Unicode
မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခု . .
ဘယ်လိုပတ်ဝန်းကျင်လဲဆို အခု သူရောက်နေတာက ဆူညံပြီး ပျော်ချင်တိုင်းပျော် သောက်စားချင်တိုင်းစားလို့ရတဲ့ လူငယ်တွေရဲ့လွတ်လပ်ရာနယ်မြေ။
ပထမဆုံး တက္ကသိုလ်မြေစနင်းတဲ့နေ့မှာပဲ ရင်းနှီးသွားကြတဲ့အထိမ်းအမှတ်ကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေဆွဲရာနောက် သူ လိုက်ခဲ့ရတာ။ ဒီလိုနေရာမျိုး မွေးကတည်းက ရောက်ဖူးခဲ့တာမဟုတ် ..
မာမားတို့သာသိရင် ဆူလောက်တော့မှာ ဆိုတဲ့အတွေးကြောင့် ကောင်းကောင်းကြီးလည်းမပျော်ရဲ . . အင်္ကျီမှာ အရက်နံ့တွေစွန်းကုန်မှာလည်းကြောက်သည်။
တကယ်တော့ သူပျော်ချင်ပါတယ် . ဒါပေမယ့် ဒီလူတွေကြားထဲ ဘယ်လိုပျော်ရမှန်း မသိလို့သာ .. အတင်းတိုးဝှေ့ကနေတဲ့အထဲ သူရောက်သွားလို့ အနင်းခံရရင် ဘယ်လိုလုပ်မည်နည်း ?
" ဟ ဆော့မက်သရူး ဘာထိုင်လုပ်နေတာလဲ . လာလေကွာ "
လက်ယပ်ခေါ်နေသည့် သူငယ်ချင်းကို ရှုံ့မဲ့မဲ့သာပြုံးရယ်ပြလိုက်ပေမယ့် နေရာကမရွေ့ .. ထိုချိန်မှာပဲ အိတ်ကပ်ထဲမြည်လာတဲ့ တုန်ခါနေတဲ့ဖုန်းကြောင့် မက်သရူးဟာ လွယ်အိတ်ပိုက်လို့ အပြေးထွက်ခဲ့ရတယ်။
.
.
" မာမား သားကိုစိတ်မပူနဲ့လို့ .. သူငယ်ချင်းတွေအများကြီးရှိတယ်၊ နောက်မိနစ်သုံးဆယ်ဆို အတည်ပြန်လာပါ့မယ် ကတိပေးပါတယ် မာမားရယ် "
အထပ်ထပ်အခါခါပေးလိုက်ရတဲ့ကတိတွေ . စိတ်မပူကြောင်းပြောရတာတွေ။ တစ်ခါတစ်လေတော့ သူများတွေလိုလွတ်လပ်ချင်ပေမယ့် မာမားတို့က သူ့ကိုဘယ်လောက်ချစ်ကြောင်းသိရပြန်တော့လည်း မလွန်ဆန်နိုင်ရဲပေ။ ပြောရရင် လူကြီးတွေကို စိတ်ဆင်းရဲအောင်လုပ်မယ့်ကလေးမျိုးထဲ သူ က ဘယ်တော့မှပါလိမ့်မှာမဟုတ်ဘူး။
" ဖြောင်း ! "
အနောက်ကိုအလှည့် လူတစ်ယောက်ပါးရိုက်ခံရတဲ့မြင်ကွင်းနဲ့ တည့်တည့်တိုးတဲ့အဖြစ်။
လွယ်အိတ်ကိုကျစ်နေအောင် ပိုက်မိရင်းကနေ နေရာကလည်းမရွေ့ .. ရှေ့ကလူနှစ်ယောက်က ဘာပြဿနာဖြစ်နေမှန်းမှမသိတာ ဒါကိုသူက ထိုလူနှစ်ယောက်ကြားထဲက ဘယ်လိုသတ္တိနဲ့ ဖြတ်ကျော်ရဲပါ့မလဲ ?
" နစ်နာကြေးလို့ပဲမှတ်လိုက်ပါ့မယ် "
" တောက် ! "
အနက်ရောင်ရှပ်နဲ့လူဟာ အရိုက်ခံရတာတောင် ဘာမှမဖြစ်သည့်ပုံဖြင့် အပြုံးတွေကလည်း တစ်ဖက်လူကို ပိုဒေါသထွက်စေသည်။ ရိုက်သွားတဲ့ ကောင်လေးဟာ နာနာကြည်းကြည်းကိုကြည့်လို့ တောက်ခေါက်ပြီးထွက်သွားတော့တာ . .
မက်သရူး လိုက်ကြည့်နေမိရင်း ရှေ့ကကျန်နေခဲ့တဲ့ အနက်ရောင်ရှပ်နဲ့ လူနဲ့ အကြည့်ချင်းဆုံတော့မှ ဒီနေရာကနေရှောင်ဖယ်ဖို့သတိပြန်ဝင်တော့တယ်။
ဘာလို့မှန်းမသိ ထိုလူကို မက်သရူးကြောက်သည်။ ခပ်ပြုံးပြုံးမျက်နှာက သာမန်လူတစ်ယောက်လိုမျိုးမခံစားရဘူး . . မာမားတို့ပြောတဲ့ လူဆိုးတွေပဲနေမှာ ..
" ဟိတ် ! မီးလေးတစ်ချက်လောက်ညှိပေးပါ "
လမ်းကြားထဲကအထွက် ထိုလူနားဖြတ်လျှောက်မှာပဲ လှမ်းခေါ်ခံလိုက်ရတာနဲ့ အလိုလိုရပ်လိုက်မိတဲ့ခြေထောက်တွေ။
ရှေ့တိုးလာသူရဲ့လှုပ်ရှားမှုကို အနောက်ကနေသူကြားနေရ၏။ တဖြေးဖြေးနီးကပ်လာတဲ့ ခံစားမှု။
ရှေ့ဆက်ပြေးလေ ! ဒီခြေထောက်တွေကဘာလို့မရွေ့ရတော့တာလဲ?
" ကျွန်တော် ဆေးလိပ်မသောက်ဘူး "
" ကျောင်းသားလား "
" ဗျာ . . ဟုတ် "
" တစ်ယောက်ထဲလာတာလား ? "
" ဗျာ . . အထဲမှာ သူငယ် .. သူငယ်ချင်းတွေပါတယ် "
သူ့ပုံစံက အထစ်အငေါ့ဖြစ်နေတယ်ဆိုပေမယ့် ခပ်တိုးတိုးရယ်သံတစ်ခုက ထိုလူဆီက ထွက်လာတာကြောင့် ပြန်ကြည့်ဖြစ်တယ်။ ဒီလူက သူ့ကိုလှောင်ချင်နေတာလား?
ဒါကို ထိုလူလည်း ရိပ်မိသွားပုံပါပဲ . . နံရံကိုမှီထားရင်း လက်ပိုက်လို့နေနေသည်ကို မက်သရူးသေချာကြည့်မိပြန်တယ်။ ဒီလူက မာကျူရီမီးရောင်အောက်မှာတောင် ချောလွန်းနေတာမဟုတ်လား?
" ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ? "
" ဗျာ? "
ဟက်ခနဲရယ်ချသံအဆုံးမှာ ဆူပုတ်ပုတ်နဲ့အကြည့်လွှဲလိုက်ရသူက မိမိသာ။ ဒီလူက မုန်းချင်စရာကြီးပဲ .. ရယ်တာကအစကြည့်ကောင်းနေတာကျ လွန်တာ ..
" မင်းနဲ့ ရင်းနှီးချင်တယ်၊ ရမလား? "
သူ့အဖြေကို ခပ်ပြုံးပြုံးနဲ့စောင့်နေသူဟာ နံရံကိုမှီထားလို့အေးအေးလူလူ။ သူကသာ ရုတ်တရက်ဆန်လွန်းနေတဲ့ သူစိမ်းတစ်ယောက်နဲ့ တွေ့ဆုံမှုကြောင့် အရာရာသံသယစိတ်တွေအပြည့်နဲ့အပြင် ပုံမှန်နဲ့မတူတဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ နှလုံးသားကြောင့်လည်း ပို၍စိုးရိမ်မိနေသည်။
" ဘာတွေစဥ်းစားနေတာလဲ .. ရင်းနှီးခွင့်လေးတောင်းမိတာကိုတောင် ဒီလောက်ကြာနေတာ .. တခြားတစ်ခုခုများတောင်းမိရင် .. "
ထိုလူဟာ စကားကိုဆက်မပြောတော့ပေ။ လူကို သိချင်အောင်လို့ထားခဲ့၏။
" ကျွန်တော် နဲ့ အဲ့ဒီဘက်က အခုမှ သိတာလေ .. ဘယ်လိုလုပ် ရင်းနှီးလို့ရမလဲ.. တစ်ယောက်နဲ့တစ်ယောက်လည်း သိတာမဟုတ်ဘူး "
" အိုကေ! ကင်မ်ဂျီအွန်းပါ ကိုယ့်နာမည် "
ကမ်းပေးလာတဲ့လက်ကို သူ ကြောင်ကြည့်နေမိတယ်။ ပြန်ကိုင်သင့် မကိုင်သင့်စဥ်းစားနေတုန်းမှာပဲ လက်ချောင်းများဆော့ကစားလို့ ပြန်ရုတ်သွားတဲ့လက်ကို ကင်မ်ဂျီအွန်း ဟာ လည်ပင်းကိုသာ အရှက်ပြေကိုင်လို့ရယ်။
" မက်သရူး . ဆော့မက်သရူးပါ "
နာမည်ကြောင့် အို! ခနဲအာမေဋိတ်သံသုံးလို့ ရွတ်သူဟာ စွဲလမ်းချင်စရာကောင်းသည်မို့ သူငေးမိတယ်။ ပထမဆုံးပဲ .. ဒီလိုလူမျိုးကိုတွေ့ဖူးတာလည်းပထဆုံးဖြစ်သလို ထူးဆန်စွာနဲ့ သူ့ဘက်ကလည်း ရင်းနှီးချင်နေမိတာ ပထမဆုံးအကြိမ်ပင်။
" ကိုယ်တို့ စကားပြောကြမလား? "
နံရံကနေ ကျောကိုခွာရင်း မတ်မတ်ရပ်လာသူဟာ ဘောင်းဘီအိတ်ကပ်ထဲ လက်ကိုထည့်ထားသည်။ ပြီးတော့ ကြည့်ကောင်းလှတဲ့အရပ်နဲ့ သူ့ကိုငုံ့ကြည့်နေခဲ့၏။
အခုချိန်မှာ ငြင်းလို့ရသည်မဟုတ်လား? အခုမှတွေ့သည့်လူတစ်ယောက်ကို ဘယ်လိုယုံကြည်မှုများ ပေးချင်နေသည်လဲဆိုနားမလည်နိုင်ပေ။
ငြင်းသင့်တယ်! ငြင်းရမယ်။
အရှေ့က မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့မျက်နှာကိုလည်း စိတ်မပျက်စေချင်ပါ။ ငယ်ငယ်ထဲက မာမားတို့သင်ကြားပေးမှုအောက်မှာ ရွှေးချယ်မှုတွေကို ခပ်မြန်မြန်ဆုံးဖြတ်လေ့ရှိတတ်တဲ့သူဟာ ယခုအချိန်မှာတော့ တုံ့ဆိုင်းနေမိပြန်တယ်။
" ဆောရီး .. မင်းကိုအခက်တွေ့စေမိပြီ၊ သူငယ်ချင်းတွေစောင့်နေမယ်ထင်တယ် .. ဝင်တော့လေ "
သူ့ဆီက အဖြေပြန်နားမထောင်ရသေးခင်မှာဘဲ ပြောလာပြန်တဲ့ထိုလူ။ အမှန်တိုင်းပြောရရင် အထဲပြန်ဝင်ဖို့ကို သူစိတ်မပါတော့ပါ။ သို့ပေမယ့် သူ့အဖြေကိုနားမထောင်ခဲ့ပါဘဲ ထိုလူဟာ တစ်ယောက်ထဲတောင်းပန်ပြီး အထဲကိုနှင်လွှတ်နေပြန်၏။
တစ်စုံတစ်ယောက်ဆီက ပြန်ဖြေသံကြားရဖို့ကို မစောင့်နိုင်တာ ထိုလူရဲ့စတိုင်ပဲလား?
" ဒါဆို ဒီလောက်နဲ့ပဲ.. "
နှုတ်ဆက်ဖို့ လက်ပါပြလာတဲ့ ကင်မ်ဂျီအွန်းဟာ အပြုံးတွေနဲ့အတူ လက်ဖဝါးကိုလည်း သူ့ရှေ့မှာလှုပ်ရမ်းပြနေသေး၏။ သူကတော့ ပြန်မပြဘူးဆိုပေမယ့်လည်း . .
ထိုလူ့ဘက်ကအရင်ကျောခိုင်းသွားသည်ကိုမြင်ရတဲ့အခါ စိတ်ပျက်မှုအနည်းငယ်ဟာ ရင်ထဲတိုးဝင်လာတယ်။ မတော်တဆတွေ့ဆုံတာက ဒီလောက်နဲ့ပြီးသွားရောလား ?
ငိုက်ကျမိသွားတဲ့ခေါင်းလုံးလုံးနဲ့အတူ ဖိနပ်ထိပ်တွေကိုသာ မြေပြင်နဲ့ပွတ်တိုက်မိနေလိုက်တယ်။ ဘာကို နှမြောနေတာလဲ ? ဘာကိုနှမြောမိနေသည်မှန်းလည်း သူ ,မသိပါ။ တကယ်ဆို သူ့ရှေ့မှာ တခြားယောကျာ်းတစ်ယောက်နဲ့ ဆက်ဆံရေးပြတ်တောက်သွားပုံရတဲ့လူတစ်ယောက်ပဲ ..
ပထမဆုံးရင်ခုန်စိတ်လှုပ်ရှားသွားရတဲ့အခိုက်အတန့်ကြောင့်ဖြစ်မည်။
ယောကျာ်းတစ်ယောက်ဆီမှာလေ . .
တိမ်တိုက်တွေလိုအတွေးတွေဟာ သူ့အာရုံထဲ ဟိုတစ်စုဒီတစ်စု မျောလွင့်နေဆဲမှာ ဖိနပ်ထိပ်ပွတ်တိုက်မိနေတဲ့ နေရာကနေ စုံရပ်လာတဲ့ အနက်ရောင်ပြောင်လက်နေတဲ့ ဖိနပ်ရဲ့ထိပ်ဟာ မြင်ကွင်းထဲဝင်လာတယ်။
ခေါင်းလည်းအမော့ သူ့ကို စိုက်ကြည့်နေတဲ့မျက်ဝန်းတွေနဲ့သွားဆုံတယ်။
စိတ်ပျက်မှုလေးအစား တစ်ဖန်ပြန်ဝင်ရောက်လာတာက စိတ်လှုပ်ရှားမှုသေးသေးလေး . .
အဲ့သေးသေးလေးက သူ့ခြေဖျားလက်ဖျားတွေပါအေးစက်သွားဖို့အထိ လုံလောက်နေတယ်ဆို ပိုလွန်းရာကျသွားမလား?
" ဖုန်းနံပါတ် . . မင်းဖုန်းနံပါတ်ရနိုင်မလား? "
မက်သရူးရဲ့မျက်တောင်လေးတွေ တဖြတ်ဖြတ်ခတ်နေရာကနေရပ်သွားတယ်။ မသိမသာကမ်းပေးလာတဲ့ ဖုန်းဆီ အကြည့်တို့ရောက်သွားရင်း အောက်နှုတ်ခမ်းကိုပါ ခိုးဖိကိုက်လိုက်မိပါ၏။
ဒီလိုမျိုးပေးလိုက်လို့လည်း
ဖြစ်သင့်ပါရဲ့လား ?
.
.
...
Zawgyi
မရင္းႏွီးတဲ့ပတ္ဝန္းက်င္တစ္ခု . .
ဘယ္လိုပတ္ဝန္းက်င္လဲဆို အခု သူေရာက္ေနတာက ဆူညံၿပီး ေပ်ာ္ခ်င္တိုင္းေပ်ာ္ ေသာက္စားခ်င္တိုင္းစားလို႔ရတဲ့ လူငယ္ေတြရဲ႕လြတ္လပ္ရာနယ္ေျမ။
ပထမဆုံး တကၠသိုလ္ေျမစနင္းတဲ့ေန႕မွာပဲ ရင္းႏွီးသြားၾကတဲ့အထိမ္းအမွတ္ေၾကာင့္ သူငယ္ခ်င္းအေပါင္းအသင္းေတြဆြဲရာေနာက္ သူ လိုက္ခဲ့ရတာ။ ဒီလိုေနရာမ်ိဳး ေမြးကတည္းက ေရာက္ဖူးခဲ့တာမဟုတ္ ..
မာမားတို႔သာသိရင္ ဆူေလာက္ေတာ့မွာ ဆိုတဲ့အေတြးေၾကာင့္ ေကာင္းေကာင္းႀကီးလည္းမေပ်ာ္ရဲ . . အကၤ်ီမွာ အရက္နံ႕ေတြစြန္းကုန္မွာလည္းေၾကာက္သည္။
တကယ္ေတာ့ သူေပ်ာ္ခ်င္ပါတယ္ . ဒါေပမယ့္ ဒီလူေတြၾကားထဲ ဘယ္လိုေပ်ာ္ရမွန္း မသိလို႔သာ .. အတင္းတိုးေဝွ႕ကေနတဲ့အထဲ သူေရာက္သြားလို႔ အနင္းခံရရင္ ဘယ္လိုလုပ္မည္နည္း ?
" ဟ ေဆာ့မက္သ႐ူး ဘာထိုင္လုပ္ေနတာလဲ . လာေလကြာ "
လက္ယပ္ေခၚေနသည့္ သူငယ္ခ်င္းကို ရႈံ႕မဲ့မဲ့သာၿပဳံးရယ္ျပလိုက္ေပမယ့္ ေနရာကမေ႐ြ႕ .. ထိုခ်ိန္မွာပဲ အိတ္ကပ္ထဲျမည္လာတဲ့ တုန္ခါေနတဲ့ဖုန္းေၾကာင့္ မက္သ႐ူးဟာ လြယ္အိတ္ပိုက္လို႔ အေျပးထြက္ခဲ့ရတယ္။
.
.
" မာမား သားကိုစိတ္မပူနဲ႕လို႔ .. သူငယ္ခ်င္းေတြအမ်ားႀကီးရွိတယ္၊ ေနာက္မိနစ္သုံးဆယ္ဆို အတည္ျပန္လာပါ့မယ္ ကတိေပးပါတယ္ မာမားရယ္ "
အထပ္ထပ္အခါခါေပးလိုက္ရတဲ့ကတိေတြ . စိတ္မပူေၾကာင္းေျပာရတာေတြ။ တစ္ခါတစ္ေလေတာ့ သူမ်ားေတြလိုလြတ္လပ္ခ်င္ေပမယ့္ မာမားတို႔က သူ႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္းသိရျပန္ေတာ့လည္း မလြန္ဆန္နိုင္ရဲေပ။ ေျပာရရင္ လူႀကီးေတြကို စိတ္ဆင္းရဲေအာင္လုပ္မယ့္ကေလးမ်ိဳးထဲ သူ က ဘယ္ေတာ့မွပါလိမ့္မွာမဟုတ္ဘူး။
" ေျဖာင္း ! "
အေနာက္ကိုအလွည့္ လူတစ္ေယာက္ပါးရိုက္ခံရတဲ့ျမင္ကြင္းနဲ႕ တည့္တည့္တိုးတဲ့အျဖစ္။
လြယ္အိတ္ကိုက်စ္ေနေအာင္ ပိုက္မိရင္းကေန ေနရာကလည္းမေ႐ြ႕ .. ေရွ႕ကလူႏွစ္ေယာက္က ဘာျပႆနာျဖစ္ေနမွန္းမွမသိတာ ဒါကိုသူက ထိုလူႏွစ္ေယာက္ၾကားထဲက ဘယ္လိုသတၱိနဲ႕ ျဖတ္ေက်ာ္ရဲပါ့မလဲ ?
" နစ္နာေၾကးလို႔ပဲမွတ္လိုက္ပါ့မယ္ "
" ေတာက္ ! "
အနက္ေရာင္ရွပ္နဲ႕လူဟာ အရိုက္ခံရတာေတာင္ ဘာမွမျဖစ္သည့္ပုံျဖင့္ အၿပဳံးေတြကလည္း တစ္ဖက္လူကို ပိုေဒါသထြက္ေစသည္။ ရိုက္သြားတဲ့ ေကာင္ေလးဟာ နာနာၾကည္းၾကည္းကိုၾကည့္လို႔ ေတာက္ေခါက္ၿပီးထြက္သြားေတာ့တာ . .
မက္သ႐ူး လိုက္ၾကည့္ေနမိရင္း ေရွ႕ကက်န္ေနခဲ့တဲ့ အနက္ေရာင္ရွပ္နဲ႕ လူနဲ႕ အၾကည့္ခ်င္းဆုံေတာ့မွ ဒီေနရာကေနေရွာင္ဖယ္ဖို႔သတိျပန္ဝင္ေတာ့တယ္။
ဘာလို႔မွန္းမသိ ထိုလူကို မက္သ႐ူးေၾကာက္သည္။ ခပ္ၿပဳံးၿပဳံးမ်က္ႏွာက သာမန္လူတစ္ေယာက္လိုမ်ိဳးမခံစားရဘူး . . မာမားတို႔ေျပာတဲ့ လူဆိုးေတြပဲေနမွာ ..
" ဟိတ္ ! မီးေလးတစ္ခ်က္ေလာက္ညွိေပးပါ "
လမ္းၾကားထဲကအထြက္ ထိုလူနားျဖတ္ေလွ်ာက္မွာပဲ လွမ္းေခၚခံလိုက္ရတာနဲ႕ အလိုလိုရပ္လိုက္မိတဲ့ေျခေထာက္ေတြ။
ေရွ႕တိုးလာသူရဲ႕လႈပ္ရွားမႈကို အေနာက္ကေနသူၾကားေနရ၏။ တေျဖးေျဖးနီးကပ္လာတဲ့ ခံစားမႈ။
ေရွ႕ဆက္ေျပးေလ ! ဒီေျခေထာက္ေတြကဘာလို႔မေ႐ြ႕ရေတာ့တာလဲ?
" ကြၽန္ေတာ္ ေဆးလိပ္မေသာက္ဘူး "
" ေက်ာင္းသားလား "
" ဗ်ာ . . ဟုတ္ "
" တစ္ေယာက္ထဲလာတာလား ? "
" ဗ်ာ . . အထဲမွာ သူငယ္ .. သူငယ္ခ်င္းေတြပါတယ္ "
သူ႕ပုံစံက အထစ္အေငါ့ျဖစ္ေနတယ္ဆိုေပမယ့္ ခပ္တိုးတိုးရယ္သံတစ္ခုက ထိုလူဆီက ထြက္လာတာေၾကာင့္ ျပန္ၾကည့္ျဖစ္တယ္။ ဒီလူက သူ႕ကိုေလွာင္ခ်င္ေနတာလား?
ဒါကို ထိုလူလည္း ရိပ္မိသြားပုံပါပဲ . . နံရံကိုမွီထားရင္း လက္ပိုက္လို႔ေနေနသည္ကို မက္သ႐ူးေသခ်ာၾကည့္မိျပန္တယ္။ ဒီလူက မာက်ဴရီမီးေရာင္ေအာက္မွာေတာင္ ေခ်ာလြန္းေနတာမဟုတ္လား?
" ကိုယ့္မ်က္ႏွာမွာ ဘာေပေနလို႔လဲ? "
" ဗ်ာ? "
ဟက္ခနဲရယ္ခ်သံအဆုံးမွာ ဆူပုတ္ပုတ္နဲ႕အၾကည့္လႊဲလိုက္ရသူက မိမိသာ။ ဒီလူက မုန္းခ်င္စရာႀကီးပဲ .. ရယ္တာကအစၾကည့္ေကာင္းေနတာက် လြန္တာ ..
" မင္းနဲ႕ ရင္းႏွီးခ်င္တယ္၊ ရမလား? "
သူ႕အေျဖကို ခပ္ၿပဳံးၿပဳံးနဲ႕ေစာင့္ေနသူဟာ နံရံကိုမွီထားလို႔ေအးေအးလူလူ။ သူကသာ ႐ုတ္တရက္ဆန္လြန္းေနတဲ့ သူစိမ္းတစ္ေယာက္နဲ႕ ေတြ႕ဆုံမႈေၾကာင့္ အရာရာသံသယစိတ္ေတြအျပည့္နဲ႕အျပင္ ပုံမွန္နဲ႕မတူတဲ့ လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့ ႏွလုံးသားေၾကာင့္လည္း ပို၍စိုးရိမ္မိေနသည္။
" ဘာေတြစဥ္းစားေနတာလဲ .. ရင္းႏွီးခြင့္ေလးေတာင္းမိတာကိုေတာင္ ဒီေလာက္ၾကာေနတာ .. တျခားတစ္ခုခုမ်ားေတာင္းမိရင္ .. "
ထိုလူဟာ စကားကိုဆက္မေျပာေတာ့ေပ။ လူကို သိခ်င္ေအာင္လို႔ထားခဲ့၏။
" ကြၽန္ေတာ္ နဲ႕ အဲ့ဒီဘက္က အခုမွ သိတာေလ .. ဘယ္လိုလုပ္ ရင္းႏွီးလို႔ရမလဲ.. တစ္ေယာက္နဲ႕တစ္ေယာက္လည္း သိတာမဟုတ္ဘူး "
" အိုေက! ကင္မ္ဂ်ီအြန္းပါ ကိုယ့္နာမည္ "
ကမ္းေပးလာတဲ့လက္ကို သူ ေၾကာင္ၾကည့္ေနမိတယ္။ ျပန္ကိုင္သင့္ မကိုင္သင့္စဥ္းစားေနတုန္းမွာပဲ လက္ေခ်ာင္းမ်ားေဆာ့ကစားလို႔ ျပန္႐ုတ္သြားတဲ့လက္ကို ကင္မ္ဂ်ီအြန္း ဟာ လည္ပင္းကိုသာ အရွက္ေျပကိုင္လို႔ရယ္။
" မက္သ႐ူး . ေဆာ့မက္သ႐ူးပါ "
နာမည္ေၾကာင့္ အို! ခနဲအာေမဋိတ္သံသုံးလို႔ ႐ြတ္သူဟာ စြဲလမ္းခ်င္စရာေကာင္းသည္မို႔ သူေငးမိတယ္။ ပထမဆုံးပဲ .. ဒီလိုလူမ်ိဳးကိုေတြ႕ဖူးတာလည္းပထဆုံးျဖစ္သလို ထူးဆန္စြာနဲ႕ သူ႕ဘက္ကလည္း ရင္းႏွီးခ်င္ေနမိတာ ပထမဆုံးအႀကိမ္ပင္။
" ကိုယ္တို႔ စကားေျပာၾကမလား? "
နံရံကေန ေက်ာကိုခြာရင္း မတ္မတ္ရပ္လာသူဟာ ေဘာင္းဘီအိတ္ကပ္ထဲ လက္ကိုထည့္ထားသည္။ ၿပီးေတာ့ ၾကည့္ေကာင္းလွတဲ့အရပ္နဲ႕ သူ႕ကိုငုံ႕ၾကည့္ေနခဲ့၏။
အခုခ်ိန္မွာ ျငင္းလို႔ရသည္မဟုတ္လား? အခုမွေတြ႕သည့္လူတစ္ေယာက္ကို ဘယ္လိုယုံၾကည္မႈမ်ား ေပးခ်င္ေနသည္လဲဆိုနားမလည္နိုင္ေပ။
ျငင္းသင့္တယ္! ျငင္းရမယ္။
အေရွ႕က ေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနတဲ့မ်က္ႏွာကိုလည္း စိတ္မပ်က္ေစခ်င္ပါ။ ငယ္ငယ္ထဲက မာမားတို႔သင္ၾကားေပးမႈေအာက္မွာ ေ႐ႊးခ်ယ္မႈေတြကို ခပ္ျမန္ျမန္ဆုံးျဖတ္ေလ့ရွိတတ္တဲ့သူဟာ ယခုအခ်ိန္မွာေတာ့ တုံ႕ဆိုင္းေနမိျပန္တယ္။
" ေဆာရီး .. မင္းကိုအခက္ေတြ႕ေစမိၿပီ၊ သူငယ္ခ်င္းေတြေစာင့္ေနမယ္ထင္တယ္ .. ဝင္ေတာ့ေလ "
သူ႕ဆီက အေျဖျပန္နားမေထာင္ရေသးခင္မွာဘဲ ေျပာလာျပန္တဲ့ထိုလူ။ အမွန္တိုင္းေျပာရရင္ အထဲျပန္ဝင္ဖို႔ကို သူစိတ္မပါေတာ့ပါ။ သို႔ေပမယ့္ သူ႕အေျဖကိုနားမေထာင္ခဲ့ပါဘဲ ထိုလူဟာ တစ္ေယာက္ထဲေတာင္းပန္ၿပီး အထဲကိုႏွင္လႊတ္ေနျပန္၏။
တစ္စုံတစ္ေယာက္ဆီက ျပန္ေျဖသံၾကားရဖို႔ကို မေစာင့္နိုင္တာ ထိုလူရဲ႕စတိုင္ပဲလား?
" ဒါဆို ဒီေလာက္နဲ႕ပဲ.. "
ႏႈတ္ဆက္ဖို႔ လက္ပါျပလာတဲ့ ကင္မ္ဂ်ီအြန္းဟာ အၿပဳံးေတြနဲ႕အတူ လက္ဖဝါးကိုလည္း သူ႕ေရွ႕မွာလႈပ္ရမ္းျပေနေသး၏။ သူကေတာ့ ျပန္မျပဘူးဆိုေပမယ့္လည္း . .
ထိုလူ႕ဘက္ကအရင္ေက်ာခိုင္းသြားသည္ကိုျမင္ရတဲ့အခါ စိတ္ပ်က္မႈအနည္းငယ္ဟာ ရင္ထဲတိုးဝင္လာတယ္။ မေတာ္တဆေတြ႕ဆုံတာက ဒီေလာက္နဲ႕ၿပီးသြားေရာလား ?
ငိုက္က်မိသြားတဲ့ေခါင္းလုံးလုံးနဲ႕အတူ ဖိနပ္ထိပ္ေတြကိုသာ ေျမျပင္နဲ႕ပြတ္တိုက္မိေနလိုက္တယ္။ ဘာကို ႏွေျမာေနတာလဲ ? ဘာကိုႏွေျမာမိေနသည္မွန္းလည္း သူ ,မသိပါ။ တကယ္ဆို သူ႕ေရွ႕မွာ တျခားေယာက်ာ္းတစ္ေယာက္နဲ႕ ဆက္ဆံေရးျပတ္ေတာက္သြားပုံရတဲ့လူတစ္ေယာက္ပဲ ..
ပထမဆုံးရင္ခုန္စိတ္လႈပ္ရွားသြားရတဲ့အခိုက္အတန့္ေၾကာင့္ျဖစ္မည္။
ေယာက်ာ္းတစ္ေယာက္ဆီမွာေလ . .
တိမ္တိုက္ေတြလိုအေတြးေတြဟာ သူ႕အာ႐ုံထဲ ဟိုတစ္စုဒီတစ္စု ေမ်ာလြင့္ေနဆဲမွာ ဖိနပ္ထိပ္ပြတ္တိုက္မိေနတဲ့ ေနရာကေန စုံရပ္လာတဲ့ အနက္ေရာင္ေျပာင္လက္ေနတဲ့ ဖိနပ္ရဲ႕ထိပ္ဟာ ျမင္ကြင္းထဲဝင္လာတယ္။
ေခါင္းလည္းအေမာ့ သူ႕ကို စိုက္ၾကည့္ေနတဲ့မ်က္ဝန္းေတြနဲ႕သြားဆုံတယ္။
စိတ္ပ်က္မႈေလးအစား တစ္ဖန္ျပန္ဝင္ေရာက္လာတာက စိတ္လႈပ္ရွားမႈေသးေသးေလး . .
အဲ့ေသးေသးေလးက သူ႕ေျခဖ်ားလက္ဖ်ားေတြပါေအးစက္သြားဖို႔အထိ လုံေလာက္ေနတယ္ဆို ပိုလြန္းရာက်သြားမလား?
" ဖုန္းနံပါတ္ . . မင္းဖုန္းနံပါတ္ရနိုင္မလား? "
မက္သ႐ူးရဲ႕မ်က္ေတာင္ေလးေတြ တျဖတ္ျဖတ္ခတ္ေနရာကေနရပ္သြားတယ္။ မသိမသာကမ္းေပးလာတဲ့ ဖုန္းဆီ အၾကည့္တို႔ေရာက္သြားရင္း ေအာက္ႏႈတ္ခမ္းကိုပါ ခိုးဖိကိုက္လိုက္မိပါ၏။
ဒီလိုမ်ိဳးေပးလိုက္လို႔လည္း
ျဖစ္သင့္ပါရဲ႕လား ?
.
.
...