ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ

By onyourc_andy

16.8K 1.8K 141

𝐖𝐞 𝐝𝐨𝐧'𝐭 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐭𝐨 𝐛𝐞 𝐥𝐨𝐯𝐞𝐝 More

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{ɪɴᴛʀᴏ}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{4}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{6}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{14}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{20}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{𝐅𝐢𝐧𝐚𝐥}
🌷
New OTP

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{1}

1K 84 6
By onyourc_andy

"မသွားနဲ့ မက်သရူး"

"ဟန်ဘင်းhyungက ကျွန်တော့်ကိုလိုအပ်နေတယ်"

ကားသော့ကို အမြန်ဆွဲယူကာ ထွက်သွားတဲ့ မက်သရူးကို ဂျီဝန်းအရုပ်ကြိုးပျက်နေသလိုကြည့်နေမိ၏ ဘယ်လောက်တောင် ဟန်ဘင်းက သူ့ထက်သာနေလို့လဲ ဘာကြောင့် သူ့ဘက်ကို ခနလေးတောင်မကြည့်ပေးရတာလဲ

မက်သရူးဘားထဲဝင်သွားတာနဲ့ မက်သရူးမခံနိုင်တဲ့ ထိုအရက်နံ့တွေ မက်သရူးနှာခေါင်းထဲသို့ တည့်တည့်မက်မက်ကို ဝင်ရောက်လာပါတော့တယ် အရက်မသောက်နိုင်တဲ့ မက်သရူးဒါပေမဲ့ဒီဘားကိုချစ်ရတဲ့သူ‌‌ခေါ်တိုင်းလာ‌ရတာမို့ ဒီကဝိတ်တာတွေကတောင် မက်သရူးကိုသိကျ၏

"hyung"

"မက်သရူး ရောက်ပြီလား"

မက်သရူးကိုပြုံးပြကာကြည့်နေတဲ့ ဟန်ဘင်း hyung ဒီထပ်မပြုံးပြပါနဲ့တော့ hyung ရယ် ကျွန်တော်ခံနိုင်ရည်မရှိလို့ပါ

"ဘာလို့ ဒီလောက်တောင်သောက်နေရတာလဲ"

"ဟာအိုhyungလေ သူဒီနေ့ hyung ကိုထပ်ငြင်းပြန်တယ်"

မက်သရူးကြေကွဲရပြန်ပါပြီ ထင်ထားတဲ့အတိုင်း hyung ဒီလိုအရက်သောက်ခြင်းသည် ဟာအိုhyungကြောင့်

"မက်သရူးမင်းသိလား သူကဘာပြောတယ်ထင်လဲ သူ့အတွက် ဂရုစိုက်ပေးတာတွေ စိတ်ပူပေးတာတွေလုပ်စရာမလိုဘူးတဲ့ သူ့ရဲ့အချစ်တွေက အမြဲတမ်း ဂွမ်အုအတွက်ပဲတယ်လေ...အဟားသိပ်ရယ်ရတာပဲ"

ပြောရင်း ဝီစကီကို ဖန်ခွက်ထဲ ထည့်ထပ်ဖို့ပြင်နေတဲ့ hyung ရဲ့လက်တွေကို မက်သရူးတားလိုက်ရင်း

"တော်တော့hyung... hyung အရက်တွေစွဲနေပြီ ဒီထပ်ပိုပြီးဆက်မသောက်နဲ့တော့ ကျွန်တော်တို့ အိမ်ကိုပြန်ရအောင်"

"အိမ်ဟုတ်လား...အဲ့အိမ်မှာသူရှိတယ် မသွားချင်ဘူး"

ဟုတ်တာပေါ့ မက်သရူးတို့က အိမ်တစ်အိမ်ကို ‌စုဝယ်ထားပြီး အတူတူနေကျတဲ့သူတွေလေ ဒါကြောင့် နေ့တိုင်းဒီလူတွေကိုတွေ့‌နေဆက်ဆံနေရတာကပုံမှန်ပဲ

"ဒါဆို hyung ကလမ်းမပေါ်အိပ်ချင်တာလား"

"အဲ့လိုတော့ မဟုတ်ဘူးလေ"

"လာပါhyungရာ အပိုတွေပြောမနေပါနဲ့တော့ ထ ကျွန်တော့်လက်ကိုတွဲထား အိမ်ကိုပြန်ရအောင်"

အမှန်တိုင်းပြောရရင် မက်သရူးအသည်းနာတယ် ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက် မက်သရူးက ခခယယလုပ်ပေးနေတာတဲ့လေ မင်းရဲ့သိက္ခာတွေ ဘယ်‌တွေများရောက်ကုန်တာလဲ ဆော့မက်သရူးရယ်

~

"hyung မျက်နှာမကောင်းပါလား ထပ်ပြီးမက်သရူးကြောင့်ပဲလား"

"သိရဲ့သားနဲ့ကွာ ရစ်ကီမင်းကလည်း"

ရစ်ကီကအနည်းငယ် မဲ့ပြုံးပြုံးကာ ဂျီဝန်းကိုကြည့်လာသည် ဒီကောင်လေးရဲ့ ခံစားချက်ကိုဂျီဝန်းကသိပ်နားလည်တာပေါ့ မက်သရူးကဂျီဝန်းကို ငြင်းလွှတ်ခဲ့သလိုမျိုး ဒီကောင်လေးကို ဂျီဝန်းက ပုံစံတူသောနည်းဖြင့်ငြင်းလွှတ်ခဲ့တာပဲလေ

"မပင်ပန်းဘူးလား hyung"

"ဒါဆို hyung လည်းပြန်မေးချင်တယ် မင်းရော မပင်ပန်းဘူးလား"

ရစ်ကီက လက်ထဲကမက်ဂျူးကိုတစ်ကျိုတ်မော့သောက်ရင်း

"ပင်ပန်းတယ် ဒါပေမဲ့ချစ်နေတုန်းပဲ"

"hyung ရဲ့အဖြေကလည် မင်းဖြေသလိုပဲ"

တိတ်ဆိတ်သွားတဲ့လေထု အမြဲတမ်းဖြစ်နေကျ ဒီအခြေအနေ ဒီအခြေအနေကိုအခုထိရစ်ကီစိမ်းနေတုန်းပဲ

"ဂျီဝန်း hyung"

မက်သရူးခေါ်ရင် ကပြာကပြာထသွားတက်တဲ့ ဂျီဝန်း hyung ရဲ့ပုံစံ ဒီပုံစံကရစ်ကီအရမ်းမုန်းရတဲ့ ပုံစံတွေထဲက တစ်ခု

"မက်သရူး ဘယ်လို‌ဖြစ်လာတာလဲ"

သူခန္ဓာကိုယ်သေးသေးလေးနဲ့ ဟန်ဘင်းကိုတွဲလာတဲ့ ဒီကလေး ဂျီဝန်းကြည့်ပြီး ရင်ထဲမကောင်းလိုက်တာ

"ဟန်ဘင်း အများကြီးသောက်လာတာပဲ"

"အိမ်ရောက်ပြီလား...အိုက်ဂူးချစ်ရတဲ့ဂျီဝန်းhyungပဲ လာပါဦး ဖက်ချင်လို့"

"အတော်မူးနေတာပဲ"

"မဟုတ်ရပါဘူး ရစ်ကီရာ မင်းမက်ဂျူးသောက်နေတာလား ဒါဆိုနည်းနည်းတိုက်"

ကွဲပြဲအောင်မူးလာတာကို မက်ဂျူးသောက်ချင်သေးတယ်‌ဆိုတဲ့ ဟန်ဘင်းဒီကောင့်ကိုမနိုင်ဘူးပဲ

"မက်သရူး သူ့ကိုအိပ်ခန်းခေါ်သွားလိုက်တော့ မူးမူးရူးရူးနဲ့ လျှောက်လုပ်နေဦးမယ်"

"အင်း ရစ်ကီ"

"ရရဲ့လား hyung လိုက်..."

ဂျီဝန်းရဲ့ လက်ကိုလာဆွဲတဲ့ ရစ်ကီ ဟုတ်ပါတယ်လေ ဂျီဝန်းက ရှောင်ပေးသင့်တာပေါ့

"ဟန်ဘင်းပြန်လာတာလား"

"အင်း ခုနကလေးတင် မက်သရူး‌နဲ့"

ဟန်ဘင်းကိုရှောင်နေတဲ့ ဟာအို hyung
ဘာလို့များ ကျွန်တော်တို့တွေ အတူနေမယ်လို့ဆုံးဖြတ်ခဲ့ကျတာပါလိမ့် အရင်ကပျော်ဖို့ကောင်းတဲ့ ဒီအိမ်က အခုဆိုတိတ်ဆိတ်လို့

ဂယူဘင်နဲ့ ယူဂျင်းမရှိတာကြောင့်လဲပါတယ် ပြီးတော့ ထယ်ရယ်နဲ့ ဂွမ်အုရောက်လာတာကြောင့်ရောပေါ့

ဂယူဘင် ဟန်ဘင်းရဲ့သူငယ်ချင်း ဟန်ဘင်းကြောင့် ရစ်ကီတို့နဲ့ရင်းနှီးလာတဲ့သူ ၊
ယူဂျင် အစ်ကိုဂျီဝန်းရဲ့ညီလေး ဒီကောင်လေးနှစ်ယောက် နိုင်ငံခြားမှာစာအတူသွားသင်ကျထဲက တိတ်ဆိတ်သွားတဲ့ ဒီပတ်ဝန်းကျင်

ထယ်ရယ် ရစ်ကီရဲ့ချစ်သူ ဂျီဝန်းhyungကို အရွဲ့တက်ရင်း ရစ်ကီအဖြေပြန်ပေးခဲ့တဲ့ ထိုကောင်လေး ၊ ဂွမ်အု ဟာအို hyung ရဲ့ချစ်ရပါတယ်ဆိုတဲ့ ထိုလူသား ဒီလူသားနှစ်ယောက်ကြောင့် ဒီအိမ်ကလေးပိုလို့ပင် တိတ်ဆိတ်သွားပြန်တော့တယ်

~

လေးလံလှတဲ့ ဟန်ဘင်း hyung ကို မက်သရူး ကုတင်ပေါ်မှာသေချာချပေးပြီး စောင်ခြုံးပေးမည်အလုပ်

"ချစ်တယ် ဟာအို hyung"

ဟန်ဘင်း hyung ဆီက ထွက်လာတဲ့ဒီစကား
မက်သရူးနှလုံးသားကို ဆူးနဲ့ထိုးလိုက်သလို
မက်သရူး hyung အတွက်လုပ်ပေးနေတဲ့ ဒီအရာအားလုံးက အရေးမပါခဲ့ဘူးပေါ့ မက်သရူးအတွက် hyung နှလုံးသားထဲမှာအခန်းလွတ်လေးတောင် မရှိခဲ့ဘူးပေါ့

အချစ်ကနာကျင်ရတယ်တဲ့
ဂျီဝန်းhyungအပေါ် မက်သရူးလုပ်ခဲ့မိတာတွေအတွက် မက်သရူးပြန်လည်ခံစားနေရတာများလား

အချစ်ဆူးဆိုတာ နှင်းဆီပန်းရဲ့အဆူးလို သွေးထွက်ရလောက်တဲ့အထိ နာကျင်ရတယ်ဆိုတာ မက်သရူးတကယ် နားလည်လာပါပြီ

~🌹~

A/N- တကယ့်ကိုပြောပြချင်နေခဲ့တာ cover photo လေးကို ficထဲမှာသုံးသွားတဲ့ အချစ်ဆူးဆိုတဲ့ ပုံစံလေးရအောင် အဓိပ္ပာယ်‌လည်းပေါ်အောင်"နှင်းဆီ" ပုံလေး‌တွေကိုသေချာရှာပြီး cover photo အဖြစ်ရွေးခဲ့တာ emoji တောင် "🌷" ကနေ "🌹" ပြောင်းတောင်သုံးခဲ့တဲ့အထိပါပဲ အခုလို𝚉𝙴𝚁𝙾𝙱𝙰𝚂𝙴𝙾𝙽𝙴 {𝚉𝙱𝟷} ရဲ့ official fandom name လေး𝚉𝙴𝚁𝙾𝚉𝙴/𝚉𝙴𝚁𝙾𝚂𝙴 လေးနဲ့ တိုက်ဆိုင်‌မယ်လို့ထင်တောင်ထင်ထားမမိခဲ့ဘူး😭

Continue Reading

You'll Also Like

878K 40.8K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
590K 13.2K 40
In wich a one night stand turns out to be a lot more than that.
2.2K 179 3
Among the negative effects of caffeine, heart rate is at the top. That's why sometimes it's confusing whether you're in love or just drinking coffee...
2.3K 174 10
‼️🔞‼️ -დამელოდე პატარავ მე შენთან მოვდივარ... (no more spoilers ხი ხი ხი...🤭❤) ‼️🔞‼️