အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရား

Oleh Hnine-Wai

19K 1.7K 101

အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant ... Lebih Banyak

အပိုင်း ၁ မှ အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉

အပိုင်း ၃၅

994 171 11
Oleh Hnine-Wai

ဟယ်ကျန်းသည် ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် တူကို တဆတ်ဆတ် ကိုက်လိုက်သည်။
သူ မတော်တဆ လွန်လွန်ကဲကဲ ပြုမိသွားခဲ့ပြီ၊ သူ ဘာလုပ်ရမလဲ? သူ့က ဆွဲထုတ်ခံရပြီး ခုတ်ပိုင်းခံရသင့်တာ။ ခုတ်ပိုင်းခံရတာ တော်ပါသေးတယ်၊ အနည်းဆုံးတော့ ဗိုက်အဖွင့်ခံရမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့၊ ဒါမှမဟုတ်လည်း ကလေးမွေးနေတုန်း သေလုမျောပါး ခံစားရမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
သူ့အနားမှာ တနေကုန်နေနေရလို့လည်း စိတ်ပူစရာ မလိုတော့ဘူး။
ဒီလူနဲ့ဆိုရင် သူ့မှာ လုံခြုံစိတ်ချရတယ်လို့ လုံးဝကို ခံစားလို့မရဘူး။

ဖန့်ထျန်းကျိုက မျက်လုံးပင့်ကြည့်လိုက်ပြီး "ကိုယ်တော် အဝတ်လဲချင်တယ်၊ သွားပြီး ယူချေ"
ဟယ်ကျန်း၏ ရပ်တန့်နေသည့်နှလုံးခုန်သံတို့ သံစဉ် ပြန်ထွက်လာတော့သည်၊ သူ့အသက်ကလေးကို သူ ထပ်ကယ်တင်လိုက်နိုင်ပြီဟု ခံစားလိုက်ရကာ မျက်လုံးတို့ လက်သွားပြီး ဖန့်ထျန်းကျို၏ အဝတ်အစားများကို ယူရန် အမြန်လှည့်ထွက်သွားတော့သည်။

ဖန့်ထျန်းကျိုက ပြေးထွက်သွားသည့် သူ့ပုံသဏ္ဉာန်ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းတွေက မျဉ်းတစ်ကြောင်း ဖြစ်သွား၏။
ဟယ်ကျန်းက လူတစ်မျိုး၊ သူ့ကို ဘယ်လောက်ကြာအောင် ဒါမှမဟုတ် ဘယ်လောက်ဆိုးဝါးအောင် ဖိနှိပ်ထားသည်ဖြစ်ပါစေ၊ သူ့အသက်ရှုပေါက်လေး နည်းနည်းလောက် ပေးထားလိုက်ရင်ကို ချက်ချင်းပဲ တက်ကြွလာမှဖြစ်သည်။ ၎င်းက တစ်စက္ကန့်မျှသာ ဖြစ်ရင်တောင်မှ သူက တက်ကြွနေဦးမည်သာ။

ဒီလို လိမ္မာပါးနပ်တဲ့ အရာလေးကို ဖန့်ထျန်းကျို တစ်ခါမှ မမြင်ဖူးခဲ့၊ သူက သေရမှာ သိသိသာသာကို ကြောက်နေပေမယ့် ကြိုချောင်ကြိုကြားထဲက ထွက်လာတဲ့ ပျော်ရွှင်မှုလေး အနည်းငယ်လေးကို ခံစားပျော်မွေ့ရင်း မမောနိုင်မပန်းနိုင် ရန်စနေဦးမည့်သူဖြစ်သည်။ တစ်ဖက်ခြမ်းက မသပ်မရပ်ပန်းကန်ပြားကို တစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးတွေ နက်မှောင်သွားပြန်၏။

မင်းကွာ။

ဟယ်ကျန်းသည် အဝတ်တစ်ထည်ကို အမြန်ယူကာ ပြန်လာခဲ့သည်၊ ဖန့်ထျန်းကျိုက ပျော်တာရော ဒေါသထွက်တာရော ဘာအမူအယာမှ မပြဘဲ မတ်တပ်ရပ်လိုက်ကာ သူ့လက်တို့ကို ဆန့်တန်းဖြန့်ကားပေးလိုက်သည်။

ဟယ်ကျန်းက နှုတ်ခမ်းတို့ တင်းနေအောင် စေ့ထားလိုက်ပြီး သက်မတစ်ချက် ပင့်သက်ရှိုက်လိုက်ကာ လျှောက်လှမ်းသွားလိုက်ပြီး ညစ်ပတ်နေသည့် အဝတ်အစားတို့ကို ချွတ်ပေးပြီးနောက် သန့်ရှင်းသော အဝတ်တို့ကို ဝတ်ဆင်ပေးလိုက်သည်။ ဖန့်ထျန်းကျိုက သိမ်မွေ့သော မျက်ခုံးအစုံဖြင့် သူ့ကို စိုက်ကြည့်နေသော်လည်း ဘာမှတော့ မပြောချေ။

သူ ကူးပြောင်းလာခဲ့တာ အချိန်အတော်ကြာခဲ့ပြီမို့ ဟယ်ကျန်း တခြားအရာတွေအကြောင်း အများကြီး မသိသော်လည်း သူ့ကို ဝတ်ဆင်ပေးရခြင်းအပေါ်ကိုတော့ သူ အလွန် ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဤပေါ့ပေါ့ပါးပါးအဝတ်အစားတို့က နဂါးဝတ်ရုံတို့နှင့် မတူပေ၊ တွဲလောင်းတွေ တွဲလွဲတွေ accessories တွေ အများကြီး မပါဘဲ ရိုးရှင်းသည်။

ဟယ်ကျန်းသည် ကြယ်သီးများကို တပ်ပေးလိုက်ပြီး ခါးပတ်ကို တင်းတင်းစည်းပေးလိုက်ပြီးနောက် အကျင့်အတိုင်း ထိုင်ချလိုက်ကာ တောင်ရှည်ကို ပြန့်ပြူးစေရန် လုပ်ဆောင်ဖို့အတွက် ထိုင်ချလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက် ပွေ့ဖက်ခံလိုက်ရတော့သည်။ ထိုလူ၏ လက်ချောင်းတို့က သူ့မေးစေ့ကို ညှစ်လိုက်ကာ၊ "ကိုယ်တော့ကို မကြောက်နဲ့၊ ဒါပေမဲ့ ကိုယ်တော့ကိုတော့ ထပ်ခါ ထပ်ခါ မစော်ကားစေချင်ဘူး၊ နားလည်လား?"

ဟယ်ကျန်းနှုတ်ခမ်းထောင့်တို့က ပြုံးရမလို၊ မဲ့ရမလို ပင့်ကော့သွားကာ၊ "ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိ..."

ဖန့်ထျန်းကျို၏ မျက်လုံးအစုံက ရုတ်တရက် မှေးကျဉ်းသွားပြီး၊ "ပြန်ပြုံးကြည့်စမ်း"

ဟယ်ကျန်းက နှုတ်ခမ်းထောင့်စွန်းတို့ကို ပြန်ပြင်လိုက်ပြီးနောက် နူးညံ့သောအသံဖြင့်၊ "ကျွန်တော် မှတ်မိပါပြီ"

နာခံဟန်ဆောင်နေသည့်သူ့ကို မြင်တော့ ဖန့်ထျန်းကျို၏ မျက်လုံးတို့က ဒေါသဖြင့် ပြည့်သွားရတော့သည်။ သူ ဟယ်ကျန်းကို မထိခဲ့တာကြာပြီ။ ဒီအချိန်မှာ သူ့လက်ဖဝါးအောက်က ခါးသိမ်လေးနှင့် ကိုယ်သင်းရနံ့တို့က သူ့ဒေါသတို့ကို မရည်ရွယ်ဘဲ ငြိမ်သွားအောင် စွမ်းဆောင်လိုက်နိုင်သွားသည်။

ဟယ်ကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ သူ့ကို တွန်းလိုက်သော်လည်း ခွန်အားမတန်သည်မို့ သူ့ကို မတွန်းလိုက်နိုင်ရုံသာမက ထိုသူ၏ လှုပ်ရှားမှုတို့ကို ပိုလို့တောင် ပြင်းထန်သွားစေတော့သည်။

"အရှင်မင်းကြီး၊ ကျွန်တော် ဗိုက်ဆာပြီ။" ဟယ်ကျန်းက တောင့်ခံကာ မောဟိုက်သံဖြင့်ဆိုလိုက်သည်၊ "မင်းသားငယ်လေးလည်း အရမ်းဗိုက်ဆာနေပြီ၊ ကျွန်တော်တို့ စားကြမလား?"

ဖန့်ထျန်းကျို၏ နှုတ်ခမ်းတို့က သူ့နားရွက်အောက်နားကို ထိသွားပြီးနောက် မှုန်မှိုင်းစွာဖြင့် သူ့ကို လွှတ်ပေးလိုက်သည်။

ဟယ်ကျန်း ထိုင်ခုံပေါ် နောက်ပြန် ချော်ကျသွားပြီး ထိုင်ချလိုက်ကာ အစားအစာကို ခပ်လိုက်ပြီး သူ့ပါးစပ်ထဲ သွင်းလိုက်၏။ ဖန့်ထျန်းကျိုက အမူအယာမဲ့စွာဖြင့် သူ့ကို ကြည့်နေတေ့ ဟယ်ကျန်းက မျက်လုံးထောင့်စွန်းကနေ တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းကို သူ့တတောင်ဆစ်နှင့် တမင် သုတ်ပစ်လိုက်သ်ည။ ဖန့်ထျန်းကျို မျက်မှောင်ကြုတ်လိုက်၏။

ကျွတ်၊ သူ ခုလေးတင်ပဲ ပြင်းပြင်းပြပြ နမ်းထားခဲ့တာ၊ ပဲပိစပ်တစ်လုပ်လောက်မြင်တာနဲ့ ငါ့ကို မကြိုက်နှစ်သက်ကြောင်း ပြတော့တာပဲ။

နောက်ဆုံးတော့ ဖန့်ထျန်းကျိုလည်း သူ့တူတစ်စုံကို ကောက်ကိုက်လိုက်တော့သည်။

ဒီတစ်ကြိမ်မှာတော့ ဟယ်ကျန်းက သူ့ကို ခွေးကျွေးသလိုမျိုး ပုံနေအောင် ထည့်မပေးတော့ပေ။ ဖန့်ထျန်းကျိုက ဟယ်ကျန်း သူ့ကို ထည့်ပေးလာသည့်ဟင်းတွေကို တုံ့ဆိုင်းစွာ မျိုချလိုက်သည်။ ဟယ်ကျန်း ဘာအမူအယာမှ မဖြစ်ဘဲ စားနေတာကို မြင်တော့ သူ့မျက်နှာက အလွန်ရုပ်ဆိုးသွားပြန်၏။

ဟယ်ကျန်း၏ ကိုယ်ဝန်ဆောင်တုံ့ပြန်မှုက အရမ်းကြီး ပြင်းထန်လွန်းတာမဟုတ်ပေ။

စားစရာတွေများလွန်းတာကြောင့် ဟယ်ကျန်းတစ်ယောက် မတ်တပ်ရပ် ထထည့်တာတောင်မှ လက်လှမ်းမမီဖြစ်နေသည့်အတွက် ထလိုက်ပြီး ကျန်းဖုယန်၏ ထိုင်ခုံသို့ သွားကာ ထိုင်လိုက်သည်။ ၎င်းက သူနှင့် ဖန့်ထျန်းကျိုအကြား ပို၍ ခြားသွားစေပြီး သူကတော့ ပျော်ပျော်ကြီးကို စားနေတော့သည်။

သူ ဗိုက်ပြည့်သွားပြီးနောက် ဖန့်ထျန်းကျိုက သူ့ကို ထိုင်ကြည့်နေဆဲ ဖြစ်နေတာကို သိလိုက်ရတော့ သူ့ရဲ့ အဆီတွေ ဝင်းနေသည့်နှုတ်ခမ်းကို ပွတ်သုတ်လိုက်ပြီး မကောင်းသည့်အတွေးတို့ ထပ်ဝင်လာပြန်၏။ "ဝပြီလား၊ ထပ်စားချင်သေးလား?"

ဖန့်ထျန်းကျိုက ခပ်မြန်မြန်ပဲ ပြောလိုက်၏၊ "ထွက်သွား"

ဟယ်ကျန်းက ရပ်တန့်လိုက်ပြီး သူ့မျက်လုံးများနှင့် လျှာတို့ ထပ်တူကျသွားကာ သူ့နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်ပြီး ဖန့်ထျန်းကျို အလွန်ကို ရွံ့ရှာသွားအောင် လုပ်လိုက်ပြီးနောက် နာခံစွာဖြင့် ထွက်သွားသည်။

ဖန့်ထျန်းကျို၏ နဖူးပေါ်ရှိ သွေးကြောများ ထင်းနေအောင် ထွက်လာရ၏။

မဖွယ်မရာပြုမူဝံ့တယ်!!

ဟယ်ကျန်းက သူ ကလေးကို ဗိုက်ခွဲမမွေးရသေးခင်တောင်မှ သေနိုင်တယ်ဆိုတာကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးနောက် တစ်နေကုန် လက်ရေးလှလေ့ကျင့်ဖို့ရာ အာရုံမထားတော့ချေ။

သူ့ဝတ်ရုံလက်များကို ခေါက်တင်လိုက်ကာ ထွက်သွားစဉ်မှာပဲ ကျန်းဖုယန်နှင့် မျက်လုံးချင်း သွားဆုံလေတော့သည်။ တစ်ဖက်သူက သူ့ကို ထက်အောက် စုန်ဆန်ကြည့်လိုက်ပြီးနောက် "မင်း မသေသေးဘူး!"

ဟယ်ကျန်းက မေးမော့လိုက်ပြီး မောက်မာစွာနှင့် အေးသက်သက်နှာရှုတ်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

ဟယ်ရန်က ရုတ်တရက် ဆိုလာ၏၊ "လူကြီးမင်းခင်မျာ၊ စကားလေးအနည်းငယ်ပြောဖို့ အပြင်ဘက် ထွက်ခဲ့ပေးလို့ရမလားခင်မျ?"

စစ်သူကြီးဟယ်၌ နွေးထွေးပြီး ကျောက်စိမ်းကဲ့သို့သော သိမ်မွေ့မှုရှိသည်။ ဟယ်ကျန်းက ထိုသူကို အလွန် လေးစားသည်။ သူက ယဉ်ကျေးပြီး သူ့စကားလုံးတွေက ကျိုးကြောင်းဆီလျော်မှုရှိတတ်ကာ သက်တောင့်သက်သာ ရှိစေသည်။

ဟယ်ကျန်းအနေနဲ့ သူ့ကိုယ်သူ သာမာန်လူတန်းစားတစ်ယောက်လို့ ဝန်ခံရမည်သာ၊ စစ်သူကြီးဟယ်၏ စိတ်ရှည်သည်းခံနိုင်မှု၊ သိမ်မွေ့မှုတို့က လူတွေ အလွယ်တကူ မသင်ယူနိုင်သော အရာဖြစ်၏။

သူက ခေါင်းညိတ်ပြလိုက်ပြီး ဟယ်ရန်နောက်ကနေလိုက်ကာ ပြတင်းပေါက်ဆီသို့ သွားလိုက်သည်။

"ပြီးခဲ့တဲ့ အကြိမ်တုန်းက ကျွန်တော် ကုန်းဇီထံကနေ အထူးအာရုံစိုက်မှု ရရှိခဲ့ပြီး ကျွန်တော့ကို အန္တရာယ်ကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ အဲ့ဒီ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ဟယ်ကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းက လူကောင်းတစ်ယောက်ပါ၊ မင်းက မသေသင့်ဘူးလေ" လို့ အပြုံးနှင့် ပြောလိုက်သည်။

ဟယ်ရန်ကလည်း အနည်းငယ်ပြုံးလိုက်ပြီး "ယွမ်မစံအိမ်ကိုသွားရတဲ့ ဒီခရီးစဉ်က အရမ်း အန္တရာယ်များသော ခရီးဖြစ်မယ်၊ ကုန်းဇီမှာ အခြားအကြံဥာဏ်များ ရှိပါသလား?"

"ဧကရာဇ်မင်းက ငါ့ကိုမေးခိုင်းလိုက်တာလား?"

"မဟုတ်ဘူး" ဟယ်ရန်က ရှင်းပြလိုက်သည်။ "အရှင်က တကယ့်နဂါးဧကရာဇ်ပါ။ ပုံမှန်ဆို သူ့ကို ကောင်းကင်ဘုံက ကာကွယ်ပေးတယ်လေ။ ကျွန်တော်အသက်အတွက် အကာအကွယ်တစ်ခုခုကိုပဲ ရှာချင်တာပါ"

ဟယ်ကျန်းက ခဏလောက် နှုတ်ဆိတ်နေပြီး "မင်း အနာတရဖြစ်မှာမဟုတ်ဘူး၊ ကောင်းကင်ဘုံက မင်းကို ကောင်းချီးပေးမှာပါ၊ ပြီးတော့ ဥာဏ်ကြီးရှင် သမားတော်ကြီး ဖုယန်လည်း ထိခိုက်အနာတရဖြစ်မှာမဟုတ်ဘူး၊ မင်းတို့အားလုံး အဆင်ပြေမှာပါ။"

ဖန့်ထျန်းကျိုကလွဲရင်ပေါ့

မူရင်းစာအုပ်တွင် ယွမ်မစံအိမ်သို့သွားခြင်းသည် ဖန့်ထျန်းကျိုနှင့် ဟယ်ရန်တို့ အရက်မူးပြီး ဗလုံးပထွေးနဲ့ အရှုပ်တွေ ဖြစ်သွားပြီးမှ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် စစ်သူကြီးဟယ်က အတင်းအကြပ်စေခိုင်းခြင်း ခံရတာဖြစ်ပြီး တစ်ဖက်မှာလည်း ဖန့်ထျန်းကျိုက အလွန်အမင်း မကျေမချမ်းတွေ ဖြစ်နေခဲ့တာဖြစ်သည်။ သို့ပေမဲ့လည်း သူက ဘုရင်ဖြစ်တာကြောင့် သူ့ကိုယ်သူသာ စိတ်ထိန်းခဲ့ရသည်။ မူလစာအုပ်တွင် ဖန့်ထျန်းကျိုက သူ့ကို ကယ်ဖို့ ဒဏ်ရာရခဲ့သည်။ သူက ရွှေလူသားတစ်ယောက်ဖြစ်သည်မိို့ ဒဏ်ရာကတော့ အရမ်းကြီး မစိုးရိမ်ရပေ။ ထိုဖြစ်ရပ်ကြောင့် ဟယ်ရန်က သူ့ကို ပိုပြီး သစ္စာစောင့်သိလာခဲ့ကာ သူကလည်း ဖြစ်ခဲ့သည့် (မူးမူးနဲ့ဖြစ်ရပ်ကို) ခွင့်လွှတ်ခဲ့လိုက်၏။

ဒါပေမယ့် သူမသိခဲ့တာက ဖန့်ထျန်းကျို၏စွမ်းရည်အရဆိုလျင် သူ ဒဏ်ရာအနာတရဖြစ်ရဖို့ အခွင့်အရေးမရှိ၊ သူက ဟယ်ရန် သူ့ကို နာခံလာအောင် ခါးသီးတဲ့လှည့်ကွက်လေးတစ်ခု လုပ်လိုက်ခြင်းသာ ဖြစ်သည်။

ဟယ်ကျန် ထိုစာအုပ်ကို ဖတ်ခဲ့တုန်းက ဧကရာဇ်ဟောင်းက သူ့မိသားစုရဲ့ သေဆုံးမှုမှာ တရားခံဆိုတာကို ဟယ်ရန်တစ်ယောက် သိခဲ့ပေမဲ့ ဘာလို့ ဖန့်ထျန်းကျိုကို ဟယ်ရန်က မုန်းခဲ့တာလည်းဆိုတာကို သူ သိချင်နေခဲ့တာဖြစ်သည်။ ဖန့်ထျန်းကျိုက ဧကရာဇ်ဟောင်းကို သူ့လက်နဲ့ သတ်ခဲ့ပေမဲ့ တကယ်တော့ ဟယ်ရန်အတွက် သွယ်ဝိုက် လက်စားချေပေးခြင်းတစ်မျိုးဖြစ်သည်၊ သို့သော် သူသည် အကြံအစည်ကြီးတွေရှိသော အာဏာရှင်တစ်ဦးဖြစ်သည်။ ချစ်ခင်မှု၊ လေးစားမှုဆိုတာ ဘာလဲ ဆိုတာကို သူ လုံးဝ မသိခဲ့သူတစ်ယောက်ဖြစ်သည်။

သူလိုချင်တဲ့အရာက ချစ်သူတစ်ယောက်မဟုတ်ပါ၊ သူ့အပေါ် နာခံပြီး သစ္စာရှိမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ အရာတစ်ခုသာဖြစ်ပြီး ထိုအရာက သူမမုန်းတဲ့ အရာတစ်ခုဖြစ်လာပြီး သူ့တပ်မက်မှု လိုအင်ဆန္ဒတွေကို ပုံချနိုင်တဲ့ အရာတစ်ခုဖြစ်လာခဲ့သည်။ စစ်သူကြီးက သူမူးနေတဲ့ညမှာ ပေါ်မလာခဲ့သင့်ပေ၊ သူ့ရဲ့ ပစ်မှတ်လည်း ဖြစ်မလာသင့်ခဲ့။

ထိုပုန်ကန်မှုသည် သူတို့၏ ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်းတို့ကို မီးမောင်းထိုးပြမှု ဖြစ်သင့်သည်။ ဟယ်ရန်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အဖော်ရှိခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို ဖန့်ထျန်းကျိုကို နားလည်သွားစေခြင်းဖြစ်သည်။

အဆုံးသတ်ကို ဟယ်ကျန်း မဖတ်ခဲ့လိုက်ရတာ စိတ်မကောင်းစရာ၊ ကွန်မန့်တွေကနေ ရေးထားတဲ့ စပွိုင်လာ (spoiler) လေး အနည်းငယ်ကိုသာ သူ မှတ်မိ၏။ အင်း၊ ဖန့်ထျန်းကျိုက ထိိုအချင်းအရာကို သဘောပေါက်ပုံမရ၊ ထိုမျှမကသေး၊ သူက စစ်သူကြီးဟယ်ကို အကျဉ်းတောင် ချလိုက်သေးပြီး ဟယ်ကျန်းရံ ဗိုက်ကိုခွဲပြီး ထုတ်ထားတဲ့ကလေးရဲ့လက်ကို ကိုင်ပြီးတောင် ပြောလိုက်သေးသည်၊ "ကြည့်စမ်း၊ ငါနဲ့ စစ်သူကြီးရဲ့ကလေးက ဘယ်လောက်တောင် ကြည့်ကောင်းသလဲ"

စစ်သူကြီးရဲ့ စရိုက်အရတော့ သူ့ကို ဆူပူကြိမ်းမောင်းချင်ရင်တောင် သူ လုပ်နိုင်မှာမဟုတ်။

ဟယ်ကျန်းက ခဏကြာမျှ အသက်ရှုမဝဖြစ်သွားရပြီး ဝမ်းနည်းစွာဖြင့် စစ်သူကြီးပုခုံးကို မပုတ်ပေးဘဲ မနေနိုင်ဖြစ်သွားရကာ ပူဆွေးသောမျက်နှာနှင့် အခန်းသို့ ပြန်သွားလေတော့သည်။

ခွေးကောင် ဖန့်ထျန်းကျိုက တကယ့်ကို ခွေးကြီးတစ်ကောင်ဖြစ်ပြီး လုံးဝကို နှာဗူးကြီးပဲ။

သူသည် ပါးစပ်ကို ဝတ်ရုံလက်ဖြင့် တိုက်ရိုက်သုတ်လိုက်ကာ ကုတင်ပေါ်သို့ တက်ကာ ဆီပေနေခြင်းကို အလေးမထားဘဲ ခေါင်းအုံးကို ဖက်ထားလိုက်လေတော့သည်။ အခု ဟယ်ရန်က ဒဏ်ရာမရထားသလို ဖန့်ထျန်းကျိုနဲ့လည်း နှလုံးသားခြင်း ခံစားချက်မမျှဝေရသေး၊ သူတို့က မူးလည်းမမူးခဲ့ကြသည့်အတွက် မူလခရီးစဉ်က ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ အနာတရ မဖြစ်သင့်ပေ။

ဟယ်ကျန်းစိတ်ပူတာက သူ့အတွက် တစ်ခုတည်းပါပဲ။ သူသာ လမ်းမှာ ကိုယ်ဝန်ရသွားမယ်မှန်း သိခဲ့ရင် သူ လိုက်လာမှာမဟုတ်၊
....အဲ့လိုမျိုးပဲ အခြားအခြားများစွာလည်း......

ဟယ်ကျန်း အိပ်မောကျသွားပြီးနောက် ရုတ်တရက် အသက်ရှုမဝ ဖြစ်သွား၏။
နန်မန်းလီယန်က အဲ့နေ့တုန်းက ဖန့်ထျန်းကျိုကို ဆိပ်ခံဘောတံတားဆီ ပို့ခဲ့သော်လည်း ဘယ်သူကမှ နောက်ယောင်ခံလိုက်လာခြင်း မရှိပေ။ မူလစာအုပ်တွင် ဖန့်ထျန်းကျို အဲ့မှာရှိနေချိန်က ဟယ်ရှန်းကုန်းအတွက် ပုန်ကန်ဖို့ လုံလောက်သော အချိန်ကို ပေးခဲ့ခြင်းဖြစ်သော်ငြား ဒီတစ်ကြိမ်မှာတော့ ဟယ်ကျန်းက နေရာတွင် ရှိမနေခဲ့၊ ဟယ်ကျန်းဟွာကလည်း သူနှင့် ဖောက်ပြန်မှု မပြုခဲ့၊ သဘာဝအားဖြင့် သူက ထိုသူတို့နှင့် ပူးပေါင်းမှု မလုပ်နိုင်ခဲ့ပေ။

ဒါပေမယ့်!

နောက်ထပ်အသေးစိတ်အချက်ကို သူ မှတ်မိနေသည်။
ဖန့်ထျန်းကျိုနှင့် နန်မန်းလီယန်က ခိုကို သုံးပြီး စာပို့လေ့မရှိ။ နန်မန်းလီယန်က အားကြီးတဲ့ လင်းယုန်အုပ်စုကို မွေးမြူထားသူဖြစ်ပြီး ဖန့်ထျန်းကျိုထံ​ စာပို့ဖို့ လင်းယုန်ကို အသုံးပြုလေ့ရှိသည်။

ဒါဆို အဲဒီနေ့က ဖန့်ထျန်းကျို လွှတ်ပေးလိုက်တဲ့ စာပို့ခိုက ဘာရည်ရွယ်ချက်လဲ။
စာပို့ခိုက ဒီအခန်းထဲကို ပျံသန်းသွားခဲ့သည်။ ဒီအခန်းမှာ လူနှစ်ဦးပဲ ရှိပြီး သူနှင့် ဖန့်ထျန်းကျိုသာ ဖြ်သည်။ ဟယ်ရန်နှင့် အခြားသူတွေက ဒီကို စာပို့ခြင်းတော့ မဖြစ်နိုင်.... ဆိုတော့ သူ့အတွက်များလား?
ဟယ်ကျင်းဟွာက သူ့ဆီ (ဟယ်ကျန်းဆီ) ပို့ပေးခဲ့တာလား ဒါမှမဟုတ် ဟယ်ရှန်းကုန်းက သူ့ဆီ ပို့ပေးခဲ့တာလား?
အဲ့ဒါမှာ ဘာရေးထားလဲ?
ဟယ်ကျန်း၏ ဦးရေပြားတို့ ထုံကျင်လာပြီး ခေါင်းအုံးကို တင်းတင်း ဖက်ထားလိုက်တော့သည်။

လူတိုင်း၏ကံကြမ္မာကို လမ်းကြောင်းမှန်ပေါ်ပြန်တင်ဖို့ ကြိုးစားနေသည့် နားမလည်နိုင်သော တွန်းအားတစ်ခု ဤကမ္ဘာတွင် ရှိနေသည်ဟု သူခံစားမိသည်။

တကယ်လို့များ သူက ပုန်ကန်မှုမှာ ပါဝင်တယ်လို့ ဖန့်ထျန်းကျိုကသာ အထင်လွဲသွားရင်တော့...အီ

မူလတုန်းက သူထင်ခဲ့တာက အကယ်၍ သူ ဒီတစ်ကြိမ် သေသွားခဲ့ရင်တောင်မှ ဆိုးဆိုးဝါးဝါးတော့ သေမှာမဟုတ်ဟု ထင်ခဲ့သည်၊ သို့ပေမဲ့ သူ အရမ်းကြီး လွန်လွန်ကဲကဲ တွေးမိသွားပုံရသည်။

တံခါးကို တွန်းဖွင့်ခြင်းခံလိုက်ရတော့ ဟယ်ကျန်း ချက်ချင်းပဲ ထ ထိုင်လိုက်သည်။ ဖန့်ထျန်းကျို အခန်းထဲ ဝင်လာသည်ကို သူ ကြည့်နေလိုက်၏။ တစ်ဖက်သူက အနည်းငယ် မျက်မှောင်ကြုတ်နေပြီး သူ့ကို မေးလိုက်သည်၊ "ဘာလို့ မီးမထွန်းတာလဲ?"

စားပွဲဆီသို့ သူ လျှောက်သွားလိုက်ကာ ဆီမီးခွက်အဖုံးကို ချွတ်ပြီး ဆီမီးတိုင်ကို ထွန်းကာ အဖုံးပြန်အုပ်လိုက်ပြီး ဟယ်ကျန်းကို လှည့်ကြည့်လိုက်သည်။

ဟယ်ကျန်းက သူ့ကို တစ်ခဏလောက် ကြည့်လိုက်ပြီး နှလုံးသားထဲ ဒေါသတရားတို့နှင့် ပြောလိုက်သည်၊ "ကျွန်တော် အမှောင်ကို ကြိုက်တယ်"

သူထပြီး စားပွဲဆီ ပြေးသွားကာ ဆီမီးခွက်အဖုံးကို ချွတ်လိုက်ပြီး မီးငြိမ်းလိုက်၏။

ပြတင်းတံခါးမှ အလင်းဖျော့ဖျော့ ဖောက်ဝင်နေသည်၊ ဖန့်ထျန်းကျိုက သူ့နဘေးတွင် ရပ်နေပြီး ဟယ်ကျန်း သူ့မျက်နှာအမူအယာကို မမြင်နိုင်သော်ငြား အနည်းငယ် အေးစက်နေတာကိုတော့ ခံစားရမိလိုက်သည်။
သူက ဖန့်ထျန်းကျိုထံမှ အဝေးသို့ လျှောက်သွားလိုက်ပြီး တံခါးကို ပြန်ဖွင့်လုက်သည်၊
"မင်းဘယ်သွားမလို့လဲ"
"အပြင်ထွက်ပြီး အနားယူမလို့"
"မင်း ဘာဖြစ်နေတာလဲ?"

အမှောင်ထဲတွင် အမြင်စူးရှသော မျက်လုံးရှိသည့် ဖန့်ထျန်းကျိုကတော့ သူ့မျက်လုံးထောင့်တို့က နီရဲလာတာပြီး သူ နာကျဉ်းစွာ နှုတ်ခမ်းကိုက်လိုက်တာကို တွေ့သွားလေ၏။ ရုတ်တရက် သူ့လက်မောင်းကို ပြန်ရုန်းလိုက်ပြီး သူ ညာလိုက်သည်၊ "အိမ်မက်ဆိုး မက်နေလို့"

သူ့ရဲ့ အလွန်အမင်း ဝမ်းနည်းနာကျင်နေသည့်အမူအယာတို့ကို ဖန့်ထျန်းကျိုက အမှောင်ထဲကနေ ကြည့်ပြီး သူ့နှလုံးသားထက် ကြောင်လက်သည်းလေးတွေနှင့် ကုတ်ခြစ်ခံရသလို ခံစားလိုက်ရကာ ပိတ်ကျဲဦးထုပ်ကို လှည့်ပတ်ရှာလိုက်ပြီး သူ့အပေါ် ဆောင်းပေးလိုက်သည်၊ ဒါပေမဲ့ ဟယ်ကျန်းက ပြန်ယူလိုက်ပြီး "မင်း ငါ့ကို ဝတ်စေချင်ရင် ငါမဝတ်ဘူး။"

သူ ဘယ်လိုပဲ ဖြစ်နေနေ ဟယ်ကျန်း လှည့်ထွက်သွားကာ အပေါ်ထပ်မှ ပြေးဆင်းသွားလိုက်သည်။ ဧည့်ခန်းကို ဖြတ်သွားချိန်တွ၍် လူတွေ အများကြီးက တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကြည့်နေကြတာကို သူ သိလိုက်ရသည်။

ထိုရင်သပ်ရှုမောဖွယ်မျက်နှာသည် ညအခါ၌ မှုန်ဝါးသောအလှကို ပိုင်ဆိုင်ထားပြီး ကြည့်ရှုသူတို့၏နှလုံးသားကို ထုံထိုင်းသွားစေသည်။

ဟယ်ကျန်းအနောက်ကနေ လိုက်ဆင်းလာသည့် ဖန့်ထျန်းကျို၏ ဆိုးသွမ်းသောမျက်လုံးတို့က မြင်ကွင်းတစ်ခုလုံးကို ဖြန့်ကျက်ကြည့်လိုက်တော့ လူတိုင်းက သူတို့ဦးခေါင်းကို ငုံ့ချလိုက်ကြတော့မှ ဖန့်ထျန်းကျိုက ထိန်းမနိုင်သိမ်းမရ ဒေါသတကြီးဖြင့် သူ့နောက်သို့ ဆက် လိုက်သွားလေတော့သည်။

ဟယ်ကျန်းက အသားပေါင်းဆိုင်၏ ထိုင်ခုံတစ်ခုတွင် ထိုင်ချလိုက်သည်။

အချိန်က မှောင်မဲနေသော်လည်း ဈေးက ပျံကျစီကားနေဆဲပင်။ ဟယ်ကျန်းက အသားပေါင်းတစ်ပန်းကန် မှာလိုက်သည်။ ဆိုင်ရှင်က ခပ်မြန်မြန်ပဲ တစ်ပွဲချပေးလာပြီး မျက်နှာကို ခါယမ်းလိုက်ကာ သူ့ကို တစ်ခုခု ပြောတော့မည့်အချိန်မှာပဲ ရုတ်တရက် လက်အကြီးကြီးတစ်ဖက်က သူ့ကို ဆွဲမလိုက်တာကို ခံလိုက်ရပြီး လွှင့်ပစ်ခံလိုက်ရသည်၊ "ထွက်သွားစမ်း"

ဆိုင်ရှင်က လူအုပ်ထဲ ပြုတ်ကျသွားပြီး အံ့အားတသင့်နှင့် ကုန်းထလိုက်ပြီး ခုံရှည်အရှေ့သို့ သတိကြီးကြီးနှင့် ရွှေ့သွားလိုက်သည်။ ညစာ လာစားသောက်နေသူတွေက ထိုဖြစ်ရပ်ကို ကြည့်နေကြပြီး ထိုသူတွေထဲမှ တစ်စုံတစ်ယောက်က ဓါးကို ထုတ်လိုက်ကာ မတရားမှုကို တိုက်ဖို့ ရှေ့ထွက်လိုက်ပေမဲ့ အနက်ဝတ်ထားကာ ဦးထုပ်အနက်ဆောင်းထားသည့်လူတစ်ယောက်၏ ဖိချမှုကို ရုတ်တရက် ခံလိုက်ရသည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ အသံအုပ်အုပ်နှင့် ပြောတာကို ကြားလိုက်ရသည်၊ "ငါတို့ကိစ္စမှာ ဝင်မရှုပ်နဲ့"

ဖန့်ထျန်းကျိုက ဟယ်ကျန်း၏ဘေးတွင် ထိုင်လိုက်ပြီး စားပွဲပေါ် ပိတ်ကျဲဦးထုပ်ကို တင်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ "စားလို့ကောင်းလား?"

အနာဂတ်အတွက် ဒေါသအပြည့်နှင့် ဟယ်ကျန်းက ဇွန်းကို ကောက်ကိုင်လိုက်ပြီး အသားပေါင်းတွေကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူ ရုတ်တရက် အသက်ရှုကြပ်သွားခြင်းကြောင့် ပါးစပ်ဖွင့်ပြီး လေလုရှုလိုက်ချိန်မှာပဲ ဖန့်ထျန်းကျို၏ အေးစက်စက် အမူအယာက မပြုံးတပြုံးဖြစ်သွားတာကို သူ တွေ့လိုက်ရတော့ သူ့ရင်ထဲ မီးတွေ ပွင့်သွားရ၏။

ဘာစကားမ​ပြောရဲ​တော့ဘဲ ​ခေါင်းငုံ့ကာ အသားပေါင်းကိုပဲ ဆက်စားနေလိုက်တော့သည်။ စားပြီးသွားပြီးတဲ့နောက် သူ့ကိုယ်ခန္ဓာကို သူ ရှာလိုက်ပြီး သူ ငွေယူလာဖို့ မေ့သွားတာကို သတိရသွားတော့ ညှိုးငယ်သွားပြီး ဖန့်ထျန်းကျိုကို အားနည်းစွာ ကြည့်လိုက်ပေမဲ့ တစ်ဖက်သူက သူ့ကို သဘောမပေါက်သလို ထပ်ခါထပ်ခါ ပြုမူနေပြီးမှ အမှုမထားသလို ပြောလာလေသည်၊ "တစ်ယောက်ယောက် ပေးလိမ့်မယ်၊ မင်း ဘယ်သွားချင်လဲ?"

ဟယ်ကျန်းလည်း သူနှဲ့ပဲ အတူတူ သွားရတော့မှာကို သိသည်။ ကျန်းရှန်ှင့် နီယင်တို့ကလည်း အနားမှာ အခစား မလာသည်မို့ သူလည်း လှည့်ထွက်သွားတော့သည်။ သူက ရောင်စုံမီးပုံးတွေ ချိတ်ဆွဲထားသည့် အိမ်တစ်အိမ်ဆီ လျှောက်သွားလိုက်ပြီး မီးပုံးတွေက တကယ်ကို လှလိုက်တာလို့ သက်ပြင်းချလုမတတ် ဖြစ်နေချိန်မှာပဲ မိန်းမပျိုတစ်ယောက်၏ ညုတုတုအသံနှင့် ဧည့်သည်တို့၏ ပူလောင်ပြင်းပြသော စကားသံတို့ကို ကြားလိုက်ရသည်။

အပေါ်ကို မော့ကာ ဆိုင်းဘုတ်ကို ကြည့်လိုက်ေတာ့မှ ဒါကြီးက မန်ချွမ်အဆောက်အဦးပဲ။

ဒီပျော်တော်ဆက်ဂေဟာက အကြီးကြီးကို ဆောက်ထားတာပဲ။

ဟယ်ကန်းက အထဲသို့ စိတ်အားထက်သန်စွာ ဝင်သွားတော့ သူ့လည်ပင်းနောက်ကနေ ဆွဲထားခြင်းကို ရုတ်တရက် ခံလိုက်ရသည်၊ ဖန့်ထျ်းကျိုက သုန်မှုန်စွာဖြင့် ပြောလာတာက "ကိုယ်တော့ရဲ့ နောက်ဆုံးစည်းကို လာလာမထိနဲ့"

ဟယ်ကျန်းလည်း ဒေသထွက်သွားပြီး လှည့်ထွက်သွားတော့သည်။ သူ့ခြေလှမ်းတို့က နှေးရာမှ မြန်လာပြီး ပိုပို မြန်လာတော့သည်။ ဖန့်ထျန်းကျိုကတော့ သူ့အနောက်ကနေ တိတ်ဆိတ်စွာနှင့် လိုက်ပါနေဆဲဖြစ်သည်။ ဟယ်ကျန်းက တစ်လမ်းလုံး အမြန် လျှောက်နေပြီး နောက်ဆုံးတော့ မိုးမခပင်အောက်က အိမ်တစ်အိမ်၏ တံခါးရှေ့တွင် ရပ်လိုက်ကာ မောမောနှင့် ထိုင်ချလိုက်ပြီး မောဟန်မပေါက်နေသည့် ဖန့်ထျန်းကျိုကို ကြည့်လိုက်ကာ၊ "အရှင်မင်းကြီး၊ အရှင်မင်းကြီး ကျွန်တော့်နောက် မလိုက်ပဲ နေလို့ မရဘူးလား!"

"မင်းကို ကြိုးချည်ပြီး ပြန်ခေါ်သွားဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးချင်စေချင်သလား?"
ဟယ်ကျန်းက ပိုလို့တောင် နာကျဉ်းသွားရသည်။ သူက ဖန့်ထျန်းကျိုကို ပြင်းပြင်းထန်ထန် ကြည့်လိုက်ပြီး၊ "သတ်လိုက်စမ်းပါ! ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် လုံလုံလောက်လောက် အသက်ရှင် နေထိုင်ခဲ့ပြီးပြီပဲ!"

ဖန့်ထျန်းကျိုက မျက်နှာတစ်ချက် မပြောင်းသွားဘဲ သူ့ဝတ်ရုံလက်ထဲမှ ဓါးတိုကို ဆွဲထုတ်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ၊ "တကယ်လား?"

ဟယ်ကျန်း "..."
သူ စိတ်ဆိုးဆိုးနှင့် မိုးမခပင်အောက်တွင် ခွေခွေလေး နေနေလိုက်ကာ၊ "ခင်များ၊ ခင်များ ကျွန်တော့်ကို သတ်လို့မရဘူး၊ အသက်ရှင်ခွင့်ပေး၊ ဟုတ်ပြီလား?"

ဖန့်ထျန်းကျို၏ နှလုံးသားက ခံစားချက် အတက်အကျတွေ ဖြစ်ပေါ်သွားရကာ ဟယ်ကျန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ကို စိုက်ကြည့်လျက်၊ "ကောင်းကောင်းနေ၊ ဒါဆို မသတ်ဘူး"

"ခင်များ လိမ်တာ" ဟယ်ကျန်းက ဒူးကို ပိုက်ထားလိုက်ပြီး ဝမ်းနည်းစွာနှင့် ပြောလိုက်သည်၊ "ကျွန်တော့်ကို မသတ်ရင်တောင်မှ သေတာထက် ဆိုးအောင် လုပ်မှာလေ"

ဖန့်ထျန်းကျိုက သက်ပြင်းချလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်ချလိုက်ကာ ပြောလိုက်သည်၊ "မလုပ်ပါဘူး"

ဟယ်ကျန်းက သူ့ရဲ့ အေးစက်ပြီး အလေးမထားဟန်မျက်နှာကို လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးထဲ မျက်ရည်တွေ ရစ်ဝိုင်းလာပြီး သူ့ကို ယုံကြည်ချင်သွားရကာ၊ "တကယ် မသတ်ဘူးနော်?"

ဖန့်ထျန်းကျိုက သူ့ကို ဘေးတိုက်ကြည့်နေရင်း "မင်း ကောင်းကောင်းနေနေသ၍ပေါ့"

"အဲ့ဒါဆို ကျွန်တော်က သစ္စာဖောက်အဖြစ် အကွက်ချခံလိုက်ရရင်ရော ဘယ်လိုလုပ်မှာလဲ?"

ဖန့်ထျန်းကျိုက နှုတ်ခမ်းတွေ တွန့်တက်သွားပြီး သူ့ကို မျက်တောင်ခတ်ကာ ကြည့်လိုက်သည်၊ "ကိုယ်တော့ကို အရူးလို့ ထင်နေတာလား?"

ဟယ်ကျန်းက အလိုအလျောက် ခေါင်းခါလိုက်သည်။ အင်းပေါ့၊ ဖန့်ထျန်းကျိုက အရူးတစ်ယောက်မဟုတ်ဘူးဆိုတာ သူသိတာပေါ့၊ ဒါပေမဲ့ အကယ်၍များဆိုရင်ရော?

ဖန့်ထျန်းကျိုက ရုတ်တရက် လက်ဆန့်ထုတ်ကာ ကြက်ကလေးတစ်ကောင်လို ခွေခွေလေး နေနေသည့် ဟယ်ကျန်းကို လက်မောင်းထဲ ဆွဲသွင်းပြီး ဖက်လိုက်သည်။ သူ ဟယ်ကျန်းကို ဖက်ထားရတာ တကယ်နှစ်ခြိုက်ပြီး သူ့ကိုယ်သင်းရနံ့ကို အတော်ကြီးကို ကြိုက်သည်။ သူက ဟယ်ကျန်း၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်၊ "မင်းကိုယ်တော့်ကို စိတ်ရော ကိုယ်ရော နှစ်ပြီး ထားမယ်ဆိုရင် ကိုယ်တော်လည်း မင်းကို အဲ့လိုပဲ စိတ်ရော ကိုယ်ရော နှစ်ပြီး နှလုံးသားထဲ ထားမယ်" လို့ပြောလိုက်သည်။

လရောင်က သိမ်မွေ့လွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ထိုလူ၏မျက်လုံးထဲမှ ပုံရိပ်ယောင်က သိမ်မွေ့နူးညံ့မှုအရိပ်အယောင်ကို ပေးစွမ်းနေ၏။ ဟယ်ကျန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး နှလုံးခုံနှုန်း မြန်လာတော့သည်။

သူက ရုတ်တရက် အဝေးကို လှမ်းကြည့်လိုက်ပြီး ပြင်းထန်သော နှလုံးခုန်သံတို့ကို ခံစားလိုက်ရကာ အထူးတဆန်းနှင့် သူ့ကို ပြန်လှည့်ကြည်လိုက်ပြီး၊
"အရှင်မင်းကြီး၊ အရှင်မင်းကြီး..."
"အမ်?"
"အရှင်မင်းကြီးက အရမ်းချောတယ်၊ ကျွန်တော်တွေ့ဖူးသမျှထဲမှာ အချောဆုံးပဲ။ ရှုခင်းကောင်းတော့ ပိုလို့တောင် ချောသွားသေးတယ်"
"..."

ဟယ်ကျန်းတစ်ယောက် လက်မောင်းထဲကနေ တွန်းထုတ်ခံလိုက်ရသည်။
ဟယ်ကျန်းက ခြေစောင့်လိုက်၏။
သူ့ကို ဘာလို့ တွန်းထုတ်တာလဲ? ဖန့်ထျန်းကျိုက တကယ်ကြီးကို မကောင်းပေမဲ့ သူရုပ်ရည်က ကြည့်လို့ကောင်းတာတော့ အမှန်ပင်။ သူပြောလိုက်တွေက ကောင်းမွန်တဲ့ စကားလုံးတွေဖြစ်သလို တကယ်လည်း နှလုံးသား ထိလောက်သည်လေ။
အခစားရ တကယ်ခက်တဲ့လူပဲ။

ဟယ်ကျန်းက ရုတ်တရက် တန့်သွားပြီး တစ်စုံတစ်ခုကို သူ သဘောပေါက်သွားပြီးနောက် နှုတ်ခမ်းက အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားတော့သည်။

MM T/N: စာလုံးတွေက တစ်ပိုင်း တစ်ပိုင်း အရမ်းများတယ်ရော် 🥲

20230622;1317
Stay tuned for the next chapter:
🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

ဟယ္က်န္းသည္ ရွုပ္ေထြးေသာ ခံစားခ်က္တို႔ျဖင့္ တူကို တဆတ္ဆတ္ ကိုက္လိုက္သည္။
သူ မေတာ္တဆ လြန္လြန္ကဲကဲ ျပဳမိသြားခဲ့ၿပီ၊ သူ ဘာလုပ္ရမလဲ? သူ႔က ဆြဲထုတ္ခံရၿပီး ခုတ္ပိုင္းခံရသင့္တာ။ ခုတ္ပိုင္းခံရတာ ေတာ္ပါေသးတယ္၊ အနည္းဆုံးေတာ့ ဗိုက္အဖြင့္ခံရမွာ စိုးရိမ္စရာ မလိုေတာ့ဘူးေပါ့၊ ဒါမွမဟုတ္လည္း ကေလးေမြးေနတုန္း ေသလုေမ်ာပါး ခံစားရမွာကိုလည္း စိုးရိမ္စရာ မလိုေတာ့ဘူးေပါ့။
သူ႔အနားမွာ တေနကုန္ေနေနရလို႔လည္း စိတ္ပူစရာ မလိုေတာ့ဘူး။
ဒီလူနဲ႔ဆိုရင္ သူ႔မွာ လုံျခဳံစိတ္ခ်ရတယ္လို႔ လုံးဝကို ခံစားလို႔မရဘူး။

ဖန့္ထ်န္းက်ိဳက မ်က္လုံးပင့္ၾကည့္လိုက္ၿပီး "ကိုယ္ေတာ္ အဝတ္လဲခ်င္တယ္၊ သြားၿပီး ယူေခ်"
ဟယ္က်န္း၏ ရပ္တန့္ေနသည့္ႏွလုံးခုန္သံတို႔ သံစဥ္ ျပန္ထြက္လာေတာ့သည္၊ သူ႔အသက္ကေလးကို သူ ထပ္ကယ္တင္လိုက္နိုင္ၿပီဟု ခံစားလိုက္ရကာ မ်က္လုံးတို႔ လက္သြားၿပီး ဖန့္ထ်န္းက်ိဳ၏ အဝတ္အစားမ်ားကို ယူရန္ အျမန္လွည့္ထြက္သြားေတာ့သည္။

ဖန့္ထ်န္းက်ိဳက ေျပးထြက္သြားသည့္ သူ႔ပုံသဏ္ဉာန္ကို စိုက္ၾကည့္ေနရင္း ႏွုတ္ခမ္းေတြက မ်ဥ္းတစ္ေၾကာင္း ျဖစ္သြား၏။
ဟယ္က်န္းက လူတစ္မ်ိဳး၊ သူ႔ကို ဘယ္ေလာက္ၾကာေအာင္ ဒါမွမဟုတ္ ဘယ္ေလာက္ဆိုးဝါးေအာင္ ဖိႏွိပ္ထားသည္ျဖစ္ပါေစ၊ သူ႔အသက္ရွုေပါက္ေလး နည္းနည္းေလာက္ ေပးထားလိုက္ရင္ကို ခ်က္ခ်င္းပဲ တက္ႂကြလာမွျဖစ္သည္။ ၎က တစ္စကၠန့္မၽွသာ ျဖစ္ရင္ေတာင္မွ သူက တက္ႂကြေနဦးမည္သာ။

ဒီလို လိမၼာပါးနပ္တဲ့ အရာေလးကို ဖန့္ထ်န္းက်ိဳ တစ္ခါမွ မျမင္ဖူးခဲ့၊ သူက ေသရမွာ သိသိသာသာကို ေၾကာက္ေနေပမယ့္ ႀကိဳေခ်ာင္ႀကိဳၾကားထဲက ထြက္လာတဲ့ ေပ်ာ္ရႊင္မွုေလး အနည္းငယ္ေလးကို ခံစားေပ်ာ္ေမြ႕ရင္း မေမာနိုင္မပန္းနိုင္ ရန္စေနဦးမည့္သူျဖစ္သည္။ တစ္ဖက္ျခမ္းက မသပ္မရပ္ပန္းကန္ျပားကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးေတြ နက္ေမွာင္သြားျပန္၏။

မင္းကြာ။

ဟယ္က်န္းသည္ အဝတ္တစ္ထည္ကို အျမန္ယူကာ ျပန္လာခဲ့သည္၊ ဖန့္ထ်န္းက်ိဳက ေပ်ာ္တာေရာ ေဒါသထြက္တာေရာ ဘာအမူအယာမွ မျပဘဲ မတ္တပ္ရပ္လိုက္ကာ သူ႔လက္တို႔ကို ဆန့္တန္းျဖန့္ကားေပးလိုက္သည္။

ဟယ္က်န္းက ႏွုတ္ခမ္းတို႔ တင္းေနေအာင္ ေစ့ထားလိုက္ၿပီး သက္မတစ္ခ်က္ ပင့္သက္ရွိုက္လိုက္ကာ ေလၽွာက္လွမ္းသြားလိုက္ၿပီး ညစ္ပတ္ေနသည့္ အဝတ္အစားတို႔ကို ခၽြတ္ေပးၿပီးေနာက္ သန့္ရွင္းေသာ အဝတ္တို႔ကို ဝတ္ဆင္ေပးလိုက္သည္။ ဖန့္ထ်န္းက်ိဳက သိမ္ေမြ႕ေသာ မ်က္ခုံးအစုံျဖင့္ သူ႔ကို စိုက္ၾကည့္ေနေသာ္လည္း ဘာမွေတာ့ မေျပာေခ်။

သူ ကူးေျပာင္းလာခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ၿပီမို႔ ဟယ္က်န္း တျခားအရာေတြအေၾကာင္း အမ်ားႀကီး မသိေသာ္လည္း သူ႔ကို ဝတ္ဆင္ေပးရျခင္းအေပၚကိုေတာ့ သူ အလြန္ ရွင္းရွင္းလင္းလင္း မွတ္မိသည္။ ဤေပါ့ေပါ့ပါးပါးအဝတ္အစားတို႔က နဂါးဝတ္႐ုံတို႔ႏွင့္ မတူေပ၊ တြဲေလာင္းေတြ တြဲလြဲေတြ accessories ေတြ အမ်ားႀကီး မပါဘဲ ရိုးရွင္းသည္။

ဟယ္က်န္းသည္ ၾကယ္သီးမ်ားကို တပ္ေပးလိုက္ၿပီး ခါးပတ္ကို တင္းတင္းစည္းေပးလိုက္ၿပီးေနာက္ အက်င့္အတိုင္း ထိုင္ခ်လိုက္ကာ ေတာင္ရွည္ကို ျပန့္ျပဴးေစရန္ လုပ္ေဆာင္ဖို႔အတြက္ ထိုင္ခ်လိုက္သည္ႏွင့္တၿပိဳင္နက္ ႐ုတ္တရက္ ေပြ႕ဖက္ခံလိုက္ရေတာ့သည္။ ထိုလူ၏ လက္ေခ်ာင္းတို႔က သူ႔ေမးေစ့ကို ညႇစ္လိုက္ကာ၊ "ကိုယ္ေတာ့ကို မေၾကာက္နဲ႔၊ ဒါေပမဲ့ ကိုယ္ေတာ့ကိုေတာ့ ထပ္ခါ ထပ္ခါ မေစာ္ကားေစခ်င္ဘူး၊ နားလည္လား?"

ဟယ္က်န္းႏွုတ္ခမ္းေထာင့္တို႔က ျပဳံးရမလို၊ မဲ့ရမလို ပင့္ေကာ့သြားကာ၊ "ဟုတ္ကဲ့၊ ကၽြန္ေတာ္ မွတ္မိ..."

ဖန့္ထ်န္းက်ိဳ၏ မ်က္လုံးအစုံက ႐ုတ္တရက္ ေမွးက်ဥ္းသြားၿပီး၊ "ျပန္ျပဳံးၾကည့္စမ္း"

ဟယ္က်န္းက ႏွုတ္ခမ္းေထာင့္စြန္းတို႔ကို ျပန္ျပင္လိုက္ၿပီးေနာက္ ႏူးညံ့ေသာအသံျဖင့္၊ "ကၽြန္ေတာ္ မွတ္မိပါၿပီ"

နာခံဟန္ေဆာင္ေနသည့္သူ႔ကို ျမင္ေတာ့ ဖန့္ထ်န္းက်ိဳ၏ မ်က္လုံးတို႔က ေဒါသျဖင့္ ျပည့္သြားရေတာ့သည္။ သူ ဟယ္က်န္းကို မထိခဲ့တာၾကာၿပီ။ ဒီအခ်ိန္မွာ သူ႔လက္ဖဝါးေအာက္က ခါးသိမ္ေလးႏွင့္ ကိုယ္သင္းရနံ႔တို႔က သူ႔ေဒါသတို႔ကို မရည္ရြယ္ဘဲ ၿငိမ္သြားေအာင္ စြမ္းေဆာင္လိုက္နိုင္သြားသည္။

ဟယ္က်န္းက ႏွုတ္ခမ္းကို တင္းတင္းေစ့လိုက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္ကာ သူ႔ကို တြန္းလိုက္ေသာ္လည္း ခြန္အားမတန္သည္မို႔ သူ႔ကို မတြန္းလိုက္နိုင္႐ုံသာမက ထိုသူ၏ လွုပ္ရွားမွုတို႔ကို ပိုလို႔ေတာင္ ျပင္းထန္သြားေစေတာ့သည္။

"အရွင္မင္းႀကီး၊ ကၽြန္ေတာ္ ဗိုက္ဆာၿပီ။" ဟယ္က်န္းက ေတာင့္ခံကာ ေမာဟိုက္သံျဖင့္ဆိုလိုက္သည္၊ "မင္းသားငယ္ေလးလည္း အရမ္းဗိုက္ဆာေနၿပီ၊ ကၽြန္ေတာ္တို႔ စားၾကမလား?"

ဖန့္ထ်န္းက်ိဳ၏ ႏွုတ္ခမ္းတို႔က သူ႔နားရြက္ေအာက္နားကို ထိသြားၿပီးေနာက္ မွုန္မွိုင္းစြာျဖင့္ သူ႔ကို လႊတ္ေပးလိုက္သည္။

ဟယ္က်န္း ထိုင္ခုံေပၚ ေနာက္ျပန္ ေခ်ာ္က်သြားၿပီး ထိုင္ခ်လိုက္ကာ အစားအစာကို ခပ္လိုက္ၿပီး သူ႔ပါးစပ္ထဲ သြင္းလိုက္၏။ ဖန့္ထ်န္းက်ိဳက အမူအယာမဲ့စြာျဖင့္ သူ႔ကို ၾကည့္ေနေတ့ ဟယ္က်န္းက မ်က္လုံးေထာင့္စြန္းကေန တစ္ခ်က္ ခိုးၾကည့္လိုက္ၿပီးေနာက္ သူ႔ႏွုတ္ခမ္းကို သူ႔တေတာင္ဆစ္ႏွင့္ တမင္ သုတ္ပစ္လိုက္သ္ည။ ဖန့္ထ်န္းက်ိဳ မ်က္ေမွာင္ၾကဳတ္လိုက္၏။

ကၽြတ္၊ သူ ခုေလးတင္ပဲ ျပင္းျပင္းျပၿပ နမ္းထားခဲ့တာ၊ ပဲပိစပ္တစ္လုပ္ေလာက္ျမင္တာနဲ႔ ငါ့ကို မႀကိဳက္ႏွစ္သက္ေၾကာင္း ျပေတာ့တာပဲ။

ေနာက္ဆုံးေတာ့ ဖန့္ထ်န္းက်ိဳလည္း သူ႔တူတစ္စုံကို ေကာက္ကိုက္လိုက္ေတာ့သည္။

ဒီတစ္ႀကိမ္မွာေတာ့ ဟယ္က်န္းက သူ႔ကို ေခြးေကၽြးသလိုမ်ိဳး ပုံေနေအာင္ ထည့္မေပးေတာ့ေပ။ ဖန့္ထ်န္းက်ိဳက ဟယ္က်န္း သူ႔ကို ထည့္ေပးလာသည့္ဟင္းေတြကို တုံ႔ဆိုင္းစြာ မ်ိဳခ်လိုက္သည္။ ဟယ္က်န္း ဘာအမူအယာမွ မျဖစ္ဘဲ စားေနတာကို ျမင္ေတာ့ သူ႔မ်က္ႏွာက အလြန္႐ုပ္ဆိုးသြားျပန္၏။

ဟယ္က်န္း၏ ကိုယ္ဝန္ေဆာင္တုံ႔ျပန္မွုက အရမ္းႀကီး ျပင္းထန္လြန္းတာမဟုတ္ေပ။

စားစရာေတြမ်ားလြန္းတာေၾကာင့္ ဟယ္က်န္းတစ္ေယာက္ မတ္တပ္ရပ္ ထထည့္တာေတာင္မွ လက္လွမ္းမမီျဖစ္ေနသည့္အတြက္ ထလိုက္ၿပီး က်န္းဖုယန္၏ ထိုင္ခုံသို႔ သြားကာ ထိုင္လိုက္သည္။ ၎က သူႏွင့္ ဖန့္ထ်န္းက်ိဳအၾကား ပို၍ ျခားသြားေစၿပီး သူကေတာ့ ေပ်ာ္ေပ်ာ္ႀကီးကို စားေနေတာ့သည္။

သူ ဗိုက္ျပည့္သြားၿပီးေနာက္ ဖန့္ထ်န္းက်ိဳက သူ႔ကို ထိုင္ၾကည့္ေနဆဲ ျဖစ္ေနတာကို သိလိုက္ရေတာ့ သူ႔ရဲ့ အဆီေတြ ဝင္းေနသည့္ႏွုတ္ခမ္းကို ပြတ္သုတ္လိုက္ၿပီး မေကာင္းသည့္အေတြးတို႔ ထပ္ဝင္လာျပန္၏။ "ဝၿပီလား၊ ထပ္စားခ်င္ေသးလား?"

ဖန့္ထ်န္းက်ိဳက ခပ္ျမန္ျမန္ပဲ ေျပာလိုက္၏၊ "ထြက္သြား"

ဟယ္က်န္းက ရပ္တန့္လိုက္ၿပီး သူ႔မ်က္လုံးမ်ားႏွင့္ လၽွာတို႔ ထပ္တူက်သြားကာ သူ႔ႏွုတ္ခမ္းကို လၽွာႏွင့္ သပ္လိုက္ၿပီး ဖန့္ထ်န္းက်ိဳ အလြန္ကို ရြံ႕ရွာသြားေအာင္ လုပ္လိုက္ၿပီးေနာက္ နာခံစြာျဖင့္ ထြက္သြားသည္။

ဖန့္ထ်န္းက်ိဳ၏ နဖူးေပၚရွိ ေသြးေၾကာမ်ား ထင္းေနေအာင္ ထြက္လာရ၏။

မဖြယ္မရာျပဳမူဝံ့တယ္!!

ဟယ္က်န္းက သူ ကေလးကို ဗိုက္ခြဲမေမြးရေသးခင္ေတာင္မွ ေသနိုင္တယ္ဆိုတာကို စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားၿပီးေနာက္ တစ္ေနကုန္ လက္ေရးလွေလ့က်င့္ဖို႔ရာ အာ႐ုံမထားေတာ့ေခ်။

သူ႔ဝတ္႐ုံလက္မ်ားကို ေခါက္တင္လိုက္ကာ ထြက္သြားစဥ္မွာပဲ က်န္းဖုယန္ႏွင့္ မ်က္လုံးခ်င္း သြားဆုံေလေတာ့သည္။ တစ္ဖက္သူက သူ႔ကို ထက္ေအာက္ စုန္ဆန္ၾကည့္လိုက္ၿပီးေနာက္ "မင္း မေသေသးဘူး!"

ဟယ္က်န္းက ေမးေမာ့လိုက္ၿပီး ေမာက္မာစြာႏွင့္ ေအးသက္သက္ႏွာရွုတ္လိုက္ၿပီး သူ႔ကို လ်စ္လ်ဴရွုလိုက္သည္။

ဟယ္ရန္က ႐ုတ္တရက္ ဆိုလာ၏၊ "လူႀကီးမင္းခင္မ်ာ၊ စကားေလးအနည္းငယ္ေျပာဖို႔ အျပင္ဘက္ ထြက္ခဲ့ေပးလို႔ရမလားခင္မ်?"

စစ္သူႀကီးဟယ္၌ ေႏြးေထြးၿပီး ေက်ာက္စိမ္းကဲ့သို႔ေသာ သိမ္ေမြ႕မွုရွိသည္။ ဟယ္က်န္းက ထိုသူကို အလြန္ ေလးစားသည္။ သူက ယဥ္ေက်းၿပီး သူ႔စကားလုံးေတြက က်ိဳးေၾကာင္းဆီေလ်ာ္မွုရွိတတ္ကာ သက္ေတာင့္သက္သာ ရွိေစသည္။

ဟယ္က်န္းအေနနဲ႔ သူ႔ကိုယ္သူ သာမာန္လူတန္းစားတစ္ေယာက္လို႔ ဝန္ခံရမည္သာ၊ စစ္သူႀကီးဟယ္၏ စိတ္ရွည္သည္းခံနိုင္မွု၊ သိမ္ေမြ႕မွုတို႔က လူေတြ အလြယ္တကူ မသင္ယူနိုင္ေသာ အရာျဖစ္၏။

သူက ေခါင္းညိတ္ျပလိုက္ၿပီး ဟယ္ရန္ေနာက္ကေနလိုက္ကာ ျပတင္းေပါက္ဆီသို႔ သြားလိုက္သည္။

"ၿပီးခဲ့တဲ့ အႀကိမ္တုန္းက ကၽြန္ေတာ္ ကုန္းဇီထံကေန အထူးအာ႐ုံစိုက္မွု ရရွိခဲ့ၿပီး ကၽြန္ေတာ့ကို အႏၲရာယ္ကေန လြတ္ေျမာက္ေအာင္ လုပ္ေပးနိုင္ခဲ့ပါတယ္၊ အဲ့ဒီ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ဟယ္က်န္းက သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး "မင္းက လူေကာင္းတစ္ေယာက္ပါ၊ မင္းက မေသသင့္ဘူးေလ" လို႔ အျပဳံးႏွင့္ ေျပာလိုက္သည္။

ဟယ္ရန္ကလည္း အနည္းငယ္ျပဳံးလိုက္ၿပီး "ယြမ္မစံအိမ္ကိုသြားရတဲ့ ဒီခရီးစဥ္က အရမ္း အႏၲရာယ္မ်ားေသာ ခရီးျဖစ္မယ္၊ ကုန္းဇီမွာ အျခားအႀကံဥာဏ္မ်ား ရွိပါသလား?"

"ဧကရာဇ္မင္းက ငါ့ကိုေမးခိုင္းလိုက္တာလား?"

"မဟုတ္ဘူး" ဟယ္ရန္က ရွင္းျပလိုက္သည္။ "အရွင္က တကယ့္နဂါးဧကရာဇ္ပါ။ ပုံမွန္ဆို သူ႔ကို ေကာင္းကင္ဘုံက ကာကြယ္ေပးတယ္ေလ။ ကၽြန္ေတာ္အသက္အတြက္ အကာအကြယ္တစ္ခုခုကိုပဲ ရွာခ်င္တာပါ"

ဟယ္က်န္းက ခဏေလာက္ ႏွုတ္ဆိတ္ေနၿပီး "မင္း အနာတရျဖစ္မွာမဟုတ္ဘူး၊ ေကာင္းကင္ဘုံက မင္းကို ေကာင္းခ်ီးေပးမွာပါ၊ ၿပီးေတာ့ ဥာဏ္ႀကီးရွင္ သမားေတာ္ႀကီး ဖုယန္လည္း ထိခိုက္အနာတရျဖစ္မွာမဟုတ္ဘူး၊ မင္းတို႔အားလုံး အဆင္ေျပမွာပါ။"

ဖန့္ထ်န္းက်ိဳကလြဲရင္ေပါ့

မူရင္းစာအုပ္တြင္ ယြမ္မစံအိမ္သို႔သြားျခင္းသည္ ဖန့္ထ်န္းက်ိဳႏွင့္ ဟယ္ရန္တို႔ အရက္မူးၿပီး ဗလုံးပေထြးနဲ႔ အရွုပ္ေတြ ျဖစ္သြားၿပီးမွ ျဖစ္ေပၚျခင္းျဖစ္သည္။ ထိုအခ်ိန္တြင္ စစ္သူႀကီးဟယ္က အတင္းအၾကပ္ေစခိုင္းျခင္း ခံရတာျဖစ္ၿပီး တစ္ဖက္မွာလည္း ဖန့္ထ်န္းက်ိဳက အလြန္အမင္း မေက်မခ်မ္းေတြ ျဖစ္ေနခဲ့တာျဖစ္သည္။ သို႔ေပမဲ့လည္း သူက ဘုရင္ျဖစ္တာေၾကာင့္ သူ႔ကိုယ္သူသာ စိတ္ထိန္းခဲ့ရသည္။ မူလစာအုပ္တြင္ ဖန့္ထ်န္းက်ိဳက သူ႔ကို ကယ္ဖို႔ ဒဏ္ရာရခဲ့သည္။ သူက ေရႊလူသားတစ္ေယာက္ျဖစ္သည္မိို႔ ဒဏ္ရာကေတာ့ အရမ္းႀကီး မစိုးရိမ္ရေပ။ ထိုျဖစ္ရပ္ေၾကာင့္ ဟယ္ရန္က သူ႔ကို ပိုၿပီး သစၥာေစာင့္သိလာခဲ့ကာ သူကလည္း ျဖစ္ခဲ့သည့္ (မူးမူးနဲ႔ျဖစ္ရပ္ကို) ခြင့္လႊတ္ခဲ့လိုက္၏။

ဒါေပမယ့္ သူမသိခဲ့တာက ဖန့္ထ်န္းက်ိဳ၏စြမ္းရည္အရဆိုလ်င္ သူ ဒဏ္ရာအနာတရျဖစ္ရဖို႔ အခြင့္အေရးမရွိ၊ သူက ဟယ္ရန္ သူ႔ကို နာခံလာေအာင္ ခါးသီးတဲ့လွည့္ကြက္ေလးတစ္ခု လုပ္လိုက္ျခင္းသာ ျဖစ္သည္။

ဟယ္က်န္ ထိုစာအုပ္ကို ဖတ္ခဲ့တုန္းက ဧကရာဇ္ေဟာင္းက သူ႔မိသားစုရဲ့ ေသဆုံးမွုမွာ တရားခံဆိုတာကို ဟယ္ရန္တစ္ေယာက္ သိခဲ့ေပမဲ့ ဘာလို႔ ဖန့္ထ်န္းက်ိဳကို ဟယ္ရန္က မုန္းခဲ့တာလည္းဆိုတာကို သူ သိခ်င္ေနခဲ့တာျဖစ္သည္။ ဖန့္ထ်န္းက်ိဳက ဧကရာဇ္ေဟာင္းကို သူ႔လက္နဲ႔ သတ္ခဲ့ေပမဲ့ တကယ္ေတာ့ ဟယ္ရန္အတြက္ သြယ္ဝိုက္ လက္စားေခ်ေပးျခင္းတစ္မ်ိဳးျဖစ္သည္၊ သို႔ေသာ္ သူသည္ အႀကံအစည္ႀကီးေတြရွိေသာ အာဏာရွင္တစ္ဦးျဖစ္သည္။ ခ်စ္ခင္မွု၊ ေလးစားမွုဆိုတာ ဘာလဲ ဆိုတာကို သူ လုံးဝ မသိခဲ့သူတစ္ေယာက္ျဖစ္သည္။

သူလိုခ်င္တဲ့အရာက ခ်စ္သူတစ္ေယာက္မဟုတ္ပါ၊ သူ႔အေပၚ နာခံၿပီး သစၥာရွိမယ္လို႔ စိတ္ပိုင္းျဖတ္ထားတဲ့ အရာတစ္ခုသာျဖစ္ၿပီး ထိုအရာက သူမမုန္းတဲ့ အရာတစ္ခုျဖစ္လာၿပီး သူ႔တပ္မက္မွု လိုအင္ဆႏၵေတြကို ပုံခ်နိုင္တဲ့ အရာတစ္ခုျဖစ္လာခဲ့သည္။ စစ္သူႀကီးက သူမူးေနတဲ့ညမွာ ေပၚမလာခဲ့သင့္ေပ၊ သူ႔ရဲ့ ပစ္မွတ္လည္း ျဖစ္မလာသင့္ခဲ့။

ထိုပုန္ကန္မွုသည္ သူတို႔၏ ခ်စ္ျခင္းေမတၱာႏွင့္ သတ္ျဖတ္ျခင္းတို႔ကို မီးေမာင္းထိုးျပမွု ျဖစ္သင့္သည္။ ဟယ္ရန္၏ တန္ျပန္တိုက္ခိုက္မွုေၾကာင့္ အေဖာ္ရွိျခင္း၏ စစ္မွန္ေသာ အဓိပၸါယ္ကို ဖန့္ထ်န္းက်ိဳကို နားလည္သြားေစျခင္းျဖစ္သည္။

အဆုံးသတ္ကို ဟယ္က်န္း မဖတ္ခဲ့လိုက္ရတာ စိတ္မေကာင္းစရာ၊ ကြန္မန့္ေတြကေန ေရးထားတဲ့ စပြိဳင္လာ (spoiler) ေလး အနည္းငယ္ကိုသာ သူ မွတ္မိ၏။ အင္း၊ ဖန့္ထ်န္းက်ိဳက ထိိုအခ်င္းအရာကို သေဘာေပါက္ပုံမရ၊ ထိုမၽွမကေသး၊ သူက စစ္သူႀကီးဟယ္ကို အက်ဥ္းေတာင္ ခ်လိုက္ေသးၿပီး ဟယ္က်န္းရံ ဗိုက္ကိုခြဲၿပီး ထုတ္ထားတဲ့ကေလးရဲ့လက္ကို ကိုင္ၿပီးေတာင္ ေျပာလိုက္ေသးသည္၊ "ၾကည့္စမ္း၊ ငါနဲ႔ စစ္သူႀကီးရဲ့ကေလးက ဘယ္ေလာက္ေတာင္ ၾကည့္ေကာင္းသလဲ"

စစ္သူႀကီးရဲ့ စရိုက္အရေတာ့ သူ႔ကို ဆူပူႀကိမ္းေမာင္းခ်င္ရင္ေတာင္ သူ လုပ္နိုင္မွာမဟုတ္။

ဟယ္က်န္းက ခဏၾကာမၽွ အသက္ရွုမဝျဖစ္သြားရၿပီး ဝမ္းနည္းစြာျဖင့္ စစ္သူႀကီးပုခုံးကို မပုတ္ေပးဘဲ မေနနိုင္ျဖစ္သြားရကာ ပူေဆြးေသာမ်က္ႏွာႏွင့္ အခန္းသို႔ ျပန္သြားေလေတာ့သည္။

ေခြးေကာင္ ဖန့္ထ်န္းက်ိဳက တကယ့္ကို ေခြးႀကီးတစ္ေကာင္ျဖစ္ၿပီး လုံးဝကို ႏွာဗူးႀကီးပဲ။

သူသည္ ပါးစပ္ကို ဝတ္႐ုံလက္ျဖင့္ တိုက္ရိုက္သုတ္လိုက္ကာ ကုတင္ေပၚသို႔ တက္ကာ ဆီေပေနျခင္းကို အေလးမထားဘဲ ေခါင္းအုံးကို ဖက္ထားလိုက္ေလေတာ့သည္။ အခု ဟယ္ရန္က ဒဏ္ရာမရထားသလို ဖန့္ထ်န္းက်ိဳနဲ႔လည္း ႏွလုံးသားျခင္း ခံစားခ်က္မမၽွေဝရေသး၊ သူတို႔က မူးလည္းမမူးခဲ့ၾကသည့္အတြက္ မူလခရီးစဥ္က ဒီတစ္ႀကိမ္မွာေတာ့ ဘယ္သူမွ အနာတရ မျဖစ္သင့္ေပ။

ဟယ္က်န္းစိတ္ပူတာက သူ႔အတြက္ တစ္ခုတည္းပါပဲ။ သူသာ လမ္းမွာ ကိုယ္ဝန္ရသြားမယ္မွန္း သိခဲ့ရင္ သူ လိုက္လာမွာမဟုတ္၊
....အဲ့လိုမ်ိဳးပဲ အျခားအျခားမ်ားစြာလည္း......

ဟယ္က်န္း အိပ္ေမာက်သြားၿပီးေနာက္ ႐ုတ္တရက္ အသက္ရွုမဝ ျဖစ္သြား၏။
နန္မန္းလီယန္က အဲ့ေန႔တုန္းက ဖန့္ထ်န္းက်ိဳကို ဆိပ္ခံေဘာတံတားဆီ ပို႔ခဲ့ေသာ္လည္း ဘယ္သူကမွ ေနာက္ေယာင္ခံလိုက္လာျခင္း မရွိေပ။ မူလစာအုပ္တြင္ ဖန့္ထ်န္းက်ိဳ အဲ့မွာရွိေနခ်ိန္က ဟယ္ရွန္းကုန္းအတြက္ ပုန္ကန္ဖို႔ လုံေလာက္ေသာ အခ်ိန္ကို ေပးခဲ့ျခင္းျဖစ္ေသာ္ျငား ဒီတစ္ႀကိမ္မွာေတာ့ ဟယ္က်န္းက ေနရာတြင္ ရွိမေနခဲ့၊ ဟယ္က်န္းဟြာကလည္း သူႏွင့္ ေဖာက္ျပန္မွု မျပဳခဲ့၊ သဘာဝအားျဖင့္ သူက ထိုသူတို႔ႏွင့္ ပူးေပါင္းမွု မလုပ္နိုင္ခဲ့ေပ။

ဒါေပမယ့္!

ေနာက္ထပ္အေသးစိတ္အခ်က္ကို သူ မွတ္မိေနသည္။
ဖန့္ထ်န္းက်ိဳႏွင့္ နန္မန္းလီယန္က ခိုကို သုံးၿပီး စာပို႔ေလ့မရွိ။ နန္မန္းလီယန္က အားႀကီးတဲ့ လင္းယုန္အုပ္စုကို ေမြးျမဴထားသူျဖစ္ၿပီး ဖန့္ထ်န္းက်ိဳထံ​ စာပို႔ဖို႔ လင္းယုန္ကို အသုံးျပဳေလ့ရွိသည္။

ဒါဆို အဲဒီေန႔က ဖန့္ထ်န္းက်ိဳ လႊတ္ေပးလိုက္တဲ့ စာပို႔ခိုက ဘာရည္ရြယ္ခ်က္လဲ။
စာပို႔ခိုက ဒီအခန္းထဲကို ပ်ံသန္းသြားခဲ့သည္။ ဒီအခန္းမွာ လူႏွစ္ဦးပဲ ရွိၿပီး သူႏွင့္ ဖန့္ထ်န္းက်ိဳသာ ျဖ္သည္။ ဟယ္ရန္ႏွင့္ အျခားသူေတြက ဒီကို စာပို႔ျခင္းေတာ့ မျဖစ္နိုင္.... ဆိုေတာ့ သူ႔အတြက္မ်ားလား?
ဟယ္က်င္းဟြာက သူ႔ဆီ (ဟယ္က်န္းဆီ) ပို႔ေပးခဲ့တာလား ဒါမွမဟုတ္ ဟယ္ရွန္းကုန္းက သူ႔ဆီ ပို႔ေပးခဲ့တာလား?
အဲ့ဒါမွာ ဘာေရးထားလဲ?
ဟယ္က်န္း၏ ဦးေရျပားတို႔ ထုံက်င္လာၿပီး ေခါင္းအုံးကို တင္းတင္း ဖက္ထားလိုက္ေတာ့သည္။

လူတိုင္း၏ကံၾကမၼာကို လမ္းေၾကာင္းမွန္ေပၚျပန္တင္ဖို႔ ႀကိဳးစားေနသည့္ နားမလည္နိုင္ေသာ တြန္းအားတစ္ခု ဤကမၻာတြင္ ရွိေနသည္ဟု သူခံစားမိသည္။

တကယ္လို႔မ်ား သူက ပုန္ကန္မွုမွာ ပါဝင္တယ္လို႔ ဖန့္ထ်န္းက်ိဳကသာ အထင္လြဲသြားရင္ေတာ့...အီ

မူလတုန္းက သူထင္ခဲ့တာက အကယ္၍ သူ ဒီတစ္ႀကိမ္ ေသသြားခဲ့ရင္ေတာင္မွ ဆိုးဆိုးဝါးဝါးေတာ့ ေသမွာမဟုတ္ဟု ထင္ခဲ့သည္၊ သို႔ေပမဲ့ သူ အရမ္းႀကီး လြန္လြန္ကဲကဲ ေတြးမိသြားပုံရသည္။

တံခါးကို တြန္းဖြင့္ျခင္းခံလိုက္ရေတာ့ ဟယ္က်န္း ခ်က္ခ်င္းပဲ ထ ထိုင္လိုက္သည္။ ဖန့္ထ်န္းက်ိဳ အခန္းထဲ ဝင္လာသည္ကို သူ ၾကည့္ေနလိုက္၏။ တစ္ဖက္သူက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ေနၿပီး သူ႔ကို ေမးလိုက္သည္၊ "ဘာလို႔ မီးမထြန္းတာလဲ?"

စားပြဲဆီသို႔ သူ ေလၽွာက္သြားလိုက္ကာ ဆီမီးခြက္အဖုံးကို ခၽြတ္ၿပီး ဆီမီးတိုင္ကို ထြန္းကာ အဖုံးျပန္အုပ္လိုက္ၿပီး ဟယ္က်န္းကို လွည့္ၾကည့္လိုက္သည္။

ဟယ္က်န္းက သူ႔ကို တစ္ခဏေလာက္ ၾကည့္လိုက္ၿပီး ႏွလုံးသားထဲ ေဒါသတရားတို႔ႏွင့္ ေျပာလိုက္သည္၊ "ကၽြန္ေတာ္ အေမွာင္ကို ႀကိဳက္တယ္"

သူထၿပီး စားပြဲဆီ ေျပးသြားကာ ဆီမီးခြက္အဖုံးကို ခၽြတ္လိုက္ၿပီး မီးၿငိမ္းလိုက္၏။

ျပတင္းတံခါးမွ အလင္းေဖ်ာ့ေဖ်ာ့ ေဖာက္ဝင္ေနသည္၊ ဖန့္ထ်န္းက်ိဳက သူ႔နေဘးတြင္ ရပ္ေနၿပီး ဟယ္က်န္း သူ႔မ်က္ႏွာအမူအယာကို မျမင္နိုင္ေသာ္ျငား အနည္းငယ္ ေအးစက္ေနတာကိုေတာ့ ခံစားရမိလိုက္သည္။
သူက ဖန့္ထ်န္းက်ိဳထံမွ အေဝးသို႔ ေလၽွာက္သြားလိုက္ၿပီး တံခါးကို ျပန္ဖြင့္လုက္သည္၊
"မင္းဘယ္သြားမလို႔လဲ"
"အျပင္ထြက္ၿပီး အနားယူမလို႔"
"မင္း ဘာျဖစ္ေနတာလဲ?"

အေမွာင္ထဲတြင္ အျမင္စူးရွေသာ မ်က္လုံးရွိသည့္ ဖန့္ထ်န္းက်ိဳကေတာ့ သူ႔မ်က္လုံးေထာင့္တို႔က နီရဲလာတာၿပီး သူ နာက်ဥ္းစြာ ႏွုတ္ခမ္းကိုက္လိုက္တာကို ေတြ႕သြားေလ၏။ ႐ုတ္တရက္ သူ႔လက္ေမာင္းကို ျပန္႐ုန္းလိုက္ၿပီး သူ ညာလိုက္သည္၊ "အိမ္မက္ဆိုး မက္ေနလို႔"

သူ႔ရဲ့ အလြန္အမင္း ဝမ္းနည္းနာက်င္ေနသည့္အမူအယာတို႔ကို ဖန့္ထ်န္းက်ိဳက အေမွာင္ထဲကေန ၾကည့္ၿပီး သူ႔ႏွလုံးသားထက္ ေၾကာင္လက္သည္းေလးေတြႏွင့္ ကုတ္ျခစ္ခံရသလို ခံစားလိုက္ရကာ ပိတ္က်ဲဦးထုပ္ကို လွည့္ပတ္ရွာလိုက္ၿပီး သူ႔အေပၚ ေဆာင္းေပးလိုက္သည္၊ ဒါေပမဲ့ ဟယ္က်န္းက ျပန္ယူလိုက္ၿပီး "မင္း ငါ့ကို ဝတ္ေစခ်င္ရင္ ငါမဝတ္ဘူး။"

သူ ဘယ္လိုပဲ ျဖစ္ေနေန ဟယ္က်န္း လွည့္ထြက္သြားကာ အေပၚထပ္မွ ေျပးဆင္းသြားလိုက္သည္။ ဧည့္ခန္းကို ျဖတ္သြားခ်ိန္တြ၍္ လူေတြ အမ်ားႀကီးက တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔ကို ၾကည့္ေနၾကတာကို သူ သိလိုက္ရသည္။

ထိုရင္သပ္ရွုေမာဖြယ္မ်က္ႏွာသည္ ညအခါ၌ မွုန္ဝါးေသာအလွကို ပိုင္ဆိုင္ထားၿပီး ၾကည့္ရွုသူတို႔၏ႏွလုံးသားကို ထုံထိုင္းသြားေစသည္။

ဟယ္က်န္းအေနာက္ကေန လိုက္ဆင္းလာသည့္ ဖန့္ထ်န္းက်ိဳ၏ ဆိုးသြမ္းေသာမ်က္လုံးတို႔က ျမင္ကြင္းတစ္ခုလုံးကို ျဖန့္က်က္ၾကည့္လိုက္ေတာ့ လူတိုင္းက သူတို႔ဦးေခါင္းကို ငုံ႔ခ်လိုက္ၾကေတာ့မွ ဖန့္ထ်န္းက်ိဳက ထိန္းမနိုင္သိမ္းမရ ေဒါသတႀကီးျဖင့္ သူ႔ေနာက္သို႔ ဆက္ လိုက္သြားေလေတာ့သည္။

ဟယ္က်န္းက အသားေပါင္းဆိုင္၏ ထိုင္ခုံတစ္ခုတြင္ ထိုင္ခ်လိုက္သည္။

အခ်ိန္က ေမွာင္မဲေနေသာ္လည္း ေဈးက ပ်ံက်စီကားေနဆဲပင္။ ဟယ္က်န္းက အသားေပါင္းတစ္ပန္းကန္ မွာလိုက္သည္။ ဆိုင္ရွင္က ခပ္ျမန္ျမန္ပဲ တစ္ပြဲခ်ေပးလာၿပီး မ်က္ႏွာကို ခါယမ္းလိုက္ကာ သူ႔ကို တစ္ခုခု ေျပာေတာ့မည့္အခ်ိန္မွာပဲ ႐ုတ္တရက္ လက္အႀကီးႀကီးတစ္ဖက္က သူ႔ကို ဆြဲမလိုက္တာကို ခံလိုက္ရၿပီး လႊင့္ပစ္ခံလိုက္ရသည္၊ "ထြက္သြားစမ္း"

ဆိုင္ရွင္က လူအုပ္ထဲ ျပဳတ္က်သြားၿပီး အံ့အားတသင့္ႏွင့္ ကုန္းထလိုက္ၿပီး ခုံရွည္အေရွ႕သို႔ သတိႀကီးႀကီးႏွင့္ ေရႊ႕သြားလိုက္သည္။ ညစာ လာစားေသာက္ေနသူေတြက ထိုျဖစ္ရပ္ကို ၾကည့္ေနၾကၿပီး ထိုသူေတြထဲမွ တစ္စုံတစ္ေယာက္က ဓါးကို ထုတ္လိုက္ကာ မတရားမွုကို တိုက္ဖို႔ ေရွ႕ထြက္လိုက္ေပမဲ့ အနက္ဝတ္ထားကာ ဦးထုပ္အနက္ေဆာင္းထားသည့္လူတစ္ေယာက္၏ ဖိခ်မွုကို ႐ုတ္တရက္ ခံလိုက္ရသည္။ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္နိုင္ေပမဲ့ အသံအုပ္အုပ္ႏွင့္ ေျပာတာကို ၾကားလိုက္ရသည္၊ "ငါတို႔ကိစၥမွာ ဝင္မရွုပ္နဲ႔"

ဖန့္ထ်န္းက်ိဳက ဟယ္က်န္း၏ေဘးတြင္ ထိုင္လိုက္ၿပီး စားပြဲေပၚ ပိတ္က်ဲဦးထုပ္ကို တင္လိုက္ကာ ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္၊ "စားလို႔ေကာင္းလား?"

အနာဂတ္အတြက္ ေဒါသအျပည့္ႏွင့္ ဟယ္က်န္းက ဇြန္းကို ေကာက္ကိုင္လိုက္ၿပီး အသားေပါင္းေတြကို ပါးစပ္ထဲ ထည့္လိုက္သည္။ သူ ႐ုတ္တရက္ အသက္ရွုၾကပ္သြားျခင္းေၾကာင့္ ပါးစပ္ဖြင့္ၿပီး ေလလုရွုလိုက္ခ်ိန္မွာပဲ ဖန့္ထ်န္းက်ိဳ၏ ေအးစက္စက္ အမူအယာက မျပဳံးတျပဳံးျဖစ္သြားတာကို သူ ေတြ႕လိုက္ရေတာ့ သူ႔ရင္ထဲ မီးေတြ ပြင့္သြားရ၏။

ဘာစကားမ​ေျပာရဲ​ေတာ့ဘဲ ​ေခါင္းငုံ႔ကာ အသားေပါင္းကိုပဲ ဆက္စားေနလိုက္ေတာ့သည္။ စားၿပီးသြားၿပီးတဲ့ေနာက္ သူ႔ကိုယ္ခႏၶာကို သူ ရွာလိုက္ၿပီး သူ ေငြယူလာဖို႔ ေမ့သြားတာကို သတိရသြားေတာ့ ညႇိုးငယ္သြားၿပီး ဖန့္ထ်န္းက်ိဳကို အားနည္းစြာ ၾကည့္လိုက္ေပမဲ့ တစ္ဖက္သူက သူ႔ကို သေဘာမေပါက္သလို ထပ္ခါထပ္ခါ ျပဳမူေနၿပီးမွ အမွုမထားသလို ေျပာလာေလသည္၊ "တစ္ေယာက္ေယာက္ ေပးလိမ့္မယ္၊ မင္း ဘယ္သြားခ်င္လဲ?"

ဟယ္က်န္းလည္း သူႏွဲ႕ပဲ အတူတူ သြားရေတာ့မွာကို သိသည္။ က်န္းရွန္ွင့္ နီယင္တို႔ကလည္း အနားမွာ အခစား မလာသည္မို႔ သူလည္း လွည့္ထြက္သြားေတာ့သည္။ သူက ေရာင္စုံမီးပုံးေတြ ခ်ိတ္ဆြဲထားသည့္ အိမ္တစ္အိမ္ဆီ ေလၽွာက္သြားလိုက္ၿပီး မီးပုံးေတြက တကယ္ကို လွလိုက္တာလို႔ သက္ျပင္းခ်လုမတတ္ ျဖစ္ေနခ်ိန္မွာပဲ မိန္းမပ်ိဳတစ္ေယာက္၏ ညဳတုတုအသံႏွင့္ ဧည့္သည္တို႔၏ ပူေလာင္ျပင္းျပေသာ စကားသံတို႔ကို ၾကားလိုက္ရသည္။

အေပၚကို ေမာ့ကာ ဆိုင္းဘုတ္ကို ၾကည့္လိုက္ေတာ့မွ ဒါႀကီးက မန္ခၽြမ္အေဆာက္အဦးပဲ။

ဒီေပ်ာ္ေတာ္ဆက္ေဂဟာက အႀကီးႀကီးကို ေဆာက္ထားတာပဲ။

ဟယ္ကန္းက အထဲသို႔ စိတ္အားထက္သန္စြာ ဝင္သြားေတာ့ သူ႔လည္ပင္းေနာက္ကေန ဆြဲထားျခင္းကို ႐ုတ္တရက္ ခံလိုက္ရသည္၊ ဖန့္ထ်္းက်ိဳက သုန္မွုန္စြာျဖင့္ ေျပာလာတာက "ကိုယ္ေတာ့ရဲ့ ေနာက္ဆုံးစည္းကို လာလာမထိနဲ႔"

ဟယ္က်န္းလည္း ေဒသထြက္သြားၿပီး လွည့္ထြက္သြားေတာ့သည္။ သူ႔ေျခလွမ္းတို႔က ေႏွးရာမွ ျမန္လာၿပီး ပိုပို ျမန္လာေတာ့သည္။ ဖန့္ထ်န္းက်ိဳကေတာ့ သူ႔အေနာက္ကေန တိတ္ဆိတ္စြာႏွင့္ လိုက္ပါေနဆဲျဖစ္သည္။ ဟယ္က်န္းက တစ္လမ္းလုံး အျမန္ ေလၽွာက္ေနၿပီး ေနာက္ဆုံးေတာ့ မိုးမခပင္ေအာက္က အိမ္တစ္အိမ္၏ တံခါးေရွ႕တြင္ ရပ္လိုက္ကာ ေမာေမာႏွင့္ ထိုင္ခ်လိုက္ၿပီး ေမာဟန္မေပါက္ေနသည့္ ဖန့္ထ်န္းက်ိဳကို ၾကည့္လိုက္ကာ၊ "အရွင္မင္းႀကီး၊ အရွင္မင္းႀကီး ကၽြန္ေတာ့္ေနာက္ မလိုက္ပဲ ေနလို႔ မရဘူးလား!"

"မင္းကို ႀကိဳးခ်ည္ၿပီး ျပန္ေခၚသြားဖို႔ တစ္ေယာက္ေယာက္ကို အမိန႔္ေပးခ်င္ေစခ်င္သလား?"
ဟယ္က်န္းက ပိုလို႔ေတာင္ နာက်ဥ္းသြားရသည္။ သူက ဖန့္ထ်န္းက်ိဳကို ျပင္းျပင္းထန္ထန္ ၾကည့္လိုက္ၿပီး၊ "သတ္လိုက္စမ္းပါ! ကၽြန္ေတာ္ ဘယ္လိုပဲျဖစ္ျဖစ္ လုံလုံေလာက္ေလာက္ အသက္ရွင္ ေနထိုင္ခဲ့ၿပီးၿပီပဲ!"

ဖန့္ထ်န္းက်ိဳက မ်က္ႏွာတစ္ခ်က္ မေျပာင္းသြားဘဲ သူ႔ဝတ္႐ုံလက္ထဲမွ ဓါးတိုကို ဆြဲထုတ္လိုက္ၿပီး သူ႔ကို တစ္ခ်က္ၾကည့္လိုက္ကာ၊ "တကယ္လား?"

ဟယ္က်န္း "..."
သူ စိတ္ဆိုးဆိုးႏွင့္ မိုးမခပင္ေအာက္တြင္ ေခြေခြေလး ေနေနလိုက္ကာ၊ "ခင္မ်ား၊ ခင္မ်ား ကၽြန္ေတာ့္ကို သတ္လို႔မရဘူး၊ အသက္ရွင္ခြင့္ေပး၊ ဟုတ္ၿပီလား?"

ဖန့္ထ်န္းက်ိဳ၏ ႏွလုံးသားက ခံစားခ်က္ အတက္အက်ေတြ ျဖစ္ေပၚသြားရကာ ဟယ္က်န္းေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး သူ႔ကို စိုက္ၾကည့္လ်က္၊ "ေကာင္းေကာင္းေန၊ ဒါဆို မသတ္ဘူး"

"ခင္မ်ား လိမ္တာ" ဟယ္က်န္းက ဒူးကို ပိုက္ထားလိုက္ၿပီး ဝမ္းနည္းစြာႏွင့္ ေျပာလိုက္သည္၊ "ကၽြန္ေတာ့္ကို မသတ္ရင္ေတာင္မွ ေသတာထက္ ဆိုးေအာင္ လုပ္မွာေလ"

ဖန့္ထ်န္းက်ိဳက သက္ျပင္းခ်လိုက္ၿပီး သူ႔ေဘးမွာ ဝင္ထိုင္ခ်လိုက္ကာ ေျပာလိုက္သည္၊ "မလုပ္ပါဘူး"

ဟယ္က်န္းက သူ႔ရဲ့ ေအးစက္ၿပီး အေလးမထားဟန္မ်က္ႏွာကို လွည့္ၾကည့္လိုက္ၿပီးေနာက္ မ်က္လုံးထဲ မ်က္ရည္ေတြ ရစ္ဝိုင္းလာၿပီး သူ႔ကို ယုံၾကည္ခ်င္သြားရကာ၊ "တကယ္ မသတ္ဘူးေနာ္?"

ဖန့္ထ်န္းက်ိဳက သူ႔ကို ေဘးတိုက္ၾကည့္ေနရင္း "မင္း ေကာင္းေကာင္းေနေနသ၍ေပါ့"

"အဲ့ဒါဆို ကၽြန္ေတာ္က သစၥာေဖာက္အျဖစ္ အကြက္ခ်ခံလိုက္ရရင္ေရာ ဘယ္လိုလုပ္မွာလဲ?"

ဖန့္ထ်န္းက်ိဳက ႏွုတ္ခမ္းေတြ တြန့္တက္သြားၿပီး သူ႔ကို မ်က္ေတာင္ခတ္ကာ ၾကည့္လိုက္သည္၊ "ကိုယ္ေတာ့ကို အ႐ူးလို႔ ထင္ေနတာလား?"

ဟယ္က်န္းက အလိုအေလ်ာက္ ေခါင္းခါလိုက္သည္။ အင္းေပါ့၊ ဖန့္ထ်န္းက်ိဳက အ႐ူးတစ္ေယာက္မဟုတ္ဘူးဆိုတာ သူသိတာေပါ့၊ ဒါေပမဲ့ အကယ္၍မ်ားဆိုရင္ေရာ?

ဖန့္ထ်န္းက်ိဳက ႐ုတ္တရက္ လက္ဆန့္ထုတ္ကာ ၾကက္ကေလးတစ္ေကာင္လို ေခြေခြေလး ေနေနသည့္ ဟယ္က်န္းကို လက္ေမာင္းထဲ ဆြဲသြင္းၿပီး ဖက္လိုက္သည္။ သူ ဟယ္က်န္းကို ဖက္ထားရတာ တကယ္ႏွစ္ၿခိဳက္ၿပီး သူ႔ကိုယ္သင္းရနံ႔ကို အေတာ္ႀကီးကို ႀကိဳက္သည္။ သူက ဟယ္က်န္း၏ မ်က္ႏွာကို ပြတ္သပ္လိုက္ၿပီး ေျပာလိုက္သည္၊ "မင္းကိုယ္ေတာ့္ကို စိတ္ေရာ ကိုယ္ေရာ ႏွစ္ၿပီး ထားမယ္ဆိုရင္ ကိုယ္ေတာ္လည္း မင္းကို အဲ့လိုပဲ စိတ္ေရာ ကိုယ္ေရာ ႏွစ္ၿပီး ႏွလုံးသားထဲ ထားမယ္" လို႔ေျပာလိုက္သည္။

လေရာင္က သိမ္ေမြ႕လြန္းတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္သည္၊ ထိုလူ၏မ်က္လုံးထဲမွ ပုံရိပ္ေယာင္က သိမ္ေမြ႕ႏူးညံ့မွုအရိပ္အေယာင္ကို ေပးစြမ္းေန၏။ ဟယ္က်န္းက သူ႔ကို စိုက္ၾကည့္လိုက္ၿပီး ႏွလုံးခုံႏွုန္း ျမန္လာေတာ့သည္။

သူက ႐ုတ္တရက္ အေဝးကို လွမ္းၾကည့္လိုက္ၿပီး ျပင္းထန္ေသာ ႏွလုံးခုန္သံတို႔ကို ခံစားလိုက္ရကာ အထူးတဆန္းႏွင့္ သူ႔ကို ျပန္လွည့္ၾကည္လိုက္ၿပီး၊
"အရွင္မင္းႀကီး၊ အရွင္မင္းႀကီး..."
"အမ္?"
"အရွင္မင္းႀကီးက အရမ္းေခ်ာတယ္၊ ကၽြန္ေတာ္ေတြ႕ဖူးသမၽွထဲမွာ အေခ်ာဆုံးပဲ။ ရွုခင္းေကာင္းေတာ့ ပိုလို႔ေတာင္ ေခ်ာသြားေသးတယ္"
"..."

ဟယ္က်န္းတစ္ေယာက္ လက္ေမာင္းထဲကေန တြန္းထုတ္ခံလိုက္ရသည္။
ဟယ္က်န္းက ေျခေစာင့္လိုက္၏။
သူ႔ကို ဘာလို႔ တြန္းထုတ္တာလဲ? ဖန့္ထ်န္းက်ိဳက တကယ္ႀကီးကို မေကာင္းေပမဲ့ သူ႐ုပ္ရည္က ၾကည့္လို႔ေကာင္းတာေတာ့ အမွန္ပင္။ သူေျပာလိုက္ေတြက ေကာင္းမြန္တဲ့ စကားလုံးေတြျဖစ္သလို တကယ္လည္း ႏွလုံးသား ထိေလာက္သည္ေလ။
အခစားရ တကယ္ခက္တဲ့လူပဲ။

ဟယ္က်န္းက ႐ုတ္တရက္ တန့္သြားၿပီး တစ္စုံတစ္ခုကို သူ သေဘာေပါက္သြားၿပီးေနာက္ ႏွုတ္ခမ္းက အျပဳံးတစ္ပြင့္ ျဖစ္ေပၚသြားေတာ့သည္။

MM T/N: စာလုံးေတြက တစ္ပိုင္း တစ္ပိုင္း အရမ္းမ်ားတယ္ေရာ္ 🥲

20230622;1317
Stay tuned for the next chapter:
🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

Lanjutkan Membaca

Kamu Akan Menyukai Ini

613K 32.7K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.1M 28.3K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.7M 150K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...