Heavy Heart

By Chakiiiihoneeeyyy

20.6K 1.3K 80

''မင်းကိုအဲ့လိုလူတန်းစားမှန်းသိရင်အစကတည်းကမပတ်သတ်ခဲ့ပါဘူးခုတော့မှတ်ထားမင်းအခုလိုလုပ်ခဲ့တာတွေအတွက်သေချာပေါက်ပြ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
!!

Part 12

1.2K 77 7
By Chakiiiihoneeeyyy

တဲထိုးတာအချိန်နှစ်နာရီလောက်တောင်ကြာသည်လားး သူမကပြန်လာခဲ့မယ်ပြောသည်ကိုbanယုံမိတာမှားတာဘဲ မိုးလည်းအတော်ချုပ်နေပြီမို့ကျန်တဲ့လူတွေလည်းကိုယ့်တဲထဲကိုဝင်သွားကြသည် ဒါမဲ့သူမကိုတော့အရိပ်အယောင်တောင်မတွေ့

banစိတ်ပူနေတာကိုသူမ မတွေးမိဘူးလားးဒါမှမဟုတ်...

အတွေးတွေးကိုချက်ချင်းရပ်ပြီးဓာတ်မီးကိုယူကာထလိုက်ရှာတော့တယ် မိန်းကလေးတစ်ယောက်ထဲ အန္တရယ်များလွန်းလှတာကတစ်ကြောင်းဟိုတစ်ယောက်ကိုမယုံတာကတစ်ကြောင်း

ခြင်တွေအကောင်တွေကိုက်နေရတဲ့ကြားထဲကရင်း သစ်ပင်ချုုံကြားး နေရာသေးသေးလေးကအစ banလိုက်ရှာနေမိတယ် ၁၅မိနစ်လောက် ရှာပြီးတော့

တွေ့ပါပြီ ကျောက်တုံးတစ်ခုပေါ်မှာရယ်ရယ်မောမောစကားပြောနေသည့်သူမကို  မသိရင်သမီးရည်းစားတွေခိုးချိန်းတွေ့သလို သူ့ဘေးကတစ်ယောက်ကလည်း သူမကိုကြည့်နေလိုက်တာများဝါးစားတော့မလို

  banလိုက်ရှာတာအပိုအလုပ်များဖြစ်နေပြီလား

ကောင်းကင်ကြီးကလည်း banကိုပိုဝမ်းနည်းအောင်လုပ်နေသလားထင်ရလောက်အောင်မှောင်မဲ ပြီး မိုးသားများလည်းကျစဲလုနီးပါးး လရောင်ဆိုသည်မှာလည်းဘယ်ရောက်လို့ဘယ်နေမှန်းမသိ 

သူမရဲ့အပြုံးတွေကိုတခြားတစ်ယောက်ကိုဖော်ပြနေတာ banမကြိုက်ပါ သူမကိုမပြုံးပြပါနဲ့လို့ပြောရလောက်အောင်လည်းbanနဲ့ဘာမှမဆိုင်

ကြည့်ရတာbanမှာကြိုးစားခွင့်ဆိုတဲ့အရာတောင်မရှိပါတော့လားး

banဒီမြင်ကွင်းကိုမကြည့်နိုင်တော့သည့်အဆုံးလှည့်ထွက်ဖို့လုပ်တော့

''bann...''Jennie

သူမကbanကိုလှမ်းခေါ်သည်ဒါမဲ့banလှည့်မကြည့်ဘဲကိုယ့်လမ်းကိုသာပြန်ဦးတည်တော့  သူမကအပြေးအလွှားရောက်လာပြီး banလက်ကိုဆွဲကာ

''janeခေါ်တာမကြားချင်ယောင်ဆောင်တာလားးban''Jennie

''ကြားပါတယ် janeတို့နှစ်ယောက်အတွက်အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ပါ''lisa

''banဒီကိုဘယ်လိုရောက်လာတာလဲဟင်"jennie

banလာတာမှားသွားပြီဘဲ

''မိုးချုပ်နေပြီးမိုးရွာတော့မယ်ထင်လို့janeကိုစိတ်ပူပြီးလာရှာတာဒါမဲ့...စိတ်ပူစရာမလိုတော့ဘူးဘဲ"lisa

banအဲ့လိုပြောပြီးအနောက်ဘက်ကိုပြန်ကြည့်တော့ဟိုတစ်ယောက်ကဘယ်ချိန်ပြန်သွားလဲတောင်မသိလိုက်ပါ

''တကယ်အဲ့ဒါကြောင့်ဘဲလာခဲ့တာလား''jennie

သူမအခုချိန်ထိbanလက်ကိုမလွတ်သေးပါ

''အွန်း ''lisa

banသူမအကြည့်ကိုလွဲ ပြီးဖြေလိုက်တော့ banလက်ကိုကိုင်ထားတဲ့လက်တွေဖြေလျော့သွားတယ်

''ban ''Jennie

''သွားရအောင်မိုးပေါက်လေးတွေကျနေပြီ"lisa

မိုးတွင်းဖြစ်တာတောင်ကျောင်းကအရူးတွေက တောင်ပေါ်ခရီးလာတယ်တဲ့ ငါ့နှယ်

''janeကိုဘယ်လိုသဘောရလဲban''jennie

''ဟမ်.''lisa

သူမဘယ်လိုသဘောမျိုးနဲ့မေးလဲမသိပေမဲ့

"janeကိုဘယ်လိုသဘောရလဲ လို့''jennie

''banမဖြေတတ်ဘူး''lisa

''banရဲ့ဒဏ္ဍာရီစာအုပ်ဖတ်ပြီးသွားပြီ"jennie

ဘယ်လို???

''jane..ဘယ်လို..''lisa

''ပြန်မမေးပါနဲ့ ယူကြည့်မိလို့တောင်းပန်တယ် ဖြေပါjaneမေးတဲ့မေးခွန်းကို"jennie

banရဲ့ခံစားချက်တွေရေးထားတဲ့စာအုပ်ကိုသူမ ဖတ်ပြီးသွားပြီဆိုမှတော​့ ပြောစရာလိုသေးလို့လားjaneရယ်

''ဖတ်ပြီးသွားပြီမဟုတ်လားး ''lisa

'' banပါးစပ်ကပြောတာကြားချင်တယ်''jennie

''ban..''lisa

''ဘယ်ချိန်ထိ မပြောဘဲနေအုံးမလို့လဲ ban''jennie

''janeဒီထပ်ပိုပြီးထပ်မစောင့်ချင်တော့ဘူးban''jennie

အခုသူမကိုဖွင့်​ပြောခိုင်းနေတာလားး??

''banကြောက်တယ်janeမုန်းသွားမှာကို janeထင်သလိုbanက မိန်းကလေး စစ်စစ်လည်းမဟုတ်ဘူး janeသိရင်...''lisa

''လိင်ပြောင်းထားတာလဲသိတယ် banရဲ့အရာအားလုံးကိုသိတယ် "jennie

ဒါတောင်မှသူမက ဖွင့်ပြောစေချင်တာလားး

''janeက banဘဝရဲ့ပထမဆုံးချစ်ရသူဘဲ banဘယ်သူ့ကိုမှလည်းစကားကိုအရေးတဝင်မပြောသလို အခုလိုကိစ္စတွေမှာလည်းဂရုမစိုက်ဘူးဒါမဲ့janeရောက်လာတဲ့နေ့ကစလို့banအရာအားလုံးပြောင်းလဲသွားခဲ့တာ janeကိုနေ့တိုင်းမြင်ချင်ပြီးစကားတွေအမြဲပြောချင်နေပြီး janeနဲ့ဘဲအတူရှိနေချင်တာ အရင်ကလို ကျောင်းကလူတွေရဲ့ပြောဆိုမှုတွေကိုဂရုမစိုက်ခဲ့တာတောင် အခုဆို jennie kimလို့ပြောလိုက်တဲ့လူတွေကို banက လိုက်ပြီးသူတို့ရဲ့စကားတွေကိုလိုက်နားထောင်နေမိတာ သူများတွေjaneကိုကြည့်တာလည်းမကြိုက်ဘူး ဒါမဲ့banမှာ အဲ့လိုဖြစ်ပိုင်ခွင့်မရှိဘူးလေ သူငယ်ချင်းဆိုတဲ့အကန့်လေးမှာဘဲbanနေနေခဲ့တာ အခုလည်းjaneကပြန်လာခဲ့မယ်ပြောပြီး ယောကျာ်းသားတစ်ယောက်နဲ့လိုက်သွား​တော့မကြိုက်ဘူး ပြီးတော့ရယ်ရယ်မောမောပြောနေကြတာကို ban က တအားတွေစိတ်ပူလွန်နေတာလေ
janeကိုမြတ်နိုးရလွန်းလို့ အသေးအမွှားလေးကအစ banလိုက်သဝန်တိုနေရတာ ဒါတွေအားလုံးကလည်းးjane ကိုသိပ်ချစ်....."lisa

အွတ်

စကားဆက်မပြောနိုင်လောက်အောင်ကိုသူမကဒီနည်းလမ်းဖြင့်ပိတ်လိုက်သည်

သူမကအခုbanကိုနမ်းးနေတာလားး ဒါအိမ်မက်မဟုတ်ဘူးမလားး

သူမက banခေါင်းကိုဆွဲကိုင်ပြီး banနှုတ်ခမ်းတွေကိုသူမရဲ့ နှုတ်ခမ်းပါးကနေ မက်မက်မောမောနမ်းနေ သတဲ့

banအစကတော့ကြောင်နေပေမဲ့နောက်တော့ banလည်း မျက်စိမှိတ်ကာ နမ်းရှိုက်နေတဲ့သူမမျက်နှာလေးကိုကြည့်ပြီးbanကိုယ်တိုင်လည်းမျက်စိမှိတ်ကာသူမပေးတဲ့အနမ်းတွေကိုပြန်တုံ့ပြန့်​ပြီး​သူမခါးတွေကို ဆွဲဖက်လိုက်တော့သူမကအလိုက်တသိနဲ့ သူမရဲ့လက်တွေက banလည်ပင်းမှာချိတ်တွယ်လာတယ်

မိုးကလည်းအတော်ကိုရွာချနေတော့သူတို့နှစ်ယောက်လုံးမိုးစိုစိုအောက်မှာအနမ်းချင်းစီးချင်းထိုးနေကြသလို ရပ်တန့်လို့မရလောက်အောင်ကိုတစ်ယောက်နှင့်တစ်ယောက် မက်မောစွာနမ်းရှိုက်နေသတဲ့

မိုးကလည်းအချိန်ကိုက်ကိုရွာချပြီးအတော်ကိုကောင်းနေသည် ပါလာတဲ့ဓာတ်မီးလေးတောင်အောက်သို့ကျပြီး ရေတွေဝင်ကာ အလင်းမှိန်သွားတော့သည်

တစ်ယောက်ကိုတစ်ယောက်စိတ်ကြိုက်နမ်းပြီးကြတော့မှ အနမ်းတွေကိုရပ်တန့်လိုက်ပြီးနဖူးချင်းကပ်ထားကာ အသက်ကိုမနည်းရှူနေကြရသည်

နမ်းထားလို့ဖူးဖူးလေးဖြစ်နေတဲ့သူမရဲ့နှုတ်ခမ်းလေးကိုbanရဲ့လက်မနဲ့တဖြည်းဖြည်းချင်းပွတ်သပ်နေမိတယ်

''ချစ်တယ် သိပ်ကိုချစ်ရတယ် jane အဲ့တာကိုသိထားပေးနော်''lisa

သူမကခေါင်းကိုအခါခါငြိမ့်ပြပြီး

''ဒီနေရာလေးကသွားရအောင်''jennie

banလည်းသူမပြောတဲ့အတိုင်း သူမလက်ကိုဆွဲကိုင်ပြီး ထိုနေရာမှထွက်ခဲ့တော့သည် ကျနေတဲ့ဓာတ်မီးလေးတောင် ကောက်ဖို့သတိမရတော့

တဲဆီကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးလည်းစကားမပြောခဲ့ကြပါ ထိုတဲနားကိုရောက်မှ

''အထဲဝင်ပြီးအကျီအရင်လဲလိုက်jane ''lisa

''banကရော''jennie

''ပြီးမှလဲလိုက်မယ်janeအရင်လဲလိုက်နော်အအေးပက်နေမှာစိုးလို့မနက်ဖြန်လည်း လုပ်စရာတွေရှိသေးတယ်မလားး''lisa

''အဲ့ဆိုjaneမြန်မြန်လဲလိုက်မယ်နော်''jennie

''အွန်း''lisa

banလည်းအနီးအနားကထင်းချောင်းတွေကိုယူပြီးမီးပုံလေးလုပ်ဖို့ပြင်လိုက်တယ် ရာသီဥတုက လည်းတောင်ပေါ်မှာဆိုတော့အတော့်ကိုဆိုးလွန်းပါသည် တော်သေးတယ်ပြောရမယ် ဆောက်ထားတဲ့တဲလေးကခိုင်လို့ပေါ့မဟုတ်ရင်ဒီညတော့သွားပြီဘဲ

ဒီခရီးစဥ်ကို ပြောတဲ့သူကိုဘဲကျေးဇူးတင်ရမလို အပြစ်ဘဲတင်မရလို

မီးပုံလည်းလုပ်ပြီးချိန်သူမက တဲထဲကထွက်လာပြီး

''ban သွားလဲတော့ .... ဝိုးးးမီးပုံလုပ်ထားပါဘဲ''jennie

သူမကိုကြည့်တော့ ညအိပ်အကျီဝမ်းစက်ကိုသာဝတ်ထားတယ်

''သွားးလဲတော့လေ အအေးပက်လိမ့်မယ်''

banလည်းခေါင်းငြိမ့်ပြပြီး အဝတ်လဲဖို့သာပြင်လိုက်တော့တယ်

အရှေ့ကတစ်ယောက်ကတော့ မီးပုံလေးကိုကြည့်ပြီးသူ့အတွေးနဲ့သူ ရီနေလေရဲ့


.

.

မိုးလည်းတိတ်သွားပြီးဖြစ်တဲ့အတွက် မီးပုံကလည်းအရှိန်အားဖြင့်တောက်လောင်နေတယ်

မီးပုံဘေးနားမှာ တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံနေပြီးး ဘာစကားမှတော့မပြောဖြစ်ကြသေးး

"ban.. ''Jennie

''အွန်း''lisa

''janeလေ အတန်းကိုစရောက်တုန်းက ဘယ်သူနဲ့မှလည်းမသိ ဘူးဒါမဲ့လူတွေက janeရဲ့အလှကြောင့်သာ ခင်မင်ချင်နေကြတာ ပြီးတော့janeအဲ့လိုတွေလိုက်ပြီးပြောနေကြတော့စိတ်ရှုပ်ရင်းနဲ့ကျောင်းထဲလျှောက်သွားနေမိတယ် မထင်မှတ်ဘဲ လူတစ်ယောက်တီးနေတဲ့သံစဥ်တွေကjaneရဲ့နားကိုတင်မဟုတ်ဘူးရင်ဘတ်ထဲထိတောင်စွဲမှတ်စေတယ် ​အဲ့ကြောင့်လည်းထင်ပါရဲ့အခန်းပြင်မှာခိုးနားထောင်နေတဲ့မိန်းကလေးတွေမှတစ်ပုံကြီး ဒါမဲ့janeမကြောက်မရွံအဲ့အခန်းထဲကိုဝင်သွားမိတော့သံစဥ်တစ်ပုဒ်ကိုတည်တည်ငြိမ်ငြိမ်နဲ့တီးနေတဲ့လူကိုမြင်တော့janeရင်တွေခုန်လာတယ် janeရင်ခုန်ဘူးတာပထမဆုံးဘဲ janeဘယ်တုန်းကမှစကားစမပြောဘူးပေမဲ့ သူ့ကိုတော့စပြောခဲ့ပြီးရင်းနှီးချင်ခဲ့တယ်  မှတ်မိပါသေးတယ်janeစခေါ်လိုက်တော့janeကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်လာတဲ့မျက်ဝန်းတစ်စုံကိုပေါ့  အဲ့မျက်ဝန်းတွေကြောင့်ဘဲbanကိုချစ်မိသွားခဲ့တာနေမှာ''jane

banသူမပြောတဲ့စကားတွေကို ငေးငေးမောမောနဲ့နားထောင်နေမိတယ်

"janeကိုချစ်တယ် ပြောမရနိုင်လောက်အောင်ချစ်တာမို့ banရဲ့ကောင်မလေးလုပ်ပါလားး ဒီလိုမျိုးတွေတစ်ခါမှမပြောတတ်လို့ဘယ်လိုပြောရမှန်းမသိဘူး banအချစ်တွေကိုဖော်ပြခွင့်ပြုမယ်လားjane''lisa

banသူမဘေးမှာဒူးထောက်လိုက်ပြီးသူမလက်ကိုဖွဖွလေးဆုပ်ကိုင်ကာသူမပြောလာမဲ့အဖြေကိုသာ စောင့်နေမိတယ်

"banကိုလည်းချစ်တယ် ဒါမဲ့janeကြောက်တယ် အချစ်ဆိုတာဘယ်လိုအရာမျိုးလဲမသိဘူး "jennie

"ကံကြမ္မာတွေကိုbanလည်းမယုံချင်ဘူးဒါမဲ့ banတို့အချစ်တွေကိုယုံပြီး လက်တွဲသွားကြည့်မယ်လေ ''lisa

''janeကိုခွဲမသွားရဘူးနော်''jennie

သူမကbanကိုနဂါးမျက်စောင်းမျိုးနဲ့ကြည့်ကာပြောလာတော့banမှာကျောချမ်းရလေတယ်

အဲ့နေ့ညကတော့ ရာသီဥတုမကောင်းပေမဲ့သူတို့အတွက်ကတော့သိပ်ကိုလှပပြီးကဗျာဆန်လွန်းတဲ့ညလေးဖြစ်ခဲ့တာပေါ့

သူမကို ရင်ခွင်ထဲပြီး အိပ်စက်ခဲ့ရတဲ့ညလေးဆိုလည်းမမှားပါဘူး တကယ်သူမတစ်ကိုယ်လုံးက banရင်ခွင်မှာနစ်မြောသွားလောက်အောင်ကိုသေးလွန်းလှပါသည်

.

.

.

''jane''lisa

''ဟင်''jennie

''မနက်ဖြန်banနဲ့ dinner dateလုပ်ရအောင်''lisa

''ထူးထူးဆန်းဆန်းပါလားးbanရဲ့''jennie

''banတို့ခရီးပြန်လာကတည်းက dateတွေဘာတွေမလုပ်ရသေးဘူးလေ သူများတွေဆို first dateတို့ဘာတို့လုပ်ကြတယ်မလားး''lisa

''လက်စသတ်တော့banကအဲ့လိုလုပ်ချင်နေတာကို''jennie

''ညစားတူတူမစားချင်ဘူးလားjane''lisa

''မစားချင်လို့ပြောတာမဟုတ်ပါဘူးရှင် banက အဲ့လိုလုပ်တတ်မယ်မထင်ထားလို့သိတယ်မလားးလူရိုးကြီးဆိုတော့"jennie

''လူရိုးကြီးမဟုတ်အောင်သက်သေပြရမလားပြော''lisa

''ဟေးးး စတာစတာ''jennie

''banကိုယ်တိုင်လာခေါ်မယ်​
နော်မနက်ဖြန်ည၇နာရီကျရင်''lisa

''ဟုတ်ပါပြီရှင်စောင့်နေပါ့မယ်နော် "jennie

အခုဆိုတစ်ယောက်အကြောင်းသိသင့်သလိုသိပြီး ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းအဆင့်ကနေ ဒီအဆင့်ထိဖြစ်သွားတယ်ဆိုတော့အဖြစ်အပျက်တွေကသိပ်ကိုမြန်ဆန်လွန်းသလို

ဒါမဲ့လည်း အချစ်မှာ အချိန်အကန့်အသတ်ရှိ ကိုယ့်အတွက်အချိန်ကောင်းရောက်လာသေးတာဘဲရှိတာ




........

အဲ့နေ့ညရောက်တော့ banစိတ်တွေလှုပ်ရှားနေတယ်

banဘဝမှာဒီလိုတွေ တစ်ခါမှလည်းမလုပ်ဘူး သူမနဲ့မှပထမဆုံးမဟုတ်သည်လား

သူကိုယ်တိုင်လည်း သေသေချာချာဝတ်ဆင်ပြီး သူ့အဖေManobanကိုယ်တိုင်ဝယ်ပေးထားတဲ့ ကားအနက်တစ်စီးကိုထုတ်ကာ သူကိုယ်တိုင်မောင်းသွားတော့တယ်

လမ်းမှာလည်း ဖွင့်တဲ့ပန်းဆိုင်ကနေ အလှပဆုံးပန်းစည်းကိုသေချာထုတ်ပိုးကာသူမအိမ်သို့ပြန်ဦးတည်လာတော့သည်

အိမ်ရှေ့ရောက်တော့ သူမကိုဖုန်းခေါ်ပြီး သူရောက်ကြောင်းပြောတော့ အိမ်ထဲဝင်ခဲ့ပါတဲ့

banသူမအိမ်ထဲဝင်ရမှာခက်လန့်လန့်ပါ သူမအမေက သူ့ဒယ်ဒီရဲ့သူငယ်ချင်းဆိုပေမဲ့လည်းbanကြောက်မိတယ် တော်ကြာသူ့သမီးနဲ့ သဘောမတူရင်ဒုက္ခ

တွေးလက်စအတွေးတွေကိုရပ်ပြီး အိမ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်
သူမအိမ်ကတော့ Kimမျိုးနွယ်ဆိုတဲ့အတိုင်းချမ်းသာတော့ အိမ်ကနန်းတော်သဖွယ်

''သမီးရေ lisaရောက်လာပြီထင်တယ် ''Jennie's mom

''အန်တီမဂ်လာပါ''lisa

''မဂ်လာပါကွယ့် အန်တီ့သမီးကိုစိတ်ချလိုက်မယ်နော် ''Jennie's mom

''ဟုတ်ကဲ့ပါlisaသေသေချာချာဂရုစိုက်မှာပါ''lisa

သူမ့အမေကထင်ထားတဲ့အတိုင်းမဟုတ်သိပ်ကိုဖော်ရွေလွန်းပါသည်
banလည်းသူမကိုစောင့်ရင်း သူမအမေနဲ့စကားလက်စုံကျနေတုန်းသူမကလှေကားထက်ကဆင်းလာတယ်

မော့ကြည့်လိုက်တော့ အနီရောင်dressကိုဝတ်ဆင်ထားပြီး လည်ပင်နားတစ်ဝိုက်​နဲ့ပေါင်တံများကိုဖော်ထားတယ်

banကလွဲရင်ကြည့်မဲ့မျက်လုံးတွေကိုဖောက်ထုတ်ချင်မိမှာအမှန်

လှပလွန်းတဲ့သူမရဲ့အသားအရေတွေ မိတ်ကပ်လိမ်းထားတဲ့သူမရဲ့ပုံစံကိုကြည့်ပြီး banမျက်တောင်တောင်မခတ်နိုင်ပါ

သူမက ဘာမှမလိမ်းထားရိုးရိုးဝတ်ဆင်ထားရင်တောင်သိပ်ကိုလှလွန်းတဲ့အမျိုးသမီးမဟုတ်လားး

''နောက်ကျသွားရင်sorry ban''Jennie

သူမအလှတရားနဲ့တင်သေလို့ရနေပြီ

''ban..''jennie

''ဟင်''lisa

သူမ အမေကတော့အနောက်ကနေbanကိုရယ်နေလေရဲ့သူမကတော့ရှက်နေတဲ့ပုံသဏ္ဍာန်

"သွားရအောင်''Jennie

banလည်းသူမကိုခေါင်းငြိမ့်ပြလိုက်တယ်ပြီးတာနဲ့သူမ အမေကိုနှုတ်ဆက်လိုက်ကြတယ်

ကားပေါ်ရောက်မှသူမလက်ကို banပါးနားကိုကပ်ကာ ခပ်ဖွဖွနမ်းပေးနေမိတယ်

သူမ ဒီအမျိုးသမီးလေးကိုသိပ်ချစ်ရပါသည်

ခနကြာတော့

အပြင်အဆင်အရမ်းလှပလွန်းတဲ့ဆိုင်ရှေ့ကိုရပ်လိုက်တယ်

သူတိုနှစ်ယောက်တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ဆိုင်ထဲသို့ ​ပြုံးပြုံးပျော်ပျော်ဝင်သွားကြတယ် ကြိုတင်ဘိုကင်လုပ်ထားသည်မို့ lisaကိုယ်တိုင်စိတ်ကြိုက် ပြင်ဆင်ခိုင်းထားတဲ့ အပြင်အဆင်တစ်ခုလည်းဖြစ်တယ်

နေရာကတော့ အခန်းတစ်ခန်းထဲမှာ pianoလေးရယ် ပူပေါင်းလေးတွေရယ် လှပလွန်းတဲ့ပန်းချီကားတွေချိတ် ထား တယ်

သူတို့နှစ်ယောက်မှာထားတဲ့အစားအစာတွေအရင်စားကြတယ် ပြီးတာနဲ့ အချိုပွဲတွေလာချတဲ့အခါမှာတော့

''ဒီလောက်ထိလုပ်ထားမယ်လို့မထင်ထားဘူးban''jennie

''banထင်ထားတော့ဒါကရိုးနေတယ်ထင်တာဘဲ တခြားသူတွေ ဘယ်လိုလုပ်လဲတော့banမသိဘူးဒါမဲ့... ''Lisa

''တခြားသူတွေလို မဟုတ်လည်းjaneကြိုက်တယ် banလုပ်ပေးတဲ့အရာအားလုံးကိုသဘောကျတယ် ''jennie

banတကယ်တော့သူများတွေလိုလှပတဲ့dateလေးတစ်ခုလုပ်ချင်ပေမဲ့ မသိတော့ခက်တယ်

အရင်ဆုံးမှာထားတဲ့အစားအသောက်တွေကို တစ်ယောက်နှင့်တစ်ယောက်ခွံ့ကျွေးလိုက်စလိုက်နောက်လိုက်နဲ့ စားပြီးသွားကြတော့အချိုပွဲတည်းကြတယ်

''ချီးယားးစ်''jennie

သူမကဝိုင်ခွက်ကိုမြောက်ပြီးပြောတော့

''ချီးယားးစ်''lisa

banအတွေးထဲတစ်ခုဝင်လာတယ်

အဲ့ဒါနဲ့ထိုင်နေတဲ့နေရာကနေထကာ pianoရှိတဲ့နေရာဆီဦးတည်တယ်

''ဘယ်သွားမလို့လဲban''jennie

သူမကိုပြန်မဖြေမိပါ

ထိုနားကိုရောက်တော့ Canon ဆိုတဲ့သံစဥ်ကိုစပြီးbanတီးခတ်လိုက်တယ် သူမကတော့ဝိုင်ခွက်ကိုကိုင်သောက်နေပြီးပြုံးလျက်ပင် banကိုကြည့်နေတယ်

banကလည်းသူမကို ကြည့်လျက်လက်ကလည်းထိုသံစဥ်တွေကိုပိုင်ပိုင်နိုင်နိုင်တီးခတ်ပြလိုက်တယ်

သူမကတော့သူတီးပြတဲ့သံစဥ်တွေကိုနားထောင်ပြီးတစ်ခွက်ပြီးတစ်ခွက် ဝိုင်ကိုသောက်နေတယ် နောက်တော့ သံစဥ်တွေဆုံးခါးနီးသူမကသောက်လက်စဝိုင်ကိုအကုန်မော့ကာသူ့ဆီကိုတည့်တည့်မတ်မတ်လျှောက်လာတယ်သူကလည်း သူမရဲ့လှပတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုကြည့်ပြီး ရင်သာခုံနေမိတော့သည်

သူမကမပြောမဆိုနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ သူ့ပေါင်ပေါ်တွေကိုခွထိုင်ကာ လည်ပင်းနားကိုမျက်နှာအပ်ပြီးသူ့ရဲ့နားနားကိုကပ်ကာစကားတစ်ခွန်းပြောလာတယ်


''Janeမူးနေပြီမောင်''တဲ့လေ






Next Part soon
<3
Don't forget to vote

Continue Reading

You'll Also Like

66.8K 3.7K 79
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
296K 8.2K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
264K 40.2K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...