MY SURVIVAL
By Venus-Zozo
8.5K 678 102
m-preg,possessiv,zhanyi ZSWWYYDS Uni/Zaw More
part-2
part-3
part-4
part-5
part-6
part-1
2.5K 123 20
By Venus-Zozo
Uni!!
Bright sunအမည်ရှိတဲ့ ပေကျင်းရဲ့နာမည်ကြီး မူကြိုကျောင်းတစ်ခု...
နိုင်ငံရဲ့အကောင်းဆုံးမူကြိုကျောင်း10ခုထဲက
တစ်ခုဖြစ်တာမို့ တက်ရောက်တဲ့ ကျောင်းသားတွေကလည်း နာမည်ကြီး မျိုးရိုးမြင့်အိမ်တော်တွေက သခင်လေး/သခင်မလေးများသာဖြစ်ကြသည်။
ကျောင်းခန်းတွေထဲမှာ ကလေးတွေရဲ့ ကဗျာရွတ်သံ စာအံသံ ရယ်မောသံလေးတွေနဲ့ ဆူညံလျက်ရှိသော်လည်း
*ဒေါက် ဒေါက်*
့ကျောင်း Corridorတစ်လျှောက်မှာတော့ ဒေါက်ဖိနပ်သံ တစ်ဒေါက်ဒေါက် ကလွဲ၍ တိတ်ဆိတ်မှုကြီးကသာလျှင် မင်းမူလျက်...
ကျက်သရေရှိစွာ ထုံးဖွဲ့ထားတဲ့ဆံထုံး၊
shirt အဖြူလက်ရှည်၊ ဒူးနဲ့ကွက်တိကျနေတဲ့စကက်နဲ့ အနှီမိန်းကလေးက ကျောင်းသားမဟုတ်တဲ့ ကျောင်းဆရာမ တစ်ယောက်ဖြစ်ဟန်တူသည်။
ထိုဆရာမလေးရဲ့ ဦးတည်ရာကတော့
*knock knock*
"ဝင်လာခဲ့ပါ lock မချထားပါဘူးခင်ဗျ"
ကြားလိုက်ရတဲ့ အသံချိုချိုလေးကြောင့် ထိုအသံပိုင်ရှင်ကို ရှှုစားချင်လွန်းတဲ့စိတ်တွေနဲ့
ဆရာမလေးက တံခါးကိုအမြန်ဖွင့်လိုက်မိတော့သည်။
သူမ မြင်လိုက်ရတာက အလုပ်စားပွဲမှာ အလုပ်လုပ်နေတဲ့ အဖြူရောင်အမျိုးသားငယ်ကို...
အို......လှရက်လိုက်တာ...
သူမတို့မိန်းမတွေလို ကနွဲ့ကလျ လှနေတာမျိုးမဟုတ်ပါပဲ ဖွေးအုနုဖက်နေတဲ့ မျက်နှာအစိတ်အပိုင်းတွေကအစ လက်ချောင်းခြေချောင်းလေးတွေကအဆုံး အနုပညာဆန်ဆန်လှနေတာမျိုးဖြစ်ပြီး ယောက်ျားဆန်ဆန်
အပြုအမူတွေက သိမ်မွေ့နူးညံ့ပီး ကျက်သရေရှိတဲ့ အလှမျိုး......
သူမတို့လို မိန်းကလေးတွေတောင် အားကျမနာလိုသွားစေမဲ့အလှမျိုး...
"ဆရာမရှင်း ဆရာမရှင်း"
"ရှင် ဆ ဆရာဝမ်"
ရှင်းယီမှာ သူမ အငေးလွန်နေတာ လူမိသွားတာကြောင့်
မျက်နှာလေးရဲလို့ ရှက်သွေးဖြာသွားရသည်။
ထိုတော့ အနှီအမျိုးသားလေးက ပါးအို့လေးတွေ မို့တဲ့အထိ ပြုံးနေပြန်သည်...
"အဟွန်းဒါနဲ့ ဆရာမရှင်း လာရင်းကိစ္စက"
ထိုအခါမှ ရှင်းယီခမျာ လာရင်းကိစ္စကိုအမှတ်ရသွားတော့သည်။
"အာ ဆရာဝမ့်ကို ကျောင်းအုပ်က ခေါ်ခိုင်းလိုက်လို့"
"ဟင်.........ကျောင်းအုပ်က လား?......အာ
ကျေးဇူးပါ ဆရာမရှင်း ဒါဆို ကျွန်တော်
ကျောင်းအုပ်ရုံးခန်းကို သွားလိုက်အုံးမယ်ဗျ"
"ဟုတ် ဟုတ်ကဲ့ပါ ဆရာဝမ်"
ရှင်းယီမှာ သူမကိုပြုံးပြလို့ကျောင်းအုပ်ရုံးခန်းကို ထွက်သွားတဲ့ ဆရာဝမ့် ကျောပြင်လေး သူမ၏ မြင်လွှာအတွင်းမှ ပျောက်သွားတဲ့အထိ ငေးကြည့်နေမိတော့သည်...
*knock knock*
"ကျောင်းအုပ်ကြီးခင်ဗျ ကျွန်တော် ဝမ်ရိပေါ်ပါ
ဝင်ခွင့်ပြုပါခင်ဗျ"
"aww ဝမ်လောင်ရှီး လာဗျာ ထိုင်"
"ဟုတ်"
"ဝမ်လောင်ရှီးကို ခေါ်ရတာက ဝမ်လောင်ရှီးကို အလုပ်တစ်ခု ကမ်းလှမ်းချင်လို့ပါ"
"ဗျာ ကျွန်တော် အခု အလုပ်က"
ရိပေါ်မှာ ကျောင်းအုပ်စကားကြောင့် ရင်ထဲဒိန်းခနဲဖြစ်သွားရသည် သူ့ကိုအလုပ်ထုတ်မှာတော့ မဟုတ်ဘူးမလား...
ကျောင်းအုပ်နျန်သည်လည်း ရိပေါ်၏ စိုးရိမ်နေသည့် မျက်နှာအမူအယာကိုကြည့်ရုံဖြင့်ပင် ရိပေါ်၏အတွေးကို သိသည့်အလား ရယ်မောကာ စကား ဆက် ဆို၏။
"အာ မစိုးရိမ်ပါနဲ့ ဝမ်လောင်ရှီးထင်သလို မဟုတ်ပါဘူး"
"အာ"
"ဒီလိုပါ ဝမ်လောင်ရှီး Xiao Groupကိုသိတယ်မဟုတ်လား"
ရိပေါ်သိတာပေါ့ Xiao Groupဆိုတာ တရုတ်မှာတင်မဟုတ် ကမ္ဘာထိကို ထိုးဖောက်နေတဲ့ Companyကြီးတစ်ခုဖြစ်သည်...ပြီးတော့ ထိုCompanyပိုင်ရှင်က Single Fatherတစ်ယောက်ဖြစ်သည်တဲ့ ။မျက်နှာကိုတော့ မမြင်ဖူးပေ။ရိပေါ်ကမိမိ အလုပ်ကိစ္စကလွဲ ကျန်တာတွေ ဂရုမစိုက်အားလို့ ဖြစ်သည်။
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်"
"ရှောင်းသခင်ကြီးမှာ သုံးနှစ်အရွယ် သားတစ်ယောက်ရှိပါတယ် ။ ရှောင်းသခင်ကြီးကလည်း အလုပ်တစ်ဖက်နဲ့မို့ သခင်လေးကို သူ့အစား ဂရုစိုက်စောင့်ရှောက်ပေးဖို့ ကလေးထိန်း တစ်ယောက်လောက်ရှာပေးပါလို့ ကျွန်တော့်ကို တောင်းဆိုလာတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီအလုပ်နဲ့ ထပ်တူညီတဲ့
သူက ဝမ်လောင်ရှီးလို့ပဲ ထင်မိလို့ အခုလို ခေါ်ပြီး အကြောင်းကြားတာပါ ဝမ်လောင်ရှီးသဘောကရော"
ရိပေါ် အမှန်အတိုင်း ဆိုရလျှင် ဒီအလုပ်မှ မပြောင်းချင်ပေ...ရိပေါ်က မိဘမဲ့တစ်ယောက်ဖြစ်သည်။
အသက်ပြည့်လို့ ဂေဟာကထွက်လာကတည်းက အချိန်ပိုင်းအလုပ်တွေ သိမ်းကျူံးလုပ်လို့ ဘွဲ့တစ်ခုရတဲ့ အထိ ကြိုးစားခဲ့ရတာဖြစ်သည်။
ပြီးတော့ ဒီကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်နိုင်ဖို့အတွက်လည်းအများကြီး ကြိုးစားခဲ့ရသေးသည်။ ဒီကျောင်းမှာ တက်တဲ့ ကလေးတွေအားလုံးက အကောင်ကြီးကြီးသားသမီးတွေမို့ သူတို့လေးတွေကို စာသင်ပေးတဲ့ဆရာတွေကလည်း အဆင့်မှီမှီ ဖြစ်ရမည်ဖြစ်တာကြောင့် ဒီကျောင်းမှာ အလုပ်ရဖို့မလွယ်ပါပေ။ထို့ကြောင့်လဲ ဒီကျောင်းမှ ကျောင်းဆရာ တစ်ဦး၏ လ စာ မှာ ကုမ္ပဏီ ကြီး တစ်ခုမှ ဝန်ထမ်း တစ်ဦး၏ လ စာ နဲ့ ညီမျှပေသည်။
ဒါပေမယ့် ကျောင်းအုပ်ပြောတဲ့အလုပ်ကိုလည်း စိတ်ဝင်စားပြန်သည်...
"ဟို လ စာက"
"အော ဟုတ်သားဗျာ ကျုပ်ကလည်း အဓိက ကိုပြောဖို့မေ့နေတယ် လစာက ယွမ်၅သိန်းပါ"
ရိပေါ်မှာ ယွမ်၅သိန်းဆိုတဲ့စကားကြောင့် မျက်လုံးအပြူးသားဖြစ်သွားရသည် ယခုအလုပ်မှာတောင် လစာက ယွမ်၁သိန်းခွဲပဲ ရတာဖြစ်သည်...အင်း
"ဟို ကျွန်တော် စဉ်းစားပါရစေအုံးခင်ဗျ"
"အာ ဟုတ်ပါပီဗျာ ဝမ်လောင်ရှီး အလုပ်လက်ခံတယ်ဆိုရင်တော့ ဒီလိပ်စာcard ထဲက အိမ်ကို သွားလိုက်ပါဗျ"
"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံးခင်ဗျာ"
"ကောင်းပါပီ"
ရိပေါ်လည်း ကျောင်းအုပ်ပေးတဲ့ လိပ်စာ cardကို ယူလို့ ရုံးခန်းထဲက ထွက်လာခဲ့သည်...သူ့အတွေးထဲမှာတော့ အလုပ်ဝင်သင့် မဝင်သင့်ကိုသာ တွေးတောနေမိတော့သည်......
• • •
ရိပေါ် တစ်ယောက် ခမ်းနားကြီးကျယ်လွန်းတဲ့
အိမ်ကြီးကိုကြည့်ပြီး အချိန်အတန်ကြာသည်
ထိ အံသြငြိမ်သက်နေမိသည်...
မနေ့က ကျောင်းဆင်းကတည်းက တိုက်ခန်းကိုတန်း
မပြန်ပဲ ရိပေါ်အရင်နေခဲ့သည့် ဂေဟာကို ခန သွားဖြစ်ခဲ့သည်...
ဂေဟာမှူး 'မားရှန်'ပြောတာကတော့ ရိပေါ်တို့ဂေဟာကို အရင်ကလို ထောက်ပံ့သူတွေသိပ်မရှိတော့သလို ဂေဟာရှိ
ကလေးအရေအတွက်လည်း ပိုများလာသည်တဲ့။
ရိပေါ်လည်း ရတဲ့လစာထဲမှ တစ်ဝက် ကို ဂေဟာကို အမြဲထောက်ပ့ြံဖစ်ပေမယ့် ငွေက နည်းလွန်းတာကြောင့် ဂေဟာတစ်ခုလုံးအတွက်မလုံလောက်ပေ။
ဒါကြောင့် ရိပေါ် ကျောင်းအုပ်နျန်ပြောသည်ကို
လက်ခံပြီး ရှောင်းသခင်လေးအတွက်လိုအပ်နေသည့် ကလေးထိန်းအလုပ်ကို လုပ်ရမည်။ဒါမှလည်း ဂေဟာကို များများထောက်ပံ့နိုင်မှာဖြစ်သည်။
ရိပေါ် အတွေးတွေကို လက်စသတ်ပြီး ခြံရှေ့ နံရံမှ
လူခေါ်ဘဲလ် ကိုနှိပ်လိုက်သည်။
မကြာခင် အသက်20ကျော် ဝန်းကျင် ကောင်လေး တစ်ယောက်ထွက်လာတာကို တွေ့လိုက်ရသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လည်း"
"ဟို ကျောင်းအုပ်နျန် လွှတ်လိုက်တာပါဗျ"
ထိုသို့ပြောတော့မှ ထိုကောင်လေးက ခါးကြားထဲမှ ဖုန်းကိုထုတ်လို့ တိုးတိုးတိတ်တိတ် ဖုန်း ပြောနေလေသည်။
ရိပေါ်လည်း သူတစ်ပါး Personalကို မစပ်စုသင့်ဘူးထင်တာကြောင့် ဟိုငေးသည်ငေးဖြင့်သာ နေလိုက်တော့သည်။
"အိမ်တော်ထိန်းက ဝင်လို့ရပါပီတဲ့ အကိုလေး "
"ဟုတ်ကဲ့"
စောစောက ဖုန်းဆက်တာ ရိပေါ်ရောက်လာတာကို အကြောင်းကြားဖို့ဆက်နေတာမှန်း ရိပေါ်သိလိုက်သည်...
ထို့နောက် ထိုကောင်လေး လမ်းပြသည့်အတိုင်း လိုက်လာခဲ့သည်။
လျှောက်လမ်းတစ်လျှောက် တွေ့ရသည့်အရာများကြောင့် ရိပေါ်မှာ နှူတ်ခမ်းလုံးလုံးလေးတွေ ဝိုင်းတက်သွားသည်အထိ အံသြနေရသည်...
ခြံရှေ့ကနေ အိမ်ကြီးဆီရောက်ဖို့အထိ မိနစ်20 နီးပါး လမ်းလျှောက်ရသည့်အပြင် လမ်းတစ်လျှောက်မှာလည်း မျိုးစုံသည့် ပန်းတွေမှ ရနံ့သင်းသင်းလေးတွေကို ရနေသေးသည်...ရောင်စုံကျောက်တုံးလှလှလေးတွေကိုလည်း လျှောက်လမ်းတစ်လျှောက်အစီအရီခင်းထားသေးသလို နှင်းဆီအဖြူတွေ ပြည့်နေသည့် ဥယျာဉ်လေးနှင့် ခမ်းနားပြီး သာယာလှသည့် ရေကူးကန် ကြီးကိုလည်း တွေ့ရလေသည်။
ို့လမ်းတော်တော်လျှောက်ပြီးမှသာ ရိပေါ်တို့တွေ ကြီးကျယ်ခမ်းနားလှသည့် သုံးထပ်တိုက် အိမ်ကြီးဆီကိုရောက်လာတော့သည်။ထိုအိမ်ကြီးဆီ ရောက်တော့ အသက်50အရွယ် ဦးလေး တစ်ယောက်က ထွက်လာကာ ရိပေါ်ကို အထက်အောက် အစုံအဆန် ကြည့်လို့ အမေး ပြုလေသည်။
"ကြွပါ အကိုလေးက ကျောင်းအုပ်နျန်လွှတ်လိုက်တဲ့ ဆရာဝမ်ရိပေါ် မဟုတ်လားဗျာ"
"ဟုတ်ကဲ့ဗျ ကျွန်တော် ဝမ်ရိပေါ်ပါဗျ"
"ကြွပါ......ရီရီရေ! ရီရီ!!! လာအုံး ဒီက အကိုလေးအတွက် သောက်စရာတစ်ခုခုသွားစီစဉ်ချေ...ပြီးရင် သခင်ကြီးကို ကျောင်းအုပ်နျန်လွှတ်လိုက်တဲ့သူရောက်နေပြီဖြစ်ကြောင်း သွားအသိပေးလိုက်"
"ဟုတ်ကဲ့ ဘဘ!"
ထို ဦးလေးသည် မိန်းကလေးတစ်ဦးကိုခေါ်ကာ ပါးစပ်က ကရားရေလွှတ်သကဲ့သို့ မရပ်မနား ခိုင်းစေပြီးသည်နှင့် ရိပေါ်ကို လက်ဟန်ဖြင့် အိမ်ထဲကို ဝင်စေ၏။
ရိပေါ်မှာတော့
အိမ်ထဲမှ ကြွေပြားခင်းတွေကို နင်းရမှာတောင် အားနာသွားရသည်။
ပန်းကနုတ်ပုံကြွေပြားချပ်ကြီးတွေသည် ပြောင်လက် သန့်ရှင်းနေသည်မှာ မိမိ ပုံရိပ်ကိုတောင် မြင်နေရသည်အထိ။
ရိပေါ်လည်း အံ့သြနေဟန်ကိုထိန်းကာ ထိုဦးလေး ဦးဆောင်လမ်းပြသည့် ဆိုဖာခုံတွေဆီကို
လျှောက်သွားကာ ထိုင်လိုက်သည် ...
"ကျွန်တော်က ဒီရှောင်းအိမ်တော်ရဲ့အိမ်တော်ထိန်း အန်းမင် ပါ"
ရိပေါ်သည် မိမိမှာ ဒီအိမ်ကြီးတွင် ကလေးထိန်းလာလုပ်တာဖြစ်သော်လည်း
မိမိကိုရိုသေဟန်ပြုနေကြသည့် လူတွေကြောင့် နေရခက်စွာပင်ကိုယ်ကိုကျူံ့လို့ ဟန့်တားမ်ိသည်...
"ဟို ရိပေါ်ကို ရိပေါ်လို့ပဲ ခေါ်ပါ ဦးလေးအန်း...
လူကြီး တစ်ယောက်က သားအရွယ်လူငယ်တစ်ယောက်ကိုအခုလို ရိုရိုသေသေ ဆက်ဆံတာ မသင့်တော်ပါဘူး"
အိမ်တော်ထိန်းအန်းမှာ ရိပေါ်ရဲ့စကားကြောင့် ပြုံးမိသွားသည်။ဒီလူငယ်ကလေးက မျက်နှာလှလှလေးနဲ့လိုက်အောင် ရိုးသားဖြူစင်လွန်းပေသည်လေ။
မကြာခင်ပဲ အိမ်အပေါ်ထက်က ဆင်းလာတဲ့အရိပ်တစ်ခုကြောင့် ရိပေါ်မှာ မှင်သက်သွားရသည်။စီးထားသည့် လည်သာ ဖိနပ်မှာ ဈေးကြီးအဖိုးတန်မှန်းသိသာစွာ နက်စွေးတောက်ပြောင်လျက်။
အနက်ရောင်Suitကိုသေသပ်စွာဝတ်ဆင်ထားပြီး ရှည်လျားသည့်အရပ်ကြောင့်ထိုလူသည် ဧကရာဇ်တစ်ပါးလို အရှိန်အဝါကိုပိုင်ဆိုင်ထား၏။
ဆံသားနက်နက်တွေကို သေသပ်စွာ အပေါ်ကိုဖီးသင်ထားပီး နဖူးမကျဉ်းမကျယ်၊ နက်မှောင်လွန်းသည့် မျက်ခုံးနက်တွေ ၊ ဗာဒံဆေ့သဏ္ဌာန်မျက်လုံးဝိုင်းတွေပေါ်ဖြာကျနေသည့် မျက်တောင်ရှည်တွေ ၊ နှာတံချွန်ချွန်နဲ့သေသပ်စွာ စေ့ပိတ်ထားတဲ့နှုတ်ခမ်းသားတွေက ဆေးလိပ်သောက်မှန်းသိသာစွာ အနည်းငယ်ညိုနေသေးသည်။ထိုနီညိုရောင် နှုတ်ခမ်းသားရဲ့အောက်က မှဲ့နက်လေးကို မြင်မိချိန်မှာတော့ ရိပေါ်၏ နှစ်ပေါင်း25နှစ်တာလောက်ငြိမ်သက်နေသည့် နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်လာပါတော့သည်...
မောင်......
ရိပေါ်မသိလိုက်ခင်မှာတင် ရိပေါ်ကိုယ်တိုင်ထိုလူ့ကို လိုလိုလားလားခေါ်ချင်မိသည့်နာမ်စားလေးက
မောင် ဟူ၍ပင်...
••••••••••••••••••••••••••••••••••
Zozo's note :နောက်ဆုံးတော့ my survivalလေးကို ကတိအတိုင်း ပြန်လည် ခေါ်ဆောင်လာခဲ့ပါပြီ ပြောပါဦး ဇိုဇိုက ချစ်ဖို့ကောင်းတယ်မလား...😂😂
Zaw!
*ဒေါက် ဒေါက်*
*knock knock*
ကြားလိုက်ရတဲ့ အသံချိုချိုလေးကြောင့် ထိုအသံပိုင်ရှင်ကို ရှုစားချင်လွန်းတဲ့စိတ်တွေနဲ့
အို......လှရက်လိုက်တာ...
"ဆရာမရှင်း ဆရာမရှင်း"
"ရှင် ဆ ဆရာဝမ်"
"ဟုတ် ဟုတ်ကဲ့ပါ ဆရာဝမ်"
*knock knock*
ဝင်ခွင့်ပြုပါခင်ဗျ"
"ဟုတ်"
"အာ"
"ဟို လ စာက"
"ကောင်းပါပီ"
• • •
ရိပေါ်လည်း ရတဲ့လစာထဲမှ တစ်ဝက် ကို ဂေဟာကို အမြဲထောက်ပြံ့ဖစ်ပေမယ့် ငွေက နည်းလွန်းတာကြောင့် ဂေဟာတစ်ခုလုံးအတွက်မလုံလောက်ပေ။
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ ဘဘ!"
ရိပေါ်မှာတော့
မိမိကိုရိုသေဟန်ပြုနေကြသည့် လူတွေကြောင့် နေရခက်စွာပင်ကိုယ်ကိုကျူံ့လို့ ဟန့်တားမိသည်...
မောင်......
မောင် ဟူ၍ပင်...
••••••••••••••part-1 end•••••••••••••
Continue Reading
You'll Also Like
126K 4.5K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...
500K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
101K 4.3K 50
โฅโฅโฅ [BNHA x Fem!Reader] โ›โ›๐”ธ๐•๐• ๐•ฅ๐•™๐•– ๐•ฃ๐•š๐•”๐•™๐•–๐•ค ๐•“๐•’๐•“๐•ช, ๐•Ž๐• ๐•Ÿ'๐•ฅ ๐•ž๐•–๐•’๐•Ÿ ๐•’๐•Ÿ๐•ช๐•ฅ๐•™๐•š๐•Ÿ๐•˜, ๐”ธ๐•๐• ๐•ฅ๐•™๐•– ๐•ฃ๐•š๐•”๐•™๐•–๐•ค ๐•“๐•’๐•“๐•ช...
115K 945 20
|๐‰๐”๐‰๐”๐“๐’๐” ๐Š๐€๐ˆ๐’๐„๐ ๐— ๐…๐„๐Œ ๐‘๐„๐€๐ƒ๐„๐‘| ~โ€ข๐‰๐ฎ๐ฃ๐ฎ๐ญ๐ฌ๐ฎ ๐Š๐š๐ข๐ฌ๐ž๐งโ€ข~ ~โ€ข๐Ž๐ง๐ž ๐ฌ๐ก๐จ๐ญ๐ฌโ€ข~ ~โ€ข๐˜/๐ง ๐ฐ๐ข๐ญ๐ก ๐๐ข๐Ÿ๐Ÿ๐ž๐ซ๐ž๐ง๐ญ ๐œ๐ก๐š...