႐ိုးဟုတ္ရဲ႕လား။ ကိုယ့္ကို ေနာက္ေယာင္ခံလိုက္ေနတာေတြကေရာ ဆရာဝန္တစ္ေယာက္ရဲ႕ လုပ္ထုံးလုပ္နည္းေတြပဲလား"

လေရာင္ခရဲ႕ မ်က္ဝန္းေတြက ခက္ထန္မာေၾကာေနၿပီး စကားလုံးေတြကလည္း ၾကမ္းတမ္းလို႔ေန၏။ တင္းက်ပ္စြာ ဆုပ္ကိုင္ခံထားရတဲ့လက္ေကာက္ဝတ္က အနည္းငယ္ နာလာတာေၾကာင့္ အားထည့္႐ုန္းကန္မိေသာ္လည္း လေရာင္ခက လႊတ္ေပးရန္ ဆႏၵရွိပုံမရ။

စီးခ်င္းထိုးေနေသာ မ်က္ဝန္းႏွစ္စုံက တင္းမာမႈေတြကို အုတ္ျမစ္ခ်လ်က္ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနမိၾက၏။

"ဟုတ္တယ္။ မင္းကို ေနာက္ေယာင္ခံလိုက္ၿပီး မင္းနဲ႔နီးစပ္ေအာင္ႀကိဳးစားခဲ့မိတယ္။ Yaung မိသားစုထဲမွာ မင္းကေတာ့ အနည္းဆုံး လူကို လူလိုျမင္ေပးတတ္လိမ့္မယ္လို႔ ေတြးခဲ့မိလို႔ပဲ။ အခုေတာ့ မွားသြားပုံရတယ္"

"ေဒါက္တာက ကိုယ့္မိသားစုနဲ႔ ဘယ္လိုေတြပတ္သက္ေနလို႔လဲ"

"ဟင္း... ဘယ္လိုပတ္သက္ေနလို႔လဲ ဟုတ္လား။ မင္းရဲ႕ဒယ္ဒီကို သတ္ရန္ႀကံစည္မႈနဲ႔ အဖမ္းခံထားရတဲ့ ဦးထူးၿငိမ္းသာဆိုတာ ကိုယ့္ေဖေဖပဲ"

"ဘာ..."

"ကိုယ့္ေဖေဖက လူသတ္ဖို႔မေျပာနဲ႔ ျခင္ေလးတစ္ေကာင္ေတာင္ သတ္ဖူးတာမဟုတ္ဘူး။ သူ မလုပ္ခဲ့တဲ့ အျပစ္တစ္ခုအတြက္ အခ်ဳပ္ထဲမွာသြားေနရတာ ဒီေန႔ဆို သုံးရက္ရွိသြားၿပီ လေရာင္ခ။ တရားၿပိဳင္က Yaung မိသားစုျဖစ္ေနလို႔ အက်ိဳးေဆာင္ေပးမယ့္ ေရွ႕ေနေတာင္ ငွားလို႔မရခဲ့ဘူး"

ခ်မ္းသူ ေအာ္ေျပာေနရင္းပင္ ရင္ဘတ္ထဲမွ တစ္ဆို႔လာတာေၾကာင့္ မ်က္ရည္ေတြရစ္ဝဲလာ၏။

"အဲ့ဒီ Accident ေၾကာင့္ ကိုယ့္ဒယ္ဒီ အခုခ်ိန္ထိ သတိမရေသးတာလည္း အမွန္တရားပဲေလ ေဒါက္တာ"

"ဟင္း... ဟုတ္လား။ မင္းဒယ္ဒီက သတိပဲ မရေသးတာပါ။ ကိုယ့္ေမေမကေတာ့ သူသိပ္ခ်စ္တဲ့မိသားစုကို အၿပီးအပိုင္ထားသြားခဲ့ရတာ။ နစ္နာတာျခင္း ၿပိဳင္ရင္ေတာင္ ကိုယ့္ဘက္က အေလးသာေနပါေသးတယ္"

ခ်မ္းသူေျပာလိုက္တဲ့စကားအဆုံးမွာ လေရာင္ခက ေတြေတြႀကီးစိုက္ၾကည့္ေနကာ ဘာစကားမွ တုံ႔ျပန္မလာခဲ့။ တင္းတင္းဆုပ္ကိုင္ထားတဲ့ ခ်မ္းသူရဲ႕လက္ႏွစ္ဖက္ကို လႊတ္ေပးလိုက္ၿပီး စဥ္းစားေတြးဆေနေသာ ေလသံျဖင့္

"ေဒါက္တာ့ေမေမ ဆုံးသြားတယ္။ ဟုတ္လား"

"ဟုတ္တယ္ လေရာင္ခ။ အဲ့ဒီ Car Accident ေၾကာင့္ပဲ ကိုယ့္ေမေမ ဆုံးၿပီး ေဖေဖက အာမခံေတာင္မရဘဲ တရားရင္ဆိုင္ေနရတယ္"

"အဲ့တာေၾကာင့္ပဲ ကိုယ့္အနားကို ခ်ဥ္းကပ္လာခဲ့တာေပါ့။ ေဒါက္တာ့မွာ အစကတည္းက ရည္႐ြယ္ခ်က္ေတြ ရွိေနခဲ့တာပဲ"

ေဒါက္တာ ခ်မ္းၿငိမ္းသူက ညာဘက္ပါးျပင္ထက္မွာ စီးက်ေနတဲ့ မ်က္ရည္ကို ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္ၿပီး လေရာင္အား တည့္တည့္စိုက္ၾကည့္လာ၏။ ၿပီးေနာက္ အမည္မေဖာ္တတ္ေသာ၊ အဓိပၸါယ္တစ္ခုခု ေပ်ာ္ဝင္ေနေသာ အၿပဳံးတစ္ခုကို စိတ္လိုလက္ရ ၿပဳံးလိုက္ၿပီးေနာက္

"မင္းသာ ကိုယ့္ကို ကူညီေပးမယ္ဆိုရင္ ကိုယ့္ဘဝတစ္ေလွ်ာက္လုံး ပါးစပ္မပါတဲ့လူတစ္ေယာက္လို ေနေပးမယ္ လေရာင္ခ"

"ဘာေျပာတာလဲ"

"ကိုယ္ မင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို အမွတ္မထင္ သိလိုက္ရတယ္"

ခ်မ္းသူ အိတ္ကပ္ထဲမွ စာ႐ြက္အပိုင္းအစေလးကို ထုတ္ယူၿပီး ေသခ်ာျဖန္႔ကာ လေရာင္ခဆီကို လွမ္းေပးလိုက္၏။

လေရာင္ခ ၾကည့္လိုက္တာနဲ႔ ထြဋ္ကိုယ္တိုင္ စစ္ေဆးေပးထားေသာ DNA Genetic testing စာ႐ြက္ေလးျဖစ္ေၾကာင္း မွတ္မိလိုက္၏။

ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း ကင္းမဲ့သြားတဲ့အထိ ႏူးႏူးရဲ႕စကားေတြက လေရာင္အေပၚ သက္ေရာက္မႈရွိခဲ့တာေၾကာင့္ မေန႔က အသိစိတ္လြတ္သြားတာေတာ့ အမွန္ပင္။

ယုံၾကည္ထားတဲ့၊ ခ်စ္ခင္ရတဲ့လူတစ္စုက လေရာင္အတြက္ ေသရာပါအမာ႐ြတ္ေတြကို ဖန္တီးေပးခဲ့တဲ့ ပဲ့ကိုင္ရွင္ေတြ ​ျဖစ္ေနခဲ့တာေၾကာင့္ စိတ္ထဲမွာ လက္ခံႏိုင္စြမ္းရွိတဲ့ပမာဏဟာ Limit ေက်ာ္သြားၿပီး စိတ္ေထာင္းကိုယ္ေက်ျဖစ္ခဲ့ရ၏။

ဒါေပမယ့္ ဒီစာ႐ြက္ကို လေရာင္လုံးေခ်ပစ္လိုက္တာကိုေတာ့ ေသခ်ာမွတ္မိေန၏။ သို႔ေပမယ့္ အခုေတာ့ ထိုစာ႐ြက္ေလးက ေဒါက္တာၿငိမ္းခ်မ္းသူရဲ႕လက္ထဲကို ေရာက္ရွိလို႔ေန၏။

"ကိုယ့္ေဖေဖကို ေထာင္ထဲကေန ထုတ္ေပးမယ္ဆိုရင္ ဒီလွ်ိဳ႕ဝွက္ခ်က္ကို ေသတဲ့အထိ ထိန္းသိမ္းသြားမယ္"

"အဟက္...။ ေနာက္ဆုံးေတာ့လည္း ေဒါက္တာ့ရဲ႕ပုံစံအစစ္အမွန္ကို ျမင္ခြင့္ရလိုက္တာပဲ"

"ေဖေဖ့အတြက္ဆိုရင္ ကိုယ္ ဘာမဆို လုပ္ရဲတယ္"

"စီးပြားေရးေလာကရဲ႕ အေျခခံစည္းမ်ဥ္းက ဘာလဲဆိုတာ သိလားေဒါက္တာ။ အားနည္းတဲ့လူတစ္ေယာက္ကို ဘယ္ေတာ့မွ လက္မတြဲရဘူး"

"ရန္သူရဲ႕ ရန္သူဟာ အခ်င္းခ်င္း မိတ္ေဆြျဖစ္လို႔ရတယ္မလား။ အခုခ်ိန္ထိ ကိုယ့္ကိုကိုယ္ Yaung မိသားစုဝင္လို႔ ထင္ေနေသးတာလား။ မၾကာခင္ Yaung မိသားစုရဲ႕ အဓိကရန္သူက မင္းျဖစ္လာလိမ့္မယ္ လေရာင္ခ"

လေရာင္ ခပ္ၿပဳံးၿပဳံးပင္ ေဒါက္တာ့လက္ထဲက စာ႐ြက္ေလးအား ဆြဲယူကား လုံးေခ်ပစ္လိုက္၏။ ၿပီးမွ ဂ်ာကင္အိတ္ေထာင္ထဲကို ထည့္လိုက္ကာ

"အဲ့တာ ကိုယ့္ကိစၥပါ။ လမ္းခ်င္းမတူမွေတာ့ ကိုယ့္လမ္းကိုယ္သြားၾကတာပဲ ေကာင္းပါတယ္။ ေဒါက္တာ့ရဲ႕ျပႆနာေတြထဲ ဝင္ပါခ်င္စိတ္မရွိဘူး"

လေရာင္ခ ထိုသို႔ေျပာၿပီး လွည့္ထြက္မည္အျပဳ ေဒါက္တာၿငိမ္းခ်မ္းသူက ၾကမ္းျပင္ေပၚမွာ ဆတ္ကနဲ ဒူးေထာက္လိုက္တာေၾကာင့္ အံဩစြာ ေငးၾကည့္ေနမိ၏။

"ေဖေဖ့ကို ကယ္ေပးပါ လေရာင္ခ"

ေဒါက္တာ့အသံက ေအးစက္မာေၾကာေနသလို လေရာင္ကို ေမာ့ၾကည့္ေနတဲ့ ေဒါက္တာ့ရဲ႕မ်က္လုံးေတြကလည္း ေအးစက္မႈေတြအျပည့္။ ခပ္တင္းတင္း အံက်ိတ္ထားေသာ မ်က္ႏွာထားက အားမတန္လို႔ မာန္ေလွ်ာ့လိုက္ရတဲ့ ကေလးငယ္တစ္ဦး၏ ဟန္ပန္မ်ိဳးလိုပင္။

လေရာင္ မ်က္ခုံးတစ္ဖက္ကို ပင့္ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေကြး႐ုံေလး ၿပဳံးလိုက္၏။

"ဟင္း... ေဒါက္တာက တျဖည္းျဖည္းနဲ႔ စိတ္ဝင္စားဖို႔ေကာင္းလာတာပဲ"

.............................................................

ႏႈတ္ခမ္းထက္ဝယ္ ေနရာယူထားေသာ Marlboro cigarette အား တစ္ရႈိက္ဖြာလိုက္ကာ မ်က္စိေရွ႕တြင္ရွိေနေသာ Yaung အိမ္ေတာ္ကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနမိ၏။

လေရာင္ေရာက္ရွိေနသည့္ေနရာက Yaung အိမ္ေတာ္ႀကီးအား အေဝးကေနလွမ္းျမင္ေနရသည့္ ေတာင္ကုန္းတစ္ခုေပၚတြင္ ျဖစ္၏။ ဒီေနရာေရာက္ကတည္းက ေဆးလိပ္ေတြ တစ္လိပ္ၿပီးတစ္လိပ္ေသာက္ေနခဲ့တာေၾကာင့္ လေရာင္ရဲ႕ေျခရင္းမွာပင္ စီးကရက္အတိုေလးေတြ ျပန္႔က်ဲလို႔ေနသည္။

"ဟူး..."

ေလထုက  ေဆးလိပ္ေငြ႕ေတြအား သစ္ပင္ေတြျပန္လည္အသုံးျပဳရန္အတြက္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕အျဖစ္ သယ္ေဆာင္သြားၾက၏။ ဘာမဟုတ္တဲ့ ေဆးလိပ္အေငြ႕ကမွ လေရာင္ထက္ ပို၍ အသုံးဝင္ေနေသးသည္။ လေရာင္ကေတာ့ ေလာကအတြက္ အသုံးမဝင္၊ ဘယ္သူကမွ အလိုရွိမေနတဲ့ အပယ္ခံတစ္ေယာက္သာသာဘဝနဲ႔ ေနလာခဲ့ရတာ ဒီအသက္အ႐ြယ္ ေရာက္တဲ့အထိပင္။

တစ္ေန႔ေန႔ေတာ့ ေမတၱာေတြျပန္ရႏိုးနဲ႔ ေမွ်ာ္လင့္ထားခဲ့မိသမွ်ဟာလည္း သဲထဲေရသြန္ပစ္လိုက္သလို ဘာတစ္ခုမွ အရာထင္မလာတာကိုေတြးမိေတာ့ ႏႈတ္ခမ္းေတြက နာနာက်င္က်င္ ၿပဳံးမိသြား၏။

ေလာကမွာ ေမတၱာတရားဆိုတာ တကယ္ကို နတ္ႀကီးတာပဲ။

"လေရာင္"

ေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ လက္လွမ္းျပေနသည့္ ေဝဦးထြဋ္။

လေရာင္ ခပ္ဖြဖြၿပဳံးလိုက္ၿပီး ႏႈတ္ခမ္းထက္မွ စီးကရက္အား ျမက္ခင္းျပင္တြင္ ပစ္ခ်လိုက္ကာ ေျခေထာက္နဲ႔ဖိနင္းၿပီး မီးသတ္လိုက္၏။  အနားေရာက္လာေသာ ေဝဦးထြဋ္အား ေပြ႕ဖက္လိုက္တဲ့အခါ ေဝဦးထြဋ္ကလည္း လေရာင္အား ဝမ္းသာအားရ ျပန္လည္ေပြ႕ဖက္လာ၏။ မေတြ႕ရတာ အရမ္းကိုၾကာေနတဲ့ ငယ္သူငယ္ခ်င္းကို ျပန္ေတြ႕လိုက္ရေတာ့ ရင္ထဲမွာလိုအပ္ေနတဲ့အရာတစ္ခု ျပည့္စုံသြားသလိုပင္။ ထို႔ေနာက္ လူခ်င္းခြာလိုက္ၿပီး ေဝဦးထြဋ္ရဲ႕ပခုံးအား ဆုပ္ကိုင္ကာ

"မင္းေတာင္ အရပ္ႀကီးရွည္လားပါလား ထြဋ္"

"ဒါေပါ့ကြ။ ငါက အားကစားလိုက္စားတယ္ေလ။ လက္ေဝွ႔လည္း အေပ်ာ္တမ္းထိုးတယ္။ အဲ့တာေၾကာင့္ ထြားလာတာ"

မေတြ႕ရတာ (၁၃) ႏွစ္ေတာင္ေက်ာ္သြားၿပီးေနာက္ ေဝဦးထြဋ္က အေတာ္ေလးေျပာင္းလဲသြား၏။ ေတာင့္တင္းေသာ ခႏၶာကိုယ္နဲ႔လိုက္ဖက္တဲ့ အရပ္အေမာင္းအျပင္ ေမး႐ိုးက်ေသာ မ်က္ႏွာထားေၾကာင့္ မိန္းကေလးတိုင္း အားကိုးခ်င္စရာ အမ်ိဳးသားတစ္ေယာက္အျဖစ္ ႀကီးျပင္းလာပုံရသည္။ ခပ္ေယးေယးျဖစ္ေနေသာ ႏႈတ္ခမ္းေမႊးက ႏုနယ္ေနေသာ မ်က္ႏွာထက္ဝယ္ ေနရာယူထားေသာေၾကာင့္ ေခ်ာေမာသည့္အေျခအေနမွ ခန္႔ညားသည့္ဘက္ကို ပိုေရာက္သြားသလိုပင္။

"ဟိုမွာ အဆင္ေျပရဲ႕လား လေရာင္။ မင္းကို ျပန္ေတြ႕ရတာ ငါအရမ္းဝမ္းသာတာပဲ။ ငါတို႔ ဒီတစ္သက္ ျပန္မေတြ႕ရေတာ့ဘူးလို႔ပဲ ထင္ေနတာ"

လေရာင္ ၿပဳံးလိုက္မိ၏။ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္ထိ ထိုအေတြးမ်ိဳး လေရာင္ဆီမွာလည္း ရွိေနခဲ့တာမဟုတ္လား။ မာမီကေတာ့ လေရာင္ကို ဘယ္ေတာ့မွ ျမန္မာႏိုင္ငံကို ေျခခ်ခြင့္ေပးမွာမဟုတ္ဘူးလို႔ တစ္ခ်ိန္လုံးေတြးေနခဲ့မိတာ မဟုတ္လား။

"ငါလည္း အတူတူပါပဲ"

"ငါ မင္းကို ေတာင္းပန္စရာရွိတယ္ လေရာင္။ ငါ အစ္ကိုေလးကို..."

"အဲ့ကိစၥအတြက္ဆို ေတာင္းပန္စရာမလိုဘူး ထြဋ္။ ျပန္လႊတ္ေပးေစခ်င္လို႔ပဲ မင္းကို အဲ့ဒီေနရာဆီ လႊတ္လိုက္တာ"

"ငါ အစ္ကိုေလးကို လႊတ္ေပးလိမ့္မယ္လို႔ မင္းက ဘယ္လိုသိေနတာလဲ"

"ဒီတိုင္းပဲ စိတ္ထဲက အဲ့လိုထင္ေနတာ"

ေဝဦးထြဋ္က မလုံမလဲေမးလာေသာအခါ လေရာင္ ရယ္ခ်င္တဲ့စိတ္ကို ထိန္းလိုက္ၿပီး ခပ္တည္တည္နဲ႔ပင္ ျပန္ေျဖလိုက္ရ၏။

"မင္း ဘာလုပ္မယ္လို႔ ေတြးထားလဲ လေရာင္။ အရာရာတိုင္းက မင္းအတြက္ မတရားခဲ့ဘူးဆိုတာ ငါလည္းသိေပမယ့္ အစ္ကိုေလး မင္းအေပၚက်ဴးလြန္ခဲ့တာေတြက ဒီတိုင္း မသိစိတ္နဲ႔ အႏိူင္လိုခ်င္တဲ့ ညဥ္ေလးေၾကာင့္ပါ။ ၿပီးေတာ့ ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ အစ္ကိုေလးက မင္းအတြက္ေတာ့ အစ္ကိုတစ္ေယာက္ပဲမလား။ တစ္ခုခုဆို စိတ္လိုလက္ရ မလုပ္ေစခ်င္ဘူး"

ေဝဦးထြဋ္က လေရာင္အတြက္ဆို သူ႔ရင္ဘတ္ထဲက တံခါးေတြအကုန္လုံးကို ဖြင့္ထားၿပီး စကားေျပာတတ္သည္။ ဘာကိုမွ လွ်ိဳ႕ဝွက္ထိမ္ခ်န္မထားတတ္။ ဒါေပမယ့္ ႏွလုံးသားေရးရာကိစၥကေတာ့ ခြၽင္းခ်က္ေပါ့ေလ။

အခုလည္း သူတကယ္စိုးရိမ္ေနတဲ့ အေၾကာင္းအရာကိုပဲ လေရာင္သိေအာင္ ပြင့္ပြင့္လင္းလင္းေျပာလာ၏။

"ဟား ဟား ေအးပါ ထြဋ္ရာ။ မသိရင္ ငါက လူဆိုးႀကီးက်ေနတာပဲ"

"တကယ္ေျပာတာ လေရာင္။ ငါ မင္းနဲ႔ ရန္သူမျဖစ္ခ်င္ဘူး"

ေဝဦးထြဋ္က ခပ္တည္တည္မ်က္ႏွာထားျဖင့္ ထိုစကားကိုေျပာလိုက္ေတာ့ လေရာင္ၿပဳံးလိုက္မိ၏။ ေနေရာင္ခတို႔ ကံေကာင္းခ်က္က အသက္ေပးၿပီးခ်စ္မယ့္သူေတာင္ အနားမွာ အဆင္သင့္။

"ထားပါကြာ။ ငါ မင္းကို အေရးတႀကီးေျပာစရာရွိတယ္"

"ဘာကိစၥလဲ"

လေရာင္ ေဆးလိပ္တစ္လိပ္ထုတ္ၿပီး ႏႈတ္ခမ္းတြင္ေတ့လိုက္၏။ ၿပီးမွ မီးညႇိလိုက္ကာ တစ္ရႈိက္ဖြာလိုက္သည္။ ေဝဦးထြဋ္ကေတာ့ က်န္းမာေရးလိုက္စားသူမို႔ ေဆးလိပ္မေသာက္တတ္ေပ။ ဒါေၾကာင့္ "ေသာက္ဦးမလား" ဆိုၿပီး မေမးျဖစ္။

"ဒယ္ဒီရဲ႕ Car Accident က ေသြး႐ိုးသား႐ိုး မဟုတ္ဘူး ထြဋ္။ တစ္ခုခုေတာ့ မွားေနတယ္"

"ဘာျဖစ္လို႔လဲ"

"အဲ့ဒီ Accident အတြက္ တရားခံတစ္ေယာက္ကို အသည္းအသန္ရွာထားတဲ့အျပင္ တရားခံအစစ္ျဖစ္သြားေအာင္လည္း ဖန္တီးေနၾကတယ္"

"ဘယ္သူကလည္း"

"အဲ့တာက မင္း ငါ့ကို စုံစမ္းေပးရမွာ။ ျဖစ္ႏိုင္ရင္ Car Accident ျဖစ္တဲ့ Video file ျဖစ္ျဖစ္ ငါ့အတြက္ ရွာေပးလို႔ရမလား"

"အဲ့ဒီ မီးပြိဳင့္မွာ CCTV မရွိဘူး။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။ အဲ့ဒီနားက စတိုးဆိုင္ေတြကို လိုက္စုံစမ္းၾကည့္ရင္ေတာ့ ရမယ္ထင္တယ္"

"ႀကိဳးစားၾကည့္လိုက္ ထြဋ္။ အခုခ်ိန္ ငါရဲ႕ သံေယာဇဥ္လက္က်န္က ဒယ္ဒီရယ္၊ မင္းတို႔သားအမိရယ္ပဲ ရွိေတာ့တယ္။ ဒီလူေတြကိုေတာ့ ငါ ထပ္ၿပီး မဆုံးရႈံးခ်င္ေတာ့ဘူး။ အဲ့တာေၾကာင့္ ေနာက္ကြယ္က တရားခံကို မိေအာင္ဖမ္းမွျဖစ္မယ္"

လေရာင္ခ ထိုသို႔ေျပာၿပီး ကုန္ခါနီးေနၿပီျဖစ္ေသာ စီးကရက္အား ပစ္ခ်ကာ မီးသတ္လိုက္ျပန္၏။

"အခု ဘယ္မွာေနတာလဲ လေရာင္။ အဆင္ေရာ ေျပရဲ႕လား"

"လေရာင္ခက Yaung မိသားစုရဲ႕ တရားဝင္သားတစ္ေယာက္ပဲ။ Yaung မိသားစု အိမ္ေတာ္မွာပဲ မျဖစ္မေန ျပန္ေနရမွာေပါ့။ ဒီေန႔ကစၿပီး ငါ ဆုံးရႈံးခဲ့သမွ်ကို တစ္ခုခ်င္း ျပန္ယူရမယ္"

"ဘာလုပ္ဖို႔ ေတြးေနတာလဲ လေရာင္"

ေဝဦးထြဋ္အေမးစကားေၾကာင့္ လေရာင္ ႏွစ္ႏွစ္ကာကာပင္ ၿပဳံးလိုက္မိ၏။ ၿပီးမွ ခပ္လွမ္းလွမ္းတြင္ ျမင္ေနရေသာ Yaung အိမ္ေတာ္ႀကီးအား စူးစိုက္ၾကည့္ကာ

"အေႂကြးျပန္ေတာင္းရမွာေပါ့။ ငါရစရာရွိေနတဲ့ အေႂကြးေတြအကုန္လုံးကို ေသခ်ာျပန္ေတာင္းရမွာေပါ့"

လူေတြကို သူတို႔လုပ္ခဲ့တဲ့အတိုင္း
ျပန္ၿပီး ဒဏ္ခတ္တဲ့အခါ

လက္စားေခ်တယ္လို႔ မသုံးဘဲ
တရားစီရင္တယ္လို႔ သုံးႏႈန္းတာက
ပိုၿပီး သင့္ေလ်ာ္လိမ့္မယ္။

ပိုၿပီးလည္း မွ်တသြားလိမ့္မယ္။

............................................................
ONion (06/03/2024)





Continue Reading

You'll Also Like

297K 10.8K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.5M 178K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
193K 19.4K 75
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)