Final

494 47 22
                                    

"Rickyဒီနေ့ဆော့ထားတဲ့ Tiktokမှာဘာလို့ crop topဝတ်ထားတာလဲ အခုရှင်း"

"ဘာလို့လဲ ခင်ဗျားကရောဘာလို့ six packတွေပြပြီးပုံတင်ထားရတာလဲ"

"ငါတင်တာမှမဟုတ်တာမင်းသိရဲ့သားနဲ့အဲ့တာ Magazineထဲကပုံလေ"

"ငါနဲ့မင်းနဲ့ပြောတယ်နော် ရတယ်ခင်ဗျားနဲ့ပြတ်ပြီ အီဂျောင်ဟျွန်း"

ပြတ်ပြီပြောပြီးဖုန်းချသွားတဲ့ရစ်ခီကြောင့် အီဂျောင်လဲစိတ်တိုတိုဖြင့်ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်သည်။ ဒီလောက်သဝန်တိုတက်တယ်ဆိုတာသိရဲ့သားနဲ့ ‌ဗိုက်သားဖွေးဖွေးတွေပေါ်အောင် ကစရာလား။ တွေးတိုင်းဒေါသထွက်မိသည် ဘာတဲ့ပြတ်ပြီတဲ့ အီဂျောင့်ဘက်က၁ဝခါပြန်ပြတ်နိုင်တယ်။

"အီဂျောင် လိုင်းအမြန်တက်ကြည့်လိုက်"

အခန်းတံခါးကိုဖွင့်ကာအသဲအသန်လာပြောနေသော ပတ်ဟန်ဘင်းကြောင့် ဒေါသတွေသူ့အပေါ်ရောက်သွားရသည်။

"ဘာလဲကွာ ဘာလို့ကြည့်ရမှာလဲ"

"ရစ်ခီ Liveလွှင့်နေတယ်ကြည့်လိုက်ပါကွာမြန်မြန် အေးမကြည့်လဲနေ နောက်မှငါမပြောဘူးဆိုပြီးအပြစ်လာမတင်နဲ့ ငါသွားပြီ"

စိတ်ရှုပ်နေပါတယ်ဆို ရစ်ခီက Liveတောင်လွှင့်နိုင်တယ်တဲ့လား။ မကြည့်ဘူးဆိုတာအပြောပဲရှိတာလေ ကြည်ရမှာပေါ့ မကြည့်စရာလား။ ကုတင်ပေါ်ကဖုန်းကိုအမြန်ရှာ၍ Liveဝင်ကြည့်လိုက်တော့။

"တောက်စ် ငါ့ကိုရွဲ့နေတာ ဒီအကောင်ပေါက်ကြောင်ပေါက်ငါနဲ့တွေ့မယ်"

ဒေါသကအရင်ထက်ပိုလာရသည့်အကြောင်းရင်းက ရစ်ခီကLiveမှာ စွပ်ကျယ်အပွကြီးကို ကပိုကရိုဝတ်ကာ လက်မောင်းသားတွေ ရင်ဘက်တွေက မပေါ့်တပေါ်ဖြစ်နေတာကြောင့်ဖြစ်သည်။

ဘာတဲ့လိုင်းပေါ်ကဖန်တွေကလဲ "တက်နင်းသွားပါတော့ရစ်ခီရှန်ဘာညာနဲ့" မန့်တွေထဲမှာ သူ့ကောင်လေးကိုကြူးနေလိုက်ကြတာ ကြူးနေလိုက်ကြတာ။

အားကျမခံ အီဂျောင်ဟျွန်းလဲဝင်မန့်တော့သည်။

"ရစ်ခီ ခုချက်ချင်းLiveပိတ်လိုက်"

"မပိတ်ပါဘူး ပိတ်စရာလား ခင်ဗျားကလာပြီးအမိန့်ပေးနေရအောင်ဘယ်သူပါလဲခင်ဗျာ ကျွန်တော်နဲ့သိလို့လား"

You've reached the end of published parts.

⏰ Last updated: Feb 25 ⏰

Add this story to your Library to get notified about new parts!

Kitty Ricky 🐈 (Complete)Where stories live. Discover now