မနက်ခင်းတစ်ခု .. တစ်နည်းအားဖြင့်ပြောရရင် သူနှင့် စက်၏ မင်္ဂလာပွဲနေ့.။
ဟုတ်ပါသည်။ ဒီနေ့လေးဟာ ပိုင်မြတ်သင်္ခဆိုသော ကံအကောင်းဆုံးလူသားနှင့် လွှမ်းစက်ဧကဟူသော သူသိပ်ချစ်ရသည့်အမျိုးသားတို့၏ မင်္ဂလာပွဲနေ့ရက်လေးပါ။
ခန်းမထဲ၌ အလုပ်ရှုပ်နေသူများအားကြည့်ကာ စက် ရင်တွေခုန်နေမိသည်။ ကိုကိုရော သူ့လိုထပ်တူရင်ခုန်နေမလား ..?
သားလေးကိုရော၊ ကိုကို့ ကိုရော သူကတာဝန်ယူပြီးစောင့်ရှောက်ရတော့မယ်။ သူဟာ ဖခင်တစ်ယောက်ဖြစ်သလို၊ လင်ယောင်္ကျားတစ်ယောက်လဲဖြစ်တော့မယ်။ သူရင်တွေအရမ်းခုန်နေမိတယ်။
~•~•~•~•~•~•~•~
စက် ခန်းမအပေါ်ထပ်သို့တက်ကာ ကိုကို့အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ တံခါးဖွင့်ချင်းမှာပင်မြင်လိုက်ရသော ကိုကို့ပုံစံသည် တင်္ဒဂအတွင်းပင် သူ့အားဖမ်းစားသွားခဲ့သည်။ အဖြူရောင် သတို့သားဝတ်စုံနဲ့ကိုကိုသည် အနက်ရောင် သတို့သားဝတ်စုံပိုင်ရှင်သူနဲ့ အလွန်ကိုမှ လိုက်ဖက်နေသည်။
သူ့အား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသော စက်ကြောင့် သင်္ခကိုယ့်ဂုတ်အားအကြောင်းမဲ့အရှက်ပြေစွာ ပွတ်သတ်နေမိသည်။
"စက်..ကိုကိုခန့်လား."
"...."
ဖြေသံမလာပါပဲ သူ့အားငေးကြည့်နေသူကြောင့် အနားသို့သွားကာ လည်ပင်းထက်သို့သိုင်းကာဖက်လိုက်သည်။
"စက်..ကိုကိုမေးတာကြားရဲ့လား"
ထိုအခါမှအသိဝင်သူ စက်က သင်္ခ၏ခါးသိမ်သိမ်လေးအားဖက်ကာ ပါးအားနှာခေါင်းလုံးလေးနစ်ဝင်သည်အထိ နမ်းပစ်လိုက်သည်။
"မောင့်အမျိုးသားက ချစ်စရာလေးဗျာ"
"ဟမ့်.ခန့်တာလေ စက်ရာ၊ ဘာလို့ကိုကိုက ချစ်ဖို့ကောင်းတယ် ဖြစ်ရတာလဲ"
မကျေမနပ်ပြောကာ လည်ပင်းထက်ရှိလက်အားဖြုတ်ချနေသူကြောင့် စက်အသဲယားစွာပင် နှာခေါင်းချင်းထိကာပွတ်သပ်လိုက်သည်။
"အူယားစရာ ဝက်ဝံလေး.."
"အပိုက.."
မျက်စောင်းလှလှလေးထိုးကာ အပြစ်ပေးသူမှာတော့ ကိုကိုပင်။
စက်တစ်ယောက် မနေနိုင်တော့ပေ။အခုချိန်မှာမှ သူကိုကို့ ကိုမနမ်းရရင် သူတကယ်သေတော့မလိုပင်.!
စက်ညှို့အားပြင်းစွာ ကိုကို့အားကြည့်လိုက်သည်။ ကိုကိုသည်လဲ စက်နည်းတူအကြည့်ချင်းစုံကာ နှစ်ဦးသားအကြည့်တို့ဖြင့်စကားပြောနေသည်။
နှုတ်ခမ်းပါးဆီသို့အကြည့်လွှဲလေတော့ လှုပ်ခတ်သွားသည့် ကိုကို့၏ လည်ဇလုတ်လေး။ ကိုကိုသည်အခုချိန်ထိပင် ရှက်နေသေးသည်..။
ရင်ခုန်စွာနှုတ်ခမ်းနှစ်စုံအား ထပ်တူကျချိန်မှာတော့..
"အိုစ်းးးးးးး" ( ထိုင်းမတွေအော်သလိုအသံလေးပါနော် ကိုးလ်လဲမရေးတတ်လို့ 🥹 )
နှစ်ဦးသားလန့်ဖြန့်ကာ ခန္ဓာကိုယ်ချင်းခွာလိုက်ကြသည်။
အဲလက်စ်၏အသံအောင်အောင့်နှင့်အော်သောအသံဖြစ်သည်။
"ဘာဖြစ်တာလဲ အဲလက်စ်မရ! အလန့်တကြားနဲ့"
စက်က စားရခါနီးမှ ခံတွင်းနားမှပြုတ်ကျသွားသည့်မုန့်တစ်ခုလို အဲလက်စ်အားမကြည်ကြည့်,ကြည့်ကာ မျက်စောင်းခဲလိုက်သည်။
"သတို့သားတွေ မင်္ဂလာအချိန်ရောက်ပြီလို့လာပြောတာဟဲ့ !"
စက် ကိုကို့အားပြုံးကာကြည့်လိုက်သည်။ ထို့နောက် ကိုကို့လက်အား အသာဆုပ်ကိုင်ကာ အောက်ထပ်ရှိခန်းမထဲသို့ ဆင်းလာခဲ့လိုက်သည်။
အရှေ့မှ သားနှင့်အတူ ကလေးမလေးတစ်ဦးက ကြဲချထားသော ပန်းခင်းလမ်းပေါ်မှာ ကိုကိုနှင့်အတူသူဟာ လျှောက်လှမ်းနေသည်ဆိုသောအသိဟာ သူ့အားရင်ခုန်ကြည်နူးစေသည်။ ကိုကို့၏လက်မှာလဲ အကြောင်းမဲ့စွာတုန်ရီနေသည်ကို သူခံစားမိသည်။ ကိုကို့အားငေးကြည့်မိတော့ ပြုံးပျော်နေသည့် မျက်ဝန်းများမှာ အရည်ကြည်လေးများလဲ့နေသည်။ သူသည်လဲထပ်တူပါပင်..။
"သတို့သားနှစ်ဦးသည် ပန်းခင်းလမ်းဖြစ်စေ၊ ဆူးခင်းလမ်းဖြစ်စေ၊ လောကရဲ့ လောကဓံအပေါ် အတူရင်ဆိုင်မည်ဟု ကတိကဝတ်ပြုပါသလား.."
"ဟုတ် ကျွန်တော်တို့ကတိပြုပါတယ်"
"ဟုတ် ကျွန်တော်တို့ကတိပြုပါတယ်"
"သတို့သားနှစ်ဦး မင်္ဂလာလက်စွပ် ဝတ်ဆင်ပေးလို့ရပါပြီ"
ဘိတ်သိတ်ဆရာ၏ စကားအဆုံး သူတို့နှစ်ဦးသား၏ လက်မှာ လက်ထပ်လက်စွပ်လေးမှာ အပြန်လှန်နေရာယူထားပြီးပြီဖြစ်သည်။ နှစ်ဦးသားကြင်နာစွာကြည့်ရင်း အမြတ်နိုးဆုံးနမ်းရှိုက်ခဲ့ကြသည်။
ထိုနေ့ဟာ သူတို့ဘဝရဲ့ အမှတ်ရဆုံးနဲ့အပျော်ဆုံးဖြစ်သလို၊ သူတို့ဘဝတစ်လျှောက်မှတ်တမ်းတင်နေမည့် နေ့လဲဖြစ်သည်။
~ အချစ်တိုင်းဟာ လှပသလို၊ ရှင်သန်နိုင်ခွင့်လဲရှိတယ်..။
ပြိုးထောင်သူနဲ့ဆိုင်သလို ဥယျာဉ်မှူးနဲ့လဲဆိုင်သေးသည်။
ကိုကိုသည်သာ သူ၏ဥယျာဉ်မှူးဖြစ်ပြီး၊ ကိုကိုသည်သာ သူ၏နားခိုရာဖြစ်လိမ့်မည်။
အချစ်တွေဟာ လှပပါသည်။
စစ်မှန်သ၍၊ မှန်ကန်သ၍ပေါ့~
လွှမ်းစက်ဧက ♡ ပိုင်မြတ်သင်္ခ
[ long time no see ဘာဘီတို့ 🖤
မတွေ့ရတာလဲကြာပါပြီ။ ခုခါမှာတော့ စက်တို့ကို လာပြီးနှုတ်ဆက်တာပေါ့။ ချစ်ကြရဲ့လား။ အရေးသားညံ့တာသိပါတယ်။ ထပ်ပြီးအလုပ်တွေကြောင့်ရော၊ အပျင်းစိတ်ကြောင့်ပါ အကောင်းဆုံးမလုပ်ပေးနိုင်ရတာ စိတ်မကောင်းပေမဲ့ ပထမဆုံးကလေးတွေကို ဒီလောက်ပဲတတ်နိုင်ခဲ့လို့ ကိုးလ်ကိုခွင့်လွှတ်ပေးပါ။
ချစ်တယ် ဘာဘီတို့ ~ 🖤]
Edit- Extra လေးကတော့ မရေးတော့ပါဘူး။ ဖတ်မယ့်လူလဲမရှိလို့ပါ။ အကယ်၍မကောင်းမကန်းလေးကိုသဘောကျရင်လဲ review လေးတွေပေးလဲ ကိုးလ်ကစိတ်မဆိုးပါဘူးနော်။
ကိုးလ်ရဲ့ FB accကတော့ Koe Ya Naungပါ။ လာအပ်လို့လဲပါတယ်။ အရမ်းရှဲလ်ပြီးပေါလို့လာမအပ်ချင်လဲရပါတယ်ဗျ။
မနက္ခင္းတစ္ခု .. တစ္နည္းအားျဖင့္ေျပာရရင္ သူႏွင့္ စက္၏ မဂၤလာပြဲေန႕.။
ဟုတ္ပါသည္။ ဒီေန႕ေလးဟာ ပိုင္ျမတ္သခၤဆိုေသာ ကံအေကာင္းဆုံးလူသားႏွင့္ လႊမ္းစက္ဧကဟူေသာ သူသိပ္ခ်စ္ရသည့္အမ်ိဳးသားတို႔၏ မဂၤလာပြဲေန႕ရက္ေလးပါ။
ခန္းမထဲ၌ အလုပ္ရႈပ္ေနသူမ်ားအားၾကည့္ကာ စက္ ရင္ေတြခုန္ေနမိသည္။ ကိုကိုေရာ သူ႕လိုထပ္တူရင္ခုန္ေနမလား ..?
သားေလးကိုေရာ၊ ကိုကို႔ ကိုေရာ သူကတာဝန္ယူၿပီးေစာင့္ေရွာက္ရေတာ့မယ္။ သူဟာ ဖခင္တစ္ေယာက္ျဖစ္သလို၊ လင္ေယာကၤ်ားတစ္ေယာက္လဲျဖစ္ေတာ့မယ္။ သူရင္ေတြအရမ္းခုန္ေနမိတယ္။
~~~~~~~~
စက္ ခန္းမအေပၚထပ္သို႔တက္ကာ ကိုကို႔အခန္းထဲသို႔ဝင္လာခဲ့လိုက္သည္။ တံခါးဖြင့္ခ်င္းမွာပင္ျမင္လိုက္ရေသာ ကိုကို႔ပုံစံသည္ တဒၤဂအတြင္းပင္ သူ႕အားဖမ္းစားသြားခဲ့သည္။ အျဖဴေရာင္ သတို႔သားဝတ္စုံနဲ႕ကိုကိုသည္ အနက္ေရာင္ သတို႔သားဝတ္စုံပိုင္ရွင္သူနဲ႕ အလြန္ကိုမွ လိုက္ဖက္ေနသည္။
သူ႕အား မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနေသာ စက္ေၾကာင့္ သခၤကိုယ့္ဂုတ္အားအေၾကာင္းမဲ့အရွက္ေျပစြာ ပြတ္သတ္ေနမိသည္။
"စက္..ကိုကိုခန႔္လား."
"...."
ေျဖသံမလာပါပဲ သူ႕အားေငးၾကည့္ေနသူေၾကာင့္ အနားသို႔သြားကာ လည္ပင္းထက္သို႔သိုင္းကာဖက္လိုက္သည္။
"စက္..ကိုကိုေမးတာၾကားရဲ႕လား"
ထိုအခါမွအသိဝင္သူ စက္က သခၤ၏ခါးသိမ္သိမ္ေလးအားဖက္ကာ ပါးအားႏွာေခါင္းလုံးေလးနစ္ဝင္သည္အထိ နမ္းပစ္လိုက္သည္။
"ေမာင့္အမ်ိဳးသားက ခ်စ္စရာေလးဗ်ာ"
"ဟမ့္.ခန႔္တာေလ စက္ရာ၊ ဘာလို႔ကိုကိုက ခ်စ္ဖို႔ေကာင္းတယ္ ျဖစ္ရတာလဲ"
မေက်မနပ္ေျပာကာ လည္ပင္းထက္ရွိလက္အားျဖဳတ္ခ်ေနသူေၾကာင့္ စက္အသဲယားစြာပင္ ႏွာေခါင္းခ်င္းထိကာပြတ္သပ္လိုက္သည္။
"အူယားစရာ ဝက္ဝံေလး.."
"အပိုက.."
မ်က္ေစာင္းလွလွေလးထိုးကာ အျပစ္ေပးသူမွာေတာ့ ကိုကိုပင္။
စက္တစ္ေယာက္ မေနနိုင္ေတာ့ေပ။အခုခ်ိန္မွာမွ သူကိုကို႔ ကိုမနမ္းရရင္ သူတကယ္ေသေတာ့မလိုပင္.!
စက္ညွို႔အားျပင္းစြာ ကိုကို႔အားၾကည့္လိုက္သည္။ ကိုကိုသည္လဲ စက္နည္းတူအၾကည့္ခ်င္းစုံကာ ႏွစ္ဦးသားအၾကည့္တို႔ျဖင့္စကားေျပာေနသည္။
ႏႈတ္ခမ္းပါးဆီသို႔အၾကည့္လႊဲေလေတာ့ လႈပ္ခတ္သြားသည့္ ကိုကို႔၏ လည္ဇလုတ္ေလး။ ကိုကိုသည္အခုခ်ိန္ထိပင္ ရွက္ေနေသးသည္..။
ရင္ခုန္စြာႏႈတ္ခမ္းႏွစ္စုံအား ထပ္တူက်ခ်ိန္မွာေတာ့..
"အိုစ္းးးးးးး" ( ထိုင္းမေတြေအာ္သလိုအသံေလးပါေနာ္ ကိုးလ္လဲမေရးတတ္လို႔ )
ႏွစ္ဦးသားလန႔္ျဖန႔္ကာ ခႏၶာကိုယ္ခ်င္းခြာလိုက္ၾကသည္။
အဲလက္စ္၏အသံေအာင္ေအာင့္ႏွင့္ေအာ္ေသာအသံျဖစ္သည္။
"ဘာျဖစ္တာလဲ အဲလက္စ္မရ! အလန႔္တၾကားနဲ႕"
စက္က စားရခါနီးမွ ခံတြင္းနားမွျပဳတ္က်သြားသည့္မုန႔္တစ္ခုလို အဲလက္စ္အားမၾကည္ၾကည့္,ၾကည့္ကာ မ်က္ေစာင္းခဲလိုက္သည္။
"သတို႔သားေတြ မဂၤလာအခ်ိန္ေရာက္ၿပီလို႔လာေျပာတာဟဲ့ !"
စက္ ကိုကို႔အားၿပဳံးကာၾကည့္လိုက္သည္။ ထို႔ေနာက္ ကိုကို႔လက္အား အသာဆုပ္ကိုင္ကာ ေအာက္ထပ္ရွိခန္းမထဲသို႔ ဆင္းလာခဲ့လိုက္သည္။
အေရွ႕မွ သားႏွင့္အတူ ကေလးမေလးတစ္ဦးက ႀကဲခ်ထားေသာ ပန္းခင္းလမ္းေပၚမွာ ကိုကိုႏွင့္အတူသူဟာ ေလွ်ာက္လွမ္းေနသည္ဆိုေသာအသိဟာ သူ႕အားရင္ခုန္ၾကည္ႏူးေစသည္။ ကိုကို႔၏လက္မွာလဲ အေၾကာင္းမဲ့စြာတုန္ရီေနသည္ကို သူခံစားမိသည္။ ကိုကို႔အားေငးၾကည့္မိေတာ့ ၿပဳံးေပ်ာ္ေနသည့္ မ်က္ဝန္းမ်ားမွာ အရည္ၾကည္ေလးမ်ားလဲ့ေနသည္။ သူသည္လဲထပ္တူပါပင္..။
"သတို႔သားႏွစ္ဦးသည္ ပန္းခင္းလမ္းျဖစ္ေစ၊ ဆူးခင္းလမ္းျဖစ္ေစ၊ ေလာကရဲ႕ ေလာကဓံအေပၚ အတူရင္ဆိုင္မည္ဟု ကတိကဝတ္ျပဳပါသလား.."
"ဟုတ္ ကြၽန္ေတာ္တို႔ကတိျပဳပါတယ္"
"ဟုတ္ ကြၽန္ေတာ္တို႔ကတိျပဳပါတယ္"
"သတို႔သားႏွစ္ဦး မဂၤလာလက္စြပ္ ဝတ္ဆင္ေပးလို႔ရပါၿပီ"
ဘိတ္သိတ္ဆရာ၏ စကားအဆုံး သူတို႔ႏွစ္ဦးသား၏ လက္မွာ လက္ထပ္လက္စြပ္ေလးမွာ အျပန္လွန္ေနရာယူထားၿပီးၿပီျဖစ္သည္။ ႏွစ္ဦးသားၾကင္နာစြာၾကည့္ရင္း အျမတ္နိုးဆုံးနမ္းရွိုက္ခဲ့ၾကသည္။
ထိုေန႕ဟာ သူတို႔ဘဝရဲ႕ အမွတ္ရဆုံးနဲ႕အေပ်ာ္ဆုံးျဖစ္သလို၊ သူတို႔ဘဝတစ္ေလွ်ာက္မွတ္တမ္းတင္ေနမည့္ ေန႕လဲျဖစ္သည္။
~ အခ်စ္တိုင္းဟာ လွပသလို၊ ရွင္သန္နိုင္ခြင့္လဲရွိတယ္..။
ၿပိဳးေထာင္သူနဲ႕ဆိုင္သလို ဥယ်ာဥ္မႉးနဲ႕လဲဆိုင္ေသးသည္။
ကိုကိုသည္သာ သူ၏ဥယ်ာဥ္မႉးျဖစ္ၿပီး၊ ကိုကိုသည္သာ သူ၏နားခိုရာျဖစ္လိမ့္မည္။
အခ်စ္ေတြဟာ လွပပါသည္။
စစ္မွန္သ၍၊ မွန္ကန္သ၍ေပါ့~
လႊမ္းစက္ဧက ပိုင္ျမတ္သခၤ
[ long time no see ဘာဘီတို႔
မေတြ႕ရတာလဲၾကာပါၿပီ။ ခုခါမွာေတာ့ စက္တို႔ကို လာၿပီးႏႈတ္ဆက္တာေပါ့။ ခ်စ္ၾကရဲ႕လား။ အေရးသားညံ့တာသိပါတယ္။ ထပ္ၿပီးအလုပ္ေတြေၾကာင့္ေရာ၊ အပ်င္းစိတ္ေၾကာင့္ပါ အေကာင္းဆုံးမလုပ္ေပးနိုင္ရတာ စိတ္မေကာင္းေပမဲ့ ပထမဆုံးကေလးေတြကို ဒီေလာက္ပဲတတ္နိုင္ခဲ့လို႔ ကိုးလ္ကိုခြင့္လႊတ္ေပးပါ။
ခ်စ္တယ္ ဘာဘီတို႔ ~ ]
Edit- Extra ေလးကေတာ့ မေရးေတာ့ပါဘူး။ ဖတ္မယ့္လူလဲမရွိလို႔ပါ။ အကယ္၍မေကာင္းမကန္းေလးကိုသေဘာက်ရင္လဲ review ေလးေတြေပးလဲ ကိုးလ္ကစိတ္မဆိုးပါဘူးေနာ္။
ကိုးလ္ရဲ႕ FB accကေတာ့ Koe Ya Naungပါ။ လာအပ္လို႔လဲပါတယ္။ အရမ္းရွဲလ္ၿပီးေပါလို႔လာမအပ္ခ်င္လဲရပါတယ္ဗ်။