ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ

Por onyourc_andy

16.8K 1.8K 141

𝐖𝐞 𝐝𝐨𝐧'𝐭 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐭𝐨 𝐛𝐞 𝐥𝐨𝐯𝐞𝐝 Mais

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{ɪɴᴛʀᴏ}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{1}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{6}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{14}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{20}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{𝐅𝐢𝐧𝐚𝐥}
🌷
New OTP

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{4}

591 74 4
Por onyourc_andy

"I can't help thinking about him"

"Sung han bin??"

"Yeah"

"You should forget him"

"I know that but I can't "

"Idiot"

"You know about me, I dislike waiting for someone for a long time but him... "

"Nah..that guy is really bad guy"

"No he is good!!"

"you really falling in love with him"

"haha I know"

မက်သရူးက ကနေဒါသားမို့  အခုလို ဂျေး၊ကင်ဒမ်တို့နဲ့တွေ့ရင် မက်သရူးတို့က
ကိုရီးယားစကားကို သိပ်မသုံးဖြစ်ကျ
မက်သရူးတို့အတွက် အခြားဘာသာစကားကအနည်းငယ် ခက်ခဲတာကို အခုလည်းဂျေးတို့က hyung ကိုမေ့ဖို့ပြောနေကျ၏ မက်သရူးပြုံးပဲပြုံးနေလိုက်၏ မက်သရူးမှ မလုပ်နိုင်တာကို

မက်သရူးက သူငယ်ချင်းများတယ် လူတိုင်းကလည်းမက်သရူးကို "sunshine"လေးလို့ခေါ်ကာ ဝိုင်းချစ်ကျ၏ ထိုလူတွေထဲ hyung တော့မပါဝင်ခဲ့

"မင်းတို့ကို အတူတူမမြင်ရတာကြာပီပဲ"

"ဘယ်မြင်မလဲ hyungရ တစ်စုံတစ်ယောက်က ချိန်တိုင်း အလုပ်ကိစ္စရှိတယ်ဆိုပြီးထွက်ထွက်သွားတာကို အဲ့အလုပ်ဆိုတာကြီးကလည်း တစ်စုံတစ်ယောက်အတွက်"

အစ်ကိုဂျုံဝူးရဲ့အမေးကို ဂျေးကမက်သရူးကိုကြည့်ကာ ရွဲ့ဖြေလာသည်မို့ မက်သရူးတို့ အားရပါးရရယ်လိုက်ကျ၏ ဟုတ်တာပေါ့ မက်သရူးက hyung ဆီကိုပဲပြေးသွားနေခဲ့တာ အမှန်တိုင်းပြောရရင် ဂျေးတို့ကို
မက်သရူးအားနာမိတယ်

~

"ရစ်ကီ ငါတို့တွေ ဒီနေ့ဒိတ်ကျမလား ဒီနေ့က ငါတို့တွဲတာ 6လပြည့်တဲ့နေ့လေ"

"အရေးမပါတွေ အိမ်မှာပဲနေ"

"အင်းပါ ရစ်ကီမကြိုက်ရင် မသွားတော့ပါဘူး"

ရစ်ကီပြောလိုက်တော့ မျက်နှာညှိုးသွားတဲ့ ထယ်ရယ် ဒီလိုကျတော့ ရစ်ကီက မကောင်းတဲ့သူကြီးဖြစ်နေတာပေါ့ တကယ်ဆိုရစ်ကီက ဒီလိုသွားရတာမျိုးကိုမကြိုက်ဘူး
ဘာကြောင့် လူတွေက anniversary နေ့တိုင်းလိုလို date နေကျရတာလဲ စိတ်ရှုပ်ဖို့ကောင်းအောင်

ထယ်ရယ်က မတောင်သင့်တဲ့ခွင့်ကိုတောင်းခဲ့မိတာပဲ ပြီးတော့ ဒီ anniversary dayကို ထယ်ရယ်ပဲမှတ်မိနေတာကလဲ ရယ်စရာကောင်းလွန်းတယ်

"မက်သရူး အားလား"

"အားတယ်လေ ဂျီဝန်း hyung"

"ဒါဆို hyung နဲ့ခနလိုက်ခဲ့ အိမ်အတွက်လိုတာလေးတွေဝယ်ချင်လို့ ကျန်တဲ့သူတွေကမအားလို့လေ"

မက်သရူး ဆိုဖာပေါ်မှာထိုင်နေတဲ့ဂယူဘင်ဆီက "ငါတစ်ယောက်လုံးအားနေတာကို အပိုတွေ" ဟူသောစကားသံတိုးတိုးလေးကိုကြားဖြစ်အောင်ကြားလိုက်ပါသေးတယ်
ဂျီဝန်းhyung က တကယ့်ကိုမလိမ်တက်လိုက်တာ

"မက်သရူး"

"ဗျာ"

"အခုတလော အဆင်ပြေရဲ့လား နည်းနည်းပိန်သွားသလိုပဲ"

"ပြေပါတယ် ပိန်သွားတယ်ဆိုတာက အလုပ်တွေနည်းနည်းရှုပ်နေလို့နေမှာပါ hyung ရ"

မက်သရူးလို Design Manager တစ်ယောက်က ပြေးလွှာနေရတဲ့အလုပ်မျိုးလည်းမဟုတ်ပါပဲနဲ့ အလွန်ပင်ပန်းနေသည့်ပုံစံကိုကြည့်ရခြင်းအားဖြင့် အလုပ်ကြောင့်မဟုတ်ပဲ တစ်ယောက်ယောက်ကြောင့်ဆိုတာ မက်သရူးမပြောလဲ ဂျီဝန်းသိပါတယ်

"မက်သရူး လွှတ်ချလိုက်ပြီးတော့ ကိုယ့်ဆီကိုပဲ လာလို့မရဘူးလား ကိုယ့်အတွက်ကျန်တာမလိုဘူး မင်းပဲလိုတယ်မက်သရူး"

ရုတ်တရက် အတည်ပေါက်ပြောလာတဲ့
ဂျီဝန်း hyung ကြောင့် မက်သရူးမှာ အနည်းငယ်နေရခက်လာ၏

"လွှတ်ချဖို့ဆိုတာက ခက်ခဲလွန်းတယ် hyung  ကရော ဘာလို့ ကျွန်တော့်ကို ချစ်နေသေးတာလဲ"

မက်သရူးမေးတဲ့မေးခွန်းက ‌ရိုးရိုးလေးပါ ဒါပေမဲ့ ဂျီဝန်းမှာ ဒီမေးခွန်းအတွက် အဖြေကရှိမနေခဲ့

မက်သရူး ဂျီဝန်းhyungကိုအားနာရတယ်
ဂျီဝန်း hyung က မက်သရူးအတွက် အစ်ကိုအရင်းတစ်ယောက်လိုပဲ မက်သရူးဘက်ကလည်း အဲ့ထက်မပိုဘူး မက်သရူးဘဝမှာချစ်ခဲ့ရတဲ့လူသားက နှစ်ယောက်ပဲ ကလေးဘဝက ဆောင်းဟန်ဘင်း ပြီးတော့ အခုလက်ရှိဘဝက ဆောင်ဟန်ဘင်း

ဆောင်းဟန်ဘင်းအကြောင်း တွေးမိ‌ရင် ပြုံးလာမိတဲ့ မက်သရူး ကိုယ့်ကိုယ်ကိုယ်ရယ်မိလိုက်တယ် မက်သရူးက ဆောင်းဟန်ဘင်းနဲ့ပတ်သက်ရင် အရူးပဲ။

~

"hyung ကျွန်တော်လိုက်ပို့မယ်"

"ရတယ် မောင်က ငါ့ကိုလာပို့ပေးမှာ"

"သူက အခုဘယ်မှာလဲ"

"..."

"မရှိတာကို မျှော်နေသေးတယ် တက်"

"ငါမတက်ချင်ဘူး ဆောင်းဟန်ဘင်း ငါ့အပေါ် ဇွတ်အတင်းလာမလုပ်နဲ့"

"hyung ကိုကျွန်တော်တက်ဖို့ပြောနေတယ်နော်!"

"ဟန်နီ"

အချိန်ကိုကရောက်လာတဲ့ မောင်ကြောင့်
ဟာအိုမှာ အနည်းငယ်အားတက်လာရတယ်

"မောင်"

"ဟန်နီ့ကို ဟန်ဘင်းhyungက လိုက်ပို့မလို့လား ဒါဆိုရင်တော့ ကျေးဇူးပဲနော် ကျွန်တော်ပဲလိုက်ပို့ပေးလိုက်ပါ့မယ်"

ဟန်ဘင်းဘာမှ ပြန်မပြောဖြစ်လိုက် ဒီကောင်သာမရောက်လာခဲ့ရင် ကောင်းသားဟုသာ ဟန်ဘင်းတွေးလိုက်မိ၏

‌"မောင် ရောက်လာတာတော်သေးတာပေါ့"

"မောင် သူ့ကို သိပ်မယုံဘူးဟန်နီ သူနဲ့ဝေးဝေးနေပါလား မောင်သိပ်စိတ်မချလို့"

"မောင်ရယ် ဟန်နီသိပါတယ် ပြီးတော့
ဟန်ဘင်းက အဲ့လိုမျိုး အန္တရာယ်ပြုတဲ့ကလေးတော့မဟုတ်ပါဘူး...ပြီးတော့ မောင်လည်းရှိတာပဲလေ မောင်က ကာကွယ်ပေးပေါ့"

"အတက်ကလေး မောင့်ဟန်နီက"

"ဟီး မောင့်အသက်က စကားတက်ပါတယ်နော် လျှိုထားတာ"

"အဟား ဟုတ်ပါပြီဗျာ"

အခုဆို မောင်က ဟန်ဘင်းကိုစိတ်ထင့်နေပြီ မောင်နဲ့ဟန်ဘင်းကြား ပြဿနာတွေဖြစ်လာမှာကို ဟာအို တကယ်မမြင်ချင်ဘူး။

~

"ကင်ထယ်ရယ်"

"ရစ်ကီပြောလေ"

"ဒီမှာရော့ လမ်းမှာတွေ့လို့ကောက်လာတာ"

ဟုဆိုတာ နှင်းဆီတစ်ပွင့်ကို ထယ်ရယ့်ထံလာပေးတဲ့ရစ်ကီ ရစ်ကီကထယ်ရယ့်အပေါ်သံယောဇဉ်ရှိပါတယ် မချစ်တာလေးတစ်ခုပဲ

"ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲနော် ရစ်ကီ"

"မလိုဘူး သွားပြီး ဂယူဘင်နဲ့ဂိမ်းဆော့မလို့"

"အင်း ရစ်ကီပြီးတော့....တကယ်ကျေးဇူးပဲနော်"

ရစ်ကီနားပဲထောင်လာလိုက်ပြီး တံခါးကိုပိတ်ကာထွက်လာလိုက်၏ နှင်းဆီပန်း တစ်ပွင့်ထဲနဲ့ ဒီလောက်ထိပြုံးလာ‌အောင် အလွယ်တကူလုပ်နိုင်သည်လားတကယ့်ကို ကင်မ်ထယ်ရယ်က အဖြူထည်လေး။

A/N - အပျင်းကြီးနေတော့ အခုမှတင်ဖြစ်
ㅠㅠ

Continuar a ler

Também vai Gostar

55.4K 1.1K 10
Bell Cranel was a young boy who has white hair and red eyes and his appearance is that of a rabbit and he is a boy full with passion and determinatio...
880K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1.1M 44.9K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
11.9K 1K 9
ကိုယ်သိမှတ်ထားသမျှ အကောင်း/အဆိုး ဗဟုသုတမှန်သမျှကို တင်ပြသွားပါ့မယ်ခင်ဗျာ......။ (For teen) That's may be ginger xD