'LOTUS KILLER' {Ongoing}
Bởi Mary_koe552005
145K 11.3K 1.2K
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... Xem Thêm
1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
31
32
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories
33
2.3K 220 68
Bởi Mary_koe552005
"ဟေး မင်း နာမည် ဘယ်လို ခေါ်လဲ"
ရယ်ရွှင်စွာ မေးသော မေးခွန်းသည် သူ့ ဘဝ ကပ်ဆိုး၏ အစ ဖြစ်သည်။
"ဉာဏ် . . .ကိုးနောင်"
အသံနုနုလေးက သွားကြားထဲ က ထွက်ရုံမျှသာ။
"မ . . . မ မှာ ဒီလို ချစ်စရာကောင်းတဲ့ သားရှိတာ ကျွန်တော် ကို မပြောဘူး"
ထိုသူ၏ မျက်လုံးသည် ဗန်ဒါစေ့လို ကျဉ်းမြောင်းပြီး စွန်ရဲ တစ်ကောင်လို စူးရှသည်။‌ပါးလျသော နှုတ်ခမ်းသည် အမြဲလိုလို ပြုံးတတ်သည်။ကလျာမွန်ကတော့ ထိုသူကို မောင် လို့ ခေါ်တတ်သည်။
ထိုအနှီ မောင် သည် အရပ် မြင့်မြင့် အသားဖြူသည်။ပြတ်သားသော လေယူလေသိမ်း ရှိ၏။
ထိုသူ ပြောသံ အဆုံး ချက်ချင်း ကလျာမွန်က မဲ့သည်။
"သူက ငါ့သား မဟုတ်ဘူး. . ငါ့လင် ပါသား. . .ငါ့ သားက ဟိုမှာ ထိုင်နေတဲ့ ကလေး"
ကိုးနောင် ရင်ထဲ မြက်ကနဲ။‌အင်းလေ. . .တကယ်လည်း ကလျာမွန်က  သူ့ အမေ မှ မဟုတ်တာ။
"မ သား မဟုတ်ဘူးပေါ့ . . . ကောင်းတယ်"
ထိုသူက ကိုးနောင်ကို ပြုံးပြပြန်သည်။
ပိရိသေသပ်သော နှုတ်ခမ်းများသည် ပြုံးသောအခါ အတော်လေး ကျက်သရေရှိသည်။
ဆတ်နွယ် နှင့် ကိုးနောင်တွက် ကလျာမွန်ဒီလို
ယောက်ျားတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ် လာကာ မဆန်းတော့ပေ။နောင်ဘုန်းသိုက်သည်လည်း သူ့ နောက်ကွယ်တွင် ကလျာမွန်အကြိမ်ကြိမ်ခါခါ ဖောက်ပြားခြင်းကို သိပါလျက် ပြဿနာ မတက် ပြီးရော ဆိုသော သဘောနှင့် တစ်ပြားမှပင် အရေးမလုပ်။
ထိုသူက ပြန်ခါနီးတိုင်း ကိုးနောင် ခေါင်းကို ပုတ်၍ ချိုချဉ် ကျွေးတတ်သည်။
"မင်း အသက် ဘယ်နှ နှစ်လဲ"
ကိုးနောင်က မျက်တောင်ကြီးများပင့်လျက် ထိုသူကို မော် ကြည့်လိုက်သည်။ကိုးနောင်က ကြမ်းတိုက်နေတာ ဖြစ်သည်။ထိုသူက မဲညစ်ညစ် အစွန်းများ ထင်နေတဲ့ ကြမ်းကို လက်သည်းနဲ့ ခြစ်ကာ သုတ်လိုက်သည်။
"8 . . .နှစ်"
"အိုး . . . အတော် ငယ်သေးတာပဲ"
ကိုးနောင်ပေါက်စ က ဒီတိုင်း ခေါင်းငုံ့ပြီး ကြမ်းသာတိုက်နေသည်။
"ဦးမှာ မင်းလို အရွယ် တူလေး သုံးယောက်ရှိတယ်. . . ဆော့လိုက်တာ မျောက်တွေ ကျနေတာပဲ သူတို့ တစ်ခါတစ်ခါ ဆော့ရင် အိမ်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားတာပဲ ဟား ဟ့ . . . ဦးကလေ အဲ့လို မျိုး အားနေ အော်ငိုပြီး အဆော့သန်တဲ့ ကလေးတွေထက် မင်းလို ငြိမ်ငြိမ်လေး နေပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို ပို သဘောကျတယ်"
ထိုသူက ကိုးနောင်ရှေ့ မုဆိုးထိုင် ထိုင်ကာ ဆိုသည်။သူ့ ပါးစောင်မှာ တစ်ရာတန်
တုတ်ထိုး ချိုချဉ် ကို ခဲ ထားသည်။
"ကဲ ဦး သွားပြီ . . . ‌တော့တာ "
ကိုးနောင် လက်ထဲ ရောက်လာသော တုတ်ထိုး ချိုချဉ်များ။
"စားကြည့် အရမ်းကောင်းတယ်"
ထိုသူက ကိုးနောင်ကို ခေါင်းပုတ်သွားသည်။
"မ ရေ . . မောင် ပြန်ပြီ နောက် 6လ မှ တွေ့တာပေါ့ မောင် သင်္ဘောတက်ရမယ်"
ထိုသူသည် သင်္ဘောသားတစ်ယောက် ဖြစ်သည်။
ချောသည်။ခန့်သည်။အိမ်ထောင်ရှိ မိန်းမကိုတောင် မရှောင်တဲ့ထိ မြာလည်း ပွေသည်။
ကိုးနောင်ပေါက်စ သည် ထွက်သွားသော
ထိုသူကျောပြင်ကို တစ်ဆုံး ငေးကြည့်မိသည်။တစ်ဖန် သူ့လက်ထဲ တုတ်ထိုးချိုချဉ် ကို ငေးပြန်သည်။
သူ့ ဘဝတွင် သူတစ်ပါးထံမှ လက်ဆောင် ဆို၍ ကျောင်းက အိုဗာတင်းကားကြီး ဆီမှသာ ရဖူး၏။တုတ်ထိုးချိုချဉ် များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူ မစားဘဲ သိမ်းထားခဲ့သည်။ဒါသည် သူ့ကို ပထမဆုံး ဂရုစိုက်ပေးခဲ့သူထံမှ ရခဲ့သည်မို့။
နောက်6လ အကြာ ထိုသူ ပြန်ရောက်လာပြန်သည်။
သူနှင့် အတူ ‌တယောအိုးကြီး တစ်လက်လည်း ပါလာသည်။
သူက ကိုးနောင်ကို ခြံထဲက ဒန်းပေါ် ထိုင် ချစေပြီး
သူ တယောထိုးတာကို ကြည့်ခိုင်းသည်။ညင်သာသိမ်မွေ့သော ဂီတသံသည် ကိုးနောင်ကို ထွေးပွေ့သည်။
"မင်း တယောထိုး သင်ချင်လား"
ကိုးနောင်က အဝေးကို အကြောင်းမဲ့ ငေးကြည့်နေရာမှ ခေါင်းငြိမ့်ပြသည်။သူလည်း တယောထိုးတတ်ချင်သည်။ငြိမ့်ညောင်းသော တယောသံကို နှစ်သက်သည်။အကယ်၍ သူသာ တယောထိုးတတ်ရင် ကျောင်းမှာ အပယ်ခံဘဝက လွတ်များ လွတ်လေမလား။
ထိုသူက တယောကို ပုခုံးပေါ် တင်လိုက်သည်။လည်ကို စောင်းကာ လက်ချောင်းများက ညီညာသေသပ်စွာ တယောကို ထိုးဟန်က ကြည့်ရသူကို ရင်သပ်ရှူမောစေ၏။
"မြနန္ဒာ . . ရေ ညှို့ ညှို့ ရိပ်ကာ သန်းတော့ရယ် ရွှေမန်းတောင်ရိပ် တူတူ ခိုမယ် ပျိုပျိုမေရယ်. . ."
ထိုသူသည် အဆိုလည်း ကောင်း၏။မြူးသော သီချင်းကို ပိုမြူးအောင်၊လွမ်းသော သီချင်းကို ပို လွမ်းအောင် သူ့ ဆိုတတ်သည်။
ထိုသူက တယောကို ကိုးနောင် ပုခုံးပေါ်တင်ပေးသည်။ကိုးနောင် လက်ကို ဆွဲယူကာ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ပထမ အချိုးမကျသော်လည်း နောက်ပိုင်း သိမ်မွေ့စွာ ကိုးနောင် တီးတတ်သွားသည်။စိမ်းညှို့ညှို့ မျက်ဝန်းဝိုင်းဝိုင်းများက နှစ်လိုမှုကြောင့် ပြုံးရိပ်သန်းလာသည်။
"Wowwww . . . မင်းက အတတ် မြန်သားပဲ. . .တော်တယ်"
တော်တယ်. . .။တစ်ဆိတ် သူ့ကို တော်တယ်လို့ ပြောလိုက်တာလား။သူ့ကို ချီးကျူးတာလား။
"မင်းကြီးလာရင် တယော ပညာရှင်ကြီး ဖြစ်လောက်တယ် . . . စင်ပေါ်မှာ မင်းက လှလှပပ တယောထိုး စင်အောက်မှာ မင်း ပရိသတ်တွေ တဖွဲဖွဲ . . . မင်း ပရိတ်သတ်တွေထဲ ဦး လက်ခုပ်သံ က အကျယ်ဆုံး ဖြစ်မှာပဲ. . .ဦး က အဲ့ဒီခါကျ ဒီလို အော်မှာ. . "
ထိုသူက ကိုယ်ကို မတ်လိုက်ကာ လက်ခုပ်အကျယ်ကြီး တီးလိုက်ပြီး "ကိုးနောင် ကိုးနောင် မိုက်တယ်. . . ဦးက အဲ့လို အော်မှာ မင်းရဲ့ အမာခံ ပရိတ်သတ်ပေါ့"
ကိုးနောင်ပေါက်စလေးက အလွန်ပဲ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ဆိုက်ကိုဗီဇ သူ့သွေးထဲ စီးနေစေကာမူ သူ့ကို ချီးကျူးရင် သူ ကျေနပ်သည်။သူဟာ သွားသေးသေးလေးများ ပေါ်သည်ထိ ပြုံးပြလိုက်သည်။
"မင်း ပြုံးရင် အရမ်း ချစ်ဖို့ကောင်းတာကို. . . နောက်ခါ များများပြုံး. . ."
ထိုသူသည် တဖြည်းဖြည်း နောင်ဘုန်းသိုက်နေရာကို ဝင် ယူလာသည်။
နောင်ဘုန်းသိုက် အိမ်ပြန်လာချိန်တွေကို လက်ချိုးရေကာ စောင့်စားတတ်သော ကိုးနောင်လေးသည် ထိုသူ သင်္ဘောဆင်းလာမယ့် အချိန်ရောပါ ရေတွက်လာတတ်ခဲ့သည်။သူက အလိုလိုက်သည်။သူနဲ့ နေရင် သိပ် ပျော်ဖို့ ကောင်းသည်။
ကိုးနောင်လေးသည် မြန်မာစာ မတတ်ခဲ့။သူ ဟာ မြန်မာမြေမှာ မွေးတာ မဟုတ်၍ မြန်မာစာဟာ သူ့တွက် သိပ်ခက်ခဲသည်။အချိန်နည်းနည်း နေထိုင်တာကြာ၍ ကောင်းကောင်းပြောတတ်ဆိုတတ်လာပါစေဦး အရေးအဖတ်ကို သူ မတတ်။စာ‌မေးပွဲဖြေတိုင်း မြန်မာစာကျသော်လည်း မြန်မာနိုင်ငံပညာရေးအရ တစ်နှစ် တစ်တန်းတော့ ပုံမှန်အောင်သည်။
ထိုသူသည် ကိုးနောင်ကို ပထမဆုံး စိတ်ရှည်လက်ရှည် မြန်မာစာ သင်ပေးခဲ့သူ။
"ဇော်က က နေသည် ခါးကော့ထားပါ
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
တော်တော် မောသလား . . .တော်တော်မောသလား"
ထိုသူ သံနေသံထားရွတ်ပြသော အသံက ကိုးနောင်ပေါက်စ နားထဲ တဝဲလည်လည်။
ဒါ့ပြင် ကိုးနောင်က ပြင်သစ်သွေးပါမှန်းသိသောအခါ ထိုသူက ပြင်သစ်စာအုပ်တွေ ဝယ်ချလာပြန်သည်။
"ထင်တော့ထင်ပါတယ် မင်း ရုပ်ကလေးက ကပြားဖြစ်မယ်မှန်း. . .ဦးက ပြင်သစ်စကား တတ်တယ် အများကြီးတော့ မဟုတ်ပေမယ့် ထမင်းစား ရေသောက်ပဲ. . .ဂျပန် English နဲ့ ရှမ်း စကားတော့ အရမ်းကျွမ်းတာ"
"ရှမ်း?"
ကိုးနောင်က မျက်နှာလေးကို မော့ပြီး မေးသည်။အစိမ်းရောင် မျက်ဝန်းများက ရိုးသားဖြူစင်စွာ တည်ရှိသည်။
"ရှမ်း လူမျိုးရဲ့ ဘာသာစကား. . ."
"ဦးက . . .ရှမ်း လား"
"အင်း ဟုတ်တယ် ဦးက ရှမ်း . . .လျှို့ဝှက်ချက်တစ်ခု ပြောရမလား"
ကိုးနောင် မျက်လုံးဝိုင်းဝိုင်းတွေက ဝင်းလဲ့သွားသည်။သူက ထိုသို့ လျှို့ဝှက်ချက်တွေကို သိပ်စပ်စုသည်။
ထိုသူက ကိုးနောင် နား နား ကပ်ကာ
"ဦးက စော်ဘွားမျိုး. . .ဦး အဖေက စော်ဘွားကြီး စော်ဘွားဆိုတာ ဘာလဲ သိတယ်မလား"
ကိုးနောင်က ခေါင်းသေးသေးလုံးလုံးလေးကို ထပ်ခါထပ်ခါ ငြိမ့်ပြသည်။
ထိုသူက ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။
ဒါ့ပြင် သူ မသိတာ ဘာမှ မရှိ။က‌လေးပုံပြင်‌တွေကိုတောင် တစ်ပုဒ်ပြီး တစ်ပုဒ် မရိုးအောင် ပြောပြနိုင်သည်။ကလေးတွေရဲ့ စိတ်ကို ဖမ်းစားနိုင်သည်။
ကိုးနောင်ပေါက်စသည် ထိုသူကို အဖေအရင်းသာ ဖြစ်လိုက်ရင် ဘယ်လောက်တောင် ကောင်းမလဲ လို့ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
ထိုသူသည် ကူရာမဲ့တဲ့ ကိုးနောင်တွက် အလင်းရောင်တစ်ခု ဖြစ်ခဲ့ဖူးသည်။ပထမဆုံးဆိုသော အရာများကို ထိုသူနှင့် အတူ ဖြတ်သန်းခဲ့ဖူးသည်။
ကိုးနောင်ကို ပထမဆုံး ကလျာမွန်လက်က ကယ်တင်ပေးခဲ့သူ။
ကိုးနောင်ကို ပထမဆုံး ပြုံးတတ်အောင် သင်ပေးသူ။
ကိုးနောင် ပထမဆုံး တယောထိုး သင်ပေးခဲ့သူ။
ပထမဆုံး ရက်စက် ယုတ်မာစွာနဲ့ မုဒိန်းကျင့်ခဲ့သူ။
မြွေပွေးလို အပြုံးနှင့်သူသည် ကလေး လေး တစ်ယောက်ကို လှလှပပလေး လှည့်စားသွားသည်။နောက်ကျောကို ဓားနဲ့ ရက်ရက်စက်စက် ထိုးသွားသည်။
ပျက်စီးသွားတာ ကိုးနောင် ခန္ဓာကိုယ်တင်မဟုတ်။
သူ့ရဲ့ ယုံကြည်အားကိုးမှုတွေ၊ကလေး တစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုတွေ၊မျှော်လင့်ချက်တွေ အားလုံး အစိတ်စိတ်အမြွှာမြွှာ။ကိုးနောင်ရဲ့ နှလုံးသားသည် ဗလာကြီး ဖြစ်သွားသည်။အားလုံးကို ပျက်စီးအောင် ဖျက်ဆီးပစ်ချင်သည်။
ထိုသူ သည် ကိုးနောင်ကို ပထမဆုံး ယုတ်မာခဲ့သည်။
ဒုတိယသည် ‌စိတ်ရောဂါကုဆရာဝန် မင်းစည်သူ ဖြစ်သည်။ဒေါက်တာ မင်းစည်သူက ကလျာမွန်ကို ကုပေးနေသော သူ။တစ်ပတ်တစ်ခါအိမ်ကို အမြဲတမ်းလာ၏။ဒေါက်တာမင်းစည်သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် မကောင်းမှုဟူသမျှ မလုပ်ဟု ထိန်းချူပ်ထားသော တည်ကြည်ဖြောင့်မတ်သူ ဖြစ်သည်။သို့သော် လူပေါင်းမှားတော့ သူလည်း ခွေးသာ ဖြစ်လေသည်။
တတိယတစ်ယောက်သည်ကား ထူးခြားသော ဝိသေသလက္ခဏာဟူ၍ သူ့လက်ဖျံတစ်လျှောက် ထိုးထားသော အနက်ရောင် နဂါးတက်တူးတစ်ခု။ဂျပန်တစ်ယောက် ဖြစ်သည်။ယာကူဇာတစ်ယောက်ဖြစ်သည်။ယာကူဇာ မဖြစ်ခင် သင်္ဘောလိုက်ဖူးသည်။ထပ်ပြီး တိကျစွာဆိုရင် နဂါးနက်ဂိုဏ်းချုပ် မာခိရှို၏ သားကြီး ကိုမိုချိတာဝါရှို ဖြစ်သည်။
နောက်ဆုံးတစ်ယောက်သည် ကိုးနောင် ပထမဆုံး ရက်စက်စွာ သတ်ခဲ့သည့် ဝဏ္ဏမောင် ဖြစ်လေသည်။
အသက် 11နှစ် ဆေးရုံကုတင်ပေါ်မှာ သူ မစားနိုင် မအိပ်နိုင် ရူးသွပ်သွားသလို ဖြစ်ခဲ့သည်။ထိုင်လို့မရ ပက်လက်လှဲအိပ်လို့မရ ဝေဒနာသည် 11နှစ် အရွယ် ကလေးနှင့်မမျှ။နောင်ဘုန်းသိုက်က ဆေးရုံအပြင်ခုံမှာ ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသည်။
တစ်စုံတစ်ယောက် နောင်ဘုန်းသိုက်ဆီ လှမ်းလာပြီး စာရွက်တစ်ရွက် ပေးလိုက်ကြောင်း ကိုးနောင် မြင်ရ၏။အမှုကို တရားမစွဲပါရန် ကျေအေးစာ ဖြစ်သည်။
နောင်ဘုန်းသိုက်က ခေါင်းငိုက်စိုက်နဲ့ လက်မှတ်ထိုးပေးလိုက်သည်။ကိုးနောင် ရင်ထဲ ဒေါသမီးတွေ လောင်မြိုက်လာသည်။အခန်းထဲ လူသေကောင်လို ဝင်လာတဲ့
နောင်ဘုန်းသိုက်ကို ကော်ဖီခွက်နဲ့ ပစ်ပေါက်လိုက်သည်။ခွမ်းကနဲ မြည်သံ ကျယ်လောင်စွာ။လွင့်စင်လာတဲ့ ကော်ဖီရည်တွေ။
"သတ်ပေး . . . သတ်ပေးလို့ အဲ့ကောင်တွေ အကုန်လုံးကို သတ်ပေးလို့ . . . အဖေ အဖေ !!"
နောင်ဘုန်းသိုက် က ခေါင်းရမ်းပြသည်။ရန်သူသည် သူတို့ထက် အဆပေါင်းများစွာ အင်အားကြီးသည်။ကုတင်ပေါ်မှာ လူးလွန့်နေတဲ့ ကိုးနောင်ကို ဆွဲ‌ဖက်လိုက်ပြီး
"ဖေဖေ တောင်းပန်ပါတယ် တောင်းပန်ပါတယ်. . ."
"အား . . . အဖေ့ကို မုန်းတယ်. . . ဖယ် . . .ငါ့မှာ မင်းလို အဖေ မရှိဘူး. . ."
ဉာဏ်ကိုးနောင် က အရူးတစ်ယောက်လို အော်ဟစ်နေသည်။ခြေထောက်တွေ ယမ်းခါနေတာကြောင့် တင်ပါးက ဒဏ်ရာက စုတ်ဖြဲသလို ဖြစ်ကာ သွေးတွေ စီးကျလာသည်။
ဆရာဝန် တွေ အများကြီး ပြေးလာတာ မြင်ရသည်။ကိုးနောင် ကို ဝိုင်းချုပ်ကြပြီး ‌ဘာလုပ်လိုက်လဲ မသိ။ကိုးနောင်က ငြိမ်ကျသွားသည်။သို့သော် နှုတ်က စာတစ်ကြောင်း ကိုပဲ ထပ်လဲလဲ ပြောနေသည်။
"ငါကိုယ်တိုင် သူတို့ အကုန်လုံးကို သတ်မယ် . . .သတ်ပစ်မှာ  "
ဉာဏ်ကိုးနောင်သည် လက်ကောက်ဝတ်ပေါ် ဓားတင်ကာ သတ်သေရန် အကြိမ်ပေါင်းများစွာ ကြံစည်ခဲ့သော်လည်း သူတို့လေးယောက်ကြောင့် အားတင်းခဲ့သည်။သူတို့ ကို ပြန်မသတ်ဘဲ သူ မသေရ။
သုံးယောက်ကို သူ သတ်နိုင်ခဲ့သည်။ထိုသူကို ကိုးနောင် မြေလှန်ရှာတောင် မတွေ့ခဲ့။
သူတို့ သားအဖ၏ ဂယက်ကို အပြင်မှ လူတစ်ယောက်က ပြုံးကာ ကြည့်နေခဲ့သည်။
ထိုသူတွင် ပိရိသေသပ်သော နှုတ်ခမ်း ရှိသည်။ထိုနှုတ်ခမ်းသည် စီးကရက်သောက်တာ များ၍ ခပ်ညိုညို။
အရပ်မြင့်ပြီး အသားဖြူသည်။ချောသည်။ခန့်သည်။ရှမ်း စော်ဘွားမျိုးတစ်ယောက်ဖြစ်ကာ ဂုဏ်သရေကြီးမြတ်သည်။ချမ်းသာကြွယ်ဝသည်။
သို့သော် သူသည် pedophile။
ထိုသူ နာမည်ကား  စဝ်. . . . ။
[A/N pedophile = ကလေးငယ်တွေအပေါ် လိင်စိတ်ရှိသူ
အပိုင်း 14မှာပါတဲ့ ခမ်းနော့ဝ်က ကိုးနောင် အလုပ်ခန်းထဲ ဝင်မွှေရှာတုံးက စာအုပ်တစ်အုပ်တွေ့ခဲ့ပါတယ် အဲ့စာအုပ်မှာ အဲ့လူ ပုံ ပါ ပါတယ် ဒါမဲ့ ဖြဲထားတာလေ. . . ပုံရဲ့ အောက်ခြေမှာ Saiလို့ လက်မှတ်ထိုးထားပါကြောင်း ကိုယ် ရေးထားပါတယ် ၊ အမှန်က အဲ့လက်မှတ်က Sao (စဝ်)လို့  ထိုးထားတာပါ. . .ဖတ်တဲ့ ခမ်းနော့ဝ်က Saiလို့ မှားဖတ်တာပါ . . .
ခမ်းနော့ဝ်က အမြဲတမ်း လျှပ်ပြာ လျှပ်ပြာ လုပ်တတ်ပါတယ်
မမှတ်မိ 14ကို ပြန် ဒိုး ပါ ]
++++
"ရှင်မော် "
"ဘာလဲ"
မာန်သွေးရောင်က ထမင်းခူးနေရာမှ ခေါ်လိုက်သည်။
"ကိုခမ်းနော့ဝ် အဖေ က ဝန်ကြီးချုပ်မလား"
"မသိဘူးလေ ဟုတ်ချင် ဟုတ်မှာပေါ့ ဘာလို့လဲ"
"ဘာမှ တော့မဟုတ်ပါဘူး . . . မောင့် ဝတ္ထု စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ချင်လို့ ကိုခမ်းနော့ဝ် အစ်ကိုခမ်းသော့ဝ်က ကမ်းလှမ်းထားတာ"
"Wow တကယ်လား. . .အောင်မြင်နေတာ မထင်ထားဘူး မင်းဝတ္ထုကို ပြန်ရိုက်တဲ့ ကောင်က ရှိသေးတယ်"
မာန်သွေးရောင် က မျက်မှောင်ကုတ်လိုက်သည်။
" . . ."
"စတာပါကွာ မင်းကလည်း. . . အဲ့တာနဲ့ ဝန်ကြီးချုပ် ကိစ္စက ဘာဆိုင်လို့လဲ"
မင်းရှင်မော်က အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။တစ်ဆက်တည်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
မင်းရှင်မော်သည် ရွှေဘုံစံဘုရင်ဘဝမှ ထီးနန်းစွန့်လာတာမို့ အိမ်မှုကိစ္စ ဘာဆို ဘာမှ မလုပ်ပေ။လုပ်လည်း မလုပ်တတ်။ငါးကို ဆပ်ပြာနဲ့ ဆေးပြီး ထမင်းကို ရေမထည့်ဘဲ ချက်သည့် သူ။
သူ လုပ်တတ်တာဆို ဟိုသွားလိုက် ဒီသွားလိုက် လက်လျား လက်လျားပဲ လုပ်တတ်သည်။
"ဒီတိုင်း တွေးမိရင်း သတိရသွားလို့ . . . ပြီး ကိုခမ်းသော့ဝ်က မောင့်ကို တောင်ကြီးလာဖို့ ဖိတ်ထားသေးတယ် ရှင်မော်အားရင် မိသားစုလိုက် ရှမ်းပြည်တက်ရအောင်"
မာန်သွေးရောင်က လက်ဆေးရေ ကမ်းလိုက်သည်။
မင်းရှင်မော်က လက်ဆေးပြီး ခါပစ်လိုက်သည်။
"အာ ရှင်မော် လက်သုတ်ပုဝါနဲ့ သုတ်လေ ခါပစ်ရင် ဘေးကို စင်တယ် . . . မောင် ဘယ်နှခါ ပြောပြော နားမထောင်ဘူး"
မင်းရှင်မော် ရေခါလိုက်ရင် ရေက ကြမ်းပေါ်ကျသည်။မာန်သွေးရောင် ပဲ ပြန် ပြန် သုတ်ရသည်။
"ဘာလဲ ရေလေးခါတာ ကမ္ဘာပျက်သွားတာ ကျလို့"
"ဟာဗျာ မခါနဲ့ဆို မခါနဲ့. . ."
"ကျစ် . . . ဒါလေး ခါ တာ ဘာဖြစ်လဲကွာ"
"ပေတယ်လို့ . . . ကြီးမြတ်လှတဲ့ မင်းရှင်မော်က ဒါလေးတောင် မသိဘူးလား"
မာန်သွေးရောင်က မျက်ခုံးတစ်ဖက်ကို ခပ်ဆဆ ပင့်ကာ အနည်းငယ် လေသံမာမာ ပြောစဉ် မင်းရှင်မော် က ဟက်ကနဲ ရယ်သည်။
"မင်းကို ငါ့ကို လာ ခနဲ့ နေတာလား . . . တော်ပြီ မစားဘူးကွာ "
မင်းရှင်မော်က ပန်းကန်ကို တွန်းလိုက်ကာ ထမင်းဝိုင်းကနေ ထသွားသည်။
နောက်နေ့ မနက် ရှင်မာန် အိပ်ရာ နိုးလာသောအခါ ဘယ်သူမှ မတွေ့။တစီစီ တညံညံ သူ့အဖေ အသံတွေ မကြား။ညနေကျရင် ကထိန်ပွဲအတွက် စစ်ကိုင်းသွားတော့မှာမို့လို့ အထုပ်အပိုးများက စီရရီ။ထမင်းစားပွဲပေါ် အမဲသားကြော်တစ်ခွက်သာ တွေ့သည်။
ရှင်မာန် စိတ်ညစ်သွားသည်။
"ကိုကိုတို့ အိမ်တော့ မခြေအနေမကောင်းဘူး ဖလားဝါးရယ် . . . မြောက်နဲ့ တောင် စစ်ဖြစ်နေပြီ"
"ဝုတ် ဝုတ်"
မင်းရှင်မော်သည် အမဲသား ဘယ်တော့မှ မစားပေ။ယောင်ယမ်းကာ စားမိရင်တောင် ချက်ချင်းထွေးကာ အန်ပစ်သည်။ထို့ကြောင့် မင်းရှင်မော် နှင့် မာန်သွေးရောင် စစ်ဖြစ်လျှင် မာန်သွေးရောင်သည် အမဲသားချက် ပြီး ခွက်ကို ထမင်းစားပွဲပေါ် ပြူးပြူးကြီး မမြင် မြင်အောင် တင်ထားတတ်သည်။
ဆန့်ကျင်စွာနှင့် စားပွဲပေါ် ပုဇွန် ငါးပေါင်း ငါးချက် ငါးကြော် ငါးကင် ငါးခြောက် ငါးပိ ပင်လယ်စာ
စသည့်  ရေအောက်က အရာများနှင့် ပြည့်နှက်နေလျှင်တော့ သူတို့ နှစ်ယောက် အင်မတန် ချစ်ကြည်နူး တစ်တီတူးတဲ့နေ့ ဖြစ်သည်။မင်းရှင်မော်က
အဲ့တာတွေ တအား ကြိုက်လေ၏။
အင်မတိ အင်မတန်မှ ချစ်ကြည်နူး ချစ်စိတ်မွှန်နေတဲ့နေ့ ဆိုရင်တော့ မာန်သွေးရောင်ကိုယ်တိုင် မြစ်ချောင်းထဲ ငါးဆင်းဖမ်းကာ ချက်ကျွေးတတ်သည်။သို့သော် ဤသည်မှာ အလွန်ကို ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး။
မင်းရှင်မော်က အိမ်အပေါ်ကနေ ဆင်းလာလေသည်။
စားပွဲပေါ်က အမဲသားဟင်းခွက်ကို မြင်စဉ် နှုတ်ခမ်းမဲ့လိုက်သည်။မျက်လုံးကို ဝေ့ကာ ရှာလိုက်စဉ် ဆင်စွယ်ရောင် ဆံပင်ကောက်ကောက်နဲ့
ငနဲကို မတွေ့။
"ရှင်မာန် ဟိုတစ်ယောက်ကော"
"အမ်"
"ကျစ် မင့် အဖေကို ပြောတာ"
ရှင်မာန်က နှုတ်ခမ်းစူလိုက်ပြီး
"သိဘူးလေ ခြံထဲ ဆင်းထိုင်နေတာ နေမှာပေါ့"
ရှင်မာန် အဆို မှန်၏။ခြံထဲက တမာပင်အောက်တွင် ဆောင့်ကြောင့်ထိုင်ကာ မီးလှုံနေသော မာန်သွေးရောင်ကို တွေ့ရသည်။သိုး‌မွှေးဦးထုပ်ကို နားဖုံးတဲ့ထိ စွပ်ကာ လက်အိတ်စွပ်ထားတဲ့ လက်နှစ်ဖက် ကို စုလျက် မျက်လုံးကို မှိတ်ထားသည်။ဦးထုပ်အောက်က ဆင်စွယ်ရောင် ဆံပင်လိမ်လိမ်များက ကပိုကရို တည်ရှိ၏။
မာန်သွေးရောင် နဲ့ ပက်သတ်၍ ထူးခြားသော ဝိသေသ သုံးခု ရှိ၏။ပထမ သူ့ဆံပင်သည် မွေးရာပါ ဆင်စွယ်ရောင် ဖြစ်ပြီး လိမ်ကောက်နေသည်။သို့သော်
ဘိုဖြူနဲ့တူတယ် ဆိုပြီး ထိုဆံပင်ကို အမြဲ အနက်ပြောင်းဆိုးတတ်သည်။ခဏပဲ ခံ၏။ဆင်စွယ်ရောင် ပြန် ဖြစ်သွားပြန်သည်။
ဒုတိယက အလိုလိုနေတောင် ပြုံးယောင်သန်းသော ပန်ုးနုရောင် နှုတ်ခမ်းများ။သိပ်လှသည်။အပြောချိုသလို အပြုံးလည်း ချို၏။
တတိယက ဟင်းချက်ကောင်းသည်။ဒီအချက်ကြောင့် မင်းရှင်မော်မှာ မာန်သွေးရောင်မှ မာန်သွေးရောင် ဖြစ်သွားသည်။မာန်သွေးရောင် လက်ရာမှ မဟုတ်ရင် ထမင်းကို မြိုမကျ။
ခြံထဲမှာ စူပုတ်ပုတ်နဲ့ ထိုင်နေသော မာန်သွေးရောင်ကို ကြည့်ခြင်းအားဖြင့် နံနက်စာ မစားရသေးမှန်း သိသာ၏။
မင်းရှင်မော်သည် မီးဖိုချောင်ထဲ မွှေလိုက်သောအခါ ထမင်းကြော်ပူပူတွေ တွေ့သည်။ထမင်းကြော်ကို ပန်းကန်ထဲ ခူးခပ်ပြီးနောက် စားပွဲပေါ်က ရွဲ့ကြော်ထားတဲ့ အမဲသားကို တင်ပေးလိုက်သည်။
"ရှင်မာန် ဒါ ဟိုခွေးကို သွားကျွေးချည်"
"အာ ဒယ်ဒီကလည်း ဖလားဝါးက အမဲသားမှ မစားတာ . . ."
"ဟ့ ငါပြောတာ မင်းခွေးကို ပြောတာ မဟုတ်ဘူး တမာပင်အောင် ထိုင်နေတဲ့ ငါ့ခွေးကို ပြောတာ . . . ငါ့ရဲ့ ဆင်စွယ်ရောင်ပါပီလေးကို နံနက်စာ ထမင်းသွားကျွေးလိုက်ဦး"
ရှင်မာန်က ရှုံတွသွားသော မျက်နှာနှင့်
ဆက်ကော့လက်ကော့ အိမ်ပေါ်က ဆင်းလာကာ မာန်သွေးရောင်ကို ထမင်းကြော် သွားပေးသည်။
"သုံးဆယ့်တစ်ဘုံလုံးမှာ သူ့ယောက်ျားပဲ ဗိုက်ပါတာကျလို့ . . ငါလည်း နံနက်စာ မစားရသေးပါဘူး . . .ဖလားဝါးရယ် အတွဲတွေများ ကောင်းကို မကောင်းဘူး"
ရှင်မာန်က တိုးတိုးတိတ်တိတ် ရွေရွတ်လိုက်စဉ် ဟက်စကီမမက ရှင်မာန်နောက် တကောက်ကောက်လိုက်လာသည်။
မာန်သွေးရောင် က ထမင်းစားနေသည်။မီးရှိန်ဟပ်နေ၍ နုထွေးသော မျက်နှာ‌သွယ်သွယ်က ဆောင်းမြူအောက်ဝယ် နီစွေးစွာ။တစ်ချက် တစ်ချက် မင်းရှင်မော်ကို မသိမသာ လှမ်းကြည့်သေးသည်။ပြီး နှစ်ယောက်လုံး ဟွန့်ကနဲ မျက်နှာလွှဲလိုက်ကြသည်။
ဘယ်လို ယောက်ျားကို လင်တော်မိသည်မသိ။လက်ပေါက်ကပ်ကာ ပြောရဆိုရ ခက်သည်။
"ရှင်မာန်"
"ပြောပါ"
"အဲ့ခွေးကောင်ကို ပြောလိုက် . . . မဝသေးရင် အိမ်ထဲ လာစားလို့ "
"ဒယ်ဒီ ပြောပါလား"
"ဟာကွာ ငါ အဲ့ခွေးကောင်နဲ့ စကားမပြောချင်ဘူး ပြောလိုက် မုန့်ဖိုး ပေးမယ်"
မာန်သွေးရောင် က အိမ်ထဲ ဝင်လာကာ မင်းရှင်မော်ကို ပေစောင်းစောင်းကြည့်သည်။ပြီး ကြည့်ရင်းပင် အနားတိုးလာကာ ရုတ်ချည်း မင်းရှင်မော်နှုတ်ခမ်းကို မွတ်သပ်စွာ နမ်းသည်။
မင်းရှင်မော်က မာန်သွေးရောင်ကို တွန်းလိုက်သည်။
"ကိုယ့်ကို စိတ်ကောက်နေတာဆို"
နှစ်ကိုယ်ကြား ရုံ ပြောကာ တစ်ဆက်တည်း ပိုမို ပူးကပ်သွားအောင် ခါးကို ဆွဲဖက်လိုက်သည်။
"ရန်မဖြစ်ဘဲ နေရအောင်နော် ကိုယ့်ကောက်ကောက်လေး "
"မောင့်ကို ကောက်ကောက်လို့ မခေါ်ပါနဲ့ဆိုဗျာ"
မာန်သွေးရောင်သည် နွဲ့ဆိုး မဟားတရားဆိုးတတ်သော အကျင့်ရှိ၍ မင်းရှင်မော်က ဆရာကြီး မတရား လုပ်တတ်သည်။ဤတွင် သူတို့နှစ်ယောက် သတ်ကြတော့သည်။သို့သော် ရန်ဖြစ်တဲ့ အတွဲ ပိုမြဲ သလား မသိ။
ရှင်မာန်က ဖလားဝါးမျက်လုံးကို လက်နဲ့ ကာလိုက်သည်။
"ကလေး‌တွေ မကြည့်နဲ့"
++++
"ကိုးနောင် "
"ကိုးနောင်"
"ကိုးနောင် !! "
"ဖေ ိုး မ ဉာဏ်ကိုးနောင် . . . ချီးပါနေတာ ဒီတစ်သက်ပြီးဦးမလား ဘယ်လေးအသေင်္ချကတည်းက အောင့်ထားတာလဲ မသိ"
"ခဏ . . .အာ့"
"သွားခါနီး လာခါနီးဆို ချီး ပါချင်ရတာနဲ့ ဗိုက်ဆာနေရတာနဲ့ တစ်နေ့ တစ်နေ့ မင်းစောက်လုပ်တွေ ချည်းပဲ. . "
ခမ်းနော့ဝ် အသံက နဂိုတည်းက ကျယ်လေရာ အော်သောအခါ တစ်အိမ်လုံး ဟိန်းလေသည်။
"ဟူး ချီးပါချင်တာ ကိုယ် အပြစ်မှ မဟုတ်တာ. . . ဟ့ရှ်. . ."
"တော် မြန်မြန် ပါကွာ စိတ်မရှည်တော့ဘူး ထပ်ကြာရင် အဲ့တစ်နေတဲ့ အီးကို ငါ လာဆွဲထုတ်မယ်"
ခမ်းနော့ဝ်က အိမ်သာရှေ့မှာ အော်ဟစ်နေရင်း ‌ရုတ်တရက် အခန်းရှေ့မှာ အရိပ်သေးသေးလေး တစ်ခုကို မြင်လိုက်သည်။
"ကိုးနွယ်! အဲ့တာ ဘာလုပ်နေတာလဲ. . ."
ကိုးနွယ် ကိုယ်လေး ဆတ်ကနဲ တုန်သွားသည်။ခမ်းနော့ဝ်ကို မျက်လုံးပြူးဝိုင်းဝိုင်းများနှင့် လှမ်းမျှော်ကြည့်သည်။အမယ် သူ လန့် သွားပါတယ်ပေါ့။
"ဦးထုပ် ရှာနေတာ"
"အဲ့ဒါကြောင့် ငါ မင်းတို့ကို ပြောပါတယ် . . . ‌မနေ့ကတည်းက လုပ်စရာရှိတာ ရှာစရာရှိတာ အကုန်ရှာထား အသင့်လုပ်ထားလို့ . . .သွားခါနီး လာခါနီးမှ ဟိုရှာ ဒီရှာ ၊ ဟိုပါချင် ဒီပါချင် မလုပ်နဲ့လို့ . . . အဖေကော သားကော နှစ်ယောက်လုံး ရိုက်ချင်စရာတွေ. . ."
ခမ်းနော့ဝ်က မျက်မှန်ကို လက်ခလယ်နဲ့ ပင့်ကာ စက်သေနတ်ပစ်သလို ဆူတော့သည်။
"ဦးထုပ်က သူ့ဘာသာသူ ပျောက်သွားတာ . . . သား သိဝူး သိဝူး. . ."
"အနွယ် ! နင့်မောင် ဦးထုပ်ကို ရှာပေးလိုက်! ကိုးနွယ် ဘယ်ဦးထုပ်ကို ရှာနေတာလဲ. . ."
ကိုးနွယ်က ခပ်တိုးတိုးလေးနှင့်
"ခရစ္စမတ် ဦးထုပ်. . ."
"အာ . . . အဲ့ခရစ္စမတ်ဦးထုပ်ကြီးလား . . .အဲ့တာကြီးက ပေပွစုတ်ပြတ်နေတာ အပြင်သွားမဲ့ဟာကို အခြားကောင်းပြီး လှတဲ့ ဦးထုပ်ပြောင်းယူခဲ့"
ကိုးနွယ်က တစ်ခုဆို တစ်ခု စွဲစွဲမြဲမြဲ သဘောကျတတ်သည်။တစ်နည်းအားဖြင့်အစွဲအလမ်းကြီးသည်။ကိုးနောင် ရိုက်လိုက်၍ ကျိုးသွားသော သူ တပ်နေကျ မျက်မှန်မည်း သေးသေးလေး ကွယ်လွန်အနိစ္စရောက်ပြီးသည့်နောက် ခမ်းနော့ဝ် ဆေးရုံနားက
လေဘေးဆိုင်ထဲက တိုး ဝယ်လာသော ခရစ္စမတ်ဦးထုပ်ကြီးက သူ့ရဲ့ မဟေသီလေး ဖြစ်လာ၏။
"ရဝူး ယူမှာပဲ သားက အဲ့တာပဲ ကြိုက်တာ. . . အဲ့ဦးထုပ်က ဟော့ဝပ်ကျောင်းကနေ လက်ဆောင်ရထားတာ. . .မှော်သင်္ကေတ . . . ဟယ်ရီပေါ်တာနဲ့ သားဆီမှာပဲ ဒီလို ဦးထုပ်မျိုးရှိတာ ကျန်တဲ့သူ ဘယ်သူ့ဆီမှာမှ မရှိဘူး"
ခမ်းနော့ဝ်က စိတ်လေဟန် သက်ပြင်းချလိုက်သည်။
"ငါ စိတ်ဆင်းရဲတဲ့ ထဲမှာ အဲ့တာတွေ ပါတယ် . . . ကိုးနွယ်ကို ဟယ်ရီပေါ်တာကား ဘယ်သူပြလိုက်တာလဲ"
"ဖေကြီး . . . ပြတာ"
ဟယ်ရီပေါ်တာကို စ ဆုံး မရပ်မနား ဆက်တိုက်ကြည့်လိုက်ကတည်းက ခမ်းနော့ဝ်ရဲ့ ချစ်လှစွာသောသားလေး မှော်ရူး ရူးသွားရှာသည်။တံမြက်စည်းကို ခွစီးပြီး ဒုတိယထပ်ပေါ်က ခုန်ချရာ အောက်မှ ကိုးနောင်က မြင်၍ စွေ့ကနဲ ဖမ်းမိလို့ တော်သေးသည်။ပြီး တုတ်တစ်ချောင်းနဲ့ ဟို ယမ်း သည်ယမ်း၊ပါးစပ်က လူနားမလည်တာတွေ ပြော။
မနိုင် မနိုင်။ဒီသားကို သူ မနိုင်။သူ့ ဖေကြီးပဲ နိုင်သည်။ခမ်းနော့ဝ်မှာ အသံဝင်မတတ် ဆူလိုက် ငေါက်လိုက်ရတာ ဒင်းတို့က ဟီလာတိုက်မပျက်။
ဒေါ်နန်းနွယ်က ပြောသေးသည်။
"ဖေ ဆူနေတာ ချစ်စရာလေး" တဲ့။
ကိုးနောင်ကျ မျက်မှောင်ကုတ်လိုက်တာနဲ့ မောင်နှမ နှစ်ယောက်လုံး အလံဖြူပြပြီးသား။
ဝမ်းသာတယ်။
"ကိုးကိုး နင့် ဘောင်းဘီ အိတ်ကပ်ကို နှိုက်လိုက်"
ကိုးနွယ် က ဘောင်းဘီ အိတ်ကပ်ကို နှိုက်လိုက်ရာ ရှာနေတဲ့ ဦးထုပ်ကြီး ထွက်လာသည်။
"ကိုယ့်သာဘာ ထည့်ပြီး ကိုယ့်ဘာသာပဲ မေ့"
ထိုစဉ် ကိုးနောင်က အိမ်သာ တံခါးဝကနေ ခေါင်းလေးပြူထွက်လာ၏။
"ဟိုလေ ကိုယ် ကိုယ် . . ."
"ဘာတုံး မြန်မြန်ပြောစမ်း "
"ကိုယ့်ချီးကလေ တစ်နေတာ. . . ခမ်းနော့ဝ် ပဲ ခဏက ဆွဲထုတ်ပေးမယ်ဆို လာခဲ့ ထုတ်ပေး. . ."
"ဉာဏ်ကိုးနောင် ! ! ! "
စိုင်းဆိုင်ခမ်းနော့ဝ် စိတ်တိုလွန်းလို့ အငွေ့ပျံသွားချင်မိသည်။ဒီယောက်ျားကို ဘယ်လို လုပ်ရပါ့။သွားခါနီး လာခါနီးဆို အမြဲ ပြဿနာရှာသည်။
"ပါမရရင် ဖင်ထဲညှစ်ထား စစ်ကိုင်းရောက်မှ ပြန် ပါ. . . အိမ်သာထဲက ထွက်ခဲ့တော့"
ထိုသို့ ဂယက်တစ်သိန်းတစ်သောင်းတစ်ထောင်ဖြတ်ကျော်ပြီးကာမှ ကားပေါ်တက်လာနိုင်ခဲ့သည်။
"ကိုးနောင် ငါတို့ အထုပ် နှစ်ထုပ်"
"ပါတယ်"
"ကလေးတွေ အထုပ် နှစ်ထုပ် "
"ပါတယ်"
"အိမ်တတိယထပ် သော့‌ခတ် မခတ်"
"ခတ်"
"ဒုတိယထပ် အခန်းအကုန် သော့ခတ် မခတ်"
"ခတ်"
"အောက်ဆုံးထပ်ကော"
"လုပ်ပြီးပြီ ပြီးပြီ ကိုယ် အကုန် လုပ်ပြီးပြီ "
ဉာဏ်ကိုးနောင်သည် အလွန်စေ့စပ်သေချာသောသူ ဖြစ်၏။သူ ဘယ်လောက်စေ့စပ်သလဲဆို Lotus killer ကို ဘယ်ရဲမှ မဖမ်းနိုင်ခဲ့တာ သက်သေပင်။
တတိယထပ်က လျှို့ဝှက်အလောင်းခန်းကြီးသည် ရေခဲတိုက်မှာ ထားတဲ့ အပူချိန် လိုအပ်သည်။ထိုကြောင့် ကိုးနောင်သည် အပြင်သို့ ညအိပ်ခရီး ဘယ်တော့မှ မသွားပေ။သို့သော် သူ့ဒေါက်တာက သွားချင်သပ ဆိုတော့လည်း ကိုးနောင်က အခန်းထဲက အရှုပ်ထုပ်တွေ အကုန် ရှင်းရသည်။အလောင်းတွေ အကုန် အစဖျောက်ရသည်။
တတိယ ထပ် က လျှို့ဝှက်ခန်းသည် ကိုးနောင် ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ ဖြစ်သည်။
သူ့အခန်း အကြောင်းပြောရမည်ဆိုလျှင် ပထမဦးစွာ ဘာမှ မရှိသော လေးထောင့်
သဏ္ဍန် ဗြောင်ဟင်းလင်းပြင် ဟောခန်းမ တစ်ခုကို မျက်လုံးထဲ ဦးစွာ မြင်ယောင်ပါလေ။ပြီးလျှင် ထိုလေးထောင့်အခန်းကြီး အပြည့်လုနီးပါး စက်ဝိုင်းတစ်ခုကို မြင်လိုက်ပါလေ။ထိုစက်ဝိုင်းထဲမှာ အခန်းတွေ ဖွဲ့တာ ဖြစ်သည်။အခန်းတွေကို ဝင်္ကပါ ပုံစံ ဖွဲ့ထားပြီး စုစုပေါင်း 6ခန်းရှိသည်။
A/N နားမလည်မှာစိုးလို့ ပုံဆွဲပြတာ
ကိုယ်တွင်း အင်္ဂါတွေကို ဆေးစိမ်ပြီး ထားတဲ့ အခန်းက တစ်ခန်း။
သိမ်းထားတာ ဘာမှ တော့မဟုတ်။မျက်လုံးထဲ လှတယ်ထင်ရင် ဆေးစိမ်ပြီး သိမ်းထားသည်။
အလောင်းတွေကို သိမ်းထားတဲ့ အခန်းက တစ်ခန်း။အခန်းအပူချိန်က အနုတ်အောက် ရောက်သည်။ပြီး အဲ့အလောင်းတွေကို ကလေးဆော့သလို အစိတ်စိတ် အမြွှာမြွှာ နွှာထားသည်။
တစ်ခန်းက လက်နက်ခန်း။ထိုအခန်းထဲ ကိုးနောင် တရားမဝင် မှောင်ခိုဝယ်ထားတဲ့ လက်နက်တွေ ထား ထားသည်။‌သေနတ်ကစ နောက်ဆုံး ဓားပေါက်စလေးထိ။မင်းစည်သူ ရဲ့ ခေါင်းပြတ်ကြီးကိုလည်း ရေရှည်ခံအောင် ဆေးစိမ် ပလစ်စတစ်လောင်းပြီး နံရံပေါ်မှာ အသေကပ်ထားသည်။
ကိုးနောင် စိတ်မထင်တိုင်း ခေါင်းပြတ်အောက်မှာ အခြား ခေါင်းမပါတဲ့ dead body တစ်ခုကို ချိတ်စိုက်ထားပြီး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသည်။
သူ ရက်စက်မှန်းသိသည်။သို့သော် သူ မရပ်တန့်နိုင်။ထိုdead body အပိုင်းပိုင်း စုတ်ပြတ်သွားသည့်ခါ နောက်ထပ် dead body ကို မင်းစည်သူ ခေါင်းပြတ်ကြီးနဲ့ တေ့ကာ ချိတ်စိုက်လိုက်ပြန်သည်။ဒီနည်းနဲ့ သူ ပူလောင်သမျှ ဖြေဖျောက်ခဲ့တာ နန်းနွယ် တစ်သက်ပင် ရှိတော့မည်။
အခန်းအားလုံး ရဲ့ အလယ်က ထိန်းချုပ်ခန်း ဖြစ်သည်။လျှို့ဝှက်ခန်းသာမက တစ်အိမ်လုံး CCTV တွေ အကုန်တပ်ထားသည်။
နောက်တစ်ခန်းက အလောင်းဖျောက်ခန်း၊နောက်တစ်ခန်းက စမ်းသပ် တီထွင်ခန်း။ထိုအခန်းက အန္တရာယ် များပါသည်။
ရုတ်တရက် သူစိမ်းတစ်ယောက်က သူ့အခန်းထဲ ဝင်လာတယ်ဆို အခန်းရဲ့အရေအတွက် အတိအကျ ခန့်မှန်းနိုင်မည်မဟုတ်သလို မျက်စိလည်နိုင်သည်။ဝင်လာလျှင်လည်း အသက်ရှင်လျက် ပြန်ထွက်နိုင်မည် မဟုတ်။သူ့ထဲ လုံခြုံရေး system အပြည့်အဝ ကာကွယ်‌ပေးထားသည်။
သို့သော် ထိုအရာ အားလုံးသည် သူ့ တစ်ယောက်တည်း လျှို့ဝှက်စွာ ပိပိရိရိ ထိန်းချုပ်နိုင်‌စေကာမူ မီတာခ နဲ့ သိပ် မသက်သာ။ဒီကြားထဲ မီးက ပျက်သေးသည်။EPCနဲ့ ဉာဏ်ကိုးနောင်နဲ့ မတည့်။
တစ်လ တစ်လ မီတာဆောင်ရရင် သိန်း ရာချီ။တစ်ခါတစ်ရံ ‌ငွေက ထောင်ပိုင်း သွားသည်။
ကိစ္စမရှိ။ကိုးနောင်က အထွက် နဲ့ အဝင် မျှအောင် ရှာတတ်သည်။
ကိုးနောင် ဘယ်လောက် ပိုက်ဆံ ချမ်းသာမှန်း ခမ်းနော့ဝ်ပင် မသိ။ညားခါစကာဆို ခမ်းနော့ဝ်သည် သူ့လစာတွေ ကိုးနောင်ကို အကုန်ပေးတတ်သည်။ကိုးနောင် မယူ၍ ခုတော့ သူ ဘာသာသူပဲ သုံးသည်။ဒါတောင် ကိုးနောင်တွက် အင်္ကျီဝယ်ပေးရတာ၊မုန့်ဝယ်ကျွေးရတာ၊ဗရုတ်သုတ်ခ sex toysတွေ အင်္ကျီတွေ ကြိုးတွေ ကိုးနောင်ကို ဝယ်ပေးရတာ (ကိုးနောင် မလိုချင်လည်း) နဲ့ သူ့မှာ မလောက်ရှာ။
sex toy ၊ ပရမ်းပတာ မျက်စိ ရှက်ဖွယ် အင်္ကျီတွေ ခမ်းနော့ဝ် က ကြိုက်ရင် ဝယ်လာသည်။ပေါ်တင်ကြီး ဝယ်တာ ဖြစ်သည်။ပြီးရင် သူ မသုံး။ကိုးနောင် ကို လာ သုံးခိုင်းသည်။ဘယ်လို ဟာလေးလဲ မသိ။
"မလုပ်ဘူး ကိုယ် မလုပ်ချင်ဘူးလို့ ခမ်းနော့ဝ် ဝယ်တာ ခမ်းနော့ဝ် ဘာသာ သုံးလေ ကိုယ် အာ့တာကြီး မလုပ်ပါရစေနဲ့"
"မဝတ်ချင်ဘူး မဝတ်ပါစေနဲ့"
"အဲ့လိုကြီး မလုပ်ချင်ဘူး ရိုးရိုးပဲ လုပ်ရအောင် အာ့တာကြီးက မဟုတ်သေးပါဘူး"
အကြိမ်ကြိမ်ခါခါ ငြင်းပါသော်လည်း မအောင်မြင်။
"လုပ်ချင်တာ လုပ်ချင်တာ ကိုးနောင် နော် တစ်ခါ ပဲ နောက်ခါ မလုပ်တော့ဘူး. . .
နော်လို့ "
တစ်ခါ တစ်ခါနဲ့ ကိုးနောင် ဘဝ အဖက်ဆယ်မရတော့။
ကိုးနောင်သည် ခေါင်းကို ယမ်းလိုက်သည်။တွေးရင်းနဲ့ သူ့အတွေးတွေသည် တောင်ရောက် မြောက်ရောက်။အဆုံး အနှစ်ချုပ်ရင် ဒီခရီးထွက်ဖို့ သူ အတော် ပင်ပန်းခဲ့သည်။ဒါတောင် ပစ္စည်းထည့်တာတွေ မပါသေး။
မာန်သွေးရောင်တို့နှင့် ရတနာပုံတံတားမှာ ဆုံဖို့ ချိန်းထားကြသည်။
အိမ်က အထွက် မြို့ရှောင်လမ်းမှသည် မြို့ထဲ အကွေ့ ခမ်းနော့ဝ် က အလန့်တကြား ထအော်သည်။
"ငါတို့ မက်ရှလေ ကို မေ့ခဲ့ပြီ"
__________ Lotus killer __________
11.15p.m
5.5.2023(Friday)
Mary_Koe
5196
Hello guys 🤠🤗 Today is my birthday
Happy 18yr old💕🎉
ကိုယ်ကလေ Update နောက်ကျတာပဲ ရှိတာပါ
ဒီ ficကို complete တဲ့ ထိ ရေးမှာပါ
အချို့ ပို့စ်တွေ မြင်မိလို့ပါ
အော်သာပေါက်စ Ongoing တွေက ပြန်မပေါ်လာရတာနဲ့ Unသွားတာနဲ့ ဆိုလို့ ကိုယ်က အဲ့လို ဟုတ်ပါဘူးလို့ 🤗🍀
My new cover🥺💕
        I try the best ✨🩸
            Don't copy and use 🚩
Zawgyi
"ဉာဏ် . . .ကိုးနောင်"
"မင်း အသက် ဘယ်နှ နှစ်လဲ"
"8 . . .နှစ်"
"အိုး . . . အတော် ငယ်သေးတာပဲ"
"ကဲ ဦး သွားပြီ . . . ‌တော့တာ "