Kitty Ricky 🐈 (Complete)

By Ri520_2004

3.8K 369 53

Meow 🐱 (For Ricky's Birthday Memo 📝) LeeJeonghyeon Ricky More

2
3
4
5
6
7
Final

1

944 60 0
By Ri520_2004

Idolအဖြစ်ပွဲဦးထွက်ဖို့ကြိုးစားနေစဉ်အတွင်း အတွေ့အကြုံရအောင် back dancerအနေနဲ့ဖျော်ဖြေပွဲတွေကိုသွားနေရတဲ့ ဂျောင်ဟျွန်း။

ဒီရက်တွေထဲအိမ်ကခဏပြန်လာခဲ့ပါခေါ်နေတာမို့ မနက်ဖြန်ပြန်ဖို့အတွက် Companyကိုပြောထားပြီး‌ပေမယ့် MVလေးတစ်ခုမှာ ကပြီးမှသွားပါဆိုလာသဖြင့် ဒီအလုပ်ပြီးတာနှင့် ကားဂိတ်သို့တန်းသွားပြီးပြန်ရမည်ဖြစ်သည်။

"အားလုံးပဲ ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ် ပြန်လို့ရပါပြီ"

"ဟုတ်ပြန်လိုက်ပါဦးမယ် ကောင်းကောင်းနေခဲ့ကြပါ"

အလုပ်ပြီးတာနဲ့ အပြေးအလွှားပြန်ဖို့ အဝတ်အစားလဲရသည်။ အဝတ်လဲခန်းက တခြားသူတွေသုံးနေတာစောင့်ရတာကြာတာနဲ့ အနားရှိတဲ့အခန်းတစ်ခုအတွင်းသို့ဝင်ကာ အမြန်လဲပြီး အဝတ်ဟောင်းတွေကိုလဲအိတ်ထဲသို့လုံး၍သာထည့်လိုက်သည်။ ဂျောင်ဟျွန်းမသိလိုက်တာကတော့ အဝတ်ဟောင်းတွေကြားထဲ ညှပ်ပါသွားသော photo albumလေးတစ်ခု။

"ဂျောင်ဟျွန်းဖြေးဖြေးသွားပါဟ"

"ကားနောက်ကျရင်အိမ်ကိုမိုးချုပ်မှရောက်မှာစိုးလို့ဗျ ဒီနေ့တော့အရင်ပြန်နှင့်ပြီနော်"

"အေးအေးဂရုစိုက်ဦး"

အကအဖွဲ့ထဲကအစ်ကိုတစ်ယောက်က‌နှုတ်ဆက်နေတာနဲ့ပဲ အမြန်စကားစဖြတ်ကာသွားလိုက်ရသည်။

အလုပ်ပြီးတာနဲ့ကားစီးလာရတာမို့ ပင်ပန်းနေပြီဖြစ်တဲ့ဂျောင်ဟျွန်းက ကားပေါ်မှာတငြိမ့်ငြိမ့်နဲ့အိပ်ကောင်းနေသည့်အတွက် ဂိတ်ဆုံးနေမှန်းမသိလိုက်ပေ။

"ဂျောင်ဟွန်းနီး ဂျောင်ဟွန်းနီး ထတော့လေ ရောက်ပြီ"

နာမည်ခေါ်ကာလှုပ်နှိုးနေတာကြောင့် ဂျောင်ဟျွန်းနိုးတဝက်ဖြစ်လာပြီး ကားပေါ်မှပြေးဆင်းတော့သည်။ ပြေးဆင်းပါတယ်ဆိုကာမှ ကျောပိုးအိတ်ကအနောက်မှဆွဲထားသလိုဖြစ်နေတာကြောင့် ပြန်လှည့်ကြည့်မိလိုက်တော့ ဘေးခုံမှဆံပင်ဝါဝါတွေနဲ့ကောင်လေးတစ်ယောက်က ဂျောင်ဟျွန်းကျောပိုးအိတ်အဖျားကိုဆွဲထားကာ မော့ကြည့်နေလေသည်။

"ဟို ကျွန်တော့်အိတ်ကိုဆွဲထားတာလေးလွှတ်ပေးပါလားဗျ"

"ကျွန်တော်တွေဘာတွေနဲ့ စိမ်းကားလိုက်တာအီဂျောင်ဟျွန်း"

မြင်ဖူးတဲ့သူများလားလို့ ဇဝေဇဝါနဲ့ သေချာကြည့်တော့လဲ ဂျောင်ဟျွန်းတစ်ခါမှမြင်ဘူးခြင်းမရှိ။

"ဟို ဘယ်သူလဲမသိဘူးဗျ ကျွန်တော်နဲ့သိလို့လား"

"ဂျောင်ဟျွန်းနီနော် တစ်ကုတင်ထဲအတူအိပ်ဖူးတဲ့သူကို သိလို့လားမေးစရာလား"

"ဗျ....ဗျာ~~~"

ကားပေါ်မှာဘယ်သူမှမရှိလို့တော်ပါသေးရဲ့ ဒီကောင်လေးဘာတွေအော်ကြီးဟစ်ကျယ်ပြောနေမှန်းမသိ လူပျိုစစ်စစ်ရေတောင်မရောတာကို။

"ကဲဒီကအစ်ကိုတို့ ကုတင်ပေါ်ကကိစ္စကုတင်ပေါ်ရောက်မှရှင်းကြဗျာ ကားသိမ်းဖို့ရှိသေးလို့ မြန်မြန်လေးဆင်းပေးပါဗျ"

"အီဂျောင်ဟျွန်း Come on မြန်မြန်လာ"

ကိုယ်ကသာရှက်ရှက်နဲ့ခေါင်းငုံ့ကာပြေးဆင်းပေမယ့် သကောင့်သားလေးကတော့ မျက်နှာမော်ချီကာ ခပ်တည်တည်ဆင်းသွားသည့်အပြင် ကိုယ့်ကိုတောင်သူ့နားကိုဆွဲခေါ်လိုက်သေးသည်။

ကိုယ်ကသာမသိပေမယ့် ဆံဝါလေးက ကိုယ့်လက်ကိုဆွဲပြီးခေါ်သွားတာမှ ကိုယ့်အိမ်သို့တန်းတန်းမတ်မတ် အံ့ဩလွန်းပြီး ထိုဆံဝါလေးမျက်နှာငေးရင်းပါလာခဲ့တာ အိမ်ရှေ့ရောက်မှပဲ အကြည့်လွှဲရလေသည်။

ခြံတံခါးအားဖွင့်ဝင်ပြီးသည်အထိ အထဲသို့လိုက်မဝင်ပဲ ခြံဝမှာရပ်နေသည့်ဆံဝါလေးက ခုန‌ကလက်ဆွဲခေါ်လာတာသူမဟုတ်သလိုလို။ အပြောင်းအလဲမြန်ချက်ဆိုတာ ဂျောင်းဟျွန်းတောင်လိုက်မမှီတော့။

"ဘာလုပ်နေတာလဲ ဝင်ခဲ့လေ"

"ဝင်လို့ရတာလား"

"ဝင်ခဲ့ဖို့ပြောနေတာလေ မဝင်ချင်လဲနေ "

ခြံတခါးကိုပိတ်ဟန်ပြုတော့ အသည်းအသန်ပြေးဝင်လာတဲ့ဆံဝါလေး အရပ်ကဂျောင်ဟျွန်းနဲ့မတိမ်မယိမ်းပေမယ့် ဘာလို့သေးသေးကွေးကွေးလေးလိုထင်နေလဲမသိ ပြီးတော့မသိတဲ့ကောင်လေးတစ်ယောက်ကို အိမ်ထဲကိုယ်ပဲခေါ်ခဲ့မိပြန်ပြီ။

"ကဲ ပြောပါဦးငါ့ကိုဘယ်လိုသိတာလဲဆိုတာ"

အခန်းထဲအထိ‌ဆွဲခေါ်လာပြီး သိချင်တာကိုမေးရလေတော့သည်။ အိမ်ရှေ့မှာစောင့်နေတဲ့ မိသားစုတွေကိုတောင်ပြီးမှထွက်ခဲ့မယ်အော်ပြောခဲ့လို့ မားကပွစိပွစိပြောပြီးကျန်ခဲ့သည်။

"ဂျောင်ဟျွန်းအစိမ်းရောင်တွေကြိုက်တုန်းပဲနော်"

"မေးတာကိုပဲအရင်ဖြေပါ ဘာလို့စကားတွေလွှဲနေတာလဲ"

"အင်းပါ ဒါနဲ့မသိဘူးပြောပြီး ဘာလို့အခန်းထဲထိခေါ်ခဲ့တာလဲ မကောင်းတဲ့သူဆိုဘယ်လိုလုပ်မလဲ မကြောက်ဘူးလား"

မကြောက်ဘူးလားဆိုပြီး လက်နှစ်ဖက်ကိုကားကာ လုပ်ပြတဲ့ပုံလေးက ကြောင်ပေါက်လေးလိုပဲ။

To be Continue...

Continue Reading

You'll Also Like

780K 29.1K 104
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
463K 31.4K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
155K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
290K 8.7K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...