Chapter 2 (Part-1)
သူ့လက်ဖဝါးမှ နာကျင်မှုက သူ၏ဗဟိုအာရုံကြောစနစ်ကို ဖြတ်သန်းဝင်ေရာက်သွားကာ သူ့စိတ်ဝိညာဉ်များ ကြည်လင်သွားသည့်အထိ သူ နာကျင်နေရေပမဲ့ သူ့ရှေ့က ပုံရိပ်က လုံးလံုး ပြောင်းလဲသွားခြင်းမရှိပေ။
နာကျင်မှုကြောင့် သူ့မျက်လုံးများသည် တစ်ခဏတာမျှ အေးစက်သွားကာ သူ့ရှေ့ရှိ မိန်းမစိုးအား ထိတ်လန့်တုန်ရီသွားစေလိုက်သည်။
...ကြည့်ရတာ သူသည် ဘာလို့မှန်းမသိဘဲ ရှေးခေတ်အချိန်က လူတစ်ေယာက် ဖြစ်လာပုံပဲ။
ဒီလူသည် ကျင်းမင်းဆက်၏ နောက်ဆုံးနှစ်ထဲက မင်းမျိုးမင်းနွယ်ဝင်တစ်ေယာက်ဖြစ်ေလာက်မည်။ ကျန်တာတော့... သူဘာမှ မသိရေသးေချ။
အိုး.....သူသိတာ တစ်ခုရှိေသးတယ်။
ဒီလူက ဒီနေ့ ကိုယ်လုပ်တော်တစ်ယောက်နဲ့ လက်ထပ်ထားတာပဲ။ ဒါပေမယ့် အခု 'သူ' ဖြစ်လာတော့ ကိုယ်လုပ်တော်ကလည်း သူ့အပိုင်ဖြစ်သွားတာေပါ့။
ဒါတွေက သူရထားတဲ့ အချက်အလက်တွေ အကုန်လံုးပဲ ။ သူ့ရှေ့က မိန်းမစိုးက ဒီနေရာမှာ သူ့ကိုယ်ကို ကိုင်းညွှတ်ကာမတ်တပ်ရပ်ေနရင်း ပြုံးရွှင်စွာနဲ့ မင်္ဂလာအခန်းထဲကို ဝင်ဖို့ သူ့ကိုစောင့်နေတုန်းပင်။
ကျန်းဆွေကျောင်း ၏ ဦးခေါင်းကပေါက်ကွဲလုနီးဖြစ်နေလေပြီ။
...ဒါတွေအားလုံးက ဘာတွေလဲ !
သူ့ရင်တွင်းမှာ ထိတ်လန့်တုန်လှုပ်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဘာတစ်ခုမှ မေဖာ်ပြလိုက်ခဲ့ေပ။
မိန်းမစိုးက အနည်းငယ် စိုးရိမ်နေပုံရပြီး သူ့အပြုံးက အနည်းငယ် ခါးသီးသွားသည် ။ သူ သူ့အသံကို နှိမ့်ချလိုက်ပြီး သူ့လေသံက ဒုက္ခသုက္ခခံ၍ လက်ခံချင်လာအောင် အားကောင်းလာခဲ့သည်။
"သခင် ဒီအေစခံက အရှင် မလိုလားမှန်းသိပေမယ့် အဲဒါက ဧကရာဇ်မင်းရဲ့ အမိန့်တော်ဆိုတော့..." သူ အကြံပေးလိုက်ခဲ့တယ် "အရှင် မကြိုက်ရင်တောင် အသွား ပြပြီးေတာ့ ကိုယ်လက်လှုပ်ရှားမှုပဲ ပြုလိုက်ပါ! အဲဒီလူ.......ကျွန်တော်မျိုး ကြားထားတာတော့ သူ့ရဲ့သိုင်းပညာကို အစောပိုင်းက ဖျက်ဆီးခဲ့ပြီးလို့ အခုသူဟာ ဒုက္ခိတတစ်ေယာက် ဖြစ်နေပါပြီ။ အရမ်းေဘးကင်းပါတယ် အဲ့တော့ အရှင် စိတ်ပူေနစရာ မလိုပါဘူး။"
...တစ်စုံတစ်ယောက်ရဲ့ သိုင်းပညာကို ဖျက်ဆီးပြီး သူ က ဒုက္ခိတဖြစ်သွားတာလား။
ကျန်းဆွေကျောင်း ၏ မျက်လုံးများက အံသြမှုကို ထုတ်ဖော်ပြလိုက်ခဲ့သည်။
ဒါက စွမ်းအင် ကစားတဲ့ ဂိမ်းတစ်ခုများလား။
ကျင်းမင်းဆက်အဆုံးတွင် မင်းဆက်ပျက်သုဉ်းသွားကာ ဧကရာဇ်မင်းက စိတ်ကမောက်ကမနဲ့ ယောင်ချာချာဖြစ်နေမှန်း သူ တစ်ယောက်တည်းသာ သိသည်။ အထူးသဖြင့်ေတာ့ ကျင်းမင်းဆက် ၏နောက်ဆုံးဧကရာဇ်ဖြစ်ေသာ ဧကရာဇ် ကျင်းယုံသည် နာမည်ဆိုးဖြင့်ကျော်ကြားပြီး အဓိပ္ပါယ်မဲ့ပြီး ယုတ်ညံ့သောအုပ်ချုပ်သူဖြစ်သည်။ သမိုင်းတွင် မှတ်တမ်းတင်ထားတာက သူသည် အလှတရားကို အလွဲအကဲ စွဲလမ်းပြီး တော်ဝင်အရေးကိစ္စများကို ကလေးကစားသည့်သဖွယ် သဘောထားပြုမူတယ်လို့ပင်။ အထူးသဖြင့် သူသည် သူ့ဆွေမျိုးတော်များအား ဘက်လိုက်ခဲ့ပြီး သူ့ဦးရီးတော်ဖြစ်သူ ဖန်ရှောင်အား ဒေါသတကြီး လျှောက်ရမ်းကားခွင့်ပြုထားခဲ့တာပင်။
သို့သော်လည်း ကျင်းမင်းဆက်တွင် အမွေဆက်ခံသူ အနည်းငယ်သာလှျင်ရှိသည်။ ဧကရာဇ် ကျင်းယုံ အာဏာရလာသောအခါတွင် မျိုးဆက်တူတော်ဝင် တော်ဝင်သားတော်အများစုသည် အချိန်မတန်မီ သေဆုံးသွားကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရတဲ့ နာမကျန်းဖြစ်နေတဲ့
ကျင်းဝမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
ထို့အတွက်ကြောင့်မို့ ကျင်းမင်းဆက်သည် မြင့်မားလာတဲ့ လျန် မင်းဆက်မှ သုတ်သင်မခံရမီ နှစ်အနည်းငယ်ကြာသည်အထိ တောင်ပိုင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။
သို့ေသာ် ယခုမူ... ကြည့်ရတာေတာ့ သူက ထိုဖရိုဖရဲနှင့် သက်ဦးဆံပိုင်တရားရုံး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပုံရသည်။
ကျန်းဆွေကျောင်းသည် သူ့ပါးစပ်ထဲတွင်ပင် ခါးသက်သက် ဖြစ်သွားလိုက်၏။
ပျက်စီးကိန်းဆိုက်နေတဲ့ မင်းဆက်တစ်ဆက်၏ တော်ဝင်မင်းမျိုးမင်းနွယ်ဝင်တစ်ဦး ဖြစ်လာရပြီး သက်သောင့် သက်သာရှိသော ဘဝတစ်ခုဖြင့် သူ့အား ပေါင်းစည်းသွားေစဖို့ မည်သည့် မကောင်းမှုမျိုးကို သူ ကျူးလွန်ခဲ့သနည်း။
သူ သူ့တပည့်ဖြစ်သူကို နည်းနည်းလေးပြင်းပြင်းထန်ထန် ကြိမ်းမောင်းမိတာ ကြောင့်နဲ့လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုအချိန်တွင် အပြင်ဘက်မှ ခေါ်လာခဲ့၏။
" ချန်ရှန်းကုန်းကုန်း မင်္ဂလာသတို့သမီးဝေါယာဉ်ကို ရင်ချွေ နန်းဆောင် ထဲကို ပို့ဆောင်ပြီးပါပြီ" အစေခံတစ်ဦးမှ သတင်းပို့လိုက်ခဲ့သည်။
မိန်းမစိုးက သွား တင်းတင်းစေ့ အံကြိတ်လိုက်ကာ သူ့အသံကို မြှင့်ကာ ပြောလိုက်၏ "ဘာတွေ အေရးတကြီးလာလုပ်နေတာလဲ!"
အေစခံက ချက်ချင်းပင် သူ့ပါးစပ်ကို ပိတ်ချလိုက်တယ်။
မိန်းမစိုးက သူ့ခေါင်းကို လှည့်ပြီး ကျန်းဆွေကျောင်း အား ထပ်ခါ စေ့စေ့စပ်စပ် ကြည့်ရှုရင်း သူ့မျက်လုံးတွေက အသနားခံမှုများ ပြည့်နှက်သွားလိုက်သည်။
ကျန်းဆွေကျောင်း သိလိုက်ပါပြီ၊ ဒီလိုအခြေအနေတွင် သူ မင်္ဂလာဆောင်အခန်းကို ကျိန်းေသေပါက် ဝင်ရောက်ရမည်ဖြစ်ပြီး သူဟာလည်း မည်သည့်နည်းနှင့်မဆို သေရေတာ့ေပမည်။ ဒါပေမယ့် အမျိုးသမီးက သူမ ဆန္ဒမရှိပါဘဲ သူ့ကိုလက်ထပ်ယူရပြီး မသန်မစွမ်းလည်းဖြစ်နေကတည်းက ဒီကနေ့ည မင်္ဂလာဆောင်ညကို လွယ်လွယ်ကူကူနဲ့ ကမောက်ကမ ဖြစ်အောင် ဖြတ်ကျော်နိုင်ေလာက်မယ်လို့ သူ တွေးတောလိုက်ခဲ့သည်။
ကျန်တာတွေကတော့...
သူ ဒီနေ့ အသက်ရှင်သန်သည်အထိ အရင် စောင့်ရေပမည်၊ အဲဒီနောက် အစီအစဉ်များ မချမှတ်မီတွင် သူ၏ နောက်ခံနှင့် အခြေအနေ အရပ်ရပ်အား တဖြည်းဖြည်းချင်း ရှာဖွေနိုင်မည်ဖြစ်၏။
သူ နှုတ်ခမ်းပိတ်ကာ တီးတိုး ညည်းညူရေရွတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
မိန်းမစိုး၏ မျက်လုံးများ ဖျတ်ခနဲလင်းသွားပြီး သူ့ကို ကူထူဖို့ အလျင်အမြန် ရောက်လာလိုက်သည်။
ကျန်းဆွေကျောင်း က အလုပ်ေကျွးပြုခံရခြင်းကို ကျင့်သားမရှိပေ။ ဒီအရာက ထင်ယောင်ထင်မှား တစ်ခု ဟုတ်မဟုတ် သူ မသိေပမဲ့လည်း သူ မတ်တပ် ထရပ်လိုက်ချိန်တွင် အားနည်းခြင်း၊ မောပန်းခြင်း၊ အနည်းငယ် မူးဝေခြင်းတို့ကို ခံစားလိုက်ရသည်။
မိန်းမစိုးက သူ့အား ထောက်ကူေပးသည်ကိုသာ သူခွင့်ပြုလိုက်ရတယ်။
စင်္ကြလမ်းပေါ် သူ ခြေချလိုက်သည်။ သူ့ဘေးတွင်ဝောာ့ ကြမ်းပြင်ကေန မျက်နှာကျက် ထိ ထောင်ထားတဲ့ အနောက်တိုင်း ကြည့်မှန်တစ်ချပ်ရှိသည်။ ကျန်းဆွေကျောင်း ၎င်းကို ဘေးတိုက်ကြည့်ကာ မှန်ထဲတွင် သူ့ပံုရိပ်ရဲ့ ေရာင်ပြန်ဟပ်မှုကို မြင်လိုက်ရသည်။
..တကယ်တော့ သူက သူကိုယ်တိုင်နဲ့ အတိအကျတူပေမယ့် နှစ်နှစ် သုံးနှစ်လောက်တော့ ပိုငယ်ပုံရတယ်။ သူက နှစ်ဆယ့်လေးနှစ်၊ နှစ်ဆယ့်ငါးလောက်ရှိပုံရတယ်။
အရင်က သူ့တပည့်တွေက သူ့ရုပ်ေချာတာကို ချီးကျူးခဲ့ကြဖူးပြီး သူက
ဗီလိန်တစ်ယောက်နဲ့တူတယ်လို့ ပြောကြတယ်။ ကျန်းဆွေကျောင်း က မူလကတော့ ဒါကို အကြောက်အကန် ငြင်းခဲ့ပေမယ့် အခု မှန်ထဲက လူကို ကြည့်လိုက်ရင်း ကျန်းဆွေကျောင်း က သဘောတူသွားလိုက်တယ်...
သူ့ကိုကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ တူကို မတူပါချေ။
သူသည် အေးစက်စက်နဲ့ ချောမောနေပြီဖြစ်ပြီး အစပိုင်းတွင် အလွန်တရာ ရက်စက်မဲ့ပုံပေါ်ေနသည်။ ရှည်လျားတဲ့ ဆံနွယ်ရှည်ရှည်နှင့် အင်္ကျီလက်ဝကျယ်ကျယ်နှင့်အတူ သူ့ကိုကြည့်ရတာ ပိုလို့ပင် သိမ်မွေ့နူးညံ့ပုံပေါ်သွားပြီး လူအများနှင့် တစ်သီးတခြား ဝေးကွာနေပုံရသည်။ အထူးသဖြင့် သူ့မျက်လုံးများက အရိုးထဲကနေ အေးစက်နေသည်။ လူတွေကို တစ်ချက်မျှေဝ့ကြည့်လိုက်တာက သူတို့ရဲ့ နှလုံးသားထဲထိ အေးခဲသွားစေနိုင်ေန၏။
ကျန်းဆွေကျောင်း က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့မျက်လုံးထောင့်ကနေ သူ့ရဲ့ဘယ်ဘက်မျက်ခွံထိပ်မှာ ဆင်ယင်ထားတဲ့ ဟင်္သပဒါးအစက်လေးကို တွေ့လိုက်ရတယ်။
ဒီမှဲ့က နဂိုမူလက သူ့တွင် မရှိတဲ့ အရာဖြစ်သည်။
သို့သော်လည်း သူ အနီးကပ် မကြည့်ရေသးမီ မိန်းမစိုးက မှန်ကို ဖြတ်ကျော်၍ သူ့အား တံခါးေပါက်ဆီသို့ ခေါ်ေဆာင်သွားခဲ့သည်။
အပြင်ဘက်တွင် လူတစ်ယောက်က သူ့လက်ထဲတွင် ဝတ်ရုံပါးတစ်ထည်ဖြင့် အသင့်စောင့်ဆိုင်းနေသည်။ ကျန်းဆွေကျောင်း ချဉ်းကပ်လာသည်ကိုမြင်တော့ ထိုလူက သူ့အား ခြုံထည်ဖြင့် ကျွမ်းကျင်လိမ္မာစွာ ခြုံေပးလိုက်သည်။
ကျန်းဆွေကျောင်း ပဟေဠိဖြစ် သွားပြီး မျက်မှောင်ကြုတ်သွားသည် ။
သူက သူ့ပတ်ဝန်းကျင်ကလူတွေထက် ပိုထူတာ ဝတ်ထားပြီးသားပဲကို အဲဒါကို သူ ဘာလို့ သူ့ကို နောက်ထပ်အလွှာ ထပ် ခြုံေပးရတာလဲ။
သူ့ဘေးနားက မိန်းမစိုးက သူ့မျက်နှာအမူအရာကို အာရုံစူးစိုက်စွာ ခံစားမိပြီး ချက်ချင်းပဲ ယဉ်ကေျးစွာ ရှင်းပြလိုက်သည်။ "ညဘက် လေက ထန်တယ်။ အရှင့်သားက ခံနိုင်ရည်ရှိမှာ မို့ဘူး၊ ဒါကြောင့်မို့ နောက်တစ်ထပ် ထပ်ဝတ်ထားတာ ပိုကောင်းလိမ့်မယ်"
...အရှင့်သားတဲ့လား။
ကျန်းဆွေကျောင်း သူ့အသိအာရုံဆီ ပြန်ရောက်မလာသေးခင် သူ လှေကားထစ်များအောက်သို့ ခြေနင်းကာ အခန်းရှေ့တွင် ချထားသော ဝေါယာဉ်ပေါ်သို့ ဝင်သွားလိုက်သည်။
အခန်းထဲက ထွက်လာတာနဲ့ သူ ချက်ချင်းပင် ထိုအရာကို ခံစားလိုက်ရတယ်။ လေထုက နွေးထွေးနေမယ်လို့ ထင်ရပေမဲ့ သူ့အပေါ်ကို တိုက်ခတ်လာလိုက်သောချိန်မှာတော့ အေးတာကို ခံစားလိုက်ရသည်။ ဒါက နေမကောင်းတာနဲ့ ကွဲပြားတာပင်။ မွေးရာပါ ချို့တဲ့ခြင်းနှင့် ကိုယ်ခံအား နည်းခြင်း နှင့် ပိုတူနေ၏။
အခုလေးတင်ခေါ်ဆိုလိုက်တဲ့ မိန်းမစိုး၏ "အရှင့်သား" ဆိုတဲ့ အခေါ်အဝေါ်နှင့် ပေါင်းစပ်လိုက်သဖြင့် ကျန်းဆွေကျောင်း ၏ ရင်ထဲတွင် တစ်စုံတစ်ရာအား စိတ်ချလက်ချ ခံစားစေလိုက်သည်။
ကျင်းမင်းဆက် အဆုံးတွင်"အရှင့်သား" ခေါ်လို့ရတဲ့ နာမကျန်းဖြစ်နေတဲ့သူက တစ်ဦးသာ ရှိခဲ့တာပဲမလား။
သမိုင်းစာအုပ်များမှ သူ့နာမည်ကို ဖျောက်ဖျက်ပစ်ခြင်း ခံခဲ့ရတဲ့တော်ဝင်မင်းသား ကျင်းဝမ် ပင်ဖြစ်လေ၏။ သူက မွေးရာပါ ချို့တဲ့ နေသည်ဟု ပြောကြပြီး နာမကျန်းမှုကြောင့်ပင် သူ စောစီးစွာ သေဆုံးခဲ့သည်။
ဝေါယာဉ်ကို 'မ' လိုက်သောအခါ ကျန်းဆွေကျောင်း အနည်းငယ် မူးဝေသွားလိုက်သည် ။
သမိုင်းကြောင်းအရ ဆိုရင်တော့ သူသည် အလွန်အကျွံ သုံးနှစ်မှ ငါးနှစ်အထိသာ အသက်ရှင်ခဲ့ပြီး နာမကျန်းမှုဖြင့် သေဆုံးခဲ့သည်။
သူ ဖျားနာပြီး မသေခဲ့ရင်တောင် မြောက်ပိုင်း လျန်ပြည်ထောင် က ဘုရင်မင်းသားကျင်း ကို သုတ်သင်ပစ်မှာဖြစ်ပြီး အရင်မင်းဆက်ရဲ့ အကြွင်းအကျန်အဖြစ် ထားရှိမှာမဟုတ်ဘူးပဲ။
ကျန်းဆွေကျောင်း ၏အကြည့် က ဗလာသက်သက်ဖြစ်သွားလိုက်၏။ သူ ကုလားထိုင်ပေါ်မှာ ဖြည်းညှင်းစွာ ဖြင့် နောက်ပြန်မှီချလိုက်ခဲ့သည်။
ဘယ်သူမဆို သူ့မှာ အသက်ရှင်ဖို့ နှစ်အနည်းငယ်သာ ရှိသေးတာကို ရုတ်တရက် သဘောပေါက်လာသူတိုင်း စိတ်ချမ်းသာမှာ မဟုတ်တာပဲလေ။
စိတ်ငြိမ်သွားပြီးနောက် သူ သူ့ခေါင်းကို လှည့်ကာ ဝေါယာဉ်ဘေးရှိ မိန်းမစိုးကို ကြည့်ကာ သူနှင့် ထပ်မံအတည်ပြုရန် ဆုံးဖြတ်လိုက်သည်။
ခုနက သူ့ကို ဘယ်လိုခေါ်လိုက်တာပါလိမ့်။
"ချန်ရှန်း" သူ ခေါ်လိုက်ခဲ့၏။
#14/5/2023
Part-2 ထပ်လာပါဦးမယ်နော်❤️😍