နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

692K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 53.1

2.4K 422 3
By KimHsuYoon99

Unicode

ခဲယ်လ်တစ်က ကြီးမားတဲ့သားရဲတစ်ကောင်ကို သတ်လိုက်ပေမယ့်လည်း သူလုံးဝမပျော်ဘူး။ အခုတစ်ကြိမ်ရောက်လာတဲ့ သားရဲအရေအတွက်က အရင်နှစ်တွေထက် ပိုများနေပြီး သားရဲအုပ်ထဲမှာ အရင်နှစ်တွေကထက် ပိုအားကောင်းတဲ့သားရဲတွေ အများအပြားရှိနေတယ်။ သားရဲဘယ်နှစ်ကောင်က သူတို့ရဲ့ခုခံမှုကို ချိုးဖျက်ပြီး အနောက်ကိုပြေးသွားလဲဆိုတာ သူတို့မသိဘူး။ ဒါအပြင် ဒီသားရဲတွေက ဒီနှစ်မှာ တိုက်ပွဲမဆင်နွှဲကြရသေးတာကြောင့် အခွင့်ကောင်းတွေ့တာနဲ့တပြိုင်နက် လူတွေနေထိုင်ရာအရပ်ကို ပြေးသွားကြတယ်။

ခဲယ်လ်တစ် ခဏလောက်တွေးတောနေတုန်းမှာ ခြေတံရှည်သားရဲတစ်ကောင်က သူ့ဆီပြေးလာဖို့ အခွင့်အရေးယူလိုက်ပြီး သူ့ရဲ့ ကျဉ်းမြောင်းတဲ့ပါးစပ်ကို ဖွင့်လိုက်ကာ ခဲယ်လ်တစ်ကိုကိုက်ဖို့ အချွန်အတက်တွေဖြစ်နေတဲ့ သွားကို ထုတ်ဖော်လိုက်တယ်။ ဒီအခြေအနေကိုမြင်သွားတဲ့လိန်းကျယ်က ပိန်ပါးတဲ့ ခြေတံရှည် သားရဲကို ချွန်ထက်တဲ့လက်သည်းတွေနဲ့ ရိုက်လိုက်တယ်။ အဆုံးမှာတော့ ခဲယ်လ်တစ်က ခြေတံရှည်သားရဲရဲ့ လက်သည်းတွေကြောင့် ဒဏ်ရာရသွားတယ်။ လိန်းကျယ်က ခဲယ်လ်တစ်ကိုကူညီနေတာကြောင့်  သူလည်းပဲ သူ့ကျောကို အခြားသားရဲတစ်ကောင်ကိုက်တာခံခဲ့ရတယ်။ ဒါကိုမြင်တော့ ခဲယ်လ်တစ်က ရှေ့ကို ပြေးတက်သွားပြီး သားရဲကို မြေပြင်ပေါ် ပစ်ပေါက်လိုက်ကာ လည်ချောင်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်တယ်။

သားရဲတွေက တဖြည်းဖြည်းလျော့နည်းလာပြီး သားရဲအုပ်နောက်ကိုလိုက်လာတဲ့ ဧကရာဇ်သားရဲက orcs တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲ့ဒီ‌သားရဲက သူ့အမြီးကို အသာအယာပုတ်လိုက်ရုံသာလုပ်ခဲ့ပြီး သူ့ရဲ့အနီရောင်မျက်လုံးတွေက အေးစက်တဲ့အလင်းရောင်လက်သွားတယ်။ ဧကရာဇ်သားရဲက တိုက်ပွဲအပြင်ဘက်မှာပဲ ရပ်နေပြီး သားရဲအုပ်က orcs တွေကို  တိုက်ခိုက်တာကို ကြည့်နေခဲ့တယ်။

ပိုင်မုက အချိန်အတော်ကြာအောင် တွေးခဲ့ပေမယ့် အခု သူတို့ဘာလုပ်နိုင်မလဲဆိုတာကို မစဉ်းစားနိုင်သေးဘူး။ လူတိုင်းကို အရင်နှစ်သိမ့်ပေးရမယ်။ "အခုတော့ လူတိုင်းက အများကြီး မကူညီနိုင်ဘူး။ မင်းတို့ဘေးကင်းနေသရွေ့ ရှေ့မှာတိုက်ပွဲဝင်နေတဲ့စစ်သည်တွေက သောကကင်းဝေးနိုင်လိမ့်မယ်။ မင်းတို့ရဲ့အကူအညီလိုအပ်တဲ့နေရာရှိရင် ကျွန်တော် မင်းတို့ကို ပြောမှာပါ"

ထိုအချိန်မှာ ခြင်္သေ့လေးတွေက သူတို့သတ်လိုက်လို့ သေသွားတဲ့ သားရဲအသေကောင်တွေကို တစ်ကောင်ပြီးတစ်ကောင်သယ်ပြီး ပြန်လာကြတယ်။သူတို့က အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေကြတယ်။ သူတို့က ကူညီနိုင်ရုံသာမက သားရဲများစွာကိုလည်း သူတို့ရဲ့လက်နဲ့ သတ်ပစ်နိုင်ခဲ့တယ်။

ပိုင်မုက သူတို့ယူလာခဲ့တဲ့ အောင်ပွဲအထိမ်းအမှတ်သားရဲတွေနဲ့ ချီးမွမ်းခံရဖို့မျှော်လင့်နေတဲ့ ခြင်္သေ့လေးတွေရဲ့ အမူအရာတွေကို ကြည့်လိုက်ပြီး ချီးမွမ်းလိုက်တယ်။"မင်းတို့ကောင်းကောင်းလုပ်ခဲ့ကြတာပဲ မင်းတို့က ရဲရင့်တဲ့ orcစစ်သည်တော်လေးတွေဖြစ်ဖို့ ထိုက်တန်တယ်"

ချီးမွမ်းခံရတဲ့ကလေးတွေက သူတို့ရဲ့မျက်နှာတွေကို အချင်းချင်းကြည့်လိုက်ကြတယ်။ ပျော်ရွှင်နေတဲ့အမူအရာတွေက ဖုံးကွယ်လို့မရနိုင်ဘူး။ ဒါက မျိုးနွယ်စုအတွက် သူတို့ရဲ့ ပထမဆုံးကူညီမှုပါ။

ပိုင်မုက စိုးရိမ်တကြီးနဲ့ ဂူပေါက်ဝကိုလျှောက်သွားပြီး မလှမ်းမကမ်းက တိုက်ပွဲကို ကြည့်လိုက်တယ်။ မျိုးနွယ်စုရဲ့အရှေ့ဘက်မှာရှိတဲ့ ကွင်းပြင်နေရာက အခုတော့ သွေးတွေနဲ့ စွန်းထင်းနေပြီး သားရဲကောင်တွေရဲ့ အလောင်းတွေက နေရာတိုင်းမှာ ရှိနေပေမယ့်လည်း orcs တွေရဲ့အလောင်းတွေကို အခုထိသူမတွေ့ရသေးတာကို သတိထားမိသွားတယ်။

အခု သားရဲအရေအတွက်က တစ်ဝက်လောက် လျော့သွားပြီ။ "ဝေါင်း~~~~" ဒီအချိန်မှာ အသံတိတ်နေတဲ့ဧကရာဇ်သားရဲကြီးက  ကြီးမားတဲ့ဟိန်းဟောက်သံကို လွှင့်ထုတ်လိုက်ပြီး သားရဲအုပ်က သားရဲအလောင်းအချို့နဲ့အတူ ပြန်လည်ဆုတ်ခွာသွားကာ ဧကရာဇ်သားရဲကလည်း ဧရာမသားရဲကြီးတစ်ကောင်ကို ဆွဲထုတ်သွားတယ်။Orcs တွေက သားရဲအုပ်နောက်ကိုမလိုက်နိုင်တာကြောင့် အဲ့ဒီသားရဲတွေလိုပဲ  သေနေတဲ့သားရဲအလောင်းတွေကို စတင်လုယူကြတော့တယ်။ ဒါတွေက သူတို့ရဲ့ အစားအစာတွေပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့အများစုကိုတော့ သားရဲအုပ်က သိမ်းယူသွားခဲ့တယ်။

သားရဲအုပ်ဆုတ်ခွာသွားပြီးနောက်  orcsတွေက ကြာကြာမနေခဲ့ကြဘူး။အချို့orcsတွေက သူတို့ရဲ့သားကောင်တွေကို လျင်မြန်စွာစုဆောင်းခဲ့ကြပြီး မျိုးနွယ်စုခေါင်းဆောင်ပြန်ဝေပေးတာကိုစောင့်ဆိုင်းဖို့ သားကောင်တွေကို ဂူအလွတ်တစ်ခုဆီ ပို့ကြတယ်။ အချို့orcsတွေက ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ဆေးကုသဖို့ တာ့ဝူဆီပို့ကြတယ်။ နောက်ဆက်တွဲကိစ္စတွေအပြီးမှာတော့ orcs တွေက သူတို့ရဲ့ အိမ်တွေကို မောပန်းနွမ်းနယ်စွာ ပြန်လာခဲ့ကြပါတယ်။

တောင်ခြေရင်းမှာနေထိုင်တဲ့ orcs တွေက တောင်တက်လမ်းပေါ်မှာ သွေးတွေအများကြီးကိုတွေ့တဲ့အခါ သူတို့ အံ့သြသွားကြတယ်။အထူးသဖြင့် စွန်းထင်းနေတဲ့သွေးတွေက သူတို့အိမ်တံခါးဝအထိ ရောက်နေတာတွေ့လိုက်ရတာကြောင့် ပိုလို့တောင် တုန်လှုပ်သွားကြတယ်။ သူတို့က ဂူထဲကို အလျင်အမြန်သွားရောက်စစ်ဆေးခဲ့ကြပြီး ဂူထဲမှာ သွေး၊ တိုက်ပွဲ ဒါမှမဟုတ် ရုန်းကန်ထားတဲ့အရိပ်အယောင်တွေကို မတွေ့ရှိရတာကြောင့် သူတို့ကစိတ်သက်သာရာ ရသွားခဲ့ကြတယ်။

ထို့နောက် တစ်ယောက်ယောက်ကို ရှာဖို့ အပြင်ထွက်သွားတော့တယ်။ သားရဲအုပ်ဆုတ်ခွာသွားတာကို တွေ့လိုက်ရတာကြောင့် ခဲယ်လ်တစ်တို့မိသားစုမှာရှိနေတဲ့လူတွေက သူတို့ orcsတွေရဲ့ ဘေးကင်းမှုကို စိုးရိမ်နေကြလို့ ပိုင်မုကို ကျေးဇူးတင်စကားပြောပြီး အိမ်ကိုစတင်ပြန်ကြတော့တယ်။ ခြင်္သေ့လေးတွေ အမဲလိုက်ထားတဲ့ သားကောင်ကို သူတို့က ထိန်းသိမ်းထားပြီး သားရဲအများစုက သူတို့ရဲ့ကျောက်မီးသွေးနဲ့ အသတ်ခံခဲ့ကြရတာဖြစ်တယ်။

မကြာခင်မှာဘဲ ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့ ပြန်လာပြီး ဒီအချိန်မှာတော့ ယာယီခိုလှုံခဲ့ကြတဲ့ မျိုးနွယ်စု၀င်တွေအားလုံးက ထွက်ခွာသွားကြပါပြီ။ အိမ်က သားကောင်တွေကို သူတို့နှစ်ယောက်တွေ့တဲ့အခါ  အထူးသဖြင့် လင်းယုန်ကြီးကိုမြင်ပြီးနောက်မှာ သူတို့က ကြက်သေ, သေသွားကြတယ်။ နှစ်ယောက်သားက အာရုံစူးစိုက်မှုထဲက ကျန်တဲ့သုံးယောက်ကို ကမန်းကတန်းကြည့်လိုက်တယ်။

အန်းချီလော့နဲ့တပေါတို့နှစ်ယောက်စလုံး အဆင်ပြေတယ်။ ပိုင်မုရဲ့ ခန္ဓာကိုယ်ပေါ်က တိရစ္ဆာန်သားရေအ၀တ်တွေမှာတော့ အပေါက်တွေ အများကြီးရှိပြီး သူ့ခန္ဓာကိုယ်မှာ သွေးအများအပြားစွန်းထင်းနေကာ  ဆံပင်တွေက အနည်းငယ်ရှုပ်ပွနေတယ်။ ဒါကိုမြင်တော့ ခဲယ်လ်တစ်က ချက်ချင်းဖြူဖျော့သွားပြီး စေ့စေ့စပ်စပ်စစ်ဆေးဖို့ သူ့ရင်ခွင်ထဲ လူကို အမြန်ဆွဲသွင်းလိုက်တယ်။

အလားတူစွာပဲ ပိုင်မုနဲ့အန်းချီလော့တို့က သူတို့ကို အဆက်မပြတ်ကြည့်နေကြတယ်။ ဒီနေ့ သူတို့က သားရဲအုပ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး  သူတို့(ခဲယ်လ်တစ်နဲ့လိန်းကျယ်)ဒဏ်ရာရထားတာလားဆိုတာကို သူတို့မသိသေးဘူး။ ကံကောင်းထောက်မစွာနဲ့ အဲ့ဒီorc နှစ်ယောက်က ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး အခုတော့ သွေးမထွက်ကြတော့ဘူး ။ ဒီဒဏ်ရာလေးတွေက orcတွေအတွက် ဘာမှမဟုတ်ဘူး။

"အစ်ကိုကြီး၊ သားတို့ဒီနေ့အရမ်းကောင်းကောင်းလုပ်ခဲ့တယ် ဒါတွေအားလုံးကို အစ်ကိုကြီးပိုင်မုက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ အမဲလိုက်ခဲ့ကြတာ"တပေါက သူ့အစ်ကိုကြီးရဲ့ ရုပ်ဆိုးနေတဲ့ မျက်နှာကို လျစ်လျူရှုထားပြီး  ဒီနေ့လည်က အကြောင်းကို ပျော်ရွှင်စွာပြောဆိုခဲ့တယ်။

ခဲယ်လ်တစ်က သူ့လက်ကို ပိုင်မုကိုထိဖို့ဆန့်ထုတ်လိုက်တယ်။ ပိုင်မုရဲ့ ခန္ဓာကိုယ်ပေါ်က တိရစ္ဆာန်သားရေက အံ့သြစရာကောင်းလောက်အောင်ကို စိုစွတ်နေခဲ့တယ်။ "ကိုယ်တို့ နေရာလွတ်ထဲကိုသွားမယ် မင်းရေနွေးနွေးလေးချိုးပြီး အဝတ်အစားလဲဖို့ လိုတယ်"

ထို့နောက် သူက အန်းချီလော့နဲ့တခြားသူတွေကို ပြောလိုက်တယ်။“မင်းတို့ ဒီနေရာကို သိမ်းဆည်းထုပ်ပိုးလိုက်ကြတော့  ပိုင်မုရဲ့အဝတ်အစားတွေ အားလုံးစိုနေတယ် ငါ သူ့ကို အ၀တ်အစားလဲဖို့ ‌နေရာလွတ်ထဲ ခေါ်သွားလိုက်မယ်"

ပိုင်မုကို ခဲယ်လ်တစ်က နေရာလွတ်ထဲ ခေါ်ဆောင်သွားပြီးနောက် ရေပူစမ်းဆီသွားဖို့ တိုက်တွန်းခဲ့တယ်။ပိုင်မုက ရေပူစမ်းဆီ နာခံစွာ သွားခဲ့ရတယ်။ဒါပေမဲ့ အေးစက်နေတဲ့ တိရိစ္ဆာန်သားရေအ၀တ်တွေကို ချွတ်ပြီးနောက် သူတို့ကိုရေနွေးနွေးထဲမှာ စိမ်ပြီးတဲ့အခါ သန့်ရှင်းဖို့အတွက် ဆပ်ပြာယူခဲ့ဖို့မေ့ခဲ့ပြီး မျက်နှာသုတ်ပုဝါနဲ့ အဝတ်အစားလဲဖို့ မယူလာခဲ့တာကိုလည်း သတိရသွားတယ်။

ပိုင်မုက မခံမရပ်နိုင်စွာနဲ့ နဖူးကို ရိုက်လိုက်တယ် ၊ သူဘာလို့  ကြောင်တောင်တောင်ဖြစ်နေတာလဲ။လုံး၀မဖြစ်နိုင်ဘူး ၊အခုတော့ သူ့ကို  အဲ့ဒါတွေကူယူပေးဖို့ ခဲယ်လ်တစ်ကို ခေါ်ဖို့သာလုပ်နိုင်တော့တယ်။ဒါကြောင့် သူက ပါးစပ်ကိုဖွင့်လိုက်ပြီး အော်လိုက်တယ်။ "ခဲယ်လ်တစ် ခဲယ်လ်တစ်"

ဧည့်ခန်းထဲမှာ စိုးရိမ်ပူပန်စွာစောင့်ဆိုင်းနေတဲ့ ခဲယ်လ်တစ်က ပိုင်မု သူ့ကိုခေါ်တာကို ချက်ချင်းကြားလိုက်ရတယ်။ လမ်းလျှောက်ပြီး ပြေးလာပြီးနောက် ပိုင်မုရေထဲမရောက်သေးဘူးလို့သူထင်ခဲ့ပေမယ့် ပိုင်မုက ပြောင်တလင်းခါအောက်ချွတ်ထားပြီး ရေစိမ်နေမယ်ဆိုတာကို ဘယ်သူသိမှာလဲ။ ပိုင်မုက  ရေကူးကန်အစွန်နားပေါ်ကို မှီထားပြီး သူ့လက်ဖြူဖြူလေးပေါ်က ပွန်းပဲ့ဒဏ်ရာတွေက သူ့နှလုံးသားလေးကို နာကျင်ကိုက်ခဲစေတယ်။

"ခဲယ်လ်တစ် သွားပြီး ဆပ်ပြာနဲ့ မျက်နှာသုတ်ပုဝါတွေကို ကူယူပေးပါဦး ပြီးတော့ အကြီးဆုံးအိပ်ခန်းရဲ့ ဗီရိုထဲက အဝတ်အစားတချို့ယူပေးဖို့ ကူညီပေးပါနော်" ပိုင်မုက ရှက်နေတာနည်းနည်းလေးမှမရှိပဲ တည်ငြိမ်စွာ အမိန့်ပေးလိုက်တယ်။ နေရာလွတ်ထဲမှာ တိရစ္ဆာန်သားရေအဝတ်မရှိဝာာကြောင့် ချည်ထည်အဝတ်ကို သူအရင်ဝတ်ထားရမှာပဲ။

"ကောင်းပြီ" ခဲယ်လ်တစ်က အဲ့ဒီအရာတွေကို ယူပေးဖို့ နာခံစွာနဲ့ လှည့်ပတ်ကြည့်လိုက်တယ်။



Zawgyi

ခဲယ္လ္တစ္က ႀကီးမားတဲ့သားရဲတစ္ေကာင္ကို သတ္လိုက္ေပမယ့္လည္း သူလုံးဝမေပ်ာ္ဘူး။ အခုတစ္ႀကိမ္ေရာက္လာတဲ့ သားရဲအေရအတြက္က အရင္ႏွစ္ေတြထက္ ပိုမ်ားေနၿပီး သားရဲအုပ္ထဲမွာ အရင္ႏွစ္ေတြကထက္ ပိုအားေကာင္းတဲ့သားရဲေတြ အမ်ားအျပားရွိေနတယ္။ သားရဲဘယ္ႏွစ္ေကာင္က သူတို႔ရဲ႕ခုခံမႈကို ခ်ိဳးဖ်က္ၿပီး အေနာက္ကိုေျပးသြားလဲဆိုတာ သူတို႔မသိဘူး။ ဒါအျပင္ ဒီသားရဲေတြက ဒီႏွစ္မွာ တိုက္ပြဲမဆင္ႏႊဲၾကရေသးတာေၾကာင့္ အခြင့္ေကာင္းေတြ႕တာနဲ႕တၿပိဳင္နက္ လူေတြေနထိုင္ရာအရပ္ကို ေျပးသြားၾကတယ္။

ခဲယ္လ္တစ္ ခဏေလာက္ေတြးေတာေနတုန္းမွာ ေျခတံရွည္သားရဲတစ္ေကာင္က သူ႕ဆီေျပးလာဖို႔ အခြင့္အေရးယူလိုက္ၿပီး သူ႕ရဲ႕ က်ဥ္းေျမာင္းတဲ့ပါးစပ္ကို ဖြင့္လိုက္ကာ ခဲယ္လ္တစ္ကိုကိုက္ဖို႔ အခြၽန္အတက္ေတြျဖစ္ေနတဲ့ သြားကို ထုတ္ေဖာ္လိုက္တယ္။ ဒီအေျခအေနကိုျမင္သြားတဲ့လိန္းက်ယ္က ပိန္ပါးတဲ့ ေျခတံရွည္ သားရဲကို ခြၽန္ထက္တဲ့လက္သည္းေတြနဲ႕ ရိုက္လိုက္တယ္။ အဆုံးမွာေတာ့ ခဲယ္လ္တစ္က ေျခတံရွည္သားရဲရဲ႕ လက္သည္းေတြေၾကာင့္ ဒဏ္ရာရသြားတယ္။ လိန္းက်ယ္က ခဲယ္လ္တစ္ကိုကူညီေနတာေၾကာင့္  သူလည္းပဲ သူ႕ေက်ာကို အျခားသားရဲတစ္ေကာင္ကိုက္တာခံခဲ့ရတယ္။ ဒါကိုျမင္ေတာ့ ခဲယ္လ္တစ္က ေရွ႕ကို ေျပးတက္သြားၿပီး သားရဲကို ေျမျပင္ေပၚ ပစ္ေပါက္လိုက္ကာ လည္ေခ်ာင္းကို ျပင္းျပင္းထန္ထန္ကိုက္လိုက္တယ္။

သားရဲေတြက တျဖည္းျဖည္းေလ်ာ့နည္းလာၿပီး သားရဲအုပ္ေနာက္ကိုလိုက္လာတဲ့ ဧကရာဇ္သားရဲက orcs ေတြကို တိုက္ခိုက္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူး။ အဲ့ဒီ‌သားရဲက သူ႕အၿမီးကို အသာအယာပုတ္လိုက္႐ုံသာလုပ္ခဲ့ၿပီး သူ႕ရဲ႕အနီေရာင္မ်က္လုံးေတြက ေအးစက္တဲ့အလင္းေရာင္လက္သြားတယ္။ ဧကရာဇ္သားရဲက တိုက္ပြဲအျပင္ဘက္မွာပဲ ရပ္ေနၿပီး သားရဲအုပ္က orcs ေတြကို  တိုက္ခိုက္တာကို ၾကည့္ေနခဲ့တယ္။

ပိုင္မုက အခ်ိန္အေတာ္ၾကာေအာင္ ေတြးခဲ့ေပမယ့္ အခု သူတို႔ဘာလုပ္နိုင္မလဲဆိုတာကို မစဥ္းစားနိုင္ေသးဘူး။ လူတိုင္းကို အရင္ႏွစ္သိမ့္ေပးရမယ္။ "အခုေတာ့ လူတိုင္းက အမ်ားႀကီး မကူညီနိုင္ဘူး။ မင္းတို႔ေဘးကင္းေနသေ႐ြ႕ ေရွ႕မွာတိုက္ပြဲဝင္ေနတဲ့စစ္သည္ေတြက ေသာကကင္းေဝးနိုင္လိမ့္မယ္။ မင္းတို႔ရဲ႕အကူအညီလိုအပ္တဲ့ေနရာရွိရင္ ကြၽန္ေတာ္ မင္းတို႔ကို ေျပာမွာပါ"

ထိုအခ်ိန္မွာ ျခေသၤ့ေလးေတြက သူတို႔သတ္လိုက္လို႔ ေသသြားတဲ့ သားရဲအေသေကာင္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္သယ္ၿပီး ျပန္လာၾကတယ္။သူတို႔က အရမ္းေပ်ာ္ၿပီး စိတ္လႈပ္ရွားေနၾကတယ္။ သူတို႔က ကူညီနိုင္႐ုံသာမက သားရဲမ်ားစြာကိုလည္း သူတို႔ရဲ႕လက္နဲ႕ သတ္ပစ္နိုင္ခဲ့တယ္။

ပိုင္မုက သူတို႔ယူလာခဲ့တဲ့ ေအာင္ပြဲအထိမ္းအမွတ္သားရဲေတြနဲ႕ ခ်ီးမြမ္းခံရဖို႔ေမွ်ာ္လင့္ေနတဲ့ ျခေသၤ့ေလးေတြရဲ႕ အမူအရာေတြကို ၾကည့္လိုက္ၿပီး ခ်ီးမြမ္းလိုက္တယ္။"မင္းတို႔ေကာင္းေကာင္းလုပ္ခဲ့ၾကတာပဲ မင္းတို႔က ရဲရင့္တဲ့ orcစစ္သည္ေတာ္ေလးေတြျဖစ္ဖို႔ ထိုက္တန္တယ္"

ခ်ီးမြမ္းခံရတဲ့ကေလးေတြက သူတို႔ရဲ႕မ်က္ႏွာေတြကို အခ်င္းခ်င္းၾကည့္လိုက္ၾကတယ္။ ေပ်ာ္႐ႊင္ေနတဲ့အမူအရာေတြက ဖုံးကြယ္လို႔မရနိုင္ဘူး။ ဒါက မ်ိဳးႏြယ္စုအတြက္ သူတို႔ရဲ႕ ပထမဆုံးကူညီမႈပါ။

ပိုင္မုက စိုးရိမ္တႀကီးနဲ႕ ဂူေပါက္ဝကိုေလွ်ာက္သြားၿပီး မလွမ္းမကမ္းက တိုက္ပြဲကို ၾကည့္လိုက္တယ္။ မ်ိဳးႏြယ္စုရဲ႕အေရွ႕ဘက္မွာရွိတဲ့ ကြင္းျပင္ေနရာက အခုေတာ့ ေသြးေတြနဲ႕ စြန္းထင္းေနၿပီး သားရဲေကာင္ေတြရဲ႕ အေလာင္းေတြက ေနရာတိုင္းမွာ ရွိေနေပမယ့္လည္း orcs ေတြရဲ႕အေလာင္းေတြကို အခုထိသူမေတြ႕ရေသးတာကို သတိထားမိသြားတယ္။

အခု သားရဲအေရအတြက္က တစ္ဝက္ေလာက္ ေလ်ာ့သြားၿပီ။ "ေဝါင္း~~~~" ဒီအခ်ိန္မွာ အသံတိတ္ေနတဲ့ဧကရာဇ္သားရဲႀကီးက  ႀကီးမားတဲ့ဟိန္းေဟာက္သံကို လႊင့္ထုတ္လိုက္ၿပီး သားရဲအုပ္က သားရဲအေလာင္းအခ်ိဳ႕နဲ႕အတူ ျပန္လည္ဆုတ္ခြာသြားကာ ဧကရာဇ္သားရဲကလည္း ဧရာမသားရဲႀကီးတစ္ေကာင္ကို ဆြဲထုတ္သြားတယ္။Orcs ေတြက သားရဲအုပ္ေနာက္ကိုမလိုက္နိုင္တာေၾကာင့္ အဲ့ဒီသားရဲေတြလိုပဲ  ေသေနတဲ့သားရဲအေလာင္းေတြကို စတင္လုယူၾကေတာ့တယ္။ ဒါေတြက သူတို႔ရဲ႕ အစားအစာေတြပါ။ မည္သို႔ပင္ဆိုေစကာမူ သူတို႔အမ်ားစုကိုေတာ့ သားရဲအုပ္က သိမ္းယူသြားခဲ့တယ္။

သားရဲအုပ္ဆုတ္ခြာသြားၿပီးေနာက္  orcsေတြက ၾကာၾကာမေနခဲ့ၾကဘူး။အခ်ိဳ႕orcsေတြက သူတို႔ရဲ႕သားေကာင္ေတြကို လ်င္ျမန္စြာစုေဆာင္းခဲ့ၾကၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္ျပန္ေဝေပးတာကိုေစာင့္ဆိုင္းဖို႔ သားေကာင္ေတြကို ဂူအလြတ္တစ္ခုဆီ ပို႔ၾကတယ္။ အခ်ိဳ႕orcsေတြက ထိခိုက္ဒဏ္ရာရသြားတဲ့သူေတြကို ေဆးကုသဖို႔ တာ့ဝူဆီပို႔ၾကတယ္။ ေနာက္ဆက္တြဲကိစၥေတြအၿပီးမွာေတာ့ orcs ေတြက သူတို႔ရဲ႕ အိမ္ေတြကို ေမာပန္းႏြမ္းနယ္စြာ ျပန္လာခဲ့ၾကပါတယ္။

ေတာင္ေျခရင္းမွာေနထိုင္တဲ့ orcs ေတြက ေတာင္တက္လမ္းေပၚမွာ ေသြးေတြအမ်ားႀကီးကိုေတြ႕တဲ့အခါ သူတို႔ အံ့ၾသသြားၾကတယ္။အထူးသျဖင့္ စြန္းထင္းေနတဲ့ေသြးေတြက သူတို႔အိမ္တံခါးဝအထိ ေရာက္ေနတာေတြ႕လိုက္ရတာေၾကာင့္ ပိုလို႔ေတာင္ တုန္လႈပ္သြားၾကတယ္။ သူတို႔က ဂူထဲကို အလ်င္အျမန္သြားေရာက္စစ္ေဆးခဲ့ၾကၿပီး ဂူထဲမွာ ေသြး၊ တိုက္ပြဲ ဒါမွမဟုတ္ ႐ုန္းကန္ထားတဲ့အရိပ္အေယာင္ေတြကို မေတြ႕ရွိရတာေၾကာင့္ သူတို႔ကစိတ္သက္သာရာ ရသြားခဲ့ၾကတယ္။

ထို႔ေနာက္ တစ္ေယာက္ေယာက္ကို ရွာဖို႔ အျပင္ထြက္သြားေတာ့တယ္။ သားရဲအုပ္ဆုတ္ခြာသြားတာကို ေတြ႕လိုက္ရတာေၾကာင့္ ခဲယ္လ္တစ္တို႔မိသားစုမွာရွိေနတဲ့လူေတြက သူတို႔ orcsေတြရဲ႕ ေဘးကင္းမႈကို စိုးရိမ္ေနၾကလို႔ ပိုင္မုကို ေက်းဇူးတင္စကားေျပာၿပီး အိမ္ကိုစတင္ျပန္ၾကေတာ့တယ္။ ျခေသၤ့ေလးေတြ အမဲလိုက္ထားတဲ့ သားေကာင္ကို သူတို႔က ထိန္းသိမ္းထားၿပီး သားရဲအမ်ားစုက သူတို႔ရဲ႕ေက်ာက္မီးေသြးနဲ႕ အသတ္ခံခဲ့ၾကရတာျဖစ္တယ္။

မၾကာခင္မွာဘဲ ခဲယ္လ္တစ္နဲ႕လိန္းက်ယ္တို႔ ျပန္လာၿပီး ဒီအခ်ိန္မွာေတာ့ ယာယီခိုလႈံခဲ့ၾကတဲ့ မ်ိဳးႏြယ္စု၀င္ေတြအားလုံးက ထြက္ခြာသြားၾကပါၿပီ။ အိမ္က သားေကာင္ေတြကို သူတို႔ႏွစ္ေယာက္ေတြ႕တဲ့အခါ  အထူးသျဖင့္ လင္းယုန္ႀကီးကိုျမင္ၿပီးေနာက္မွာ သူတို႔က ၾကက္ေသ, ေသသြားၾကတယ္။ ႏွစ္ေယာက္သားက အာ႐ုံစူးစိုက္မႈထဲက က်န္တဲ့သုံးေယာက္ကို ကမန္းကတန္းၾကည့္လိုက္တယ္။

အန္းခ်ီေလာ့နဲ႕တေပါတို႔ႏွစ္ေယာက္စလုံး အဆင္ေျပတယ္။ ပိုင္မုရဲ႕ ခႏၶာကိုယ္ေပၚက တိရစ္ဆာန္သားေရအ၀တ္ေတြမွာေတာ့ အေပါက္ေတြ အမ်ားႀကီးရွိၿပီး သူ႕ခႏၶာကိုယ္မွာ ေသြးအမ်ားအျပားစြန္းထင္းေနကာ  ဆံပင္ေတြက အနည္းငယ္ရႈပ္ပြေနတယ္။ ဒါကိုျမင္ေတာ့ ခဲယ္လ္တစ္က ခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီး ေစ့ေစ့စပ္စပ္စစ္ေဆးဖို႔ သူ႕ရင္ခြင္ထဲ လူကို အျမန္ဆြဲသြင္းလိုက္တယ္။

အလားတူစြာပဲ ပိုင္မုနဲ႕အန္းခ်ီေလာ့တို႔က သူတို႔ကို အဆက္မျပတ္ၾကည့္ေနၾကတယ္။ ဒီေန႕ သူတို႔က သားရဲအုပ္ကို ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကၿပီး  သူတို႔(ခဲယ္လ္တစ္နဲ႕လိန္းက်ယ္)ဒဏ္ရာရထားတာလားဆိုတာကို သူတို႔မသိေသးဘူး။ ကံေကာင္းေထာက္မစြာနဲ႕ အဲ့ဒီorc ႏွစ္ေယာက္က ဒဏ္ရာအနည္းငယ္သာရခဲ့ၿပီး အခုေတာ့ ေသြးမထြက္ၾကေတာ့ဘူး ။ ဒီဒဏ္ရာေလးေတြက orcေတြအတြက္ ဘာမွမဟုတ္ဘူး။

"အစ္ကိုႀကီး၊ သားတို႔ဒီေန႕အရမ္းေကာင္းေကာင္းလုပ္ခဲ့တယ္ ဒါေတြအားလုံးကို အစ္ကိုႀကီးပိုင္မုက ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႕အတူ အမဲလိုက္ခဲ့ၾကတာ"တေပါက သူ႕အစ္ကိုႀကီးရဲ႕ ႐ုပ္ဆိုးေနတဲ့ မ်က္ႏွာကို လ်စ္လ်ဴရႈထားၿပီး  ဒီေန႕လည္က အေၾကာင္းကို ေပ်ာ္႐ႊင္စြာေျပာဆိုခဲ့တယ္။

ခဲယ္လ္တစ္က သူ႕လက္ကို ပိုင္မုကိုထိဖို႔ဆန႔္ထုတ္လိုက္တယ္။ ပိုင္မုရဲ႕ ခႏၶာကိုယ္ေပၚက တိရစ္ဆာန္သားေရက အံ့ၾသစရာေကာင္းေလာက္ေအာင္ကို စိုစြတ္ေနခဲ့တယ္။ "ကိုယ္တို႔ ေနရာလြတ္ထဲကိုသြားမယ္ မင္းေရႏြေးႏြေးေလးခ်ိဳးၿပီး အဝတ္အစားလဲဖို႔ လိုတယ္"

ထို႔ေနာက္ သူက အန္းခ်ီေလာ့နဲ႕တျခားသူေတြကို ေျပာလိုက္တယ္။“မင္းတို႔ ဒီေနရာကို သိမ္းဆည္းထုပ္ပိုးလိုက္ၾကေတာ့  ပိုင္မုရဲ႕အဝတ္အစားေတြ အားလုံးစိုေနတယ္ ငါ သူ႕ကို အ၀တ္အစားလဲဖို႔ ‌ေနရာလြတ္ထဲ ေခၚသြားလိုက္မယ္"

ပိုင္မုကို ခဲယ္လ္တစ္က ေနရာလြတ္ထဲ ေခၚေဆာင္သြားၿပီးေနာက္ ေရပူစမ္းဆီသြားဖို႔ တိုက္တြန္းခဲ့တယ္။ပိုင္မုက ေရပူစမ္းဆီ နာခံစြာ သြားခဲ့ရတယ္။ဒါေပမဲ့ ေအးစက္ေနတဲ့ တိရိစ္ဆာန္သားေရအ၀တ္ေတြကို ခြၽတ္ၿပီးေနာက္ သူတို႔ကိုေရႏြေးႏြေးထဲမွာ စိမ္ၿပီးတဲ့အခါ သန႔္ရွင္းဖို႔အတြက္ ဆပ္ျပာယူခဲ့ဖို႔ေမ့ခဲ့ၿပီး မ်က္ႏွာသုတ္ပုဝါနဲ႕ အဝတ္အစားလဲဖို႔ မယူလာခဲ့တာကိုလည္း သတိရသြားတယ္။

ပိုင္မုက မခံမရပ္နိုင္စြာနဲ႕ နဖူးကို ရိုက္လိုက္တယ္ ၊ သူဘာလို႔  ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာလဲ။လုံး၀မျဖစ္နိုင္ဘူး ၊အခုေတာ့ သူ႕ကို  အဲ့ဒါေတြကူယူေပးဖို႔ ခဲယ္လ္တစ္ကို ေခၚဖို႔သာလုပ္နိုင္ေတာ့တယ္။ဒါေၾကာင့္ သူက ပါးစပ္ကိုဖြင့္လိုက္ၿပီး ေအာ္လိုက္တယ္။ "ခဲယ္လ္တစ္ ခဲယ္လ္တစ္"

ဧည့္ခန္းထဲမွာ စိုးရိမ္ပူပန္စြာေစာင့္ဆိုင္းေနတဲ့ ခဲယ္လ္တစ္က ပိုင္မု သူ႕ကိုေခၚတာကို ခ်က္ခ်င္းၾကားလိုက္ရတယ္။ လမ္းေလွ်ာက္ၿပီး ေျပးလာၿပီးေနာက္ ပိုင္မုေရထဲမေရာက္ေသးဘူးလို႔သူထင္ခဲ့ေပမယ့္ ပိုင္မုက ေျပာင္တလင္းခါေအာက္ခြၽတ္ထားၿပီး ေရစိမ္ေနမယ္ဆိုတာကို ဘယ္သူသိမွာလဲ။ ပိုင္မုက  ေရကူးကန္အစြန္နားေပၚကို မွီထားၿပီး သူ႕လက္ျဖဴျဖဴေလးေပၚက ပြန္းပဲ့ဒဏ္ရာေတြက သူ႕ႏွလုံးသားေလးကို နာက်င္ကိုက္ခဲေစတယ္။

"ခဲယ္လ္တစ္ သြားၿပီး ဆပ္ျပာနဲ႕ မ်က္ႏွာသုတ္ပုဝါေတြကို ကူယူေပးပါဦး ၿပီးေတာ့ အႀကီးဆုံးအိပ္ခန္းရဲ႕ ဗီရိုထဲက အဝတ္အစားတခ်ိဳ႕ယူေပးဖို႔ ကူညီေပးပါေနာ္" ပိုင္မုက ရွက္ေနတာနည္းနည္းေလးမွမရွိပဲ တည္ၿငိမ္စြာ အမိန႔္ေပးလိုက္တယ္။ ေနရာလြတ္ထဲမွာ တိရစ္ဆာန္သားေရအဝတ္မရွိဝာာေၾကာင့္ ခ်ည္ထည္အဝတ္ကို သူအရင္ဝတ္ထားရမွာပဲ။

"ေကာင္းၿပီ" ခဲယ္လ္တစ္က အဲ့ဒီအရာေတြကို ယူေပးဖို႔ နာခံစြာနဲ႕ လွည့္ပတ္ၾကည့္လိုက္တယ္။

Continue Reading

You'll Also Like

315K 31.3K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
146K 15.2K 37
Title - Didn't Love You Enough Chinese Title - 重生之宠你不够 Author - 最爱喵喵 (Zui Ai Miao Miao) Status - 56 Chapters (Completed) English Translate - Vanilla...
31.3K 4.2K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...
5.1K 57 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...