အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရား

By Hnine-Wai

19K 1.7K 101

အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant ... More

အပိုင်း ၁ မှ အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈

အပိုင်း ၃၉

1.2K 117 15
By Hnine-Wai

အပိုင်း ၃၉

မိုးနှင့် လျပ်စီးများ တဖွဲဖွဲကျနေသည်။

ဖန့်ထျန်းကျို အတွက်တော့ လောကကြီးမှာ သူ့နဲ့မထိုက်တန်တဲ့ လူတွေပဲရှိသည်၊ သူ့ကို မကြိုက်ဘူးလို့ပြောဝံ့သူ ရှိဖို့နေနေသာသာ သူ့နဲ့ထိုက်တန်တဲ့သူတောင် တစ်ယောက်မှမရှိ။

သူက ကြောက်လန့်နေသည့်ဟယ်ကျန်းကို မှုန်မှိုင်းစွာ ကြည့်လိုက်ကာ လူကို လွှင့်မပစ်မိအောင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

ထို့နောက် ဖန့်ထျန်းကျို ဆတ်တောက်တောက်ထွက်သွားတော့ ဟယ်ကျန်းက စားလို့မပြီးသေးသည့် တည်သီးကို ကောက်ယူလိုက်ပြီး မြေပြင်ပေါ် အပစ်မခံရသေးသည့်သစ်သီးများကို ကြည့်လိုက်ပြီး ရုတ်တရက် ဝမ်းနည်းဒေါသထွက်သွားရသည်။

ခွေးကောင်၊ စောက်ရူး!

သူက သူ့လက်ထဲက စားလက်စတည်သီးတစ်ဝက်ကို ဖုန့်ထျန်းကျိုထံ ပစ်ထည့်လိုက်ပြီး "ကိုယ်ဝန်ရှိနေတာက ကျွန်တော်လား၊ ခင်များလား!"

ဘုတ်၊ ဘုတ်။

ထိုသူ လှည့်မကြည့်မီမှာပဲ ဟယ်ကျန်း၏ ဒေါသတို့ကို ကြောက်လန့်မှုက အစားထိုးသွား၏။ သူဘာလို့ အမြဲတမ်း ဗြောင်ကြီး သွားလုပ်ရတာလဲ? ဖန့်ထျန်းကျိုက ဒီတစ်ခါတော့ သူ့ကို သေချာပေါက် သတ်တော့မယ်!

သူက အလျင်စလိုပဲ စားပွဲအောက် ပုန်းလိုက်ပြီးနောက် ထိုသူက ဆူပုတ်စွာနှင့် ပြန်လှည့်လာသည်ကိုသတိပြုမိတော့ ရုတ်တရက်အမြန်ထထွက်လိုက်ကာ အိပ်ယာအောက် သွားပုန်းလိုက်၏။

ဖန့်ထျန်းကျို "..."

သူငယ်စဥ်တုန်းက သူ့မိခင်၏ အခြွေအရံတို့ မွေးဖူးသည့် ကြောင်တစ်ကောင်ကို သူ ရုတ်တရက် တွေးမိသွားသည်။ ထိုကြောင်က အမြဲပဲ လူတွေကို ရန်စတတ်ကာ တစ်အိမ်လုံး ရှုပ်ပွနေအောင် ဖွတတ်ပြီး လက်သည်းတပြင်ပြင်နှင့် ခြိမ်းခြောက်တတ်သေးသည်။ သို့ပေမဲ့လည်း သူ့ကို တကယ်ချတော့မယ့်သူက အနောက်ကနေ ပြေးလိုက်တာကိုတွေ့ရင်တော့ ၎င်းက လုံးဝကြောက်သွားပြီး လည်ပင်းကို ချက်ချင်းပဲ ပုဝင်လိုက်ကာ အမြှီးအတန်းလိုက်နှင့် တွေ့သည့်နေရာ ဝင်ပုန်းတော့သည်။ လွတ်အောင် မပြေးနိုင်တော့ဘူး ဆိုလျင်တော့ မြေကြီးပေါ် လှိမ့်လိုက်ပြီး လက်သည်းကြီးကားကာ ကိုယ်ဟန်က သတိအပြည့် ဖြစ်သွားတတ်၏။

ဟယ်ကျန်းတစ်ယောက် ခြေထောက်ကနေ အဆွဲထုတ်ခံလိုက်ရတော့ အသက်ရှုအောင့်လိုက်ပြီး နက်မှောင်သောမျက်လုံးအစုံနှင့် ဆုံတွေ့မိချိန်မှာတော့ အမှားလုပ်မိသည့်ကြောင်ကလေးလို့ အတုန်တုန်အရီရီ ဖြစ်သွားတော့သည်။

"ဘာကို ပုန်းနေတာလဲ?"

ဟယ်ကျန်းက သူ့ကို မဝံ့မရဲကြည့်လိုက်ပြီး တစ်လုံးမှ မပြောရဲချေ။

"ဖန့်ထျန်းကျိုက ထပ်မေးလိုက်သည်၊ "အထဲမှာ ညစ်ပတ်နေလား?"

ဟယ်ကျန်း တုံ့ဆိုင်းသွားပြီး "....ညစ်ပတ်တယ်"

"ညစ်ပတ်နေတာကို သိတယ်၊ ဒါတောင် အထဲ သွားချင်သေးတာလား?"

"‌ကြောက်...ကြောက်လို့"

"ကိုယ်တော် မင်းကို အော်ခဲ့သလား?"

တကယ်တော့ သူက တည်သီးကို လုပ်ခဲ့ခြင်းသာ၊ သူ့ကိုမဟုတ်။

ဟယ်ကျန်းက ခဏလောက် စဥ်းစားသွားပြီး ပိုစိတ်ဆိုးလာကာ "ဟင့်အင်း"

"ဒါဆို ဘာကိုကြောက်တာလဲ?"

"ထိ...ထိမိသွားလို့...ခင်များကို"

"အဲ့တာ ကိုယ်တော့ကို ရန်စမိမယ်ဆိုတာ သိရင် ဘာလို့ လုပ်ခဲ့သေးလဲ?"

ဟယ်ကျန်း၏ ပါးနှစ်ဖက် ဖောင်းသွားပြီး ထိုင်ချလိုက်ကာ ဒေါသမထိန်းနိုင်တော့သည့်နှယ်၊ "နောက် မလုပ်တော့ဘူး"

မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး

ဖန့်ထျန်းကျိုက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အလိမ်အညာတွေကို ထပ်မစုံစမ်းတော့ဘဲ တိတ်တဆိတ်ပဲ သတိပေးလိုက်သည်၊ "ကိုယ့်ကိုယ်ကို ပြန်သုံးသပ်၊ ကိုယ်တော့ကို စိတ်ဆိုးအောင်မလုပ်နဲ့။"

ဟယ်ကျန်းက နာခံစွာပဲ ခေါင်းညိတ်လိုက်သည်။ ဖန့်ထျန်းကျို သူ့ကို လွှတ်ပေးလိုက်ပြီး မြေကြီးပေါ်က တည်သီးတွေကို ကောက်ယူလိုက်ကာ တံခါးအပြင်ဘက်က အမှိုက်ခြင်းထဲသို့ ပစ်လိုက်သည်။ ဟယ်ကျန်း ထရပ်လိုက်ပြီး သူ့နောက်ကနေ လိုက်ထွက်သွားပြီး အိမ်အနှံ့ လှည့်ကြည့်လိုက်ကာ သူ တစ်ခုခု မပြောခင် လွတ်ပြီဆိုတာ သေချာအောင် လုပ်လိုက်ပြီးနောက် "ဘူး.....!"

သူက အကြောင်းမရှိဘဲ ဒေါသမထိန်းနိုင်ဖြစ်မတဲ့လား၊ သူ့ကိုယ်သူ ဘယ်လိုလုပ် ပြန်သုံးသပ်ရမှာလဲ? သူက ဘာကို ဆင်ခြင်သုံးသပ်ရမှာလဲ? သူက ဒင်းရဲ့ တည်သီးအကျန်ကိုပဲ စားလိုက်ရုံတင်လေ။

ဟုတ်တယ်ဟုတ်?

ဟယ်ကျန်း၏ မျက်နှာက ပြောင်းသွားပြီး နောက်ဆုံးတော့ သူစိတ်ဆိုးဒေါသထွက်ရသည့်အကြောင်းရင်းကို သဘောပေါက်သွားကာ သေလုမတတ် စိတ်ဓါတ်ကျသွားရလေတော့သည်။

ဒီအရူးက တကယ်ကြီးကို ရူးနေတာပဲ၊ ဒီလို ဂရုတစိုက်တွေးတတ်တာမျိုးက မိန်းခလေးတွေပဲတွေးတာမဟုတ်ဘူးလား? ယောက်ျားရင့်မကြီးတစ်ယောက်၊ နိုင်ငံရဲ့ ရှင်ဘုရင်တစ်ယောက်က ခုလောက် အထိမခံဖြစ်တာ တကယ်ကြီး ကောင်းတယ်ထင်သလား?

ဒါသည် ဖန့်ထျန်းကျို၏သားရဲတွင်းဖြစ်သည်၊ ဟိုမှသည် သည်မှဟို သွားလာနေသည့် လူခြေသံတွေက ပေါ့ပါးလွန်းလှပြီး သိုင်းပညာတတ်ကျွမ်းကြသူများဖြစ်မှန်း သိသာလှသည်။ ဖန့်ထျန်းကျိုက သူ့ကို သူ့အသက်အတွက် နာနာခံခံနေဖို့နှင့် လျှောက်မပြေးဖို့ ပြောခဲ့တာကြောင့် ဟယ်ကျန်း နာခံရုံသာ တတ်နိုင်သည်။

အချိန်တိုင်း သူ့စိတ်ထဲ လုပ်ကြံသတ်ဖြတ်ခံရခါနီးဖြစ်သွားသည့် ထိုည၏ ပုံရိပ်က ပေါ်ပေါ်လာသည်။ အနက်ရောင်မျက်နှာဖုံးနှင့်သူ၏ မျက်နှာက သူ၏ မော်ဒန်ခေတ်က သူ့အကိုနှင့် အတော်တူပေမဲ့ ထိုသူ သူ့ကို သတ်ဖို့ လာချိန်ကိုတွေးမိတော့ ဦးရေပြားတွေ ထုံထိုင်းသွားပြီး သူ့အကိုမဟုတ်နိုင်ဘူးလို့ သူသိလိုက်သည်။ ညီအစ်ကိုနှစ်ယောက်လုံးတော့ အချိန်ကူးပြောင်းလာဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ပြီးတော့ ဟယ်ကျန်းက သူ့အကိုကို ဒီကို ကူးပြောင်းရောက်ရှိမလာစေချင်ပေ၊ အကြောင်းကတော့ အဲ့လိုဆိုရင် အစ်ကိုက သူ့လိုပဲ မော်ဒန်ခေတ်မှာ အသက်သေသွားခဲ့ပြီလို့ အဓိပ္ပါယ် ပိုပေါက်ပြီး ကလေးနှစ်ယောက်လုံး တပြိုင်နက် ဆုံးရှုံးလိုက်ရမည့် မိဘတွေအတွက် ဘယ်လိုဖြစ်သွားမလဲဆိုတာ သူ ‌တွေးကြည့်လို့တောင် မရချေ။

သူ့မိဘတွေနှင့် သူ့အစ်ကိုတို့ ကျန်းကျန်းမာမာနဲ့ အစစ အဆင်ပြေပါစေဆိုသည့် မျှော်လင့်ချက်နှင့် ဟယ်ကျန်း လက်နှစ်ဖက်ယှက်ပြီး တိတ်တဆိတ် ဆုတောင်းလိုက်သည်။ သူတို့ကို သူ အရမ်းလွမ်းပေမဲ့လည်း သူ့အစ်ကိုက ကူးပြောင်းလာလို့ လုံးဝမရဘူးလေ။ ဒါက လူတွေနေရမယ့်နေရာမှ မဟုတ်တာကြီးကို။

ဖန့်ထျန်းကျိုတစ်ယောက် နောက်ရက်အနည်းငယ်ကြာသည်အထိ နေ့တိုင်း အလုပ်အရမ်းများနေခဲ့ပြီး ဟယ်ကျန်း သူ့ကို မမြင်ရသလောက်ကို ဖြစ်နေခဲ့ပေမဲ့ ရွမ်းရီက အောင်အောင်မြင်မြင် လွတ်မြောက်သွားပြီး သူ့ဘေးကလူတိုင်း ဘေးကင်းသွားပြီမို့ ဟယ်ကျန်း သက်ပြင်းမောတစ်ချက် ချလိုက်သည်။

ဒါပေမြ့လည်း ဟယ်ကျန်းကို စိတ်ပူစေသည့်အရာတစ်ခုတော့ ရှိသေးသည်။

သူ့ကိုယ်ဝန် တုံ့ပြန်မှုက ပိုဆိုးလာခြင်းပင်။

ဟယ်ကျန်း၏ မျက်နှာက ဖြူဖျော့နေပြီး  နဖူးတစ်ပြင်လုံး ချွေးစေးများ ရွှဲနေအောင် ထွက်လို့နေသည်။ ဟယ်ကျန်း သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်အောင် စားပွဲတွင် ထိုင်ချလိုက်သည်။ စားပွဲပေါ်က မနက်စာကိုကြည့်လိုက်တော့ စားချင်စိတ်ရှိလာပေမဲ့ မစားခင် ဗိုက်ကို တစ်ချက် လှန်ကြည့်လိုက်ပြီး စားပွဲပေါ် လှဲချလိုက်ကာ အားနည်းစွာဖြင့် ပြောလိုက်သည်၊ "ပေါ့ပေါ့ပါးပါးစားဖို့ တစ်ခုခု သွားယူချေ"

ရွှမ်းရီက အစေခံများကို အမြန် နောက်ဆုတ်ခိုင်းပြီး သူကိုယ်တိုင်ပြင်ဆင်ရန်အတွက် စားဖိုဆောင်သို့ အပြေးသွားလိုက်သည်။ ဟယ်ကျန်း၏ မျက်နှာက ဟင်းပွဲအပြည့်စားပွဲ၏ အရှေ့တွင် ပင်ပန်းနွမ်းနယ်မှုတို့နှင့် ပြည့်နှက်လို့နေသည်။

ဒီတုံ့ပြန်မှုက မနေ့ နေ့လည်ကတည်းက စခဲ့တာဖြစ်ပြီး နှစ်ရက်မပြည့်ခင်မှာပဲ သူ့ဘဝသူ သံသယ ဝင်လာခဲ့သည်။ အဲ့ဒီ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဘယ်လိုအသက်ရှင် နေထိုင်သလဲဆိုတာ သူ စဥ်းစားလို့တောင်မရဘူး။ သူ့အမေအကြောင်း သူ မတွေးဘဲ မနေနိုင်တော့ပေ။ ဒါက မော်ဒန်ခေတ်မှာသာဆိုလျင် သူ့အမေက သူ့ကို သေချာပေါက် ဂရုစိုက်မှာဖြစ်ပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ အစာကျွေးမှာဖြစ်ကာ သူ့အဖေနဲ့ သူ့အစ်ကိုကလည်း သူ့ကို ကျိန်းသေပေါက် ဂရုစိုက်ကြမှာ၊ နွေးထွေးအောင် ထားကြမှာ။ မဟုတ်ဘူး၊ မဟုတ်ဘူး သူ မော်ဒန်ခေတ်မှာဆို ကိုယ်ဝန်တောင် ရှိမှာမဟုတ်ဘူးလေ!

အဲ့တာပြောမှ သူ တက္ကသိုလ်တုန်းကကိစ္စတစ်ခုကို သွားသတိရလိုက်သည်၊ သူ့မှာ သေးသေးမွှားမွှား ခေါင်းကိုက်တာလေးများ ဖြစ်ခဲ့ရင်တောင်မှ သူ့မိဘတွေနှင့် သူ့အစ်ကိုက တခြားမြို့ကနေ သူ့ကိုတွေ့ဖို့ အရောက် ကားမောင်းလာခဲ့ကြတတ်သည်။

အတိတ်တုန်းက ဖြစ်ရပ်တွေကို သူ ပြန်တွေးမိတော့ အခု သူ့ဘေးမှာ ဆွေမျိုးသားချင်း တစ်ယောက်မှမရှိပါလားဆိုတဲ့အချက်ကို သတိပြုမိသွားပြီး ဝမ်နည်း အထီးကျန်သွားတဲ့စိတ် မဖြစ်ဘဲ မနေနိုင်တော့ချေ။

ဟယ်ကျန်း မျက်ဝန်းထောင့်က မျက်ရည်တို့ကို လက်ချောင်းများဖြင့် သုတ်လိုက်သည်။

မနက်ခင်းမှာ သူ တစ်ခုခုကို မစားချင်စားချင် စားပြီးသွားသည့်နောက် ဟယ်ကျန်း အိပ်မောမကျခင် စာအုပ်ဖတ်နေလိုက်သည်။ သူအိပ်ပျော်သွားတော့ သူ့မိဘတွေနှင့် သူ့အစ်ကိုတွေက သူ့ကို တစ်ယောက်ပြီး တစ်ယောက် လာကြည့်ကြပြီး အိပ်ယာထဖို့ ပြောနေသည်ဟု အိမ်မက်မက်နေ၏။ သူ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကျန်းဖူယန်က သူ့ထိုင်ခုံကို ကိုင်လှုပ်နေတာကို တွေ့လိုက်ရသည်၊ "ငါ ဇီးချဥ်အနည်းငယ် သွားဝယ်လာခဲ့တယ်၊ မြည်းကြည့်"

လူငယ်က သူ့လက်ကိုင်ပုဝါကို ဖြန့်လိုက်ပြီး ဇီးချဥ်ခြောက်နှင့်အတူ သူ့ထံ ပေးလိုက်သည်။ ဟယ်ကျန်း တစ်လုံးကို ပါးစပ်ထဲ ထည့်ဝါးလိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ၊ "ငါ့ညီကတောင် အသိစိတ်ရှိသေး"

ကျန်းဖူယန်လည်း တစ်လုံးယူစားလိုက်ပြီးနောက် အရသာက အရမ်းချဥ်သည့်အတွက် မျက်မှောင်ကြုတ်သွားပြီး ထွေးထုတ်ပစ်တော့သည်။ ဟယ်ကျန်း မရီဘဲ မနေနိုင်တော့ရကာ၊ "မင်းအတွက် စားဖို့ တစ်ခုခု မဝယ်ခဲ့ဘူးလား?"

"ဆန်ကိတ်အချိုကို ဆိုလိုတာလား?" ကျန်းဖူယန်က စားပွဲပေါ်က အခြားစက္ကူအိတ်ကို ဖွင့်လိုက်ပြီး "နွေးနေတုန်းပဲ။ ကျွန်တော် တစ်ဝက်ခွဲပေးမယ်၊ မြည်းကြည့်"

ဟယ်ကျန်း ဖဲ့ကာ တစ်ကိုက်ကိုက်လိုက်သည်။ ဆန်ကန်က နူးညံ့ကာ ချိုပြီး ခံစားချက်တို့ မထိန်းနိုင်တော့ကာ၊ "ငါတို့က မုန်တိုင်းကြမ်းကြမ်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်လာပြီး အရွယ်ရောက်လာတဲ့ ယောက်ျားတွေဖြစ်ထိုက်တယ်"

ကျန်းဖူယန်က သူ့ကို စိုက်ကြည့်လိုက်သည်။

အားမရှိနေလို့ဖြစ်မည်၊ ဟယ်ကျန်း၏ မျက်နှာက တစ်မျိုးလေး နူးညံ့နေပြီး ထိကြေလွယ်နေကာ ရန်လိုမှုလည်း အနည်းငယ် လျော့နေသည်၊ သူ၏ သိမ်မွေ့သောမျက်နှာအချိုးအဆက်က ပိုလို့တောင် ဆွဲဆောင်မှု ရှိလာစေသည်။

ကျန်းဖူယန် တခဏလောက် အံ့အားသင့်သွားရ၏။

ဟယ်ကျန်းက သူ့ခေါင်းကို ရုတ်တရက် ပုတ်လိုက်ပြီး "ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ?"

ကျန်းဖူယန် ရှက်သွေးဖြန်းသွားရကာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်၊ "အရှင်မင်းကြီးက မင်းရဲ့ မျက်နှာကို စွဲလန်းနေတာ"

ဟယ်ကျန်း သူ့မျက်နှာကို သူပြန်ကိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်၊ "ရုပ်ချောတက အပစ်ဆိုရင်တော့ ငါက ခွင့်မလွှတ်နိုင်စရာပဲ။"

ကျန်းဖူယန် "..."

အကယ်၍ သူသာ မော်ဒန်ခေတ်တွင် နေထိုင်သူတစ်ယောက်ဆိုလျင် ဟယ်ကျန်း နောက်နေတာကို သူသိလိမ့်မည်၊ သို့သော် အခုတော့ သူ ဟယ်ကျန်းပြောတာကို ကြားလိုက်ရချိန်တွင် အရမ်း အရှက်ရသွားရပြီး "မင်းက အရမ်းကို လေးစားသမှု မရှိတာပဲ"

ဟယ်ကျန်းက ဆန်ကိတ်ကို ကိုက်လိုက်ပြီး ရီကာ ပြောလိုက်သည်၊ "အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို သိဖို့ပဲလေ။ ငါ အရမ်းချောနေတာကို ငါ့ကိုယ်ငါ ဘာလို့ မပြောနိုင်ရမှာလဲ?"

ကျန်းဖူယန်တစ်ယောက် ဘာပြောရမလဲမသိ ဖြစ်သွားရ၏။ သူက ပါးစပ်ထဲ ဆန်ကိတ်လက်ကျန်ကို သွတ်သွင်းလိုက်ပြီး ပြောလိုက်သည်၊ "ကျွန်တော် မပြောတော့ဘူး"

"အိုး၊ ညီလေး" ဟယ်ကျန်းက သူ့ကို ခေါ်လိုက်သည်၊ "စားဖိုဆောင်ကိုသွားပြီး ငါ့အတွက် ကြက်ခြေထောက်နှပ်လေး သွားယူပေးပါဦး။ နည်းနည်းလေး စပ်ပေးနော်"

ကျန်းဖူယန်က သူ့ကို စူးစူးရဲရဲကြည့်လိုက်ပြီး ပြောလိုက်သည်၊ "ဘယ်လိုတောင်ပြောရဲတာလဲ! ဘယ်သူက ခင်များညီလဲ?"

ဟယ်ကျန်း သူ့ပါးသူ ကုတ်လို်ကပြီး စဥ်းစားလိုက်သည်. ဖန့်ထျန်းကျိုမှာက ကိုယ်လုပ်တော်တွေ အများကြီးရှိပေမဲ့လည်း ဘယ်သူနဲ့မှ သူ တရားဝင်လက်ထပ်ထားခြင်းမရှိ။ အကယ်၍ သူ ကလေး မွေးပေးခဲ့ရင်တောင်မှ ဖန့်ထျန်းကျို၏ညီကို သူ့အနေနဲ့ ညီငယ်လို့ ခေါ်ဖို့ သူ့မှာ အရည်အချင်းမရှိ။

ဘယ်လိုကမ္ဘာကြီးလဲ? လူ့အခွင့်အရေးဆိုတာ မရှိပါလား။

ဟယ်ကျန်းခပ်ပျော့ပျော့ခုံကို မှီချလိုက်ကာ မော်ဒန်ခေတ်အကြောင်းကို ‌တွေးမိလိုက်သည်၊ သူက သူ့ကိုယ်သူ အစ်ကိုလို့ မသုံးရင်တောင်မှ ကျန်းဖူယန်က သူ့ကို ယောက်ဖလို့ ခေါ်ရမှာဖြစ်သည်။

ဒါပေမဲ့ မော်ဒန်ခေတ်မှာသာဆိုလျင် ဖန့်ထျန်းကျို သူ့လက်ကို ကိုင်ထားရမည်သာ၊ အဲ့လိုမှမဟုတ်ရင် သူနဲ့ ဘယ်သူနေမှာတဲ့လဲ? သူ့ကို ဒီလောက်ခြိမ်းခြော်ကနေတာ၊ သူ့မျိုးဆက်ကို မွေးပေးရဖို့က တရားမျှတမှုမရှိဘူးလေ။

သူ့အတွက် မွေးပေးချင်စိတ်ရှိမရှိကို ပြောချင်တာမဟုတ်။

သူက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ နှိပ်စက်ခံခဲ့ရသည်။

ဟယ်ကျန်း စာအုပ်ကို ဖွင့်လိုက်ပြီးနောက် မကြာမီမှာပဲ ခုံကိုမှီလိုက်သည်။ ကြက်ခြေထောက်အနံ့က ထောင်းခနဲ ရလာတော့မှ သူ့မျက်လုံးကို ချက်ချင်းပဲ ဖွင့်လိုက်ကာ၊ "အား! ညီလေးက အရမ်း ကြင်နာတတ်တာပဲ!"

ကျန်းဖူယန် သူ့အရှေ့ ပန်းကန်ကို ချလိုက်ကာ ပြောလိုက်သည်၊ "ခံတွင်းမပျက်တော့ဘူးလား?"

"အင်း၊ ဟုတ်တယ်" ဟယ်ကျန်း သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ကြက်ခြေထောက်တစ်ချောင်းကို ယူလိုက်ကာ သူ့ကို ညွှန်ကြားလိုက်သည်၊ "စွပ်ပြုတ်သောက်ဖို့ အဲ့ဇွန်း ငါ့ကို ကမ်းပေး၊ ငါ အရိုးထွေးရမယ်"

"ခင်များ ကောင်းကောင်းထိုင်မစားနိုင်ဘူးလား?"

ဟယ်ကျန်း ညင်သာစွာကြည့်ကာ ပြောလိုက်သည်၊ "လိမ်မာတဲ့ညီလေး၊ မင်းရဲ့တူလေးနဲ့ သူ့အမေကို သေချာလေး ဂရုစိုက်ပေး၊ ဟုတ်ပြီလား?"

ကျန်းဖူယန် သူ့ကို ဒေါသတကြီး ကြည့်လိုက်ပြီး ယူပေးလိုက်ကာ ပြောလိုက်သည်၊ "အရှင်မင်းကြီးက အမှာတော်ပါးလွှတ်လိုက်တယ်၊ သူဒီည ပြန်မလာဘူးတဲ့"

"အိုး" ဟယ်ကျန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်၊ "အဲ့တာ ငါနဲ့ ဘာသက်ဆိုင်မှုရှိလို့လဲ?"

"သူ ဘာလုပ်မှာမိုလို့လဲဆိုတာ မင်းမမေးတော့ဘူးလား?"

"ဘာမေးဖို့လိုလို့လဲ?" ဟယ်ကျန်းက ပြောလိုက်သည်, "သူက တကယ့် နဂါးသားတော်အစစ်လေ။ သူက ကောင်းချီးရထားတဲ့သူ၊ ဒဏ်ရာနည်းနည်းလေး ရတယ်ဆိုရင်တောင်မှ သေမှာမဟုတ်တာ။"

"မင်း!" ကျန်းဖူယန် ဒေါသတကြီးနှင့် သူ့လက်ထဲက ကြက်ခြေထောက်ကို လှမ်းယူလိုက်ကာ ပြောလိုက်သည်၊ "အရှင်မင်းကြီးက ခင်များကို အရမ်းချစ်ပေမဲ့ ခင်များကတော့ ကျေးဇူးမသိတတ်ဘဲ မနှစ်မြို့ဖွယ်စကားတွေကို ပြောနေတယ်။ ခင်များမှာသာ နဂါးသားလေး ကိုယ်ဝန်မဆောင်ထားရရင် ကျွန်တော် ခင်များကို အရင်သတ်ပစ်ပြီးမှ နောက်မှ အပစ်ခံယူလိုက်မယ်!"

ဟယ်ကျန်းက မျက်လုံးလှိမ့်လိုက်ပြီး ကြက်ခြေထောက်ပြန်ဆွဲယူလိုက်ကာ ဇွန်းကို သူ့ထံ ပစ်လိုက်ပြီး၊ "ထွက်သွား၊ ငါ မစားတော့ဘူး"

ကျန်းဖူယန် သူ့ကို ဖြတ်ခနဲတစ်ချက်ကြည့်လိုက်ပြီးနောက် ဇွန်းပြန်တပ်ပေးလိုက်ပြီး "ဒါ ကျွန်တော့တူအတွက်"

ဟယ်ကျန်း သူ့ကို စိုက်ကြည့်လိုက်ပြီး လက်သည်‌းတွေ ထုတ်ပြလိုက်သည်။ ကျန်းဖူယန်က သူ့ကို အတန်ကြာသည်အထိ မျက်မှောင်ကြုတ်နေပြီးနောက်၊ "သူ ဘာသွားလုပ်တယ်ဆိုတာ ခင်များ တကယ် မသိချင်ဘူးလား?"

"မောင်းမတွေ နိုင်ငံ့အရေး ဝင်စွက်ဖက်တာကို ခွင့်မပြုထားဘူး။ မင်းက ငါ့ကို သေစေ့ချင်လို့လား?"

ကျန်းဖူယန် ဒေါသထောင်းထောင်း ထသွားရကာ၊ "အရှင်မင်းကြီးက ခင်များကို အရမ်းစွဲလန်းနေတာ သနားစရာပဲ။ ခင်များက တုံ့ပြန်မှုလေးပြုဖို့တောင် နှမြောတွန့်တိုတတ်တယ်၊ အသည်းနှလုံးမရှိတဲ့ မြေခွေးပဲ!"

အင်္ကျီလက်ကို ပြန်ဖြည်ချလိုက်ကာ ဒေါသတကြီးနှင့် ထွက်သွားတော့သည်။

"မင်းက မြေခွေး" ဟယ်ကျန်း ဒေါသတကြီး ပြန်အော်လိုက်၏၊ "မင်းက မြွေဝိဉာဥ်ပဲ!"

သူ အံတင်းတင်းကြိတ်လိုက်ပြီး ဗိုက်ထဲက ထိုးနှက်မှုတစ်ချက် သူ ခံစားလိုက်ရသည်။ ဟယ်ကျန်းက ပါးစပ်ကို အုပ်လိုက်ပြီး ထွေးအံရှေ့ ရပ်လိုက်ကာ ထွေးလိုက်သည်။ "အရင်ဆုံး၊ သခင်က ထူးခြားအခြေအနေမှာ ရှိနေတယ်၊ ဒါကြောင့် ကျန်းသခင်လေးနဲ့ စိတ်ပြိုင်မဆိုးပါနဲ့"

"သူနဲ့ ဘယ်သူက စိတ်ပြိုင်ဆိုးနေလို့လဲ?" ဟယ်ကျန်းက ဖြူဖျော့ဖျော့မျက်နှာနှင့် ပလုတ်ကျင်းကာ ဇီးသီးခြောက်များကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အသက်လုရှုလိုက်ပြီးနောက် ထိုင်ချလိုက်ပြီး မျက်နှာကို တွန့်လိမ်ကာ "ယူသွားတော့၊ မစားချင်တော့ဘူး" ဟု အားပျော့စွာ ပြောလိုက်သည်။

ရွှမ်းရီက ကြက်ခြေထောက်တွေကို အမြန်ပြ ဖယ်ရှားလိုက်သည်။ ဟယ်ကျန် ဘေးစောင်းလိုက်ပြီး ဖြည်းညင်းစွာ ကိုယ်ကို ကွေးလိုက်သည်။

ဖန့်ထျန်းကျိုက သူ့ကို အာရုံအနည်းငယ် ထားပေးတာကို ကျန်းဖူယန်က ဘာလို့ အပစ်တင်နေတာလဲဆိုတာ သူ လုံးဝကို နားမလည်နိုင်။ ဖန့်ထျန်းကျိုက သူ့ကို အလိုလိုက်တာကို လူတိုင်းသိသည်၊ ဒါပေမဲ့ သူက သူ့ကို ကြိုက်တယ်ဆိုရင်ရော ဘာဖြစ်လဲ? အကြိုက်ခံရတဲ့အတွက် သူက ကျေနပ်ကျေးဇူးတင်ရမှာလား?

ဖန့်ထျန်းကျိုက ကံကောင်းနေပြီးသားလေ၊ အသိသာကြီးပဲ၊ သူက အားလုံးရဲ့ အထက်မှာရှိတာပဲကို။ သူ့အတွက်‌ ပြောပေးမယ့်သူတွေ၊ သူ့နေရာကနေ စဥ်းစားပေးတဲ့သူတွေ အများကြီးပဲ ရှိတယ်။

ဒါပေမဲ့ သူ့မှာက သူ့ကိုယ်ပိုင် ဘာမှ မရှိဘူး။

ဒီကမ္ဘာကြီးပေါ်မှာ သူ့ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိဘူးဆိုတာကို ဘယ်သူမှ ဂရုမစိုက်ပေးကြဘူး၊ ဖန့်ထျန်းကျိုလက်အောက်မှာ သူ အသက်ရှင်နေထိုင်ဖို့အတွက် တုန်ရီကြောက်လန့်နေရတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး၊ သူ့မှာ သူထိန်းချုပ်နိုင်တာဆိုလို့ နှလုံးသားတစ်ခုကလွဲရင် ဘာမှမရှိဘူးဆိုတာ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ သူ့ကိုယ်ခန္ဓာကတောင်မှ သူမဟုတ်နေတာကို။

ဒါပေမဲ့ လူတိုင်းက သူ့နှလုံးသားကို အဲ့လူကို ထုတ်ပေးဖို့ ပြောနေကြတယ်။ သူ ပေးဝံ့မှာတဲ့လား?

ဖန့်ထျန်းကျို သူ့ကို ကြိုက်တာကို သူ သိလိုက်ရတုန်းက အသက်ရှင်ရတာအပြင် အခြားပျော်ဖို့ကောင်းတဲ့ အကြောင်းပြချက်လဲ ရှိပါလားဆိုတာကို ဟယ်ကျန်းသိလိုက်ရသည်။

ဒါပေမြ့ သူ မတွေးဝံ့။

ဒီကမ္ဘာကြီးမှာ အကုန်လုံးကို လက်လွှတ်လိုက်ရရင် သူ သနားစရာကောင်းလောက်အောင် သေသွားရလိမ့်မည်။

သူ နှာရှုံ့လိုက်ပြီး မျက်လုံးကို ဝေရီစွာ ပိတ်လိုက်သည်။

ထိုည၊ ဖန့်ထျန်းကျို တကယ် ပြန်မလာခဲ့ချေ။

နောက်တစ်နေ့ မွန်းတည့်ချိန်မှ ဟယ်ရန်နှင့် အခြားသူများနှင့်အတူ ဖန့်ထျန်းကျိုက စိုးရိမ်စွာ ဆောင့်ဆိုင်းနေသည့် ကျန်းဖူယန်ရှေ့ ပေါ်လာ၏။ ကျန်းဖူယန် အနည်းငယ် ရှက်သွားပြီး အမြန်ပြေးသွားလိုက်ကာ၊ "အဆင်ပြေရဲ့လားအရှင်မင်းကြီး?"

"ဘာမှမဖြစ်ခဲ့ဘူး။" ဖန့်ထျန်းကျိုက လေတိုက်လို့ လွင့်သွားသည့် အင်္ကျီလက်ကို ခါလိုက်သည်။ ခရီးက အဆင်ပြေပြေ ဖြစ်ခဲ့လို့ဖြစ်နိုင်သည်။ သူ စိတ်ခံစားချက် ကောင်းနေပြီး ပေါ့ပေါ့ပါးပါး မေးလိုက်၏၊ "ဟယ်ရှန်းရှုံးရဲ့ခန္ဓာက ဘယ်လိုနေသေးလဲ?"

ကျန်းဖူယန်က "မင်းသားလေးက ဂျီကျလို့ဖြစ်မယ်၊ သူ မစားနိုင်ဘူး၊ ဒါပေမဲ့ ကျွ်နတော် ဇီးသီးခြောက်တွေ ဝယ်ပြီး ခံတွေးတွေ့အောင်လို့ ပို့ပေးခဲ့တယ်။ အရှင်မင်းကြီး အခု သူ့ကို သွားတွေ့မှာလား?"

"အရင်ဆုံး အဝတ်အစားတွေ လဲဦးမယ်"

ကျန်းဖူယန်က ဆုတ်ပြဲနေသည့်အဝတ်တို့ကို ကြည့်လိုက်ပြီး သူက ဟယ်ရှန်းရှုံးအတွက် အဝတ်လဲမှာဆိုတာကို သူ သိလိုက်သည်။ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ၊ အဲ့ဒီ့ ရက်စက်တဲ့ သွေးအေးဟယ်ရှန်းရှုံးက အရှင့်ရဲ့ဘဝ အရှင့်ရဲ့အသက်ကို ဂရုမစိုက်ဘူး!

20231209; 1551
Stay tuned for the next chapter
🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၃၉

မိုးႏွင့္ လ်ပ္စီးမ်ား တဖြဲဖြဲက်ေနသည္။

ဖန႔္ထ်န္းက်ိဳ အတြက္ေတာ့ ေလာကႀကီးမွာ သူ႔နဲ႔မထိုက္တန္တဲ့ လူေတြပဲရွိသည္၊ သူ႔ကို မႀကိဳက္ဘူးလို႔ေျပာဝံ့သူ ရွိဖို႔ေနေနသာသာ သူ႔နဲ႔ထိုက္တန္တဲ့သူေတာင္ တစ္ေယာက္မွမရွိ။

သူက ေၾကာက္လန႔္ေနသည့္ဟယ္က်န္းကို မႈန္မႈိင္းစြာ ၾကည့္လိုက္ကာ လူကို လႊင့္မပစ္မိေအာင္ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္၏။

ထို႔ေနာက္ ဖန႔္ထ်န္းက်ိဳ ဆတ္ေတာက္ေတာက္ထြက္သြားေတာ့ ဟယ္က်န္းက စားလို႔မၿပီးေသးသည့္ တည္သီးကို ေကာက္ယူလိုက္ၿပီး ေျမျပင္ေပၚ အပစ္မခံရေသးသည့္သစ္သီးမ်ားကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ဝမ္းနည္းေဒါသထြက္သြားရသည္။

ေခြးေကာင္၊ ေစာက္႐ူး!

သူက သူ႔လက္ထဲက စားလက္စတည္သီးတစ္ဝက္ကို ဖုန႔္ထ်န္းက်ိဳထံ ပစ္ထည့္လိုက္ၿပီး "ကိုယ္ဝန္ရွိေနတာက ကြၽန္ေတာ္လား၊ ခင္မ်ားလား!"

ဘုတ္၊ ဘုတ္။

ထိုသူ လွည့္မၾကည့္မီမွာပဲ ဟယ္က်န္း၏ ေဒါသတို႔ကို ေၾကာက္လန႔္မႈက အစားထိုးသြား၏။ သူဘာလို႔ အၿမဲတမ္း ေျဗာင္ႀကီး သြားလုပ္ရတာလဲ? ဖန႔္ထ်န္းက်ိဳက ဒီတစ္ခါေတာ့ သူ႔ကို ေသခ်ာေပါက္ သတ္ေတာ့မယ္!

သူက အလ်င္စလိုပဲ စားပြဲေအာက္ ပုန္းလိုက္ၿပီးေနာက္ ထိုသူက ဆူပုတ္စြာႏွင့္ ျပန္လွည့္လာသည္ကိုသတိျပဳမိေတာ့ ႐ုတ္တရက္အျမန္ထထြက္လိုက္ကာ အိပ္ယာေအာက္ သြားပုန္းလိုက္၏။

ဖန႔္ထ်န္းက်ိဳ "..."

သူငယ္စဥ္တုန္းက သူ႔မိခင္၏ အေႁခြအရံတို႔ ေမြးဖူးသည့္ ေၾကာင္တစ္ေကာင္ကို သူ ႐ုတ္တရက္ ေတြးမိသြားသည္။ ထိုေၾကာင္က အၿမဲပဲ လူေတြကို ရန္စတတ္ကာ တစ္အိမ္လုံး ရႈပ္ပြေနေအာင္ ဖြတတ္ၿပီး လက္သည္းတျပင္ျပင္ႏွင့္ ၿခိမ္းေျခာက္တတ္ေသးသည္။ သို႔ေပမဲ့လည္း သူ႔ကို တကယ္ခ်ေတာ့မယ့္သူက အေနာက္ကေန ေျပးလိုက္တာကိုေတြ႕ရင္ေတာ့ ၎က လုံးဝေၾကာက္သြားၿပီး လည္ပင္းကို ခ်က္ခ်င္းပဲ ပုဝင္လိုက္ကာ အျမႇီးအတန္းလိုက္ႏွင့္ ေတြ႕သည့္ေနရာ ဝင္ပုန္းေတာ့သည္။ လြတ္ေအာင္ မေျပးႏိုင္ေတာ့ဘူး ဆိုလ်င္ေတာ့ ေျမႀကီးေပၚ လွိမ့္လိုက္ၿပီး လက္သည္းႀကီးကားကာ ကိုယ္ဟန္က သတိအျပည့္ ျဖစ္သြားတတ္၏။

ဟယ္က်န္းတစ္ေယာက္ ေျခေထာက္ကေန အဆြဲထုတ္ခံလိုက္ရေတာ့ အသက္ရႈေအာင့္လိုက္ၿပီး နက္ေမွာင္ေသာမ်က္လုံးအစုံႏွင့္ ဆုံေတြ႕မိခ်ိန္မွာေတာ့ အမွားလုပ္မိသည့္ေၾကာင္ကေလးလို႔ အတုန္တုန္အရီရီ ျဖစ္သြားေတာ့သည္။

"ဘာကို ပုန္းေနတာလဲ?"

ဟယ္က်န္းက သူ႔ကို မဝံ့မရဲၾကည့္လိုက္ၿပီး တစ္လုံးမွ မေျပာရဲေခ်။

"ဖန႔္ထ်န္းက်ိဳက ထပ္ေမးလိုက္သည္၊ "အထဲမွာ ညစ္ပတ္ေနလား?"

ဟယ္က်န္း တုံ႔ဆိုင္းသြားၿပီး "....ညစ္ပတ္တယ္"

"ညစ္ပတ္ေနတာကို သိတယ္၊ ဒါေတာင္ အထဲ သြားခ်င္ေသးတာလား?"

"‌ေၾကာက္...ေၾကာက္လို႔"

"ကိုယ္ေတာ္ မင္းကို ေအာ္ခဲ့သလား?"

တကယ္ေတာ့ သူက တည္သီးကို လုပ္ခဲ့ျခင္းသာ၊ သူ႔ကိုမဟုတ္။

ဟယ္က်န္းက ခဏေလာက္ စဥ္းစားသြားၿပီး ပိုစိတ္ဆိုးလာကာ "ဟင့္အင္း"

"ဒါဆို ဘာကိုေၾကာက္တာလဲ?"

"ထိ...ထိမိသြားလို႔...ခင္မ်ားကို"

"အဲ့တာ ကိုယ္ေတာ့ကို ရန္စမိမယ္ဆိုတာ သိရင္ ဘာလို႔ လုပ္ခဲ့ေသးလဲ?"

ဟယ္က်န္း၏ ပါးႏွစ္ဖက္ ေဖာင္းသြားၿပီး ထိုင္ခ်လိုက္ကာ ေဒါသမထိန္းႏိုင္ေတာ့သည့္ႏွယ္၊ "ေနာက္ မလုပ္ေတာ့ဘူး"

မဟုတ္ဘူး၊ အဲ့လိုမဟုတ္ဘူး

ဖန႔္ထ်န္းက်ိဳက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔အလိမ္အညာေတြကို ထပ္မစုံစမ္းေတာ့ဘဲ တိတ္တဆိတ္ပဲ သတိေပးလိုက္သည္၊ "ကိုယ့္ကိုယ္ကို ျပန္သုံးသပ္၊ ကိုယ္ေတာ့ကို စိတ္ဆိုးေအာင္မလုပ္နဲ႔။"

ဟယ္က်န္းက နာခံစြာပဲ ေခါင္းညိတ္လိုက္သည္။ ဖန႔္ထ်န္းက်ိဳ သူ႔ကို လႊတ္ေပးလိုက္ၿပီး ေျမႀကီးေပၚက တည္သီးေတြကို ေကာက္ယူလိုက္ကာ တံခါးအျပင္ဘက္က အမႈိက္ျခင္းထဲသို႔ ပစ္လိုက္သည္။ ဟယ္က်န္း ထရပ္လိုက္ၿပီး သူ႔ေနာက္ကေန လိုက္ထြက္သြားၿပီး အိမ္အႏွံ႔ လွည့္ၾကည့္လိုက္ကာ သူ တစ္ခုခု မေျပာခင္ လြတ္ၿပီဆိုတာ ေသခ်ာေအာင္ လုပ္လိုက္ၿပီးေနာက္ "ဘူး.....!"

သူက အေၾကာင္းမရွိဘဲ ေဒါသမထိန္းႏိုင္ျဖစ္မတဲ့လား၊ သူ႔ကိုယ္သူ ဘယ္လိုလုပ္ ျပန္သုံးသပ္ရမွာလဲ? သူက ဘာကို ဆင္ျခင္သုံးသပ္ရမွာလဲ? သူက ဒင္းရဲ႕ တည္သီးအက်န္ကိုပဲ စားလိုက္႐ုံတင္ေလ။

ဟုတ္တယ္ဟုတ္?

ဟယ္က်န္း၏ မ်က္ႏွာက ေျပာင္းသြားၿပီး ေနာက္ဆုံးေတာ့ သူစိတ္ဆိုးေဒါသထြက္ရသည့္အေၾကာင္းရင္းကို သေဘာေပါက္သြားကာ ေသလုမတတ္ စိတ္ဓါတ္က်သြားရေလေတာ့သည္။

ဒီအ႐ူးက တကယ္ႀကီးကို ႐ူးေနတာပဲ၊ ဒီလို ဂ႐ုတစိုက္ေတြးတတ္တာမ်ိဳးက မိန္းခေလးေတြပဲေတြးတာမဟုတ္ဘူးလား? ေယာက္်ားရင့္မႀကီးတစ္ေယာက္၊ ႏိုင္ငံရဲ႕ ရွင္ဘုရင္တစ္ေယာက္က ခုေလာက္ အထိမခံျဖစ္တာ တကယ္ႀကီး ေကာင္းတယ္ထင္သလား?

ဒါသည္ ဖန႔္ထ်န္းက်ိဳ၏သားရဲတြင္းျဖစ္သည္၊ ဟိုမွသည္ သည္မွဟို သြားလာေနသည့္ လူေျခသံေတြက ေပါ့ပါးလြန္းလွၿပီး သိုင္းပညာတတ္ကြၽမ္းၾကသူမ်ားျဖစ္မွန္း သိသာလွသည္။ ဖန႔္ထ်န္းက်ိဳက သူ႔ကို သူ႔အသက္အတြက္ နာနာခံခံေနဖို႔ႏွင့္ ေလွ်ာက္မေျပးဖို႔ ေျပာခဲ့တာေၾကာင့္ ဟယ္က်န္း နာခံ႐ုံသာ တတ္ႏိုင္သည္။

အခ်ိန္တိုင္း သူ႔စိတ္ထဲ လုပ္ႀကံသတ္ျဖတ္ခံရခါနီးျဖစ္သြားသည့္ ထိုည၏ ပုံရိပ္က ေပၚေပၚလာသည္။ အနက္ေရာင္မ်က္ႏွာဖုံးႏွင့္သူ၏ မ်က္ႏွာက သူ၏ ေမာ္ဒန္ေခတ္က သူ႔အကိုႏွင့္ အေတာ္တူေပမဲ့ ထိုသူ သူ႔ကို သတ္ဖို႔ လာခ်ိန္ကိုေတြးမိေတာ့ ဦးေရျပားေတြ ထုံထိုင္းသြားၿပီး သူ႔အကိုမဟုတ္ႏိုင္ဘူးလို႔ သူသိလိုက္သည္။ ညီအစ္ကိုႏွစ္ေယာက္လုံးေတာ့ အခ်ိန္ကူးေျပာင္းလာဖို႔ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?

ၿပီးေတာ့ ဟယ္က်န္းက သူ႔အကိုကို ဒီကို ကူးေျပာင္းေရာက္ရွိမလာေစခ်င္ေပ၊ အေၾကာင္းကေတာ့ အဲ့လိုဆိုရင္ အစ္ကိုက သူ႔လိုပဲ ေမာ္ဒန္ေခတ္မွာ အသက္ေသသြားခဲ့ၿပီလို႔ အဓိပၸါယ္ ပိုေပါက္ၿပီး ကေလးႏွစ္ေယာက္လုံး တၿပိဳင္နက္ ဆုံးရႈံးလိုက္ရမည့္ မိဘေတြအတြက္ ဘယ္လိုျဖစ္သြားမလဲဆိုတာ သူ ‌ေတြးၾကည့္လို႔ေတာင္ မရေခ်။

သူ႔မိဘေတြႏွင့္ သူ႔အစ္ကိုတို႔ က်န္းက်န္းမာမာနဲ႔ အစစ အဆင္ေျပပါေစဆိုသည့္ ေမွ်ာ္လင့္ခ်က္ႏွင့္ ဟယ္က်န္း လက္ႏွစ္ဖက္ယွက္ၿပီး တိတ္တဆိတ္ ဆုေတာင္းလိုက္သည္။ သူတို႔ကို သူ အရမ္းလြမ္းေပမဲ့လည္း သူ႔အစ္ကိုက ကူးေျပာင္းလာလို႔ လုံးဝမရဘူးေလ။ ဒါက လူေတြေနရမယ့္ေနရာမွ မဟုတ္တာႀကီးကို။

ဖန႔္ထ်န္းက်ိဳတစ္ေယာက္ ေနာက္ရက္အနည္းငယ္ၾကာသည္အထိ ေန႔တိုင္း အလုပ္အရမ္းမ်ားေနခဲ့ၿပီး ဟယ္က်န္း သူ႔ကို မျမင္ရသေလာက္ကို ျဖစ္ေနခဲ့ေပမဲ့ ႐ြမ္းရီက ေအာင္ေအာင္ျမင္ျမင္ လြတ္ေျမာက္သြားၿပီး သူ႔ေဘးကလူတိုင္း ေဘးကင္းသြားၿပီမို႔ ဟယ္က်န္း သက္ျပင္းေမာတစ္ခ်က္ ခ်လိုက္သည္။

ဒါေပျမ့လည္း ဟယ္က်န္းကို စိတ္ပူေစသည့္အရာတစ္ခုေတာ့ ရွိေသးသည္။

သူ႔ကိုယ္ဝန္ တုံ႔ျပန္မႈက ပိုဆိုးလာျခင္းပင္။

ဟယ္က်န္း၏ မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး  နဖူးတစ္ျပင္လုံး ေခြၽးေစးမ်ား ႐ႊဲေနေအာင္ ထြက္လို႔ေနသည္။ ဟယ္က်န္း သူ႔ကိုယ္သူ သက္ေတာင့္သက္သာျဖစ္ေအာင္ စားပြဲတြင္ ထိုင္ခ်လိုက္သည္။ စားပြဲေပၚက မနက္စာကိုၾကည့္လိုက္ေတာ့ စားခ်င္စိတ္ရွိလာေပမဲ့ မစားခင္ ဗိုက္ကို တစ္ခ်က္ လွန္ၾကည့္လိုက္ၿပီး စားပြဲေပၚ လွဲခ်လိုက္ကာ အားနည္းစြာျဖင့္ ေျပာလိုက္သည္၊ "ေပါ့ေပါ့ပါးပါးစားဖို႔ တစ္ခုခု သြားယူေခ်"

႐ႊမ္းရီက အေစခံမ်ားကို အျမန္ ေနာက္ဆုတ္ခိုင္းၿပီး သူကိုယ္တိုင္ျပင္ဆင္ရန္အတြက္ စားဖိုေဆာင္သို႔ အေျပးသြားလိုက္သည္။ ဟယ္က်န္း၏ မ်က္ႏွာက ဟင္းပြဲအျပည့္စားပြဲ၏ အေရွ႕တြင္ ပင္ပန္းႏြမ္းနယ္မႈတို႔ႏွင့္ ျပည့္ႏွက္လို႔ေနသည္။

ဒီတုံ႔ျပန္မႈက မေန႔ ေန႔လည္ကတည္းက စခဲ့တာျဖစ္ၿပီး ႏွစ္ရက္မျပည့္ခင္မွာပဲ သူ႔ဘဝသူ သံသယ ဝင္လာခဲ့သည္။ အဲ့ဒီ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ဘယ္လိုအသက္ရွင္ ေနထိုင္သလဲဆိုတာ သူ စဥ္းစားလို႔ေတာင္မရဘူး။ သူ႔အေမအေၾကာင္း သူ မေတြးဘဲ မေနႏိုင္ေတာ့ေပ။ ဒါက ေမာ္ဒန္ေခတ္မွာသာဆိုလ်င္ သူ႔အေမက သူ႔ကို ေသခ်ာေပါက္ ဂ႐ုစိုက္မွာျဖစ္ၿပီး သူ႔ကို ကိုယ္တိုင္ကိုယ္က် အစာေကြၽးမွာျဖစ္ကာ သူ႔အေဖနဲ႔ သူ႔အစ္ကိုကလည္း သူ႔ကို က်ိန္းေသေပါက္ ဂ႐ုစိုက္ၾကမွာ၊ ေႏြးေထြးေအာင္ ထားၾကမွာ။ မဟုတ္ဘူး၊ မဟုတ္ဘူး သူ ေမာ္ဒန္ေခတ္မွာဆို ကိုယ္ဝန္ေတာင္ ရွိမွာမဟုတ္ဘူးေလ!

အဲ့တာေျပာမွ သူ တကၠသိုလ္တုန္းကကိစၥတစ္ခုကို သြားသတိရလိုက္သည္၊ သူ႔မွာ ေသးေသးမႊားမႊား ေခါင္းကိုက္တာေလးမ်ား ျဖစ္ခဲ့ရင္ေတာင္မွ သူ႔မိဘေတြႏွင့္ သူ႔အစ္ကိုက တျခားၿမိဳ႕ကေန သူ႔ကိုေတြ႕ဖို႔ အေရာက္ ကားေမာင္းလာခဲ့ၾကတတ္သည္။

အတိတ္တုန္းက ျဖစ္ရပ္ေတြကို သူ ျပန္ေတြးမိေတာ့ အခု သူ႔ေဘးမွာ ေဆြမ်ိဳးသားခ်င္း တစ္ေယာက္မွမရွိပါလားဆိုတဲ့အခ်က္ကို သတိျပဳမိသြားၿပီး ဝမ္နည္း အထီးက်န္သြားတဲ့စိတ္ မျဖစ္ဘဲ မေနႏိုင္ေတာ့ေခ်။

ဟယ္က်န္း မ်က္ဝန္းေထာင့္က မ်က္ရည္တို႔ကို လက္ေခ်ာင္းမ်ားျဖင့္ သုတ္လိုက္သည္။

မနက္ခင္းမွာ သူ တစ္ခုခုကို မစားခ်င္စားခ်င္ စားၿပီးသြားသည့္ေနာက္ ဟယ္က်န္း အိပ္ေမာမက်ခင္ စာအုပ္ဖတ္ေနလိုက္သည္။ သူအိပ္ေပ်ာ္သြားေတာ့ သူ႔မိဘေတြႏွင့္ သူ႔အစ္ကိုေတြက သူ႔ကို တစ္ေယာက္ၿပီး တစ္ေယာက္ လာၾကည့္ၾကၿပီး အိပ္ယာထဖို႔ ေျပာေနသည္ဟု အိမ္မက္မက္ေန၏။ သူ မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ က်န္းဖူယန္က သူ႔ထိုင္ခုံကို ကိုင္လႈပ္ေနတာကို ေတြ႕လိုက္ရသည္၊ "ငါ ဇီးခ်ဥ္အနည္းငယ္ သြားဝယ္လာခဲ့တယ္၊ ျမည္းၾကည့္"

လူငယ္က သူ႔လက္ကိုင္ပုဝါကို ျဖန႔္လိုက္ၿပီး ဇီးခ်ဥ္ေျခာက္ႏွင့္အတူ သူ႔ထံ ေပးလိုက္သည္။ ဟယ္က်န္း တစ္လုံးကို ပါးစပ္ထဲ ထည့္ဝါးလိုက္ၿပီးေနာက္ သက္ျပင္းခ်လိုက္ကာ၊ "ငါ့ညီကေတာင္ အသိစိတ္ရွိေသး"

က်န္းဖူယန္လည္း တစ္လုံးယူစားလိုက္ၿပီးေနာက္ အရသာက အရမ္းခ်ဥ္သည့္အတြက္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေထြးထုတ္ပစ္ေတာ့သည္။ ဟယ္က်န္း မရီဘဲ မေနႏိုင္ေတာ့ရကာ၊ "မင္းအတြက္ စားဖို႔ တစ္ခုခု မဝယ္ခဲ့ဘူးလား?"

"ဆန္ကိတ္အခ်ိဳကို ဆိုလိုတာလား?" က်န္းဖူယန္က စားပြဲေပၚက အျခားစကၠဴအိတ္ကို ဖြင့္လိုက္ၿပီး "ေႏြးေနတုန္းပဲ။ ကြၽန္ေတာ္ တစ္ဝက္ခြဲေပးမယ္၊ ျမည္းၾကည့္"

ဟယ္က်န္း ဖဲ့ကာ တစ္ကိုက္ကိုက္လိုက္သည္။ ဆန္ကန္က ႏူးညံ့ကာ ခ်ိဳၿပီး ခံစားခ်က္တို႔ မထိန္းႏိုင္ေတာ့ကာ၊ "ငါတို႔က မုန္တိုင္းၾကမ္းၾကမ္းေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္လာၿပီး အ႐ြယ္ေရာက္လာတဲ့ ေယာက္်ားေတြျဖစ္ထိုက္တယ္"

က်န္းဖူယန္က သူ႔ကို စိုက္ၾကည့္လိုက္သည္။

အားမရွိေနလို႔ျဖစ္မည္၊ ဟယ္က်န္း၏ မ်က္ႏွာက တစ္မ်ိဳးေလး ႏူးညံ့ေနၿပီး ထိေၾကလြယ္ေနကာ ရန္လိုမႈလည္း အနည္းငယ္ ေလ်ာ့ေနသည္၊ သူ၏ သိမ္ေမြ႕ေသာမ်က္ႏွာအခ်ိဳးအဆက္က ပိုလို႔ေတာင္ ဆြဲေဆာင္မႈ ရွိလာေစသည္။

က်န္းဖူယန္ တခဏေလာက္ အံ့အားသင့္သြားရ၏။

ဟယ္က်န္းက သူ႔ေခါင္းကို ႐ုတ္တရက္ ပုတ္လိုက္ၿပီး "ငါ့ကို ဘာလို႔ စိုက္ၾကည့္ေနတာလဲ?"

က်န္းဖူယန္ ရွက္ေသြးျဖန္းသြားရကာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္၊ "အရွင္မင္းႀကီးက မင္းရဲ႕ မ်က္ႏွာကို စြဲလန္းေနတာ"

ဟယ္က်န္း သူ႔မ်က္ႏွာကို သူျပန္ကိုင္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္၊ "႐ုပ္ေခ်ာတက အပစ္ဆိုရင္ေတာ့ ငါက ခြင့္မလႊတ္ႏိုင္စရာပဲ။"

က်န္းဖူယန္ "..."

အကယ္၍ သူသာ ေမာ္ဒန္ေခတ္တြင္ ေနထိုင္သူတစ္ေယာက္ဆိုလ်င္ ဟယ္က်န္း ေနာက္ေနတာကို သူသိလိမ့္မည္၊ သို႔ေသာ္ အခုေတာ့ သူ ဟယ္က်န္းေျပာတာကို ၾကားလိုက္ရခ်ိန္တြင္ အရမ္း အရွက္ရသြားရၿပီး "မင္းက အရမ္းကို ေလးစားသမႈ မရွိတာပဲ"

ဟယ္က်န္းက ဆန္ကိတ္ကို ကိုက္လိုက္ၿပီး ရီကာ ေျပာလိုက္သည္၊ "အေရးအႀကီးဆုံးက ကိုယ့္ကိုယ္ကို သိဖို႔ပဲေလ။ ငါ အရမ္းေခ်ာေနတာကို ငါ့ကိုယ္ငါ ဘာလို႔ မေျပာႏိုင္ရမွာလဲ?"

က်န္းဖူယန္တစ္ေယာက္ ဘာေျပာရမလဲမသိ ျဖစ္သြားရ၏။ သူက ပါးစပ္ထဲ ဆန္ကိတ္လက္က်န္ကို သြတ္သြင္းလိုက္ၿပီး ေျပာလိုက္သည္၊ "ကြၽန္ေတာ္ မေျပာေတာ့ဘူး"

"အိုး၊ ညီေလး" ဟယ္က်န္းက သူ႔ကို ေခၚလိုက္သည္၊ "စားဖိုေဆာင္ကိုသြားၿပီး ငါ့အတြက္ ၾကက္ေျခေထာက္ႏွပ္ေလး သြားယူေပးပါဦး။ နည္းနည္းေလး စပ္ေပးေနာ္"

က်န္းဖူယန္က သူ႔ကို စူးစူးရဲရဲၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊ "ဘယ္လိုေတာင္ေျပာရဲတာလဲ! ဘယ္သူက ခင္မ်ားညီလဲ?"

ဟယ္က်န္း သူ႔ပါးသူ ကုတ္လို္ကၿပီး စဥ္းစားလိုက္သည္. ဖန႔္ထ်န္းက်ိဳမွာက ကိုယ္လုပ္ေတာ္ေတြ အမ်ားႀကီးရွိေပမဲ့လည္း ဘယ္သူနဲ႔မွ သူ တရားဝင္လက္ထပ္ထားျခင္းမရွိ။ အကယ္၍ သူ ကေလး ေမြးေပးခဲ့ရင္ေတာင္မွ ဖန႔္ထ်န္းက်ိဳ၏ညီကို သူ႔အေနနဲ႔ ညီငယ္လို႔ ေခၚဖို႔ သူ႔မွာ အရည္အခ်င္းမရွိ။

ဘယ္လိုကမာၻႀကီးလဲ? လူ႔အခြင့္အေရးဆိုတာ မရွိပါလား။

ဟယ္က်န္းခပ္ေပ်ာ့ေပ်ာ့ခုံကို မွီခ်လိုက္ကာ ေမာ္ဒန္ေခတ္အေၾကာင္းကို ‌ေတြးမိလိုက္သည္၊ သူက သူ႔ကိုယ္သူ အစ္ကိုလို႔ မသုံးရင္ေတာင္မွ က်န္းဖူယန္က သူ႔ကို ေယာက္ဖလို႔ ေခၚရမွာျဖစ္သည္။

ဒါေပမဲ့ ေမာ္ဒန္ေခတ္မွာသာဆိုလ်င္ ဖန႔္ထ်န္းက်ိဳ သူ႔လက္ကို ကိုင္ထားရမည္သာ၊ အဲ့လိုမွမဟုတ္ရင္ သူနဲ႔ ဘယ္သူေနမွာတဲ့လဲ? သူ႔ကို ဒီေလာက္ၿခိမ္းေျခာ္ကေနတာ၊ သူ႔မ်ိဳးဆက္ကို ေမြးေပးရဖို႔က တရားမွ်တမႈမရွိဘူးေလ။

သူ႔အတြက္ ေမြးေပးခ်င္စိတ္ရွိမရွိကို ေျပာခ်င္တာမဟုတ္။

သူက ႐ုပ္ပိုင္းဆိုင္ရာအရေရာ၊ စိတ္ပိုင္းဆိုင္ရာအရပါ ႏွိပ္စက္ခံခဲ့ရသည္။

ဟယ္က်န္း စာအုပ္ကို ဖြင့္လိုက္ၿပီးေနာက္ မၾကာမီမွာပဲ ခုံကိုမွီလိုက္သည္။ ၾကက္ေျခေထာက္အနံ႔က ေထာင္းခနဲ ရလာေတာ့မွ သူ႔မ်က္လုံးကို ခ်က္ခ်င္းပဲ ဖြင့္လိုက္ကာ၊ "အား! ညီေလးက အရမ္း ၾကင္နာတတ္တာပဲ!"

က်န္းဖူယန္ သူ႔အေရွ႕ ပန္းကန္ကို ခ်လိုက္ကာ ေျပာလိုက္သည္၊ "ခံတြင္းမပ်က္ေတာ့ဘူးလား?"

"အင္း၊ ဟုတ္တယ္" ဟယ္က်န္း သူ႔အက်ႌလက္ကို လိပ္တင္လိုက္ၿပီး ၾကက္ေျခေထာက္တစ္ေခ်ာင္းကို ယူလိုက္ကာ သူ႔ကို ၫႊန္ၾကားလိုက္သည္၊ "စြပ္ျပဳတ္ေသာက္ဖို႔ အဲ့ဇြန္း ငါ့ကို ကမ္းေပး၊ ငါ အ႐ိုးေထြးရမယ္"

"ခင္မ်ား ေကာင္းေကာင္းထိုင္မစားႏိုင္ဘူးလား?"

ဟယ္က်န္း ညင္သာစြာၾကည့္ကာ ေျပာလိုက္သည္၊ "လိမ္မာတဲ့ညီေလး၊ မင္းရဲ႕တူေလးနဲ႔ သူ႔အေမကို ေသခ်ာေလး ဂ႐ုစိုက္ေပး၊ ဟုတ္ၿပီလား?"

က်န္းဖူယန္ သူ႔ကို ေဒါသတႀကီး ၾကည့္လိုက္ၿပီး ယူေပးလိုက္ကာ ေျပာလိုက္သည္၊ "အရွင္မင္းႀကီးက အမွာေတာ္ပါးလႊတ္လိုက္တယ္၊ သူဒီည ျပန္မလာဘူးတဲ့"

"အိုး" ဟယ္က်န္းက ခပ္ေပါ့ေပါ့ ေျပာလိုက္သည္၊ "အဲ့တာ ငါနဲ႔ ဘာသက္ဆိုင္မႈရွိလို႔လဲ?"

"သူ ဘာလုပ္မွာမိုလို႔လဲဆိုတာ မင္းမေမးေတာ့ဘူးလား?"

"ဘာေမးဖို႔လိုလို႔လဲ?" ဟယ္က်န္းက ေျပာလိုက္သည္, "သူက တကယ့္ နဂါးသားေတာ္အစစ္ေလ။ သူက ေကာင္းခ်ီးရထားတဲ့သူ၊ ဒဏ္ရာနည္းနည္းေလး ရတယ္ဆိုရင္ေတာင္မွ ေသမွာမဟုတ္တာ။"

"မင္း!" က်န္းဖူယန္ ေဒါသတႀကီးႏွင့္ သူ႔လက္ထဲက ၾကက္ေျခေထာက္ကို လွမ္းယူလိုက္ကာ ေျပာလိုက္သည္၊ "အရွင္မင္းႀကီးက ခင္မ်ားကို အရမ္းခ်စ္ေပမဲ့ ခင္မ်ားကေတာ့ ေက်းဇူးမသိတတ္ဘဲ မႏွစ္ၿမိဳ႕ဖြယ္စကားေတြကို ေျပာေနတယ္။ ခင္မ်ားမွာသာ နဂါးသားေလး ကိုယ္ဝန္မေဆာင္ထားရရင္ ကြၽန္ေတာ္ ခင္မ်ားကို အရင္သတ္ပစ္ၿပီးမွ ေနာက္မွ အပစ္ခံယူလိုက္မယ္!"

ဟယ္က်န္းက မ်က္လုံးလွိမ့္လိုက္ၿပီး ၾကက္ေျခေထာက္ျပန္ဆြဲယူလိုက္ကာ ဇြန္းကို သူ႔ထံ ပစ္လိုက္ၿပီး၊ "ထြက္သြား၊ ငါ မစားေတာ့ဘူး"

က်န္းဖူယန္ သူ႔ကို ျဖတ္ခနဲတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ဇြန္းျပန္တပ္ေပးလိုက္ၿပီး "ဒါ ကြၽန္ေတာ့တူအတြက္"

ဟယ္က်န္း သူ႔ကို စိုက္ၾကည့္လိုက္ၿပီး လက္သည္‌းေတြ ထုတ္ျပလိုက္သည္။ က်န္းဖူယန္က သူ႔ကို အတန္ၾကာသည္အထိ မ်က္ေမွာင္ၾကဳတ္ေနၿပီးေနာက္၊ "သူ ဘာသြားလုပ္တယ္ဆိုတာ ခင္မ်ား တကယ္ မသိခ်င္ဘူးလား?"

"ေမာင္းမေတြ ႏိုင္ငံ့အေရး ဝင္စြက္ဖက္တာကို ခြင့္မျပဳထားဘူး။ မင္းက ငါ့ကို ေသေစ့ခ်င္လို႔လား?"

က်န္းဖူယန္ ေဒါသေထာင္းေထာင္း ထသြားရကာ၊ "အရွင္မင္းႀကီးက ခင္မ်ားကို အရမ္းစြဲလန္းေနတာ သနားစရာပဲ။ ခင္မ်ားက တုံ႔ျပန္မႈေလးျပဳဖို႔ေတာင္ ႏွေျမာတြန႔္တိုတတ္တယ္၊ အသည္းႏွလုံးမရွိတဲ့ ေျမေခြးပဲ!"

အက်ႌလက္ကို ျပန္ျဖည္ခ်လိုက္ကာ ေဒါသတႀကီးႏွင့္ ထြက္သြားေတာ့သည္။

"မင္းက ေျမေခြး" ဟယ္က်န္း ေဒါသတႀကီး ျပန္ေအာ္လိုက္၏၊ "မင္းက ေႁမြဝိဉာဥ္ပဲ!"

သူ အံတင္းတင္းႀကိတ္လိုက္ၿပီး ဗိုက္ထဲက ထိုးႏွက္မႈတစ္ခ်က္ သူ ခံစားလိုက္ရသည္။ ဟယ္က်န္းက ပါးစပ္ကို အုပ္လိုက္ၿပီး ေထြးအံေရွ႕ ရပ္လိုက္ကာ ေထြးလိုက္သည္။ "အရင္ဆုံး၊ သခင္က ထူးျခားအေျခအေနမွာ ရွိေနတယ္၊ ဒါေၾကာင့္ က်န္းသခင္ေလးနဲ႔ စိတ္ၿပိဳင္မဆိုးပါနဲ႔"

"သူနဲ႔ ဘယ္သူက စိတ္ၿပိဳင္ဆိုးေနလို႔လဲ?" ဟယ္က်န္းက ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာႏွင့္ ပလုတ္က်င္းကာ ဇီးသီးေျခာက္မ်ားကို ေကာက္ယူၿပီး ပါးစပ္ထဲသို႔ ထည့္လိုက္သည္။ အသက္လုရႈလိုက္ၿပီးေနာက္ ထိုင္ခ်လိုက္ၿပီး မ်က္ႏွာကို တြန႔္လိမ္ကာ "ယူသြားေတာ့၊ မစားခ်င္ေတာ့ဘူး" ဟု အားေပ်ာ့စြာ ေျပာလိုက္သည္။

႐ႊမ္းရီက ၾကက္ေျခေထာက္ေတြကို အျမန္ျပ ဖယ္ရွားလိုက္သည္။ ဟယ္က်န္ ေဘးေစာင္းလိုက္ၿပီး ျဖည္းညင္းစြာ ကိုယ္ကို ေကြးလိုက္သည္။

ဖန႔္ထ်န္းက်ိဳက သူ႔ကို အာ႐ုံအနည္းငယ္ ထားေပးတာကို က်န္းဖူယန္က ဘာလို႔ အပစ္တင္ေနတာလဲဆိုတာ သူ လုံးဝကို နားမလည္ႏိုင္။ ဖန႔္ထ်န္းက်ိဳက သူ႔ကို အလိုလိုက္တာကို လူတိုင္းသိသည္၊ ဒါေပမဲ့ သူက သူ႔ကို ႀကိဳက္တယ္ဆိုရင္ေရာ ဘာျဖစ္လဲ? အႀကိဳက္ခံရတဲ့အတြက္ သူက ေက်နပ္ေက်းဇူးတင္ရမွာလား?

ဖန႔္ထ်န္းက်ိဳက ကံေကာင္းေနၿပီးသားေလ၊ အသိသာႀကီးပဲ၊ သူက အားလုံးရဲ႕ အထက္မွာရွိတာပဲကို။ သူ႔အတြက္‌ ေျပာေပးမယ့္သူေတြ၊ သူ႔ေနရာကေန စဥ္းစားေပးတဲ့သူေတြ အမ်ားႀကီးပဲ ရွိတယ္။

ဒါေပမဲ့ သူ႔မွာက သူ႔ကိုယ္ပိုင္ ဘာမွ မရွိဘူး။

ဒီကမာၻႀကီးေပၚမွာ သူ႔ေဆြမ်ိဳးသားခ်င္း တစ္ေယာက္မွ မရွိဘူးဆိုတာကို ဘယ္သူမွ ဂ႐ုမစိုက္ေပးၾကဘူး၊ ဖန႔္ထ်န္းက်ိဳလက္ေအာက္မွာ သူ အသက္ရွင္ေနထိုင္ဖို႔အတြက္ တုန္ရီေၾကာက္လန႔္ေနရတာကို ဘယ္သူမွ ဂ႐ုမစိုက္ၾကဘူး၊ သူ႔မွာ သူထိန္းခ်ဳပ္ႏိုင္တာဆိုလို႔ ႏွလုံးသားတစ္ခုကလြဲရင္ ဘာမွမရွိဘူးဆိုတာ ဘယ္သူမွ ဂ႐ုမစိုက္ၾကဘူး။ သူ႔ကိုယ္ခႏၶာကေတာင္မွ သူမဟုတ္ေနတာကို။

ဒါေပမဲ့ လူတိုင္းက သူ႔ႏွလုံးသားကို အဲ့လူကို ထုတ္ေပးဖို႔ ေျပာေနၾကတယ္။ သူ ေပးဝံ့မွာတဲ့လား?

ဖန႔္ထ်န္းက်ိဳ သူ႔ကို ႀကိဳက္တာကို သူ သိလိုက္ရတုန္းက အသက္ရွင္ရတာအျပင္ အျခားေပ်ာ္ဖို႔ေကာင္းတဲ့ အေၾကာင္းျပခ်က္လဲ ရွိပါလားဆိုတာကို ဟယ္က်န္းသိလိုက္ရသည္။

ဒါေပျမ့ သူ မေတြးဝံ့။

ဒီကမာၻႀကီးမွာ အကုန္လုံးကို လက္လႊတ္လိုက္ရရင္ သူ သနားစရာေကာင္းေလာက္ေအာင္ ေသသြားရလိမ့္မည္။

သူ ႏွာရႈံ႕လိုက္ၿပီး မ်က္လုံးကို ေဝရီစြာ ပိတ္လိုက္သည္။

ထိုည၊ ဖန႔္ထ်န္းက်ိဳ တကယ္ ျပန္မလာခဲ့ေခ်။

ေနာက္တစ္ေန႔ မြန္းတည့္ခ်ိန္မွ ဟယ္ရန္ႏွင့္ အျခားသူမ်ားႏွင့္အတူ ဖန႔္ထ်န္းက်ိဳက စိုးရိမ္စြာ ေဆာင့္ဆိုင္းေနသည့္ က်န္းဖူယန္ေရွ႕ ေပၚလာ၏။ က်န္းဖူယန္ အနည္းငယ္ ရွက္သြားၿပီး အျမန္ေျပးသြားလိုက္ကာ၊ "အဆင္ေျပရဲ႕လားအရွင္မင္းႀကီး?"

"ဘာမွမျဖစ္ခဲ့ဘူး။" ဖန႔္ထ်န္းက်ိဳက ေလတိုက္လို႔ လြင့္သြားသည့္ အက်ႌလက္ကို ခါလိုက္သည္။ ခရီးက အဆင္ေျပေျပ ျဖစ္ခဲ့လို႔ျဖစ္ႏိုင္သည္။ သူ စိတ္ခံစားခ်က္ ေကာင္းေနၿပီး ေပါ့ေပါ့ပါးပါး ေမးလိုက္၏၊ "ဟယ္ရွန္းရႈံးရဲ႕ခႏၶာက ဘယ္လိုေနေသးလဲ?"

က်န္းဖူယန္က "မင္းသားေလးက ဂ်ီက်လို႔ျဖစ္မယ္၊ သူ မစားႏိုင္ဘူး၊ ဒါေပမဲ့ ကြၽ္နေတာ္ ဇီးသီးေျခာက္ေတြ ဝယ္ၿပီး ခံေတြးေတြ႕ေအာင္လို႔ ပို႔ေပးခဲ့တယ္။ အရွင္မင္းႀကီး အခု သူ႔ကို သြားေတြ႕မွာလား?"

"အရင္ဆုံး အဝတ္အစားေတြ လဲဦးမယ္"

က်န္းဖူယန္က ဆုတ္ၿပဲေနသည့္အဝတ္တို႔ကို ၾကည့္လိုက္ၿပီး သူက ဟယ္ရွန္းရႈံးအတြက္ အဝတ္လဲမွာဆိုတာကို သူ သိလိုက္သည္။ သူ သက္ျပင္းမခ်ဘဲ မေနႏိုင္ေတာ့ေပ၊ အဲ့ဒီ့ ရက္စက္တဲ့ ေသြးေအးဟယ္ရွန္းရႈံးက အရွင့္ရဲ႕ဘဝ အရွင့္ရဲ႕အသက္ကို ဂ႐ုမစိုက္ဘူး!

20231209; 1551
Stay tuned for the next chapter
🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

Continue Reading

You'll Also Like

3M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
681K 26.5K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
182K 14.3K 22
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
322K 25.8K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...