အပိုင်း-၁၃

485 21 7
                                    

For Unicode


"လွှမ်းစက်.."

သသင်္ခခေါ်သံကြောင့် လွှမ်းစက်တစ်ယောက် လက်တော့ပ်ထဲခေါင်းနစ်နေရာမှ မော့ကာကြည့်လိုက်သည်။

"ပြောလေ အကို"

"နေ့လည် ၂နာရီကျရင် Golden Lord ကုပ္မဏီနဲ့ meeting ရှိတယ်"

"ဪ ..ဟုတ္သား ၊ မေ့တော့မလို့ ၂ နာရီထိုးခါနီးရင်တစ်ချက်သတိပေးဦး"

"အင်း ..၊ မင်းလက်မှတ်ထိုးဖို့လိုတဲ့ဟာ"

"အင်း အခုယူမလား"

"ရတယ်"

"ဟုတ်၊ ထားခဲ့လိုက်လေ"

သင်္ခသည်လဲ လက်ထဲမှပါလာသော ဖိုင်တွဲအား စားပွဲပေါ်သို့တင်ကာ မိမိစားပွဲဆီသို့ပြန်လာခဲ့လိုက်သည်။

နေ့လည်စာကိုတော့ လွှမ်းစက်သဘောအတိုင်း အခန်းထဲမှာသာ သီးသန့်စားရသည်။ အခန်းထဲ၌စားခြင်းဖြစ်၍ ပြီးစလွယ်အလွယ်လင့်သော အစားစာမ်ားအား ပြင်ဆင်ပေးခြင်းမဟုတ်။ အတော်လေးအရသာရှိရာ သန့်ရှင်းသပ်ရပ်သည့် အစားစာမ်ားကိုသာ မှာပေးခြင်းဖြစ်သည်။

နေ့လည် ၂နာရီထိုးရန်အချိန်တွင်တော့ သင်္ခတစ်ယောက် လွှမ်းစက်အား သတိပေးရန် လွှမ်းစက်ရှိရာစားပွဲဆီသို့လျှောက်လာခဲ့လိုက်သည်။

"လွှမ်းစက် ..၂နာရီထိုးဖို့ ၁၅မိနစ်ပဲလိုတော့တယ်"

"သူတို့ရောရောက်ပြီလား"

"မရောက်သေးဘူး"

"ဒါဆို ၂နာရီအတိမှသွားကြမယ်"

"အင်း .."

_________________

"ဦးလေးတို့ ထိုင်ကြပါဗျ"

လွှမ်းစက် Meeting room ထဲဝင်လိုက်သည်နှင့် တစ်ဖက်ကုပ္မဏီ၏ ဥက္ကဌကပါ ထနှုတ်ဆက်ခြင်းကြောင့် လေးစားသမှုပြုကာ ဆိုလိုက်သည်။ ထိုအခါမွ ထိုလူကြီးက ပြုံးပြကာ ..

"မောင်ရင် ဒါကဦးသမီး၊ စေသာထက်သျှားတဲ့ သမီးကခုမှလုပ်ငန်းခွင်ဝင်မှာဆိုတော့ သင်ပေးပါဦး"

"အာ .. မေစသာ အကြောင်းကြားဖူးပါတယ်၊ အတော်လေးထက်မြတ်တဲ့လူမလို့ ကျွန်တော်ကသာ ပြန်ပြီးအတုယူရမှာပါဗျ"

ℂ𝕠𝕗𝕗𝕖𝕖 𝔸𝕟𝕕 𝕃𝕠𝕧𝕖 (Complete)जहाँ कहानियाँ रहती हैं। अभी खोजें