ငါ့တပည့်တွေအကုန် ဗီလိန်တွေချည...
By Mortal-Edge
168K 23.3K 126
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More
အခန်း (၁၉၈)
အခန်း (၁၉၉) လူလိမ်များ၏တိုက်ပွဲ
အခန်း (၂၀၀) တစ်မိုးသားအောက် အကြီးမြတ်ဆုံးဂိုဏ်း
အခန်း (၂၀၁) ခမ်းနားခြင်းကျင့်စဉ်? ထွက်သွား
အခန်း (၂၀၂) တာ့ရှစ်ရှိုး ဆင်းလာပြီ (က)
အခန်း (၂၀၂) တာ့ရှစ်ရှိုး ဆင်းလာပြီ (ခ)
အခန်း (၂၀၃) ဘီလုံးငှက်မျှော်စင်
အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (က)
အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (ခ)
အခန်း (၂၀၅) အံ့ဖွယ်မြို့တော်၏ နတ်လေးသျှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဟွားယွဲ့ရှင်း (
အခန်း (၂၀၆) ယန်ကျစ်ယွင်စန်း ပြေးစရာမရှိတော့ဘူး
အခန်း (၂၀၇) ခုနစ်ရက်လား၊ ကျောက်စိမ်းမိန်းမပျိုလေး ထိခိုက်သွားတာလား
အခန်း (၂၀၈) မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခွင့်၊ စီးဝူယာ့ ဘယ်မှာလဲ
အခန်း (၂၀၉) ဒါကမင်းကောင်းဖို့အတွက်ပဲ
အခန်း (၂၁၀) အမည်မဲ့ သူတောင်းစားနှင့် ယွင်စန်း ပြန်ရောက်လာခြင်း
အခန်း (၂၁၁) အပိုင်းအစများစုစည်းခြင်း
အခန်း (၂၁၂) သူတောင်းစားအိုကြီး
အခန်း (၂၁၃) ကောင်းကင်အပိုင်းအစများပေါင်းစည်းခြင်း
အခန်း (၂၁၄) ကောင်းကင်ကျမ်းအဖွင့်
အခန်း (၂၁၅) အချိန်နှင့် ဒီရေသည် လူကိုမစောင့်
အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း(က)
အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း (ခ)
အခန်း (၂၁၇) ဝက်တစ်ကောင်မှာတောင် သူ့တန်ဖိုးရှိတယ်
အခန်း (၂၁၈) တစ်စုံတစ်ယောက်ကို ဖျောင်းဖျဖို့ နည်းလမ်း (က)
အခန်း (၂၁၈) တစ်စုံတစ်ယောက်ကို ဖျောင်းဖျဖို့ နည်းလမ်း (ခ)
အခန်း (၂၁၉) ရှိချန်းသဲ့ရှီးကန်၊ မိစ္ဆာဝေဟင်မျှော်နန်း၏ လူတစ်ယောက် (က)
အခန်း (၂၁၉) ရှိချန်းသဲ့ရှီးကန်၊ မိစ္ဆာဝေဟင်မျှော်နန်း၏ လူတစ်ယောက် (ခ)
အခန်း (၂၂၀) မော့လီနှင့် မော့ချီ
အခန်း (၂၂၁) စနိုးစနှောင့်ဖြစ်ချင်ယောင်ဆောင်ဖို့အခွင့်အရေးမရှိ
အခန်း (၂၂၂) တောက်ပနေသည့် ရွှေလက်ဝါးကို တွေးကြည့်လိုက်ပါ
အခန်း (၂၂၃) နန်းတော်မှစစ်ကူများ
အခန်း (၂၂၄) အမှောင်စစ်သည်တော် လေးယောက်
အခန်း (၂၂၅) ယွီကျန့်ဟိုင်၏ရည်ရွယ်ချက်
အခန်း (၂၂၆) တပည့်များကို ဖမ်းဆီးခြင်း
အခန်း (၂၂၇) ဘာကြောင့်များကျွန်တော့်ကို ထိခိုက်အောင်လုပ်ရတာလဲ စန်းရှစ်တိ
အခန်း (၂၂၈) ချုပ်နှောင်ရေး မန္တန်
အခန်း (၂၂၉) မင်းအသက်က ငါနဲ့ဘာမှမသက်ဆိုင်ဘူး
အခန်း (၂၃၀) စီးဝူယာ့၏ နည်းလမ်း
အခန်း (၂၃၁) တစ်လှေတည်းစီး
အခန်း (၂၃၂) ရှည်လျားလှသော ဘဝအတွက် လျို့ဝှက်ချက်
အခန်း (၂၃၃) မိစ္ဆာဝေဟင်မျှော်နန်းကို အမုန်းဆုံးသူ
အခန်း (၂၃၄) ရီမျိုးရိုးနာမည်နှင့် မိတ်ဆွေတစ်ယောက်
အခန်း (၂၃၅) နောက်လိုက်တပည့်တစ်ဦးအတွက် ကိစ္စရပ်များကို ခက်ခဲအောင်လုပ်
အခန်း (၂၃၆) ရှစ်စွင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ ပြန်လိုက်ခဲ့
အခန်း (၂၃၇) မင်ရှစ်ရင်၏နည်းလမ်း
အခန်း (၂၃၈) ယွီရှန်းရုန်၏ သဘောထား
အခန်း (၂၃၉) စီးဝူယာ့၏ အပြစ်ဒဏ်
အခန်း (၂၄၀) ရှစ်စွင်းက အသက်ကြီးနေပြီ
အခန်း (၂၄၁) လျစ်လျူရှုခံထားရသော သေတ္တာ
အခန်း (၂၄၂) ပျောက်ဆုံးသွားသည့် သော့
အခန်း (၂၄၃) ဆယ့်သုံးစောင်မြောက် စိန်ခေါ်စာ
အခန်း (၂၄၄) သူ့သဘောပဲ
အခန်း (၂၄၅) သေသည်အထိတိုက်ခိုက်
အခန်း (၂၄၆) ပဒုမ္မာစင်မြင့်အထက်မှ အနိုင်အရှုံးလုပွဲ
အခန်း (၂၄၇) မိစ္ဆာဝေဟင်မျှော်နန်း၏ အမည်ကို ရှင်းလင်းခြင်း
အခန်း (၂၄၈) အကူ
အခန်း (၂၄၉) ငါ တိုက်ခိုက်ဖို့မတန်
အခန်း (၂၅၀) ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ
အခန်း (၂၅၀) ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ (ခ)
အခန်း (၂၅၁) စတေးရန်ကမ်းလှမ်းခြင်း
အခန်း (၂၅၂) ကောင်းကင်ဓားဂိုဏ်း၏ ဝှက်ဖဲ
အခန်း (၂၅၃) စွမ်းအား (က)
အခန်း (၂၅၃) စွမ်းအား (ခ)
အခန်း (၂၅၄) ရှစ်ရှိုးမှာ ရွေးချယ်စရာ မရှိဘူး
အခန်း (၂၅၅) လောင်ချီနှင့်ကြွက်ငါးကောင်
အခန်း (၂၅၆) ငမိုက်သားက ညှိနှိုင်းနေခွင့် မရှိဘူး
အခန်း (၂၅၇) သေတ္တာဖွင့်ခြင်း
အခန်း (၂၅၈) သူ့တပည့်များကို ဆုံးမပြုပြင်ပေးဖို့ အဆုံးမရှိဘူး
အခန်း (၂၅၉) နည်းရှစ်သွယ်ဆက်နွယ်ခြင်း
အခန်း (၂၆၀) ဒါက အဆင့်မြင့် ပညာရှင်အစစ်အမှန်ပဲ
အခန်း (၂၆၁) ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး
အခန်း (၂၆၂) ပိုရက်စက်သည့် နည်းလမ်း
အခန်း (၂၆၃) ကျောက်စိမ်းကဲ့သို့တောက်ပသောလ
အခန်း (၂၆၄) ပုဂ္ဂိုလ်ကြီးဘေးက သိုင်းပညာရှင်
အခန်း (၂၆၅) ရှန့်စုရှုမြို့နှင့်အံ့ဖွယ်မြို့ရှိအနှောင့်အယှက်
အခန်း (၂၆၆) ရှစ်စွင်းကို ကူညီပေးဖို့
အခန်း (၂၆၇) တာ့ရှစ်ရှိုး၏လူ
အခန်း (၂၆၈) အသိအကျွမ်းဟောင်း၊ စွန့်စားမှုထဲမှ အမြတ်
အခန်း (၂၆၉) မင်းသားချီချင်ကျွင်း
အခန်း (၂၇၀) အမှောင်ယင်လက်ဝါး လီကုန်းကုန်း
အခန်း (၂၇၁) အကြောင်းပြချက်ဖြင့်ဖျောင်းဖျခြင်း
အခန်း (၂၇၂) ကျင့်ဝတ်ဖြင့် ဖျောင်းဖျခြင်း
အခန်း (၂၇၃) အမည်ဖြင့်ဖျောင်းဖျခြင်း
အခန်း (၂၇၄) လက်သီးဖြင့် လွှမ်းမိုးခြင်း
အခန်း (၂၇၅) ကောင်းကင်ကျမ်းစာ စာလိပ် ပြန်လည် ဖွင့်ခြင်း
အခန်း (၂၇၆) ဟိုငမိုက်သား ပြဿနာထပ်ရှာပြန်ပြီ
အခန်း (၂၇၇) ရှစ်စွင်းရဲ့နောက်ဆုံးမီးစာလား
အခန်း (၂၇၈) ကောင်းကင်စွမ်းအားနှင့် ဆန့်ကျင်ခြင်း
အခန်း (၂၇၉) ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ နောက်ဆုံးကြွင်းကျန်အစိတ်အပိုင်း
အခန်း (၂၈၀) သက်ကြီးရွယ်အိုကို ဦးစားပေးခြင်း
အခန်း (၂၈၁) ခုနစ်စင်ကြယ်
အခန်း (၂၈၂) ပထမပွဲမှာ ရှုံးနိမ့်ခြင်း
အခန်း (၂၈၃) မဟာနတ္ထိဘုရားကျောင်း၏ ပထမဆုံးကျောင်းထိုင်
အခန်း (၂၈၄) အစကတည်းက အကြီးမြတ်ဆုံးမိစ္ဆာဇင်
အခန်း (၂၈၅) မိစ္ဆာဇင်က ဇင်မဟုတ်
အခန်း (၂၈၆) ဓားဘုရင်
အခန်း (၂၈၇) အညံ့ခံခြင်း
အခန်း (၂၈၈) မိစ္ဆာဇင်မှာ ဒုတိယ
အခန်း (၂၈၉) ရှင်နေသော သေသူ
အခန်း (၂၉၀) တိုက်ပွဲတစ်ခု၏ ကတိကဝတ်
အခန်း (၂၉၁) အဖြူရောင်အမျိုးသမီး
အခန်း (၂၉၂) ဒဏ္ဍာရီလာ နတ်မိမယ်မျိုးနွယ်နှင့် တတိယနည်းစနစ်
အခန်း (၂၉၃) ခေါင်းတလားထဲကလူ
အခန်း (၂၉၄) သီးသန့်လေ့ကျင့်ခြင်း
အခန်း (၂၉၅) ဒီနေရာကို ပျံသန်းလာတဲ့ခေါင်းတလား
အခန်း (၂၉၆) သူ ရောက်လာပြီ
အခန်း (၂၉၇) လက်ရွေးစင်များကြားရှိတိုက်ပွဲတစ်ပွဲ
အခန်း (၂၉၈) မိစ္ဆာဝေဟင်မျှော်နန်း၌ ဓားတိုက်ပွဲ
အခန်း (၂၉၉) နောက်ထပ်သေရည်တစ်ခွက်
အခန်း (၃၀၀) အရောင်အစစ်အမှန်
အခန်း (၃၀၁) ကျင့်စဉ်တစ်မျိုးက နည်းလမ်းမျိုးစုံကိုဆန့်ကျင်ခြင်း
အခန်း (၃၀၂) ပွင့်ချပ်ကိုးလွှာ၏ လျှို့ဝှက်ချက်
အခန်း (၃၀၃) အနောက်အရပ်ဖြတ်သန်းခွင့်ကိုကျော်လွန်၍ နှုတ်ဆက်ခြင်း
အခန်း (၃၀၄) တာ့ရှစ်ရှိုးရဲ့ ရည်မှန်းချက်
အခန်း (၃၀၅) နောင်ကျ မင်းတို့တွေကို သင့်တော်သလို ညွှန်ပြပေးမယ်
အခန်း (၃၀၆) ကြောက်ခမန်းလိလိ ပါရမီ
အခန်း (၃၀၈) အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး
အခန်း (၃၀၉) တတိယမြောက် ကောင်းကင်ကျမ်းစာ စာလိပ်ကျင့်စဉ်
အခန်း(၃၁၀) လေးခုမြောက် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း
အခန်း (၃၁၁) ယဲ့ထျန်းရှင်း၏လျှို့ဝှက်ချက်
အခန်း(၃၁၂) ယွီရှန်းရုန်၏ ဇာစ်မြစ်
အခန်း (၃၁၃) လက်ဖြင့်ညွန်ကြားပြသခြင်း
အခန်း (၃၁၄) လောင်ပါ့ရဲ့ ကျင့်စဉ်ကို ပြည့်စုံစေခြင်း
အခန်း (၃၁၅) ထူးကဲသောကတ်များက ခက်ခဲမှုကို တိုးစေ
အခန်း(၃၁၆) ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး
အခန်း (၃၁၇) မြစ်ဘေးမှာပုံမှန်လမ်းလျှောက်နေကြလူတစ်ယောက်က သူတို့ဖိနပ်ရေစိုမှာကို မ
အခန်း(၃၁၈) ကျန်းအိုက်ကျန့်၏ အစီအစဉ်ကို ထိုးဖောက်မြင်ခြင်း
အခန်း (၃၁၉) သူတို့ကိုယ်ပိုင်ကစားပွဲမှာ သူတို့ကိုရိုက်ချ
အခန်း(၃၂၀) လှည့်ပတ်ကျီစယ်
အခန်း (၃၂၁) ပွဲကြီးပွဲကောင်း
အခန်း (၃၂၂) သက်ရှိအားလုံးက တန်းတူပဲ
အခန်း (၃၂၃) ငါဒီမှာရှိနေရင် ငါတို့မရှုံးဘူး
အခန်း (၃၂၄) နတ်ဆိုးကို ဘယ်အရာက ဖြစ်စေတာလဲ
အခန်း (၃၂၅) ဒါဆိုအတူသေတာပေါ့
အခန်း(၃၂၆) မင်းသားကို သတ်၊ အလင်းခွင်းတိမ်တိုက်တောအုပ်
အခန်း (၃၂၇) လူလိမ်လူကောက်များနောက်လိုက်ခြင်း
အခန်း (၃၂၈) ကန့်သတ်ချက်၊ ယွီရှန်းရုန်၏ ရည်မှန်းချက်
အခန်း (၃၂၉) နောက်ဆုံးတိုက်ပွဲ
အခန်း (၃၃၀) ပွင့်ချပ်ရှစ်လွှာအဆင့် ထိပ်သီးကျင့်ကြံသူတွေက ဘာလို့အားကောင်းကြတာလဲ
အခန်း (၃၃၁) သူက ဘယ်သူနဲ့ယှဉ်မှာလဲ
အခန်း (၃၃၂) ရလဒ်
အခန်း (၃၃၃) ရှိခိုးကောင်က ပုစဉ်းရင်ကွဲကိုချောင်းနေချိန် အနောက်က စာဝါငှက်ကိုသတိမပ
အခန်း (၃၃၄) အတိတ်တုန်းက ငါ မင်းကို ဘယ်လိုသင်ပေးခဲ့လဲ
အခန်း (၃၃၅) ဟိုမှာတောက်ပတဲ့လတစ်စင်းရှိတယ်
အခန်း(၃၃၆) မိတ်ဆွေဟောင်းနှင့် တွေ့ဆုံသလိုမျိုး
အခန်း (၃၃၇) ဆည်းပူးခြင်း
အခန်း (၃၃၈) ယွီရှန်းရုန်၏ ဓားလမ်းစဉ်
အခန်း (၃၃၉) မလိုအပ်သော ပလွှားမှု
အခန်း(၃၄၀) ပွင့်ချပ်ကိုးလွှာ မဟုတ်ဘူးလား
အခန်း (၃၄၁) စိတ်နေသဘောထားက မင်းဓားရဲ့အမြင့်ကို ဆုံးဖြတ်ပေးတယ်
အခန်း(၃၄၂) ယွီရှန်းရုန်ကို လမ်းညွှန်ပြသခြင်း
အခန်း (၃၄၃) မုရှီး၏သက်တမ်း
အခန်း(၃၄၄) သစ္စာဖောက်ကို သင်ခန်းစာပေးခြင်း
အခန်း (၃၄၅) ငှက်များ၏ ငှက်မွေးတစ်ခု
အခန်း(၃၄၆) အထီးကျန်လရောင်မြို့အတွင်းမှ ဝိညာဉ်ငိုရှိုက်သံ
အခန်း (၃၄၇) မျက်ရည်စွန်းထင်း လက်ဝှေ့အိတ်
အခန်း(၃၄၈) ယွီရှန်းရုန်၏ လျှို့ဝှက်ချက်
အခန်း (၃၄၉) အံ့ဖွယ်မြို့တော်မှ လာရောက်လည်ပတ်သူများ
အခန်း(၃၅၀) အသက်ရှည်မှု လမ်းစဉ် ရှာဖွေကြသူများ
အခန်း (၃၅၁) အဝိုင်းခံထားရတာ ဘယ်လိုခံစားရလဲ
အခန်း(၃၅၂) မင်းက လူမှားရွေးမိပြီ
အခန်း (၃၅၃) လျိုရှစ်ကျဲက ပိုဖြူ
အခန်း(၃၅၄) ညတွင်းချင်း ဆံပင်ဖြူသွားခြင်း
အခန်း (၃၅၅) သူလာသည့်နေရာကို ပြန်သွားခြင်း
အခန်း(၃၅၆) သူ အေးနေတာ ဖြစ်မယ်
အခန်း (၃၅၇) ကျင့်ကြံခြင်းလောကကိုဖိန့်ဖိန့်တုန်သွားစေသောစာရင်း
အခန်း (၃၅၈) တစ်ကိုယ်တည်းဖြစ်ဖို့ ကံပါလာပြီးသား
အခန်း (၃၅၉) ကောင်းကင်ကြီးကအေးစက်သွား (က)
အခန်း (၃၅၉) ကောင်းကင်ကြီးကအေးစက်သွား (ခ)
အခန်း(၃၆၀) သောင်းကြမ်းသော စီးတော်သားရဲ
အခန်း (၃၆၁) အနောက်အရပ်ကိုကြည့်ပြီး ဝေဟင်က ဝံပုလွေကိုပစ်ခွင်း
အခန်း (၃၆၂) မဆုံးဖြတ်ရသေးသော
အခန်း (၃၆၃) ရွေ့လျားနေသော တိမ်တိုက်များ
အခန်း(၃၆၄) ဂိုဏ်းကြီး တစ်ဂိုဏ်း၏ သဘောထား
အခန်း (၃၆၅) ဘဝ၌ အမှန်တရားလမ်းစဉ်
အခန်း (၃၆၆) မျှော်နန်းဆောင်အိုကြီး
အခန်း (၃၆၇) အမှန်တရားနှင့်ဆန့်ကျင်ဖက်
အခန်း (၃၆၈) လူအိုကြီးများ၏ ခြိမ်းခြောက်မှု
အခန်း (၃၆၉) ဂိုဏ်းချုပ်
အခန်း (၃၇၀) ပွင့်ချပ်ကိုးလွှာအဆင့်၏ တကယ့်ကွာဟချက်
အခန်း (၃၇၁) သေခြင်းတရားပေါ် ထိုးထွင်းသိမြင်မှု။
အခန်း (၃၇၂) မျက်စိတစ်မှိတ်အတွင်း နှစ် ၂၀
အခန်း (၃၇၃) မင်းသာနေတဲ့အချိန်မှာ ထွက်သွား
အခန်း(၃၇၄) ကမ္ဘာကို စစ်တုရင်ခုံအဖြစ်
အခန်း (၃၇၅) မိစ္ဆာသုတ်သင်ရေးအစီအစဉ်
အခန်း(၃၇၆) အစောင့်အရှောက် ယဲ့ထျန်းရှင်း
အခန်း (၃၇၇) ပွင့်ချပ်ကိုးလွှာနည်းလမ်း အပိုင်း (၁)
အခန်း (၃၇၈) ပွင့်ချပ်ကိုးလွှာ နည်းလမ်း (အပိုင်း ၂)
အခန်း (၃၇၉) ယွီရှန်းရုန်ကိုသတ်
အခန်း (၃၈၀) အခွင့်အရေးသုံးခု
အခန်း (၃၈၁) ဓားနတ်ဆိုး
အခန်း(၃၈၂) ရည်မှန်းချက်နှင့် သန္ဓေပြောင်း ရွှေကြာ
အခန်း (၃၈၃) ကောလာဟလများ ပျံ့နှံ့လာပုံ
အခန်း(၃၈၄) ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး
အခန်း (၃၈၅) မုရှီးသင်္ချိုင်းနှင့် အရိုးစုပုံ
အခန်း(၃၈၆) နေ့စဉ်နေ့တိုင်း အထိုးခံရခြင်း
အခန်း (၃၈၇) စွမ်းအားကိုခမ်းနားစွာပြသမှု
အခန်း(၃၈၈) လူသားလက်နှင့် ကောင်းကင်အဆင့် လက်နက်
အခန်း (၃၈၉) ထပ်မံပိုင်းဖြတ်ခြင်း
အခန်း (၃၀၇) မဟာလေရတနာစည်းတံဆိပ်
751 97 0
By Mortal-Edge
အခန်း (၃၀၇) မဟာလေရတနာစည်းတံဆိပ်
အကြီးအကဲသုံးယောက်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့က လုကျိုး၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေလေ၏။
ဖန်လီထန်းက ထည့်ပြောလိုက်သည်။
“ပုံမှန်ဆို ကျင့်ကြံသူတစ်ယောက်က နည်းလမ်းတွေ ပိုပြီး ကျင့်ကြံနေရင် ပိုနှေးလိမ့်မယ်။ ကျင့်ကြံသူအများစုက သူတို့ဘဝမှာ ကျင့်စဉ်နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးကိုပဲ အထူးပြုကျင့်ကြံဖို့ ရွေးချယ်ကြတာ”
လုကျိုးက မထောက်ခံပေ။ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“မင်းရဲ့စကားက မှန်ပါရဲ့၊ ဒါပေမဲ့ အဲဒါက ကျင့်ကြံသူပေါ်လည်း မူတည်သေးတယ်။ တာအိုကိုယ်ပျောက်ခြင်းဆိုတာက ပြောရရင် ထွက်ပြေးတဲ့စွမ်းရည်တစ်မျိုးပဲလေ။ တာအိုဂိုဏ်းအောက်မှာ နည်းလမ်းပေါင်း ရာချီထောင်ချီ ရှိနေတာ။ အမျိုးအစားတွေက စိတ်ရှုပ်ထွေးစေနိုင်တယ်။ ဒါတောင်မှ ကျင့်စဉ်ရဲ့ အားသာချက်တွေကို ပေါင်းစည်းနိုင်တဲ့ နည်းလမ်းတစ်ခု ဟုတ်မနေဘူး။ တကယ်တော့ သူတို့ရဲ့ ကျင့်ကြံမှုမှာ သုံးနိုင်တဲ့ စွမ်းအင်က လူတိုင်းမှာ အကန့်အသတ်ရှိတယ်။ ကျင့်စဉ်တစ်မျိုးတည်းကို ပြီးပြည့်စုံတဲ့ အနေအထားထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့သူ တွေက ခမ်းနားတဲ့ ကျင့်ကြံသူတွေလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ငါ့ရဲ့တပည့်တွေကတော့ တခြားသူတွေနဲ့မတူဘူး”
သူ ပြောပြတာကို နားလည်စေရန် အကြီးအကဲသုံးယောက်ကို အသေးစိတ် ရှင်းပြရန် မလိုအပ်ချေ။ ကျန်သည့်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ကျင့်ကြံရန်အတွက် အမျိုးမျိုးသော လမ်းကြောင်းများမှ တစ်ခုကိုသာ ရွေးချယ်နိုင်သည်။ သို့သော် သူ့ရှေ့ရှိ ကျင့်ကြံသူကမူ မိစ္ဆာဝေဟင်မျှော်နန်း၏ နဝမတပည့်ဖြစ်သည်။ ပါရမီအရ သူမကို မည်သူမျှ ကျော်မတက်နိုင်လောက်ပေ။ သူမက ကျင့်စဉ်အချို့ ပိုမိုသင်ယူရန် အချိန်နှင့် စွမ်းအား ရှိခဲ့မည် ဆိုလျှင် ယင်းက ကိစ္စကောင်းတစ်ရပ် ဆိုတာ သေချာ၏။
လန်လော့က လက်သီးဆုပ်လိုက်သည်။
ဖန်လီထန်းက ပြောလိုက်လေ၏။
“လန်လော့ မင်းတစ်ဘဝလုံး တာအိုကိုယ်ပျောက်ခြင်းကို လေ့လာခဲ့တာပဲ။ အားလုံးကထွက်ပြေးဖို့ပဲလေ။ ဒါပေမဲ့ မင်း သတ်ဖြတ်ခြင်းသိုင်းကိုလည်း မင်း တိတ်တဆိတ် သင်ယူခဲ့တာပဲ မဟုတ်လား။ မဟုတ်ရင်.. အခု မင်း ဒီနေရာမှာ ရပ်နေနိုင်မယ်လို့ ငါ မထင်ဘူး”
လန်လော့က သူတောင်းစားကြီးကို ကြည့်တောင် မကြည့်ပေ။ သေရေးရှင်ရေး အခြေအနေမှာ ငါ့အခြေအနေကို ချနင်းနေတာ ဒီသူတောင်းစာအိုကြီးက တကယ်ရက်စက်တာပဲ။
ဖန်လီထန်းက လုကျိုးဘက်လှည့်ပြီး လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်က ရှောင်ယွမ်အာအတွက် အသင့်တော်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုဆိုတာ ကျုပ်ထောက်ခံတယ်။ ဒါပေမဲ့ သူက ခဏပဲ ကျင့်ကြံရသေးတာ။ သူ့အုတ်မြစ်ကို ဖြည်းဖြည်းချင်း တည်ဆောက်ရမယ်”
ပြီးနောက် သူက ဘူးသီးခြောက်ကို ထုတ်လိုက်၏။ သူမ၏ နိဗ္ဗာနခါးစည်းဖြင့် ပုလင်း၏ ဘူးဆို့ကို ဖယ်ရှားစဉ်က သူ လုပ်ပြခဲ့ပုံကို အမှတ်ရစေရန် ဖြစ်သည်။ စစ်ဆေးမှုအရ သူမက အခြေခံထိန်းချုပ်မှု ချို့တဲ့နေတာ သိသာ၏။ သို့သော်ငြား ယင်းက ညတွင်းချင်း လေ့ကျင့်၍ရသည့်အရာမဟုတ်ပေ။
“ကျုပ်ထောက်ခံတယ်”
ဟွားဝူတောက်က ပြောသည်။ လန်လော့က လက်မခံပေ။
“သူက သင်ယူခါစလို့ ခင်ဗျားပြောလိုက်တာ မဟုတ်လား။ ဒီလိုဆိုမှတော့ သူ့မှာအခု တည်ငြိမ်တဲ့အုတ်မြစ်ရှိဖို့ ခင်ဗျားဘယ်လိုများ မျှော်လင့်ထားတာလဲ။ နှစ်တစ်ရာလောက် ကျင့်ကြံပြီးမှ ရနိုင်တဲ့ ထိန်းချုပ်မှုကို မိန်းမငယ်လေးက ပြလာလိမ့်မယ်လို့ ခင်ဗျားမျှော်လင့်နေတာလား။ ခင်ဗျားအစား ရှက်မိတယ်”
ဖန်လီထန်းက အံ့ဩသွားလေ၏။
“ကျုပ်ထောက်ခံတယ်”
ဟွားဝူတောက်က ထပ်ပြောပြန်သည်။ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် ကျန်သည့် အမျိုးသမီး ကျင့်ကြံသူများက ဇဝေဇဝါ ဖြစ်သွားကြသည်။
လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ သူက ထိုအဘိုးကြီးများကို ခက်ခဲသည့်အချိန် ပေးခဲ့သည်။ သူတို့အဖို့ ကြက်ဥထဲက အရိုးရွေးဖို့က ခက်ခဲမှန်း တွေးထင်ထားပြီးသား ဖြစ်သည်။ လက်နောက်ပစ်ထားလျက် သူက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်တော့သည်။
“မင်း အကြီးအကဲ သုံးယောက် သင်ပြပေးတာကို ရင်ထဲ မှတ်သားထားရမယ်။ ပြီးတော့ မင်းရဲ့ပစ္စည်းတွေကို အားကိုးလွန်းနေတယ်။ ဒီနေ့ကစပြီး မင်းရဲ့နိဗ္ဗာနခါးစည်း၊ တိမ်ယံလျှောက်လမ်းဖိနပ်၊ တိမ်ယံငှက်မွေးဝတ်စုံတွေကို သိမ်းထားရမယ်။ မလိုအပ်ရင် သုံးခွင့်မရှိဘူး”
“ဟမ်..”
ရှောင်ယွမ်အာက မကျေမချမ်း ဖြစ်သွားသည်။
လုကျိုးက ထပ်ပြောလိုက်၏။
“ပွင့်ချပ်ငါးလွှာအဆင့်ကို ရောက်ပြီးမှ ဒါကို ပြန်စဉ်းစားပေးမယ်”
အကြီးအကဲသုံးဦးက ခေါင်းညိတ်လိုက်၏။ ယင်းက အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်သည်။ သို့သော်ငြား သူတို့က တိုက်ရိုက်ပြောထုတ်ရသည်အထိ သတ္တိမရှိကြပေ။ သူမ၏ ရတနာများက မယောင်ရာ ဆီလူးနေသည့်ပမာပင်။ သူမ၏ ခိုင်မြဲသော ကျင့်ကြံဆင့်ကို နောက်သို့ ပြန်ဆွဲနေ၏။ တစ်စုံတစ်ယောက်က ၎င်းကို ထောက်ပြမည် ဆိုလျှင် သူတို့က သူမ၏ရတနာကို တပ်မက်နေတာ သို့မဟုတ် အားကျနေတာဟု တွေးထင်သွားလောက်သည်။ သူမ၏ဆရာ ထုတ်ပြောတာကို အသင့်တော်ဆုံး ဖြစ်၏။
“ဟုတ်ကဲ့ ရှစ်စွင်း..”
ရှောင်ယွမ်အာက ထိုအချက်ကို လက်မခံလိုသော်ငြား လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်လေ၏။
“တင်း.. ရှောင်ယွမ်အာကို ညွှန်ကြားပြသပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၃၀၀”
မြန်လိုက်တာ ငါ ကုသိုလ်မှတ် ၉၀၀ ရနေပြီးပြီ။ လမ်းညွှန်ခြင်းလမ်းကြောင်းက ကျယ်ဝန်းတဲ့ လမ်းကျယ်တစ်ခု ဖြစ်နေပုံပဲ။
“ဒါဆို သွားတော့..”
လုကျိုးက လက်ဝှေ့ယမ်းလိုက်လေ၏။ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက တစ်ပြိုင်နက်တည်း အရိုအသေ ပေးပြီးနောက် ထွက်သွားသည်။ အကြီးအကဲသုံးဦး၏ ရင်ထဲ ခံစားချက်များ ပြည့်သွားတော့၏။ ဟွားဝူတောက်က ထုတ်ပြောလိုက်တော့သည်။
“ကျုပ်ရဲ့ မျက်စိနဲ့သာ မမြင်ရဘူးဆိုရင် ဒါက မျှော်နန်းသခင် တပည့်တွေကို သင်ပြပေးတဲ့ နည်းလမ်းဆိုတာ ယုံမှာ မဟုတ်ဘူး။ အပြင်လောကက ပြောနေတာနဲ့ မတူဘူးပဲ”
လုကျိုးသည် ထိုကောလာဟလများ ဘာမှန်း သိထားပေ၏။ သူက သူတို့ကို ဖျော်ဖြေချင်စိတ် မရှိပေ။
ဖန်လီထန်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“ကျုပ်တစ်ခုလောက် မေးချင်ပါတယ် မျှော်နန်းသခင်”
“ဘာများလဲ”
လုကျိုးက လှည့်ကြည့်လိုက်၏။
“တွေးကြည့်တော့မှ မိစ္ဆာဝေဟင်မျှော်နန်းထဲ ရောက်နေတာ အခုဆို အချိန်တချို့ ရှိသွားပြီ။ တခြားကျင့်စဉ်တွေရဲ့ အားသာချက်ကို လေ့လာနေတယ်လို့ ကြားထားတယ်။ အဲဒါ အမှန်ပဲလား”
ဖန်လီထန်းက မေးလိုက်၏။ ယင်းက ဟွားဝူတောက်နှင့် လန်လော့တို့ သိချင်နေသည့် အကြောင်းအရာလည်း ဖြစ်သည်။ လုကျိုးသည် ဗုဒ္ဓဇင်၊ ဗုဒ္ဓရွှေခန္ဓာ၊ မိစ္ဆာဇင်၊ တာအိုကျင့်စဉ်၊ တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတတို့ကို ကျွမ်းကျင်ကြောင်း သူတို့ သိထားသည်။ ဓားနှင့် ဓားမော့သိုင်းအတွက်မူ သူ့တပည့်များကို ကြည့်ပြီး သူတို့ ကျွမ်းကျင်ပုံကို သူတို့ ပြောနိုင်ပေ၏။ လုကျိုးက ပြောလိုက်သည်။
“တစ်မိုးအောက်က ဂိုဏ်းတွေက တူညီတဲ့ပန်းတိုင်နောက် လိုက်နေကြတာ”
သူ့ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ယခုအခေါက်တွင် သူ၏လက်ထဲ၌ အသုံးပစ္စည်းကတ် ရှိမနေပေ။ သူက ကနဦးချီကို ဆွဲထုတ်ပြီး အသုံးပစ္စည်းကတ်ပုံ ရေးဆွဲရန် ကြိုးစားလိုက်၏။ လက်သင်္ကေတက ပိုရိုးရှင်းလာသည်ဟု သူ ခံစားမိသည်။ အသုံးပစ္စည်းကတ်များက လုကျိုး ကတ်များအသုံးပြုသည့် အချိန်၌ သင်ပြပေးနေသေည့် ပညာရှင်များသဖွယ် ဖြစ်နေသည်။ မိုးကောင်းကင်အောက်ရှိ အမျိုးမျိုးသော ဂိုဏ်းများက တူညီသည့်ပန်းတိုင်ကို လိုက်ကြသည်။ အနှစ်သာရအရ သူတို့အားလုံးက ကနဦးချီကို သုံးပြီး စွမ်းအင်အဖြစ် သိပ်သည်းတာပဲ ဖြစ်သည်။ တိုက်ခိုက်သည်ဖြစ်စေ။ ခုခံသည်ဖြစ်စေ။ သိမ်မွေ့သည်ဖြစ်စေ။ လွှမ်းမိုးသည်ဖြစ်စေ။ သူတို့၏ စိတ်ကူးဉာဏ်အပေါ်သာ မူတည်နေသည်။
ကနဦးချီက လုကျိုး၏ လက်ဖဝါးထဲ သိပ်သည်းလာပြီး နာရီလက်တံ ပြောင်းပြန်ပုံသဏ္ဌာန်လှည်ပတ်နေလေ၏။
ယင်းက ပြီးစီးသွားသည့် လက်သင်္ကေတတစ်ခု ပေါ်လာလေ၏။
အကြီးအကဲသုံးယောက်က လုကျိုး၏ လက်ဖဝါးပေါ်ရှိ လက်ဝါးရာကို စိုက်ကြည့်လိုက်သည်။
“မဟာလေကြောင်းရတနာစည်းတံဆိပ်..”
လုကျိုးက ဘယ်လက်ဖြင့် မုတ်ဆိတ်သပ်လျက် စည်းတံဆိပ်ကို ကျေနပ်စွာ ထုတ်ပြလိုက်သည်။ ယင်းက အသုံးပစ္စည်းကတ်များက ထုတ်ဖော်သည့် ကြီးမားသည့် စည်းတံဆိပ်ကိုးခုနှင့် ယှဉ်နိုင်ပေ၏။ သို့သော်ငြား ယင်းက သရုပ်ပြမှုတစ်ခုသာ ဖြစ်သည်။ သူ၏ခွန်အားအပြည့်ဖြင့် ထုတ်ပြစရာ မလိုပေ။
အကြီးအကဲသုံးယောက်က တအံ့တဩဖြင့် နှုတ်ခမ်းသပ်မိသွားသည်။ မဟာလေကြောင်းရတနာစည်းတံဆိပ်နားတစ်ဝိုက်၌ အက္ခရာအသေးလေးများ ရစ်ဝဲနေလေ၏။ သူတို့ထဲမှ တစ်ခုက တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတတစ်ခု ဖြစ်သည်။
“ကျုပ်ရဲ့အမြင် ကျယ်သွားပြီ”
“ဒါကို ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ လုပ်နိုင်ရတာလဲ”
“အံ့ဩဖို့ ကောင်းလိုက်တာ၊ မယုံနိုင်စရာကောင်းလိုက်တာ”
“တကယ့်ကို လူအိုကြီးတွေ ဖားတဲ့ မျှော်နန်းဆိုတာ အမှန်ပဲ”
လုကျိုးက လက်သီးဆုပ်လိုက်၏။ မဟာလေကြောင်းရတနာစည်းတံဆိပ်က ပျော်ကွယ်သွားတော့သည်။
ဟွားဝူတောက်က လုံလောက်သည်ဟု ထင်ပုံမရပေ။ သူက လက်သီးဆုပ်မိုးလျက် ထပ်ပြောလိုက်သည်။
“မျှော်နန်းသခင် ဒီလိုဆိုရင် လျို့ဟယ်တာအိုစည်းတံဆိပ်ကိုရော.. သုံးနိုင်လား”
လုကျိုးက တည်ငြိမ်ပုံပေါ်၏။ သို့သော်ငြား စိတ်ထဲတွင်မူ ကျိန်ဆဲနေလေ၏။ ခင်ဗျားဘာကြောင့် ဒီလိုနည်း လုပ်နေရတာလဲ။ လိုအပ်တာထက် ပိုပြီး သရုပ်မဆောင်ချင်ဘူး။ ဘယ်အချိန်ကျမှ ပြီးမှာလဲ။ လန်လော့သည် လုကျိုးက တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတသုံးတာကို တွေ့ဖူးသည်။ ထို့ကြောင့် ထပ်မြင်ရတာ မအံ့ဩပေ။ လျို့ဟယ်တာအိုစည်းတံဆိပ်သည် ဟွားဝူတောက်၏ ဖန်တီးမှု ဖြစ်သည်။ စွမ်းရည်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ ကျွင်းကျင်သူတစ်ယောက် ထုတ်ဖော်လျှင် ၎င်း၏ အလားအလာ အပြည့်အဝကို ရောက်နိုင်မည်။ ထို့အပြင် သူ နှစ်ပေါင်း၂၀ကျော် ကျင့်ကြံလာခဲ့သည့် လိပ်ခွံကျင့်စဉ်ဖြစ်၏။ လုကျိုး၏ ကျင့်စဉ်က နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။ သူ မည်ကဲ့သို့ သုံးနိုင်မည်နည်း။
ဖန်လီထန်းက ပြောလိုက်၏။
“ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျေးဇူးပြုပြီး သရုပ်ပြရင်း ကျွန်တော်တို့ကို အမြင်ချဲ့ပေးပါ မျှော်နန်းသခင်”
“ကျုပ်ထောက်ခံတယ်”
လန်လော့က ပြောလိုက်၏။ အဘိုးအိုလေးဦး၏ ပြောစကားများသည် အနီးရှိ လူငယ်ကျင့်ကြံသူလေးများ၏ နားထဲ ရောက်သွားသည်။ အားလုံးက အဝေးကနေ လေ့လာနေရာမှ အနီးကပ် ရွေ့လာကြသည်။ အားလုံးက တလေးတစား ရပ်နေပြီး အသေးစိတ် လွဲချော်သွားမှာကို စိုးရိမ်နေ၏။ ထိုအဘိုးအိုလေးယောက်အဖို့ ဤကဲ့သို့ ဆွေးနွေးနေတာ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ ငါ ပြစ်ချက်မဲ့ကတ်ကို သုံးသင့်လား။ မဟုတ်ဘူး.. မဟုတ်ဘူး ရှိုးပြဖို့ သက်သက် သုံးလိုက်ရင် ဖြုန်းတီးရာ ရောက်နေမှာ။
...
Page cbမှာ hi ပို့ပြီး  paid group ဝင်လို့ရပါတယ်ဗျ
GP 1(61-160)
GP 2(161-260)
GP 3(261-360)
GP4(361-460)
15 ပိုင်းပါ doc တစ်ခုကို page cbမှာ hi ပို့ပြီး ဝယ်ယူလို့ ရပါတယ်ခင်ဗျာ
Zawgyi
“ကျုပ်ထောက်ခံတယ်”
ဟွားဝူတောက်က ပြောသည်။ လန်လော့က လက်မခံပေ။
“ကျုပ်ထောက်ခံတယ်”
“ဟမ်..”
“ဟုတ်ကဲ့ ရှစ်စွင်း..”
“ဒါဆို သွားတော့..”
“ဘာများလဲ”
“ကျုပ်ထောက်ခံတယ်”
...
GP 1(61-160)
GP 2(161-260)
GP 3(261-360)
GP4(361-460)
Continue Reading
You'll Also Like
221K 32.2K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...
125K 19.2K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...
141K 22.5K 65
English name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယ‌ေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြ...
168K 23.3K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...