I Don't Know

By Yuxingyue

2.3K 152 10

သူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan More

intro(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。
Part-1
Part-2
Part-4
Part-5
Part-6

Part -3

288 21 3
By Yuxingyue

အင်းးးစုပ်လုံးတွေက ဘာလို့ အဲလောက်ချိုနေရတာလဲ။
ခါတိုင်းစားဖူးတဲ့ စုပ်လုံးကမာတယ် ဆိုပေမဲ့ ရှောင်းကျန့် ခုစားနေတဲ့ စုပ်လုံးက ချိုချိုအိအိလေးရယ်

ရှောင်းကျန့် အဲစုပ်လုံးအိအိလေးကို စုပ်ရင်းအားမရတာလဲ အားရပါးရ ကိုက်ချလိုက်တော့ အသံထွက်လာတယ်။

"အ " ဟင် စုပ်လုံးက အသက်ရှိနေတာလား။
သူစုပ်လုံးကို ယူကြည့်လိုက်တော့ WTF ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းကြီး စုပ်လုံးမှာ ကပ်နေတယ်။

နောက်ပြီး အဲနှုတ်ခမ်းကနေ သူမြင်လိုက်ရတာ သူအမြင်ကပ်တဲ့ အပြုံးကြီး။

"အား....…....." အားကုန်အော်ချလိုက်တော့တယ်။

"သား ကျန့်ကျန့် ကျန့်ကျန့်"

"ဟင်..မားး"

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးမှ မှာက ရပ်နေတယ်။

သူအခုမှ စဉ်းစားမိသွားတယ် ခုနက သူအိမ်မက်မက်နေတယ်ဆိုတာ။
လခွမ်းပဲ...အိမ်မက်ကြီးက ကြက်တိမ်းထစရာကြီး။

"ကျန့် ကျန့် ဘာဖြစ်တာလဲ အော်သံကြီး ကြားလိုက်လို့။ မားအပြန်တက်လာခဲ့တာ"

သူ့မားက စိုးရိန်နေတဲ့မျက်နှာနဲ့ သူ့ကိုမေးလာတယ်
မားကိုတောင် အားနာမိသွားတယ် ။ ဘာမဟုတ်တဲ့ အိမ်မက်လေးကြောင့် မားက်ု စိတ်ပူစေမိပြီ။

အဲ‌ဒါဟိုခွေးကောင် ဝမ်ရိပေါ်ကြောင့်။

"ဘာမှမဖြစ်ဘူးမား...သားအိမ်မက်ဆိုးမက်လို့"

"ဘာမှမဖြစ်ရင်လဲ ပြီးသာပဲ မားက စိတ်ပူသွားတာ"

"ဟုတ် မား ပါးရောဟင်"

"သားပါးက အောက်မှာ မနက်စာစားနေတယ် ခနနေအလုပ်သွားတော့မှာလေ"

"မား ဟို ဟို ဝမ်ရိပေါ်ရော"

"အော်ရိပေါ်လေးက အတန်းရှိလို့တဲ့ ကျောင်းအစောကြီး ထွက်သွားတယ်"

"ကဲသား မျက်နှာသစ်ပြီး ဆင်းလာတော့နော် မားအောက်မှာ မနက်စာပြင်ထားပေးမယ်"

"ဟုတ်မား"

ဝမ်ရိပေါ်‌ကကျောင်းသွားပြီတဲ့
တော်သေးတာပေါ့ ဟိုနေ့ကစပြီး ရှောင်းကျန့် ဝမ်ရိပေါ်နှင့် မတွေ့မိအောင် ရှောင်နေတာ တစ်ပတ်တောင်ရှိနေပြီ

အဲကောင်နဲ့မျက်နှာချင်းမဆိုင်ရဲဘူး ဖြစ်နေတယ်

အခုလို ဝမ်ရိပေါ် အစောကြီးကျောင်းသွားတာလဲ ကောင်းပါတယ်
တကူးတက သူရှောင်စရာမလိုတော့ဘူးပေါ့

___I Don't know ___

ဝမ်ရိပေါ်တို့ အတန်းပြီးလို့ ကန်တင်းမှာ လာထိုင်နေတယ်။
ဝမ်ရိပေါ် ကျောင်းစတက်ကတည်းက ယုဘင်းနဲ့ဟောက်ရွမ်ဆိုတဲ့ သူငယ်ချင်း ၂ယောက်ရခဲ့တယ်

"ဟျောင့် ရိပေါ် မင်းအခုတလော ဘာလို့ တမိုင်မိုင်ဖြစ်နေတာလဲ"

ယုဘင်းက မေးပြီး ဟောက်ရွှမ်က ဆက်မေးလာတယ်

"ဘာလဲ ရည်းစားပူမိနေတာလား"

ဟောင်ရွှမ်စကားကြောင့် သူနည်းနည်းစဉ်းစားမိသွားတယ်။

ကျန့်ကောကြောင့်သူအခုလို မိုင်နေတာကိုလဲ သူသိသည်။ ကျန့်ကောက သူ့ကိုရှောင်နေတာကိုလဲ သူသိသည်။

ဒါကြောင့် ဒီမနက်လည်း ကျန့်ကောက သူ့ကိုရှောင်စရာမလိုအောင် သူကလဲ ရှောင်ပေးခဲ့တာ။

ဒါမဲ့ ဟောက်ရွှမ်ပြောသလို ရည်းစားပူမိနေတာလားဆိုတော့လည်း သူနဲ့ ကျန့်ကောနဲ့က ရည်းစားမှမဟုတ်တာ။

"ဟိုင်း ဒီမှာ ထိုင်မယ်နော်"

"ထိုင်ပါ ထိုင်ပါခင်မျာ"

ကောင်မလေးချောချောတစ်ယောက် သူတို့အဝိုင်းမှာ ထိုင်မယ်ပြောတော့ ဟိုကောင်တွေမနေနိုင်မထိုင်နိုင် ဖြစ်နေလိုက်တာ။

"ဟိုင်းရိပေါ် တို့က မေရီပါ တို့ကိူ သိမယ်ထင်တယ် ဟင်းဟင်း"

"မသိဘူး"

ရိပေါ်ရဲ့စကားနောက် မေရီမျက်နှာ ပျက်သွားတာကို မြင်တော့ ယုဘင်းက

"ရိပေါ် မင်းကလဲ ဘာမသိတာလဲ မင်းတောင်ငါတို့ကို မေရီပုံပြသေးတယ်လေ ချစ်စရာလေးဆိုပြီး ဟုတ် တယ်မလား ဟောက်ရွှမ်း"

"ဟားဟား ဟုတ်တယ်လေ ရိပေါ် မင်းမေ့နေပြီလား"

ယုဘင်းနဲ့ ဟောက်ရွှမ်းစကားကြောင့် မေရီက ရှက်ပြုံးလေး ပြုံးနေတယ်
ရိပေါ်ကယုဘင်းတို့ကို အံ့ဩနေတဲ့ပုံဖြင့်
သူဘယ်တုန်းက ပြလို့ဘာပြောရမှာလဲ
သူတကယ်ပဲ မေရီဆိုတဲ့ကောင်မလေးကိုလဲ မသိဘူး။
ရိပေါ်သိလိုက်ပြီ အဲကောင်တွေ ကောင်မလေးငမ်းချင်တိုင်းဇွတ်ပို့နေတော့တာပဲ

"ရိပေါ်က ရှောင်းကျန့်ကောရဲ့ အိမ်မှာ နေတာတာလား"

"ကျန့်ကောနဲ့သိတာလား"

ရှောင်းကျန့်လို့ကြားတာနဲ့ ရိပေါ် သူမနဲ့ စကားပြောဖို့ စိတ်ပါသွားသလို။
သူလည်းအခုတလော ဘာဖြစ်နေမှန်းကို မသိတော့ပါဘူး ရှောင်းကျန့်ဆိုတဲ့ သူ့ထက်အသက်ကြီးတဲ့ အကိုကြီးက ပြုစားထားတယ် ထင်ပါရဲ့

"အင်းးမေရီက ရှောင်းကျန့်ကောတို့ရဲ့ သုံးအိမ်ကျော်လောက်မှာနေတာ ဟိုနေ့ကမှ ရိပေါ်ကို ရှောင်းကျန့်ကောရဲ့ ခြံထဲကနေ ထွက်လာမြင်လိုက်လို့လေ"

"အင်း"

_______________________

ရှောင်းကျန့်ခြံထဲဆင်းလာတော့ သူ့ရှေ့မှာ မြင်နေရတဲ့ YAMAHA ဆိုင်ကယ် အစိမ်းရောင်တစ်စီးကို မြင်လိုက်တာကြောင့် အဲနားလေးမှာ စပ်စုကာကြည့်နေလိုက်တယ်

မိုက်လိုက်တာ ဆိုင်ကယ်က
အဲလိုဆိုင်ကယ်မျိုးတကယ်စီးချင်ခဲ့တာ
ဒါမဲ့မဖြစ်နိုင်ဘူးလေ
စက်ဘီးတောင်ဖြောင့်အောင်မနင်းနိုင်တဲ့သူက YAMAHA ဆိုင်ကယ်ဆို ပိုဆိုးပေါ့

ရှောင်းကျန့်ဆိုင်ကယ်ကို ပတ်ကြည့်နေရင်းအိမ်ထဲမှ ဆိုင်ကယ်သော့တရမ်းရမ်းနဲ့ ဝမ်ရိပေါ်က ထွက်လာတယ်

သူ့ကိုမြင်တော့ တချက်ကြည့်ပြီး ဆိုင်ကယ်ကြီးကိုမောင်းထွက်သွားတယ်လေ။

သောက်အချေကောင် ခွေးကောင် နင့်လိုဆိုင်ကယ်မျိုး၁၀စီးက ဝယ်စီးနိုင်တယ်သိလား

ဝမ်ရိပေါ်မသိပါဘူး ဘာလို့ဆို အဲဒါတွေက ရှောင်းကျန့်စိတ်ထဲကနေပြောနေတာဖြစ်လို့

Thanks🍀

Continue Reading

You'll Also Like

42.4K 703 11
This story is based on village story with lots of smut...
133K 263 91
Erotic shots
247K 7.4K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
284K 39.4K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း