🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(35)
အနှစ်ပြန်လိုက်လာတော့ ကိုကြီးကပါ ဝမ်းသာစွာကြိုဆို၏။ ဆိုင်ကြီးလာတာနဲ့အမျှ တာဝန်ယူမှုကလည်းကြီးလာတာမို့ အနှစ်ဆီကိုတောင် လာတွေ့ဖို့မအားနိုင်။ မေမေ့ဆီကနေ မွန်လေးနဲ့စေ့စပ်ပွဲပျက်တဲ့အကြောင်းကြားပြီးတာကြောင့် ဘယ်ကောင်မလေးအတွက်ရှာလဲဆိုတာ မသိနိုင်လောက်အောင်ပါပဲ။ မွန်လေးကရော အခု ကိုယံနဲ့ဘယ်လိုဖြစ်သွားပြီဆိုတာလည်းသိချင်ပါသည်။
သူ့အိမ်က ဒေါ်ဒေါ်နဲ့ဦးပုကလည်း သူမကိုတွေ့တော့ဝမ်းသာကြသည်။ ယခင် အနှစ်နဲ့သူ နှစ်ယောက်တည်းနေတဲ့အိမ်က ယခုတော့ သူ့မေမေပါတိုးလာလေပြီ။ သူ့အဖေနဲ့သူ့အစ်ကိုကတော့ အခုထိ စင်
ကာပူမှာရှိနေဆဲပင်။ ပြန်လာဖို့တော့စီစဉ်နေကြပြီဟု သူ့မေမေဆီကသိရသည်။ အန်တီအလွန်က သူမကိုတွေ့တော့ ငိုတောင်ငိုသည်။ သူမကို အသည်းမာလိုက်တာဟုလည်းပြောသည်။ ဖြစ်ခဲ့သမျှအတွက် တောင်းပန်ခဲ့သည်။ သူမက အစကတည်းက တခြားသူတွေကို အပြစ်မမြင်ခဲ့တာကြောင့် အလွယ်တကူခွင့်လွှတ်ပေးနိုင်ခဲ့သည်။
သူ့အိမ်ရောက်သည်နှင့် သမီးလေးကို ကိုကြီးကလာခေါ်သွားသည်။ သမီးက တစ်လမ်းလုံးအိပ်လိုက်လာတာမို့ အပြင်ထွက်လည်ဖို့တက်ကြွနေခဲ့သည်။ ကိုကြီးကို မကြောက်ဘဲ လိုက်သွားခဲ့သည်။ သူမမှာသာ ခေါင်းမူးပြီး အီလည်လည်ဖြစ်နေသည်။ အိပ်လည်းအိပ်ချင်သည်။ ထို့ကြောင့် သူမတို့ရဲ့အရင်အခန်းမှာသာ ဝင်အိပ်ဖြစ်သည်။
ညဘက်ရောက်မှ နိုးတော့သည်။ သမီးလေးက သူ့အဖွားနဲ့အိပ်နှင့်နေပြီ။ ည(၈)နာရီသာရှိသေးတာမို့ ရေချိုးဖို့ပြင်ဆင်တော့ သူကပေးမချိုး။
"ရှင်မချိုးချင် မချိုးနဲ့လေ ဘာလို့သူများကို လာတားနေတာလဲ "
"ညရောက်နေပြီမို့ပြောတာ ခရီးပန်းထားသေးတယ်"
"ရတယ် ကျွန်မမချိုးရရင် အိပ်လို့ရမှာမဟုတ်တော့ဘူး"
"ညနေက အိပ်တာမှ သိုးနေတာပဲကို အပိုတွေပြောနေတယ်"
လူတွေက အသက်ကြီးလာတာနဲ့အမျှ စကားကိုတည့်တိုးပြောတတ်လာတယ်နဲ့တူပါတယ်။ ပြောထည့်လိုက်တာက တည့်တည့်။ လူကိုအားလည်းမနာ။
"အဲ့တော့ဘာဖြစ်လဲ အခုလောလောဆယ် ကျွန်မရေချိုးချင်တယ် ရှင်ဖယ်ပေး"
"မချိုးရဘူး ဖျားလိမ့်မယ် မင်းဖျားရင်လွယ်တာမဟုတ်ဘူး"
"ရှင့်အပူမပါပါဘူး ဖယ်စမ်းပါရှင်!.."
အတင်းတွန်းတိုက်ကာ ရေချိုးခန်းထဲပြေးဝင်ခဲ့လိုက်သည်။ ရေချိုးခန်းထဲရောက်သည်နှင့် အထဲကနေလော့ချပြစ်ကာ မမြင်ရသူကို မျက်စောင်းထိုးမိသေးသည်။ ကျေးဇူးကြောင့် တဘက်မေ့လာ၏။ ရေမချိုးခင်က သတိမရတာဆိုးသည်။ အခုတော့ အပြင်ရောက်ရင် အဝတ်ကထပ်လဲရဦးမည်။
ရေချိုး ခေါင်းလျှော်ပြီးအပြင်ထွက်လာတော့ သူက ကုတင်ပေါ်မှာထိုင်စောင့်နေသည်။ ခေါင်းလျှော်လာသည့်အနှစ်ကိုမြင်တော့ မျက်မှောင်ကြီးကြုတ်ကာကြည့်သည်။ အကြည့်နဲ့တင်ပြောချင်တဲ့စကားကိုခန့်မှန်းမိသည်။ ညဘက်ကိုခေါင်းလျှော်တာ ရူးနေလားဆိုတဲ့အကြည့်မျိုးနဲ့။
စက်ဝန်းအလွန်က ကမ္ဘာမှာလူဘယ်လောက်များများ သူ့ကိုယ်သူကလွဲရင် ကျန်တဲ့သူကို အကောင်းမြင်မှာမဟုတ်။ ယခုလည်း သူမခေါင်းလျှော်လာတာကို ကြိုက်ပုံမရပါ။
"မင်းအသက်ကို (၁၈)နှစ်အရွယ်များထင်နေလား ညဘက်ကိုခေါင်းလျှော်နေတယ်"
"ကျွန်မဆံပင်က တိုတိုလေး ဂုတ်ထောက်ယုံပဲရှိတာ...အသက်အရကြည့်မယ်ဆိုရင်တောင် တစ်ချို့တွေလို သုံးဆယ်နားနီးတာမဟုတ်ဘဲ နှစ်ဆယ့်ငါးကျော်ယုံလေးပဲ ဒီလောက်ကအေးဆေး"
အသက်နှစ်နှစ်ကွာတာကို လှည့်ပတ်ပြောလာသည့် အနှစ်က သူ့ကို အရမ်းအနိုင်ရချင်ပုံပင်။
"စကားတတ်တိုင်းလျှောက်ပြောမနေနဲ့ ကိုယ်ကဖျားမှာဆိုးလို့တစ်ကယ်စိတ်ပူလို့ပြောတာ"
ပြောရင်းမှသူက ဗီရိုထဲမှ တစ်ဘက်တစ်ခုထုတ်လာကာ သူမကိုသုတ်ပေးဖို့ပြင်သည်။ ကိုယ့်ဘာသာလုပ်မယ်လို့ပြောတော့ စိတ်မရှည်သည့်သူက လူကို ကုတင်ပေါ်အတင်းထိုင်ချခိုင်းကာ ဆံပင်ကိုသုတ်ပေးလာသည်။ အတင်းကုန်းထတော့ အားနဲ့ဖိထားသည့်သူ့ကြောင့် ဘယ်လိုမှထမရ။ ထို့ကြောင့် ငြိမ်ခံနေလိုက်သည်။
နေပါစေ။ လက်ညောင်းသက်သာတာပေါ့။
ဒါပေမဲ့ မသိစိတ်က အတိတ်ကတစ်ချို့ကို စဉ်းစားမိသွားသည်။ ရှေ့ကလူဟာ အရင်တုန်းက ဒီလိုလုပ်ပေးတတ်သူမဟုတ်။ ချုပ်ချယ်တတ်သူသာဖြစ်သည်။ ပြောင်းလဲသွားခဲ့တာလား။ မဟုတ်ရင် သူမစိတ်ပြေဖို့ရန်အတွက် တမင်လုပ်နေတာလား။ မသိနိုင်။ သူက အရမ်းအတ္တကြီးပြီး မာယာများတဲ့သူမို့။
အနှစ်ဘက်ကငြိမ်ကျသွားတာကို စက်ဝန်းတစ်ချက်ငုံကြည့်ကာ စကားစသည်။
"ကိုယ်တစ်ခုမေးစရာရှိတယ်"
"ဘာလဲ"
"မင်းဘာကိုဆုံးဖြတ်လိုက်တာလဲ"
"ရှင်နဲ့အတူနေဖို့လေ"
"ကိုယ်ပြောတာလေ ကိုယ်က လက်ထပ်စာချုပ်ပြင်ဆင်ရမှာလား မဟုတ်ရင် အိမ်ငှားစာချုပ်ပြင်ထားရမှာလား ကိုယ်ကမ်းလှမ်းတာနှစ်ခုမို့လို့"
သူ့ရည်းစားတွေ မျက်နှာပြောင်တိုက်တတ်တာလည်းမပြောနဲ့။ သူကိုယ်တိုင်ကိုက မျက်နှာပြောင်တိုက်တတ်တာကိုး။ မသိသလိုနဲ့ ရိုးသားပုံပေါ်နေသည့်သူ့ပုံစံက ရိုက်သတ်ပြစ်ချင်စရာကောင်းလှသည်။ ယောက်ျားဖြစ်ပြီး ဟန်ဆောင်ပန်ဆောင်ကများလှပါလားစက်ဝန်းအလွန်။
အနှစ်အမြင်ကပ်လွန်းသည့်အကြည့်ဖြင့်မော့ကြည့်ကာ နှုတ်ကလည်းဆိုမိသည်။
"ကျွန်မက ရှင်နဲ့အိမ်ငှားဆက်ဆံရေးဆို ဒီအခန်းထဲမှာ အလွယ်တကူဝင်အိပ်ပါ့မလား...ရှင်က အသက်ကြီးလာလို့ထင်တယ် ဘာမှတောင် မတွေးတတ်တော့ဘူးပဲ ကျွန်မက ကျွန်မသမီးကို မိထွေးနဲ့မနေခိုင်းဘူး ဒါကြောင့် ကျွန်မကပဲ သမီးရဲ့တစ်ဦးတည်းသောအမေဖြစ်ရမယ် ဒါက ကျွန်မအဖြေပဲ..."
"ဒါဆို ကိုယ်တို့ပြန်လက်ထပ်ရမှာပဲ"
"စိတ်ကူးမယဉ်စမ်းနဲ့ ကိုစက်ဝန်းအလွန်...ကျွန်မတို့က အမည်ခံလင်မယားတွေဖြစ်လာမှာ"
"ဘာပဲဖြစ်ဖြစ် တရားဝင်လုပ်ရမှာပဲ ကိုယ့်ကိုတခြားမိန်းမနဲ့မယူစေချင်ရင်ပေါ့"
အနှစ်မျက်မှောင်ကြုတ်ကာ ဘုကြည့်ကြည့်တော့ သူကနှုတ်ခမ်းတွေကွေးတက်သွားသည်အထိပြုံးကာ...
"သမီးလေးအတွက်ပြောတာ"
သူမလေးက သူနောက်တစ်ယောက်ယူမှာကိုတွေးပြီး ပြန်ပေါင်းမယ်ဆိုပေမဲ့ သူမလေးရဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်ဆိုတာကိုတော့ မရိပ်မိပုံပါပဲ။ တစ်ကယ်ကို သမီးလေးအတွက်ပဲကြည့်တဲ့ပုံစံပင်။
"အင်း ကျွန်မလည်း သမီးကြောင့်လုပ်တာပဲ ပုံမှန်စိတ်နဲ့ဆိုရင် ဒီလိုမလုပ်ဘူး ကျွန်မသမီးအတွက် မှန်တဲ့ဆုံးဖြတ်ချက်ချခဲ့တာ ရှင့်ကိုလိုချင်လွန်းလို့မဟုတ်ဘူး သမီးက အဆင်ပြေတယ်ပြောတဲ့တစ်နေ့ ကျွန်မအရာအားလုံးကိုထားပြစ်ခဲ့ပြီး ထွက်သွားမှာ"
စကားတွေက ရင်နာရပါသည်။ သို့သော် သူ့မှာခံစားပြဖို့ မသင့်။ အတိတ်မှာ မဆင်မခြင်ဘဲ ဆုံးဖြတ်ချက်ချခဲ့သည့်သူက သူကိုယ်တိုင်ဖြစ်နေ၍။
အကယ်၍ လွန်ခဲ့တဲ့ငါးနှစ်ကသာ အနှစ်မှာကိုယ်ဝန်ရှိမှန်းသိခဲ့ရင် သူ ဘယ်လိုများဆုံးဖြတ်ခဲ့မိမလဲ။ သေချာတာက သူ့ဆုံးဖြတ်ချက်တွေပြောင်းသွားမယ်ဆိုတာပင်။
✿............✿...........✿
ဤသို့ဖြင့် တရားရုံးမှာ အနှစ်တို့ ပြန်ပြီးလက်ထပ်ဖြစ်ခဲ့ကြပါသည်။ ချစ်ခြင်းတို့ဖြင့်ပြန်လည်ရစ်ပတ်တာမဟုတ်၍ လက်မှတ်သာထိုးဖြစ်ကြသည်။ သူက အစကတည်းက နာမည်ကြီးသူဆိုပေမဲ့ အခုနောက်ပိုင်းမှပိုနာမည်ကြီးလာသူဖြစ်၍ သတင်းသမားတွေက အခုမှ သတင်းကို တမင်မကြီးကြီးအောင် တင်ကြသည်။ အထူးသဖြင့် သူနဲ့ပတ်သတ်တဲ့သူမဆီကို အဓိကဖြစ်သည်။
"သူတို့က ကျောင်းတက်တုန်းက ရည်းစားတွေပါ ဘယ်လို့ဖြစ်ပြီး လက်ထပ်တယ်ဖြစ်သွားတာလဲ...ပြီးတော့ ကလေးပါရနေတယ်တဲ့လား"
"ကျောင်းတက်ကတည်းကလက်ထပ်ခဲ့ကြတာတဲ့ မယုံနိုင်စရာပဲ"
"သူတို့ဇာတ်လမ်းက အရှုတ်တကာ့အရှုတ်ဆုံးပဲ အနီးနားကလူတွေပဲသိနိုင်မှာ"
"သူတို့ဘဝရဲ့ဇာတ်ကြောင်းက မျက်လှည့်ဆန်လိုက်တာ ဇာတ်ကိုလည်လို့"
"အံမယ် အဲ့ကလေးက သူ့ကလေးမှန်းဘယ်လိုသိတာလဲ အခုချမ်းသာမှန်းသိမှ ကပ်တာနေမှာပေါ့"
စသဖြင့် ကောင်းတာတွေရော၊မကောင်းတာတွေပါ ရေးကြသည်။ အနှစ်ကတော့ ဒါတွေဂရုမစိုက်ပါ။ အဓိကက သမီးလေးကိုမထိခိုက်ရင်ရပြီ။
နောက်တစ်ရက်မှာတော့ ထိုသတင်းတွေအကုန် အဖျက်ခံလိုက်ရသည်။ ဘယ်သူလဲဆိုတာ ပြေးကြည့်စရာမလို။ စက်ဝန်းအလွန်က သူ့သမီးကို စိတ်ဒဏ်ရာရစေမဲ့ ကိစ္စမျိုးကိုချန်ထားခဲ့မှာမဟုတ်။
"ထင်ရှား"
ထင်ရှားကလည်းအိမ်ကိုရောက်လာခဲ့သည်။ အနှစ်ကိုလည်း အပုန်းကောင်းလိုက်တာဟုလည်းချီးကျူးပြန်သည်။ အဆက်အသွယ်တွေအများကြီးနဲ့ရှာတာတောင် မတွေ့နိုင်တာက သူမ,တော်လို့ပဲလား။ မဟုတ်ရင် ရှာတဲ့သူတွေ ညံ့တာလားပဲ။
"အခုဘာတွေလုပ်နေတာလဲ ထင်ရှား"
"ငါကတော့ အိမ်က အလုပ်ပေါ့"
အစက ထင်ရှားကို ဒီတိုင်းသာမန်လူလို့ထင်ထားတာ။ ကျောင်းတက်စဉ် ခင်ခဲ့တုန်းကလည်း သူက သာမန်တက္ကသိုလ်ကျောင်းသားလိုပဲ ဝတ်စား၊ပြောဆို ဆိုတော့ ဝန်ကြီးတစ်ယောက်ရဲ့သားလို့ မထင်ခဲ့မိတာအမှန်ပင်။ ဒါတောင် မကြာသေးခင်ကမှသိတာ။ (ထင်ရှားရဲ့အဖေသည် ယခင်ကစီးပွါးရေးသမားဖြစ်ပြီး အခုနှစ်မှ နိုင်ငံရေးလောကထဲဝင်တာဖြစ်သည်။)
"ငါမေးစရာရှိတယ် "
"အင်း"
"မွန်လေး! မွန်လေးဘယ်မှာလဲ...ကျန်တဲ့သူတွေကိုမေးတာ မသိဘူးလို့ပဲဖြေကြတယ် နင်နဲ့တော့ အဆက်အသွယ်ရှိမယ်မလား"
"ရှိတယ် သူ့အဖေနဲ့"
"ဒါဆို အခုဘယ်မှာလဲ"
ထင်ရှားဘက်ကတိတ်ဆိတ်သွားသည်။ ဘယ်ကနေစပြောရမလဲစဉ်းစားနေမိတာဖြစ်သည်။ အနှစ်က ဘဝသစ်စတင်ဖို့ ထွက်သွားခဲ့တာဖြစ်ပေမဲ့ အနှစ်ထွက်သွားတော့ ကိစ္စတွေလည်းအများကြီးဖြစ်ခဲ့တာပဲ။
"ဆေးရုံမှာ ပြန်လည်သတိမရသေးတဲ့အခြေအနေမှာပဲ"
"ဘာလို့လဲ...မွန်လေးထိခိုက်တာလား"
အနှစ်အတော်စိုးရိမ်သွားရသည်။ ကိုယ့်ခံစားချက်ကိုပဲရှေ့တန်းတင်ပြီးထွက်သွားခဲ့တာဆိုပေမဲ့ မွန်လေးကိုတော့ နှုတ်ဆက်သွားချင်ပါသည်။ ဒါပေမဲ့ မေ့ပြီး ထွက်သွားခဲ့မိတာ။ မွန်လေးက ဆေးရုံပေါ်မှာ လှဲနေတာတဲ့လား။
"အနှစ်တို့ကိစ္စဖြစ်ပြီးနောက်ပိုင်း မွန်လေးတစ်ရက်မှမအိပ်ခဲ့ဘူး...ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကြောင့် သတ်သေတာသုံးခါ သူလုပ်ခဲ့လို့ အရာအားလုံးလွဲမှားကုန်တာတဲ့လေ...ဒီကြားထဲ မွန်လေးအဖေက ကိုမင်းထက်နဲ့စေ့စပ်ပွဲဖျက်ပြီးနောက်ပိုင်း သမီးကို အိမ်ထောင်ဖက်တွေ့ပေးတာဆက်တိုက်ဆိုတော့ စိတ်ဆင်းရဲမှုတွေကတန်းစီနေတာ အခု ငါနဲ့စေ့စပ်ထားတာ မွန်လေးအဖေရဲ့ပေးစားမှုကို ရပ်တန့်နိုင်ဖို့ရာက ဒါပဲရှိတယ်...ဒါတောင် မွန်လေးက သတိမရသေးတဲ့အခြေအနေမို့ မဟုတ်ရင် တစ်ယောက်ယောက်နဲ့ လက်ထပ်နေရပြီ....
မွန်လေးက သိပ်ကိုသနားစရာကောင်းပါတယ်...အချစ်အတွက်နဲ့ ဘဝတစ်ခုလုံးကို နှစ်မြှုပ်ပြစ်ပြီး သူငယ်ချင်းတွေကို နာကျင်စေခဲ့တာ တမင်လုပ်ယူတာမဟုတ်ပေမဲ့ ရင်ဆိုင်ဖို့တွန့်ဆုတ်နေခဲ့တာက သူရှင်သန်ခဲ့ရတဲ့ဘဝနဲ့လည်း ဆိုင်မယ်ထင်ပါတယ်"
ထင်ရှားမျက်လုံးထဲမှာ မွန်လေးရဲ့စကားသံတွေပြန်ကြားလာရသည်။
<<<"အနှစ်က မွန်လေးအတွက် ဘာမှမပြောဘဲ ကာကွယ်ပေးသွားတာဆိုပေမဲ့ အရာအားလုံးကိုသိရက်နဲ့မွန်လေးက ဖုန်းကွယ်ခဲ့တယ် မွန်လေးက ရဝေပြောသလို တစ်ကယ်ကို အသက်ရှင်ဖို့ မထိုက်တန်တဲ့မိန်းမပဲနော် ထင်ရှား...သူငယ်ချင်းရဲ့နာမည်ကိုယူသုံးယုံတင်မက အတ္တကြီးခဲ့မိတာ"
"မဟုတ်တာ အဲ့လိုမတွေးနဲ့ အဲ့မိန်းမရဲ့စကားကို နားထောင်စရာမလိုဘူး အနှစ်ကလည်း မွန်လေးကိုယ့်ကိုကိုယ်အပြစ်တင်တာ မလိုချင်လောက်ဘူး အခု အနှစ်ထွက်သွားတာက စိတ်ရှင်းဖို့ရာပဲ အရာအားလုံးငြိမ်သွားရင် ပြန်လာမှာ အဲ့ခါကျ မွန်လေးက တောင်းပန်ပြီး ကြိုဆိုပေးရမယ်မလား မွန်လေးက အနှစ်ရဲ့သူငယ်ချင်းလေ"
ထင်ရှားပြေလည်ဖို့ ဖျောင်းဖျခဲ့ပေမဲ့ အဆင်မပြေခဲ့ပေ။ နောက်တစ်ရက်မှာ မေ့လဲနေတဲ့မွန်လေးကို ဆေးရုံကုတင်ပေါ်မှာတွေ့လိုက်ရသည်။ လှေကားပေါ်ကပြုတ်ကျတာတဲ့။ အိမ်မှာဖြစ်သွားတဲ့ကိစ္စတွေမို့ တရားခံဘယ်သူလဲမသိဘဲ သတ်သေမှုနဲ့သာအဆုံးသတ်သွားပေမဲ့ ထင်ရှားကတော့ ရဝေသော်ကြောင့်ဆိုတာ သိသည်။ အဲ့မိန်းမက မွန်လေးကိုတွေ့တိုင်း ရန်ရှာနေခဲ့တာကြောင့်လေ။ လူကိုယ်တိုင်မသတ်ပေမဲ့ စကားနဲ့သတ်ခဲ့တာ။>>>
"မွန်လေးစိတ်ကို နားလည်နိုင်ပါတယ် သူပြောသလို အစကတည်းက အနှစ်နဲ့စက်ဝန်းက မတွေ့ဘဲနေရမှာ...အဲ့စကားက တစ်ကယ်မှန်ပါတယ်"
"မဟုတ်တာ အဲ့လိုတွက်ကြေးဆို ငါ့အမှားပဲပေါ့...ငါက မင်းနဲ့စက်ဝန်းကိုစပြီးဆုံစေခဲ့တာမို့လေ"
"အတိတ်က အကြောင်းတွေတော်ကြရအောင်ထင်ရှား ငါအခု အားလုံးမေ့နေပြီမလို့ အခုလက်ရှိကပဲသွားရအောင် ငါအတိတ်ကိုလွှတ်ချလိုက်သလို မွန်လေးလည်း အပြစ်ရှိစိတ်ကို လွှတ်ချလိုက်ရင်ကောင်းမယ်"
"အင်း"
အရာအားလုံးကို လွှတ်ချလိုက်ပြီတဲ့။ နှလုံးသားကရော အကုန်လွှတ်ချနိုင်ခဲ့ရဲ့လား။
ဒီစကားကို တစ်စုံတစ်ယောက်ကြားသွားခဲ့မယ်ဆိုရင်ရော...
✿............✿...........✿
"ရှင်က ပွဲတော့တက်သားပဲနော် ရှင့်သတင်းတွေတအားမွှေးနေတော့ မတက်တော့ဘူးထင်တာ"
MJ Businessရဲ့နှစ်(၃၀)ပြည့် နှစ်ပတ်လည်ပွဲမှာ ဖိတ်ကြားခံရသူတစ်ဦးဖြစ်တဲ့ တံတိုင်းတည်တံ့က ခနဲ့သည်။ အရင်က သူ့ကိုကြိုက်တယ်လို့ထင်ခဲ့ပေမဲ့ ကိစ္စတစ်ချို့ဖြစ်သွားပြီးတဲ့နောက်မှာတော့ ကြိုက်တာမဟုတ်ဘဲ ရဝေကို အကူအညီပေးချင်ယုံသာဖြစ်ကြောင်းသိခဲ့ရသည်။ တစ်စုံတစ်ယောက်ကြောင့်ပေါ့။
"ရှင့်မဟေသီရော မပါဘူးလား လောလောလတ်လတ်မှပြန်ပေါင်းထားတာမဟုတ်ဘူးလား"
"သူက လူရှုပ်တဲ့နေရာမကြိုက်ဘူး"
စက်ဝန်းက လက်ထဲမှာကိုင်ထားတဲ့ကော့တေးကို ခံတွင်းထဲ အပြည့်ထည့်ပြီး ခွက်ကို ရှေ့ကစားပွဲပေါ်တင်ကာ ကျောခိုင်းထွက်သွားသည်။
ရှပ်အဖြူပေါ်မှာ နက်ကတိုင်အနက်ရောင်၊ ကုတ်အနက်၊ဘောင်းဘီအနက်နဲ့ အင်္ကျီမှလွဲ၍ ကျန်တာအနက်ရောင်တွေချည်းဝတ်ထားတဲ့ သူ့မျက်ဝန်းတွေကလည်း နက်မှောင်နေသည်။ ကြည့်ရတာ လောလောလတ်လတ် လက်ထပ်ထားတဲ့မိန်းမက ပလစ်ထားပုံပါပဲ။
အဟက်။ တည်တံ့အားကျစွာရယ်မိသည်။ စက်ဝန်းကို သဘောကျလို့မဟုတ်ဘဲ အနှစ်သာရကိုသဘောကျ၍ဖြစ်သည်။ အနှစ်သာရက သူ့ရည်းစားဟောင်းတွေအစား လှလှပပကို လက်စားချေပေးနေတာ။
✿............✿...........✿
"မေမေ အိပ်နှင့်လိုက်ပါ အနှစ်စောင့်လိုက်ပါမယ်"
ညဘက်အထိ ပြန်မလာသေးသည့်သားကို စောင့်နေတာ မကြည့်ရက်၍ မေမေအလွန်ကို အတင်းအိပ်ခိုင်းဖြစ်သည်။ အစက အန်တီအလွန်လို့ခေါ်တာပေမဲ့ ပြန်ပေါင်းတဲ့နေ့မှာ မေမေလို့ခေါ်လည်းရပါတယ်ပြော၍ ယောက္ခမဆိုတာကလည်း အမေပဲမို့ မေမေအလွန်လို့ခေါ်ခဲ့သည်။ ခေါ်ရတာ ထောက်ပေမဲ့ ကြာရင် အဆင်ပြေသွားမှာပါ။
"မဟုတ်တာ တနေ့ကမှ ပြန်လာတဲ့သမီးကို ပင်ပန်းခိုင်းလို့မရဘူး"
"ရပါတယ်ရှင် အနှစ်က တစ်နေကုန်ဘာမှမလုပ်ဘဲနေနေတာ ဒါတော့စောင့်နိုင်ပါတယ်ရှင် မေမေသွားအိပ်လိုက်ပါ မေမေ့သားကို သေချာပေါက် အိပ်ခန်းထဲပို့ပေးပါမယ်"
"ဒါဆို မေမေသွားမယ်နော်..."
"ဟုတ်ကဲ့"
သူ့အမေက အသက်ကြီးလာပြီဖြစ်၍ အောက်ထပ်က အခန်းမှာပဲနေသည်။ အပေါ်ထပ်မှာနေစေချင်ပေမဲ့ ဆင်းရ၊တက်ရခက်သည့်လှေကားဖြစ်နေ၍ အတင်းမတိုက်တွန်းဖြစ်တော့။ ပြီးတော့ မေမေနေတဲ့အခန်းက အပေါ်ထပ်မှာ ဘုရားခန်းဖြစ်နေ၍မတားမိတော့။ သမီးလေးကလည်း ဒီအိမ်ရောက်ကတည်းက အခန်းသစ်ရသည်မို့ ပျော်ပြီး ညဘက်ဆို မအေနားမလာတော့ဘဲ အခန်းထဲမှာသာ နေတော့သည်။ ကြီးလာလို့ မေမေနဲ့အိပ်ချင်တယ်လို့ပြောလို့ကတော့ ရိုက်ပြစ်ဦးမှာ။ သမီးမိန်းကလေးသာဖြစ်တာ အေးဆေးပြီးသီးသန့်နေချင်တာက ဘယ်သူနဲ့တူလို့တူမှန်းကိုမသိတော့ပေ။
အနှစ် ညဘက်လုပ်စရာလည်းမရှိတာကြောင့် နယ်က အလုပ်တွေကိုသာ ပြန်ကြည့်နေမိတော့သည်။ ဒီမှာလည်း အလုပ်လျှောက်ထားဖို့ပြင်ဆင်နေတာမို့ လုပ်စရာတွေကတစ်ကယ်များသည်။
လုပ်ရင်းလုပ်ရင်းနဲ့ နာရီကိုကြည့်တော့(၁၂)နာရီ။ ဒီလူအခုထက်ထိပြန်မလာသေး။
"တီ...တီ"
ဟော...ပြောရင်းဆိုရင်း ပြန်လာပါပြီ။ နေရာတကာမှာ သူ့လက်ထောက်ကမပါမဖြစ်။ ယခုလည်း ဇေယျာခန့်ကလာပို့တာဖြစ်သည်။ တံခါးဖွင့်ပေးရင်းအနားရောက်တော့ အနံ့အသက်တစ်ချို့ကထောင်းခနဲ။ အရက်နဲ့ကင်းကွာတာကြာမြင့်လို့လားမသိ။ အနံ့ပြင်းရင် သိပ်မခံနိုင်တော့။
"အခုထိမအိပ်သေးဘူးလား"
သူက တံခါးဖွင့်ပေးတာကိုမဝင်သေးဘဲ အပေါက်ဝတည့်တည့်မှာလက်ပိုက်ရပ်နေသည်။
"အိမ်မှာ လူငယ်ဆိုလို့ကျွန်မတစ်ယောက်ပဲရှိတာကို အိပ်လို့ဖြစ်မလား "
"အိပ်နှင့်လို့ပြောသားပဲ"
"ရှင်က အဲ့လိုပြောထွက်ပေမဲ့ လူကြီးတစ်ယောက်ကို ညဘက်ထိစောင့်ခိုင်းတဲ့အထိတော့ ကျွန်မက မသိတတ်တဲ့သူမဟုတ်ဘူး"
"ကိုယ်က မသိတတ်ဘူးလို့ပြောချင်တာလား"
"ကိုယ့်ဘာသာစဉ်းစားပေါ့ အိမ်ထဲဝင်ပါတော့ ကျွန်မတံခါးသေချာပြန်ခတ်ရမယ်"
သူ့ကိုယ်ကြီးကို အားနဲ့ဆွဲထည့်တော့ အလွယ်တကူပါလာသည်။ အရှိန်လွန်ပြီး သူမနဲ့အရမ်းကို နီးကပ်သွားသေးတာက နဖူးကိုနမ်းမိတော့မလိုပင်။
ရင်ဘက်တစ်နေရာက ဒုတ်ခနဲခုန်သွားပေမဲ့ ဒီလူကိုမချစ်တော့ဘူးလို့သတိလှမ်းပေးကာ ရှောင်ဖယ်ပြီး တံခါးပိတ်ဖို့ပြင်တော့ သူကခါးကိုဆွဲဖက်လာသည်။
"ဘာလုပ်တာလဲ"
မေမေနိုးမှာဆိုးလို့ အံကြိတ်သံတိုးတိုးနဲ့ ဆိုတော့ သူကရီဝေဝေစိုက်ကြည့်သည်။ မူးလာတိုင်းကြည့်တတ်တဲ့အကြည့်။ ဆွဲငင်အားတစ်ချို့ပါပြီး လူကို ပျော့ညံ့စေတဲ့အကြည့်။ ထိုအကြည့်ကို သူမ မုန်းသည်။
"တစ်ကယ်စိတ်ကုန်တာလား"
"ဘာကိုလဲ"
"ကိုယ်တို့ထပ်ပြီးအသစ်ကစလို့မရဘူးလား...ကိုယ်တစ်ကယ် အမှားမလုပ်တော့ဘူး ဟင်!...ကိုယ့်ကိုစိတ်မကုန်ပါနဲ့"
"ကျွန်မတို့နောက်မှပြောရအောင် အခုအိပ်တော့ ညနက်နေပြီ ဖယ်ဦး...ကျွန်မတံခါးပိတ်လိုက်ဦးမယ်"
"ဟင့်အင်း"
သူမရဲ့ခါးကိုအတင်းဖက်ထားပြီး ပုခုံးပေါ် မျက်နှာငုံ့တင်လာပြီးနောက် လည်တိုင်နားကို ဖွဖွကိုက်သည်။
"စက်ဝန်း"
"တောင်းပန်ပါတယ်"
သူမအတင်းရုန်းတော့လည်းမရ။ ရုန်းလေပိုဖက်လေဖြစ်သည်။ ဒီအချိန်မှာ သူမတွန်းကန်ပြီးအော်ဟစ်ပြစ်လို့ရသည်။ သို့သော် သူမမလုပ်ဖြစ်ခဲ့။ အင်္ကျီပေါ်အနည်းငယ်စိုစွတ်လာသည့်အထိအတွေ့တစ်ချို့ကြောင့်။ သူငိုနေတယ်။ ပြီးတော့ တောင်းပန်ပါတယ်ဆိုပြီး တဖွဖွပြောသည်။
ဒီလို ဝမ်းနည်းရမှန်းသိရင် ဘာလို့အစကတည်းက စောက်ချိုးမပြေဘဲ လုပ်ချင်ရာစွတ်လုပ်ခဲ့လဲ။ ဘာလို့ စကားလုံးကြမ်းတွေနဲ့ပြစ်ပေါက်ခဲ့လဲ။
အနှစ်က အလွယ်တကူစိတ်ပျော့တဲ့ထဲမပါပေမဲ့ သူနူးညံ့ပြတာနဲ့ ပျော့သွားတတ်တာက အစကတည်းကထင်ပါတယ်။ မိန်းမဆိုတဲ့အမျိုးကနော်။ မမြင်ခင်က နာတဲ့စိတ်က ပြန်မြင်ရတော့ အလဲလဲအပြိုပြို။
ဪ...မိန်းမဖြစ်ရတာ ကံဆိုးလိုက်တာ။
✿............✿...........✿
ဆက်ရန်
အချပ်ပိုမရှိ။
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(35)
အႏွစ္ျပန္လိုက္လာေတာ့ ကိုႀကီးကပါ ဝမ္းသာစြာႀကိဳဆို၏။ ဆိုင္ႀကီးလာတာနဲ႔အမွ် တာဝန္ယူမႈကလည္းႀကီးလာတာမို႔ အႏွစ္ဆီကိုေတာင္ လာေတြ႕ဖို႔မအားႏိုင္။ ေမေမ့ဆီကေန မြန္ေလးနဲ႔ေစ့စပ္ပြဲပ်က္တဲ့အေၾကာင္းၾကားၿပီးတာေၾကာင့္ ဘယ္ေကာင္မေလးအတြက္ရွာလဲဆိုတာ မသိႏိုင္ေလာက္ေအာင္ပါပဲ။ မြန္ေလးကေရာ အခု ကိုယံနဲ႔ဘယ္လိုျဖစ္သြားၿပီဆိုတာလည္းသိခ်င္ပါသည္။
သူ႔အိမ္က ေဒၚေဒၚနဲ႔ဦးပုကလည္း သူမကိုေတြ႕ေတာ့ဝမ္းသာၾကသည္။ ယခင္ အႏွစ္နဲ႔သူ ႏွစ္ေယာက္တည္းေနတဲ့အိမ္က ယခုေတာ့ သူ႔ေမေမပါတိုးလာေလၿပီ။ သူ႔အေဖနဲ႔သူ႔အစ္ကိုကေတာ့ အခုထိ စင္
ကာပူမွာရွိေနဆဲပင္။ ျပန္လာဖို႔ေတာ့စီစဥ္ေနၾကၿပီဟု သူ႔ေမေမဆီကသိရသည္။ အန္တီအလြန္က သူမကိုေတြ႕ေတာ့ ငိုေတာင္ငိုသည္။ သူမကို အသည္းမာလိုက္တာဟုလည္းေျပာသည္။ ျဖစ္ခဲ့သမွ်အတြက္ ေတာင္းပန္ခဲ့သည္။ သူမက အစကတည္းက တျခားသူေတြကို အျပစ္မျမင္ခဲ့တာေၾကာင့္ အလြယ္တကူခြင့္လႊတ္ေပးႏိုင္ခဲ့သည္။
သူ႔အိမ္ေရာက္သည္ႏွင့္ သမီးေလးကို ကိုႀကီးကလာေခၚသြားသည္။ သမီးက တစ္လမ္းလုံးအိပ္လိုက္လာတာမို႔ အျပင္ထြက္လည္ဖို႔တက္ႂကြေနခဲ့သည္။ ကိုႀကီးကို မေၾကာက္ဘဲ လိုက္သြားခဲ့သည္။ သူမမွာသာ ေခါင္းမူးၿပီး အီလည္လည္ျဖစ္ေနသည္။ အိပ္လည္းအိပ္ခ်င္သည္။ ထို႔ေၾကာင့္ သူမတို႔ရဲ႕အရင္အခန္းမွာသာ ဝင္အိပ္ျဖစ္သည္။
ညဘက္ေရာက္မွ ႏိုးေတာ့သည္။ သမီးေလးက သူ႔အဖြားနဲ႔အိပ္ႏွင့္ေနၿပီ။ ည(၈)နာရီသာရွိေသးတာမို႔ ေရခ်ိဳးဖို႔ျပင္ဆင္ေတာ့ သူကေပးမခ်ိဳး။
"ရွင္မခ်ိဳးခ်င္ မခ်ိဳးနဲ႔ေလ ဘာလို႔သူမ်ားကို လာတားေနတာလဲ "
"ညေရာက္ေနၿပီမို႔ေျပာတာ ခရီးပန္းထားေသးတယ္"
"ရတယ္ ကြၽန္မမခ်ိဳးရရင္ အိပ္လို႔ရမွာမဟုတ္ေတာ့ဘူး"
"ညေနက အိပ္တာမွ သိုးေနတာပဲကို အပိုေတြေျပာေနတယ္"
လူေတြက အသက္ႀကီးလာတာနဲ႔အမွ် စကားကိုတည့္တိုးေျပာတတ္လာတယ္နဲ႔တူပါတယ္။ ေျပာထည့္လိုက္တာက တည့္တည့္။ လူကိုအားလည္းမနာ။
"အဲ့ေတာ့ဘာျဖစ္လဲ အခုေလာေလာဆယ္ ကြၽန္မေရခ်ိဳးခ်င္တယ္ ရွင္ဖယ္ေပး"
"မခ်ိဳးရဘူး ဖ်ားလိမ့္မယ္ မင္းဖ်ားရင္လြယ္တာမဟုတ္ဘူး"
"ရွင့္အပူမပါပါဘူး ဖယ္စမ္းပါရွင္!.."
အတင္းတြန္းတိုက္ကာ ေရခ်ိဳးခန္းထဲေျပးဝင္ခဲ့လိုက္သည္။ ေရခ်ိဳးခန္းထဲေရာက္သည္ႏွင့္ အထဲကေနေလာ့ခ်ျပစ္ကာ မျမင္ရသူကို မ်က္ေစာင္းထိုးမိေသးသည္။ ေက်းဇူးေၾကာင့္ တဘက္ေမ့လာ၏။ ေရမခ်ိဳးခင္က သတိမရတာဆိုးသည္။ အခုေတာ့ အျပင္ေရာက္ရင္ အဝတ္ကထပ္လဲရဦးမည္။
ေရခ်ိဳး ေခါင္းေလွ်ာ္ၿပီးအျပင္ထြက္လာေတာ့ သူက ကုတင္ေပၚမွာထိုင္ေစာင့္ေနသည္။ ေခါင္းေလွ်ာ္လာသည့္အႏွစ္ကိုျမင္ေတာ့ မ်က္ေမွာင္ႀကီးၾကဳတ္ကာၾကည့္သည္။ အၾကည့္နဲ႔တင္ေျပာခ်င္တဲ့စကားကိုခန႔္မွန္းမိသည္။ ညဘက္ကိုေခါင္းေလွ်ာ္တာ ႐ူးေနလားဆိုတဲ့အၾကည့္မ်ိဳးနဲ႔။
စက္ဝန္းအလြန္က ကမာၻမွာလူဘယ္ေလာက္မ်ားမ်ား သူ႔ကိုယ္သူကလြဲရင္ က်န္တဲ့သူကို အေကာင္းျမင္မွာမဟုတ္။ ယခုလည္း သူမေခါင္းေလွ်ာ္လာတာကို ႀကိဳက္ပုံမရပါ။
"မင္းအသက္ကို (၁၈)ႏွစ္အ႐ြယ္မ်ားထင္ေနလား ညဘက္ကိုေခါင္းေလွ်ာ္ေနတယ္"
"ကြၽန္မဆံပင္က တိုတိုေလး ဂုတ္ေထာက္ယုံပဲရွိတာ...အသက္အရၾကည့္မယ္ဆိုရင္ေတာင္ တစ္ခ်ိဳ႕ေတြလို သုံးဆယ္နားနီးတာမဟုတ္ဘဲ ႏွစ္ဆယ့္ငါးေက်ာ္ယုံေလးပဲ ဒီေလာက္ကေအးေဆး"
အသက္ႏွစ္ႏွစ္ကြာတာကို လွည့္ပတ္ေျပာလာသည့္ အႏွစ္က သူ႔ကို အရမ္းအႏိုင္ရခ်င္ပုံပင္။
"စကားတတ္တိုင္းေလွ်ာက္ေျပာမေနနဲ႔ ကိုယ္ကဖ်ားမွာဆိုးလို႔တစ္ကယ္စိတ္ပူလို႔ေျပာတာ"
ေျပာရင္းမွသူက ဗီ႐ိုထဲမွ တစ္ဘက္တစ္ခုထုတ္လာကာ သူမကိုသုတ္ေပးဖို႔ျပင္သည္။ ကိုယ့္ဘာသာလုပ္မယ္လို႔ေျပာေတာ့ စိတ္မရွည္သည့္သူက လူကို ကုတင္ေပၚအတင္းထိုင္ခ်ခိုင္းကာ ဆံပင္ကိုသုတ္ေပးလာသည္။ အတင္းကုန္းထေတာ့ အားနဲ႔ဖိထားသည့္သူ႔ေၾကာင့္ ဘယ္လိုမွထမရ။ ထို႔ေၾကာင့္ ၿငိမ္ခံေနလိုက္သည္။
ေနပါေစ။ လက္ေညာင္းသက္သာတာေပါ့။
ဒါေပမဲ့ မသိစိတ္က အတိတ္ကတစ္ခ်ိဳ႕ကို စဥ္းစားမိသြားသည္။ ေရွ႕ကလူဟာ အရင္တုန္းက ဒီလိုလုပ္ေပးတတ္သူမဟုတ္။ ခ်ဳပ္ခ်ယ္တတ္သူသာျဖစ္သည္။ ေျပာင္းလဲသြားခဲ့တာလား။ မဟုတ္ရင္ သူမစိတ္ေျပဖို႔ရန္အတြက္ တမင္လုပ္ေနတာလား။ မသိႏိုင္။ သူက အရမ္းအတၱႀကီးၿပီး မာယာမ်ားတဲ့သူမို႔။
အႏွစ္ဘက္ကၿငိမ္က်သြားတာကို စက္ဝန္းတစ္ခ်က္ငုံၾကည့္ကာ စကားစသည္။
"ကိုယ္တစ္ခုေမးစရာရွိတယ္"
"ဘာလဲ"
"မင္းဘာကိုဆုံးျဖတ္လိုက္တာလဲ"
"ရွင္နဲ႔အတူေနဖို႔ေလ"
"ကိုယ္ေျပာတာေလ ကိုယ္က လက္ထပ္စာခ်ဳပ္ျပင္ဆင္ရမွာလား မဟုတ္ရင္ အိမ္ငွားစာခ်ဳပ္ျပင္ထားရမွာလား ကိုယ္ကမ္းလွမ္းတာႏွစ္ခုမို႔လို႔"
သူ႔ရည္းစားေတြ မ်က္ႏွာေျပာင္တိုက္တတ္တာလည္းမေျပာနဲ႔။ သူကိုယ္တိုင္ကိုက မ်က္ႏွာေျပာင္တိုက္တတ္တာကိုး။ မသိသလိုနဲ႔ ႐ိုးသားပုံေပၚေနသည့္သူ႔ပုံစံက ႐ိုက္သတ္ျပစ္ခ်င္စရာေကာင္းလွသည္။ ေယာက္်ားျဖစ္ၿပီး ဟန္ေဆာင္ပန္ေဆာင္ကမ်ားလွပါလားစက္ဝန္းအလြန္။
အႏွစ္အျမင္ကပ္လြန္းသည့္အၾကည့္ျဖင့္ေမာ့ၾကည့္ကာ ႏႈတ္ကလည္းဆိုမိသည္။
"ကြၽန္မက ရွင္နဲ႔အိမ္ငွားဆက္ဆံေရးဆို ဒီအခန္းထဲမွာ အလြယ္တကူဝင္အိပ္ပါ့မလား...ရွင္က အသက္ႀကီးလာလို႔ထင္တယ္ ဘာမွေတာင္ မေတြးတတ္ေတာ့ဘူးပဲ ကြၽန္မက ကြၽန္မသမီးကို မိေထြးနဲ႔မေနခိုင္းဘူး ဒါေၾကာင့္ ကြၽန္မကပဲ သမီးရဲ႕တစ္ဦးတည္းေသာအေမျဖစ္ရမယ္ ဒါက ကြၽန္မအေျဖပဲ..."
"ဒါဆို ကိုယ္တို႔ျပန္လက္ထပ္ရမွာပဲ"
"စိတ္ကူးမယဥ္စမ္းနဲ႔ ကိုစက္ဝန္းအလြန္...ကြၽန္မတို႔က အမည္ခံလင္မယားေတြျဖစ္လာမွာ"
"ဘာပဲျဖစ္ျဖစ္ တရားဝင္လုပ္ရမွာပဲ ကိုယ့္ကိုတျခားမိန္းမနဲ႔မယူေစခ်င္ရင္ေပါ့"
အႏွစ္မ်က္ေမွာင္ၾကဳတ္ကာ ဘုၾကည့္ၾကည့္ေတာ့ သူကႏႈတ္ခမ္းေတြေကြးတက္သြားသည္အထိၿပဳံးကာ...
"သမီးေလးအတြက္ေျပာတာ"
သူမေလးက သူေနာက္တစ္ေယာက္ယူမွာကိုေတြးၿပီး ျပန္ေပါင္းမယ္ဆိုေပမဲ့ သူမေလးရဲ႕အခြင့္အေရးေတြဆုံးရႈံးသြားတယ္ဆိုတာကိုေတာ့ မရိပ္မိပုံပါပဲ။ တစ္ကယ္ကို သမီးေလးအတြက္ပဲၾကည့္တဲ့ပုံစံပင္။
"အင္း ကြၽန္မလည္း သမီးေၾကာင့္လုပ္တာပဲ ပုံမွန္စိတ္နဲ႔ဆိုရင္ ဒီလိုမလုပ္ဘူး ကြၽန္မသမီးအတြက္ မွန္တဲ့ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ရွင့္ကိုလိုခ်င္လြန္းလို႔မဟုတ္ဘူး သမီးက အဆင္ေျပတယ္ေျပာတဲ့တစ္ေန႔ ကြၽန္မအရာအားလုံးကိုထားျပစ္ခဲ့ၿပီး ထြက္သြားမွာ"
စကားေတြက ရင္နာရပါသည္။ သို႔ေသာ္ သူ႔မွာခံစားျပဖို႔ မသင့္။ အတိတ္မွာ မဆင္မျခင္ဘဲ ဆုံးျဖတ္ခ်က္ခ်ခဲ့သည့္သူက သူကိုယ္တိုင္ျဖစ္ေန၍။
အကယ္၍ လြန္ခဲ့တဲ့ငါးႏွစ္ကသာ အႏွစ္မွာကိုယ္ဝန္ရွိမွန္းသိခဲ့ရင္ သူ ဘယ္လိုမ်ားဆုံးျဖတ္ခဲ့မိမလဲ။ ေသခ်ာတာက သူ႔ဆုံးျဖတ္ခ်က္ေတြေျပာင္းသြားမယ္ဆိုတာပင္။
✿............✿...........✿
ဤသို႔ျဖင့္ တရား႐ုံးမွာ အႏွစ္တို႔ ျပန္ၿပီးလက္ထပ္ျဖစ္ခဲ့ၾကပါသည္။ ခ်စ္ျခင္းတို႔ျဖင့္ျပန္လည္ရစ္ပတ္တာမဟုတ္၍ လက္မွတ္သာထိုးျဖစ္ၾကသည္။ သူက အစကတည္းက နာမည္ႀကီးသူဆိုေပမဲ့ အခုေနာက္ပိုင္းမွပိုနာမည္ႀကီးလာသူျဖစ္၍ သတင္းသမားေတြက အခုမွ သတင္းကို တမင္မႀကီးႀကီးေအာင္ တင္ၾကသည္။ အထူးသျဖင့္ သူနဲ႔ပတ္သတ္တဲ့သူမဆီကို အဓိကျဖစ္သည္။
"သူတို႔က ေက်ာင္းတက္တုန္းက ရည္းစားေတြပါ ဘယ္လို႔ျဖစ္ၿပီး လက္ထပ္တယ္ျဖစ္သြားတာလဲ...ၿပီးေတာ့ ကေလးပါရေနတယ္တဲ့လား"
"ေက်ာင္းတက္ကတည္းကလက္ထပ္ခဲ့ၾကတာတဲ့ မယုံႏိုင္စရာပဲ"
"သူတို႔ဇာတ္လမ္းက အရႈတ္တကာ့အရႈတ္ဆုံးပဲ အနီးနားကလူေတြပဲသိႏိုင္မွာ"
"သူတို႔ဘဝရဲ႕ဇာတ္ေၾကာင္းက မ်က္လွည့္ဆန္လိုက္တာ ဇာတ္ကိုလည္လို႔"
"အံမယ္ အဲ့ကေလးက သူ႔ကေလးမွန္းဘယ္လိုသိတာလဲ အခုခ်မ္းသာမွန္းသိမွ ကပ္တာေနမွာေပါ့"
စသျဖင့္ ေကာင္းတာေတြေရာ၊မေကာင္းတာေတြပါ ေရးၾကသည္။ အႏွစ္ကေတာ့ ဒါေတြဂ႐ုမစိုက္ပါ။ အဓိကက သမီးေလးကိုမထိခိုက္ရင္ရၿပီ။
ေနာက္တစ္ရက္မွာေတာ့ ထိုသတင္းေတြအကုန္ အဖ်က္ခံလိုက္ရသည္။ ဘယ္သူလဲဆိုတာ ေျပးၾကည့္စရာမလို။ စက္ဝန္းအလြန္က သူ႔သမီးကို စိတ္ဒဏ္ရာရေစမဲ့ ကိစၥမ်ိဳးကိုခ်န္ထားခဲ့မွာမဟုတ္။
"ထင္ရွား"
ထင္ရွားကလည္းအိမ္ကိုေရာက္လာခဲ့သည္။ အႏွစ္ကိုလည္း အပုန္းေကာင္းလိုက္တာဟုလည္းခ်ီးက်ဴးျပန္သည္။ အဆက္အသြယ္ေတြအမ်ားႀကီးနဲ႔ရွာတာေတာင္ မေတြ႕ႏိုင္တာက သူမ,ေတာ္လို႔ပဲလား။ မဟုတ္ရင္ ရွာတဲ့သူေတြ ညံ့တာလားပဲ။
"အခုဘာေတြလုပ္ေနတာလဲ ထင္ရွား"
"ငါကေတာ့ အိမ္က အလုပ္ေပါ့"
အစက ထင္ရွားကို ဒီတိုင္းသာမန္လူလို႔ထင္ထားတာ။ ေက်ာင္းတက္စဥ္ ခင္ခဲ့တုန္းကလည္း သူက သာမန္တကၠသိုလ္ေက်ာင္းသားလိုပဲ ဝတ္စား၊ေျပာဆို ဆိုေတာ့ ဝန္ႀကီးတစ္ေယာက္ရဲ႕သားလို႔ မထင္ခဲ့မိတာအမွန္ပင္။ ဒါေတာင္ မၾကာေသးခင္ကမွသိတာ။ (ထင္ရွားရဲ႕အေဖသည္ ယခင္ကစီးပြါးေရးသမားျဖစ္ၿပီး အခုႏွစ္မွ ႏိုင္ငံေရးေလာကထဲဝင္တာျဖစ္သည္။)
"ငါေမးစရာရွိတယ္ "
"အင္း"
"မြန္ေလး! မြန္ေလးဘယ္မွာလဲ...က်န္တဲ့သူေတြကိုေမးတာ မသိဘူးလို႔ပဲေျဖၾကတယ္ နင္နဲ႔ေတာ့ အဆက္အသြယ္ရွိမယ္မလား"
"ရွိတယ္ သူ႔အေဖနဲ႔"
"ဒါဆို အခုဘယ္မွာလဲ"
ထင္ရွားဘက္ကတိတ္ဆိတ္သြားသည္။ ဘယ္ကေနစေျပာရမလဲစဥ္းစားေနမိတာျဖစ္သည္။ အႏွစ္က ဘဝသစ္စတင္ဖို႔ ထြက္သြားခဲ့တာျဖစ္ေပမဲ့ အႏွစ္ထြက္သြားေတာ့ ကိစၥေတြလည္းအမ်ားႀကီးျဖစ္ခဲ့တာပဲ။
"ေဆး႐ုံမွာ ျပန္လည္သတိမရေသးတဲ့အေျခအေနမွာပဲ"
"ဘာလို႔လဲ...မြန္ေလးထိခိုက္တာလား"
အႏွစ္အေတာ္စိုးရိမ္သြားရသည္။ ကိုယ့္ခံစားခ်က္ကိုပဲေရွ႕တန္းတင္ၿပီးထြက္သြားခဲ့တာဆိုေပမဲ့ မြန္ေလးကိုေတာ့ ႏႈတ္ဆက္သြားခ်င္ပါသည္။ ဒါေပမဲ့ ေမ့ၿပီး ထြက္သြားခဲ့မိတာ။ မြန္ေလးက ေဆး႐ုံေပၚမွာ လွဲေနတာတဲ့လား။
"အႏွစ္တို႔ကိစၥျဖစ္ၿပီးေနာက္ပိုင္း မြန္ေလးတစ္ရက္မွမအိပ္ခဲ့ဘူး...ကိုယ့္ကိုကိုယ္အျပစ္တင္စိတ္ေၾကာင့္ သတ္ေသတာသုံးခါ သူလုပ္ခဲ့လို႔ အရာအားလုံးလြဲမွားကုန္တာတဲ့ေလ...ဒီၾကားထဲ မြန္ေလးအေဖက ကိုမင္းထက္နဲ႔ေစ့စပ္ပြဲဖ်က္ၿပီးေနာက္ပိုင္း သမီးကို အိမ္ေထာင္ဖက္ေတြ႕ေပးတာဆက္တိုက္ဆိုေတာ့ စိတ္ဆင္းရဲမႈေတြကတန္းစီေနတာ အခု ငါနဲ႔ေစ့စပ္ထားတာ မြန္ေလးအေဖရဲ႕ေပးစားမႈကို ရပ္တန႔္ႏိုင္ဖို႔ရာက ဒါပဲရွိတယ္...ဒါေတာင္ မြန္ေလးက သတိမရေသးတဲ့အေျခအေနမို႔ မဟုတ္ရင္ တစ္ေယာက္ေယာက္နဲ႔ လက္ထပ္ေနရၿပီ....
မြန္ေလးက သိပ္ကိုသနားစရာေကာင္းပါတယ္...အခ်စ္အတြက္နဲ႔ ဘဝတစ္ခုလုံးကို ႏွစ္ျမႇဳပ္ျပစ္ၿပီး သူငယ္ခ်င္းေတြကို နာက်င္ေစခဲ့တာ တမင္လုပ္ယူတာမဟုတ္ေပမဲ့ ရင္ဆိုင္ဖို႔တြန႔္ဆုတ္ေနခဲ့တာက သူရွင္သန္ခဲ့ရတဲ့ဘဝနဲ႔လည္း ဆိုင္မယ္ထင္ပါတယ္"
ထင္ရွားမ်က္လုံးထဲမွာ မြန္ေလးရဲ႕စကားသံေတြျပန္ၾကားလာရသည္။
<<<"အႏွစ္က မြန္ေလးအတြက္ ဘာမွမေျပာဘဲ ကာကြယ္ေပးသြားတာဆိုေပမဲ့ အရာအားလုံးကိုသိရက္နဲ႔မြန္ေလးက ဖုန္းကြယ္ခဲ့တယ္ မြန္ေလးက ရေဝေျပာသလို တစ္ကယ္ကို အသက္ရွင္ဖို႔ မထိုက္တန္တဲ့မိန္းမပဲေနာ္ ထင္ရွား...သူငယ္ခ်င္းရဲ႕နာမည္ကိုယူသုံးယုံတင္မက အတၱႀကီးခဲ့မိတာ"
"မဟုတ္တာ အဲ့လိုမေတြးနဲ႔ အဲ့မိန္းမရဲ႕စကားကို နားေထာင္စရာမလိုဘူး အႏွစ္ကလည္း မြန္ေလးကိုယ့္ကိုကိုယ္အျပစ္တင္တာ မလိုခ်င္ေလာက္ဘူး အခု အႏွစ္ထြက္သြားတာက စိတ္ရွင္းဖို႔ရာပဲ အရာအားလုံးၿငိမ္သြားရင္ ျပန္လာမွာ အဲ့ခါက် မြန္ေလးက ေတာင္းပန္ၿပီး ႀကိဳဆိုေပးရမယ္မလား မြန္ေလးက အႏွစ္ရဲ႕သူငယ္ခ်င္းေလ"
ထင္ရွားေျပလည္ဖို႔ ေဖ်ာင္းဖ်ခဲ့ေပမဲ့ အဆင္မေျပခဲ့ေပ။ ေနာက္တစ္ရက္မွာ ေမ့လဲေနတဲ့မြန္ေလးကို ေဆး႐ုံကုတင္ေပၚမွာေတြ႕လိုက္ရသည္။ ေလွကားေပၚကျပဳတ္က်တာတဲ့။ အိမ္မွာျဖစ္သြားတဲ့ကိစၥေတြမို႔ တရားခံဘယ္သူလဲမသိဘဲ သတ္ေသမႈနဲ႔သာအဆုံးသတ္သြားေပမဲ့ ထင္ရွားကေတာ့ ရေဝေသာ္ေၾကာင့္ဆိုတာ သိသည္။ အဲ့မိန္းမက မြန္ေလးကိုေတြ႕တိုင္း ရန္ရွာေနခဲ့တာေၾကာင့္ေလ။ လူကိုယ္တိုင္မသတ္ေပမဲ့ စကားနဲ႔သတ္ခဲ့တာ။>>>
"မြန္ေလးစိတ္ကို နားလည္ႏိုင္ပါတယ္ သူေျပာသလို အစကတည္းက အႏွစ္နဲ႔စက္ဝန္းက မေတြ႕ဘဲေနရမွာ...အဲ့စကားက တစ္ကယ္မွန္ပါတယ္"
"မဟုတ္တာ အဲ့လိုတြက္ေၾကးဆို ငါ့အမွားပဲေပါ့...ငါက မင္းနဲ႔စက္ဝန္းကိုစၿပီးဆုံေစခဲ့တာမို႔ေလ"
"အတိတ္က အေၾကာင္းေတြေတာ္ၾကရေအာင္ထင္ရွား ငါအခု အားလုံးေမ့ေနၿပီမလို႔ အခုလက္ရွိကပဲသြားရေအာင္ ငါအတိတ္ကိုလႊတ္ခ်လိုက္သလို မြန္ေလးလည္း အျပစ္ရွိစိတ္ကို လႊတ္ခ်လိုက္ရင္ေကာင္းမယ္"
"အင္း"
အရာအားလုံးကို လႊတ္ခ်လိုက္ၿပီတဲ့။ ႏွလုံးသားကေရာ အကုန္လႊတ္ခ်ႏိုင္ခဲ့ရဲ႕လား။
ဒီစကားကို တစ္စုံတစ္ေယာက္ၾကားသြားခဲ့မယ္ဆိုရင္ေရာ...
✿............✿...........✿
"ရွင္က ပြဲေတာ့တက္သားပဲေနာ္ ရွင့္သတင္းေတြတအားေမႊးေနေတာ့ မတက္ေတာ့ဘူးထင္တာ"
MJ Businessရဲ႕ႏွစ္(၃၀)ျပည့္ ႏွစ္ပတ္လည္ပြဲမွာ ဖိတ္ၾကားခံရသူတစ္ဦးျဖစ္တဲ့ တံတိုင္းတည္တံ့က ခနဲ႔သည္။ အရင္က သူ႔ကိုႀကိဳက္တယ္လို႔ထင္ခဲ့ေပမဲ့ ကိစၥတစ္ခ်ိဳ႕ျဖစ္သြားၿပီးတဲ့ေနာက္မွာေတာ့ ႀကိဳက္တာမဟုတ္ဘဲ ရေဝကို အကူအညီေပးခ်င္ယုံသာျဖစ္ေၾကာင္းသိခဲ့ရသည္။ တစ္စုံတစ္ေယာက္ေၾကာင့္ေပါ့။
"ရွင့္မေဟသီေရာ မပါဘူးလား ေလာေလာလတ္လတ္မွျပန္ေပါင္းထားတာမဟုတ္ဘူးလား"
"သူက လူရႈပ္တဲ့ေနရာမႀကိဳက္ဘူး"
စက္ဝန္းက လက္ထဲမွာကိုင္ထားတဲ့ေကာ့ေတးကို ခံတြင္းထဲ အျပည့္ထည့္ၿပီး ခြက္ကို ေရွ႕ကစားပြဲေပၚတင္ကာ ေက်ာခိုင္းထြက္သြားသည္။
ရွပ္အျဖဴေပၚမွာ နက္ကတိုင္အနက္ေရာင္၊ ကုတ္အနက္၊ေဘာင္းဘီအနက္နဲ႔ အက်ႌမွလြဲ၍ က်န္တာအနက္ေရာင္ေတြခ်ည္းဝတ္ထားတဲ့ သူ႔မ်က္ဝန္းေတြကလည္း နက္ေမွာင္ေနသည္။ ၾကည့္ရတာ ေလာေလာလတ္လတ္ လက္ထပ္ထားတဲ့မိန္းမက ပလစ္ထားပုံပါပဲ။
အဟက္။ တည္တံ့အားက်စြာရယ္မိသည္။ စက္ဝန္းကို သေဘာက်လို႔မဟုတ္ဘဲ အႏွစ္သာရကိုသေဘာက်၍ျဖစ္သည္။ အႏွစ္သာရက သူ႔ရည္းစားေဟာင္းေတြအစား လွလွပပကို လက္စားေခ်ေပးေနတာ။
✿............✿...........✿
"ေမေမ အိပ္ႏွင့္လိုက္ပါ အႏွစ္ေစာင့္လိုက္ပါမယ္"
ညဘက္အထိ ျပန္မလာေသးသည့္သားကို ေစာင့္ေနတာ မၾကည့္ရက္၍ ေမေမအလြန္ကို အတင္းအိပ္ခိုင္းျဖစ္သည္။ အစက အန္တီအလြန္လို႔ေခၚတာေပမဲ့ ျပန္ေပါင္းတဲ့ေန႔မွာ ေမေမလို႔ေခၚလည္းရပါတယ္ေျပာ၍ ေယာကၡမဆိုတာကလည္း အေမပဲမို႔ ေမေမအလြန္လို႔ေခၚခဲ့သည္။ ေခၚရတာ ေထာက္ေပမဲ့ ၾကာရင္ အဆင္ေျပသြားမွာပါ။
"မဟုတ္တာ တေန႔ကမွ ျပန္လာတဲ့သမီးကို ပင္ပန္းခိုင္းလို႔မရဘူး"
"ရပါတယ္ရွင္ အႏွစ္က တစ္ေနကုန္ဘာမွမလုပ္ဘဲေနေနတာ ဒါေတာ့ေစာင့္ႏိုင္ပါတယ္ရွင္ ေမေမသြားအိပ္လိုက္ပါ ေမေမ့သားကို ေသခ်ာေပါက္ အိပ္ခန္းထဲပို႔ေပးပါမယ္"
"ဒါဆို ေမေမသြားမယ္ေနာ္..."
"ဟုတ္ကဲ့"
သူ႔အေမက အသက္ႀကီးလာၿပီျဖစ္၍ ေအာက္ထပ္က အခန္းမွာပဲေနသည္။ အေပၚထပ္မွာေနေစခ်င္ေပမဲ့ ဆင္းရ၊တက္ရခက္သည့္ေလွကားျဖစ္ေန၍ အတင္းမတိုက္တြန္းျဖစ္ေတာ့။ ၿပီးေတာ့ ေမေမေနတဲ့အခန္းက အေပၚထပ္မွာ ဘုရားခန္းျဖစ္ေန၍မတားမိေတာ့။ သမီးေလးကလည္း ဒီအိမ္ေရာက္ကတည္းက အခန္းသစ္ရသည္မို႔ ေပ်ာ္ၿပီး ညဘက္ဆို မေအနားမလာေတာ့ဘဲ အခန္းထဲမွာသာ ေနေတာ့သည္။ ႀကီးလာလို႔ ေမေမနဲ႔အိပ္ခ်င္တယ္လို႔ေျပာလို႔ကေတာ့ ႐ိုက္ျပစ္ဦးမွာ။ သမီးမိန္းကေလးသာျဖစ္တာ ေအးေဆးၿပီးသီးသန႔္ေနခ်င္တာက ဘယ္သူနဲ႔တူလို႔တူမွန္းကိုမသိေတာ့ေပ။
အႏွစ္ ညဘက္လုပ္စရာလည္းမရွိတာေၾကာင့္ နယ္က အလုပ္ေတြကိုသာ ျပန္ၾကည့္ေနမိေတာ့သည္။ ဒီမွာလည္း အလုပ္ေလွ်ာက္ထားဖို႔ျပင္ဆင္ေနတာမို႔ လုပ္စရာေတြကတစ္ကယ္မ်ားသည္။
လုပ္ရင္းလုပ္ရင္းနဲ႔ နာရီကိုၾကည့္ေတာ့(၁၂)နာရီ။ ဒီလူအခုထက္ထိျပန္မလာေသး။
"တီ...တီ"
ေဟာ...ေျပာရင္းဆိုရင္း ျပန္လာပါၿပီ။ ေနရာတကာမွာ သူ႔လက္ေထာက္ကမပါမျဖစ္။ ယခုလည္း ေဇယ်ာခန႔္ကလာပို႔တာျဖစ္သည္။ တံခါးဖြင့္ေပးရင္းအနားေရာက္ေတာ့ အနံ႔အသက္တစ္ခ်ိဳ႕ကေထာင္းခနဲ။ အရက္နဲ႔ကင္းကြာတာၾကာျမင့္လို႔လားမသိ။ အနံ႔ျပင္းရင္ သိပ္မခံႏိုင္ေတာ့။
"အခုထိမအိပ္ေသးဘူးလား"
သူက တံခါးဖြင့္ေပးတာကိုမဝင္ေသးဘဲ အေပါက္ဝတည့္တည့္မွာလက္ပိုက္ရပ္ေနသည္။
"အိမ္မွာ လူငယ္ဆိုလို႔ကြၽန္မတစ္ေယာက္ပဲရွိတာကို အိပ္လို႔ျဖစ္မလား "
"အိပ္ႏွင့္လို႔ေျပာသားပဲ"
"ရွင္က အဲ့လိုေျပာထြက္ေပမဲ့ လူႀကီးတစ္ေယာက္ကို ညဘက္ထိေစာင့္ခိုင္းတဲ့အထိေတာ့ ကြၽန္မက မသိတတ္တဲ့သူမဟုတ္ဘူး"
"ကိုယ္က မသိတတ္ဘူးလို႔ေျပာခ်င္တာလား"
"ကိုယ့္ဘာသာစဥ္းစားေပါ့ အိမ္ထဲဝင္ပါေတာ့ ကြၽန္မတံခါးေသခ်ာျပန္ခတ္ရမယ္"
သူ႔ကိုယ္ႀကီးကို အားနဲ႔ဆြဲထည့္ေတာ့ အလြယ္တကူပါလာသည္။ အရွိန္လြန္ၿပီး သူမနဲ႔အရမ္းကို နီးကပ္သြားေသးတာက နဖူးကိုနမ္းမိေတာ့မလိုပင္။
ရင္ဘက္တစ္ေနရာက ဒုတ္ခနဲခုန္သြားေပမဲ့ ဒီလူကိုမခ်စ္ေတာ့ဘူးလို႔သတိလွမ္းေပးကာ ေရွာင္ဖယ္ၿပီး တံခါးပိတ္ဖို႔ျပင္ေတာ့ သူကခါးကိုဆြဲဖက္လာသည္။
"ဘာလုပ္တာလဲ"
ေမေမႏိုးမွာဆိုးလို႔ အံႀကိတ္သံတိုးတိုးနဲ႔ ဆိုေတာ့ သူကရီေဝေဝစိုက္ၾကည့္သည္။ မူးလာတိုင္းၾကည့္တတ္တဲ့အၾကည့္။ ဆြဲငင္အားတစ္ခ်ိဳ႕ပါၿပီး လူကို ေပ်ာ့ညံ့ေစတဲ့အၾကည့္။ ထိုအၾကည့္ကို သူမ မုန္းသည္။
"တစ္ကယ္စိတ္ကုန္တာလား"
"ဘာကိုလဲ"
"ကိုယ္တို႔ထပ္ၿပီးအသစ္ကစလို႔မရဘူးလား...ကိုယ္တစ္ကယ္ အမွားမလုပ္ေတာ့ဘူး ဟင္!...ကိုယ့္ကိုစိတ္မကုန္ပါနဲ႔"
"ကြၽန္မတို႔ေနာက္မွေျပာရေအာင္ အခုအိပ္ေတာ့ ညနက္ေနၿပီ ဖယ္ဦး...ကြၽန္မတံခါးပိတ္လိုက္ဦးမယ္"
"ဟင့္အင္း"
သူမရဲ႕ခါးကိုအတင္းဖက္ထားၿပီး ပုခုံးေပၚ မ်က္ႏွာငုံ႔တင္လာၿပီးေနာက္ လည္တိုင္နားကို ဖြဖြကိုက္သည္။
"စက္ဝန္း"
"ေတာင္းပန္ပါတယ္"
သူမအတင္း႐ုန္းေတာ့လည္းမရ။ ႐ုန္းေလပိုဖက္ေလျဖစ္သည္။ ဒီအခ်ိန္မွာ သူမတြန္းကန္ၿပီးေအာ္ဟစ္ျပစ္လို႔ရသည္။ သို႔ေသာ္ သူမမလုပ္ျဖစ္ခဲ့။ အက်ႌေပၚအနည္းငယ္စိုစြတ္လာသည့္အထိအေတြ႕တစ္ခ်ိဳ႕ေၾကာင့္။ သူငိုေနတယ္။ ၿပီးေတာ့ ေတာင္းပန္ပါတယ္ဆိုၿပီး တဖြဖြေျပာသည္။
ဒီလို ဝမ္းနည္းရမွန္းသိရင္ ဘာလို႔အစကတည္းက ေစာက္ခ်ိဳးမေျပဘဲ လုပ္ခ်င္ရာစြတ္လုပ္ခဲ့လဲ။ ဘာလို႔ စကားလုံးၾကမ္းေတြနဲ႔ျပစ္ေပါက္ခဲ့လဲ။
အႏွစ္က အလြယ္တကူစိတ္ေပ်ာ့တဲ့ထဲမပါေပမဲ့ သူႏူးညံ့ျပတာနဲ႔ ေပ်ာ့သြားတတ္တာက အစကတည္းကထင္ပါတယ္။ မိန္းမဆိုတဲ့အမ်ိဳးကေနာ္။ မျမင္ခင္က နာတဲ့စိတ္က ျပန္ျမင္ရေတာ့ အလဲလဲအၿပိဳၿပိဳ။
ဪ...မိန္းမျဖစ္ရတာ ကံဆိုးလိုက္တာ။
✿............✿...........✿
ဆက္ရန္
အခ်ပ္ပိုမရွိ။