"ဂယူဘင်းတော့စိတ်ဝင်စားစရာလေးရလိုက်တာပဲ.."
I get defensive and insecure
My own worst critic
Behind a closing door.
|
"ဟန်ယူဂျင်းကလွဲရင် အကုန်ထွက်သွား"
ရုတ်တရက်တံခါးကိုဆောင့်ကန်ပြီးဝင်လာတဲ့
လူတစ်ယောက်ကသူ့ရဲ့ပင်ကိုယ်အသံအနေအထားနဲ့
သတိပေးချက်ထုတ်လွှတ်လို့လာတယ်။
ထိုအသံကြောင့်ဘောပင်ကိုင်ထားတဲ့
စာရေးခုံပေါ်ကယူဂျင်းလက်တွေ
ခပ်တင်းတင်းဆုပ်မိသွားတာပဲ။
သူ့ဘေးပတ်ဝန်းကျင်ကအတန်းသားတွေဟာ
ထိုလူရဲ့အမိန့်တစ်ချက်မှာတင်
အလျှိုလျှိုထွက်ခွာသွားကြတော့သည်။
ဘယ်သူမှအထွန့်မတတ်နိုင်ဘဲ...။
အလျင်လိုနေတဲ့ခြေသံတွေက ထိုလူရဲ့ဒေါသကို
ကောင်းကောင်းခံစားမိနေကြောင်းဖော်ပြတယ်။
ဘယ်လောက်မှတောင်မကြာလိုက်ဘူး။
လူအယောက်၂၀ကျော်နီးပါးရှိတဲ့စာသင်ခန်းကြီးက
သူတို့နှစ်ယောက်ကလွဲရင်လှစ်ဟာသွားသည်..။
သူ့ကိုစိုက်ကြည့်နေမှာသိတဲ့ထိုလူရှိရာဆီ
ယူဂျင်းကတကူးတကလှမ်းကြည့်မနေတော့ဘူး။
မြင်ကိုမမြင်ချင်တော့တာဆို ပိုမှန်မှာ။
သူ တော်တော်လေး စိတ်ကုန်နေပြီ။
"ငါ့ကိုတောင်မကြည့်နိုင်တော့တဲ့အထိကြောက်နေပြီလား.."
ထိုလူရဲ့လှောင်ရယ်သံတစ်ဝက်စွက်နေတဲ့အသံက
တိတ်ဆိတ်နေတဲ့အခန်းထဲထွက်ပေါ်လို့လာတယ်။
တစ်ဆက်တည်းယူဂျင်းကခပ်စူးစူးပြန်ကြည့်မိလိုက်တော့
အေးဆေးဆေးနဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့မျက်ဝန်းတွေနဲ့ဆုံတယ်။
ကျောင်းဝတ်စုံကိုဖရိုဖရဲဝတ်လို့
နားမှာpiercingတွေဖောက်ထားတဲ့ထိုလူက
မျက်ခုံးတစ်ဖက်ကိုပင့်ပြပြီးနောက်
သူ့ဆီကိုခပ်နှေးနှေးခြေလှမ်းတွေနဲ့လှမ်းလာနေတယ်။
ဘယ်လောက်တောင်ယုံကြည်ချက်ပြည့်နေလဲ
ဆိုတာကိုသိသာစေတဲ့ခြေလှမ်းတွေပဲ။
တုန်လှုပ်နေစမ်းပါဆိုပြီးသတိပေးနေသလိုလျှောက်လာတဲ့ခြေလှမ်းတွေ။
ယူဂျင်းသူထိုင်နေတဲ့တစ်ဖက်က
ပြတင်းပေါက်ရှိရာကိုမျက်နှာလွှဲလိုက်မိသည်။
သူအဲဒီလူနဲ့မျက်နှာချင်းမဆိုင်ချင်တော့ဘူးတစ်ကယ်။
ထိပ်တိုက်တွေ့ဖူးတာဆိုလို့နှစ်ခါတည်းရှိသေးပေမယ့်ပေါ့။
ဒါပေမယ့်လည်းမတတ်နိုင်ဘူးလေ။
သူလုပ်ခဲ့တဲ့ကိစ္စကြောင့်သူ့ဆီရောက်လာမယ်ဆိုတာလည်းသူသိနေတာပဲ။
ပထမတစ်ခါကသူ့ညီလေးကိုဆေးရုံရောက်တဲ့အထိ
ရိုက်နှက်ခဲ့တာကြောင့် သူကသွားရှာပြီးထိုးပစ်ခဲ့တာ။
ဒုတိယတစ်ခါကသူထိုးခဲ့တာကိုမကျေနပ်လို့
ပြန်လာရှာပြီး သူ့ခေါင်းပေါ်ကိုအချိုရည်တွေနဲ့လောင်းချခဲ့တာ။
တိတိကျကျနှစ်ကြိမ်ပဲ..။
နှစ်ကြိမ်လုံးကလည်းတွေ့ဆုံမှုကောင်းတွေဖြစ်မနေဘူး။
ရန်ငြိုးတွေနဲ့ပဲဆက်သွားရမယ့် တွေ့ဆုံမှုမျိုးတွေ။
ဒီတစ်ခါတွေ့ဆုံမှုကရော ...
သူကအဲ့လူကားပေါ် ရိုင်းစိုင်းပြီးအမှန်တရားတွေပါဝင်နေတဲ့
ဆိုင်းဘုတ်ကြီးသွားထောင်ထားခဲ့လို့လား။
ဒါမှမဟုတ် အဲ့လူရဲ့နာမည်ကိုစာနဲ့သွားထုတ်ပြီး
ကျောင်းကအမှိုက်ပုံးတွေမှာလိုက်ကပ်ထားလို့လား။
နှစ်ခုထဲကတစ်ခုကြောင့်သူ့ကိုလာရှာတာဖြစ်နိုင်တယ်
ဒါမှမဟုတ်လည်း နှစ်ခုစလုံးတွေ့သွားပြီးမှလာရှာတာမျိုးပေါ့။
ယူဂျင်းကအဲ့လူနဲ့ထိပ်တိုက်မတွေ့ချင်ပေမယ့်
ဘယ်လိုလုပ်မလဲ သူကအဲ့လူကိုသွားစမိလိုက်ရင်
သူ့ဆီတန်းရောက်လာတော့မယ်ဆိုတာလည်းသိနေရဲ့သားနဲ့
သူကတုန်လှုပ်မနေတတ်တာ။
သူများတွေပြောပြောနေတဲ့ အဲ့လူကကြောက်စရာကောင်းမနေပါဘူး။
သူ့မျက်လုံးထဲတော့ဒီအတိုင်း..
နောက်ခံအင်အားနဲ့မြှောက်ကြွကြွဖြစ်နေရုံပါပဲ။
ချမ်းသာပြီး ယဥ်ကျေးမှုမရှိတဲ့ အရူးကြီးလိုမျိုးလေ..။
မဟုတ်တာတွေလုပ်ထားပြီးရင်တောင်မှ
သူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိနေတာ။
အဲ့လိုပုံစံကိုကယူဂျင်း ကြည့်မရတာပဲ။
အရမ်း မုန်းချင်စရာကောင်းတယ်။
"ဟန်ယူဂျင်း..မင်းက..
မင်းကိုသနားလို့လွှတ်ပေးထားတာကို ကြောက်ရကောင်းမှန်းမသိဘူးပဲ..။
ဘယ်လိုလဲ ဒီတစ်ခါတော့မင်းကိုပါ
မင်းညီတက်နေတဲ့ဆေးရုံကိုပို့ပေးရမလား..? "
ပြောရင်းဂယူဘင်းကထိုကောင်လေးစားပွဲနားကို
အနီးဆုံးလျှောက်သွားမိတယ်။
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
မတုန်မလှုပ်လေးထိုင်နေတဲ့ ကောင်လေးကိုကြည့်ပြီး
ဂယူဘင်းအလိုမကျစွာ ဟက်ခနဲရယ်လိုက်မိတော့တာပဲ။
ကောင်ဆိုးလေးကဒေါသထွက်နေတာတဲ့လား..။
သူကဘာမှတောင်မလုပ်ရသေးဘဲလေ..။
"လစ်လျူရှုတာလား.. ငါသိတာတော့
ကြောက်တဲ့လူတွေကမသိချင်ယောင်ဆောင်တတ်ကြတယ်တဲ့"
ဂယူဘင်းခနဲ့သလိုပြောလိုက်တော့
ခေါင်းငုံ့ထားတဲ့ကောင်လေးက
ခပ်စူးစူးမော့ကြည့်လို့လာသည်။
တော်ရုံ အကြောတင်းတာ မဟုတ်ဘူးပဲ..။
ဒါပေမယ့်ရည်ရွယ်ချက်ကလွှဲနေတယ်
ခပ်စူးစူးအကြည့်တွေက သူမြင်ဖူးသမျှခက်ထန်နေတဲ့
အကြည့်တွေထဲ အားအလျော့ဆုံးနဲ့အနူးညံ့ဆုံးပဲ။
ကြောင်ပေါက်လေးတွေမာန်ဖီနေသလိုလေ..။
ကြည်တောက်တောက်မျက်လုံးလေးတွေက သူ့ကိုစူးရှရှကြည့်နေတာ။
အရမ်းကိုမှ ရယ်ချင်စရာကောင်းနေတာပဲ။
ထိုင်နေတဲ့နေရာကပြတင်းပေါက်နဲ့ကပ်ရပ်ဖြစ်နေတာကြောင့်
တိုက်ခတ်လာတဲ့လေပြေမှာ ကောင်လေးရဲ့
အညိုရောင်ဆံပင်ခပ်အုပ်အုပ်လေးက
ရွေ့လျားပြီးအနည်းငယ်ပုံပျက်လို့သွားတယ်။
ကျနေတဲ့နေရောင်ကြောင့် အသားအရေက
ဘယ်လောက်ထိအထိမခံဖြစ်ကြောင်းသိသာစေတယ်။
တစ်ခါမှဒီလောက်နီးနီးမကြည့်ခဲ့ဖူးလို့ထင်တယ်။
အခုကြည့်မိမှ ကောင်လေးရဲ့မျက်နှာက
နုနုဖတ်ဖတ်နဲ့ကလေးအသားအရေလိုပဲ။
ဒါတဲ့လား သူ့ကိုဒေါသမထွက်ထွက်အောင်ရန်လာစတဲ့ကောင်လေးက။
သူ့ကိုရန်လာမစခိုင်းဘဲ မူကြိုကျောင်းသွားခိုင်းရမှာမဟုတ်ဘူးလား။
ဘာလို့ဒီလောက်တောင်ရယ်စရာတွေများနေရတာလဲ။
"မကြောက်တတ်ရင် ကြောက်တတ်အောင်သင်ပေးရမလား"
ထိုင်နေတဲ့ကောင်လေးနဲ့တန်းတူဖြစ်သွားအောင်
ဂယူဘင်းကငုံ့ချပြီးပြောတော့ ထိုကောင်လေးက
တစ်ဖက်ကိုမျက်နှာလှည့်သွားသည်။
ထပ်ပြီး သူ့အကြည့်တွေကိုရှောင်ပြန်ပြီ။
မကြိုက်ဘူး။
အဲ့အပြုအမှုကိုဂယူဘင်းမကြိုက်ဘူး။
မျက်ခုံးတွေကိုကျုံ့ထားရင်း ပြတင်းပေါက်ဖက်
မျက်နှာမူနေတဲ့ကောင်လေးကို မေးဖျားကနေဆွဲမော့ပြီး
သူ့အကြည့်တွေနဲ့ထိပ်တိုက်ဆုံစေလိုက်သည်။
မရုန်းဘူး ၊ မရှောင်ဘူး ၊ မငြင်းဘူး
တည့်တည့်ပဲသူ့မျက်လုံးတွေကိုသူဖြစ်စေချင်တဲ့အတိုင်း
တည့်တည့်ပြန်စိုက်ကြည့်လာတာ။
သူဆွဲမော့ထားတဲ့မျက်နှာလေးကလေ။
နည်းနည်းလေးတောင်မှလှုပ်လှုပ်ရှားရှားမဖြစ်သွားတဲ့
ကောင်လေးရဲ့တုံ့ပြန်ပုံကိုကြည့်ပြီး ဂယူဘင်းကဘာကိုအလိုမကျမှန်းမသိ။
သူမျှော်လင့်ထားတာ တုန်လှုပ်နေမယ့်မရေမရာမျက်ဝန်းတွေကိုလေ..
ဒါပေမယ့် အခုလက်တွေ့လက်ခံလိုက်ရတာက
ဘာကိုမှမကြောက်မရွံ့ဖြစ်နေတဲ့
ခွေးပေါက်လေးတစ်ကောင်ရဲ့ခက်ထန်ထန်အကြည့်တွေကိုပဲ။
အကြည့်တွေနဲ့သူ့ကိုစစ်ခင်းနေသလားထင်ရလောက်အောင်
အောက်မျက်ခမ်းသားတွေအနီရောင်သန်းလာတဲ့အထိ
သူ့ကိုပြန်စိုက်ကြည့်နေတာ။
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်း ၊
မှိတ်ကျမသွားတဲ့မျက်လုံးတွေ ၊
သူဖိကိုင်ထားတဲ့မေးဖျားရဲ့အပေါ်ကအိစက်နေမယ်ထင်ရတဲ့ပါးပြင်တွေ ၊
လေတိုက်လို့လွှင့်နေတဲ့ဆံသားအညိုရောင်လေးတွေ....
စိတ်ဝင်စားစရာပဲ။
တစ်ကယ့် အရမ်းကိုမှ စိတ်ဝင်စားစရာကောင်လေးပဲ...။
သူမတွေးထားတဲ့စိတ်ဝင်စားစရာတွေက
ဒီကောင်လေးဆီမှာပိုပြီးရှာတွေ့လာတော့မယ်ထင်တယ်။
ဘယ်လိုလဲ စိတ်ဝင်စားစရာကောင်းတာတွေကို
ရှာကြည့်ကြမလား....?
ဟန်ယူဂျင်းဆိုတဲ့ ကောင်လေးဆီမှာလေ။
သူ့အတွေးနဲ့သူသဘောတကျဖြစ်သွားရတဲ့ဂယူဘင်းက
နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ အသာပြုံးတယ်။
ထို့နောက်သူ့လက်ထဲကမေးဖျားလေးကိုလွှတ်ပေးလိုက်ပြီး
ကောင်လေးရဲ့နဖူးပြင်ပေါ်ကဖရိုဖရဲဖြစ်နေတဲ့
ဆံသားတွေကိုလက်ချောင်းနဲ့အသာဖယ်ပေးလိုက်မိသည်။
သူလွှတ်ပေးလိုက်တဲ့မေးဖျားလေးက
သူ့ဆုပ်ကိုင်ထားမှုကြောင့်အနီရောင်သန်းလို့နေတယ်။
သူ့အားသူသိတာကြောင့် ကောင်လေးမနာမှာသိပေမယ့်
အရမ်းအထိမခံနူးညံ့နေတော့ နာများနာသွားမလား!?
ဘာပါလိမ့် ရုတ်တရက်ဝင်လာတဲ့ အဲ့အတွေးက။
သေချာပေါက်မနာဘူးဆိုတာကိုသိနေတာတောင် ထူးထူးဆန်းဆန်းလေ...
enough.. gyuvin enough.
တော်သင့်ပြီ။ ကိုယ့်ဟာကိုယ်သတိပေးပြီး
ထိုကောင်လေးရှိရာကနေလှည့်ထွက်လာလိုက်မိသည်။
ဘယ်လိုထင်သွားမလဲ ဂရုမစိုက်နိုင်တော့ပါ။
ကိုယ့်ဟာကိုယ် ဘယ်လိုစိတ်လှုပ်ရှားစရာလေးတွေ
ရှာဖွေရမလဲဆိုတာကိုစတွေးနေတော့မှာမို့။
မခန့်မှန်းနိုင်တဲ့အပြုံးကိုချိတ်ဆွဲပြီး
ဂယူဘင်းကတစ်ကိုယ်တည်းညီးတယ်။
သူတော့စိတ်ဝင်စားစရာလေးရလိုက်တာပဲတဲ့လေ...။
______
TBC