2

948 136 6
                                    

Unicode

.

" ကင်မ်ဂျီအွန်းလား ? လုံးဝအနားမကပ်တဲ့လူမျိုး . အတတ်နိုင်ဆုံး သူနဲ့သာဝေးဝေးနေ "

" နာမည်ကြီးတယ်လေ .. ကင်မ်ဂျီအွန်း ကို မသိတဲ့လူမရှိဘူး၊ အန္တရာယ်များပေမယ့် စွဲလမ်းစရာကောင်းတဲ့အမျိုးသား "

" ဘာ! ကင်မ်ဂျီအွန်းနဲ့ တွေ့ခဲ့တယ်ဟုတ်လား? ဝါး... ဆော့မက်သရူး ကျောင်းတက်တာနှစ်ရက်မပြည့်သေးဘူး၊ တကယ့်စီနီယာနဲ့မှ တိုးလာခဲ့တာပဲ "

" ငါသတိပေးမယ်နော်! စီနီယာဂျီအွန်းနဲ့ လုံးဝမပတ်သတ်နဲ့! အထူးသဖြင့် မင်းလို လူမျိုး "

နားထဲ ကြားလာရသမျှကင်မ်ဂျီအွန်းရဲ့အ​ကြောင်းတွေဖြစ်သည့်အပြင်၊ သူ၏သူငယ်ချင်းနှစ်ယောက်ကပါ ထပ်သတိပေးလာလေတယ်။ စီနီယာကင်မ်ဂျီအွန်းက အဲ့လောက်ထိဆိုးနေလို့လား? သူကရော ဘယ်လိုလူမျိုးဖြစ်နေလို့လဲ?

' ဒီနေရာက အန္တရာယ်များတယ် မသွားနဲ့ဆိုသည့် ' နေရာကို စပ်စုချင်နေသည့် ကလေးတွေလိုမျိုး သူလည်းပဲ ဒါမလုပ်နဲ့ဆို ပိုလုပ်ချင်စိတ်ရှိပါ၏။ အစကတော့ စိတ်မဝင်စားသေးပေမယ့် သတင်းတွေကြားရတော့မှ ကင်မ်ဂျီအွန်းအကြောင်း ပိုလို့သိချင်လာရသည်။

" မက်သရူး . မျက်နှာကဘာဖြစ်တာလဲ? မင်း မဟုတ်မှ စီနီယာဂျီအွန်းအကြောင်းတွေးနေတာလား "

ကင်မ်ထယ်ရယ်ရဲ့အမေးကို သူ မျက်လုံးများဖြင့်သာ ဖြေလိုက်ပါ၏။ စီနီယာအကြောင်းပြောနေတာကို စီနီယာအကြောင်းပဲတွေးသင့်တာ ဖြစ်သင့်တာပဲကို။

" အဲ့တော့ သူမင်းဆီဖုန်းဆက်လာလား? "

ရစ်ခီရှန်ရဲ့မေးခွန်းက သူ့ကိုငေးငိုင်သွားစေပါတယ်။ ပြီးတော့ သက်ပြင်းခပ်တိုးတိုးလေးပါချမိတယ်။ စိတ်ပျက်လက်ပျက်ပျော့ခွေကျသွားရင်း စားပွဲပေါ်၌သာ မျက်နှာအပ်သွားတဲ့ မက်သရူးကိုကြည့်လို့ သူတို့နှစ်ယောက်လုံး သဘောပေါက်သွားပါသည်။ ဒီလောက်ဆို စီနီယာက ကစားသွားပြီပဲမဟုတ်လား?

တိတ်ဆိတ်သွားတဲ့အခြေအနေမှာ မက်သရူးကိုကြည့်လို့ ထယ်ရယ်နဲ့ရစ်ခီ အကြည့်ချင်းဆုံပြီး ခေါင်းခါမိကြပါရဲ့။ သူတို့သူငယ်ချင်းလေးဟာ တကယ့်နာမည်ကြီးနဲ့မှ တိုးလာတာပဲ။

Strawberry and Cigarette Where stories live. Discover now