Zawgyi~
"ကင္မ္"ဧကရာဇ္ႏိုင္ငံေတာ္၏ အထြတ္အထိတ္ထားရာ ေန႔စြဲတစ္ခုတဲ့..။ဤေန႔သည္ ေတာ္ဝင္ေသြးလူျဖစ္လာေသာ..၁၆ႏွစ္တင္းတင္းျပည့္သည့္ေန႔..ေျပာရလွ်င္ေတာ့ အျပစ္ေတြေမြးဖြားခဲ့ေသာေန႔ပင္ျဖစ္သည္။
မနက္္ခင္းတြင္ သူတို႔အိမ္၏အေငြ႔အသက္မွလြဲ၍အိမ္အျပင္ပတ္ဝန္းက်င္တိုင္းဟာဆူညံေနၾကျခင္းျဖင့္သူတို႔၏စိတ္လႈပ္႐ွားမႈေတြကိုေဖာ္ျပေနၾကသည္။မီးဖိုအနားတြင္ ဦးရီးပံုမွန္အတိုင္းထိုင္ေနတာျဖစ္ၿပီး ေဆးေဖာ္ေနတာမ်ိဳးလည္းျဖစ္ေကာင္းျဖစ္ႏိုင္သည္။
ေဆာ့ဂ်င္ လက္ထဲ႐ွိယူလာေသာသစ္ေစ့ေတြကို လီယို႔ေလွာင္အိမ္အတြင္း႐ွိခြက္တစ္ခုသို႔ထည့္ေပးလိုက္ၿပီး ဖြင့္ထားေသာျပတင္းေတြကိုသူလိုက္ပိတ္ေနလို႔ ဦးရီးသည္ သူ႔ကိုေမးဆက္လာေလသည္။ေဆာ့ဂ်င္ ဦးရီးကိုအာရံုမထားေသးဘဲ အိမ္အတြင္းအသံဗလံတြင္ဝင္မလာေတာ့သည္အထိ တံခါးေတြအကုန္ပိတ္ပစ္ခဲ့သည္။
"က်က္သေရမ႐ွိဘူးေလ..."
မီးအိမ္ကိုညႇိ၍သူဆိုသည္။ဆိုေနရင္းပင္ အသည္းေတြတဆက္ဆက္တုန္လာလို႔ ဆံႏြယ္ေကာက္ေကာက္ေအာက္႐ွိမ်က္ဝန္းမ်ားသည္လည္းေၾကာင္ေတာင္စြာမတည္မၿငိမ္ျဖစ္သည္။လူသတ္ခ်င္စိတ္ေတြ..မုန္းတီးစိတ္ေတြကိုအတင္းလုပ္ယူကာထိန္းခ်ဳပ္တတ္ေနၿပီျဖစ္ေသာ္ျငား သူစိတ္ေတြမတည္မၿငိမ္ျဖစ္ေနဆဲျဖစ္သည္။
"ဂ်င္ငယ္..ဒီကိုလာဦး.."
အခန္းအတြင္းျပန္ဝင္ရန္ျပင္ေနေသာသူ႔ကိုဦးရီးသည္ မီးပံုနံေဘးထိုင္ေနရင္းပင္ေခၚေလသည္။ေဆာ့ဂ်င္မျငင္းဘဲဦးရီးနံေဘးတြင္ထိုင္သည္ႏွင့္မီးပံုမွအေႏြးဓာတ္ကိုခံစားမိသည္။သူ႔ရင္တြင္းတြင္ေတာ့လြန္စြာေတာက္ေလာင္ေနၿပီျဖစ္သည္။
မျမင္ဖူးေသာမ်က္ဝန္းျပာေတြအေၾကာင္းအေတြးေရာက္တိုင္း မတည္႐ွိေတာ့သည္အထိဖ်က္ဆီးပစ္ခ်င္သည္။ဦးရီးေျပာေသာအခ်ိန္ေကာင္းကိုေစာင္းဆိုင္းေနရ၍သူသိပ္မုန္းပါသည္။
"စိတ္ထြက္ေပါက္ကိုဘယ္လို႐ွာသင့္တယ္ထင္လည္း...ဓားသိုင္းက်င့္ေပါ့ ဂ်င္ငယ္ အမဲလိုက္ထြက္ရင္လည္းထြက္..မင္းဒီအတိုင္းပဲေနၿပီး စိတ္ေတြမတည္ၿငိမ္ေနရင္ မင္းကိုပဲပိုထိခိုက္မယ္.."
"သားေကာင္ႀကီးႀကီးရဖို႔အမဲလိုက္ထြက္မယ္ ၿပီးေတာ့ မမကိုပါတစ္ခါတည္းေတြ႔ခဲ့ဦးမယ္ ဦးရီး..."
မမကိုျမႇဳပ္ႏွံထားခဲ့ေသာလြန္ခဲ့သည့္ကိုးႏွစ္ခန္႔ကေတာအုပ္ထဲကို သူရည္ၫႊန္းျခင္းျဖစ္သည္။ဦးရီးသည္အျမဲလိုလိုျငင္းတတ္ေသာ္လည္း သူအရြယ္ရာက္ေနၿပီျဖစ္၍ ဒီတစ္ခါေတာ့ေခါင္းၿငိမ့္ျပသည္။ေဖာ္စပ္လက္စေဆးေတြကိုစနစ္တက်ျပန္သိမ္းေနလို႔ ဦးရီးပါလိုက္ခဲ့မည္မွန္းသူသေဘာေပါက္သြားခဲ့သည္။
-
ခမ္းနားလွပါေသာရဲတိုက္ႀကီးအတြင္းဝယ္ အေစခံမ်ားျပာပန္းခတ္စြာညေန႐ွိပြဲေတာ္အတြက္စီစဥ္ေနၾကသည္။အ႐ွင့္သား၏တစ္ဆယ့္ေျခာက္ႏွစ္ျပည့္အခမ္းအနားသည္ ဆယ္စုႏွစ္တစ္ခုအတြင္း "ကင္မ္"အင္ပါယာ၏အႀကီးျမတ္ဆံုးပြဲေတာ္ျဖစ္လာေပလိမ့္မည္။
ရဲတိုက္တစ္ေလွ်ာက္တြင္နဂါးေခါင္းသ႑ာန္အလံေတာ္မ်ားလႊင့္ထူထားၿပီး ေရႊအိုေရာင္အျပင္အဆင္မ်ားသည္ရဲတိုက္အတြင္းထင္ဟက္ေနေလသည္။အလြန္ပင္မဂၤလာ႐ွိလွစြာေသာေန႔ရက္တစ္ရက္ျဖစ္ၿပီး အင္ပါယာတစ္ခုလံုးေပ်ာ္ရႊင္ၾကမည့္ေနဟုဆိုလွ်င္လည္းမမွားႏိုင္ပါေပ။
အ႐ွင့္သားဖြားျမင္သည့္ေန႔မွတိုင္ ယခုတစ္ဆယ့္ေျခာက္ႏွစ္ၾကာလြန္သည္အထိ အင္ပါယာအတြင္းစီးပြားေရးသည္ယခင္ထက္ပင္ ပို၍ေတာင့္တင္းလာခဲ့ၿပီး အာဏာစက္သည္ပို၍ပ်ံ့ႏွံ႔လာခဲ့သည္။ထက္ျမက္ေသာ၊ရဲရင့္ေသာအ႐ွင့္သား၏ဂုဏ္သတင္းသည္လည္း အနီးပတ္ဝန္းက်င္႐ွိအင္ပါယာမ်ားထံသို႔ပ့်ံလြင့္သည္။
အ႐ွင္မေဒစီ၏နန္းေဆာင္တြင္ ေဒစီအခင္းႀကီးသည္လြန္ခဲ့ေသာႏွစ္မ်ားကကဲ့သို႔ပင္မေျပာင္းမလဲသိပ္လွပေနပါသည္။ေဒစီရနံ႔မ်ားပ်ံ့ႏွံ႔ထံုသင္းေနစဥ္ အ႐ွင္မ၏အလွသည္ ခုႏွစ္ျပည္ေထာင္ဧကရာဇ္တို႔ဦးၫႊတ္ခဲ့ရသည္မွာလည္းမဆန္းလွေပ။
နီညိဳေရာင္႐ွိေသာဆံႏြယ္တို႔သည္ သူမ၏ပခံုးထက္တြင္က်က္သေရ႐ွိစြာလဲေလ်ာင္းေနလ်က္႐ွိၿပီး ဦးေခါင္းထက္႐ွိစိန္သရဖူသည္အေရာင္တလက္လက္ေတာက္ပသည္။မ်က္ဝန္းျပာလဲ့လဲ့တို႔သည္ေတာ့ အေ႐ွ႕႐ွိစုပ္တံကိုင္ထားေသာ သားေတာ္ထံတြင္ခ်စ္ျမတ္ႏိုးစြာေဝ့ဝဲေနေလသည္။
"မယ္မယ္...ၿပီးေတာ့မယ္ေနာ္..."
စုပ္တံကိုသူမႏွင့္ခ်ိန္ဆလိုက္ၿပီးေနာက္ ခပ္စစဆိုေလသည္။အေ႐ွ႕႐ွိပန္းခ်ီကားထံမွအာရံုမပ်က္႐ွိေနၿပီး မယ္ေတာ္၏ဆံႏြယ္နီညိဳညိဳတို႔ကိုေရးဆြဲျခင္းအား အ႐ွင့္သားအဆံုးသတ္လိုက္ေလသည္။ပါးျပင္ထက္တြင္ပါးခ်ိဳင့္သည္ခြက္သြားခဲ့သည္။မယ္ေတာ္ႏွင့္ဆင္တူသည့္ မ်က္ဝန္းျပာျပာမ်ားသည္ ငယ္စဥ္ကကဲ့သို႔ပင္ေႏြးေထြးေသာ္လည္း ပို၍စူး႐ွလာခဲ့သည္။
နန္းေဆာင္အတြင္း၌အပ်ိဳေတာ္မ်ားပို၍ေရာက္လာခဲ့ၿပီး အ႐ွင္မကိုေရခြက္ကမ္းေပးေသာ္ အ႐ွင့္သားသည္စုပ္တံကိုဘူးအတြင္းျပန္ထည့္လိုက္သည္။ေရေသာက္ေနေတာ္မူေသာမယ္ေတာ့္ကိုတစ္ခ်က္လက္ျပၿပီးေနာက္ အ႐ွင့္သားထြက္ခြာရန္ျပင္ေလသည္။
"သားေတာ္...ေနပါဦး.."
"ခမည္းေတာ္ကို မနက္ခင္းဂါဝရမျပဳရေသးဘူး မယ္မယ္...ဒီလိုေန႔မ်ိဳးမွာ သားေတာ္ေရာက္မသြားရင္ ခမည္းေတာ္အသက္ႀကီးလာလည္းစိတ္ဆိုးတတ္တာပဲ.."
အ႐ွင့္သား၏စကားေၾကာင့္အပ်ိဳေတာ္တို႔ခပ္တိုးတိုးရယ္ကုန္သည္။လွည့္ၾကည့္၍ ျပန္လည္ျပံဳးျပလိုက္ျခင္းတြင္ အပ်ိဳေတာ္တို႔မ်က္လႊာခ်ကုန္ၾကသည္။အ႐ွင့္သားကိုဘယ္ေသာအခါမွေမာ္မဖူးရဲခဲ့ၾကပါဘူးေလ။
"ဒါျဖင့္ မယ္မယ့္ပံုတူကိုျပပါဦး...မင္းဟာေလာလိုက္တာပဲကြယ္..ၾကာရင္ အ႐ွင့္ကိုသဝန္တိုရလြန္းလို႔ မယ္မယ္႐ုပ္ရင့္ပါလိမ့္မယ္.."
လက္ေမာင္းကိုအသာဆြဲလာေသာမယ္ေတာ္သည္ အ႐ွင့္သားကိုေမာ့ၾကည့္၍ေတာင္ဆိုရေလၿပီ။ခြန္အားဗလျပည့္စံုၿပီး ႐ွည္လ်ားေသာအရပ္အေမာင္းႏွင့္အ႐ွင့္သားသည္ အရြယ္ရလာသည္ႏွင့္အမွ်ခန္႔ညားေသာ႐ုပ္အသြင္ကိုေဆာင္လာေလသည္။
"သေဘာက်ရဲ႕လား မယ္မယ္..."
အ႐ွင္မေဒစီျပံဳးလို႔သြားၿပီး မ်က္ဝန္းေတြလက္လ်က္ေငးေနေသာသားေတာ္၏ပါးျပင္ကိုအုပ္ကိုင္ကာ မ်က္ရည္က်မိသြားခဲ့သည္။သူမကိုအခ်ိန္မေပးတတ္ေသာ ထက္ျမက္လွသည့္သားေတာ္သည္သူမ၏ပံုတူကိုပထမဆံုးအႀကိမ္ဆြဲေပးခဲ့ျခင္းျဖစ္သည္။
"အတိုင္းထက္အလြန္ပါပဲ သားေတာ္ရယ္.."
အလြန္ေထြးေပြ႔၍သူမငိုေတာ့ သားေတာ္သည္ နဖူးကိုငံု႔နမ္းေပးခဲ့ခ်ိန္တြင္ ေဒစီတစ္ခင္းလံုး႐ွိအပ်ိဳေတာ္၊အထိန္းေတာ္တို႔မ်က္ႏွာညႇိဳးသြားၾကေလသည္။ဤမွ်အထိ အ႐ွင္မႏွင့္အ႐ွင့္သားကိုသူတို႔ခ်စ္ၾကပါသည္။
-
ေတာအုပ္အတြင္းသို႔ဓား႐ွည္ယူသြားခဲ့ေသာေၾကာင့္ အမဲလိုက္ၿပီးခ်ိန္တြင္ ဦးရီးႏွင့္အတူ ဓားေရးေလ့က်င့္ျဖစ္ခဲ့သည္။ဆံႏြယ္ေကာက္ေကာက္တို႔ကိုေဆာ့ဂ်င္..သူစုစည္းလိုက္ၿပီးေနာက္ ဓား႐ွည္ကိုကြၽမ္းက်င္စြာလွည့္ကိုင္ကာ ဦးရီးကိုၾကည့္လိုက္မိသည္။
"ရန္သူကိုညႇာလို႔မရဘူး ဂ်င္ငယ္...မင္းရဲ႕လႈပ္႐ွားမႈ..မင္းရဲ႕အျမင္တိုင္းမွာရန္သူရဲ႕စိတ္ကိုျမင္ေနတတ္ရမယ္..."
ဦးရီးသူ႔ကိုစတင္တိုက္ခိုက္ခ်ိန္တြင္ ယခင္ေတြကထက္ပို၍အားေတြသံုးထားမွန္းသူရိပ္မိခဲ့သည္။ဦးရီး၏ဓားခ်က္တိုင္းကိုခုခံတိုက္ခိုက္ၿပီးေနာက္ ေျမျပင္ထက္တြင္သူတို႔လႈပ္႐ွားမႈမ်ားႏွင့္ဖုန္ေတြ႐ွပ္တိုက္သြားခဲ့သည္။
"ေတာ္တယ္ ဂ်င္ငယ္.."
သူ႔နာမည္ကိုဥိိးရီးဆိုေသာ္လည္း ဦးရီးမ်က္ဝန္းထဲတြင္သူဟုထင္ပံုမေပၚ..ေဆာ့ဂ်င္လြယ္ကူစြာပင္ေလ်ာေလ်ာ႐ွဴ႐ွဴခုခံရင္း ဦးရီးသူ႔ကိုအတုယူေစေနမွန္းသေဘာေပါက္သြားသည္။
"မင္းအလွည့္..."
ဦးရီးေပးခဲ့ေသာ႐ွိသမွ်အားအင္ေတြ..ပညာေတြ..ဗ်ဴဟာေတြကိုအသံုးျပဳကာသူတိုက္ခိုက္ျခင္းတြင္ ဦးရီး၏မ်က္ဝန္းမ်ားအစားအျပာေရာင္မ်က္ဝန္းေတြကိုသူျမင္ေယာင္လာခဲ့သည္။ရင္ထဲမုန္းတီးမႈေတြလိႈက္တက္လာၿပီး သူ႔တိုက္ခိုက္မႈေတြျမန္ဆန္သြားခ်ိန္တြင္ ဥိိးရီးလက္နက္ခ်သြားခဲ့သည္။
"ဦရီးရဲ႕ပညာေတြအျပင္ မင္းဗ်ဴဟာေတြကသိပ္ကိုအထြတ္အထိပ္ျဖစ္ေနၿပီဂ်င္ငယ္ ေနာက္ထပ္ႏွစ္နည္းနည္းေလာက္ကုန္ၿပီးရင္ စၾကတာေပါ့.."
ဓား႐ွည္ကိုျပန္သိမ္းေနရင္းေမာဟိုက္စြာဦးရီးဆိုေတာ့ သူေက်နပ္မိသြားသည္။စိတ္ေတြတည္ၿငိမ္ေအာင္စုေနမိၿပီး သူျမင္ေယာင္ျဖစ္ခဲ့ေသာမ်က္ဝန္းျပာေတြကိုအေတြးထဲမွႏွင္ထုတ္ေနမိသည္။မဟုတ္လွ်င္ သူလုပ္မိရာရာေတြလုပ္ျဖစ္သြားလိမ့္မည္။
"ရဲတိုက္ထဲကိုေရာက္ဖို႔ မလြယ္ကူဘူးလို႔ ဦးရီးဆိုဖူးတယ္ေနာ္ မမ ဘယ္လိုေရာက္သြားခဲ့တာလည္း..."
ဦရီးသည္ ပစၥည္းေတြကိုထုတ္ပိုးေနေလၿပီး ရခဲ့ေသာသမင္ကိုခုတ္ထစ္ရန္စီစဥ္ေနေလသည္။ဦးရီးနံေဘးသို႔သူဝင္ထိုင္ခ်ိန္တြင္ ဦးရီးသည္လုပ္လက္စေတြခနရပ္လိုက္သည္။အတိတ္ေတြကိုေတြးတိုင္း ရင္ထဲဓားခ်က္ေတြမ်ားတတ္သည္။ဦရီး၏မ်က္ဝန္းေတြကိုဆံုၾကည္တိုင္းထိုနားက်ည္းမႈေတြကိုထပ္တူက်မိသည္။
"တကယ္ေတာ့ ကင္မ္မ်ိဳးဆက္မေမြးဖြားခင္..မင္းတစ္ႏွစ္ေလာက္ပဲ႐ွိဦးမယ့္အခ်ိန္မွာ တိုင္းျပည္ရဲ႕ဧကရာဇ္..အ႐ွင္သခင္ပါတဲ့...အဲ့လူဒီေဒသဘက္ကိုလာရင္း မင္းအမနဲ႔ေတြ႔သြားတယ္ အဲ့အခ်ိန္မွာဧကရီေဒစီကိုယ္ဝန္မလြယ္ခင္ေပါ့ မင္းအမကေတာ့..အခုကင္မ္မ်ိဳးဆက္ရဲ႕အသက္အရြယ္ေလာက္ေပါ့.."
ေဆာ့ဂ်င္ ဦးရိိး၏စကားေတြကိုနားေထာင္ရင္း သားေကာင္ကိုဦးရီးအစားခုတ္ထစ္ရန္ျပင္သည္။ရင္ထဲတႏုတ္ႏုတ္ႏွင့္မမ၏ပံုရိပ္ေတြကိုျပန္၍ျမင္ေယာင္လို႔ဓား႐ွည္ကိုင္ထားေသာသူ႔လက္တို႔သည္တဆက္ဆက္တုန္ယင္လာရသည္။
"ဧကရာဇ္ မင္းအမကိုစိတ္ဝင္စားတယ္ဆိုပါေတာ့..ဦးရီးကလည္းဖခင္ပဲ ေတာ္ဝင္စည္းမ်ဥ္းေတြဦးရီးမသိေတာ့တဲ့အထိ ေဆာ့ဟြာအတြက္ဦးရီးဝမ္းသာခဲ့တာေပါ့ အဲ့တုန္းကေတာ့ေတာ္ဝင္ေသြးဆိုရင္ သိပ္ခ်စ္ၾကတဲ့ျပည္သူေတြထဲပါခဲ့တယ္ေလ..ေနာက္ေတာ့ ရက္ပိုင္းေတာင္မ႐ွိပါဘူး ဧကရာဇ္ၿမိဳ႕ေတာ္ကိုျပန္သြားခဲ့တယ္..မင္းအမကေတာ့ဧကရာဇ္ကိုဘဝႀကီးထင္ၿပီး ႐ူးက်န္ခဲ့တာေပါ့.."
မမ၏ခံစားခ်က္ေတြကိုစစ္တုရင္ကဲ့သို႔ျပဳမူသြားခဲ့သည္ပဲ။ေဆာ့ဂ်င္မ်က္ဝန္းေတြလႈပ္ခတ္လာၿပိး တျဖညိးျဖည္းႏွလံုးသားအက္ကြဲသကဲ့သို႔ခံစားလာရသည္။မမဟာငယ္စဥ္ကတည္းကစိတ္ဒဏ္ရာႏွင့္ျဖစ္လို႔စိတ္မ႐ွည္တတ္ျခင္းတြင္ သူသည္အျမဲမမကိုအျပစ္ျမင္မိခဲ့ေသးသည္။ေဆာ့ဂ်င္ ေနာင္တႀကီးစြာရသည္။ဦးရီးကိုေတာင္မ်က္ႏွာခ်င္းမဆိုင္ရဲျဖစ္မိသြားသည္။
ဓားကိုဆုပ္ကိုင္ထားေသာလက္မ်ားေျပေလ်ာ့ၿပီး ထပ္ဆိုလာမည့္ဦးရီး၏စကားသံေတြကိုေစာင့္ဆိုင္းသည္။ေတာ္ဝင္ေသြးေမြးသည့္ေန႔ကၿပိဳလဲေနေသာမမပံုကိုတစ္စြန္းတစ္စျမင္ေယာင္လာမိသည္။အလိုက္မသိခဲ့ေသာသူသည္ ထိုမေကာင္းဆိုးဝါးအေၾကာင္းကိုေမးခဲ့ေသးသည္။
"ေနာက္ေတာ့ မင္းခုနစ္ႏွစ္အရြယ္ေလာက္မွာ..ရဲတိုက္ကအသက္ႏွစ္ဆယ့္ငါးေအာက္အပ်ိဳေတြကို အလုပ္ေပးအပ္ဖို႔ေခၚေတာ့ မင္းရဲ႕အမပါသြားခဲ့တယ္.."
မမဟာထိုအခ်ိန္ကသူ႔ကို ရဲတိုက္ဟုမဆိုဘဲၿမိဳ႕ေတာ္တြင္အလုပ္သြားလုပ္မည္သာေျပာခဲ့ပါသည္။
"ဦရီးဆီကို စာေတြငါးလတစ္ႀကိမ္လာခဲ့တယ္..အဲ့အေတာအတြင္းမွာဦရီးသိလိုက္တာက ဧကရာဇ္ကိုမင္းအမေမတၱာ႐ွိေနခဲ့ေသးတယ္..အေတာ္ကိုေပါ့.."
"ဟင္.."
မမ၏ဧကရာဇ္အေပၚေမတၱာေတြသည္သိပ္နက္ခဲ့ေလာက္ပါသည္။မမသည္ေမတၱာႀကီးသူျဖစ္လိမ့္မည္။သူ႔အေပၚမေကာင္းသူကိုပါ အဆံုးအစြန္ေတြအထိ...ဧကရာဇ္ဆိုသည့္လူသည္လည္း ေမတၱာေပးသူကိုပါရက္ရက္စက္စက္သတ္ခဲ့သည္အထိပါပင္။ထိုသူ..ဧကရာဇ္ဆိုသည့္လူ၏အသက္ဟုသမုတ္ၾကေသာကင္မ္နမ္ဂြၽန္းကိုေရာ ဆယ့္ေျခာက္ႏွစ္ၾကာေကာင္းေကာင္းမြန္မြန္႐ွင္သန္ခိုင္းထားတာ တန္ေရာတန္ရဲ႕လား..။
"ႏွစ္ႏွစ္ေလာက္ပဲစာလာၿပီး စာမလာေတာ့ဘူး..အဲ့လိုနဲ႔အျဖစ္ဆိုးေတြမၾကံဳခင္ေရာက္လာတဲ့စာကေတာ့ ဧကရာဇ္နဲ႔လြယ္ထားတဲ့ကိုယ္ဝန္႐ွိေနၿပီ ရဲတိုက္ကခိုးထြက္လာေတာ့မယ္ အေဖတဲ့..."
ဦးရီး၏အသံသိမ္ဝင္လို႔သြားခဲ့သည္။ဦးရီးမ်က္ရည္က်သည္ႏွင့္သူ႔မ်က္ရည္တစ္စက္ပါေျမျပင္ထက္သို႔ေပါက္ခနဲက်သြားခဲ့သည္။ထိုေန႔ညကလကြယ္ည။မမျပန္လာမည္ဟူ၍ခုန္ေပါက္ကာသြားႀကိဳေသာေန႔ကျဖစ္ေလသည္။
-
T.B.C
Written By
Guu_Joonlili
Unicode~
"ကင်မ်"ဧကရာဇ်နိုင်ငံတော်၏ အထွတ်အထိတ်ထားရာ နေ့စွဲတစ်ခုတဲ့..။ဤနေ့သည် တော်ဝင်သွေးလူဖြစ်လာသော..၁၆နှစ်တင်းတင်းပြည့်သည့်နေ့..ပြောရလျှင်တော့ အပြစ်တွေမွေးဖွားခဲ့သောနေ့ပင်ဖြစ်သည်။
မနက််ခင်းတွင် သူတို့အိမ်၏အငွေ့အသက်မှလွဲ၍အိမ်အပြင်ပတ်ဝန်းကျင်တိုင်းဟာဆူညံနေကြခြင်းဖြင့်သူတို့၏စိတ်လှုပ်ရှားမှုတွေကိုဖော်ပြနေကြသည်။မီးဖိုအနားတွင် ဦးရီးပုံမှန်အတိုင်းထိုင်နေတာဖြစ်ပြီး ဆေးဖော်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည်။
ဆော့ဂျင် လက်ထဲရှိယူလာသောသစ်စေ့တွေကို လီယို့လှောင်အိမ်အတွင်းရှိခွက်တစ်ခုသို့ထည့်ပေးလိုက်ပြီး ဖွင့်ထားသောပြတင်းတွေကိုသူလိုက်ပိတ်နေလို့ ဦးရီးသည် သူ့ကိုမေးဆက်လာလေသည်။ဆော့ဂျင် ဦးရီးကိုအာရုံမထားသေးဘဲ အိမ်အတွင်းအသံဗလံတွင်ဝင်မလာတော့သည်အထိ တံခါးတွေအကုန်ပိတ်ပစ်ခဲ့သည်။
"ကျက်သရေမရှိဘူးလေ..."
မီးအိမ်ကိုညှိ၍သူဆိုသည်။ဆိုနေရင်းပင် အသည်းတွေတဆက်ဆက်တုန်လာလို့ ဆံနွယ်ကောက်ကောက်အောက်ရှိမျက်ဝန်းများသည်လည်းကြောင်တောင်စွာမတည်မငြိမ်ဖြစ်သည်။လူသတ်ချင်စိတ်တွေ..မုန်းတီးစိတ်တွေကိုအတင်းလုပ်ယူကာထိန်းချုပ်တတ်နေပြီဖြစ်သော်ငြား သူစိတ်တွေမတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်။
"ဂျင်ငယ်..ဒီကိုလာဦး.."
အခန်းအတွင်းပြန်ဝင်ရန်ပြင်နေသောသူ့ကိုဦးရီးသည် မီးပုံနံဘေးထိုင်နေရင်းပင်ခေါ်လေသည်။ဆော့ဂျင်မငြင်းဘဲဦးရီးနံဘေးတွင်ထိုင်သည်နှင့်မီးပုံမှအနွေးဓာတ်ကိုခံစားမိသည်။သူ့ရင်တွင်းတွင်တော့လွန်စွာတောက်လောင်နေပြီဖြစ်သည်။
မမြင်ဖူးသောမျက်ဝန်းပြာတွေအကြောင်းအတွေးရောက်တိုင်း မတည်ရှိတော့သည်အထိဖျက်ဆီးပစ်ချင်သည်။ဦးရီးပြောသောအချိန်ကောင်းကိုစောင်းဆိုင်းနေရ၍သူသိပ်မုန်းပါသည်။
"စိတ်ထွက်ပေါက်ကိုဘယ်လိုရှာသင့်တယ်ထင်လည်း...ဓားသိုင်းကျင့်ပေါ့ ဂျင်ငယ် အမဲလိုက်ထွက်ရင်လည်းထွက်..မင်းဒီအတိုင်းပဲနေပြီး စိတ်တွေမတည်ငြိမ်နေရင် မင်းကိုပဲပိုထိခိုက်မယ်.."
"သားကောင်ကြီးကြီးရဖို့အမဲလိုက်ထွက်မယ် ပြီးတော့ မမကိုပါတစ်ခါတည်းတွေ့ခဲ့ဦးမယ် ဦးရီး..."
မမကိုမြှုပ်နှံထားခဲ့သောလွန်ခဲ့သည့်ကိုးနှစ်ခန့်ကတောအုပ်ထဲကို သူရည်ညွှန်းခြင်းဖြစ်သည်။ဦးရီးသည်အမြဲလိုလိုငြင်းတတ်သော်လည်း သူအရွယ်ရာက်နေပြီဖြစ်၍ ဒီတစ်ခါတော့ခေါင်းငြိမ့်ပြသည်။ဖော်စပ်လက်စဆေးတွေကိုစနစ်တကျပြန်သိမ်းနေလို့ ဦးရီးပါလိုက်ခဲ့မည်မှန်းသူသဘောပေါက်သွားခဲ့သည်။
-
ခမ်းနားလှပါသောရဲတိုက်ကြီးအတွင်းဝယ် အစေခံများပြာပန်းခတ်စွာညနေရှိပွဲတော်အတွက်စီစဉ်နေကြသည်။အရှင့်သား၏တစ်ဆယ့်ခြောက်နှစ်ပြည့်အခမ်းအနားသည် ဆယ်စုနှစ်တစ်ခုအတွင်း "ကင်မ်"အင်ပါယာ၏အကြီးမြတ်ဆုံးပွဲတော်ဖြစ်လာပေလိမ့်မည်။
ရဲတိုက်တစ်လျှောက်တွင်နဂါးခေါင်းသဏ္ဍာန်အလံတော်များလွှင့်ထူထားပြီး ရွှေအိုရောင်အပြင်အဆင်များသည်ရဲတိုက်အတွင်းထင်ဟက်နေလေသည်။အလွန်ပင်မင်္ဂလာရှိလှစွာသောနေ့ရက်တစ်ရက်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးပျော်ရွှင်ကြမည့်နေဟုဆိုလျှင်လည်းမမှားနိုင်ပါပေ။
အရှင့်သားဖွားမြင်သည့်နေ့မှတိုင် ယခုတစ်ဆယ့်ခြောက်နှစ်ကြာလွန်သည်အထိ အင်ပါယာအတွင်းစီးပွားရေးသည်ယခင်ထက်ပင် ပို၍တောင့်တင်းလာခဲ့ပြီး အာဏာစက်သည်ပို၍ပျံ့နှံ့လာခဲ့သည်။ထက်မြက်သော၊ရဲရင့်သောအရှင့်သား၏ဂုဏ်သတင်းသည်လည်း အနီးပတ်ဝန်းကျင်ရှိအင်ပါယာများထံသို့ပျံ့လွင့်သည်။
အရှင်မဒေစီ၏နန်းဆောင်တွင် ဒေစီအခင်းကြီးသည်လွန်ခဲ့သောနှစ်များကကဲ့သို့ပင်မပြောင်းမလဲသိပ်လှပနေပါသည်။ဒေစီရနံ့များပျံ့နှံ့ထုံသင်းနေစဉ် အရှင်မ၏အလှသည် ခုနှစ်ပြည်ထောင်ဧကရာဇ်တို့ဦးညွှတ်ခဲ့ရသည်မှာလည်းမဆန်းလှပေ။
နီညိုရောင်ရှိသောဆံနွယ်တို့သည် သူမ၏ပခုံးထက်တွင်ကျက်သရေရှိစွာလဲလျောင်းနေလျက်ရှိပြီး ဦးခေါင်းထက်ရှိစိန်သရဖူသည်အရောင်တလက်လက်တောက်ပသည်။မျက်ဝန်းပြာလဲ့လဲ့တို့သည်တော့ အရှေ့ရှိစုပ်တံကိုင်ထားသော သားတော်ထံတွင်ချစ်မြတ်နိုးစွာဝေ့ဝဲနေလေသည်။
"မယ်မယ်...ပြီးတော့မယ်နော်..."
စုပ်တံကိုသူမနှင့်ချိန်ဆလိုက်ပြီးနောက် ခပ်စစဆိုလေသည်။အရှေ့ရှိပန်းချီကားထံမှအာရုံမပျက်ရှိနေပြီး မယ်တော်၏ဆံနွယ်နီညိုညိုတို့ကိုရေးဆွဲခြင်းအား အရှင့်သားအဆုံးသတ်လိုက်လေသည်။ပါးပြင်ထက်တွင်ပါးချိုင့်သည်ခွက်သွားခဲ့သည်။မယ်တော်နှင့်ဆင်တူသည့် မျက်ဝန်းပြာပြာများသည် ငယ်စဉ်ကကဲ့သို့ပင်နွေးထွေးသော်လည်း ပို၍စူးရှလာခဲ့သည်။
နန်းဆောင်အတွင်း၌အပျိုတော်များပို၍ရောက်လာခဲ့ပြီး အရှင်မကိုရေခွက်ကမ်းပေးသော် အရှင့်သားသည်စုပ်တံကိုဘူးအတွင်းပြန်ထည့်လိုက်သည်။ရေသောက်နေတော်မူသောမယ်တော့်ကိုတစ်ချက်လက်ပြပြီးနောက် အရှင့်သားထွက်ခွာရန်ပြင်လေသည်။
"သားတော်...နေပါဦး.."
"ခမည်းတော်ကို မနက်ခင်းဂါဝရမပြုရသေးဘူး မယ်မယ်...ဒီလိုနေ့မျိုးမှာ သားတော်ရောက်မသွားရင် ခမည်းတော်အသက်ကြီးလာလည်းစိတ်ဆိုးတတ်တာပဲ.."
အရှင့်သား၏စကားကြောင့်အပျိုတော်တို့ခပ်တိုးတိုးရယ်ကုန်သည်။လှည့်ကြည့်၍ ပြန်လည်ပြုံးပြလိုက်ခြင်းတွင် အပျိုတော်တို့မျက်လွှာချကုန်ကြသည်။အရှင့်သားကိုဘယ်သောအခါမှမော်မဖူးရဲခဲ့ကြပါဘူးလေ။
"ဒါဖြင့် မယ်မယ့်ပုံတူကိုပြပါဦး...မင်းဟာလောလိုက်တာပဲကွယ်..ကြာရင် အရှင့်ကိုသဝန်တိုရလွန်းလို့ မယ်မယ်ရုပ်ရင့်ပါလိမ့်မယ်.."
လက်မောင်းကိုအသာဆွဲလာသောမယ်တော်သည် အရှင့်သားကိုမော့ကြည့်၍တောင်ဆိုရလေပြီ။ခွန်အားဗလပြည့်စုံပြီး ရှည်လျားသောအရပ်အမောင်းနှင့်အရှင့်သားသည် အရွယ်ရလာသည်နှင့်အမျှခန့်ညားသောရုပ်အသွင်ကိုဆောင်လာလေသည်။
"သဘောကျရဲ့လား မယ်မယ်..."
အရှင်မဒေစီပြုံးလို့သွားပြီး မျက်ဝန်းတွေလက်လျက်ငေးနေသောသားတော်၏ပါးပြင်ကိုအုပ်ကိုင်ကာ မျက်ရည်ကျမိသွားခဲ့သည်။သူမကိုအချိန်မပေးတတ်သော ထက်မြက်လှသည့်သားတော်သည်သူမ၏ပုံတူကိုပထမဆုံးအကြိမ်ဆွဲပေးခဲ့ခြင်းဖြစ်သည်။
"အတိုင်းထက်အလွန်ပါပဲ သားတော်ရယ်.."
အလွန်ထွေးပွေ့၍သူမငိုတော့ သားတော်သည် နဖူးကိုငုံ့နမ်းပေးခဲ့ချိန်တွင် ဒေစီတစ်ခင်းလုံးရှိအပျိုတော်၊အထိန်းတော်တို့မျက်နှာညှိုးသွားကြလေသည်။ဤမျှအထိ အရှင်မနှင့်အရှင့်သားကိုသူတို့ချစ်ကြပါသည်။
-
တောအုပ်အတွင်းသို့ဓားရှည်ယူသွားခဲ့သောကြောင့် အမဲလိုက်ပြီးချိန်တွင် ဦးရီးနှင့်အတူ ဓားရေးလေ့ကျင့်ဖြစ်ခဲ့သည်။ဆံနွယ်ကောက်ကောက်တို့ကိုဆော့ဂျင်..သူစုစည်းလိုက်ပြီးနောက် ဓားရှည်ကိုကျွမ်းကျင်စွာလှည့်ကိုင်ကာ ဦးရီးကိုကြည့်လိုက်မိသည်။
"ရန်သူကိုညှာလို့မရဘူး ဂျင်ငယ်...မင်းရဲ့လှုပ်ရှားမှု..မင်းရဲ့အမြင်တိုင်းမှာရန်သူရဲ့စိတ်ကိုမြင်နေတတ်ရမယ်..."
ဦးရီးသူ့ကိုစတင်တိုက်ခိုက်ချိန်တွင် ယခင်တွေကထက်ပို၍အားတွေသုံးထားမှန်းသူရိပ်မိခဲ့သည်။ဦးရီး၏ဓားချက်တိုင်းကိုခုခံတိုက်ခိုက်ပြီးနောက် မြေပြင်ထက်တွင်သူတို့လှုပ်ရှားမှုများနှင့်ဖုန်တွေရှပ်တိုက်သွားခဲ့သည်။
"တော်တယ် ဂျင်ငယ်.."
သူ့နာမည်ကိုဥိးရီးဆိုသော်လည်း ဦးရီးမျက်ဝန်းထဲတွင်သူဟုထင်ပုံမပေါ်..ဆော့ဂျင်လွယ်ကူစွာပင်လျောလျောရှူရှူခုခံရင်း ဦးရီးသူ့ကိုအတုယူစေနေမှန်းသဘောပေါက်သွားသည်။
"မင်းအလှည့်..."
ဦးရီးပေးခဲ့သောရှိသမျှအားအင်တွေ..ပညာတွေ..ဗျူဟာတွေကိုအသုံးပြုကာသူတိုက်ခိုက်ခြင်းတွင် ဦးရီး၏မျက်ဝန်းများအစားအပြာရောင်မျက်ဝန်းတွေကိုသူမြင်ယောင်လာခဲ့သည်။ရင်ထဲမုန်းတီးမှုတွေလှိုက်တက်လာပြီး သူ့တိုက်ခိုက်မှုတွေမြန်ဆန်သွားချိန်တွင် ဥိးရီးလက်နက်ချသွားခဲ့သည်။
"ဦရီးရဲ့ပညာတွေအပြင် မင်းဗျူဟာတွေကသိပ်ကိုအထွတ်အထိပ်ဖြစ်နေပြီဂျင်ငယ် နောက်ထပ်နှစ်နည်းနည်းလောက်ကုန်ပြီးရင် စကြတာပေါ့.."
ဓားရှည်ကိုပြန်သိမ်းနေရင်းမောဟိုက်စွာဦးရီးဆိုတော့ သူကျေနပ်မိသွားသည်။စိတ်တွေတည်ငြိမ်အောင်စုနေမိပြီး သူမြင်ယောင်ဖြစ်ခဲ့သောမျက်ဝန်းပြာတွေကိုအတွေးထဲမှနှင်ထုတ်နေမိသည်။မဟုတ်လျှင် သူလုပ်မိရာရာတွေလုပ်ဖြစ်သွားလိမ့်မည်။
"ရဲတိုက်ထဲကိုရောက်ဖို့ မလွယ်ကူဘူးလို့ ဦးရီးဆိုဖူးတယ်နော် မမ ဘယ်လိုရောက်သွားခဲ့တာလည်း..."
ဦရီးသည် ပစ္စည်းတွေကိုထုတ်ပိုးနေလေပြီး ရခဲ့သောသမင်ကိုခုတ်ထစ်ရန်စီစဉ်နေလေသည်။ဦးရီးနံဘေးသို့သူဝင်ထိုင်ချိန်တွင် ဦးရီးသည်လုပ်လက်စတွေခနရပ်လိုက်သည်။အတိတ်တွေကိုတွေးတိုင်း ရင်ထဲဓားချက်တွေများတတ်သည်။ဦရီး၏မျက်ဝန်းတွေကိုဆုံကြည်တိုင်းထိုနားကျည်းမှုတွေကိုထပ်တူကျမိသည်။
"တကယ်တော့ ကင်မ်မျိုးဆက်မမွေးဖွားခင်..မင်းတစ်နှစ်လောက်ပဲရှိဦးမယ့်အချိန်မှာ တိုင်းပြည်ရဲ့ဧကရာဇ်..အရှင်သခင်ပါတဲ့...အဲ့လူဒီဒေသဘက်ကိုလာရင်း မင်းအမနဲ့တွေ့သွားတယ် အဲ့အချိန်မှာဧကရီဒေစီကိုယ်ဝန်မလွယ်ခင်ပေါ့ မင်းအမကတော့..အခုကင်မ်မျိုးဆက်ရဲ့အသက်အရွယ်လောက်ပေါ့.."
ဆော့ဂျင် ဦးရိး၏စကားတွေကိုနားထောင်ရင်း သားကောင်ကိုဦးရီးအစားခုတ်ထစ်ရန်ပြင်သည်။ရင်ထဲတနုတ်နုတ်နှင့်မမ၏ပုံရိပ်တွေကိုပြန်၍မြင်ယောင်လို့ဓားရှည်ကိုင်ထားသောသူ့လက်တို့သည်တဆက်ဆက်တုန်ယင်လာရသည်။
"ဧကရာဇ် မင်းအမကိုစိတ်ဝင်စားတယ်ဆိုပါတော့..ဦးရီးကလည်းဖခင်ပဲ တော်ဝင်စည်းမျဉ်းတွေဦးရီးမသိတော့တဲ့အထိ ဆော့ဟွာအတွက်ဦးရီးဝမ်းသာခဲ့တာပေါ့ အဲ့တုန်းကတော့တော်ဝင်သွေးဆိုရင် သိပ်ချစ်ကြတဲ့ပြည်သူတွေထဲပါခဲ့တယ်လေ..နောက်တော့ ရက်ပိုင်းတောင်မရှိပါဘူး ဧကရာဇ်မြို့တော်ကိုပြန်သွားခဲ့တယ်..မင်းအမကတော့ဧကရာဇ်ကိုဘဝကြီးထင်ပြီး ရူးကျန်ခဲ့တာပေါ့.."
မမ၏ခံစားချက်တွေကိုစစ်တုရင်ကဲ့သို့ပြုမူသွားခဲ့သည်ပဲ။ဆော့ဂျင်မျက်ဝန်းတွေလှုပ်ခတ်လာပြိး တဖြညိးဖြည်းနှလုံးသားအက်ကွဲသကဲ့သို့ခံစားလာရသည်။မမဟာငယ်စဉ်ကတည်းကစိတ်ဒဏ်ရာနှင့်ဖြစ်လို့စိတ်မရှည်တတ်ခြင်းတွင် သူသည်အမြဲမမကိုအပြစ်မြင်မိခဲ့သေးသည်။ဆော့ဂျင် နောင်တကြီးစွာရသည်။ဦးရီးကိုတောင်မျက်နှာချင်းမဆိုင်ရဲဖြစ်မိသွားသည်။
ဓားကိုဆုပ်ကိုင်ထားသောလက်များပြေလျော့ပြီး ထပ်ဆိုလာမည့်ဦးရီး၏စကားသံတွေကိုစောင့်ဆိုင်းသည်။တော်ဝင်သွေးမွေးသည့်နေ့ကပြိုလဲနေသောမမပုံကိုတစ်စွန်းတစ်စမြင်ယောင်လာမိသည်။အလိုက်မသိခဲ့သောသူသည် ထိုမကောင်းဆိုးဝါးအကြောင်းကိုမေးခဲ့သေးသည်။
"နောက်တော့ မင်းခုနစ်နှစ်အရွယ်လောက်မှာ..ရဲတိုက်ကအသက်နှစ်ဆယ့်ငါးအောက်အပျိုတွေကို အလုပ်ပေးအပ်ဖို့ခေါ်တော့ မင်းရဲ့အမပါသွားခဲ့တယ်.."
မမဟာထိုအချိန်ကသူ့ကို ရဲတိုက်ဟုမဆိုဘဲမြို့တော်တွင်အလုပ်သွားလုပ်မည်သာပြောခဲ့ပါသည်။
"ဦရီးဆီကို စာတွေငါးလတစ်ကြိမ်လာခဲ့တယ်..အဲ့အတောအတွင်းမှာဦရီးသိလိုက်တာက ဧကရာဇ်ကိုမင်းအမမေတ္တာရှိနေခဲ့သေးတယ်..အတော်ကိုပေါ့.."
"ဟင်.."
မမ၏ဧကရာဇ်အပေါ်မေတ္တာတွေသည်သိပ်နက်ခဲ့လောက်ပါသည်။မမသည်မေတ္တာကြီးသူဖြစ်လိမ့်မည်။သူ့အပေါ်မကောင်းသူကိုပါ အဆုံးအစွန်တွေအထိ...ဧကရာဇ်ဆိုသည့်လူသည်လည်း မေတ္တာပေးသူကိုပါရက်ရက်စက်စက်သတ်ခဲ့သည်အထိပါပင်။ထိုသူ..ဧကရာဇ်ဆိုသည့်လူ၏အသက်ဟုသမုတ်ကြသောကင်မ်နမ်ဂျွန်းကိုရော ဆယ့်ခြောက်နှစ်ကြာကောင်းကောင်းမွန်မွန်ရှင်သန်ခိုင်းထားတာ တန်ရောတန်ရဲ့လား..။
"နှစ်နှစ်လောက်ပဲစာလာပြီး စာမလာတော့ဘူး..အဲ့လိုနဲ့အဖြစ်ဆိုးတွေမကြုံခင်ရောက်လာတဲ့စာကတော့ ဧကရာဇ်နဲ့လွယ်ထားတဲ့ကိုယ်ဝန်ရှိနေပြီ ရဲတိုက်ကခိုးထွက်လာတော့မယ် အဖေတဲ့..."
ဦးရီး၏အသံသိမ်ဝင်လို့သွားခဲ့သည်။ဦးရီးမျက်ရည်ကျသည်နှင့်သူ့မျက်ရည်တစ်စက်ပါမြေပြင်ထက်သို့ပေါက်ခနဲကျသွားခဲ့သည်။ထိုနေ့ညကလကွယ်ည။မမပြန်လာမည်ဟူ၍ခုန်ပေါက်ကာသွားကြိုသောနေ့ကဖြစ်လေသည်။
-
T.B.C
Written By
Guu_Joonlili