zawgyi
တ်က္စရစ္အင္ပါယာမင္း ႂကြေရာက္လာခ်ိန္မွာ လူတိုင္းဟာ ေလးစားမႈျပတဲ့အေနနဲ႕လုပ္လက္စမ်ားကို ရပ္တန့္လိုက္သည္၊ထိုေနာက္မွာ အင္ပါယာမင္းနဲ႕ဧကရီတို႔ဟာ ရာထူးအႀကီးပိုင္းေတြကို ႏူတ္ဆက္လိုက္ၿပီးေနာက္မွာ သူတို႔ဟာ ပုလႅင္ေပၚမွာ ထိုင္ေတာ့သည္၊ေဘးမွာလည္း အငယ္ဆုံးမင္းသား အန္ခ်ဴ နဲလ္ ထရစ္တာရာရပ္ေနၿပီ အင္ပါယာမင္းရဲ႕မ်က္ႏွာသာေပးမႈကို ရရွိေနေတာ့သည္၊လူတိုင္းဟာလည္း အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴဘက္ကို လွမ္းၾကည့္လိုက္သည္၊
ေကာလဟာလမ်ားအရဆိုရင္ အိမ္ေရွ႕စံမင္းသားဟာ ေရာဂါရွိေနၿပီး သူရဲ႕ေမွာ္စြမ္းအားဟာ တစ္ေန႕တျခား ဆုတ္ေလ်ာ့လာေၾကာင္း ၾကားသိရသည္၊အင္ပါယာမင္းကလည္း အငယ္ဆုံးမင္းသားကို အေရးေပးေနတာကိုျမင္ေတာ့ အိမ္ေရွ႕စံမင္းသားရာထူးကို ျပန္လည္ဆန္းစစ္ေတာ့မွာလား၊
လူတိုင္းဟာ သူတို႔ထင္ျမင္သည္မ်ားကို ေတြးေတာေနၾကေပမယ့္ ကာယကံရွင္ကေတာ့ တည္ၿငိမ္တဲ့အမူအရာနဲ႕သာ တည္ရွိေနသည္၊
'မၾကာခင္မွာ တကယ့္နဂါးဆိုတာ သူတို႔သိလာလိမ့္မယ္' ဒန္နာရီဟာ ေတြးလိုက္ၿပီးေနာက္မွာ ထရစ္ခ်ဴရဲ႕တည္ၿငိမ္တဲ့အမူအရာကို ေလးစားမိသည္၊
"က်ဳပ္ရဲ႕ေမြးေန႕ပြဲကို တက္ေရာက္လာေပးလို႔ အထူးေက်နပ္မိတယ္... ဒီေန႕မွာ က်ဳပ္ရဲ႕ခ်စ္ရတဲ့သားငယ္က ပြဲတစ္ပြဲေတာင္းဆိုထားတယ္..."အင္ပါယာမင္းဟာ အန္ခ်ဴဘက္ကို လွည့္ကာၾကည့္လိုက္သည္၊အန္ခ်ဴဟာ ၿပဳံးလိုက္ၿပီး ေရွ႕ထြက္လာကာ ထရစ္ခ်ဴကို အထင္ေသးစြာၾကည့္လိုက္သည္၊
"ကြၽန္ေတာ္ရဲ႕ခမည္းေတာ္ေမြးေန႕ပြဲကို ရိုးရိုးရွင္းရွင္းနဲ႕ မၿပီးဆုံးခ်င္တာေၾကာင့္ ၿပိဳင္ပြဲတစ္ခုလုပ္ဖို႔ စဥ္းစားထားတယ္"
"အဲ့ၿပိဳင္ပြဲေခါင္းစဥ္က အိမ္ေရွ႕စံအရိုက္အရာေျပာင္းလဲျခင္း" အန္ခ်ဴရဲ႕စကားအဆုံးမွာ ဧကရီအပါအဝင္ အေတာ္မ်ားမ်ားက ထိတ္လန့္အံ့အားသင့္သြားေတာ့သည္၊
ထရစ္ခ်ဴရဲ႕အေပါင္းအပါေတြဟာ ေဒါသေၾကာင့္ မ်က္ႏွာမ်ားရဲကုန္ေတာ့သည္၊
"ဘယ္ေလာက္ေတာင္ ေမာက္မာတဲ့ေကာင္လဲ"
ထရစ္ခ်ဴဟာ ရယ္ေမာလာေတာ့သည္၊ထိုေနာက္မွာ ေရွ႕တက္လာကာ အန္ခ်ဴကိုၾကည့္လိုက္သည္၊
"မင္းလို အလင္းစြမ္းအားပဲရွိတဲ့သူက ငါ့ကို နိုင္မယ္ထင္ေနလား" ထရစ္ခ်ဴဟာလည္း အန္ခ်ဴကို အထင္ေသးစြာေလာင္ရယ္ေမာလိုက္သည္၊
အန္ခ်ဴဟာ ခနဲ႕ၿပဳံးၿပဳံးလိုက္ၿပီး "ငါက တူညီတဲ့စြမ္းအားျခင္းၿပိဳင္ဖို႔ ေတာင္းဆိုၿပီးသားပဲ မင္းမၿပိဳင္ခ်င္ရင္ ျငင္းလို႔ရတယ္...အိမ္ေရွ႕စံေနရာကိုေရာေပါ့" ေျပာလိုက္ေတာ့ ထရစ္ခ်ဴဟာ မ်က္ခုံးတစ္ဖက္ ပင့္တက္သြားေတာ့သည္၊ထိုေနာက္မွာ ထရစ္ခ်ဴဟာ အင္ပါယာမင္းဘက္ကို လွည့္လာၾကည့္လိုက္သည္၊
"က်ဳပ္ရႉံးရင္ အိမ္ေရွ႕စံရာထူးကေန ဖယ္ေပးရမယ္ေပါ့ ဒါေပမယ့္ က်ဳပ္ညီငယ္ ရႉံးရင္ေကာ က်ဳပ္က ဘာျပန္ရမွာလဲ... ၿပိဳင္ပြဲဆိုတာ မွ်တမႈရွိသင့္တယ္လား ခမည္းေတာ္"
ထရစ္ခ်ဴစကားေၾကာင့္ အန္ခ်ဴဟာေလွာင္လိုက္သည္၊သူဟာ ရႉံးရန္အေၾကာင္းမရွိေပ၊
"ငါရႉံးရင္ သာမန္မင္းသားထိ ရာထူးခ်ခံလိုက္မယ္၊ ဘယ္ေတာ့မွ နန္းေတာ္ထဲကို ဝင္မလာေတာ့ဘူး" အန္ခ်ဴဟာ ယုံၾကည္စြာေျပာလိုက္သည္၊သူဟာ ရႉံးနိမ့္စရာအေၾကာင္းမရွိေပ၊အရင္တည္းက သူရဲ႕အလင္းစြမ္းအားက ျမင့္မားၿပီးသားပင္ က်ိန္စာမိေနတဲ့ေကာင္ကို ေအးေဆးရိုက္သိပ္နိုင္သည္၊
"ေကာင္းၿပီေလ...မင္းက ဘယ္လိုယွဥ္ၿပိဳင္ခ်င္တာလဲ"
"အျခားတစ္ေယာက္ကို ကုသေပးျခင္းနဲ႕ေပါ့ ဒါက အလင္းေမွာ္ဆရာတိုင္း လုပ္သင့္တဲ့အခ်က္ပဲမလား" အန္ခ်ဴရဲ႕စကားေၾကာင့္ ဧကရီဟာ လက္သီးကိုက်စ္က်စ္ဆုပ္လိုက္ေတာ့သည္၊သူမဟာ အန္ခ်ဴကို မုန္းတီးစြာစိုက္ၾကည့္လိုက္သည္၊
ေတာ္ဝင္မ်ိဳးႏြယ္က လူတိုင္းသိတဲ့အခ်က္ဟာ မင္းသားထရစ္ခ်ဴရဲ႕အလင္းစြမ္းအားဟာ သူတစ္ပါးကို မကုသေပးလို႔မရေခ်၊ဒါကို ဘယ္လိုေတာင္ အရွက္မဲ့စြာ စိန္ေခၚရဲတာလဲ!
"အိုး...လြယ္ကူတာပဲ" ထရစ္ခ်ဴဟာ ရယ္ေမာရင္းလက္ခံလိုက္သည္၊ထရစ္ခ်ဴရဲ႕ေပါ့ေပါ့ပါးပါး ပုံစံဟာ လူတိုင္းကို သံသယဝင္ေစသည္၊
"အိမ္ေရွ႕စံမင္းသားက... အရိုက္အရာကို စြန့္ပစ္ခ်င္ေနတာမ်ားလား..." တစ္ခ်ိဳ႕လူေတြဟာ တိုးတိုးတိတ္တိတ္နဲ႕ေျပာေနေတာ့သည္၊
အန္ခ်ဴဟာ လက္အမူအရာျပခ်ိန္မွာ ေလွာင္အိမ္ႏွစ္ခုေရာက္လာေတာ့သည္၊အေစာင့္အေရွာက္မ်ားဝန္းရံထားတဲ့ေလွာင္အိမ္ႏွစ္ခုကို ၾကည့္ရင္း လူတိုင္းဟာ မသိစိတ္ကေန ေျခလွမ္းမ်ားကို ေနာက္ဆုတ္မိေတာ့သည္၊
"ပိတ္စကို ဖယ္လိုက္" အန္ခ်ဴရဲ႕အမိန့္ကိုရသည္နဲ႕ အေစာင့္အေရွာက္ေတြဟာ ေလွာင္အိမ္မွာအုပ္ထားတဲ့ ပိတ္စအနီကို ျဖည္ခ်လိဳက္ေတာ့သည္၊
"ဘုရားသခင္!" လူတိုင္းဟာ ေလွာင္အိမ္ထဲက အရာေၾကာင့္ ထိတ္လန့္သြားေတာ့သည္၊ေလွာင္အိမ္
ေတြထဲမွာ အေမွာင္စြမ္းအားကူးစက္ခံရၿပီး နတ္ဆိုးျဖစ္ခါနီးလူႏွစ္ေယာက္ကိုေတြ႕လိုက္ရသည္၊
"ငါတို႔က သူတို႔ကို ကုသ႐ုံပဲ... ဘယ္လိုလဲ မင္းေနာက္ဆုတ္လို႔ရေသးတယ္" အန္ခ်ဴဟာ ထရစ္ခ်ဴကို အထင္ေသးစြာၾကည့္ရင္းေျပာလိုက္သည္၊ဒီႏွစ္ေတြၾကားမွာ သူရဲ႕ခမည္းေတာ္ဟာ သူရဲ႕စြမ္းအင္တိုးတက္ေစဖို႔ အမ်ိဳးမ်ိဳးေထာက္ပံ့ေပးခဲ့သည္၊ဒါေၾကာင့္ ေလွာင္အိမ္ထဲက နတ္ဆိုးလူသားေတြကို ကုသနို္င္ဖို႔ ငါးဆယ္ရာခိုင္ႏႈန္း ယုံၾကည္ခ်က္ရွိလွသည္၊ဒါက ထရစ္ခ်ဴကို နိုင္ရန္ လုံေလာက္သည္၊
"အိုး... အရင္ ကုသေလ " ထရစ္ခ်ဴဟာ လက္ပိုက္လိုက္ၿပီး အန္ခ်ဴကို ကုသခိုင္းလိုက္သည္၊အန္ခ်ဴဟာ ႏွာမႈတ္လိုက္ၿပီး "လာ ဟန္ေဆာင္ျပေနတယ္ " လို႔ေျပာလိုက္ေပမယ့္ သူဟာ ေရွ႕တက္လိုက္ၿပီး ေလွာင္အိမ္ထဲက နတ္ဆိုးလူသားကို ကုသရန္ ဂါထာတစ္ပုဒ္ကို စတင္႐ြတ္ဆိုေတာ့သည္၊
*ဂါထာ႐ြတ္ဆိုသံ*
ဂါထာ႐ြတ္ဆိုေနခ်ိန္မွာ အန္ခ်ဴရဲ႕လက္မ်ားဟာ လင္းလက္ေနၿပီး ေလွာင္အိမ္ထဲက နတ္ဆိုးလူသားဆီကို တိုက္ရိုက္သက္ေရာက္ေနေတာ့သည္၊ေလွာင္အိမ္ထဲက နတ္ဆိုးလူသားဟာ နာက်င္စြာ ေအာ္ဟစ္ေနရင္း လြတ္ေျမာက္ရန္ ခ်ိန္းႀကိဳးေတြကို စတင္ကိုက္ျဖတ္ေနေတာ့သည္၊ဒါေပမယ့္ ခ်ိန္းႀကိဳးေတြဟာ နတ္ဆိုးေတြကို ဖမ္းရန္ သီးသန့္ဖန္တီးထားတာေၾကာင့္ နတ္ဆိုးလူသားဟာ မဖ်က္စီးနိုင္ေပ၊
ေလွာင္အိမ္ထဲက နတ္ဆိုးလူသားရဲ႕အနက္ေရာင္စြမ္းအားမ်ားဟာ ယုတ္ေလ်ာ့လာၿပီး တစ္ျဖည္းျဖည္းအသားေရာင္သန္းလာေတာ့သည္၊ဒါေပမယ့္ အန္ခ်ဴဟာ သူရဲ႕အဆုံးသတ္ကို ေရာက္ေနၿပီျဖစ္ၿပီး အလင္းစြမ္းအားဟာ တျဖည္းျဖည္းကုန္ခမ္းလာေတာ့သည္၊
ထိုေနာက္မွာ အန္ခ်ဴဟာ ကုသေနသည္ကိုရပ္တန့္လိုက္ၿပီး သူရဲ႕စြမ္းအားကို ဂုဏ္ယူေနေတာ့သည္၊သူဟာ ၾကည့္ရႈေနတဲ့သူေတြဘက္ကိုလွည့္ကာ ေျပာလိုက္သည္၊
"ျမင္တဲ့အတိုင္းပဲ ေနာက္တစ္ခါ နတ္ဆိုးလူသားေတြကို ကြၽန္ေတာ္က သုံးရက္အတြင္းအေကာင္းအတိုင္းကုသေပးနိုင္ၿပီ" အန္ခ်ဴရဲ႕စကားေၾကာင့္ လူတိုင္းဟာ စိတ္လႈပ္ရွားသြားေတာ့သည္၊သူတို႔ဟာ ႏွစ္တိုင္း နတ္ဆိုးေတြရဲ႕က်ဴးေက်ာ္မႈကို ခံရကာ နတ္ဆိုးလူသားျဖစ္မည္ကို ေၾကာက္႐ြံ႕ေနရသည္မလား၊
လူသားရဲ႕ေလးစားမႈကို အန္ခ်ဴဟာ ခံရခ်ိန္မွာ သူရဲ႕ယုံၾကည္ခ်က္ဟာ ျပင္းထန္လာေတာ့သည္၊သူဟာ ထရစ္ခ်ဴကို ၾကည့္လိုက္ၿပီး "မင္းအလွည့္ေရာက္ၿပီ" လို႔ေျပာလိုက္သည္၊ထရစ္ခ်ဴဟာ ေရွ႕ကို တက္လာၿပီး ေလွာင္အိမ္နားရပ္လိုက္သည္၊ထိုေနာက္မွာ အန္ခ်ဴနဲ႕အင္ပါယာမင္းကို ၿပဳံးကာၾကည့္လိုက္သည္၊
"မင္းတို႔ အိပ္မက္ေတြကို ဖ်က္စိးမိလို႔ စိတ္မေကာင္းျဖစ္မိတယ္"
ထိုေနာက္မွာ ထရစ္ခ်ဴဟာလည္း ဂါထာတစ္ပုဒ္စတင္႐ြတ္ဆိုေတာ့သည္၊ထရစ္ခ်ဴရဲ႕အလင္းစြမ္းအားဟာ အန္ခ်ဴထက္ လ်င္ျမန္စြာႀကီးထြားလာေတာ့သည္၊ထိုေနာက္မွာ ေလွာင္အိမ္ႏွစ္ခုထဲက နတ္ဆိုးလူသားေတြဟာ နာက်င္စြာေအာ္ဟစ္လာေတာ့သည္၊
ထရစ္ခ်ဴဟာ ေနာက္ထက္ဂါထာတစ္ပုဒ္႐ြတ္ဆိုလိုက္သည္၊ထိုဂါထာေၾကာင့္ နတ္ဆိုးလူသားမ်ားဟာ နာက်င္မႈမ်ားေပ်ာက္ကာ သက္ေသာင့္သက္သာျဖစ္လာေတာ့သည္၊
"တစ္ခ်ိန္တည္းနဲ႕ ဂါထာႏွစ္ပုဒ္ ႐ြတ္ဆိုတာပဲ...အိမ္ေရွ႕စံမင္းသားက အၿမဲအ့ံေအာဖို႔ေကာင္းလိုက္တာ" ထရစ္ခ်ဴရဲ႕အေပါင္းအပါတစ္ဦးဟာ က်ယ္ေလာင္စြာခ်ီးမြမ္းလိုက္သည္၊
အန္ခ်ဴဟာ မ်က္ႏွာပ်က္သြားေပမယ့္ သူတို႔ရဲ႕ယွဥ္ၿပိဳင္မႈက နတ္ဆိုးလူသားေတြကို ကုသနိုင္၊မနိုင္ျဖစ္သည္၊ထိုခ်ိ္န္မွာ ထရစ္ခ်ဴရဲ႕ေနာက္မွာ နတ္သမင္တစ္ေကာင္ေပၚလာေတာ့သည္၊
"ဒါက အလင္းနတ္သမင္မလား!အိမ္ေရွ႕စံမင္းသားရဲ႕အလင္းစြမ္းအားက အလင္းနတ္သမင္ကို ဆင့္ေခၚနိုင္တဲ့အဆင့္ရွိ္ေနၿပီေပါ့" လူတိုင္းဟာ ေလးစားတဲ့အသံနဲ႕ေျပာေနၾကေတာ့သည္၊
နတ္သမင္ဟာ ေျမျပင္ေပၚဆင္းသက္လာၿပီး နတ္ဆိုးလူသားေတြနားသြားက နတ္ဆိုးလူသားရဲ႕နဖူးကို သူ႕ဂ်ိဳနဲ႕ထိလိုက္ခ်ိန္မွာ အလင္းစြမ္းအားမ်ားျဖာထြက္လာကာ နတ္ဆိုးလူသားရဲ႕နက္ေမွာင္ေနတဲ့အသားအရည္ဟာ တစ္ျဖည္းျဖည္းေျပာင္းလဲလာေတာ့သည္၊ထိုေနာက္မွာ နီရဲေနတဲ့မ်က္ဝန္းမ်ားဟာလည္း ပင္ကိုယ္အေရာင္ကို ျပန္လည္ေျပာင္းလဲလာၿပီး သြားစြယ္မ်ားဟာလည္း လူသားသြားအျဖစ္ေျပာင္းလဲလာေတာ့သည္၊
"ကြၽန္...ကြၽန္ေတာ္....ဘာ...ျဖစ္..." နတ္ဆိုးလူသားအျဖစ္ေျပာင္းလဲသြားတဲ့သူဟာ စကားစတင္ေျပာနိုင္ခ်ိန္မွာ လူတိုင္းဟာ ေရွ႕ရွိျမင္ကြင္းကို ယုံၾကည္ရခက္ေနေတာ့သည္၊ထရစ္ခ်ဴဟာ နတ္ဆိုးလူသားႏွစ္ေယာက္လုံးကို ကုသေပးလိုက္သည္၊ထိုေနာက္မွာ အန္ခ်ဴဘက္ကို လွည့္ၾကည့္လိုက္သည္၊
"ေျပာၾကည့္ပါအုံး ညီငယ္ေလး...မင္းက ငါ့ကို အနိုင္ရရွိမယ္လို႔ ထင္ေနလား"
-*-*-*-*-*-*-*-*-
Chapter -74ေမွ်ာ္
-*-*-*-*-
Unicode
တျက်စရစ်အင်ပါယာမင်း ကြွရောက်လာချိန်မှာ လူတိုင်းဟာ လေးစားမှုပြတဲ့အနေနဲ့လုပ်လက်စများကို ရပ်တန့်လိုက်သည်၊ထိုနောက်မှာ အင်ပါယာမင်းနဲ့ဧကရီတို့ဟာ ရာထူးအကြီးပိုင်းတွေကို နူတ်ဆက်လိုက်ပြီးနောက်မှာ သူတို့ဟာ ပုလ္လင်ပေါ်မှာ ထိုင်တော့သည်၊ဘေးမှာလည်း အငယ်ဆုံးမင်းသား အန်ချူ နဲလ် ထရစ်တာရာရပ်နေပြီ အင်ပါယာမင်းရဲ့မျက်နှာသာပေးမှုကို ရရှိနေတော့သည်၊လူတိုင်းဟာလည်း အိမ်ရှေ့စံမင်းသားထရစ်ချူဘက်ကို လှမ်းကြည့်လိုက်သည်၊
ကောလဟာလများအရဆိုရင် အိမ်ရှေ့စံမင်းသားဟာ ရောဂါရှိနေပြီး သူရဲ့မှော်စွမ်းအားဟာ တစ်နေ့တခြား ဆုတ်လျော့လာကြောင်း ကြားသိရသည်၊အင်ပါယာမင်းကလည်း အငယ်ဆုံးမင်းသားကို အရေးပေးနေတာကိုမြင်တော့ အိမ်ရှေ့စံမင်းသားရာထူးကို ပြန်လည်ဆန်းစစ်တော့မှာလား၊
လူတိုင်းဟာ သူတို့ထင်မြင်သည်များကို တွေးတောနေကြပေမယ့် ကာယကံရှင်ကတော့ တည်ငြိမ်တဲ့အမူအရာနဲ့သာ တည်ရှိနေသည်၊
'မကြာခင်မှာ တကယ့်နဂါးဆိုတာ သူတို့သိလာလိမ့်မယ်' ဒန်နာရီဟာ တွေးလိုက်ပြီးနောက်မှာ ထရစ်ချူရဲ့တည်ငြိမ်တဲ့အမူအရာကို လေးစားမိသည်၊
"ကျုပ်ရဲ့မွေးနေ့ပွဲကို တက်ရောက်လာပေးလို့ အထူးကျေနပ်မိတယ်... ဒီနေ့မှာ ကျုပ်ရဲ့ချစ်ရတဲ့သားငယ်က ပွဲတစ်ပွဲတောင်းဆိုထားတယ်..."အင်ပါယာမင်းဟာ အန်ချူဘက်ကို လှည့်ကာကြည့်လိုက်သည်၊အန်ချူဟာ ပြုံးလိုက်ပြီး ရှေ့ထွက်လာကာ ထရစ်ချူကို အထင်သေးစွာကြည့်လိုက်သည်၊
"ကျွန်တော်ရဲ့ခမည်းတော်မွေးနေ့ပွဲကို ရိုးရိုးရှင်းရှင်းနဲ့ မပြီးဆုံးချင်တာကြောင့် ပြိုင်ပွဲတစ်ခုလုပ်ဖို့ စဥ်းစားထားတယ်"
"အဲ့ပြိုင်ပွဲခေါင်းစဥ်က အိမ်ရှေ့စံအရိုက်အရာပြောင်းလဲခြင်း" အန်ချူရဲ့စကားအဆုံးမှာ ဧကရီအပါအဝင် အတော်များများက ထိတ်လန့်အံ့အားသင့်သွားတော့သည်၊
ထရစ်ချူရဲ့အပေါင်းအပါတွေဟာ ဒေါသကြောင့် မျက်နှာများရဲကုန်တော့သည်၊
"ဘယ်လောက်တောင် မောက်မာတဲ့ကောင်လဲ"
ထရစ်ချူဟာ ရယ်မောလာတော့သည်၊ထိုနောက်မှာ ရှေ့တက်လာကာ အန်ချူကိုကြည့်လိုက်သည်၊
"မင်းလို အလင်းစွမ်းအားပဲရှိတဲ့သူက ငါ့ကို နိုင်မယ်ထင်နေလား" ထရစ်ချူဟာလည်း အန်ချူကို အထင်သေးစွာလောင်ရယ်မောလိုက်သည်၊
အန်ချူဟာ ခနဲ့ပြုံးပြုံးလိုက်ပြီး "ငါက တူညီတဲ့စွမ်းအားခြင်းပြိုင်ဖို့ တောင်းဆိုပြီးသားပဲ မင်းမပြိုင်ချင်ရင် ငြင်းလို့ရတယ်...အိမ်ရှေ့စံနေရာကိုရောပေါ့" ပြောလိုက်တော့ ထရစ်ချူဟာ မျက်ခုံးတစ်ဖက် ပင့်တက်သွားတော့သည်၊ထိုနောက်မှာ ထရစ်ချူဟာ အင်ပါယာမင်းဘက်ကို လှည့်လာကြည့်လိုက်သည်၊
"ကျုပ်ရှူံးရင် အိမ်ရှေ့စံရာထူးကနေ ဖယ်ပေးရမယ်ပေါ့ ဒါပေမယ့် ကျုပ်ညီငယ် ရှူံးရင်ကော ကျုပ်က ဘာပြန်ရမှာလဲ... ပြိုင်ပွဲဆိုတာ မျှတမှုရှိသင့်တယ်လား ခမည်းတော်"
ထရစ်ချူစကားကြောင့် အန်ချူဟာလှောင်လိုက်သည်၊သူဟာ ရှူံးရန်အကြောင်းမရှိပေ၊
"ငါရှူံးရင် သာမန်မင်းသားထိ ရာထူးချခံလိုက်မယ်၊ ဘယ်တော့မှ နန်းတော်ထဲကို ဝင်မလာတော့ဘူး" အန်ချူဟာ ယုံကြည်စွာပြောလိုက်သည်၊သူဟာ ရှူံးနိမ့်စရာအကြောင်းမရှိပေ၊အရင်တည်းက သူရဲ့အလင်းစွမ်းအားက မြင့်မားပြီးသားပင် ကျိန်စာမိနေတဲ့ကောင်ကို အေးဆေးရိုက်သိပ်နိုင်သည်၊
"ကောင်းပြီလေ...မင်းက ဘယ်လိုယှဥ်ပြိုင်ချင်တာလဲ"
"အခြားတစ်ယောက်ကို ကုသပေးခြင်းနဲ့ပေါ့ ဒါက အလင်းမှော်ဆရာတိုင်း လုပ်သင့်တဲ့အချက်ပဲမလား" အန်ချူရဲ့စကားကြောင့် ဧကရီဟာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်တော့သည်၊သူမဟာ အန်ချူကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်၊
တော်ဝင်မျိုးနွယ်က လူတိုင်းသိတဲ့အချက်ဟာ မင်းသားထရစ်ချူရဲ့အလင်းစွမ်းအားဟာ သူတစ်ပါးကို မကုသပေးလို့မရချေ၊ဒါကို ဘယ်လိုတောင် အရှက်မဲ့စွာ စိန်ခေါ်ရဲတာလဲ!
"အိုး...လွယ်ကူတာပဲ" ထရစ်ချူဟာ ရယ်မောရင်းလက်ခံလိုက်သည်၊ထရစ်ချူရဲ့ပေါ့ပေါ့ပါးပါး ပုံစံဟာ လူတိုင်းကို သံသယဝင်စေသည်၊
"အိမ်ရှေ့စံမင်းသားက... အရိုက်အရာကို စွန့်ပစ်ချင်နေတာများလား..." တစ်ချို့လူတွေဟာ တိုးတိုးတိတ်တိတ်နဲ့ပြောနေတော့သည်၊
အန်ချူဟာ လက်အမူအရာပြချိန်မှာ လှောင်အိမ်နှစ်ခုရောက်လာတော့သည်၊အစောင့်အရှောက်များဝန်းရံထားတဲ့လှောင်အိမ်နှစ်ခုကို ကြည့်ရင်း လူတိုင်းဟာ မသိစိတ်ကနေ ခြေလှမ်းများကို နောက်ဆုတ်မိတော့သည်၊
"ပိတ်စကို ဖယ်လိုက်" အန်ချူရဲ့အမိန့်ကိုရသည်နဲ့ အစောင့်အရှောက်တွေဟာ လှောင်အိမ်မှာအုပ်ထားတဲ့ ပိတ်စအနီကို ဖြည်ချလိုက်တော့သည်၊
"ဘုရားသခင်!" လူတိုင်းဟာ လှောင်အိမ်ထဲက အရာကြောင့် ထိတ်လန့်သွားတော့သည်၊လှောင်အိမ်
တေွထဲမှာ အမှောင်စွမ်းအားကူးစက်ခံရပြီး နတ်ဆိုးဖြစ်ခါနီးလူနှစ်ယောက်ကိုတွေ့လိုက်ရသည်၊
"ငါတို့က သူတို့ကို ကုသရုံပဲ... ဘယ်လိုလဲ မင်းနောက်ဆုတ်လို့ရသေးတယ်" အန်ချူဟာ ထရစ်ချူကို အထင်သေးစွာကြည့်ရင်းပြောလိုက်သည်၊ဒီနှစ်တွေကြားမှာ သူရဲ့ခမည်းတော်ဟာ သူရဲ့စွမ်းအင်တိုးတက်စေဖို့ အမျိုးမျိုးထောက်ပံ့ပေးခဲ့သည်၊ဒါကြောင့် ေလှာင်အိမ်ထဲက နတ်ဆိုးလူသားတွေကို ကုသနို်င်ဖို့ ငါးဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိလှသည်၊ဒါက ထရစ်ချူကို နိုင်ရန် လုံလောက်သည်၊
"အိုး... အရင် ကုသလေ " ထရစ်ချူဟာ လက်ပိုက်လိုက်ပြီး အန်ချူကို ကုသခိုင်းလိုက်သည်၊အန်ချူဟာ နှာမှုတ်လိုက်ပြီး "လာ ဟန်ဆောင်ပြနေတယ် " လို့ပြောလိုက်ပေမယ့် သူဟာ ရှေ့တက်လိုက်ပြီး လှောင်အိမ်ထဲက နတ်ဆိုးလူသားကို ကုသရန် ဂါထာတစ်ပုဒ်ကို စတင်ရွတ်ဆိုတော့သည်၊
*ဂါထာရွတ်ဆိုသံ*
ဂါထာရွတ်ဆိုနေချိန်မှာ အန်ချူရဲ့လက်များဟာ လင်းလက်နေပြီး လှောင်အိမ်ထဲက နတ်ဆိုးလူသားဆီကို တိုက်ရိုက်သက်ရောက်နေတော့သည်၊လှောင်အိမ်ထဲက နတ်ဆိုးလူသားဟာ နာကျင်စွာ အော်ဟစ်နေရင်း လွတ်မြောက်ရန် ချိန်းကြိုးတွေကို စတင်ကိုက်ဖြတ်နေတော့သည်၊ဒါပေမယ့် ချိန်းကြိုးတွေဟာ နတ်ဆိုးတွေကို ဖမ်းရန် သီးသန့်ဖန်တီးထားတာကြောင့် နတ်ဆိုးလူသားဟာ မဖျက်စီးနိုင်ပေ၊
လှောင်အိမ်ထဲက နတ်ဆိုးလူသားရဲ့အနက်ရောင်စွမ်းအားများဟာ ယုတ်လျော့လာပြီး တစ်ဖြည်းဖြည်းအသားရောင်သန်းလာတော့သည်၊ဒါပေမယ့် အန်ချူဟာ သူရဲ့အဆုံးသတ်ကို ရောက်နေပြီဖြစ်ပြီး အလင်းစွမ်းအားဟာ တဖြည်းဖြည်းကုန်ခမ်းလာတော့သည်၊
ထိုနောက်မှာ အန်ချူဟာ ကုသနေသည်ကိုရပ်တန့်လိုက်ပြီး သူရဲ့စွမ်းအားကို ဂုဏ်ယူနေတော့သည်၊သူဟာ ကြည့်ရှုနေတဲ့သူတွေဘက်ကိုလှည့်ကာ ပြောလိုက်သည်၊
"မြင်တဲ့အတိုင်းပဲ နောက်တစ်ခါ နတ်ဆိုးလူသားတွေကို ကျွန်တော်က သုံးရက်အတွင်းအကောင်းအတိုင်းကုသပေးနိုင်ပြီ" အန်ချူရဲ့စကားကြောင့် လူတိုင်းဟာ စိတ်လှုပ်ရှားသွားတော့သည်၊သူတို့ဟာ နှစ်တိုင်း နတ်ဆိုးတွေရဲ့ကျူးကျော်မှုကို ခံရကာ နတ်ဆိုးလူသားဖြစ်မည်ကို ကြောက်ရွံ့နေရသည်မလား၊
လူသားရဲ့လေးစားမှုကို အန်ချူဟာ ခံရချိန်မှာ သူရဲ့ယုံကြည်ချက်ဟာ ပြင်းထန်လာတော့သည်၊သူဟာ ထရစ်ချူကို ကြည့်လိုက်ပြီး "မင်းအလှည့်ရောက်ပြီ" လို့ပြောလိုက်သည်၊ထရစ်ချူဟာ ရှေ့ကို တက်လာပြီး လှောင်အိမ်နားရပ်လိုက်သည်၊ထိုနောက်မှာ အန်ချူနဲ့အင်ပါယာမင်းကို ပြုံးကာကြည့်လိုက်သည်၊
"မင်းတို့ အိပ်မက်တွေကို ဖျက်စိးမိလို့ စိတ်မကောင်းဖြစ်မိတယ်"
ထိုနောက်မှာ ထရစ်ချူဟာလည်း ဂါထာတစ်ပုဒ်စတင်ရွတ်ဆိုတော့သည်၊ထရစ်ချူရဲ့အလင်းစွမ်းအားဟာ အန်ချူထက် လျင်မြန်စွာကြီးထွားလာတော့သည်၊ထိုနောက်မှာ လှောင်အိမ်နှစ်ခုထဲက နတ်ဆိုးလူသားတွေဟာ နာကျင်စွာအော်ဟစ်လာတော့သည်၊
ထရစ်ချူဟာ နောက်ထက်ဂါထာတစ်ပုဒ်ရွတ်ဆိုလိုက်သည်၊ထိုဂါထာကြောင့် နတ်ဆိုးလူသားများဟာ နာကျင်မှုများပျောက်ကာ သက်သောင့်သက်သာဖြစ်လာတော့သည်၊
"တစ်ချိန်တည်းနဲ့ ဂါထာနှစ်ပုဒ် ရွတ်ဆိုတာပဲ...အိမ်ရှေ့စံမင်းသားက အမြဲအ့ံအောဖို့ကောင်းလိုက်တာ" ထရစ်ချူရဲ့အပေါင်းအပါတစ်ဦးဟာ ကျယ်လောင်စွာချီးမွမ်းလိုက်သည်၊
အန်ချူဟာ မျက်နှာပျက်သွားပေမယ့် သူတို့ရဲ့ယှဥ်ပြိုင်မှုက နတ်ဆိုးလူသားတွေကို ကုသနိုင်၊မနိုင်ဖြစ်သည်၊ထိုချိ်န်မှာ ထရစ်ချူရဲ့နောက်မှာ နတ်သမင်တစ်ကောင်ပေါ်လာတော့သည်၊
"ဒါက အလင်းနတ်သမင်မလား!အိမ်ရှေ့စံမင်းသားရဲ့အလင်းစွမ်းအားက အလင်းနတ်သမင်ကို ဆင့်ခေါ်နိုင်တဲ့အဆင့်ရှိ်နေပြီပေါ့" လူတိုင်းဟာ လေးစားတဲ့အသံနဲ့ပြောနေကြတော့သည်၊
နတ်သမင်ဟာ မြေပြင်ပေါ်ဆင်းသက်လာပြီး နတ်ဆိုးလူသားတွေနားသွားက နတ်ဆိုးလူသားရဲ့နဖူးကို သူ့ဂျိုနဲ့ထိလိုက်ချိန်မှာ အလင်းစွမ်းအားများဖြာထွက်လာကာ နတ်ဆိုးလူသားရဲ့နက်မှောင်နေတဲ့အသားအရည်ဟာ တစ်ဖြည်းဖြည်းပြောင်းလဲလာတော့သည်၊ထိုနောက်မှာ နီရဲနေတဲ့မျက်ဝန်းများဟာလည်း ပင်ကိုယ်အရောင်ကို ပြန်လည်ပြောင်းလဲလာပြီး သွားစွယ်များဟာလည်း လူသားသွားအဖြစ်ပြောင်းလဲလာတော့သည်၊
"ကျွန်...ကျွန်တော်....ဘာ...ဖြစ်..." နတ်ဆိုးလူသားအဖြစ်ပြောင်းလဲသွားတဲ့သူဟာ စကားစတင်ပြောနိုင်ချိန်မှာ လူတိုင်းဟာ ရှေ့ရှိမြင်ကွင်းကို ယုံကြည်ရခက်နေတော့သည်၊ထရစ်ချူဟာ နတ်ဆိုးလူသားနှစ်ယောက်လုံးကို ကုသပေးလိုက်သည်၊ထိုနောက်မှာ အန်ချူဘက်ကို လှည့်ကြည့်လိုက်သည်၊
"ပြောကြည့်ပါအုံး ညီငယ်လေး...မင်းက ငါ့ကို အနိုင်ရရှိမယ်လို့ ထင်နေလား"
-*-*-*-*-*-*-*-*-
Chapter -74မျှော်