'LOTUS KILLER' {Ongoing}

By Mary_koe552005

146K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

31

2.4K 226 48
By Mary_koe552005

"မောင် မင်း လိပ်စာက မှန်ရော မှန်ရဲ့လားကွာ. .ဒီ လမ်းတင် မင်း ပတ်နေတာ တစ်နာရီ ရှိလှပြီ . ."

"ရှင်မော် ကလည်း မောင် လည်း ရှာနေတာပဲကို . . . မောင် အ အားနေနေတာမှ မဟုတ်ဘဲ. . ."

"ကျစ်. . .ကြာတာကွာ မြန်မြန်ရှာ ငါ ဗိုက်ဆာတယ်. . ."

မာန်သွေးရောင် က မင်းရှင်မော်ရဲ့ စိတ်မရှည်မှုတွေကို သည်းခံစွာနှင့် လေပူတွေကို နှာဖျားမှ တစ်ချက် မှုတ်ထုတ်လိုက်သည်။

မင်းရှင်မော်နဲ့ ပြိုင် ငြင်းမနေချင်တော့။

"ဒီ အိမ်နဲ့ တူတယ်. . . မောင် လည်း မရောက်တာကြာတော့ သိပ်မမှတ်မိချင်ဘူး. . ."

မာန်သွေးရောင်က ‌အရှေ့ နားဆီက ကွမ်းယာဆိုင်ဆီမှာ ကားရပ်လိုက်ပြီးနောက် ကားမှန်ချကာ

"တစ်ဆိတ်လောက်ပါခင်ဗျ. . .ကိုဉာဏ်ကိုးနောင်ရဲ့ အိမ်ကို သိလား"

အမေးခံရသော ဦးလေးသည် ခေါင်း တဗျင်းဗျင်းကုတ်လိုက်သည်။ဒီ ရက်ကွက်ထဲနေတာ ကြာပါပြီ။သို့သော် ဤကိုးနောင် ကို မသိပေ။

"မသိဘူး ငါ့ညီ. . ."

မင်းရှင်မော်က ကျစ်ခနဲ စုတ်ထပ်သပ်ကာ

"မာန်သွေးရောင် မင်းဖယ် ငါမေးမယ်. . . ဒေါက်တာ စိုင်းဆိုင်ခမ်းနော့ဝ်ရဲ့ အိမ် သိလားဗျ"

ထိုခါမှ ထိုလူသည် အလင်းပေါက်သွားကာ

"ဪ ဒေါက်တာ့အိမ် က ဒီလမ်းကိုပဲ ညာချိုးလိုက်ရင် ရောက်ပြီ . . .ခြံ အကြီးကြီးနဲ့ အိမ်အကြီးကြီး က ဒေါက်တာ အိမ်ပါပဲ"

"ကျေးဇူး"

ဒေါက်တာစိုင်းဆိုင်ခမ်းနော့ဝ် ဆို တစ်ရက်ကွက်လုံး သာမက တစ်မြို့လုံး သိသည်။အပြုံးချို၍ စိတ်သဘောထား ကောင်းလှသော ဒေါက်တာလေးကို မြင်ရုံနဲ့ပင် ရောဂါ တစ်ဝက် အသာလေး သက်သာစေသည်။သို့သော် ဉာဏ်ကိုးနောင်ကိုတော့ မသိပေ။

မင်းရှင်မော်က မာန်သွေးရောင် ခေါင်းကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး "ငါ မပါရင် မပြီးဘူး" ဆိုသော အထာနဲ့ ငေါ့သည်။

"ကိုယ့် အဆက်ဟောင်း လိပ်စာ ကိုယ် သေချာ မှတ်ထားမှပေါ့. . ."

"ရှင်မော် ! "

မာန်သွေးရောင်က အနည်းငယ် စူပုတ်သွားသည်။ရှယ်သွယ်သော မျက်ခုံးတန်းတန်းတို့က မျက်မှောင်ကုတ်သွားသည်။ကားမှန်တံခါး ဖွင့်ထားတာကြောင့် မာန်သွေးရောင်၏ အနည်းငယ် ခွေလိမ်သော ဆံပင်‌ရှည်တို့က မျက်နှာပေါ် လွင့်ဝဲ ကပ်နေသည်။

တိတ်ဆိတ်သွားသော ဝန်းကျင်ကြောင့် မင်းရှင်မောင်က မာန်သွေးရောင်ကို စောင်းငဲ့ကြည့်သည်။

"ဒီလောက်လေး စတာကို စိတ်ကောက်ရအောင် မင်းက ကလေးလား"

"မစနဲ့ ကျွန်တော် မကြိုက်ဘူး"

"ဟေ့ စိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး"

မင်းရှင်မော်က မာန်သွေးရောင်ရဲ့ ဖြူသော ပါးကို လှမ်းဖဲ့သည်။နူးညံ့အိစက်သော အထိ‌တွေ့က အသွေးသားထဲ စီးဆင်းသွားသည်။

မာန်သွေးရောင်က ရှောင်လိုက်သည်။

"ကျွန်တော် ကားမောင်းနေတယ်လေဗျာ. . ."

သို့သော် မင်းရှင်မော်က သွားတန်းလေးများပေါ် သည်ထိ ပြုံးကာ မာန်သွေးရောင် အနားကပ်ကာ ကလေးမြူသလို ကလူကမြူလုပ်လေသည်။

"သွေးရောင် သွေရောင်လေး ဟေ့ မောင့်. . . ကိုယ့် က ချစ်လို့ စတာပါကွာ"

"ကျွန်တော် ကို ဘယ်ချိန်ထိ အစ်ကို ကိုးနောင်နဲ့ သမုတ်နေမှာလဲ. . .မဟုတ်ဘူး ခင်ဗျား ကျွန်တော်ကို တွေ့ကရာလူနဲ့ လျှောက် လျှောက် သမုတ်နေတာ များနေပြီ ကျွန်တော် တကယ် စိတ်ဆိုးတယ်ဗျ"

"ဆောရီး ကိုယ် တောင်းပန်တယ်နော်. . . မင်း မကြိုက်ရင် မပြောတော့ဘူး ဟုတ်ပြီလား. . . စိတ်မဆိုးပါနဲ့ မင်း စိတ်ဆိုးရင် ကိုယ် ဝမ်းနည်းတယ်. . ."

"မွေးကတည်းက ခင်ဗျား တစ်ယောက်တည်းနဲ့ပဲ ပတ် အလုပ်ရှုပ်နေခဲ့တာ. . .အချစ်ဦးလည်း ခင်ဗျားပဲ ရည်းစားဦးလည်း ခင်ဗျားပဲ ညားတော့လည်း ခင်ဗျားပဲ. . ."

မင်းရှင်မော် က မာန်သွေးရောင် ညာလက်ကို ဆွဲယူလိုက်သည်။

"မောင် ကားမောင်းနေပါတယ်ဆို. . ."

"မင်း လက်တစ်ဖက်တည်းနဲ့လည်း မောင်းတတ်သားပဲကိုကွာ ကိုယ့် ကို မင်းလက်ပေးထား . . ."

မင်းရှင်မော်က မာန်သွေးရောင်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။သူ က မာန်သွေးရောင် လက်ချောင်းများကို ပွတ်သပ်ကျီစယ် လိုက်ရင်း လက်ဖမိုးကို နမ်းရှိုက်လိုက်သည်။

"ဟောဒီ လက်ချောင်းလေးတွေ . . .လက်ဖမိုးလှလှလေး . . . "

မင်းရှင်မော်က လက်မောင်းရင်းထိ ပွတ်ဆွဲနမ်းရှိုက်လိုက်ရင်း

"ဒီ လက်မောင်း . . ."

ပြီး မာန်သွေးရောင် ရဲ့ လွင့်ဝဲနေတဲ့ ဆံပင်ကို နားကြားမှာ ထိုး သပ်တင်လိုက်ရင်း ပါးကို
ခပ်ဖွဖွ နမ်းလိုက်သည်။

"ဒီ ဆံပင်လေးတွေ . . . အားလုံးက ကိုယ့် အပိုင်တွေ . . . တစ်ခါတစ်လေ မင်းကို ကိုယ် သိပ် သဝန်တိုတာပဲ"

"တော်ပါတော့ ရပါပြီ မောင် ကြက်သီးတောင် ထလာပြီ. . ."

မာန်သွေးရောင်က ပြုံးရယ်ကာ ဆိုသည်။မာန်သွေးရောင်သည် နှုတ်ခမ်းအလွန်လှသော သူ ဖြစ်သည်။သူ့ နှုတ်ခမ်းသည် မပြုံးလျှင်တောင် ပြုံးယောင်သန်းနေကာ ပြုံးလျှင်တော့မူ ထို နှုတ်ခမ်းလေးများကို နှလုံးသားထဲထိ တစ်သက်လုံး ထည့်သိမ်းထားချင်စရာ ဖြစ်သည်။

"အိုကွာ စာရေးဆရာရဲ့ ယောက်ျားပဲ ဒီလောက်တော့ အနုအယွ ကဗျာဆန်တတ်ရမှာပေါ့. . ."

မကြာခင်ပင်  စိန်ပန်းပင် ပိတောက်ပင်များစွာ ခပ်စိပ်စိပ် ပေါက်ရောက်နေသော ခြံတစ်ခြံ ၏ ရှေ့သို့ ရောက်လာလေသည်။

ခြံ တံတိုင်းများ အလွန်မြင့်မားသောကြောင့် အိမ်ထဲကိုတောင် လှမ်းမမြင်ရပေ။

ခြံရှေ့ဝယ် ကားရပ်လိုက်ပြီး ခြံတံခါးမှသည် အိမ်တွင်းဆီ မျှော်ရီ ကြည့်လိုက်သည်။ပတ်ဝန်းကျင် အနေအထားသည် အလွန်မင်း ဆိတ်ငြိမ်ငြိမ် ရှိလှသည်။လူပြတ်သည်။ဓားပြတိုက် လူသတ်သွားရင်တောင် ဘယ်သူမှ သိမည် မဟုတ်။

မာန်သွေးရောင်က bellကို နှိပ်လိုက်သည်။ခြံတံခါးမှနေ၍ အထဲဆီ ကပ်တိုးကြည့်စဉ် ဆံပင်ဝါဝါ မျက်သားပြာပြာနဲ့ လူတစ်ယောက် ကို မြင်လိုက်သည်။ထိုသူ က သူ့ကို မြင်သောအခါ ဘာကိစ္စလဲ ဆိုသော မျက်လုံးများနဲ့ စူးစမ်းသည်။

"ဘာလဲ အဲ့ကောင်က ခြံစောင့်လား"

မင်းရှင်မော်က ထိုသူကို ခြေစ ခေါင်းဆုံး တစ်ချက်မျှ ကြည့်ကာ ပြောသည်။

"ဧည့်သည် ဖြစ်လောက်မယ် ထင်တယ်"

မာန်သွေးရောင်က ထိုသူကို စိုက်ကြည့်လိုက်သည်။ထိုသူသည် နိုင်ငံခြားသား ဖြစ်ပုံရသည်။

ခက်သည်ကား မာန်သွေးရောင်သည် မြန်မာစာမှာ တစ်ဖက်ကမ်းခတ်လောက်သော်လည်း အင်္ဂလိပ်စာဆို Yes နဲ့ Noကလွဲ ဖွတ်ကျားဖြစ်လှသည်။

"Do you know, Nyan Coe Naung ?"

ကံကောင်းစွာနှင့် ထိုသူက မာန်သွေးရောင်ပြောတာကို နားလည်ပုံရသည်။

အပြန် လှန်လှန် လက်ပြ ခြေပြ နဲ့ body language လုပ်နေသော မာန်သွေးရောင်ကို မင်းရှင်မော်က စိတ်မရှည်တော့ဟန်
တွန်းလိုက်၍ မင်းရှင်မော် သည် ကြည်လင်ပြတ်သားသော လေယူလေသိမ်းနဲ့
ပြောလိုက်ရာ တစ်ဖက်သူသည် တံခါးကို ချက်ချင်း တန်းဖွင့်ပေးတော့လေသည်။

မာန်သွေးရောင်၏ အထင်ကြီး လေးစားသော အကြည့်များကြောင့် မင်းရှင်မော်သည် ကော်လံကို တစ်ချက်ပင့်လိုက်သည်။

"ဒီလောက်ကတော့ အေးဆေးပါ"

မင်းရှင်မော် သည် ငယ်စဉ်ကတည်းက
ဥရောပ ကျောင်းမှာသာ ကြီးပြင်းလာသူ ဖြစ်သည်။သူ့တွက် ဒီလောက်က မခက်ခဲ
မပင်ပန်းပါသော်လည်း ချီးကျူးခဲသော
မာန်သွေးရောင်၏ မျက်ဝန်းများကြောင့်
မင်းရှင်မော် မှာ မြောက်ကြွကြွ ဖြစ်သွားသည်။

"ဒယ်ဒီ ရောက်ပြီလား. . ."

ရှင်မာန်က အကြောဆန့်ကာ အိပ်နေရာမှ အိပ်ချင်မူးတူး ထလာသည်။သူ့ဘေးက
ဟက်စကီကောင်က သခင်ပေါက်စကို လျှာနဲ့ လျက်ကာ နှုတ်ဆက်သည်။

"ဖလားဝါးလေး ငါ့ကို မလျက်နဲ့ဟ နံတယ်. . ."

ဖလားဝါးဟု အမည်တွင်သော ဟက်စကီမမက စိတ်ကောက်ဟန် နှာခေါင်းကြီး ရှုံ့လျက် ရှင်မာန်ကို ကျောပေးသွားသည်။

"မင်းကလည်း ဖေကြီး ကျနေတာပဲ. . .စိတ်ပဲ ကောက်နေတာ. . ."

"အောင်မာ ငါ ဘယ်မှာ စိတ်ကောက်လို့လဲ"

မာန်သွေးရောင်က ဝင်ပက်သည်။

"စိတ်ကောက်ပါစေ မင်းဖေ စိတ်ကောက်တာ ဒယ်ဒီမျက်လုံးထဲ ချစ်စရာလေး"

"ပြောတဲ့ သားက ပဲ မှားပါတယ်"

သူတို့သည် အိမ်ဆီ လျှောက်လှမ်းလာခဲ့ကြသည်။

အိမ်ကြီးသည် ခြောက်ကပ်ကာ တိတ်ဆိတ်လွန်းလှသည်။အိမ်ကြီးက အလွန်ကြီးသည်။လှပါသော်လည်း အနည်းငယ် မှိုင်းညှို့နေသည်။ကျက်သရေမရှိသလိုနှယ်။

ခြံထဲတွင်ပင် ကလေးကစားကွင်း အသေးစားပြုလုပ်ပေးထားသည်။

ထူထဲသော သစ်ပင်ကြီးများအောက်ဝယ် တည်ရှိသည်မို့ ကစားကွင်းလေးက အရိပ် ကောင်းလှ၏။

လေတိုက်၍ ဒန်းက တ ကျွီ ကျွီ နဲ့
မြည်နေသည်။

ခြံထဲပင် ခမ်းနော့ဝ်ရဲ့အောင်မြင်လှတဲ့ အသံအိုးကြီးကို ကြားရသည်။

ခမ်းနော့ဝ်က ဆေးရုံမသွားခင် နေ့လယ်စာ စားဖို့ တာဆူစဉ် ကိုးနောင်က ခမ်းနောဝ်ကို ထမင်းခူးပေးနေသည်။

မင်းရှင်မော် သည် ခမ်းနော့ဝ်ကို အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်သော်လည်း
ဉာဏ်ကိုးနောင်ကိုမူ ခေါင်းသာ ငြိမ့်ပြ၍
ဝတ်ကျေတန်းကျေ နှုတ်ဆက်လိုက်သည်။

"အာ တစ်မိုးအောက် တစ်ယောက် ကိုရှင်မော်နဲ့ ဂန္တဝင် စာရေးဆရာကြီး ပါလား . . .
လာဗျာ နေ့လယ်စာ ဝင်စားသွားပါဦး. . ."

ခမ်းနော့ဝ်ကမူ ဖော်ဖော်ရွေရွေ နှုတ်ဆက်သလောက် ဉာဏ်ကိုးနောင်ကမူ တစ်ချက်မျှ ဂရုမစိုက်။ခဏကြာမှသာ အေးစက်စက် အကြည့်တစ်ချက်သာ စွန့်ကြဲတော်မူသည်။

"တော်ပြီ . . . ကျွန်တော် တို့က စားပြီးသွားပြီဗျ"

"ဘာကိစ္စလဲ. . .မင်းတို့က ကိစ္စမရှိရင် အားအားယားယား လာမဲ့ကောင်တွေ မဟုတ်ဘူး"

ဉာဏ်ကိုးနောင်က မေးသည်။

"ဒီတစ်ပတ် တနင်္ဂနွေ ကျွန်တော်တို့ ကထိန်ပွဲ ရှိတယ်. . .စစ်ကိုင်းတောင် ( . . . )ကျောင်းတိုက်မှာ ခင်းမှာပါ. . .ကျွန်တော်နဲ့ ကိုရှင်မော်ရဲ့ တတိယမြောက် တန်ဆောင်တိုင် ကထိန်ခင်းခြင်းပဲ. . ."

မာန်သွေးရောင် က ပြုံးစစ နဲ့ ဂုဏ်ယူသလို ပြောသည်။သူတို့နှစ်ယောက် ပူးပေါင်းပြီး ကုသိုလ် လုပ်ဖို့ ဆိုတာ လွယ်သည့် ကိစ္စ မဟုတ်။

မင်းရှင်မော် သည် သူ့ အပိုင် ဖြစ်ကြောင်း အလွန် မဏ္ဍိုင်တက်ပြချင်သော မာန်သွေးရောင်တွက် အလှူသေးသေးလေး တစ်ခု ပြုရင်တောင် ကျောက်စာ အကြီးကြီးပေါ်တွင် ဦးမင်းရှင်မော် နဲ့ ဦးမာန်သွေးရောင် ဟု ယပြူးပြဲနေအောင် ကမ္ဗည်းမှတ်တမ်း ထိုးတတ်သည်။

ကလေးဆန်တယ်ပဲဆိုဆို မရင့်ကျက်ဘူးပဲ ပြောပြော ထိုသို့ အလှူမှတ်တမ်းကျောက်စာများအား မင်းရှင်မော်၏ အင်မတန် ဂုဏ်မောက်လှပါသော ဆွေတော်မျိုးတော် အပေါင်း မမြင် မြင်အောင်လည်း
အင်တာနက်ပေါ် တင် ကြွား တတ်သေး၏။

"ဒီတစ်ပတ် တနင်္ဂနွေ ဆိုတော့ ပိတ်ရက်ပဲ၊ ငါလည်း ပိတ်ရက် ငါးရက်တောင် ရတယ်. . . မင်းတို့က ည အိပ်မှာလား . . ."

"အိပ်မှာပေါ့ . . . ကျွန်တော်တို့က အလှူရှင်တွေပဲ. . .ဪ ဆတ်နွယ် ကော ပါတယ်. . . စစ်ကိုင်းတောင်မှာ ဝိပဿနာ ရှူချင်လို့တဲ့"

"ဟာ. . .ယောက်ဖလေးရောပါတာလား
ပျော်စရာကြီး. . . ကိုးနောင်!! . . . ငါတို့လည်း ည အိပ် လိုက်ရအောင် . . .မိသားစုလိုက် ခရီးထွက် ည မအိပ်ရတာ ကြာပြီ ကလေးတွေလည်း ကထိန်ပွဲ မတွေ့ကြုံဖူးသေးဘူး လိုက်သွားရအောင်"

ခမ်းနော့ဝ်က ကိုးနောင် လက်ကို ဆွဲကာ ပူဆာသည်။

"သွားချင် သွားလေ ကိုယ် မတားပါဘူး"

"ငါ တစ်ယောက်တည်း မသွားပါဘူး မိသားစုလိုက်သွားမှာပေါ့ . . . "

ကိုးနောင်က မာန်သွေးရောင်ကို ဦးတည်ကာ

"ဘယ်သူတွေ ပါဦးမှာလဲ"

"ကျွန်တော်တို့ပဲ အခြားသူတွေ မပါဘူး. . ."

မာန်သွေးရောင် သည် အခြားသူတွေ မပါဘူးဆိုတဲ့ နေရာမှာ စကားလုံး မသိမသာ ဖိ ပြောသည်။ကထိန်ပွဲဆို နှစ်ဦးနှစ်ဖက် ဆွေမျိုးတွေ ရောက်လာကြတာ ထုံးစံ ဖြစ်သည်။မာန်သွေးရောင် စကား အနေအထားအရ ဘယ် ဆွေမျိုးကိုမှ ဖိတ်ထားခြင်း မရှိကြောင်း သိသာ ပေါ်လွင်လှသည်။အထူးသဖြင့် မင်းရှင်မော့် ဘက်က ဆွေမျိုးများအား ရည်စူးလျက်။

ကိုးနောင် အနည်းငယ် ပျင်းသွားသည်။အကယ်၍ မင်းရှင်မော် ဘက်က အမျိုးတွေ ပါလာရင် မာန်သွေးရောင် နဲ့ သေချာပေါက် တစ်ပွဲတစ်လမ်း နွှဲကြမှာ ဖြစ်သည်။ခုတော့ ပွဲ မကြည့်ရတော့ ပျင်းစရာ ဖြစ်သည်။

မင်းရှင်မော် က ရောက်ကတည်းက ဆိုဖာပေါ် ခြေချိတ်ထိုင်ပြီး ဧည့်ခန်းကို အကဲခတ်နေသည်။မင်းရှင်မော် မျက်နှာထားသည် တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေသလား ထင်ရအောင် အထက်စီးဆန်သည်။

ခမ်းနော့ဝ်သည် မင်းရှင်မော် ရဲ့ အကြည့်ကို တစ်ခါတစ်လ သဘောမကျပေ။တစ်ဖက်သားကို မထီတရီ နှိမ်သလိုလို ကြည့်သည်။ထို့ကြောင့် သူ့အနား ရောက်ရင် လူက အလိုလို သေးသိမ်သွားသလိုလို။
မင်းရှင်မော်ကမှ တကယ့် ရှင်ဘုရင်တစ်ပါးလို အရှိန်အဝါ အပြည့် ဖြစ်သည်။

သို့သော် လူအကြောင်း ပေါင်းကြည့်မှ သိ ဆိုသလို မင်းရှင်မော် သည် စိတ်ရင်း စေတနာအားဖြင့် သဘောထား မဆိုးပါ။အလှူအတန်း ရက်ရောသည်။

အမ်း . . . ရက်ရောချက်ကတော့ လက်ဖွာတဲ့ အဆင့်တောင် ရောက်၏။

မင်းရှင်မော်က ခမ်းနော့ဝ်တို့ ကိုးတန်း ဆယ်တန်းတုံးက မြန်မာစာဆရာ လုပ်ပေးခဲ့ဖူးသည်။မင်းရှင်မော် က အတော်လေး ရယ်ခဲ ပြုံးခဲသည်။မင်းရှင်မော် အချိန်ဆို ခမ်းနော့ဝ်တို့မှာ ချီးတောင် မပေါက်ရဲအောင် အကြောက်ကဲခဲ့သည်။ထိုစဉ်က ကျောင်းသားတစ်ယောက်က မင်းရှင်မော် လက်တွင် ပတ်ထားတဲ့ နာရီကို 'လှလိုက်တာ ဆရာ' ဟု ပြောရာ 'မင်း လိုချင်လား ရော့' ဆိုပြီး သိန်းချီတန်သော နာရီကို ချက်ချင်း
ဝေသန္တရာလို ချွတ်ပေးခဲ့ဖူးသည်။ကျောင်းအုပ်ကြီးက  'ဒါမျိုး မလုပ်ပါနဲ့' လို့ပြောပြီး နာရီကို ပြန်ပေးတာတောင်
မင်းရှင်မော် က 'ကျွန်တော်က ပေးပြီးသား ပစ္စည်း ပြန်မယူဘူး' ဟု ပြောကာ ငြင်းပစ်ခဲ့သည်။ မင်းရှင်မော် က ဒီလို လူစားမျိုး။

ခမ်းနော့ဝ်သည် မင်းရှင်မော်လို ဇတ်ဇတ်ကြဲ မာန မင်းသားနဲ့ မာန်သွေးရောင်လို အားနေ ဟီလာ တိုက် ရူးပေါနေသော ကောင် ဘယ်လို ညားသွားသလဲ စဉ်းစားမရ။မာန်သွေးရောင့် ဗီဇက သဘောကောင်းသည် ကူညီတတ်သည် ရိုးသားသည် တစ်ခါတစ်ရံ အူတူတူ အတတ လည်း နိုင်သေးသည်။

ခမ်းနော့ဝ် ငယ်ငယ်က မာန်သွေးရောင်ကို ကျောင်းညာဘက်ဆုံး အိမ်သာက သရဲခြောက်တယ်၊ သေးပေါက်နေရင် ဂွေးစိ လှမ်းဆွဲတာ ဟု စခဲ့ရာ မာန်သွေးရောင် ခုချိန်ထိ ထိုအိမ်သာကို မတက်တော့ကြောင်း သနားဖွယ်ရာ တွေ့ရှိရသည်။သေးပေါက်ချင်တောင် အသေအောင့်ထားတာ ခမ်းနော့ဝ်နဲ့ ကိုးနောင် မှာ အနောက်ကနေ တိတ်တိတ်လေး ကြိတ်ရယ်ခဲ့ကြသည်။

မာန်သွေးရောင်က မင်းရှင်မော်ကို ကြိုက်နေတယ် ဟု သတင်းကြားစဉ် ခမ်းနော့ဝ် နဲ့ ကိုးနောင် သည် ခေါင်းချင်းဆိုင်ကာ ခွက်ထိုးခွက်လှန် လှောင်ရယ်ခဲ့ကြသည်။သူတို့သာ ရယ်တာ မဟုတ် တစ်ကျောင်းလုံး ဝိုင်းရယ်တာ ဖြစ်သည်။

ဥဩ တွေသာ ဖြူချင် ဖြူလာလိမ့်မည် ဒီ အူတူတူ အတတ လျှပ်ပြာပြာကောင်နဲ့ ဆရာ မင်းရှင်မော် ကြိုက်ဖို့ လုံးဝ မဖြစ်နိုင်ဟု လောင်းကြေးထပ်ထားကြသည်။

ဖြစ်နိုင်
မဖြစ်နိုင် လောင်းကြရာ ခမ်းနော့ဝ်က မဖြစ်နိုင်ဘက်ကနေ ရှိသမျှ မုန့်ဖိုး အကုန် အောချသလို ခမ်းနော့ဝ်နဲ့ ပေါင်း၍ မှောက်မှားရှာသော ကျောင်းကွမ်းတော်ကိုင်လေး
ဉာဏ်ကိုးနောင်သည်လည်း မဖြစ်နိုင် ဘက်က လိုက် လောင်းသည်။

ဥဩတွေ ဖြူသွားသည် ထင်ပါသည်။
တစ်ကျောင်းလုံး သောက်သောက်လဲ ရှုံးကာ အမွဲကြီး မွဲကုန်သည်။ဆရာမင်းရှင်မော်က
ဒီ အူတူတူ အတတ ထုံပေပေ လေးကိုမှ
ချစ်လှပါချည်ရဲ့ ဆိုပြီး ဖြစ်နေသည်။

ခမ်းနော့ဝ်သည် ပိုက်ဆံတွေ ကုန်သွားတာ နှမြောလှပါချည်ရဲ့ ဆိုပြီး မဆီမဆိုင် ကိုးနောင် ပါးလေး သွားနမ်းခဲ့ဖူးသည်။

"ဖေကြီး သမီး ကို ပေါင်မုန့် ထောပတ်သုတ်ပေး. . ."

နန်းနွယ်က အိပ်စုံမှုန်မွှားနဲ့ အောက် ဆင်းလာကာ ပြောသည်။ကလေးတွေ တန်ဆောင်တိုင် ကျောင်းပိတ်ရက်ရှည်ကြီး ရတာကြောင့်
နေဖင်ထိုးအောင် အိပ်ကြသည်။

နန်းနွယ် အိမ်တွင်းက ဧည့်သည်များကို မြင်ဖူးပါတယ် ကြည့်နေရာ . .

"ဟေ့ ဦးကိုတောင် မမှတ်မိဘူးလား ခဏလေး မတွေ့လိုက်တာနဲ့ မေ့သွားတော့တာပဲ အရမ်း စိတ်မကောင်းဖြစ်သွားပြီ . . ."

လို့ မာန်သွေးရောင် ထ ပြောကာမှ နန်းနွယ်သည် ဦးလေးမာန်သွေးရောင်၊တစ်နည်းအားဖြင့် ကိုကိုရှင်မာန် အဖေမှန်း သတိရသွား၍ ပျာယာတွေ ခတ်ကာ မရှိမဲ့ ရှိမဲ့ အိန္ဒြေကို အမြန်ထိန်းသည်။ယဉ်ကျေးသိမ်မွေ့သော ကလေးမလေး အမူအရာကို ဖမ်းသည်။

မင်းရှင်မော် က သမီးက 'ချစ်စရာ ကောင်းတယ်' ဟု မှတ်ချက်ချစဉ် ချစ်လှစွာသော ဖေဖေ က  "လူရှေ့ သူရှေ့မို့ လိမ္မာနေတာ ပါ" ဟု နန်းနွယ် လက်နဲ့ ရေးသော စာကို ခြေနဲ့ ဖျက်ပစ်သည်။

ကိုးနွယ်ကမူ ကိုးနောင် ဖျော်သော အိုဗာတင်းကို အရသာခံ သောက်နေ၏။

မင်းရှင်မော်သည် မာန်သွေးရောင်ကို
ဉာဏ်ကိုးနောင်နဲ့ တွဲပြီး ဘယ်လိုမှကို ကြည့်မရပေ။ကြည့်မရသည့် ကြား မာန်သွေးရောင်ကပါ ဉာဏ်ကိုးနောင် ‌နဲ့ဆို တီကောင်ကို ဆားနဲ့ ပက်ထားသလို ဖြတ်ဖြတ်ကို လူးနေသည်။

သဝန်တိုပါ၏။မကြည်ဖြူပါ။

ထိုနည်းတူစွာ ဉာဏ်ကိုးနောင်က လည်း မာန်သွေးရောင်ကိုဆို အခြားသူများထက် အလေးပေးသည်။သူတို့သည် ဟိုး ငယ်စဉ် တောင်ကျေး ကလေးပေါက်စ ကတည်းက ရင်းနှီးကျွမ်းဝင်သူများ ဖြစ်တာမို့ ဒီလို ဆက်ဆံရေး ရှိတာ အံ့ဩစရာတော့မဟုတ်။

သို့သော် မင်းရှင်မော် မနာလိုသည်။သူ့ ကောင်လေးကို ဉာဏ်ကိုးနောင်ကျ ငယ်ကတည်းက သိခွင့်ရပြီး သူ့ကျ ဆယ်ကျော်သက်မှ သိခွင့်ရသည်။ကံကြမ္မာ ကို မကျေနပ်။

သို့သော် ဒီလို တွေးပြန်တော့လည်း ဖြေသာပါ၏။မင်းရှင်မော်နဲ့ မာန်သွေးရောင်က အသက် 8နှစ်ကျော်လောက် ကွာတာမို့ မင်းရှင်မော် လူပျိုဖားဖား အရွယ် ရှိုးထုတ်နေချိန် မာန်သွေးရောင်ကမူ နှာချေးတွဲလောင်း ဖင်ဟောင်းလောင်းနဲ့ အော်ငိုနေတဲ့အရွယ်ပင် ရှိဦးမည်။

မာန်သွေးရောင်က ကိုးနွယ်နဲ့ နန်းနွယ်ကို စ နေသည်။

မာန်သွေးရောင်သည် ဘယ်လိုပဲ လူကြီးဂိုက် ဖမ်းပြီး ဆရာကြီး လုပ်နေပါစေ ၊ ဘယ်လောက်ပဲ သူ့နယ်ပယ်၌ အောင်မြင် အရာရောက်နေပါစေ မင်းရှင်မော်မျက်လုံးထဲတွင် ကလေး တစ်ယောက်နဲ့တူသည်။

မင်းရှင်မော်သည် မာန်သွေးရောင်ကို ဆွေးမြည့်စွာ ကြည့်လိုက်သည်။
ဒီကောင်လေးကို ရဖို့တွက် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးသည် ကြီးလှသည်။
တစ်မျိုးလုံးနဲ့ တစ်ယောက် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက် စုံလုံးကန်း မိုက်ရူးရဲစွာ ပုန်ကန်ခဲ့ရသည်။

ထိုစဉ် စိုင်းဆိုင်ခမ်းနော့ဝ်က နေ့လယ်စာ စားပြီးသွားသောအခါ မင်းရှင်မော် အနားသို့ ကပ် ထိုင်လာသည်။မင်းရှင်မော်က တစ်စုံတစ်ခုကို အမှတ်ရစွာ တိုးတိမ်သော အသံနှင့်

"သူတို့ နေကောင်းကြတယ်မလား. . ."

သူတို့ ဆိုသည့် အများကိန်း နာမ်စားကို
မင်းရှင်မော် သုံးကာ ပြောစဉ် ခမ်းနော့ဝ်က အနည်းငယ် ကြောင်သွားသည်။

"ဘယ်သူတို့ကို ပြော. . .ဪ ဟုတ် ကောင်းပါတယ် . . .သူတို့ နေကောင်းကြပါတယ်"

သူတို့ ဆိုသည်မှာ မင်းရှင်မော်ရဲ့ အဘွားနှင့် အဖေကို ဆိုလိုတာ ဖြစ်သည်။အဘယ်ကြောင့် ဒီမေးခွန်း ခမ်းနော့ဝ်ကို မေးရပါသနည်း ဆိုသော် မင်းရှင်မော် ၏ အဘွားက ခမ်းနော့ဝ် ၏ လူနာ ဖြစ်ပေ၍။

"အင်း ကောင်းရင် ဝမ်းသာပါတယ်"

"အဘွားထိပ်တင်ကြီးက ကိုရှင်မော်ကို သတိရနေရှာတာ"

မင်းရှင်မော် သည် အလွန်ရယ်စရာ ကောင်းသော ပြက်လုံးကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်သည်။

"စိတ်ချမ်းသာအောင် ပြောပေးလို့ ကျေးဇူးတင်ပါတယ်. . .ဒါမဲ့ ငါ့ညီ. . အစ်ကိုတို့ အမျိုးကလေ သေခန်းဖြတ်ပြီးသား လူတစ်ယောက်ကို ဘယ်တော့မှ ပြန် သတိရရိုး မရှိဖူးကွ. . . "

ခမ်းနော့ဝ်သည် မင်းရှင်မော် တို့ တစ်မျိုးလုံးကို တကယ် ဆလံသသည်။

မင်းရှင်မော် ရဲ့ နဂို ဗီဇက မာနကြီးပြီး မောက်မာသည်။လူတစ်ကာကို မတူမတန်သလို ဆက်ဆံတတ်သည်။သို့သော်လည်း ဒါသည် သူ့အပြစ်တော့မဟုတ်။သူ့ ဘဝ သူ့ အခြေအနေကိုက ဒီလို ပုံ ဖြစ်အောင် ဖန်ဆင်းပေးထားသည်။

မင်းရှင်မော် သည် ရှေးစဉ် ဘိုးဘေးဘီဘင်များ လက်ထက်ကတည်းကစ ခေတ်အဆက်ဆက် အလွန်မင်းကျိကျိတက်ချမ်းသာသော ဆွေကြီးမျိုးကြီး
ကိန်းကြီးခန်းကြီး အလွန်နိုင်သော မိသားစုရဲ့ အကြီးဆုံး သား ဖြစ်သည်။

ချမ်းသာတာမှ ဖိနပ်တောင် စိန် စီပြီး စီးနိုင်သည်။
ဆွေကြီး မျိုးကြီးနိုင်တာမှ မင်းရှင်မော် အ‌ဘေးက သီပေါမင်းလက်ထက်က အမတ်ကြီး တစ်ဦးဖြစ်ပြီး အဘိုးကလည်း ‌ရေနံတွင်းပိုင် တွင်းစားတွင်းရိုး အနွယ် ဂျပန်တွေကို တိုက်ထုတ်ရင်း အမိနိုင်ငံတွက် အသက်စွန့်သွားသည့် သူရဲကောင်းကြီး ၊
အဖေက မြန်မာ့ တွင်းထွက် ကျောက်မြတ်ရတနာ လောကဝယ် ဘုရင်တစ်ဆူ ဖြစ်၏။ခမ်းနော့ဝ် ယောက္ခမကြီး နောင်ဘုန်းသိုက်ပင် မင်းရှင်မော် အဖေနှင့် ယှဉ်သော် ဂျူနီယာ အဆင့်သာ ရှိသေးသည်။

မင်းရှင်မော်၏ ဆွေတော်မျိုးတော်‌များကလည်း များလိုက်တာ များလိုက်တာ ဆိုတာ။အကုန် သူဌေးချည်း တစ်ယောက်မှ မွဲသူ မပါ။

ကောင်းတော့ ကောင်းပါ၏။သို့သော် မကောင်းပေ။

ပြဿနာကား မာန်သွေးရောင် က အခြေခံ လူတန်းစား။မာန်သွေးရောင် တစ်လလောက် အသေအကြေ ကုန်းရုန်းရှာရသော ပိုက်ဆံသည် မင်းရှင်မော် စီးသော ဖိနပ် တစ်ရံစာပင် မရှိ။

စဉ်းစားကြည့်ပါလေ။ဘယ်လောက် မြန်မာကား ဆန်လိုက်ပါသနည်း။

ထပ်ပြီး မြန်မာကားဆန်စွာနှင့် မာန်သွေးရောင်နှင့် မင်းရှင်မော် ညားလေသည်။
သို့သော် အလျော်အစားအနေနှင့် မင်းရှင်မော် သည် သူ့ ရမည့် လှည်းနေ လှည်းအောင်း မြင်းဇောင်း မကျန်သော အမွေစည်းစိမ်တွေ မှန်သမျှ အာမဘန္တေ လိုက်ရသည်။

အမွေဖြတ်။ သား မြေး အဖြစ်မှ သေခန်းပြတ်။

မာန်သွေးရောင် တစ်ယောက်တွက်နှင့် စည်းစိမ်တွေ အကုန် စွန့်လွှတ်ခဲ့သည်။
နှစ်ကိုယ်တူ တဲအိုပျက်မှာ နေရ နေရ ချစ်တာ၊ ချစ်တာ ပဓာန လို့ ဆိုတာ မင်းရှင်မော် နှင့် အံကိုက်။

တစ်မိုးအောက်တစ်ယောက် မင်းရှင်မော်
လိင်တူကြိုက်လို့ အမွေဖြတ်ခံရ ဆိုတဲ့ သတင်းက မန္တလေး တစ်မြို့လုံး သဲကြီးမဲကြီး ရွာတဲ့ မိုးလို တစ်ခေတ်တစ်ခါက အုန်းအုန်းထစေခဲ့သည်။

မှတ်မှတ်ရရ မာန်သွေးရောင် ပထမဆုံး ပေါက်သွားတာ စာအုပ်က သူ့ဘဝ အကြောင်း သူ ပြန်ရေးထားတဲ့ စာအုပ် ဖြစ်ပြီး စာအုပ်နာမည် က "မောင့် သဇင်ပန်း" ဟူ၍။

ထိုစာအုပ် ကျေးဇူးကား စိုင်းဆိုင်ခမ်းနော့ဝ်တွက် ကြီးမားလှသည်။အကြောင်းမှာ ဉာဏ်ကိုးနောင် မြန်မာပြည် ပြန်ရောက်လာစဉ်
ခမ်းနော့ဝ် နဲ့ ပထမဆုံး ကော်ဖီဆိုင်မှာ နှစ်ယောက်တည်း စ တွေ့ တုံးက
ခမ်းနော့ဝ် နှင့် ကိုးနောင် သည် ဘာပြောရမှန်းမသိ။နှစ်ယောက်ကြား ပြောစရာ စကားလည်း ရှိမနေ။

ထိုအချိန် ခမ်းနော့ဝ်က "မောင့် သဇင်ပန်း" ဆိုတဲ့ စာအုပ်ကို ကော်‌ဖီဆိုင်မှာ တင်ထားတာ တွေ့၍ ယူကာ ကိုးနောင်ကို ပေးခဲ့သည်။

"မင်း . . . စာအုပ်ဖတ်တာ ဝါသနာ ပါတယ်မလား"

"အင်း"

"ဖတ်ကြည့် နာမည်ကြီးနေတဲ့ စာအုပ်ပဲ"

ကိုးနောင်က စာအုပ်ကို စ ဖတ်တော့သည်။တစ်အုပ်လုံးကို တစ်ထိုင်တည်း ဖတ်တာ ဖြစ်သည်။

ခမ်းနော့ဝ်မှာ ကိုးနောင် ပြီးနိုးနိုး နဲ့ စောင့်ရင်း နံနက် 7နာရီ ကနေ ည 9နာရီ ခွဲ သွားသည်။

ကိုးနောင်က စာအုပ် အ ဆုံးထိ ဖတ်ပြီးကာမှ စာအုပ်ကို ပိတ်လိုက်ပြီး ခမ်းနော့ဝ်ကို အံ့ဩသလို ကြည့်လာသည်။မျက်ခုံးလေးများပင့်ကာ မျက်ဝန်းစိမ်းစိမ်းလေးများက ဝိုင်းနေလျက်၊နှုတ်ခမ်းလေးက ပွင့်အာနေသည်။

"ပြန်သေးဘူးလား"

"မင်း ကို စောင့်‌ပေးနေတာ"

"အားနာစရာကြီးရော်"

ကိုးနောင်က ပြုံးပြုံးလေး ဆိုစဉ် ခမ်းနော့ဝ်သည် ငယ်က မမချောချောလှလှများ
အာဘွားပေးခံရရင် ရှက်သော ကလေး လေးလို ဂုတ်ပိုး ကို လက်နဲ့ ပွတ်လျက် "ရပါတယ်" ဟု အဖြေပေးသည်။

"မှောင်လဲ မှောင်နေပြီဆို ဒီတစ်ညတော့ ကိုယ်နဲ့ အတူ လိုက်အိပ်လိုက်တော့. . ."

"ဟမ်"

"ကိုယ် ပြောချင်တာက ကိုယ့်အိမ်မှာ လိုက်အိပ်လိုက်မလား. . .ကိုယ် ညစာ ချက် ကျွေးမယ်လေ လိုက်ခဲ့ပါလား. .  နော်. . . နော်"

ခမ်းနော့ဝ်သည် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း အားနာသဖြင့် လိုက်သွားလိုက်သည်။

ဟီး ဟီး။

အဲ့ည မှာ ကိုးနောင် နဲ့ ညစ်တီးညစ်ပတ်လေးတွေ အတူ လုပ်ဖြစ်ခဲ့ကြသည်။

"ဟေ့ . . .ခမ်းနော့ဝ် ဘာတွေ တွေးပြီး ရယ်နေတာလဲ"

"ကိုးနောင် နဲ့ ညစ်တီးညစ်ပတ်လေးတွေ အတူ လုပ်နေလို့"

"ဟမ်!!"

မင်းရှင်မော်ရဲ့ ဟမ် ဆိုတဲ့ အသံကြီးက ခမ်းနော့ဝ်ရဲ့ လွင့်မြူးနေသော ‌အတွေးအာရုံများကို ပြန်လည် စုစည်းသွားစေသည်။

"ကျွန်တော် ဘာပြောလိုက်တာလဲ"

မာန်သွေးရောင်က မအူမလည် မျက်နှာဘေးနှင့် အနားရောက်လာကာ

"ညစ်တီးညစ်ပတ် တွေ လုပ်တယ်ဆိုလား . . . ထင်တော့ထင်ပါတယ် ကျွန်တော်
ကိုခမ်းနော့ဝ်ကို မြင်ကတည်းက မျက်ကွင်းတွေ ညိုနေပါတယ်လို့"

"ဒီလိုကိစ္စမျိုးက လုပ်သာ လုပ်ပေတည့် အိပ်ရေးတော့ ပျက်ခံလို့မရဘူး. . ."

"ရှင်မော်ကလည်း လုပ်မှတော့ အိပ်ရေးပျက်မှပေါ့. . . direct equation ပဲဟာဗျာ"

မာန်သွေးရောင်က ပြန်ငြင်းသည်။အ‌ရေးထဲအချေအတင် စကားများနေကြ၏။

"ကျွန်တော် ဆေးရုံ သွားလိုက်ဦးမယ်နော် . . . ဂွတ်ဘိုင်"

ခမ်းနော့ဝ်က လက်ဆွဲအိတ်ကို ဆွဲကာ ခြံရှေ့ ပြေးသည်။

ခဏအကြာ အိမ်ထဲ ပြန်ဝင်လာပြီး အိမ်ပေါ် ပြေးတက်သည်။ပြန်ဆင်းလာသည်။တစ်ယောက်တည်း ယောက်ယက်ခတ် နေသည်ကို မျက်စိနောက်စွာ မြင်တွေ့ရသည်။

"ဖေကြီး က ဒီမှာ"
ကိုးနွယ်က အိုဗာဒင်းသောက်ရင်း ရုပ်တည်တည်နှင့် ပြောလိုက်သည်။

ခမ်းနော့ဝ်က ကိုးနောင်ဆီ ပြေးလာတာ
ကိုးနောင့်လည်တိုင်ကို ခုန် ခို စီးလိုက်ပြီး နှုတ်ခမ်းကို မွ ဆိုပြီး ဆက်တိုက် ဆက်တိုက် နမ်းလိုက်သည်။အဆုံးသတ်အနေနှင့် ပါးကို နစ်ဝင်သွားတဲ့ထိ အားရပါးရ နမ်းကာ

"သွားပြီ အချစ်ရေ"

ဟု နှုတ်ဆက်သွားသည်။မသိရင် ဆယ်နှစ်လောက်ခွဲရမည့် လူလို တမ်းတဆွေးစွာ။

သားနဲ့ သမီးကျ လက်ပဲ ပြသွားသည်။

"တစ်အိမ်တည်းမှာ အဆင့်အတန်းခွဲခြားခံနေရတယ်"

နန်းနွယ်ရဲ့ ဝေဖန်ချက်အဆုံး လူကြီးတွေက ပြုံးသွားသည်။

++++

"ဖလားဝါးရေ"

"ဖလားဝါး"

ရှင်မာန်သည် ခွေးပျောက်ရှာပုံတော်ဖွင့်ရင်း အိမ် အနောက်ဖက်ခြမ်းသို့ ရောက်မှန်းမသိ ရောက်လာလေသည်။

ဘယ်ဆီကမှန်းမသိသော ငှက်အာသံများနှင့် သစ်ကိုင်းခတ်သံများသည် ပတ်ဝန်းကျင်မှာ ခြောက်ခြောက်ခြားခြား နေရာယူနေသည်မို့ ရှင်မာန် အနည်းငယ် ကြောက်သွားသည်။သို့သော် သူ့ရဲ့ သေးသေးကွေးကွေးမဟုတ်ပါဘဲ ဘယ်ရောက်သွားမှန်းမသိသော
ဟက်စကီမမအား အရဲစွန့်ကာ ရှာရပြန်သည်။

"မလာရင် ကိုကို ထိုင် ငိုတော့မှာနော် . . . ဖလားဝါးလို့ . . .ကိုကို ကြောက်တယ်လို့ "

အိမ်အနောက်ပါးဆီ တရွေ့ရွေ့ ချဉ်းကပ်မိစဉ် ဆံပင်ဝါဝါနှင့် ဦးလေးတစ်ယောက်သည် မတ်တပ်ရပ်လျက်ရှိသည်။

သူသည် ရှင်မာန်ကို ကျောပေးထားသော်လည်း သူ့လက် နှစ်ဖက်ထဲတွင် ‌ပုလင်းသေးသေးကို ကိုင်ထားကြောင်း တွေ့ရသည်။ညာဘက်တွင် ပုလင်းပြာ၊ဘယ်ဘက်တွင် ပုလင်းဝါ။

အိမ်နောက်ဘက် အုတ်တံတိုင်းပေါ် ကုပ်ကပ်တွယ်တက် ပေါက်နေသော နွယ်ပင်များပေါ်သို့ ပုလင်းဝါ ထဲက အဝါရောင်အရည်များကို နည်းနည်းလေး လောင်းချလိုက်စဉ် ခဏချင်း နွယ်ပင်သည် ညှိုးရိနွမ်းလျော်ကာ ခြောက်ကပ်သွားသည်။တစ်ဖန် ပုလင်းပြာထဲက အရည်ပြာပြာများကို ထိုနွယ်ပင်ပေါ် လောင်းလိုက်သောအခါ ထိုအပင်သည်
ရုတ်ချည်း ပြန်ရှင်လာသည်။ရှင်မာန်က အံ့ဩလွန်းလို့ အသက်ရှူဖို့ပင် သတိမရတော့။

"ကျွတ်"
မှားနင်းမိသွားသော သစ်ကိုင်းခြောက်။

ရုတ်ချည်းလှည့်ကြည့်လာသော မျက်လုံးပြာပြာများက သားရဲတစ်ကောင်လို စူးရဲခက်ထန်စွာ။ရှင်မာန်က နောက်သို့ ခြေတစ်လှမ်း ယောင်မှားမှား ဆုတ်မိသွားရာ ခြေလိမ်ပြီး မှောက်ရက်လဲလေသည်။

ထိုသူက ရှင်မာန်ဆီ တစ်ရွေ့ချင်း လှမ်းလာကာ ရှင်မာန်ကို လက် ကမ်းပေးသည်။

"မင်း ကို ငါ ဘာမှ မလုပ်ဘဲ မင်းက ငါ့ကို ဘာလို့ . . . ဘာလို့. . . Oh . . .I forget how to say 'afraid' in Myanmar"

ထိုလူသည် မြန်မာလို တစ်လုံးချင်း စဉ်းစားပြောနေရင်းမှ မသိတော့ဘဲ အင်္ဂလိပ်လို ရောချတော့သည်။

သို့သော် ရှင်မာန်က သူ ပြောနေတာ ခန့်မှန်းလို့ရသည်။

"သား က ဦးလေးကို မကြောက်ပါဘူး"
တံတွေးတော့ မျိုချလိုက်သည်။

"Yep. . . It's  'ကြောက်'  ,  I see "

မက်ရှလေ က ရှင်မာန် အရပ်တိုင်း ဒူးထောက် ထိုင်လိုက်သည်။

"ငါ့ name က မက်ရှလေ"

"နာမည် ကို ပြောချင်တာလား"

"Yep Yep နာ မည် မက်ရှလေ"

"သား နာမည်က ရှင်မာန်"

"ရှနံ"

"မဟုတ်ဘူး ရှင် ရှင် . . .မာန်"

"ရှနံ"

"ရှင်မာန် ပါဆို"

"Too difficult "

"မခက်ပါဘူး"

ရှင်မာန်က ပါးလေးမို့တက်သွားသည်ထိ ရယ်လိုက်သည်။

"You're so cute . . . "

မက်ရှလေက ရှင်မာန်ကို ခေါင်းပုတ်ပေးရင်း ပြောသည်။ပြီး တစ်ချက်စဉ်းစားပြီး ဖြည်းညင်းစွာ ဆက်ပြောပြန်သည်။

"ငါ့မှာ မင်း အရွယ် one son ရှိတယ်"

"ဟင်"

"Son ရှိတယ်  ပြောတာ. . . Wait ,  l'll show you "

မက်ရှလေက ဖုန်းကို ထုတ်ကာ တစ်ခုခုကို ရှာသည်။

ပြီး ရှင်မာန် လက်ထဲ ဖုန်း ထည့်ပေးသည်။

ဖုန်း screen ပေါ်တွင် ရွှေအိုရော ဆံပင်လေးအုပ်အုပ်များ နဖူးပေါ် ဝဲဝဲကျထားသော ကောင်လေးသေးသေးလေးတစ်ယောက်။ နှင်းခဲလုံးကြီးလို အသားရည် ဖွေးဖွေးဆွတ်လှသော အသားရည်၊ အရည်လဲ့ရီနေသည့် ဝိုင်းစက်စက် မျက်သားပြာပြာနှင့် အလွန် ချစ်စရာကောင်း၏။

ရှင်မာန်သည် ထိုကလေးလေးအား အတန်ကြာအောင် စိုက်ကြည့်နေမိသည်။ဒီကလေး လေးကိုသာ အပြင်မှာ တွေ့ရင် ဖက် နမ်းမိလောက်မည်။အရမ်းကို ချစ်ဖို့ကောင်းသည်။ဖလားဝါးလို အူယားစရာလည်းကောင်းသည်။

"ချစ်စရာလေး"

"He is my son , အက်ချလေ"

"သား ကို ပေးပါလား"

"What do you mean "

"Pls give me အက်ချလေ , because I love him "

ရှင်မာန်က ကျောင်းက သင်လာတဲ့ Grammar pattern ကို ထုတ်သုံးသည်။နောက်ဆုံးတော့ ဒီpatternတွေကို အကျိုးရှိစွာ အသုံးချရမည့်နေရာအား တွေ့ခဲ့လေပြီ။

"Love . . "

မင်ရှလေက ထိုစကားလုံးကို ထပ်ခါခါ ရေရွတ်လိုက်သည်။အချစ် . . .အချစ်။

အချစ်သည် မက်ရှလေ နဲ့ မသက်ဆိုင်သော အရာ ဖြစ်သည်။မက်ရှလေ ဆီမှာ အချစ်မှ
မရှိလေဘဲ။

ဒီပေါက်စ သည် သူ့သားငယ်အား ဓာတ်ပုံလေး ပြရုံနဲ့ ချစ်တယ် ဟု ပြောသည်။
အဖေဖြစ်သည့် သူ့ကျ ထိုကောင်လေးပေါ်တွင် ခံစားချက် အထွေအထူး ရှိမနေပေ။

အက်ချလေ သည် မွေးရာပါ အမြင်အာရုံချို့ယွင်းနေသူ ဖြစ်သည်။သို့သော် အက်ချလေ သည် အလွန် အကြားအာရုံကောင်းလှသည်။

မက်ရှလေက သူ့ကလေးများအား ကောင်းကောင်းဆက်ဆံဖို့ ကြိုးစားသော်လည်း သူ ဘယ်လို ဆက်ဆံရမည်ဆိုတာကို မသိ။

ဉာဏ်နီဉာဏ်နက်များနှင့် ရက်စက်သော serial killer တစ်ယောက်သည် ဖြူစင်သော သန့်ရှင်းသော ကလေးများနှင့် ဘယ်လိုမှ လိုက်လျောညီထွေ မနေနိုင်ပေ။

သို့သော် အသားထဲက လောက်ထွက်သည့်နှယ် တစ်စုံတစ်ကိုးကျတော့
သူ့ကလေးနှစ်ကောင်နဲ့ အမြဲတမ်း လုံးထွေးနေတတ်သည်။

အက်ချလေသည် ရှီဒိုဂယောင်းနဲ့ကျ အဆင်ပြေသလိုလို ရှိသော်လည်း မက်ရှလေ ကို မူ ခြေသံကြားရုံနှင့် သေးထွက်မတတ် ကြောက်သည်။

အက်ချလေ နဲ့ အဆင်ပြေမယ့်နည်းကို ဒီ ရှနံ သည် ကလေးချင်းမို့ သိကောင်း သိပေနိုင်မည်။

"My son က အရမ်း ဆိုးတယ်. . . သူနဲ့ ငါ မတည့်ဘူး"

"ဦးလေးက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေ သားနဲ့ သားဒယ်ဒီဆိုရင် ဒယ်ဒီက . . ."

"Speak slowly. . . I don't understand "

"ဒယ်ဒီက သားကို အမြဲ ဆူတာ . . .ဒါမဲ့ သားကို သားလိုချင်တာ ဝယ်ပေးလိုက်ရင် သားက စိတ်ကောက်ပြေသွားရော. . . နားလည်လား"

"No"

"မိုင် ဒယ်ဒီ အော်လွေ့ စကိုး မီ ၊ ဘတ် ဟီ ဂေ့ မီ ပရဲဆန့် . . . အိုင် ဖော် ဂစ် ဟင်း . . . 
အိုကေ"

"I see "

"ဆိုး ယူ ရွတ် ဂေ့ ပရဲဆန့် အက်ချလေ. . . "

"You mean, I'II give present, he'll love me"

"ရက်စ် ရက်စ် . . ."

"Thank ရှနံ"

"ရှင်မာန်ပါဆို"

"ဒါနဲ့ ရှနံ မင်း ခွေးက အိမ်ရှေ့မှာ ရှိတယ်"

ရှင်မာန်က ချက်ချင်း ပြေးထွက်သွားကာ
မက်ရှလေကို တော့တာ လုပ်ပြသွားလေသည်။

"ရှင်မာန် ပါဆိုနေမှ!!! "

++++

ကထိန် ပွဲ သွားမည် အသံကြားကတည်းက နန်းနွယ် အပျော်လုံးဆို့နေသည်။မပျော်ရိုးလား ကိုကိုရှင်မာန်ကို တစ်ည ကြီးများတောင် မခွဲဘဲ တွေ့ရမယ့် အခွင့်အရေးကြီး။

ပစ္စည်း ပစ္စယတွေ ခု ကတည်းက ကြိုထည့်ပြီး နန်းနွယ်တို့ စပ်စလူးကို ခါနေသည်။
ကိုးနွယ်ကမူ အေးဆေးဆေးသာ။

"မင်းတို့ ခရီးသွားမလို့လား"

တစ်အိမ်လုံး ဟိုပစ္စည်းထည့် ဒီပစ္စည်းထည့်
နှင့် ဆူညံပွက်လောရိုက်နေသော နန်းနွယ်ကြောင့် မက်ရှလေ က ကိုးနောင်ကို ရုရှားလို ကောက်ကာငင်ကာ မေးသည်။

"အင်း"

"သေချင်နေတာပဲ. . .မင်း ဖေ နဂါးနက်တွေ မင်းကို အသည်းအသန် လိုက်ရှာနေကြပါတယ် ဆိုနေမှ အပြင်တွေ လျှောက်သွားနေတယ်. . .စောစောစီးစီး ခရစ်တော်မှာ အိပ်ပျော်ချင်နေပြီ"

မက်ရှလေ က ပြင်သစ်လို ပြောပြန်သည်။

"ဘယ်လို ဖြစ်နေတာလဲ. . .ဘာသာစကား တစ်ခုကို တစ်ခုတည်းပဲ ပြောစမ်းပါ နားကို ရှုပ်နေတာပဲ . . ."

မက်ရှလေက များသောအားဖြင့် ရုရှားလို သာ အပြောများသည်။အိမ်မှာတော့
ကိုရီးယားလို ပြောသည်။ရှီဒိုဂယောင်းက
ကိုရီးယား မို့။

မက်ရှလေက ဘာသာစကားများကို လေ့လာရတာ ကြိုက်သူ ဖြစ်သည်။အသစ် သစ်သော အရာများကို စူးစမ်းရတာ သူ၏ ကြီးမားသော ဝါသနာ။

"အာ့တာဆို တရုတ်လို ပြောမယ်"

"မင်း ဖေ ငါ တရုတ်စာ မတတ်ဘူး Englishလိုပဲ ပြောစမ်းပါ"

"ဟုတ်ပြီ . . . ငါ သတိပေးတယ်နော် နဂါးနက်တွေ မင်းကို ဓားကြိမ်း ကြိမ်းနေတယ်ဆိုတာ . . . သေမှ ငါ့ကို သရဲ လာ မခြောက်နဲ့ . ."

"အဝေးကြီးသွားမှာမှ မဟုတ်တာ ဒီနားလေးတင်"

"ဟာ ဟုတ်လား ငါရော လိုက်မယ်. . ."

"မင်း မပြန်သေးဘူးလား. . .တစ်သက်လုံး ငါ့အိမ်မှာ နေဖို့ ကြံနေတာလား"

"မပူပါနဲ့ နောက်တစ်ပတ်ဆို မင်း ဆွဲထားရင်တောင် ပြန်မှာပါ . . . ဒီလောက် ပူလောင် မီးပျက်တဲ့ နိုင်ငံကို တစ်သက်လုံး ဘယ်တော့မှ ပြန်မလာဘူး"

"မြန်မာနိုင်ငံတွက် ဝမ်းသာစရာပေါ့. . .မင်းလို ဖေ-ိုး လေး မရှိတာ . . ."

ကိုးနောင်က နာရီ တစ်ချက်ကြည့်လိုက်သည်။

"Oh 4နာရီတောင် ခွဲနေပြီ ခမ်းနော့ဝ် ပြန်လာတော့မှာ. . . ရေချိုးလိုက်ဦးမယ်"

"မင်း ယောက်ျားပြန်လာတာနဲ့ ရေချိုးတာနဲ့ ဘယ်လို အချိုးကျနေတာလဲ"

"ကျစ် ငါ ယောက်ျား ငါ့အနား ကပ်ရင် မွှေးအောင် လို့ပေါ့. . .မင်းကတော့ ဒါတွေ ဘယ်သိပါ့မလဲ. . ."

မက်ရှလေ က ဟက်ခနဲ ပျက်ရယ် ပြုသည်။

သို့သော် သူ သည် ဖုန်းတစ်ကောလ်ကို ဆက်လိုက်သည်။

ဖုန်း ဝင်ဝင်ချင်း တစ်ဖက်မှ ပျင်းတိပျင်းရွဲ လေသံနှင့်

"ခင်ဗျား သေပြီလား"

"‌မင်း ရဲ့ မေတ္တာကြောင့် ရှင်သန်နေဆဲပါ"

"ပြန်လာရင် ခေါင်ဆွဲခြောက်ဝယ်ခဲ့ . . . ဪ
ဆိုဂျူ နဲ့ ဘီယာကော ဝယ်ခဲ့ . . . ခင်ဗျား ကလေးတွေတွက်ကော စားစရာ ဝယ်ခဲ့ဦး ပြီးရင် ဖုန်းအားသွင်းကြိုးရော ဝယ်ခဲ့. . . ခု ဘယ်မှာလဲ"

"မြန်မာနိုင်ငံမှာ. . ."

"အမြန် ပြန်ခဲ့တော့. . . ခင်ဗျား မရှိရင် ကျွန်တော် ပျင်းတယ်. . .အဝတ်တွေလည်း မလျှော်ရသေးဘူး ဝတ်စရာတောင် ကုန်တော့မှာ . . . ခင်ဗျားသမီးတွေ လျှောက်ဆော့ထားတဲ့ အမှိုက်တွေလည်း မရှင်းရသေးဘူး . . . ပန်းကန်တွေလည်း မဆေးရသေးဘူး မှိုတွေတောင် တက်နေပြီ မြန်မြန် ပြန်ခဲ့တော့နော် ဒါပဲ. . ."

မက်ရှလေ ဖုန်းချလိုက်သည်။

ဉာဏ်ကိုးနောင်ကို လှောင်ခဲ့သမျှ သူ ဝဋ်လည်နေတယ် ဟု ခံစားလိုက်ရသည်။

______________________________________

7.46p.m
20.4.2023(Thursday)
Mary _Koe

Pls give me comments and reviews 😉

I really wanna know how you feel after reading Coe Naung.

Lotus killer က character တွေ တအား များတာနော် များချက်က ရေးတဲ့ ကိုယ်တောင် ဒါ ဘယ်သူကြီးလဲ ဆိုတာ မမှတ်မိတော့ဘူး🥲

အဟဲ စတာပါလို့. . .

character တစ်ယောက်ချင်းစီကလည်း ကိုယ်ပိုင်နောက်ခံ ကိုယ်ပိုင်အကျင့်စရိုက် ကိုယ်ပိုင်ရည်းစားတွေနဲ့ပါ တစ်ယောက်မှ fa မပါ ပါဘူး
ပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေပါတယ် 🤝🤝

နာမည်တွေ ရောရင် ကျက်သာ ထားလိုက်ပါလို့ အကြံပြုပါတယ် ဦးနှောက်လေ့ကျင့်တယ်လို့ သဘောထားလိုက်ပါ✔️

Update ကို တစ်နေ့ တစ်ပိုင်း ပုံမှန် အပ်ချင်ပေမယ့်
တစ်နေ့ ခေါင်းထဲက စာ တစ်ကြောင်းပဲ ထွက်တာမလို့😿

စောင့်ပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်

Zawgyi

"ေမာင္ မင္း လိပ္စာက မွန္ေရာ မွန္ရဲ႕လားကြာ. .ဒီ လမ္းတင္ မင္း ပတ္ေနတာ တစ္နာရီ ရွိလွၿပီ . ."

"ရွင္ေမာ္ ကလည္း ေမာင္ လည္း ရွာေနတာပဲကို . . . ေမာင္ အ အားေနေနတာမွ မဟုတ္ဘဲ. . ."

"က်စ္. . .ၾကာတာကြာ ျမန္ျမန္ရွာ ငါ ဗိုက္ဆာတယ္. . ."

မာန္ေသြးေရာင္ က မင္းရွင္ေမာ္ရဲ႕ စိတ္မရွည္မႈေတြကို သည္းခံစြာႏွင့္ ေလပူေတြကို ႏွာဖ်ားမွ တစ္ခ်က္ မႈတ္ထုတ္လိုက္သည္။

မင္းရွင္ေမာ္နဲ႕ ၿပိဳင္ ျငင္းမေနခ်င္ေတာ့။

"ဒီ အိမ္နဲ႕ တူတယ္. . . ေမာင္ လည္း မေရာက္တာၾကာေတာ့ သိပ္မမွတ္မိခ်င္ဘူး. . ."

မာန္ေသြးေရာင္က ‌အေရွ႕ နားဆီက ကြမ္းယာဆိုင္ဆီမွာ ကားရပ္လိုက္ၿပီးေနာက္ ကားမွန္ခ်ကာ

"တစ္ဆိတ္ေလာက္ပါခင္ဗ်. . .ကိုဉာဏ္ကိုးေနာင္ရဲ႕ အိမ္ကို သိလား"

အေမးခံရေသာ ဦးေလးသည္ ေခါင္း တဗ်င္းဗ်င္းကုတ္လိုက္သည္။ဒီ ရက္ကြက္ထဲေနတာ ၾကာပါၿပီ။သို႔ေသာ္ ဤကိုးေနာင္ ကို မသိေပ။

"မသိဘူး ငါ့ညီ. . ."

မင္းရွင္ေမာ္က က်စ္ခနဲ စုတ္ထပ္သပ္ကာ

"မာန္ေသြးေရာင္ မင္းဖယ္ ငါေမးမယ္. . . ေဒါက္တာ စိုင္းဆိုင္ခမ္းေနာ့ဝ္ရဲ႕ အိမ္ သိလားဗ်"

ထိုခါမွ ထိုလူသည္ အလင္းေပါက္သြားကာ

"ဪ ေဒါက္တာ့အိမ္ က ဒီလမ္းကိုပဲ ညာခ်ိဳးလိုက္ရင္ ေရာက္ၿပီ . . .ၿခံ အႀကီးႀကီးနဲ႕ အိမ္အႀကီးႀကီး က ေဒါက္တာ အိမ္ပါပဲ"

"ေက်းဇူး"

ေဒါက္တာစိုင္းဆိုင္ခမ္းေနာ့ဝ္ ဆို တစ္ရက္ကြက္လုံး သာမက တစ္ၿမိဳ႕လုံး သိသည္။အၿပဳံးခ်ိဳ၍ စိတ္သေဘာထား ေကာင္းလွေသာ ေဒါက္တာေလးကို ျမင္႐ုံနဲ႕ပင္ ေရာဂါ တစ္ဝက္ အသာေလး သက္သာေစသည္။သို႔ေသာ္ ဉာဏ္ကိုးေနာင္ကိုေတာ့ မသိေပ။

မင္းရွင္ေမာ္က မာန္ေသြးေရာင္ ေခါင္းကို ခပ္ဆတ္ဆတ္ ပုတ္လိုက္ၿပီး "ငါ မပါရင္ မၿပီးဘူး" ဆိုေသာ အထာနဲ႕ ေငါ့သည္။

"ကိုယ့္ အဆက္ေဟာင္း လိပ္စာ ကိုယ္ ေသခ်ာ မွတ္ထားမွေပါ့. . ."

"ရွင္ေမာ္ ! "

မာန္ေသြးေရာင္က အနည္းငယ္ စူပုတ္သြားသည္။ရွယ္သြယ္ေသာ မ်က္ခုံးတန္းတန္းတို႔က မ်က္ေမွာင္ကုတ္သြားသည္။ကားမွန္တံခါး ဖြင့္ထားတာေၾကာင့္ မာန္ေသြးေရာင္၏ အနည္းငယ္ ေခြလိမ္ေသာ ဆံပင္‌ရွည္တို႔က မ်က္ႏွာေပၚ လြင့္ဝဲ ကပ္ေနသည္။

တိတ္ဆိတ္သြားေသာ ဝန္းက်င္ေၾကာင့္ မင္းရွင္ေမာင္က မာန္ေသြးေရာင္ကို ေစာင္းငဲ့ၾကည့္သည္။

"ဒီေလာက္ေလး စတာကို စိတ္ေကာက္ရေအာင္ မင္းက ကေလးလား"

"မစနဲ႕ ကြၽန္ေတာ္ မႀကိဳက္ဘူး"

"ေဟ့ စိတ္ဆိုးသြားတာလား"

"မဆိုးပါဘူး"

မင္းရွင္ေမာ္က မာန္ေသြးေရာင္ရဲ႕ ျဖဴေသာ ပါးကို လွမ္းဖဲ့သည္။ႏူးညံ့အိစက္ေသာ အထိ‌ေတြ႕က အေသြးသားထဲ စီးဆင္းသြားသည္။

မာန္ေသြးေရာင္က ေရွာင္လိုက္သည္။

"ကြၽန္ေတာ္ ကားေမာင္းေနတယ္ေလဗ်ာ. . ."

သို႔ေသာ္ မင္းရွင္ေမာ္က သြားတန္းေလးမ်ားေပၚ သည္ထိ ၿပဳံးကာ မာန္ေသြးေရာင္ အနားကပ္ကာ ကေလးျမဴသလို ကလူကျမဴလုပ္ေလသည္။

"ေသြးေရာင္ ေသြေရာင္ေလး ေဟ့ ေမာင့္. . . ကိုယ့္ က ခ်စ္လို႔ စတာပါကြာ"

"ကြၽန္ေတာ္ ကို ဘယ္ခ်ိန္ထိ အစ္ကို ကိုးေနာင္နဲ႕ သမုတ္ေနမွာလဲ. . .မဟုတ္ဘူး ခင္ဗ်ား ကြၽန္ေတာ္ကို ေတြ႕ကရာလူနဲ႕ ေလွ်ာက္ ေလွ်ာက္ သမုတ္ေနတာ မ်ားေနၿပီ ကြၽန္ေတာ္ တကယ္ စိတ္ဆိုးတယ္ဗ်"

"ေဆာရီး ကိုယ္ ေတာင္းပန္တယ္ေနာ္. . . မင္း မႀကိဳက္ရင္ မေျပာေတာ့ဘူး ဟုတ္ၿပီလား. . . စိတ္မဆိုးပါနဲ႕ မင္း စိတ္ဆိုးရင္ ကိုယ္ ဝမ္းနည္းတယ္. . ."

"ေမြးကတည္းက ခင္ဗ်ား တစ္ေယာက္တည္းနဲ႕ပဲ ပတ္ အလုပ္ရႈပ္ေနခဲ့တာ. . .အခ်စ္ဦးလည္း ခင္ဗ်ားပဲ ရည္းစားဦးလည္း ခင္ဗ်ားပဲ ညားေတာ့လည္း ခင္ဗ်ားပဲ. . ."

မင္းရွင္ေမာ္ က မာန္ေသြးေရာင္ ညာလက္ကို ဆြဲယူလိုက္သည္။

"ေမာင္ ကားေမာင္းေနပါတယ္ဆို. . ."

"မင္း လက္တစ္ဖက္တည္းနဲ႕လည္း ေမာင္းတတ္သားပဲကိုကြာ ကိုယ့္ ကို မင္းလက္ေပးထား . . ."

မင္းရွင္ေမာ္က မာန္ေသြးေရာင္ရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္။သူ က မာန္ေသြးေရာင္ လက္ေခ်ာင္းမ်ားကို ပြတ္သပ္က်ီစယ္ လိုက္ရင္း လက္ဖမိုးကို နမ္းရွိုက္လိုက္သည္။

"ေဟာဒီ လက္ေခ်ာင္းေလးေတြ . . .လက္ဖမိုးလွလွေလး . . . "

မင္းရွင္ေမာ္က လက္ေမာင္းရင္းထိ ပြတ္ဆြဲနမ္းရွိုက္လိုက္ရင္း

"ဒီ လက္ေမာင္း . . ."

ၿပီး မာန္ေသြးေရာင္ ရဲ႕ လြင့္ဝဲေနတဲ့ ဆံပင္ကို နားၾကားမွာ ထိုး သပ္တင္လိုက္ရင္း ပါးကို
ခပ္ဖြဖြ နမ္းလိုက္သည္။

"ဒီ ဆံပင္ေလးေတြ . . . အားလုံးက ကိုယ့္ အပိုင္ေတြ . . . တစ္ခါတစ္ေလ မင္းကို ကိုယ္ သိပ္ သဝန္တိုတာပဲ"

"ေတာ္ပါေတာ့ ရပါၿပီ ေမာင္ ၾကက္သီးေတာင္ ထလာၿပီ. . ."

မာန္ေသြးေရာင္က ၿပဳံးရယ္ကာ ဆိုသည္။မာန္ေသြးေရာင္သည္ ႏႈတ္ခမ္းအလြန္လွေသာ သူ ျဖစ္သည္။သူ႕ ႏႈတ္ခမ္းသည္ မၿပဳံးလွ်င္ေတာင္ ၿပဳံးေယာင္သန္းေနကာ ၿပဳံးလွ်င္ေတာ့မူ ထို ႏႈတ္ခမ္းေလးမ်ားကို ႏွလုံးသားထဲထိ တစ္သက္လုံး ထည့္သိမ္းထားခ်င္စရာ ျဖစ္သည္။

"အိုကြာ စာေရးဆရာရဲ႕ ေယာက္်ားပဲ ဒီေလာက္ေတာ့ အႏုအယြ ကဗ်ာဆန္တတ္ရမွာေပါ့. . ."

မၾကာခင္ပင္  စိန္ပန္းပင္ ပိေတာက္ပင္မ်ားစြာ ခပ္စိပ္စိပ္ ေပါက္ေရာက္ေနေသာ ၿခံတစ္ၿခံ ၏ ေရွ႕သို႔ ေရာက္လာေလသည္။

ၿခံ တံတိုင္းမ်ား အလြန္ျမင့္မားေသာေၾကာင့္ အိမ္ထဲကိုေတာင္ လွမ္းမျမင္ရေပ။

ၿခံေရွ႕ဝယ္ ကားရပ္လိုက္ၿပီး ၿခံတံခါးမွသည္ အိမ္တြင္းဆီ ေမွ်ာ္ရီ ၾကည့္လိုက္သည္။ပတ္ဝန္းက်င္ အေနအထားသည္ အလြန္မင္း ဆိတ္ၿငိမ္ၿငိမ္ ရွိလွသည္။လူျပတ္သည္။ဓားျပတိုက္ လူသတ္သြားရင္ေတာင္ ဘယ္သူမွ သိမည္ မဟုတ္။

မာန္ေသြးေရာင္က bellကို ႏွိပ္လိုက္သည္။ၿခံတံခါးမွေန၍ အထဲဆီ ကပ္တိုးၾကည့္စဥ္ ဆံပင္ဝါဝါ မ်က္သားျပာျပာနဲ႕ လူတစ္ေယာက္ ကို ျမင္လိုက္သည္။ထိုသူ က သူ႕ကို ျမင္ေသာအခါ ဘာကိစၥလဲ ဆိုေသာ မ်က္လုံးမ်ားနဲ႕ စူးစမ္းသည္။

"ဘာလဲ အဲ့ေကာင္က ၿခံေစာင့္လား"

မင္းရွင္ေမာ္က ထိုသူကို ေျခစ ေခါင္းဆုံး တစ္ခ်က္မွ် ၾကည့္ကာ ေျပာသည္။

"ဧည့္သည္ ျဖစ္ေလာက္မယ္ ထင္တယ္"

မာန္ေသြးေရာင္က ထိုသူကို စိုက္ၾကည့္လိုက္သည္။ထိုသူသည္ နိုင္ငံျခားသား ျဖစ္ပုံရသည္။

ခက္သည္ကား မာန္ေသြးေရာင္သည္ ျမန္မာစာမွာ တစ္ဖက္ကမ္းခတ္ေလာက္ေသာ္လည္း အဂၤလိပ္စာဆို Yes နဲ႕ Noကလြဲ ဖြတ္က်ားျဖစ္လွသည္။

"Do you know, Nyan Coe Naung ?"

ကံေကာင္းစြာႏွင့္ ထိုသူက မာန္ေသြးေရာင္ေျပာတာကို နားလည္ပုံရသည္။

အျပန္ လွန္လွန္ လက္ျပ ေျချပ နဲ႕ body language လုပ္ေနေသာ မာန္ေသြးေရာင္ကို မင္းရွင္ေမာ္က စိတ္မရွည္ေတာ့ဟန္
တြန္းလိုက္၍ မင္းရွင္ေမာ္ သည္ ၾကည္လင္ျပတ္သားေသာ ေလယူေလသိမ္းနဲ႕
ေျပာလိုက္ရာ တစ္ဖက္သူသည္ တံခါးကို ခ်က္ခ်င္း တန္းဖြင့္ေပးေတာ့ေလသည္။

မာန္ေသြးေရာင္၏ အထင္ႀကီး ေလးစားေသာ အၾကည့္မ်ားေၾကာင့္ မင္းရွင္ေမာ္သည္ ေကာ္လံကို တစ္ခ်က္ပင့္လိုက္သည္။

"ဒီေလာက္ကေတာ့ ေအးေဆးပါ"

မင္းရွင္ေမာ္ သည္ ငယ္စဥ္ကတည္းက
ဥေရာပ ေက်ာင္းမွာသာ ႀကီးျပင္းလာသူ ျဖစ္သည္။သူ႕တြက္ ဒီေလာက္က မခက္ခဲ
မပင္ပန္းပါေသာ္လည္း ခ်ီးက်ဴးခဲေသာ
မာန္ေသြးေရာင္၏ မ်က္ဝန္းမ်ားေၾကာင့္
မင္းရွင္ေမာ္ မွာ ေျမာက္ႂကြႂကြ ျဖစ္သြားသည္။

"ဒယ္ဒီ ေရာက္ၿပီလား. . ."

ရွင္မာန္က အေၾကာဆန႔္ကာ အိပ္ေနရာမွ အိပ္ခ်င္မူးတူး ထလာသည္။သူ႕ေဘးက
ဟက္စကီေကာင္က သခင္ေပါက္စကို လွ်ာနဲ႕ လ်က္ကာ ႏႈတ္ဆက္သည္။

"ဖလားဝါးေလး ငါ့ကို မလ်က္နဲ႕ဟ နံတယ္. . ."

ဖလားဝါးဟု အမည္တြင္ေသာ ဟက္စကီမမက စိတ္ေကာက္ဟန္ ႏွာေခါင္းႀကီး ရႈံ႕လ်က္ ရွင္မာန္ကို ေက်ာေပးသြားသည္။

"မင္းကလည္း ေဖႀကီး က်ေနတာပဲ. . .စိတ္ပဲ ေကာက္ေနတာ. . ."

"ေအာင္မာ ငါ ဘယ္မွာ စိတ္ေကာက္လို႔လဲ"

မာန္ေသြးေရာင္က ဝင္ပက္သည္။

"စိတ္ေကာက္ပါေစ မင္းေဖ စိတ္ေကာက္တာ ဒယ္ဒီမ်က္လုံးထဲ ခ်စ္စရာေလး"

"ေျပာတဲ့ သားက ပဲ မွားပါတယ္"

သူတို႔သည္ အိမ္ဆီ ေလွ်ာက္လွမ္းလာခဲ့ၾကသည္။

အိမ္ႀကီးသည္ ေျခာက္ကပ္ကာ တိတ္ဆိတ္လြန္းလွသည္။အိမ္ႀကီးက အလြန္ႀကီးသည္။လွပါေသာ္လည္း အနည္းငယ္ မွိုင္းညွို႔ေနသည္။က်က္သေရမရွိသလိုႏွယ္။

ၿခံထဲတြင္ပင္ ကေလးကစားကြင္း အေသးစားျပဳလုပ္ေပးထားသည္။

ထူထဲေသာ သစ္ပင္ႀကီးမ်ားေအာက္ဝယ္ တည္ရွိသည္မို႔ ကစားကြင္းေလးက အရိပ္ ေကာင္းလွ၏။

ေလတိုက္၍ ဒန္းက တ ကြၽီ ကြၽီ နဲ႕
ျမည္ေနသည္။

ၿခံထဲပင္ ခမ္းေနာ့ဝ္ရဲ႕ေအာင္ျမင္လွတဲ့ အသံအိုးႀကီးကို ၾကားရသည္။

ခမ္းေနာ့ဝ္က ေဆး႐ုံမသြားခင္ ေန႕လယ္စာ စားဖို႔ တာဆူစဥ္ ကိုးေနာင္က ခမ္းေနာဝ္ကို ထမင္းခူးေပးေနသည္။

မင္းရွင္ေမာ္ သည္ ခမ္းေနာ့ဝ္ကို အၿပဳံးတစ္ခုနဲ႕ ႏႈတ္ဆက္လိုက္ေသာ္လည္း
ဉာဏ္ကိုးေနာင္ကိုမူ ေခါင္းသာ ၿငိမ့္ျပ၍
ဝတ္ေက်တန္းေက် ႏႈတ္ဆက္လိုက္သည္။

"အာ တစ္မိုးေအာက္ တစ္ေယာက္ ကိုရွင္ေမာ္နဲ႕ ဂႏၱဝင္ စာေရးဆရာႀကီး ပါလား . . .
လာဗ်ာ ေန႕လယ္စာ ဝင္စားသြားပါဦး. . ."

ခမ္းေနာ့ဝ္ကမူ ေဖာ္ေဖာ္ေ႐ြေ႐ြ ႏႈတ္ဆက္သေလာက္ ဉာဏ္ကိုးေနာင္ကမူ တစ္ခ်က္မွ် ဂ႐ုမစိုက္။ခဏၾကာမွသာ ေအးစက္စက္ အၾကည့္တစ္ခ်က္သာ စြန႔္ႀကဲေတာ္မူသည္။

"ေတာ္ၿပီ . . . ကြၽန္ေတာ္ တို႔က စားၿပီးသြားၿပီဗ်"

"ဘာကိစၥလဲ. . .မင္းတို႔က ကိစၥမရွိရင္ အားအားယားယား လာမဲ့ေကာင္ေတြ မဟုတ္ဘူး"

ဉာဏ္ကိုးေနာင္က ေမးသည္။

"ဒီတစ္ပတ္ တနဂၤႏြေ ကြၽန္ေတာ္တို႔ ကထိန္ပြဲ ရွိတယ္. . .စစ္ကိုင္းေတာင္ ( . . . )ေက်ာင္းတိုက္မွာ ခင္းမွာပါ. . .ကြၽန္ေတာ္နဲ႕ ကိုရွင္ေမာ္ရဲ႕ တတိယေျမာက္ တန္ေဆာင္တိုင္ ကထိန္ခင္းျခင္းပဲ. . ."

မာန္ေသြးေရာင္ က ၿပဳံးစစ နဲ႕ ဂုဏ္ယူသလို ေျပာသည္။သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး ကုသိုလ္ လုပ္ဖို႔ ဆိုတာ လြယ္သည့္ ကိစၥ မဟုတ္။

မင္းရွင္ေမာ္ သည္ သူ႕ အပိုင္ ျဖစ္ေၾကာင္း အလြန္ မ႑ိုင္တက္ျပခ်င္ေသာ မာန္ေသြးေရာင္တြက္ အလႉေသးေသးေလး တစ္ခု ျပဳရင္ေတာင္ ေက်ာက္စာ အႀကီးႀကီးေပၚတြင္ ဦးမင္းရွင္ေမာ္ နဲ႕ ဦးမာန္ေသြးေရာင္ ဟု ယျပဴးၿပဲေနေအာင္ ကမၺည္းမွတ္တမ္း ထိုးတတ္သည္။

ကေလးဆန္တယ္ပဲဆိုဆို မရင့္က်က္ဘူးပဲ ေျပာေျပာ ထိုသို႔ အလႉမွတ္တမ္းေက်ာက္စာမ်ားအား မင္းရွင္ေမာ္၏ အင္မတန္ ဂုဏ္ေမာက္လွပါေသာ ေဆြေတာ္မ်ိဳးေတာ္ အေပါင္း မျမင္ ျမင္ေအာင္လည္း
အင္တာနက္ေပၚ တင္ ႂကြား တတ္ေသး၏။

"ဒီတစ္ပတ္ တနဂၤႏြေ ဆိုေတာ့ ပိတ္ရက္ပဲ၊ ငါလည္း ပိတ္ရက္ ငါးရက္ေတာင္ ရတယ္. . . မင္းတို႔က ည အိပ္မွာလား . . ."

"အိပ္မွာေပါ့ . . . ကြၽန္ေတာ္တို႔က အလႉရွင္ေတြပဲ. . .ဪ ဆတ္ႏြယ္ ေကာ ပါတယ္. . . စစ္ကိုင္းေတာင္မွာ ဝိပႆနာ ရႉခ်င္လို႔တဲ့"

"ဟာ. . .ေယာက္ဖေလးေရာပါတာလား
ေပ်ာ္စရာႀကီး. . . ကိုးေနာင္!! . . . ငါတို႔လည္း ည အိပ္ လိုက္ရေအာင္ . . .မိသားစုလိုက္ ခရီးထြက္ ည မအိပ္ရတာ ၾကာၿပီ ကေလးေတြလည္း ကထိန္ပြဲ မေတြ႕ႀကဳံဖူးေသးဘူး လိုက္သြားရေအာင္"

ခမ္းေနာ့ဝ္က ကိုးေနာင္ လက္ကို ဆြဲကာ ပူဆာသည္။

"သြားခ်င္ သြားေလ ကိုယ္ မတားပါဘူး"

"ငါ တစ္ေယာက္တည္း မသြားပါဘူး မိသားစုလိုက္သြားမွာေပါ့ . . . "

ကိုးေနာင္က မာန္ေသြးေရာင္ကို ဦးတည္ကာ

"ဘယ္သူေတြ ပါဦးမွာလဲ"

"ကြၽန္ေတာ္တို႔ပဲ အျခားသူေတြ မပါဘူး. . ."

မာန္ေသြးေရာင္ သည္ အျခားသူေတြ မပါဘူးဆိုတဲ့ ေနရာမွာ စကားလုံး မသိမသာ ဖိ ေျပာသည္။ကထိန္ပြဲဆို ႏွစ္ဦးႏွစ္ဖက္ ေဆြမ်ိဳးေတြ ေရာက္လာၾကတာ ထုံးစံ ျဖစ္သည္။မာန္ေသြးေရာင္ စကား အေနအထားအရ ဘယ္ ေဆြမ်ိဳးကိုမွ ဖိတ္ထားျခင္း မရွိေၾကာင္း သိသာ ေပၚလြင္လွသည္။အထူးသျဖင့္ မင္းရွင္ေမာ့္ ဘက္က ေဆြမ်ိဳးမ်ားအား ရည္စူးလ်က္။

ကိုးေနာင္ အနည္းငယ္ ပ်င္းသြားသည္။အကယ္၍ မင္းရွင္ေမာ္ ဘက္က အမ်ိဳးေတြ ပါလာရင္ မာန္ေသြးေရာင္ နဲ႕ ေသခ်ာေပါက္ တစ္ပြဲတစ္လမ္း ႏႊဲၾကမွာ ျဖစ္သည္။ခုေတာ့ ပြဲ မၾကည့္ရေတာ့ ပ်င္းစရာ ျဖစ္သည္။

မင္းရွင္ေမာ္ က ေရာက္ကတည္းက ဆိုဖာေပၚ ေျခခ်ိတ္ထိုင္ၿပီး ဧည့္ခန္းကို အကဲခတ္ေနသည္။မင္းရွင္ေမာ္ မ်က္ႏွာထားသည္ တစ္ေလာကလုံး သူ႕လုပ္စာ ထိုင္စားေနသလား ထင္ရေအာင္ အထက္စီးဆန္သည္။

ခမ္းေနာ့ဝ္သည္ မင္းရွင္ေမာ္ ရဲ႕ အၾကည့္ကို တစ္ခါတစ္လ သေဘာမက်ေပ။တစ္ဖက္သားကို မထီတရီ ႏွိမ္သလိုလို ၾကည့္သည္။ထို႔ေၾကာင့္ သူ႕အနား ေရာက္ရင္ လူက အလိုလို ေသးသိမ္သြားသလိုလို။
မင္းရွင္ေမာ္ကမွ တကယ့္ ရွင္ဘုရင္တစ္ပါးလို အရွိန္အဝါ အျပည့္ ျဖစ္သည္။

သို႔ေသာ္ လူအေၾကာင္း ေပါင္းၾကည့္မွ သိ ဆိုသလို မင္းရွင္ေမာ္ သည္ စိတ္ရင္း ေစတနာအားျဖင့္ သေဘာထား မဆိုးပါ။အလႉအတန္း ရက္ေရာသည္။

အမ္း . . . ရက္ေရာခ်က္ကေတာ့ လက္ဖြာတဲ့ အဆင့္ေတာင္ ေရာက္၏။

မင္းရွင္ေမာ္က ခမ္းေနာ့ဝ္တို႔ ကိုးတန္း ဆယ္တန္းတုံးက ျမန္မာစာဆရာ လုပ္ေပးခဲ့ဖူးသည္။မင္းရွင္ေမာ္ က အေတာ္ေလး ရယ္ခဲ ၿပဳံးခဲသည္။မင္းရွင္ေမာ္ အခ်ိန္ဆို ခမ္းေနာ့ဝ္တို႔မွာ ခ်ီးေတာင္ မေပါက္ရဲေအာင္ အေၾကာက္ကဲခဲ့သည္။ထိုစဥ္က ေက်ာင္းသားတစ္ေယာက္က မင္းရွင္ေမာ္ လက္တြင္ ပတ္ထားတဲ့ နာရီကို 'လွလိုက္တာ ဆရာ' ဟု ေျပာရာ 'မင္း လိုခ်င္လား ေရာ့' ဆိုၿပီး သိန္းခ်ီတန္ေသာ နာရီကို ခ်က္ခ်င္း
ေဝသႏၱရာလို ခြၽတ္ေပးခဲ့ဖူးသည္။ေက်ာင္းအုပ္ႀကီးက  'ဒါမ်ိဳး မလုပ္ပါနဲ႕' လို႔ေျပာၿပီး နာရီကို ျပန္ေပးတာေတာင္
မင္းရွင္ေမာ္ က 'ကြၽန္ေတာ္က ေပးၿပီးသား ပစၥည္း ျပန္မယူဘူး' ဟု ေျပာကာ ျငင္းပစ္ခဲ့သည္။ မင္းရွင္ေမာ္ က ဒီလို လူစားမ်ိဳး။

ခမ္းေနာ့ဝ္သည္ မင္းရွင္ေမာ္လို ဇတ္ဇတ္ႀကဲ မာန မင္းသားနဲ႕ မာန္ေသြးေရာင္လို အားေန ဟီလာ တိုက္ ႐ူးေပါေနေသာ ေကာင္ ဘယ္လို ညားသြားသလဲ စဥ္းစားမရ။မာန္ေသြးေရာင့္ ဗီဇက သေဘာေကာင္းသည္ ကူညီတတ္သည္ ရိုးသားသည္ တစ္ခါတစ္ရံ အူတူတူ အတတ လည္း နိုင္ေသးသည္။

ခမ္းေနာ့ဝ္ ငယ္ငယ္က မာန္ေသြးေရာင္ကို ေက်ာင္းညာဘက္ဆုံး အိမ္သာက သရဲေျခာက္တယ္၊ ေသးေပါက္ေနရင္ ေဂြးစိ လွမ္းဆြဲတာ ဟု စခဲ့ရာ မာန္ေသြးေရာင္ ခုခ်ိန္ထိ ထိုအိမ္သာကို မတက္ေတာ့ေၾကာင္း သနားဖြယ္ရာ ေတြ႕ရွိရသည္။ေသးေပါက္ခ်င္ေတာင္ အေသေအာင့္ထားတာ ခမ္းေနာ့ဝ္နဲ႕ ကိုးေနာင္ မွာ အေနာက္ကေန တိတ္တိတ္ေလး ႀကိတ္ရယ္ခဲ့ၾကသည္။

မာန္ေသြးေရာင္က မင္းရွင္ေမာ္ကို ႀကိဳက္ေနတယ္ ဟု သတင္းၾကားစဥ္ ခမ္းေနာ့ဝ္ နဲ႕ ကိုးေနာင္ သည္ ေခါင္းခ်င္းဆိုင္ကာ ခြက္ထိုးခြက္လွန္ ေလွာင္ရယ္ခဲ့ၾကသည္။သူတို႔သာ ရယ္တာ မဟုတ္ တစ္ေက်ာင္းလုံး ဝိုင္းရယ္တာ ျဖစ္သည္။

ဥဩ ေတြသာ ျဖဴခ်င္ ျဖဴလာလိမ့္မည္ ဒီ အူတူတူ အတတ လွ်ပ္ျပာျပာေကာင္နဲ႕ ဆရာ မင္းရွင္ေမာ္ ႀကိဳက္ဖို႔ လုံးဝ မျဖစ္နိုင္ဟု ေလာင္းေၾကးထပ္ထားၾကသည္။

ျဖစ္နိုင္
မျဖစ္နိုင္ ေလာင္းၾကရာ ခမ္းေနာ့ဝ္က မျဖစ္နိုင္ဘက္ကေန ရွိသမွ် မုန့္ဖိုး အကုန္ ေအာခ်သလို ခမ္းေနာ့ဝ္နဲ႕ ေပါင္း၍ ေမွာက္မွားရွာေသာ ေက်ာင္းကြမ္းေတာ္ကိုင္ေလး
ဉာဏ္ကိုးေနာင္သည္လည္း မျဖစ္နိုင္ ဘက္က လိုက္ ေလာင္းသည္။

ဥဩေတြ ျဖဴသြားသည္ ထင္ပါသည္။
တစ္ေက်ာင္းလုံး ေသာက္ေသာက္လဲ ရႈံးကာ အမြဲႀကီး မြဲကုန္သည္။ဆရာမင္းရွင္ေမာ္က
ဒီ အူတူတူ အတတ ထုံေပေပ ေလးကိုမွ
ခ်စ္လွပါခ်ည္ရဲ႕ ဆိုၿပီး ျဖစ္ေနသည္။

ခမ္းေနာ့ဝ္သည္ ပိုက္ဆံေတြ ကုန္သြားတာ ႏွေျမာလွပါခ်ည္ရဲ႕ ဆိုၿပီး မဆီမဆိုင္ ကိုးေနာင္ ပါးေလး သြားနမ္းခဲ့ဖူးသည္။

"ေဖႀကီး သမီး ကို ေပါင္မုန႔္ ေထာပတ္သုတ္ေပး. . ."

နန္းႏြယ္က အိပ္စုံမႈန္မႊားနဲ႕ ေအာက္ ဆင္းလာကာ ေျပာသည္။ကေလးေတြ တန္ေဆာင္တိုင္ ေက်ာင္းပိတ္ရက္ရွည္ႀကီး ရတာေၾကာင့္
ေနဖင္ထိုးေအာင္ အိပ္ၾကသည္။

နန္းႏြယ္ အိမ္တြင္းက ဧည့္သည္မ်ားကို ျမင္ဖူးပါတယ္ ၾကည့္ေနရာ . .

"ေဟ့ ဦးကိုေတာင္ မမွတ္မိဘူးလား ခဏေလး မေတြ႕လိုက္တာနဲ႕ ေမ့သြားေတာ့တာပဲ အရမ္း စိတ္မေကာင္းျဖစ္သြားၿပီ . . ."

လို႔ မာန္ေသြးေရာင္ ထ ေျပာကာမွ နန္းႏြယ္သည္ ဦးေလးမာန္ေသြးေရာင္၊တစ္နည္းအားျဖင့္ ကိုကိုရွင္မာန္ အေဖမွန္း သတိရသြား၍ ပ်ာယာေတြ ခတ္ကာ မရွိမဲ့ ရွိမဲ့ အိႏၵျေကို အျမန္ထိန္းသည္။ယဥ္ေက်းသိမ္ေမြ႕ေသာ ကေလးမေလး အမူအရာကို ဖမ္းသည္။

မင္းရွင္ေမာ္ က သမီးက 'ခ်စ္စရာ ေကာင္းတယ္' ဟု မွတ္ခ်က္ခ်စဥ္ ခ်စ္လွစြာေသာ ေဖေဖ က  "လူေရွ႕ သူေရွ႕မို႔ လိမၼာေနတာ ပါ" ဟု နန္းႏြယ္ လက္နဲ႕ ေရးေသာ စာကို ေျခနဲ႕ ဖ်က္ပစ္သည္။

ကိုးႏြယ္ကမူ ကိုးေနာင္ ေဖ်ာ္ေသာ အိုဗာတင္းကို အရသာခံ ေသာက္ေန၏။

မင္းရွင္ေမာ္သည္ မာန္ေသြးေရာင္ကို
ဉာဏ္ကိုးေနာင္နဲ႕ တြဲၿပီး ဘယ္လိုမွကို ၾကည့္မရေပ။ၾကည့္မရသည့္ ၾကား မာန္ေသြးေရာင္ကပါ ဉာဏ္ကိုးေနာင္ ‌နဲ႕ဆို တီေကာင္ကို ဆားနဲ႕ ပက္ထားသလို ျဖတ္ျဖတ္ကို လူးေနသည္။

သဝန္တိုပါ၏။မၾကည္ျဖဴပါ။

ထိုနည္းတူစြာ ဉာဏ္ကိုးေနာင္က လည္း မာန္ေသြးေရာင္ကိုဆို အျခားသူမ်ားထက္ အေလးေပးသည္။သူတို႔သည္ ဟိုး ငယ္စဥ္ ေတာင္ေက်း ကေလးေပါက္စ ကတည္းက ရင္းႏွီးကြၽမ္းဝင္သူမ်ား ျဖစ္တာမို႔ ဒီလို ဆက္ဆံေရး ရွိတာ အံ့ဩစရာေတာ့မဟုတ္။

သို႔ေသာ္ မင္းရွင္ေမာ္ မနာလိုသည္။သူ႕ ေကာင္ေလးကို ဉာဏ္ကိုးေနာင္က် ငယ္ကတည္းက သိခြင့္ရၿပီး သူ႕က် ဆယ္ေက်ာ္သက္မွ သိခြင့္ရသည္။ကံၾကမၼာ ကို မေက်နပ္။

သို႔ေသာ္ ဒီလို ေတြးျပန္ေတာ့လည္း ေျဖသာပါ၏။မင္းရွင္ေမာ္နဲ႕ မာန္ေသြးေရာင္က အသက္ 8ႏွစ္ေက်ာ္ေလာက္ ကြာတာမို႔ မင္းရွင္ေမာ္ လူပ်ိဳဖားဖား အ႐ြယ္ ရွိုးထုတ္ေနခ်ိန္ မာန္ေသြးေရာင္ကမူ ႏွာေခ်းတြဲေလာင္း ဖင္ေဟာင္းေလာင္းနဲ႕ ေအာ္ငိုေနတဲ့အ႐ြယ္ပင္ ရွိဦးမည္။

မာန္ေသြးေရာင္က ကိုးႏြယ္နဲ႕ နန္းႏြယ္ကို စ ေနသည္။

မာန္ေသြးေရာင္သည္ ဘယ္လိုပဲ လူႀကီးဂိုက္ ဖမ္းၿပီး ဆရာႀကီး လုပ္ေနပါေစ ၊ ဘယ္ေလာက္ပဲ သူ႕နယ္ပယ္၌ ေအာင္ျမင္ အရာေရာက္ေနပါေစ မင္းရွင္ေမာ္မ်က္လုံးထဲတြင္ ကေလး တစ္ေယာက္နဲ႕တူသည္။

မင္းရွင္ေမာ္သည္ မာန္ေသြးေရာင္ကို ေဆြးျမည့္စြာ ၾကည့္လိုက္သည္။
ဒီေကာင္ေလးကို ရဖို႔တြက္ ေပးဆပ္လိုက္ရတဲ့ အရင္းအႏွီးသည္ ႀကီးလွသည္။
တစ္မ်ိဳးလုံးနဲ႕ တစ္ေယာက္ တစ္ကမၻာလုံးနဲ႕ တစ္ေယာက္ စုံလုံးကန္း မိုက္႐ူးရဲစြာ ပုန္ကန္ခဲ့ရသည္။

ထိုစဥ္ စိုင္းဆိုင္ခမ္းေနာ့ဝ္က ေန႕လယ္စာ စားၿပီးသြားေသာအခါ မင္းရွင္ေမာ္ အနားသို႔ ကပ္ ထိုင္လာသည္။မင္းရွင္ေမာ္က တစ္စုံတစ္ခုကို အမွတ္ရစြာ တိုးတိမ္ေသာ အသံႏွင့္

"သူတို႔ ေနေကာင္းၾကတယ္မလား. . ."

သူတို႔ ဆိုသည့္ အမ်ားကိန္း နာမ္စားကို
မင္းရွင္ေမာ္ သုံးကာ ေျပာစဥ္ ခမ္းေနာ့ဝ္က အနည္းငယ္ ေၾကာင္သြားသည္။

"ဘယ္သူတို႔ကို ေျပာ. . .ဪ ဟုတ္ ေကာင္းပါတယ္ . . .သူတို႔ ေနေကာင္းၾကပါတယ္"

သူတို႔ ဆိုသည္မွာ မင္းရွင္ေမာ္ရဲ႕ အဘြားႏွင့္ အေဖကို ဆိုလိုတာ ျဖစ္သည္။အဘယ္ေၾကာင့္ ဒီေမးခြန္း ခမ္းေနာ့ဝ္ကို ေမးရပါသနည္း ဆိုေသာ္ မင္းရွင္ေမာ္ ၏ အဘြားက ခမ္းေနာ့ဝ္ ၏ လူနာ ျဖစ္ေပ၍။

"အင္း ေကာင္းရင္ ဝမ္းသာပါတယ္"

"အဘြားထိပ္တင္ႀကီးက ကိုရွင္ေမာ္ကို သတိရေနရွာတာ"

မင္းရွင္ေမာ္ သည္ အလြန္ရယ္စရာ ေကာင္းေသာ ျပက္လုံးကို ၾကားလိုက္ရသလို ဟက္ဟက္ပက္ပက္ ရယ္သည္။

"စိတ္ခ်မ္းသာေအာင္ ေျပာေပးလို႔ ေက်းဇူးတင္ပါတယ္. . .ဒါမဲ့ ငါ့ညီ. . အစ္ကိုတို႔ အမ်ိဳးကေလ ေသခန္းျဖတ္ၿပီးသား လူတစ္ေယာက္ကို ဘယ္ေတာ့မွ ျပန္ သတိရရိုး မရွိဖူးကြ. . . "

ခမ္းေနာ့ဝ္သည္ မင္းရွင္ေမာ္ တို႔ တစ္မ်ိဳးလုံးကို တကယ္ ဆလံသသည္။

မင္းရွင္ေမာ္ ရဲ႕ နဂို ဗီဇက မာနႀကီးၿပီး ေမာက္မာသည္။လူတစ္ကာကို မတူမတန္သလို ဆက္ဆံတတ္သည္။သို႔ေသာ္လည္း ဒါသည္ သူ႕အျပစ္ေတာ့မဟုတ္။သူ႕ ဘဝ သူ႕ အေျခအေနကိုက ဒီလို ပုံ ျဖစ္ေအာင္ ဖန္ဆင္းေပးထားသည္။

မင္းရွင္ေမာ္ သည္ ေရွးစဥ္ ဘိုးေဘးဘီဘင္မ်ား လက္ထက္ကတည္းကစ ေခတ္အဆက္ဆက္ အလြန္မင္းက်ိက်ိတက္ခ်မ္းသာေသာ ေဆြႀကီးမ်ိဳးႀကီး
ကိန္းႀကီးခန္းႀကီး အလြန္နိုင္ေသာ မိသားစုရဲ႕ အႀကီးဆုံး သား ျဖစ္သည္။

ခ်မ္းသာတာမွ ဖိနပ္ေတာင္ စိန္ စီၿပီး စီးနိုင္သည္။
ေဆြႀကီး မ်ိဳးႀကီးနိုင္တာမွ မင္းရွင္ေမာ္ အ‌ေဘးက သီေပါမင္းလက္ထက္က အမတ္ႀကီး တစ္ဦးျဖစ္ၿပီး အဘိုးကလည္း ‌ေရနံတြင္းပိုင္ တြင္းစားတြင္းရိုး အႏြယ္ ဂ်ပန္ေတြကို တိုက္ထုတ္ရင္း အမိနိုင္ငံတြက္ အသက္စြန႔္သြားသည့္ သူရဲေကာင္းႀကီး ၊
အေဖက ျမန္မာ့ တြင္းထြက္ ေက်ာက္ျမတ္ရတနာ ေလာကဝယ္ ဘုရင္တစ္ဆူ ျဖစ္၏။ခမ္းေနာ့ဝ္ ေယာကၡမႀကီး ေနာင္ဘုန္းသိုက္ပင္ မင္းရွင္ေမာ္ အေဖႏွင့္ ယွဥ္ေသာ္ ဂ်ဴနီယာ အဆင့္သာ ရွိေသးသည္။

မင္းရွင္ေမာ္၏ ေဆြေတာ္မ်ိဳးေတာ္‌မ်ားကလည္း မ်ားလိုက္တာ မ်ားလိုက္တာ ဆိုတာ။အကုန္ သူေဌးခ်ည္း တစ္ေယာက္မွ မြဲသူ မပါ။

ေကာင္းေတာ့ ေကာင္းပါ၏။သို႔ေသာ္ မေကာင္းေပ။

ျပႆနာကား မာန္ေသြးေရာင္ က အေျခခံ လူတန္းစား။မာန္ေသြးေရာင္ တစ္လေလာက္ အေသအေၾက ကုန္း႐ုန္းရွာရေသာ ပိုက္ဆံသည္ မင္းရွင္ေမာ္ စီးေသာ ဖိနပ္ တစ္ရံစာပင္ မရွိ။

စဥ္းစားၾကည့္ပါေလ။ဘယ္ေလာက္ ျမန္မာကား ဆန္လိုက္ပါသနည္း။

ထပ္ၿပီး ျမန္မာကားဆန္စြာႏွင့္ မာန္ေသြးေရာင္ႏွင့္ မင္းရွင္ေမာ္ ညားေလသည္။
သို႔ေသာ္ အေလ်ာ္အစားအေနႏွင့္ မင္းရွင္ေမာ္ သည္ သူ႕ ရမည့္ လွည္းေန လွည္းေအာင္း ျမင္းေဇာင္း မက်န္ေသာ အေမြစည္းစိမ္ေတြ မွန္သမွ် အာမဘႏၱေ လိုက္ရသည္။

အေမြျဖတ္။ သား ေျမး အျဖစ္မွ ေသခန္းျပတ္။

မာန္ေသြးေရာင္ တစ္ေယာက္တြက္ႏွင့္ စည္းစိမ္ေတြ အကုန္ စြန႔္လႊတ္ခဲ့သည္။
ႏွစ္ကိုယ္တူ တဲအိုပ်က္မွာ ေနရ ေနရ ခ်စ္တာ၊ ခ်စ္တာ ပဓာန လို႔ ဆိုတာ မင္းရွင္ေမာ္ ႏွင့္ အံကိုက္။

တစ္မိုးေအာက္တစ္ေယာက္ မင္းရွင္ေမာ္
လိင္တူႀကိဳက္လို႔ အေမြျဖတ္ခံရ ဆိုတဲ့ သတင္းက မႏၱေလး တစ္ၿမိဳ႕လုံး သဲႀကီးမဲႀကီး ႐ြာတဲ့ မိုးလို တစ္ေခတ္တစ္ခါက အုန္းအုန္းထေစခဲ့သည္။

မွတ္မွတ္ရရ မာန္ေသြးေရာင္ ပထမဆုံး ေပါက္သြားတာ စာအုပ္က သူ႕ဘဝ အေၾကာင္း သူ ျပန္ေရးထားတဲ့ စာအုပ္ ျဖစ္ၿပီး စာအုပ္နာမည္ က "ေမာင့္ သဇင္ပန္း" ဟူ၍။

ထိုစာအုပ္ ေက်းဇူးကား စိုင္းဆိုင္ခမ္းေနာ့ဝ္တြက္ ႀကီးမားလွသည္။အေၾကာင္းမွာ ဉာဏ္ကိုးေနာင္ ျမန္မာျပည္ ျပန္ေရာက္လာစဥ္
ခမ္းေနာ့ဝ္ နဲ႕ ပထမဆုံး ေကာ္ဖီဆိုင္မွာ ႏွစ္ေယာက္တည္း စ ေတြ႕ တုံးက
ခမ္းေနာ့ဝ္ ႏွင့္ ကိုးေနာင္ သည္ ဘာေျပာရမွန္းမသိ။ႏွစ္ေယာက္ၾကား ေျပာစရာ စကားလည္း ရွိမေန။

ထိုအခ်ိန္ ခမ္းေနာ့ဝ္က "ေမာင့္ သဇင္ပန္း" ဆိုတဲ့ စာအုပ္ကို ေကာ္‌ဖီဆိုင္မွာ တင္ထားတာ ေတြ႕၍ ယူကာ ကိုးေနာင္ကို ေပးခဲ့သည္။

"မင္း . . . စာအုပ္ဖတ္တာ ဝါသနာ ပါတယ္မလား"

"အင္း"

"ဖတ္ၾကည့္ နာမည္ႀကီးေနတဲ့ စာအုပ္ပဲ"

ကိုးေနာင္က စာအုပ္ကို စ ဖတ္ေတာ့သည္။တစ္အုပ္လုံးကို တစ္ထိုင္တည္း ဖတ္တာ ျဖစ္သည္။

ခမ္းေနာ့ဝ္မွာ ကိုးေနာင္ ၿပီးနိုးနိုး နဲ႕ ေစာင့္ရင္း နံနက္ 7နာရီ ကေန ည 9နာရီ ခြဲ သြားသည္။

ကိုးေနာင္က စာအုပ္ အ ဆုံးထိ ဖတ္ၿပီးကာမွ စာအုပ္ကို ပိတ္လိုက္ၿပီး ခမ္းေနာ့ဝ္ကို အံ့ဩသလို ၾကည့္လာသည္။မ်က္ခုံးေလးမ်ားပင့္ကာ မ်က္ဝန္းစိမ္းစိမ္းေလးမ်ားက ဝိုင္းေနလ်က္၊ႏႈတ္ခမ္းေလးက ပြင့္အာေနသည္။

"ျပန္ေသးဘူးလား"

"မင္း ကို ေစာင့္‌ေပးေနတာ"

"အားနာစရာႀကီးေရာ္"

ကိုးေနာင္က ၿပဳံးၿပဳံးေလး ဆိုစဥ္ ခမ္းေနာ့ဝ္သည္ ငယ္က မမေခ်ာေခ်ာလွလွမ်ား
အာဘြားေပးခံရရင္ ရွက္ေသာ ကေလး ေလးလို ဂုတ္ပိုး ကို လက္နဲ႕ ပြတ္လ်က္ "ရပါတယ္" ဟု အေျဖေပးသည္။

"ေမွာင္လဲ ေမွာင္ေနၿပီဆို ဒီတစ္ညေတာ့ ကိုယ္နဲ႕ အတူ လိုက္အိပ္လိုက္ေတာ့. . ."

"ဟမ္"

"ကိုယ္ ေျပာခ်င္တာက ကိုယ့္အိမ္မွာ လိုက္အိပ္လိုက္မလား. . .ကိုယ္ ညစာ ခ်က္ ေကြၽးမယ္ေလ လိုက္ခဲ့ပါလား. .  ေနာ္. . . ေနာ္"

ခမ္းေနာ့ဝ္သည္ အနည္းငယ္ စိတ္ရႈပ္သြားေသာ္လည္း အားနာသျဖင့္ လိုက္သြားလိုက္သည္။

ဟီး ဟီး။

အဲ့ည မွာ ကိုးေနာင္ နဲ႕ ညစ္တီးညစ္ပတ္ေလးေတြ အတူ လုပ္ျဖစ္ခဲ့ၾကသည္။

"ေဟ့ . . .ခမ္းေနာ့ဝ္ ဘာေတြ ေတြးၿပီး ရယ္ေနတာလဲ"

"ကိုးေနာင္ နဲ႕ ညစ္တီးညစ္ပတ္ေလးေတြ အတူ လုပ္ေနလို႔"

"ဟမ္!!"

မင္းရွင္ေမာ္ရဲ႕ ဟမ္ ဆိုတဲ့ အသံႀကီးက ခမ္းေနာ့ဝ္ရဲ႕ လြင့္ျမဴးေနေသာ ‌အေတြးအာ႐ုံမ်ားကို ျပန္လည္ စုစည္းသြားေစသည္။

"ကြၽန္ေတာ္ ဘာေျပာလိုက္တာလဲ"

မာန္ေသြးေရာင္က မအူမလည္ မ်က္ႏွာေဘးႏွင့္ အနားေရာက္လာကာ

"ညစ္တီးညစ္ပတ္ ေတြ လုပ္တယ္ဆိုလား . . . ထင္ေတာ့ထင္ပါတယ္ ကြၽန္ေတာ္
ကိုခမ္းေနာ့ဝ္ကို ျမင္ကတည္းက မ်က္ကြင္းေတြ ညိုေနပါတယ္လို႔"

"ဒီလိုကိစၥမ်ိဳးက လုပ္သာ လုပ္ေပတည့္ အိပ္ေရးေတာ့ ပ်က္ခံလို႔မရဘူး. . ."

"ရွင္ေမာ္ကလည္း လုပ္မွေတာ့ အိပ္ေရးပ်က္မွေပါ့. . . direct equation ပဲဟာဗ်ာ"

မာန္ေသြးေရာင္က ျပန္ျငင္းသည္။အ‌ေရးထဲအေခ်အတင္ စကားမ်ားေနၾက၏။

"ကြၽန္ေတာ္ ေဆး႐ုံ သြားလိုက္ဦးမယ္ေနာ္ . . . ဂြတ္ဘိုင္"

ခမ္းေနာ့ဝ္က လက္ဆြဲအိတ္ကို ဆြဲကာ ၿခံေရွ႕ ေျပးသည္။

ခဏအၾကာ အိမ္ထဲ ျပန္ဝင္လာၿပီး အိမ္ေပၚ ေျပးတက္သည္။ျပန္ဆင္းလာသည္။တစ္ေယာက္တည္း ေယာက္ယက္ခတ္ ေနသည္ကို မ်က္စိေနာက္စြာ ျမင္ေတြ႕ရသည္။

"ေဖႀကီး က ဒီမွာ"
ကိုးႏြယ္က အိုဗာဒင္းေသာက္ရင္း ႐ုပ္တည္တည္ႏွင့္ ေျပာလိုက္သည္။

ခမ္းေနာ့ဝ္က ကိုးေနာင္ဆီ ေျပးလာတာ
ကိုးေနာင့္လည္တိုင္ကို ခုန္ ခို စီးလိုက္ၿပီး ႏႈတ္ခမ္းကို မြ ဆိုၿပီး ဆက္တိုက္ ဆက္တိုက္ နမ္းလိုက္သည္။အဆုံးသတ္အေနႏွင့္ ပါးကို နစ္ဝင္သြားတဲ့ထိ အားရပါးရ နမ္းကာ

"သြားၿပီ အခ်စ္ေရ"

ဟု ႏႈတ္ဆက္သြားသည္။မသိရင္ ဆယ္ႏွစ္ေလာက္ခြဲရမည့္ လူလို တမ္းတေဆြးစြာ။

သားနဲ႕ သမီးက် လက္ပဲ ျပသြားသည္။

"တစ္အိမ္တည္းမွာ အဆင့္အတန္းခြဲျခားခံေနရတယ္"

နန္းႏြယ္ရဲ႕ ေဝဖန္ခ်က္အဆုံး လူႀကီးေတြက ၿပဳံးသြားသည္။

++++

"ဖလားဝါးေရ"

"ဖလားဝါး"

ရွင္မာန္သည္ ေခြးေပ်ာက္ရွာပုံေတာ္ဖြင့္ရင္း အိမ္ အေနာက္ဖက္ျခမ္းသို႔ ေရာက္မွန္းမသိ ေရာက္လာေလသည္။

ဘယ္ဆီကမွန္းမသိေသာ ငွက္အာသံမ်ားႏွင့္ သစ္ကိုင္းခတ္သံမ်ားသည္ ပတ္ဝန္းက်င္မွာ ေျခာက္ေျခာက္ျခားျခား ေနရာယူေနသည္မို႔ ရွင္မာန္ အနည္းငယ္ ေၾကာက္သြားသည္။သို႔ေသာ္ သူ႕ရဲ႕ ေသးေသးေကြးေကြးမဟုတ္ပါဘဲ ဘယ္ေရာက္သြားမွန္းမသိေသာ
ဟက္စကီမမအား အရဲစြန႔္ကာ ရွာရျပန္သည္။

"မလာရင္ ကိုကို ထိုင္ ငိုေတာ့မွာေနာ္ . . . ဖလားဝါးလို႔ . . .ကိုကို ေၾကာက္တယ္လို႔ "

အိမ္အေနာက္ပါးဆီ တေ႐ြ႕ေ႐ြ႕ ခ်ဥ္းကပ္မိစဥ္ ဆံပင္ဝါဝါႏွင့္ ဦးေလးတစ္ေယာက္သည္ မတ္တပ္ရပ္လ်က္ရွိသည္။

သူသည္ ရွင္မာန္ကို ေက်ာေပးထားေသာ္လည္း သူ႕လက္ ႏွစ္ဖက္ထဲတြင္ ‌ပုလင္းေသးေသးကို ကိုင္ထားေၾကာင္း ေတြ႕ရသည္။ညာဘက္တြင္ ပုလင္းျပာ၊ဘယ္ဘက္တြင္ ပုလင္းဝါ။

အိမ္ေနာက္ဘက္ အုတ္တံတိုင္းေပၚ ကုပ္ကပ္တြယ္တက္ ေပါက္ေနေသာ ႏြယ္ပင္မ်ားေပၚသို႔ ပုလင္းဝါ ထဲက အဝါေရာင္အရည္မ်ားကို နည္းနည္းေလး ေလာင္းခ်လိဳက္စဥ္ ခဏခ်င္း ႏြယ္ပင္သည္ ညွိုးရိႏြမ္းေလ်ာ္ကာ ေျခာက္ကပ္သြားသည္။တစ္ဖန္ ပုလင္းျပာထဲက အရည္ျပာျပာမ်ားကို ထိုႏြယ္ပင္ေပၚ ေလာင္းလိုက္ေသာအခါ ထိုအပင္သည္
႐ုတ္ခ်ည္း ျပန္ရွင္လာသည္။ရွင္မာန္က အံ့ဩလြန္းလို႔ အသက္ရႉဖို႔ပင္ သတိမရေတာ့။

"ကြၽတ္"
မွားနင္းမိသြားေသာ သစ္ကိုင္းေျခာက္။

႐ုတ္ခ်ည္းလွည့္ၾကည့္လာေသာ မ်က္လုံးျပာျပာမ်ားက သားရဲတစ္ေကာင္လို စူးရဲခက္ထန္စြာ။ရွင္မာန္က ေနာက္သို႔ ေျခတစ္လွမ္း ေယာင္မွားမွား ဆုတ္မိသြားရာ ေျခလိမ္ၿပီး ေမွာက္ရက္လဲေလသည္။

ထိုသူက ရွင္မာန္ဆီ တစ္ေ႐ြ႕ခ်င္း လွမ္းလာကာ ရွင္မာန္ကို လက္ ကမ္းေပးသည္။

"မင္း ကို ငါ ဘာမွ မလုပ္ဘဲ မင္းက ငါ့ကို ဘာလို႔ . . . ဘာလို႔. . . Oh . . .I forget how to say 'afraid' in Myanmar"

ထိုလူသည္ ျမန္မာလို တစ္လုံးခ်င္း စဥ္းစားေျပာေနရင္းမွ မသိေတာ့ဘဲ အဂၤလိပ္လို ေရာခ်ေတာ့သည္။

သို႔ေသာ္ ရွင္မာန္က သူ ေျပာေနတာ ခန႔္မွန္းလို႔ရသည္။

"သား က ဦးေလးကို မေၾကာက္ပါဘူး"
တံေတြးေတာ့ မ်ိဳခ်လိဳက္သည္။

"Yep. . . It's  'ေၾကာက္'  ,  I see "

မက္ရွေလ က ရွင္မာန္ အရပ္တိုင္း ဒူးေထာက္ ထိုင္လိုက္သည္။

"ငါ့ name က မက္ရွေလ"

"နာမည္ ကို ေျပာခ်င္တာလား"

"Yep Yep နာ မည္ မက္ရွေလ"

"သား နာမည္က ရွင္မာန္"

"ရွနံ"

"မဟုတ္ဘူး ရွင္ ရွင္ . . .မာန္"

"ရွနံ"

"ရွင္မာန္ ပါဆို"

"Too difficult "

"မခက္ပါဘူး"

ရွင္မာန္က ပါးေလးမို႔တက္သြားသည္ထိ ရယ္လိုက္သည္။

"You're so cute . . . "

မက္ရွေလက ရွင္မာန္ကို ေခါင္းပုတ္ေပးရင္း ေျပာသည္။ၿပီး တစ္ခ်က္စဥ္းစားၿပီး ျဖည္းညင္းစြာ ဆက္ေျပာျပန္သည္။

"ငါ့မွာ မင္း အ႐ြယ္ one son ရွိတယ္"

"ဟင္"

"Son ရွိတယ္  ေျပာတာ. . . Wait ,  l'll show you "

မက္ရွေလက ဖုန္းကို ထုတ္ကာ တစ္ခုခုကို ရွာသည္။

ၿပီး ရွင္မာန္ လက္ထဲ ဖုန္း ထည့္ေပးသည္။

ဖုန္း screen ေပၚတြင္ ေ႐ႊအိုေရာ ဆံပင္ေလးအုပ္အုပ္မ်ား နဖူးေပၚ ဝဲဝဲက်ထားေသာ ေကာင္ေလးေသးေသးေလးတစ္ေယာက္။ ႏွင္းခဲလုံးႀကီးလို အသားရည္ ေဖြးေဖြးဆြတ္လွေသာ အသားရည္၊ အရည္လဲ့ရီေနသည့္ ဝိုင္းစက္စက္ မ်က္သားျပာျပာႏွင့္ အလြန္ ခ်စ္စရာေကာင္း၏။

ရွင္မာန္သည္ ထိုကေလးေလးအား အတန္ၾကာေအာင္ စိုက္ၾကည့္ေနမိသည္။ဒီကေလး ေလးကိုသာ အျပင္မွာ ေတြ႕ရင္ ဖက္ နမ္းမိေလာက္မည္။အရမ္းကို ခ်စ္ဖို႔ေကာင္းသည္။ဖလားဝါးလို အူယားစရာလည္းေကာင္းသည္။

"ခ်စ္စရာေလး"

"He is my son , အက္ခ်ေလ"

"သား ကို ေပးပါလား"

"What do you mean "

"Pls give me အက္ခ်ေလ , because I love him "

ရွင္မာန္က ေက်ာင္းက သင္လာတဲ့ Grammar pattern ကို ထုတ္သုံးသည္။ေနာက္ဆုံးေတာ့ ဒီpatternေတြကို အက်ိဳးရွိစြာ အသုံးခ်ရမည့္ေနရာအား ေတြ႕ခဲ့ေလၿပီ။

"Love . . "

မင္ရွေလက ထိုစကားလုံးကို ထပ္ခါခါ ေရ႐ြတ္လိုက္သည္။အခ်စ္ . . .အခ်စ္။

အခ်စ္သည္ မက္ရွေလ နဲ႕ မသက္ဆိုင္ေသာ အရာ ျဖစ္သည္။မက္ရွေလ ဆီမွာ အခ်စ္မွ
မရွိေလဘဲ။

ဒီေပါက္စ သည္ သူ႕သားငယ္အား ဓာတ္ပုံေလး ျပ႐ုံနဲ႕ ခ်စ္တယ္ ဟု ေျပာသည္။
အေဖျဖစ္သည့္ သူ႕က် ထိုေကာင္ေလးေပၚတြင္ ခံစားခ်က္ အေထြအထူး ရွိမေနေပ။

အက္ခ်ေလ သည္ ေမြးရာပါ အျမင္အာ႐ုံခ်ိဳ႕ယြင္းေနသူ ျဖစ္သည္။သို႔ေသာ္ အက္ခ်ေလ သည္ အလြန္ အၾကားအာ႐ုံေကာင္းလွသည္။

မက္ရွေလက သူ႕ကေလးမ်ားအား ေကာင္းေကာင္းဆက္ဆံဖို႔ ႀကိဳးစားေသာ္လည္း သူ ဘယ္လို ဆက္ဆံရမည္ဆိုတာကို မသိ။

ဉာဏ္နီဉာဏ္နက္မ်ားႏွင့္ ရက္စက္ေသာ serial killer တစ္ေယာက္သည္ ျဖဴစင္ေသာ သန႔္ရွင္းေသာ ကေလးမ်ားႏွင့္ ဘယ္လိုမွ လိုက္ေလ်ာညီေထြ မေနနိုင္ေပ။

သို႔ေသာ္ အသားထဲက ေလာက္ထြက္သည့္ႏွယ္ တစ္စုံတစ္ကိုးက်ေတာ့
သူ႕ကေလးႏွစ္ေကာင္နဲ႕ အၿမဲတမ္း လုံးေထြးေနတတ္သည္။

အက္ခ်ေလသည္ ရွီဒိုဂေယာင္းနဲ႕က် အဆင္ေျပသလိုလို ရွိေသာ္လည္း မက္ရွေလ ကို မူ ေျခသံၾကား႐ုံႏွင့္ ေသးထြက္မတတ္ ေၾကာက္သည္။

အက္ခ်ေလ နဲ႕ အဆင္ေျပမယ့္နည္းကို ဒီ ရွနံ သည္ ကေလးခ်င္းမို႔ သိေကာင္း သိေပနိုင္မည္။

"My son က အရမ္း ဆိုးတယ္. . . သူနဲ႕ ငါ မတည့္ဘူး"

"ဦးေလးက သူ႕ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေလ သားနဲ႕ သားဒယ္ဒီဆိုရင္ ဒယ္ဒီက . . ."

"Speak slowly. . . I don't understand "

"ဒယ္ဒီက သားကို အၿမဲ ဆူတာ . . .ဒါမဲ့ သားကို သားလိုခ်င္တာ ဝယ္ေပးလိုက္ရင္ သားက စိတ္ေကာက္ေျပသြားေရာ. . . နားလည္လား"

"No"

"မိုင္ ဒယ္ဒီ ေအာ္ေလြ႕ စကိုး မီ ၊ ဘတ္ ဟီ ေဂ့ မီ ပရဲဆန႔္ . . . အိုင္ ေဖာ္ ဂစ္ ဟင္း . . . 
အိုေက"

"I see "

"ဆိုး ယူ ႐ြတ္ ေဂ့ ပရဲဆန႔္ အက္ခ်ေလ. . . "

"You mean, I'II give present, he'll love me"

"ရက္စ္ ရက္စ္ . . ."

"Thank ရွနံ"

"ရွင္မာန္ပါဆို"

"ဒါနဲ႕ ရွနံ မင္း ေခြးက အိမ္ေရွ႕မွာ ရွိတယ္"

ရွင္မာန္က ခ်က္ခ်င္း ေျပးထြက္သြားကာ
မက္ရွေလကို ေတာ့တာ လုပ္ျပသြားေလသည္။

"ရွင္မာန္ ပါဆိုေနမွ!!! "

++++

ကထိန္ ပြဲ သြားမည္ အသံၾကားကတည္းက နန္းႏြယ္ အေပ်ာ္လုံးဆို႔ေနသည္။မေပ်ာ္ရိုးလား ကိုကိုရွင္မာန္ကို တစ္ည ႀကီးမ်ားေတာင္ မခြဲဘဲ ေတြ႕ရမယ့္ အခြင့္အေရးႀကီး။

ပစၥည္း ပစၥယေတြ ခု ကတည္းက ႀကိဳထည့္ၿပီး နန္းႏြယ္တို႔ စပ္စလူးကို ခါေနသည္။
ကိုးႏြယ္ကမူ ေအးေဆးေဆးသာ။

"မင္းတို႔ ခရီးသြားမလို႔လား"

တစ္အိမ္လုံး ဟိုပစၥည္းထည့္ ဒီပစၥည္းထည့္
ႏွင့္ ဆူညံပြက္ေလာရိုက္ေနေသာ နန္းႏြယ္ေၾကာင့္ မက္ရွေလ က ကိုးေနာင္ကို ႐ုရွားလို ေကာက္ကာငင္ကာ ေမးသည္။

"အင္း"

"ေသခ်င္ေနတာပဲ. . .မင္း ေဖ နဂါးနက္ေတြ မင္းကို အသည္းအသန္ လိုက္ရွာေနၾကပါတယ္ ဆိုေနမွ အျပင္ေတြ ေလွ်ာက္သြားေနတယ္. . .ေစာေစာစီးစီး ခရစ္ေတာ္မွာ အိပ္ေပ်ာ္ခ်င္ေနၿပီ"

မက္ရွေလ က ျပင္သစ္လို ေျပာျပန္သည္။

"ဘယ္လို ျဖစ္ေနတာလဲ. . .ဘာသာစကား တစ္ခုကို တစ္ခုတည္းပဲ ေျပာစမ္းပါ နားကို ရႈပ္ေနတာပဲ . . ."

မက္ရွေလက မ်ားေသာအားျဖင့္ ႐ုရွားလို သာ အေျပာမ်ားသည္။အိမ္မွာေတာ့
ကိုရီးယားလို ေျပာသည္။ရွီဒိုဂေယာင္းက
ကိုရီးယား မို႔။

မက္ရွေလက ဘာသာစကားမ်ားကို ေလ့လာရတာ ႀကိဳက္သူ ျဖစ္သည္။အသစ္ သစ္ေသာ အရာမ်ားကို စူးစမ္းရတာ သူ၏ ႀကီးမားေသာ ဝါသနာ။

"အာ့တာဆို တ႐ုတ္လို ေျပာမယ္"

"မင္း ေဖ ငါ တ႐ုတ္စာ မတတ္ဘူး Englishလိုပဲ ေျပာစမ္းပါ"

"ဟုတ္ၿပီ . . . ငါ သတိေပးတယ္ေနာ္ နဂါးနက္ေတြ မင္းကို ဓားႀကိမ္း ႀကိမ္းေနတယ္ဆိုတာ . . . ေသမွ ငါ့ကို သရဲ လာ မေျခာက္နဲ႕ . ."

"အေဝးႀကီးသြားမွာမွ မဟုတ္တာ ဒီနားေလးတင္"

"ဟာ ဟုတ္လား ငါေရာ လိုက္မယ္. . ."

"မင္း မျပန္ေသးဘူးလား. . .တစ္သက္လုံး ငါ့အိမ္မွာ ေနဖို႔ ႀကံေနတာလား"

"မပူပါနဲ႕ ေနာက္တစ္ပတ္ဆို မင္း ဆြဲထားရင္ေတာင္ ျပန္မွာပါ . . . ဒီေလာက္ ပူေလာင္ မီးပ်က္တဲ့ နိုင္ငံကို တစ္သက္လုံး ဘယ္ေတာ့မွ ျပန္မလာဘူး"

"ျမန္မာနိုင္ငံတြက္ ဝမ္းသာစရာေပါ့. . .မင္းလို ေဖ-ိုး ေလး မရွိတာ . . ."

ကိုးေနာင္က နာရီ တစ္ခ်က္ၾကည့္လိုက္သည္။

"Oh 4နာရီေတာင္ ခြဲေနၿပီ ခမ္းေနာ့ဝ္ ျပန္လာေတာ့မွာ. . . ေရခ်ိဳးလိုက္ဦးမယ္"

"မင္း ေယာက္်ားျပန္လာတာနဲ႕ ေရခ်ိဳးတာနဲ႕ ဘယ္လို အခ်ိဳးက်ေနတာလဲ"

"က်စ္ ငါ ေယာက္်ား ငါ့အနား ကပ္ရင္ ေမႊးေအာင္ လို႔ေပါ့. . .မင္းကေတာ့ ဒါေတြ ဘယ္သိပါ့မလဲ. . ."

မက္ရွေလ က ဟက္ခနဲ ပ်က္ရယ္ ျပဳသည္။

သို႔ေသာ္ သူ သည္ ဖုန္းတစ္ေကာလ္ကို ဆက္လိုက္သည္။

ဖုန္း ဝင္ဝင္ခ်င္း တစ္ဖက္မွ ပ်င္းတိပ်င္း႐ြဲ ေလသံႏွင့္

"ခင္ဗ်ား ေသၿပီလား"

"‌မင္း ရဲ႕ ေမတၱာေၾကာင့္ ရွင္သန္ေနဆဲပါ"

"ျပန္လာရင္ ေခါင္ဆြဲေျခာက္ဝယ္ခဲ့ . . . ဪ
ဆိုဂ်ဴ နဲ႕ ဘီယာေကာ ဝယ္ခဲ့ . . . ခင္ဗ်ား ကေလးေတြတြက္ေကာ စားစရာ ဝယ္ခဲ့ဦး ၿပီးရင္ ဖုန္းအားသြင္းႀကိဳးေရာ ဝယ္ခဲ့. . . ခု ဘယ္မွာလဲ"

"ျမန္မာနိုင္ငံမွာ. . ."

"အျမန္ ျပန္ခဲ့ေတာ့. . . ခင္ဗ်ား မရွိရင္ ကြၽန္ေတာ္ ပ်င္းတယ္. . .အဝတ္ေတြလည္း မေလွ်ာ္ရေသးဘူး ဝတ္စရာေတာင္ ကုန္ေတာ့မွာ . . . ခင္ဗ်ားသမီးေတြ ေလွ်ာက္ေဆာ့ထားတဲ့ အမွိုက္ေတြလည္း မရွင္းရေသးဘူး . . . ပန္းကန္ေတြလည္း မေဆးရေသးဘူး မွိုေတြေတာင္ တက္ေနၿပီ ျမန္ျမန္ ျပန္ခဲ့ေတာ့ေနာ္ ဒါပဲ. . ."

မက္ရွေလ ဖုန္းခ်လိဳက္သည္။

ဉာဏ္ကိုးေနာင္ကို ေလွာင္ခဲ့သမွ် သူ ဝဋ္လည္ေနတယ္ ဟု ခံစားလိုက္ရသည္။

______________________________________

7.46p.m
20.4.2023(Thursday)
Mary _Koe

Pls give me comments and reviews 😉

I really wanna know how you feel after reading Coe Naung.

Lotus killer က character ေတြ တအား မ်ားတာေနာ္ မ်ားခ်က္က ေရးတဲ့ ကိုယ္ေတာင္ ဒါ ဘယ္သူႀကီးလဲ ဆိုတာ မမွတ္မိေတာ့ဘူး🥲

အဟဲ စတာပါလို႔. . .

character တစ္ေယာက္ခ်င္းစီကလည္း ကိုယ္ပိုင္ေနာက္ခံ ကိုယ္ပိုင္အက်င့္စရိုက္ ကိုယ္ပိုင္ရည္းစားေတြနဲ႕ပါ တစ္ေယာက္မွ fa မပါ ပါဘူး
ၿပီး တစ္ေယာက္နဲ႕ တစ္ေယာက္ ခ်ိတ္ဆက္ေနပါတယ္ 🤝🤝

နာမည္ေတြ ေရာရင္ က်က္သာ ထားလိုက္ပါလို႔ အႀကံျပဳပါတယ္ ဦးႏွောက္ေလ့က်င့္တယ္လို႔ သေဘာထားလိုက္ပါ✔️

Update ကို တစ္ေန႕ တစ္ပိုင္း ပုံမွန္ အပ္ခ်င္ေပမယ့္
တစ္ေန႕ ေခါင္းထဲက စာ တစ္ေၾကာင္းပဲ ထြက္တာမလို႔😿

ေစာင့္ေပးတဲ့သူတိုင္းကို ေက်းဇူးတင္ပါတယ္

Continue Reading

You'll Also Like

34.6K 3.2K 15
Yizhanကိုမှ ​Horror ficမို့​ကြောက်တတ်ရင်မဖတ်ပါနဲ့။
3.2K 441 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
54.9K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
184K 13.8K 58
#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatT...